← Chapters

လေလံပွဲနောက်ကွယ်မှလူ

Vol. 147 Ch. 2045

လေလံပွဲနောက်ကွယ်မှလူ

Vol. 147 Ch. 2045

“မရဏာလေလံပွဲနောက်ကွယ်ကလူပဲဖြစ်ရမယ်” ရှီမာယူယူ ပြောလိုက် သည် “ကျို့ကျို့ တစ္ဆေကြင်ယာတော်ရဲ့ဘေးမှာ ‘လန်’ ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လူရှိလား”

“ရှိပါတယ် လန်မျိုးနွယ်ရဲ့ခေါင်းဆောင် လန်ဟဲ့ပါ ပြီးတော့ တစ္ဆေ ကြင်ယာတော်နဲ့လည်း ဆက်ဆံရေးကောင်းတယ်.. တစ္ဆေကြင်ယာတော် နန်းတော်ကို မဝင်ခင်တုန်းက သူတို့နှစ်ယောက်က ချစ်ခဲ့ကြတာ.. နှစ်ယောက် သားလမ်းခွဲပြီးတော့ လန်ဟဲ့က တစ္ဆေကြင်ယာတော်ကို ကြင်နာတုန်းပဲ သူမ အတွက်လည်း အများကြီးလုပ်ပေးခဲ့တယ်.. သူက သူမရဲ့ လက်နက်ထဲက တစ်ခုပဲ” ဒိကျို့ကျို့ပြန်ဖြေလေသည်။

“ဒါပဲ” ဝူလင်းယူသည် သူမ၏ ဆိုလိုရင်းကိုနားလည်သွားသည်။

“ဒီကိစ္စရဲ့နောက်ကွယ်ကလူကို လန်ဟဲ့လို့ထင်နေတာလား” ဖူရှီ မေးလေ သည်။ “ဒါပေမဲ့ တစ္ဆေလောကမှာ လန်ဆိုတဲ့မျိုးနွယ်က အများကြီးရှိတာ.. သူပါ ဆိုတာကိုဘယ်လိုသေချာမှာလဲ”

“လန်မျိုးရိုးနာမည်နဲ့က လူအများကြီးပါ ဒါပေမဲ့ တစ္ဆေကြင်ယာတော် အဲလောက်ဂရုစိုက်တာတော့ လန်မျိုးရိုးတစ်ယောက်ပဲရှိမယ်” ရှီမာယူယူ သိ လိုက်ပြီဖြစ်သည် “သူတို့က လန်ဖန်းရှိတဲ့နေရာကို သိတာကြာပြီနေမှာ.. သူတို့ က ငါ့ကိုလာစေချင်နေတာ ဒါပေမဲ့ ဒီနှစ်တွေမှာ ငါကလျှို့ဝှက်ဂိုဏ်းမှာရှိနေခဲ့ တာဆိုတော့ ငါ့ကိုသတင်းပေးလို့မရဘူးဖြစ်နေတာ.. ပြီးတော့ ငါ ထွက်လာပြီ ဆိုတာ စစ်ကြည့်ပြီးတာနဲ့ သတင်းပေးလိုက်တာပဲ.. ဘယ်သူသိမလဲ ငါက လန်ယွဲ့ကို အဆိပ်ခတ်လိုက်တော့ ဖြေဆေးနဲ့ အလဲအလှယ်လုပ်ဖို့ သတင်းပေး ခဲ့တယ်.. မဟုတ်ရင် ဒီလောက်အချိန်တိုအတွင်း ဘယ်လိုလုပ် သတင်းပေးနိုင် မှာလဲ”

“အမှန်ပဲ” ဖူရှီ ခေါင်းညိတ်လေသည် “ပြင်ဆင်ထားတာမရှိရင် ဒီလောက် မြန်မြန်ကြီးသတင်းပို့ဖို့မဖြစ်နိုင်ဘူး.. ပြီးတော့ ဟိုင်မြန့်ကို ခေါ်သွားတဲ့သူက တစ္ဆေကြင်ယာတော်ဆိုတဲ့သတင်းက အတုလား”

“အဲဒါတော့ မသေချာသေးဘူး” ရှီမာယူယူပြောလိုက်သည် “ကျို့ကျို့ လန်ဖန်းရဲ့ ကိစ္စကို အတည်ပြုပြီးပြီလား.. သူတို့တွေ တကယ်ဒီမှာရောက်နေ တာလား မဟုတ်ရင် အဲလူတွေ တမင်သတင်းလွှင့်တာလား”

ဒိကျို့ကျို့သည် အဖြစ်အပျက်များကို နားလည်သွားသည်။ သည်တစ် ကြိမ် သူမလာရသည့်အကြောင်းအရင်းမှာ ထိုအရာကြောင့်ဖြစ်ပြီး နောက်ကွယ် တွင် ကိစ္စများစွာရှိနေသေးသည်။

“သူတို့တွေ ဒီမှာရှိတာကိုတော့ အတည်ပြုပြီးပါပြီ” ဒိကျို့ကျို့ ပြောလိုက် သည် “ဒါပေမဲ့ အရမ်းတင်းကြပ်လွန်းလို့.. အင်အားသုံးပြီး ဖောက်ဝင်လိုက်ရင် အသေအပျောက်များပြီး ဘေးကင်းကင်းနဲ့ ကယ်လို့ရမှာမဟုတ်ဘူး အဲဒါ ကြောင့် စစ်သူကြီးအမိန့်ကိုစောင့်နေကြတာပါ.. ဒီအချိန်မှာ မင်းသမီးလေး ရောက်လာမယ်လို့ထင်မထားဘူး”

“ဒါဆို ဝမ်းကွဲအစ်ကိုရဲ့အမိန့်ကိုစောင့်နေတုန်းပဲလား” ရှီမာယူယူ မေး လိုက်သည်။

“မင်းသမီးလေးရှိနေရင် မင်းသမီးလေးရဲ့အမိန့်ကိုနာခံရမယ်လို့ စစ်သူ ကြီး ပြောပါတယ်” ဒိကျို့ကျို့ ပြောလေသည်။

“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိတ်လေသည် “ဒီကအခြေအနေကို ထပ် ပြောပြဦး”

“ဟုတ်ကဲ့ပါ”

ဒိကျို့ကျို့သည် အသူရာမြို့တော်မှ အခြေအနေကို ပြောပြပြီး အကြံပြု ပေးလေသည်။

လန်ဖန်းနှင့် တခြားသူများသည် အသူရာမြို့တော်သို့ လွန်ခဲ့သည့် နှစ် ၁၀၀ ကရောက်ခဲ့ကြသည်။ သူတို့သည် အသူရာငရဲဆီသို့ ဤလမ်းမှသွားရန် ကြံခဲ့ကြသည်။ သို့သော် ရှီအာမို့သည် သူတို့ကို ဖမ်းခဲ့သည်။

သူတို့သည် လန်ဖန်းတို့ကဲ့သို့ ရောက်ခါစ၊ တစ္ဆေမျိုးနွယ်ကို ကာကွယ်ရေး အခွန်မဆောင်ရသေးခင် လူများကို ဖမ်းခဲ့ကြသည်။ တချို့မှာ တိုက်ရေးခိုက် ရေးအတွက် အဖမ်းခံရကာ တချို့မှာသတ္တုတွင်းများတွင် အလုပ်လုပ်ရန် အဖမ်း ခံရပြီး တချို့မှာ တခြားဖော်ပြ၍မရသော ရည်ရွယ်ချက်များအတွက် အဖမ်းခံခဲ့ ရသည်။

လန်ဖန်းနှင့် တခြားသူများသည် ကံကောင်းသည်ဟု ပြော၍သည်။ သူတို့ သည် သတ္တုတွင်းနှင့် အထမ်းအလုပ်များတွင် အလုပ်လုပ်ရသည်။ အနည်းဆုံး တော့ အန္တရာယ်မရှိဘဲ ဝိညာဉ်စွမ်းအင်လည်း ဖျက်ဆီးမခံရပေ။

သို့သော် ထိုနေရာသည် အနိမ့်ကျဆုံးနေရာဖြစ်သဖြင့် သူတို့၏ အလုပ်ကို ကြီးကြပ်သူနှင့် စောင့်ကြပ်သူ များပြားကြသည်။ သူတို့၏ ဝိညာဉ်စွမ်းအင်ကို ချိပ်ပိတ်ထားရာ သတ္တုတွင်းအတွက်သာ အသုံးပြုနိုင်သဖြင့် ထိုလူများကို တိုက်ခိုက်၍မရပေ။ ထို့ကြောင့် သူတို့သည် နှစ်ပေါင်းများစွာ မလွတ်မြောက်နိုင် ခြင်းဖြစ်သည်။

“သူ့သတ္တုတွင်းက တော်တော်ကြီးတာပဲ ဒီလိုလောက်နှစ်တွေအများကြီး တူးပြီးရင်းတူးတာတောင် မပြီးနိုင်ဘူး” ဖူရှီသည် ခံစားချက်ပါပါပြောလေသည်။

“အသူရာငရဲနဲ့ နီးတဲ့နေရာတွေမှာ သတ္တုကြောတွေအများကြီးရှိတယ်… အဲဒါကြောင့် အသူရာငရဲမှာရှိတဲ့လူတွေက တခြားမျိုးနွယ်စုတွေထက် ပိုမြင့်နေ တာ”

“အဲဒီသတ္တုကြောတွေကို ဘယ်သူမှသွားမလုကြဘူးလား”

“အဲလိုနေရာက မနာလိုစိတ်ကို လွယ်လွယ်နဲ့နှိုးဆွနိုင်တယ်… အဲလိုမျိုး မုန့်ကို ဘယ်သူကမှ မဝေမျှချင်ဘူး.. ဒါပေမဲ့ အသူရာငရဲကလူတွေက အနီးကပ် စောင့်ကြပ်နေပြီး သူတို့ဖမ်းလာခဲ့လူတွေပါက စောင့်နေကြတာဆိုတော့ လာတဲ့ လူတွေက အသတ်ခံရတာပဲ.. တစ္ဆေမျိုးနွယ်နဲ့ ဝိညာဉ်မျိုးနွယ်က အရည်အချင်း ရှိတဲ့ အုပ်ချုပ်သူဆိုတာ လက်တစ်ဆုပ်စာပဲရှိတယ်”

“တစ္ဆေမျိုးနွယ်နဲ့ ဝိညာဉ်မျိုးနွယ်တို့တောင် မလုပ်နိုင်ဘူးဆိုတော့ ဒီနေရာ ကတကယ်ပဲ ဖောက်ဝင်ဖို့မလွယ်ဘူးပဲ” ရှီမာယူယူသည် စားပွဲကိုဖြည်းညင်းစွာ ခေါက်နေသည် “ထပ်ပြီးစစ်ဆေးတာကောင်းလိမ့်မယ်”

“ပြီးတော့ တစ္ဆေကြင်ယာတော်ရဲ့ လူတွေလည်းစောင့်ကြပ်နေကြတယ်” ဝူလင်းယူ ပြောလေသည်။

တစ္ဆေကြင်ယာတော်၏ လူများသည် သူမကို ဤနေရာသို့ရောက်လာရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့သည် ဘာမှမလုပ်ပေ။ သို့သော်ငြား သူတို့ သည် အလင်းထဲတွင်ရှိကာ တစ်ဖက်လူမှာ အမှောင်ထတွင်ရှိသဖြင့် ထိုလူများ မည်သို့လုပ်လာနိုင်သည်ကို ခန့်မှန်း၍မရပေ။

“သတ္တုတွင်းရဲ့ အခြေအနေအတိအကျကို လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်ပါ မယ်” ဒိကျို့ကျို့ပြောလေသည်။

“ဟုတ်ပြီ သတိထားပါ” ရှီမာယူယူ ပြောလေသည်။

ဒိကျို့ကျို့ထွက်သွား၏။ နောက်ဆုံးတွင် လုပ်စရာပေါ်လာပြီဖြစ်သည်။ ယခုအချိန်တွင် စောင့်ရန်သာကျန်တော့သည်။

“ယူယူ အဲလူတွေကယုံရရဲ့လား” ဖူရှီသည် သစ်ချသီးအခွံခွဲကာ တစ်ကိုက်ကိုက်လိုက်သည်။

သူ့အမြင်တွင် သူမမိခင်အတွက် ထိုတပ်သားများ ခက်ခက်ခဲခဲတိုက်ခိုက် နေသည်မှာ ဉာဏ်မဲ့လွန်းသည်ဟုထင်သည်။ သို့သော် ရင်ထဲတော့ထိသွားခဲ့ သည်။

“ဒိနဲ့စတဲ့လူတွေက အရည်အချင်းရှိကြတယ်” ရှီမာယူယူ ပြောလိုက် သည် “သူတို့တွေ သတင်းထပ်ယူလာလိမ့်မယ်လို့ ယုံတယ်”

“ဒါဆို ငါတို့ဒီမှာပဲ စောင့်ကြမှာလား.. ဒီကလူတွေက ငါတို့ကိုစိတ်ဝင်စား နေကြတယ်နဲ့တူတယ်.. အပြင်သွားပြီးကစားချင်လား”

“ဟုတ်ပြီလေ”

အသူရာမြို့တော်မှလူများသည် အနည်းငယ်ထူးဆန်းသည်ဟု ရှီမာယူယူ ခံစားရသည်။ ထို့ကြောင့် အပြင်ထွက်ပြီးကြည့်ချင်သည်။

သူတို့သည် အနားယူပြီးနောက် ထွက်လာခဲ့လိုက်ကြသည်။ တည်းခို ဆောင်တာဝန်ခံကို ဈေးဝယ်ထွက်မည်ဟုပြောရာ သူသည် သွားလည်သင့်သည့် နေရာများကို စိတ်ပါလက်ပါဖြင့် မိတ်ဆက်ပေးခဲ့သည်။ အစည်ကားဆုံးလမ်းမှာ စီးပွားရေးလုပ်သည့် လမ်းပင်ဖြစ်သည်။ သူတို့သည် အစပိုင်းတွင် စိတ်မဝင်စား ခဲ့ကြသော်လည်း ထိုနေရာတွင် အသူရာငရဲတွင်သာရနိုင်သည့် ပစ္စည်းများစွာရှိ သည်ဟု တည်းခိုဆောင်တာဝန်ခံပြောလိုက်သဖြင့် သူတို့စိတ်ဝင်စားလာကြ သည်။

အသူရာငရဲတွင်သာရနိုင်သည့် ဆေးပင်များစွာရှိသည်ကို ရှီမာယူယူ လျှို့ဝှက်ဂိုဏ်းတွင်ရှိစဉ်က သိခဲ့ရသည်။ ထိုဆေးပင်များသည် အဂ္ဂိရတ်ပညာ အတွက် များစွာသက်ရောက်မှုရှိသည်။ ထို့ကြောင့် သူမ သွားကြည့်ချင်သည်။

သူတို့သုံးယောက်သည် ဆေးဆိုင်သို့သွားကြရာ ထိုနေရာတွင် ဆေး ပစ္စည်းများစွာ ရှိသည်ကိုမြင်လိုက်ရသည်။ မျိုးနွယ်စုသုံးခုအတူတကွနေထိုင် သည့်နေရာဖြစ်သဖြင့် ဝိညာဉ်နယ်မြေမှ ဆေးပစ္စည်းများပင် ဤနေရာတွင် တွေ့နိုင်သည်။

သူတို့သည် ထူးခြားသည့်ဧည့်သည်များဖြစ်သည်ကို ဝန်ထမ်းသည်သိ သဖြင့် ပြုံးရွှင်စွာ နှုတ်ဆက်လေသည်။

“ဘာကြည့်ချင်တာလဲ”

“အသူရာငရဲက ဆေးပစ္စည်းတွေကြည့်ချင်တယ်”

“အဲဒါတွေက ဒုတိယအထပ်မှာပါ ကျုပ်နဲ့လိုက်ခဲ့ပါ”

ရှီမာယူယူသည် လှည့်ပတ်လျှောက်ပြီး ဆေးပစ္စည်းတချို့ကို ရွေးယူလိုက် သည်။ သူမ ပိုက်ဆံရှင်းရန် ကောင်တာသို့ရောက်သောအခါ လက်တစ်ဖက် သည် ရုတ်တရက်ရောက်လာပြီး သူမမြင်ကွင်းထဲတွင်ပေါ်လာကာ ဆေးပစ္စည်း များအားလုံးကို လုယူသွားပြီး ပြောလေသည် “ငါ ဒါလိုချင်တယ်”

ငွေကိုင်သည် ကျသင့်ငွေကိုရှင်းနေပြီဖြစ်သော်လည်း ထိုအဖြစ်အပျက် ကြောင့် ရပ်လိုက်ရသည်။

ရှီမာယူယူ၏ မျက်နှာမှာ ရုတ်တရက်တင်းသွားလေသည် “ဒါက ကျွန်မ ရွေးထားတာ”

တစ်ဖက်လူသည် ၂ မီတာအမြင့်ရှိသော ယောက်ျားတစ်ယောက်ဖြစ် သည်။ ရှီမာယူယူ၏ စကားများကိုကြားသောအခါ သူမကို အထင်သေးစွာကြည့် ပြီး မောက်မာစွာပြောလေသည် “ငါသိတယ်လေ ဒါကနောက်ဆုံးသက်တန့် သစ်ခွမို့လို့ ငါလိုချင်တာ”

“ရှင့်ကိုပေးလိုက်ဖို့ အစီအစဉ်မရှိဘူး” ရှီမာယူယူသည် သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး လက်ကောက်ဝတ်ကအကြောကို ထိ ထားသည်။

“အာ..” ထိုလူသည် လက်ကောက်ဝတ်မှ စူးရှသောနာကျင်မှုကိုခံစား လိုက်ရပြီး မတတ်သာစွာဖြင့် သက်တန့်သစ်ခွကိုလွှတ်လိုက်ရာ ရှီမာယူယူ၏ လက်ထဲသို့ ကျသွားလေသည်။

(လန်ဟဲ့ - အရင်က မြစ်ပြာလို့ရေးခဲ့ပေမဲ့ အခုလန်မျိုးနွယ် ပါလာတဲ့ အတွက်ကြောင့် မြစ်ပြာကို အဓိပ္ပာယ်မပြန်တော့ဘဲ လန်ဟဲ့လို့သာ သုံးသွားပါ မယ်)

(T/N - လန်ဖန်းနဲ့ လန်ဟဲ့တို့က အသံထွက်တူနေပေမဲ့ စာလုံးပေါင်းမတူ ပါဘူးနော်)

***

All Chapters