← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) - ကိုယ် မင်းအတွက် စိုးရိမ်လို့ပါ

ကျီယန် စကားပြော၍ မပြီးသေးမီမှာပင် တံခါးက ရုတ်တရက် ပြန်ပွင့်လာလေသည်။

ရှို့ဝူက သူတို့ကို ကြည့်ကာ မေးလိုက်သည်။

"ရှောင်လင်က နှိမ်နင်းရေး တာဝန်တစ်ခုကို လက်ခံလိုက်တာလား..."

ထန်ဝေ့က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ဟုတ်တယ်... တာဝန်ပေးထားတဲ့ နေရာကလည်း အဲဒီထူးဆန်းတဲ့ရွာပဲ..."

ထိုစကား ကြားသည်နှင့် ရှို့ဝူက တံခါးကို ပြန်ပိတ်လိုက်လေသည်။

ပိတ်သွားသော တံခါးကို ကြည့်ရင်း ထန်ဝေ့နှင့် ကျီယန်တို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြချေသည်။

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ မျက်ဝန်းများထဲ၌ တူညီသော ဇဝေဇဝါဖြစ်မှုကို မြင်တွေ့လိုက်ရ၏။

စက္ကန့်နှစ်ဆယ်ခန့် ကြာပြီးနောက် ရှို့ဝူက တံခါးကို ပြန်ဖွင့်လာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ သူသည် ရေခဲပိုးထည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောပိုးအိတ်တစ်လုံးကိုလည်း လွယ်ထားပြီး ဖြစ်ပေသည်။

သူက တံခါးကို သော့ခတ်လိုက်ရင်း ပြောလိုက်သည်။

"သွားကြစို့..."

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူက နောက်သို့ လှည့်ကြည့်ကာ စိတ်မရှည်သော လေသံဖြင့် မေးလိုက်သည်။

"မင်းတို့တွေ မလိုက်ကြဘူးလား..."

သူ့မျက်နှာပေါ်ရှိ စိတ်မရှည်သော အမူအရာကို မြင်လိုက်ရသဖြင့် သူတို့နှစ်ဦးလည်း နောက်မှ အလျင်အမြန် လိုက်သွားကြတော့သည်။

ခုနစ်မိနစ်ခန့် ကြာသောအခါ သူတို့သုံးဦးသည် တာဝန်ပေးခန်းမရှေ့တွင် ကျူးလင်နှင့်အတူ ငယ်ရွယ်သော အမျိုးသမီး လေးဦးကို လှမ်းမြင်လိုက်ရလေသည်။

သူတို့က မိမိတို့ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် ထန်ဝေ့မှာ သက်ပြင်းချနိုင်တော့၏။

သူက နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ပြောလိုက်သည်။

"ဒါက ငါ့ဘဝမှာ အလောတကြီး ဖြစ်ရဆုံး အချိန်ပဲ... မိနစ်နှစ်ဆယ်အတွင်းမှာ နှိမ်နင်းရေး တာဝန်တစ်ခု သွားဖို့ အဆင်သင့် ဖြစ်သွားတယ်ဆိုတာ တကယ်မယုံနိုင်စရာပဲ..."

ထန်ဝေ့ စကားပြောနေစဉ်မှာပင် ရှို့ဝူက ကျူးလင်ရှိရာသို့ လျှောက်လှမ်းသွားနှင့်ပြီ ဖြစ်သည်။

သူသည် ကျူးလင်၏ ဘေးတွင် ရပ်နေကြသော ငယ်ရွယ်သည့် အမျိုးသမီး လေးဦးကို ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာနှစ်ခုကို မြင်တွေ့လိုက်ရ၏။

သူ့အိမ်နီးနားချင်းများကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှို့ဝူက ကျူးလင်ကို ကြည့်ကာ နူးညံ့သိမ်မွေ့စွာ မေးလိုက်သည်။

"ရှောင်လင်... နှိမ်နင်းရေးတာဝန်ကို လက်ခံတုန်းက ကိုယ့်ကို ဘာလို့ မပြောတာလဲ..."

မုန့်ကျယ်လန်နှင့် သူမ၏ သူငယ်ချင်းများမှာ ရှို့ဝူက ကျူးလင်ကို စကားပြောရာတွင် အလွန်အမင်း နူးညံ့သိမ်မွေ့နေသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်ထဲမှ တိတ်တဆိတ် အော်ဟစ်အားကျနေကြလေသည်။

သူတို့၏ အမူအရာကို မြင်လိုက်ရသဖြင့် ကျူးလင်က သူတို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။

“ရှင်တို့ သုံးယောက် ဘာလုပ်နေလဲ... ဘယ်အချိန် ပြန်လာမလဲဆိုတာ ကျွန်မ မသိဘူးလေ...”

“ပြီးတော့ အခုလောလောဆယ် ကျွန်မမှာ လုပ်စရာ ဘာမှမရှိတာနဲ့ မုန့်ကျယ်လန်နဲ့ ဝမ်နတို့ရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်တာ...”

“ဆောင်းရာသီ ရောက်တော့မယ်လို့ ဝမ်နက ပြောတာနဲ့ အချိန်ရှိတုန်း ဆောင်းတွင်းအတွက် ပြင်ဆင်ချင်လို့ပါ..."

သူမ၏ စကားကို ကြားရသောအခါ ရှို့ဝူမှာ အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရချေသည်။

သူက သူမ၏ လက်များကို ဆုပ်ကိုင်လိုက်ပြီး မျက်လွှာချကာ တိုးညင်းစွာ ပြောလိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်... မင်းကို အရင်ဆုံး ပြောပြခဲ့သင့်တာ... ဒါပေမဲ့ အဲဒီအချိန်တုန်းက အခြေအနေက အရမ်းအရေးကြီးနေလို့ပါ...”

“ဒီနေ့ ကိုယ် ပြန်လာတော့ မင်းကို သွားရှာသေးတယ်... ဒါပေမဲ့ မင်းက အိမ်မှာ မရှိဘူး..."

“နောက်မှ ထပ်သွားဖို့ စိတ်ကူးထားပေမဲ့ ရှောင်ဝေ့က ရုတ်တရက် ရောက်လာပြီး မင်း နှိမ်နင်းရေးတာဝန်တစ်ခု သွားတော့မယ်လို့ ပြောတာနဲ့... ကိုယ် မင်းအတွက် စိုးရိမ်လို့ ချက်ချင်း လိုက်လာခဲ့တာ..."

ပြောပြီးနောက် သူက မျက်လုံးများကို အနည်းငယ် ပင့်ကြည့်ကာ ကျူးလင်၏ မျက်နှာအမူအရာကို ခိုးကြည့်လိုက်မိသည်။

သူမ၏ မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးမှုသာ ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူက မျက်လွှာပြန်ချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိ၏။

စိတ်ဓာတ်ကျနေသော ရှို့ဝူနှင့်မတူဘဲ ကျူးလင်ကမူ သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက် ခေါင်းညိတ်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါဆိုလည်း အတူတူသွားကြတာပေါ့..."

သူမက မုန့်ကျယ်လန်နှင့် အခြားသူများဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"နင်တို့ ရွာရဲ့ တည်နေရာကို သိကြလား..."

ဝမ်နက လက်ထောင်ပြရင်း ပြောလိုက်သည်။

"ကျွန်မ သိပါတယ်... တာဝန်သွားယူတုန်းက တာဝန်ပေးခန်းမထဲက ဝန်ထမ်းက ကျွန်မကို ရိုးရှင်းတဲ့ မြေပုံတစ်ခု ပေးလိုက်တယ်..."

ကျူးလင်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆို နင်ပဲ လမ်းပြပေးပါ..."

ရှို့ဝူ၊ ကျီယန်၊ ထန်ဝေ့တို့နှင့်အတူ သူတို့အားလုံးသည် နေမထွက်မီ စခန်းမှ ထွက်ခွာလာခဲ့ကြပေသည်။

ခုနစ်နာရီခန့်ကြာပြီးနောက် ဟန်ရှင်းယွဲ့က မော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် တောက်ပစွာ ရှိနေသော နေမင်းကြီးကို မြင်လိုက်ရ၏။

နေ့စဉ် အပူချိန်က လျော့ကျလာနေသည် ဆိုသော်လည်း ယနေ့တွင်မူ အပူချိန်က လေးဆယ်ဒီဂရီကျော် ရှိနေဆဲပင် ဖြစ်သည်။

ပူပြင်းလှသော နေရောင်အောက်တွင် လမ်းလျှောက်ရခြင်းမှာ အိမ်ထဲ၌ နေရသည်ထက်ပင် ပိုမို ပူပြင်းလှသည်ဟု သူမ ခံစားနေရ၏။

ကျူးလင်၊ ရှို့ဝူ၊ ကျီယန်နှင့် ထန်ဝေ့တို့မှာ ဆင်တူဝတ်ရုံများကို ဝတ်ဆင်ထားကြသည်ကိုကြည့်ရင်း ဟန်ရှင်းယွဲ့က မမေးဘဲ မနေနိုင်တော့ပေ။

"အစ်မကျူးလင်... ဒီလောက် ပူပြင်းတဲ့ ရာသီဥတုမှာ ဝတ်ရုံကြီး ဝတ်ထားရတာ မပူဘူးလားဟင်... ဒါက အစ်မတို့ အဖွဲ့ရဲ့ ယူနီဖောင်းလား..."

ကျူးလင်က ခေါင်းခါပြလိုက်ရင်း တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

"ဒီဝတ်ရုံကို နှစ်တစ်ထောင် ရေခဲပိုးထည်စနဲ့ ချုပ်ထားတာ... ဝတ်ထားရင် မပူတဲ့အပြင် အေးမြပြီး သက်တောင့်သက်သာ ရှိစေတယ်..."

ထိုစကားကို ကြားရသောအခါ ဟန်ရှင်းယွဲ့မှာ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားချေသည်။

သူမက ကျူးလင်၏ ရေခဲပိုးထညိဝတ်ရုံကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"အစ်မ... ကျွန်မ အဲဒီဝတ်ရုံကို ကိုင်ကြည့်လို့ ရမလားဟင်..."

ကျူးလင်က သူမ၏ ဝတ်ရုံကို မတင်ပေးလိုက်ရင်း ပြောလိုက်သည်။

"ရတာပေါ့..."

ကျူးလင်၏ ခွင့်ပြုချက် ရသည်နှင့် ဟန်ရှင်းယွဲ့က လက်လှမ်းကာ ဝတ်ရုံကို ကိုင်ကြည့်လိုက်သည်။

ကျူးလင်၏ အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် သူမသည် ပတ်ဝန်းကျင် အပူချိန်က ယခင်လောက် မပူပြင်းတော့သည်ကို ခံစားလိုက်ရပြီဖြစ်သည်။

သို့သော် သူမ၏ လက်ချောင်းများက ဝတ်ရုံကို အသာအယာ ထိတွေ့လိုက်မိသောအခါ အံ့အားသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားရတော့၏။

သူမသည် ဝတ်ရုံပေါ်မှ လက်ကို မဖယ်နိုင်တော့ဘဲ အံ့ဩတကြီး ရေရွတ်လိုက်မိလေသည်။

"တကယ်ကြီး အေးနေတာပဲ..."

ဟန်ရှင်းယွဲ့၏ အံ့အားသင့်နေသော အမူအရာနှင့် ကျူးလင်၏ အနီးသို့ တိုးကပ်သွားပုံတို့ကြောင့် ကျန်ရှိသော သူငယ်ချင်း သုံးဦး၏ စူးစမ်းလိုစိတ်မှာလည်း နိုးကြွလာခဲ့ပေသည်။

အခြားသော မိန်းကလေး သုံးဦးက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြစဉ် ရှို့ဝူ၏ မျက်နှာအမူအရာမှာ ပိုမို၍ မည်းမှောင်လာလေသည်။

သူတို့ကြောင့် သူသည် ကျူးလင်နှင့် ဘေးချင်းယှဉ်ကာ လမ်းမလျှောက်ရသဖြင့် စိတ်မသက်မသာ ဖြစ်နေရခြင်း ဖြစ်၏။

သူ့ဘေးတွင် လမ်းလျှောက်နေသော ထန်ဝေ့က ရှို့ဝူ၏ မျက်နှာအမူအရာကို လှမ်းကြည့်လိုက်မိသည်။

သူက စက္ကန့်အနည်းငယ်ခန့် စဉ်းစားလိုက်ပြီးနောက် အသံကို နှိမ့်ကာ မေးလိုက်သည်။

"လောင်ရှို့... မင်း ရှောင်လင်ကို လက်ဆောင် ပေးပြီးပြီလား..."

ထိုမေးခွန်းကို ကြားရသောအခါ ရှို့ဝူက ခေါင်းခါပြလိုက်ရင်း စိတ်မကြည်မလင်ဖြင့် ပြောလိုက်သည်။

"ရှောင်လင်ကို ပေးဖို့ အခွင့်အရေး မရသေးဘူး..."

ပြောပြီးနောက် သူက ကျူးလင်ကို စိတ်လှုပ်ရှားစွာ ဝိုင်းရံထားကြသော မိန်းကလေး လေးဦးကို မကျေမနပ် လှမ်းကြည့်လိုက်မိလေသည်။

သူ့ထံမှ ထွက်ပေါ်လာသော မည်းမှောင်သည့် အငွေ့အသက်များကို အာရုံခံမိသွားကြသကဲ့သို့ ထိုလေးဦးလုံးမှာ တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြချေသည်။

မုန့်ကျယ်လန်က သူမ၏ လက်မောင်းများကို ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။

"ငါ ရုတ်တရက်ကြီး အရမ်းအေးလာသလိုပဲ... ဒီနေ့ အပူချိန်က ရုတ်တရက်ကြီး အများကြီး ကျသွားတာလား..."

ကျိုးယွီယန်ကလည်း ရုတ်တရက် အေးစိမ့်မှုကို ခံစားလိုက်ရသဖြင့် လက်များကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ငါလည်း အေးလာသလိုပဲ..."

သူတို့နှစ်ဦး၏ စကားကို ကြားရသောအခါ ဝမ်နကလည်း ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ငါလည်း တူတူပဲ..."

All Chapters