← Chapters

လူသိရှင်ကြား

Vol. 147 Ch. 2046

လူသိရှင်ကြား

Vol. 147 Ch. 2046

သူ့လက်ထဲမှ သက်တန့်သက်ခွမရှိတော့ကာ လက်ကောက်ဝတ်မှနာကျင် မှုသည် သူ့ကို ဒေါသဖြစ်စေသည်။

“မင်း ထိလို့မရဘူး.. ငါ့ကို ဘယ်သူလို့ထင်နေလဲ.. ငါက လူကြီးမင်းရွှီ လက်အောက်က အဂ္ဂိရတ်ပညာရှင်ဟွာခိုင်းပဲ မင်းကို နာအောင်လုပ်ရဲတာ အဖမ်းခံချင်နေတာလား”

“လူကြီးမင်းရွှီအောက်က အဂ္ဂိရတ်ပညာရှင်ဟုတ်လား.. နောက်နေတာ မဟုတ်ပါဘူးနော်.. သူ့လက်အောက်မှာ ရှင့်လိုလူ ဘယ်လိုလုပ်ရှိရတာလဲ” ရှီမာယူယူသည် သူ့စကားများကိုမယုံသဖြင့် ခေါင်းခါလိုက်သည်။

“လူကြီးမင်းရွှီကို မင်းက ဘယ်လိုလုပ်သိမှာလဲ.. ကောင်မ မင်းအမဖမ်းမခံ ချင်ရင် သက်တန့်သစ်ခွကို ကျိုးကျိုးနွံနွံပဲငါ့ဆီကိုပေးလိုက်.. ပြီးတာနဲ့ ဒူးထောက် သုံးကြိမ်သုံးခါကန်တော့ပြီး ငါ့ကိုအဘိုးလို့ခေါ်ရင် ခွင့်လွှတ်ပေး လိုက်မယ်” ဟွာခိုင်းသည် မေးမော့ကာ သူ၏ သဘောထားကြီးမှုကို ဖော်ပြနေ သည်။

“မလုပ်ချင်ဘူးဆိုရင်ရော” ရှီမာယူယူ နှာမှုတ်လေသည်။

“ဒါဆိုလည်း လူကြီးမင်းရွှီကို မခန့်လေးစားလုပ်တဲ့အတွက် အဖမ်းခံရ မယ်.. မင်း အစေခံဖြစ်တဲ့အချိန်ကျမှ တစ်သက်လုံးနောင်တရသွားလိမ့်မယ်” ဟွာခိုင်းသည် သူမကို ခြိမ်းခြောက်လေသည်။

ဝန်ထမ်းသည် သူမကို ကြင်နာစွာဖြင့် သတိပေးလေသည် “သခင်ဟွာက တကယ်ပဲ လူကြီးမင်းရွှီရဲ့လက်အောက်က အဂ္ဂိရတ်ပညာရှင်ပါ.. မဟုတ်ရင် ဒီ သက်တန့်သစ်ခွကို သူ့ကိုပေးလိုက်ပါလား”

“ဟင်း” ဟွာခိုင်းသည် မောက်မာစွာပင် မေးကိုပင့်ပြီးခေါင်းကို ဘေးဘက် သို့လွှဲကာ သူမ သက်တန့်သစ်ခွပေးလာပြီး တောင်းပန်မည်ကို စောင့်နေသည်။ သို့သော် အတန်ကြာစောင့်ပြီးသည်အထိ မည်သည့်လှုပ်ရှားမှုကိုမှ မမြင်ရပေ။ ပြန်လှည့်ကြည့်လိုက်ရာ သူမသည် တောင်းပန်မည့်အရိပ်အယောင်မရှိပေ။ သူမသည် ဗန်းထဲမှ ဆေးပစ္စည်းများကို ထုတ်ပြီး ကောင်တာပေါ်တင်ကာ ငွေကိုင်ကို စစ်ကြည့်ခိုင်းလေသည်။

ဒါသက်သက် မထီလေစားလုပ်တာပဲ။ သူသည် ဒေါသထွက်သွားကာ လှေကားအပေါ်သို့တက်သွားရာ အစောင့်များသည် အောက်ထပ်သို့ဆင်းလာ ပြီး သူတို့ကို ဖမ်းမည်ပြုလေသည်။ တစ်ချိန်တည်းမှာပင် သူ ခြိမ်းခြောက်လေ သည် “ငါ မင်းကိုပြောမယ်… ငါ သဘောမတူရင် သူတို့က အဲဒီဆေးပစ္စည်းတွေ ကို မရောင်းရဲဘူး”

ဝန်ထမ်းသည် ဆေးပစ္စည်းများကို ယူရုံသာယူထားကာ အမှန်တကယ်ပင် စစ်မကြည့်ရဲပေ။

“အိုး ဘက်လိုက်လှချည်လား” ရှီမာယူယူသည် အရေထူနေပြီဖြစ်ကာ ထိုကဲ့သို့လူမျိုးကိုတွေ့ရသည်မှာ ဘာကိုမှမခံစားရတော့ပေ။

“ငါ့သရုပ်မှန်အရဆိုရင် မင်းလိုအဆင့်အတန်းနဲ့ လာထိလို့မရဘူး.. မင်း ဒီကိုလာကတည်းက သိထားသင့်တယ်.. အရည်အချင်းမမှီတဲ့သူတွေက မမှီတာ ပဲ” ဟွာခိုင်းသည် သူမကို ကျေနပ်စွာဖြင့်ကြည့်ကာ မျက်နှာပြောင်းလေသည် “အဲလူတွေက လူကြီးမင်းရွှီကိုလျစ်လျူရှုပြီးတော့ စော်ကားတယ် သူတို့ကို ဖမ်း လိုက်”

တပ်သားများသည် လူကြီးမင်းရွှီကို စော်ကားသည်ဟု ကြားသည်နှင့် ရောက်လာကာ မမေးမမြန်းဘဲ သူတို့ကိုဖမ်းလိုက်လေသည်။

ဝူလင်းယူက ရှီမာယူယူ့ကို ဘယ်လိုလုပ်ထိခွင့်ပြုမလဲ။ သူသည် ထိုလူ များ လှုပ်ရှားသည်နှင့် တုံ့ပြန်လိုက်သည်။ ထိုလူများ သူမအနားသို့မရောက်ခင် မှာပင် မြေပေါ်သို့လဲကျသွားလေသည်။

အားလုံးသည် မှင်သေကုန်ကြသည်။ သူတို့သည် သူမည်သို့လှုပ်ရှားလိုက် သည်ကိုမမြင်လိုက်ရပေ။ သူ တစ်ခဏမျှသာပျောက်သွားသည်ဟုသာ ခံစား လိုက်ရသည်။ အကုန်လုံး ဘာလို့လဲကျသွားတာလဲ။

ဝန်ထမ်းသည် ထိုမြင်ကွင်းကိုမြင်သောအခါ နှုတ်ခမ်းလှုပ်လိုက်သည်။ သို့သော် သူ့လည်ချောင်းတွင် တစ်ခုခုတစ်နေသလိုခံစားရပြီး ဘာမှပြော မထွက်ပေ။

“မင်းဝယ်ချင်သေးတာလား” ဝူလင်းယူသည် သူမကို နူးညံ့စွာကြည့်ပြီး မေးလေသည်။

“သေချာတာပေါ့ ဘာလို့မဝယ်ရမှာလဲ” ရှီမာယူယူသည် အစောပိုင်းက မြင်ခဲ့သည့် ဈေးနှုန်းများကို အခြေခံပြီး စုစုပေါင်းကျသင့်ငွေကိုတွက်ချက်ကာ ကျောက်တုံးများကို ကောင်တာပေါ်သို့တင်ပြီးနောက် ဆေးပစ္စည်းများကို ယူကာ ထွက်လာခဲ့လိုက်လေသည်။

သူတို့ ထွက်သွားချိန်မှပင် အားလုံးတုံ့ပြန်နိုင်ကြသည်။ ဧည့်သည်များ သည် ပြဿနာထဲပါမည်စိုးသဖြင့် တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြ သည်။

ဝန်ထမ်းသည် ထွက်မသွားရဲပေ။ ဆိုင်တာဝန်ခံသည် ကိုယ်တိုင်ရောက် လာကာ တောင်းပန်လေသည်။ စကားအများကြီးပြောပြီးနောက် ပစ္စည်းအများ အပြားပေးကာ ပြန်လွှတ်ရသည်။

ဤကဲ့သို့သေခြင်းတရားကို မကြောက်သည့်လူမျိုးကို တွေ့ရသည်မှာ အလွန်ပင်ပန်းလှသည်။ သူတို့ကဲ့သို့လူမျိုးများစွာရှိနေပါက သူတို့ဒေဝါလီခံရ မည်ဖြစ်သည်။

“အဲလူတွေရဲ့ နောက်ခံကဘာလဲ.. သူတို့က လူကြီးမင်းရွှီကိုတောင် မျက်နှာသာမပေးဘူး” ဝန်ထမ်းသည် နားမလည်နိုင်ဖြစ်နေသည်။

အစောက ထိုလူများသည် လူကြီးမင်းရွှီဆိုသည့် နာမည်ကိုကြားသည့် တိုင်အောင် ကြောက်ရွံ့သွားခြင်းမရှိပေ။ သူတို့သည် ဟွာခိုင်းနှင့် လူကြီးမင်းရွှီ ကိုပင် သူတို့မျက်လုံးထဲကိုမထည့်ပေ။

အကုန်လုံးကို ဒီလိုမျိုးလျစ်လျူရှုဖို့ဆိုရင် ဘယ်လိုနောက်ခံနဲ့ ဘာတွေလို လဲ။

“ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါတို့ခံနိုင်ရည်ရှိတဲ့ဟာမဟုတ်ဘူး” ဆိုင်တာဝန် ခံပြောလေသည်။

ထိုလူများသည် သာမန်လူများဟုတ်ပုံမရပေ။ သူတို့ကို တခြားနေရာတွင် တွေ့မည်ဆိုပါက ပွဲကြီးပွဲကောင်းကြည့်ရမည်ဖြစ်သည်။ သို့သော် သူတို့ဆိုင် တွင်တွေ့လိုက်ရသဖြင့် ကံမကောင်းဟုသာဆိုရတာ့မည်။

“ဆိုင်တာဝန်ခံ သခင်ဟွာက ကျွန်တော်တို့ကို ပြဿနာမရှာလောက်ပါ ဘူးနော်” ဝန်ထမ်းမှမေးလေသည်။

“မရှာဘူး ငါတို့က လူကြီးမင်းညိုရဲ့ ဆိုင်ပဲ.. ဒီမှာမတော်တဆမှုဖြစ်သွား တယ်ဆိုပေမဲ့ တောင်းပန်ပြီးပီဲလေ.. လူကြီးမင်းနှစ်ယောက်က ရန်မလိုတတ်ပါ ဘူး.. ပြဿနာရှာချင်ရင်လည်း ချင့်ချိန်ရဦးမယ်” ဆိုင်တာဝန်ခံပြောလေသည် “လူလွှတ်ပြီးစုံစမ်ခိုင်းလိုက် အဲလူတွေရဲ့ ဇစ်မြစ်ကဘာလဲလို့”

“ဟုတ်ကဲ့ပါ”

ယနေ့ဆုံးရှုံးမှုအတွက် အခွင့်အရေးရှာပြီး ပြန်ယူရမည်။

ရှီမာယူယူသည် ဈေးဆက်ဝယ်ချင်စိတ်ပျောက်သွားသဖြင့် ပြန်လှည့်လာ ခဲ့လိုက်သည်။

မကြာမီတွင် လူကြီးမင်းရွှီ၏ လူများသည် သူတို့နောက်လိုက်ကာ တည်းခို ဆောင်တစ်ခုလုံးကို ဝိုင်းလိုက်ကြသည်။

“အဲလူတွေက တကယ်မြန်တာပဲ” ဖူရှီသည် နှုတ်ခမ်းတွန့်လိုက်သည်။

“ငါ ရှီအာမို့ရဲ့အခြေအနေကို သွားကြည့်ချင်တာလေ.. ရွှီဝူရဲ့လူတွေ အာရုံ စိုက်တာခံရလိမ့်မယ်လို့ ထင်မထားဘူး” ရှီမာယူယူ သက်ပြင်းချလေသည်။

“ဒါဆိုလည်း သူတို့ကို လာရာလမ်းအတိုင်းပြန်အောင် ရိုက်လိုက်ကြတာ ပေါ့” ဝူလင်းယူ ပြောလိုက်သည်။

“အားကုန်တယ်” ရှီမာယူယူသည် မတိုက်ခိုက်ချင်ပေ။

“အင်း.. သူတို့က တံခါးရှေ့ရောက်လာပြီဆိုတော့ စဉ်းစားရတော့မယ်” ဖူရှီ ပြောလိုက်သည်။

“အမှန်ပဲ ဒါဆိုလည်း သူတို့ကို ဒီအတိုင်းပဲရိုက်လိုက်ကြတာပေါ့” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

နောက်ဆုံးတွင် ဝူလင်းယူသည် ဝိညာဉ်စွမ်းအင်ပစ်လိုက်၊ ဒါဇင်မျှရှိသော တပ်သားများ ပစ်လိုက်နှင့် အသူရာမြို့တစ်ခုလုံးသည် စုအုံလာကြသည်။

အစောပိုင်းကအဖြစ်အပျက်ကို လူအနည်းငယ်သသာမြင်ခဲ့ရသည်။ သို့သော် ယခုအချိန်တွင် သတ္တိခဲလူများ ဤနေရာတွင် တည်းခိုသည်ကို လူတိုင်း သိသွားကြလေပြီ။ သူက ရွှီဝူရဲ့ လူကိုတောင်လေထဲကိုလွှင့်အောင် လုပ်ရဲတာ ပဲ။ သူတို့တွေ အသက်မရှင်ချင်တော့ဘူးထင်တယ်။

ဒိကျို့ကျို့သည် သတင်းရပြီးနောက် နှုတ်ခမ်းကိုမတွန့်ဘဲမနေနိုင်တော့ ပေ။

ဒီဘိုးဘေးလေးကတော့ လူကယ်ချင်ရင် လူမသိသူမသိနေလေ။ အခု တော့ ဒီလိုမျိုးလူသိရှင်ကြားလုပ်လိုက်တော့ တခြားသူတွေက သတိရှိသွားမှာ ပေါ့ မဟုတ်ဘူးလား။

ဒါပေမဲ့ သူဘာပြောနိုင်ဦးမှာလဲ။ သူ ဘာမှမပြောနိုင်တော့သဖြင့် လူများ လွှတ်ကာ တည်းခိုဆောင်ကို မည်သူမှမကပ်နိုင်ရန် ကာကွယ်ရတော့သည်။

ရှီမာယူယူသည် ဒိကျို့ကျို့၏လူများရောက်လာသည်ကို အလွန်ကျေနပ် လျက်ရှိသည်။ သူတို့က လူသိရှင်ကြားဖြစ်နေပြီဆိုမှတော့ လုံးဝကိုပေါ်ပေါ် ထင်ထင်နေရတော့မှာပေါ့။ အစကတော့ လူတွေကို တိုးတိုးတိတ်တိတ်ကယ် မလို့ပဲ။ အခုတော့ ဒဲ့တိုးပဲ လူတွေကိုသွားမေးရတော့မယ်။

သူမ၏ အတွေးများကိုကြားပြီးနောက် ဒိကျို့ကျို့သည် အနည်းငယ်အံ့သ သွားသည်။ သို့သော် သူ အမြန်ပင်လက်ခံလိုက်ပြီး အကြံပြုလေသည် “ဒီရှီအာမို့ က အစားအသောက်ကြိုက်တယ်.. မင်းသမီးလေးက သူ့ကိုအစားအသောက်နဲ့ မျှားရင်တော့ သူ့ဆီကလူမရစရာအကြောင်းမရှိဘူး”

“ကြည့်ရတာ အစားအသောက်ကြိုက်တဲ့သူတွေက နေရာတကာမှာရှိတဲ့ ပုံပဲ” ရှီမာယူယူ သက်ပြင်းချလေသည်။

“ပြီးတော့ ရှီအာမို့နဲ့ ရွှီဝူတို့က ဆက်ဆံရေးမကောင်းကြဘူး.. အခု မင်းသမီးလေးက ရွှီဝူနဲ့ အဖုအထစ်ဖြစ်သွားရင် ရှီအာမို့နဲ့လည်း အမှတ်ရနိုင် တယ်”

“အဘိုးကြီးတွေကြားက ကိစ္စကိုသေချာမသိပါဘူး.. ဒါပေမဲ့ ဒီနည်းလမ်း ကိုလည်း စဉ်းစားလို့ရတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“သူက မြို့မြောက်ပိုင်းက မိုင်တစ်ရာနတ်သဒ္ဒါဆိုင်ကို သွားစားလေ့ရှိ တယ်လို့ပြောတယ်.. အဲဆိုင်က ဒီမှာအကောင်းဆုံး စားသောက်ဆိုင်ပဲ”

“ပုံမှန်သွားစားတဲ့အချိန်ရှိလား”

“မရှိဘူး သူသွားချင်တဲ့အချိန်သွားတာပဲ အတွင်းလူတွေတောင် သေချာ မသိဘူး”

“ဒါဆိုရင် စောင့်ကြည့်ရတော့မှာပဲ”

သို့သော် သူမဆိုလိုသည်မှာ ရှီအာမို့ကို လူလွှတ်စောင့်ကြည့်ရန်ဖြစ်သည်။ သူ မိုင်တစ်ရာနတ်သဒ္ဒါဆိုင်ကိုထွက်လာသည်နှင့် သူမ သွားကာ သူနှင့် စကား ပြောရန်အခွင့်အရေးရှာပြီး ဆက်ဆံရေးတစ်ခုဖန်တီးကာ အပေးအယူလုပ်ရ မည်။

အစားအသောက်ကိုသုံးပြီး လူကိုဖျားယောင်းရမည်မှာ ပထမဆုံးလုပ်ဖူး ခြင်းဖြစ်သည်။ သူမသည် သူမ၏အချက်အပြုတ်လက်ရာကို အလွန်ယုံကြည် ချက်ရှိနေဆဲဖြစ်သည်။ သို့သော် အသူရာငရဲမှလူများကို ဆွဲဆောင်နိုင်မည်လား ဆိုသည်ကိုတော့ မသိပေ။

***

All Chapters