← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) သုံးကြိမ်ဆက်တိုက် လုယူ ခံရခြင်း

နောက်ဆုံးတွင် ရှုချွမ်းက နေမင်းကြယ်အမြုတေကို အဆင့်နိမ့် ယွမ်ကျောက်တုံး သန်းနှစ်ဆယ်ဖြင့် ဝယ်ယူနိုင်ခဲ့သည်။

ထို့နောက် ဆက်လက်ကျင်းပသော လေလံပွဲတစ်လျှောက်လုံးတွင် ချန်ဖုန်းက မျက်နှာပျက်ပျက်ဖြင့် ရှေ့ဆုံးတန်းတွင် ထိုင်နေခဲ့ပြီး စိတ်ကူးထဲ၌ နစ်မြောနေခဲ့သည်။

သို့သော်လည်း ၎င်းမှာ ကောင်းမွန်သော အတွေးများ မဟုတ်သည်တော့ သေချာလှပေသည်။

သူတို့နှစ်ဦးစလုံးသည် ထို့နောက်ပိုင်း တင်သွင်းလာသော လေလံပစ္စည်းများကိုမူ ဈေးပြိုင်ခြင်း မပြုခဲ့ကြချေ။

ရှုချွမ်းကမူ ထိုသိုင်းပညာရှင်များ ပစ္စည်းတစ်ခုအတွက် လက်မတင်လေး ပြိုင်ဆိုင်နေကြသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။

လေလံပွဲ ပြီးဆုံးသွားသောအခါ ချန်ဖုန်းက အခြားနေရာများသို့ သွားရောက်ရန် ပထမဆုံး ထွက်ခွာသွားခဲ့သည်။

သူက ယနေ့ ဝမ်ပေါင်မျှော်စင်၏ ၁၀ ထပ်မြောက်တွင် ဘာတစ်ခုမှ ဝယ်ယူခွင့်မရခဲ့သဖြင့် တစ်စုံတစ်ယောက်က သူ့ကို တမင်သက်သက် ပစ်မှတ်ထားနေသကဲ့သို့ ခံစားရပြီး အလွန်ထူးဆန်းနေခဲ့သည်။

ချန်ဖုန်းမှာ လုံးဝ ဝေခွဲမရ ဖြစ်နေတော့သည်။

လေလံပွဲခန်းမမှ ထွက်လာပြီးနောက် ရှုချွမ်းက သူ့နောက်သို့ လိုက်ပါလာသော အမည်မသိ ခြေရာခံသူများကို ဖယ်ရှားပစ်လိုက်ပြီး ငြိမ်သက်သောနေရာတစ်ခုကို ရှာဖွေလိုက်သည်။

သူက အဝတ်အစားများကို လဲလှယ်ကာ ရုပ်သွင်ကို ထပ်မံပြောင်းလဲလိုက်ရာ... ယခုအခါတွင် ပုံမှန် 'ရှုချွမ်း' တစ်ဦး ပေါ်ထွက်လာခဲ့ပြန်သည်။

ချန်ဖုန်း သတိမပြုမိခင်အချိန်က သူ၏ကိုယ်ပေါ်တွင် ထားရှိခဲ့သော အမှတ်အသား ခြေရာခံခြင်းအတိုင်း ရှုချွမ်းက ချန်ဖုန်းရှိရာနေရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူက ချန်ဖုန်း အပေါင်ဆိုင်တစ်ခုအတွင်းသို့ ပထမဆုံးဝင်ရောက်သွားပြီး သူ၏ အသုံးမပြုသော ကျင့်ကြံခြင်းအရင်းအမြစ်များအားလုံးကို ယွမ်ကျောက်တုံးများအဖြစ် လဲလှယ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူက အဆင့်နိမ့်ယွမ်ကျောက်တုံး ၁၀ သန်းကျော်ကို လဲလှယ်နိုင်ခဲ့၏။

သူက ဘာတစ်ခုမှ မဝယ်နိုင်သော ဆင်းရဲသားတစ်ဦးကဲ့သို့ ခံစားချက်မျိုးကို လုံလောက်အောင် ခံစားခဲ့ရပြီးပြီ ဖြစ်သည်။

ယနေ့တွင်မူ သူက ချမ်းသာတဲ့လူတစ်ဦးအဖြစ် ငွေကို ရက်ရက်ရောရော သုံးစွဲပစ်မည် ဖြစ်သည်။

သူက ၁၀ ထပ်မြောက် နယ်မြေ၏ အလယ် ဗဟိုဆီသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာတွင်လည်း ဝမ်ပေါင်မျှော်စင်တစ်ခု ရှိနေသေးသည်။

၎င်းမှာ အရုပ်တစ်ခုအတွင်း၌ နောက်ထပ်အရုပ်တစ်ခု ထပ်ဆင့်ရှိနေသကဲ့သို့ အလွှာတစ်ခုအတွင်း နောက်ထပ်အလွှာတစ်ခု ရှိနေခြင်းမျိုး ဖြစ်သည်။

အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဆန်းပြားလှသော ရတနာပစ္စည်းမျိုးစုံမှာ မျက်စိတစ်ဆုံး ဆွဲဆောင်လာခဲ့သည်။

၎င်းတို့၏ အရည်အသွေးမှာ အပြင်ရှိ ဝမ်ပေါင်မျှော်စင်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်လှပေသည်။

သို့သော်လည်း ထိုနည်းတူစွာပင် ဤနေရာရှိ ပစ္စည်းများ၏ ဈေးနှုန်းမှာလည်း လွန်စွာ ကြီးမားလှသည်။ အသက်သာဆုံး ပစ္စည်းတစ်ခုပင်လျှင် အဆင့်နိမ့်ယွမ်ကျောက်တုံး ၄ သန်းဟု ဈေးနှုန်းအတိအကျ သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ချန်ဖုန်းကမူ ဤအရာများကို ဂရုမစိုက်တော့ ပေ။

ယနေ့တွင် သူသည် သူဌေးတစ်ဦးအဖြစ် ရက်ရက်ရောရော သုံးစွဲပစ်မည်ဖြစ်ပြီး မဟုတ်ပါက သူ၏ စိတ်ထဲတွင် ပိတ်ဆို့နေမှုများ ပွင့်လင်းသွားမည် မဟုတ် ပေ။

"ကြိုဆိုပါတယ် ဧည့်သည်တော်ခင်ဗျာ"

အစေခံမိန်းကလေးတစ်ဦးက ချန်ဖုန်းကို နွေးထွေးသော အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်လိုက်သည်။

ဤ ၁၀ ထပ်မြောက်ရှိ ဝမ်ပေါင်မျှော်စင်မှ အစေခံမိန်းကလေးများ၏ ရုပ်ရည်နှင့် ကျွမ်းကျင်မှု အဆင့်အတန်းမှာလည်း အပြင်ထက် သိသိသာသာ ပိုမိုကောင်းမွန်လှပေသည်။

ချန်ဖုန်း ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက်... ပုံသဏ္ဌာန်၊ ရုပ်သွင်နှင့် အော်ရာ များ ပြောင်းလဲထားသော ရှုချွမ်းသည်လည်း သူ့နောက်သို့ လိုက်ပါဝင်ရောက်လာခဲ့သည်။

သို့သော်လည်း ချန်ဖုန်းမှာမူ မိမိနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသော ခြေရာခံသူကို သတိပြုမိခြင်း မရှိသေးချေ။

သူက မိမိလိုအပ်မည့်အရာကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်ဖြင့် ရှေ့ရှိ ရတနာမျိုးစုံကို အေးအေးလူလူ လှည့်လည်ကြည့်ရှုနေခဲ့သည်။

ရုတ်တရက်... သူ၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး ဖန်သားပြခန်းအတွင်းရှိ တားမြစ်ချက်စွမ်းအား ဖြင့် သော့ခတ်ထားသော ကျောက်စိမ်းပြား တစ်ခုပေါ်သို့ အကြည့် ရောက်ရှိသွားခဲ့သည်။

ဤကျောက်စိမ်းပြားကို မြင်လိုက်ရသောအခါ ယခင်က သူ ခံစားခဲ့ရဖူးသော ခံစားချက်မျိုး နှစ်ကြိမ်ဆက်တိုက် ပြန်လည်ပေါ်ထွက်လာခဲ့ပြန်သည်။

၎င်းမှာ ကံကြမ္မာအရ သတ်မှတ်ထားသကဲ့သို့ ဖြစ်ပြီး... စိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်မျိုး ဖြစ်သည်။

ချန်ဖုန်းက ဤကျောက်စိမ်းပြား၏ နောက်ခံသမိုင်းကြောင်းကို ရှင်းပြပေးရန် အစေခံမိန်းကလေးတစ်ဦးကို လျင်မြန်စွာ ခေါ်ယူလိုက်တော့သည်။

"ဧည့်သည်တော်ရှင်... ဒီကျောက်စိမ်းပြားထဲမှာတော့ 'ဧကရာဇ်ကျင့်စဥ်' တစ်ခု ကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်"

အစေခံမိန်းကလေး၏ စကားလုံးများမှာ တုန်လှုပ်စရာကောင်းလှပြီး တိတ်ဆိတ်နေသော ဝမ်ပေါင်မျှော်စင်အတွင်း၌ ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားခဲ့ရသည်။

ယခုအချိန်တွင် ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ စုရုံးရောက်ရှိလာကြတော့သည်။

ဧကရာဇ်ကျင့်စဥ် ဂုဏ်သတင်းမှာ လွန်စွာကြီးမားလှသဖြင့် မည်သူမျှ ၎င်း၏ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်ကြချေ။

ဤစကားကို ကြားလိုက်ရသောအခါ ချန်ဖုန်း၏ မျက်နှာထက်၌လည်း အတိုင်းအဆမရှိ ဝမ်းမြောက်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

သို့သော်လည်း ပတ်ဝန်းကျင်တွင် လူများ စုရုံးလာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေးမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။

"ဒီကျောက်စိမ်းပြားက ယွမ်ကျောက်တုံး ဘယ်လောက်လဲ၊ကျွန်‌‌တော် ဒါကို လိုချင်တယ်"

ချန်ဖုန်းက အခြားသူများ သတိမပြုမိခင် ဤကျောက်စိမ်းပြားကို အလျင်အမြန် လက်ဦးမှုရယူရန်အတွက် ကမန်းကတန်း ပြောဆိုလိုက်သည်။

သူက မိမိအနေဖြင့် ၎င်းကို တတ်နိုင်ခြင်း ရှိမရှိကိုပင် ထည့်သွင်းစဉ်းစားခြင်း မပြုတော့ပေ။

"ဧည့်သည်တော်ရှင်.. ကျေးဇူးပြုပြီး စိတ်မလောပါနဲ့ဦး။ ကျွန်မ ပြောတာကို အဆုံးထိ နားထောင်ပြီးမှ ငွေပေးချေရင်လည်း မနှောင်းပါဘူးရှင်"

"ဒီကျောက်စိမ်းပြားထဲမှာ ဧကရာဇ်ကျင့်စဥ်ကို မှတ်တမ်းတင်ထားတာ မှန်ပေမယ့်... ၎င်းက အကူ ကျင့်စဉ် သာ ဖြစ်ပါတယ်။ သူ၏ စွမ်းရည်ကတော့ စိတ်အာရုံကို ကြံ့ခိုင်စေပြီး နတ်ဘုရားဝိညာဉ်စွမ်းအားကို စုစည်းပေးတာ ဖြစ်ပါတယ်"

ဤစကားကို ကြားလိုက်ရသောအခါ ချန်ဖုန်းမှာ နောက်ထပ်တစ်ကြိမ် အတိုင်းအဆမရှိ ဝမ်းမြောက်သွားခဲ့ရပြန်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်ဝယ်တွင် ပျက်စီးနေသော 'သုံးချောင်းထောက် ဝိညာဉ် မီးဖိုအိုး' ရှိနေခြင်းကြောင့် ကြီးမားသော ပြဿနာတစ်ခုက သူ့ကို အမြဲတမ်း နှောင့်ယှက်နေခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ... သူသည် ထို သုံးချောင်းထောက် မီးဖိုအိုးကို အသုံးပြု၍ တစ်စုံတစ်ခုကို သန့်စင်လိုက်တိုင်း သူ၏ စိတ်ထဲတွင် ဝိညာဉ် အသစ်တစ်ခု ခွဲထွက်လာခြင်းပင် ဖြစ်၏။

ထိုခွဲထွက်လာသော ဝိညာဉ် များအားလုံးမှာ ကိုယ်ပိုင်လွတ်လပ်သော အတွေး များ ရှိကြပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေကြချေ။

ထို့အပြင် သူတို့က အချင်းချင်း ငြင်းခုံခြင်း၊ တိုက်ခိုက်ခြင်းများနှင့် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်အတွက် လုယူခြင်းများကို မကြာခဏ ပြုလုပ်တတ်ကြသည်။

ဤပြဿနာကြောင့်ပင် သူက 'ကမ္မနယ်ပယ်' သို့ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီးနောက်ပိုင်း ထို သုံးချောင်းထောက် မီးဖိုအိုးကို ဆက်လက်အသုံးပြုရန် မဝံ့ရဲတော့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ထပ်မံအသုံးပြုမိပါက... ထိုစရိုက်လက္ခဏာများ၏ နောက်ပြန်လှန် တိုက်ခိုက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

သူက ဖြေရှင်းနည်းကို အမြဲတမ်း ရှာဖွေနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်မှသာ ရှေးဟောင်းစာအုပ်တစ်အုပ်ထဲ၌ ဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ စိတ်အာရုံကို ကြံ့ခိုင်စေပြီး နတ်ဘုရားဝိညာဉ်ကို စုစည်းပေးနိုင်မည့် ကျင့်စဉ်တစ်ခုကို ရှာဖွေကျင့်ကြံရန် ဖြစ်သည်။

မိမိ၏ ပင်မဝိညာဉ် ကို ပိုမိုကြံ့ခိုင်ပြီး စုစည်းလာအောင် ပြုလုပ်ရန် ဖြစ်သည်။

ဤနည်းလမ်းဖြင့်သာ သူ ယခုလက်ရှိ ကြုံတွေ့နေရသော အခက်အခဲမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့သော ကျင့်စဉ်မျိုးကို ရှာဖွေရန်မှာ လွယ်ကူလှသည် မဟုတ် ပေ။

ကောင်းကင်အဆင့် အောက်ရှိ ကျင့်စဉ်များမှာ သူ့အတွက် လုံးဝ အသုံးမဝင်ပေ။

ကောင်းကင်အဆင့် ကျင့်စဉ်များကမူ သူ့ကို ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သို့ ဖောက်ထွက်ရန်သာ ကူညီပေးနိုင်မည် ဖြစ်ပြီး ထို့နောက်ပိုင်းတွင် ဤပြဿနာနှင့် ထပ်မံကြုံတွေ့ရဦးမည် ဖြစ်သည်။ ဧကရာဇ်ကျင့်စဥ် တစ်ခုတည်းသာလျှင် လုံးဝဥဿုံ ဖြေရှင်းနိုင်မည့် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ပေသည်။

ယခုအခါတွင်မူ... မျှော်လင့်ချက်မှာ သူ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ဒါကို ကျွန်တော်ကို အမြန်ပေး"

ချန်ဖုန်းက အနည်းငယ် စိတ်မရှည်ဖြစ်လာကာ အဆက်မပြတ် တိုက်တွန်းနေခဲ့သည်။

"ဧည့်သည်တော်ရှင်... မလောပါနဲ့ဦး၊ ဒီကျင့်စဉ်မှာ နောက်ထပ်..."

"ကျွန်တော်ကို အမြန်ပေးလို့ ပြောနေတယ်မဟုတ်လား"

အစေခံမိန်းကလေး၏ မိတ်ဆက်စကား မဆုံးခင်မှာပင် ချန်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

သူ လွန်စွာ တောင့်တနေခဲ့သော ကျင့်စဉ်မှာ သူ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ မည်သို့ စောင့်ဆိုင်းနိုင်ပါမည်နည်း။

သူက အနည်းငယ် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်၏။

အစေခံမိန်းကလေးမှာ ဤအခြေအနေကြောင့် အနည်းငယ် ကြောက်လန့်သွားခဲ့ရသည်။

သူမက တုန်တုန်ရင်ရင်ဖြင့် ပြောလာခဲ့သည်။ "ဒီကျင့်စဉ်ရဲ့ ဈေးနှုန်းကတော့ ယွမ်ကျောက်တုံး ၁၈ သန်း ဖြစ်ပါတယ်ရှင်.. ဧည့်သည်တော်အနေနဲ့ ဆက်ပြီး ဝယ်ယူချင်ပါသေးသလားရှင့်..."

"ဒါ့အပြင်... ဒီကျင့်စဉ်မှာ အမွေအနှစ် ရယူနိုင်မယ့် အခွင့်အရေး တစ်ကြိမ်တည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အကယ်လို့ တစ်ကြိမ်တည်းသော အခွင့်အရေးမှာ ဧကရာဇ်ကျင့်စဥ်ကို နားလည်သဘောပေါက်အောင် မကျင့်ကြံနိုင်ခဲ့ဘူးဆိုရင်...ကျောက်စိမ်းပြားဟာ လုံးဝ ပျက်စီးသွားမှာ ဖြစ်ပြီး ကျင့်စဉ်ကလည်း ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်"

သူမက ကြောက်လန့်သွားခြင်းကြောင့် ဖြစ်နိုင်သည်၊ အစေခံမိန်းကလေးမှာ ဤကျင့်စဉ်၏ အားသာချက်နှင့် အားနည်းချက်အားလုံးကို တစ်သက်တည်းနှင့် အကုန်အော်ပြောပစ်လိုက်တော့သည်။

ထို့နောက် သူမက ချန်ဖုန်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သည်။

ပတ်ဝန်းကျင်တွင် စုရုံးရောက်ရှိနေကြပြီး ဤဧကရာဇ်ကျင့်စဉ်ကို ဝယ်ယူရန် စိတ်ကူးရှိနေကြသော လူများမှာလည်း ဤအသေးစိတ် အချက်အလက်များကို ကြားသိရပြီးနောက်တွင်မူ ခြေလှမ်းများ တန့်သွားခဲ့ကြတော့သည်။

"ဒီကျင့်စဉ်က ဧကရာဇ်ကျင့်စဉ် ဖြစ်နေရင်တောင်မှ... ကြက်ရိုးလိုပဲ စားလို့လည်းမရ လွှင့်ပစ်ဖို့လည်း နှမြောစရာကောင်းတဲ့ အရာ ဖြစ်နေတာပဲ"

"မှန်တယ်... ဒါက လုံးဝ အသုံးမဝင်တဲ့အရာပဲ၊ မဟုတ်ရင် ဝမ်ပေါင်မျှော်စင်က ဘာဖြစ်လို့ ဒါကို လေလံတင်ထားမှာလဲ"

"ဒီအရာက လောင်းကစားဆန်လွန်းတယ်။ တကယ်လို့ ကျန်ရှိနေတဲ့ အမွေအနှစ် အခွင့်အရေး တစ်ကြိမ်မှာ ဒီဧကရာဇ်ကျင့်စဉ်ကို နားမလည်နိုင်ခဲ့ရင်... ယွမ်ကျောက်တုံး ၁၈ သန်းက အလကား သက်သက် ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား"

"မတန်ဘူး... လုံးဝ မတန်ဘူး"

...

ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် ဘေးလူများမှာ ဤဧကရာဇ်ကျင့်စဉ်ကို ဝယ်ယူမည့် အတွေးကို လက်လျှော့လိုက်ကြတော့သည်။

ပြဿနာများက လွန်စွာ ကြီးမားလှသဖြင့် သူတို့ မလောင်းကြေးထပ်ဝံ့ကြ ပေ။

သို့သော်လည်း ချန်ဖုန်းအတွက်မူ ဤကဲ့သို့သော ပြဿနာမျိုး လုံးဝ မရှိချေ။

သူက ၎င်းကို နားလည်အောင် ကျင့်ကြံနေရန် မလိုအပ်ဘဲ ဤကျောက်စိမ်းပြားကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် အရည်ပျော် သွင်းလိုက်ရုံဖြင့် အလိုအလျောက် သိရှိသွားမည် ဖြစ်ရာ လွန်စွာ အဆင်ပြေလှပေသည်။

သူ၏ လက်ထဲရှိ ယွမ်ကျောက်တုံး အားလုံးကို ထုတ်ယူလိုက်ရာ... အတိအကျပင် အဆင့်နိမ့် ယွမ်ကျောက်တုံး ၁၈ သန်း ရှိနေခဲ့သည်။

ချန်ဖုန်းက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ယွမ်ကျောက်တုံးများ ပါဝင်သော သိုလှောင်လက်စွပ်ကို အစေခံမိန်းကလေးထံသို့ ကမ်းပေးလိုက်သည်။

"မြန်မြန်... ကျွန်တော်ကို ကျောက်စိမ်းပြား မြန်မြန်ပေး"

"နေဦး"

ယခုအချိန်တွင်... အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အစေခံမိန်းကလေး၏ လှုပ်ရှားမှုကို ကြားဖြတ် တားဆီးလိုက်တော့သည်။

"ကျွန်တော် အဆင့်နိမ့် ယွမ်ကျောက်တုံး သန်းနှစ်ဆယ် ပေးမယ်။ ကျောက်စိမ်းပြားကို ကျွန်တော် ကို ရောင်းပေးရင် ဘယ်လိုလဲ"

All Chapters