စိတ်ဆွခြင်း
Vol. 147 Ch. 2047
ရှီမာယူယူသည် မိုင်တစ်ရာနတ်သဒ္ဒါဆိုင်သို့သွားကာ စားကောင်း သောက်ဖယ်များ စားပွဲအပြည့်မှာယူပြီး တစ်ပွဲပြီးတစ်ပွဲ မှတ်ချက်ပေးလေ၏။
“အသားကင်ကို မီးတောက်နဲ့တိုက်ရိုက်ကြီး သွားမကင်နဲ့.. မီးသွေးပေါ် မှာတင်ပြီး ဖြည်းဖြည်းချင်းကင်သင့်တယ်.. အဲဒါမှ အသားကင်က အပြင်မှာ ကြွပ်ပြီး အထဲမှာနူးညံ့မှာ”
“ငါးက… ဒီလိုလုပ်တာမှားနေတယ်.. ဆီနဲ့ချက်လိုက်ရင် အသားက…”
“မင်းတို့တွေ…”
သူမသည် ဟင်းပွဲများအားလုံးကို မှတ်ချက်ပေးရာ စားဖိုမှူးသည် ဒေါသ ထွက်ပြီး သူမဆီပြေးလာကာ ငေါက်ငမ်းလေသည်။
“မင်းက အကုန်လုံးကို ဒီလောက်ဝေဖန်နေတာ.. အရသာရှိတဲ့ ဟင်းပွဲကို ဘယ်လိုချက်ရမလဲဆိုတာ သိရဲ့လား” စားဖိုမှူးသည် အလွန်ဒေါသထွက်လေ သည်။ သူ့နေရာတွင် တခြားသူဆိုလျှင်လည်း ဒေါသထွက်စရာပင်။
“ဒီလိုပြောနေမှတော့ သေချာပေါက်ချက်တတ်တာပေါ့” ရှီမာယူယူ ပြော လိုက်သည် “ဒီမိုင်တစ်ရာနတ်သဒ္ဒါဆိုင်ရဲ့ အစားအသောက်လက်ရာက အရမ်း ကောင်းတယ်လို့ ဒီမလာခင်က ကြားခဲ့တယ်… ဒါပေမဲ့ ဒီအဆင့်လောက် ဟင်းပွဲ တွေစားရမယ်လို့ ထင်မထားဘူး.. တခြားဆိုင်က အစားအသောက်တွေထက် ကောင်းပေမဲ့ အရသာအရတော့ ဂုဏ်သတင်းနဲ့မတန်သေးဘူး”
“ဟင်း မောက်မာလိုက်တာ” စားဖိုမှူးသည် နှာမှုတ်လေသည် “မင်းချက် တာက ငါ့ထက်ပိုကောင်းမယ်ထင်လို့လား”
“အဲဒီယုံကြည်မှုတော့ရှိတယ်” ရှီမာယူယူသည် သာမန်ပင် ပြန်ဖြေလေ သည်။
“လူငယ်လေး အရမ်းဂုဏ်မောက်နေတာက မကောင်းဘူးနော်” တံခါးမှ ကြည့်နေကြသောလူများသည် မနေနိုင်ဘဲ ပြောလေသည် “စားဖိုမှူးရှောင်က အသူရာမြို့တော်မှာ အားအကောင်းဆုံးပဲ.. သူချက်တဲ့ အစားအသောက်တွေက မွှေးပြီးအရသာရှိရုံတင်မကဘူး ပါဝင်ပစ္စည်းတွေကလည်း ဝိညာဉ်စွမ်းအင် ပြည့်နေတာ.. တစ်ခါတလေ ကိုယ်တိုင်ကျင့်ကြံတာထက်တောင် ပိုမြန်ဦးမယ် မင်းက အဲလိုသက်ရောက်မှုရှိတဲ့ ဟင်းပွဲမျိုးချက်တတ်လို့လား.. စားဖိုမှူးရှောင် နဲ့ပြိုင်ချင်တယ်ဆို မင်းမှာ အဲလိုအရည်အချင်းရှိလား”
“ရှင်တို့က ကျွန်မ ဟင်းချက်တာမမြင်ဖူးသလို ကျွန်မချက်တာကိုလည်း မစားဖူးဘူးလေ.. ကျွန်မက မလုပ်နိုင်ဘူးလို့ ဘယ်လိုလုပ်သိလဲ” ရှီမာယူယူ ပြန် မေးလေသည်။
“အင်း.. မင်းက ငယ်သေးလို့ပါ.. ငါတို့က မင်းထက် ထမင်းအရင်စားလာ တာ.. မင်းက ဒီအတိုင်း မိန်းမငယ်လေးပဲ လိမ်လိမ်မာမာနဲ့ပြန်လိုက်တော့.. စားဖိုမှူးရှောင်ကို စိတ်တိုတောင်သွားမလုပ်နဲ့ ကျန်တဲ့ဟင်းပွဲတွေကို မပေးဘဲ နေလိမ့်မယ်”
“ဟုတ်တယ် စားဖိုမှူးရှောင်ကို မြန်မြန်တောင်းပန်လိုက်”
ရှောင်လင်းသည် သူ့အတွက် စကားများပြောပေးနေသည်ကို မြင်သော အခါ ခါးပေါ်လက်ထောက်ထားပြီး ရှီမာယူယူကို ဂုဏ်ယူစွာဖြင့် ကြည့်ကာ သူမ တောင်းပန်လာမည်ကို စောင့်နေလေသည်။
“ဟင်း” ရှီမာယူယူ ပြုံးလိုက်ကာ စကားလုံးလေးလုံးကို တိုးညင်းစွာပြော လိုက်သည် “မဖြစ်နိုင်ဘူး”
“ကောင်မလေး အရမ်းကြီးစိတ်ကြီးဝင်မနေနဲ့.. မင်းကို တောင်းပန်ဖို့ အခွင့်အရေးပေးနေတာ.. မင်းကို နှင်မထုတ်တာပဲ ကြင်နာလွန်းနေပြီ.. မင်း ဒီလိုလုပ်မယ်ဆို အခုပဲ မင်းကိုနှင်ထုတ်ခိုင်းလိုက်မယ်.. ပြီးရင် ရှေ့လျှောက် မင်းကို မိုင်တစ်ရာနတ်သဒ္ဒါဆိုင်ကို ဘယ်တော့မှဝင်ခွင့်မပြုတော့ဘူး”
ရှီမာယူယူသည် အလောမကြီးပေ။ သူမသည် အရင်အတိုင်းပြောတုန်းပင် “ရှင်ကမှ ကျွန်မချက်တာမစားဖူးတာ.. ရှင့်လက်ရာထက် ကောင်းတာကို ဘယ် သိပါ့မလဲ”
“မင်းက ငါနဲ့ပြိုင်ချင်လို့လား” ရှောင်လင်းသည် သူမ၏ ဆိုလိုရင်းကို သိ သည်။ ယနေ့ကိစ္စမှာ ချိုးနှိမ်နေခြင်းမဟုတ်ဘဲ ပြိုင်ပွဲအဖြစ်ပြောင်းသွားသည်။
“အစကတော့ အစားအသောက်တွေ လာမြည်းကြည့်တာပဲ.. ရှင်တို့က အစားအသောက်တွေကို ဖျက်ဆီးနေတာတွေ့တော့ မတတ်သာတော့ဘဲ အကဲဖြတ်ပေးရတာ.. ဒါပေမဲ့ ကျွန်မက ရှင်တို့ဟင်းပွဲတွေကို မှတ်ချက်ပေးခွင့် မရှိဘူးလု့ပြောနေတာပဲ.. ရှင်တို့ပဲ အဲလိုပြောတာမဟုတ်ဘူးလား”
“ဟားဟား ဒီလောက်နှစ်တွေအများကြီး ဘယ်သူမှ ငါ့ကိုစိန်မခေါ်ရဲဘူး” ရှောင်လင်း ရယ်မောလေသည် “မင်းရဲ့ဟင်းပွဲက ငါ့ထက်သာသွားရင် ဒီနေ့ကိစ္စ ကို အပြစ်မတင်တော့ဘဲ ဒီနေ့ဟင်းတွေအတွက် ပိုက်ဆံမယူတော့ဘူး.. အရသာရှိအောင် မချက်တတ်ဘူးဆိုရင်တော့ လိမ်လိမ်မာမာနဲ့ ငါ့ကိုတောင်းပန် ပါ”
“ဟုတ်ပြီ” ရှီမာယူယူသည် တစ်ခွန်းတည်းသာ ပြန်ဖြေလေသည်။
“မင်းက ငယ်သေးတာပဲ.. ပြိုင်ပွဲခေါင်းစဉ်ကို မင်းကိုဆုံးဖြတ်ခွင့်ပေးမယ်.. ပြော မင်း ဘယ်လိုပြိုင်ချင်လဲ” ရှောင်လင်းသည် ယုံကြည်ချက်ရှိရှိ မေးလေ သည်။
ရှီမာယူယူသည် စားပွဲပေါ်မှဟင်းပွဲများကိုကြည့်ပြီး ပြောလိုက်သည် “အင်း စားပွဲပေါ်က ဟင်းပွဲအတိုင်းပဲချက်ကြတာပေါ့.. မွှေကြော်၊ ဟင်းနှပ်၊ အကြွပ်ကြော်နဲ့ ဟင်းရည်… ဟင်းတစ်မျိုးစီလိုက်ချက်ပြီး မဲတစ်ဝက်ကျော်ရတဲ့ သူက အနိုင်ရမယ်လို့ သတ်မှတ်မယ်.. ဘယ်လိုလဲ”
သူမ ယုံကြည်မှုပြည့်နေသည်ကိုကြည့်ပြီး ရှောင်လင်းသည် ခေါင်းညိတ် ကာ ပြောလေသည် “ဟုတ်ပြီလေ”
“ပြိုင်ပွဲဆိုမှတော့ အဆုံးအဖြတ်ပေးမယ့်သူကို ဖိတ်ရမှာပေါ့.. မဟုတ်ရင် တရားမျှတမှုမရှိဘူး”
“အမှန်ပဲ”
ရှောင်လင်းသည် ထိုအချက်ကို သဘောတူသည်။ မျှတသော ပြိုင်ပွဲဖြစ် သဖြင့် မျှတသော ဒိုင်လူကြီးကို ရွေးရမည်။ သူသည် ထိုအပိုင်းမှ အခွင့်အရေး ယူသည်ဟု အပြောမခံနိုင်ပေ။
“ဒါဆို ဒိုင်လူကြီးခေါ်ကြတာပေါ့”
“မဟုတ်ဘူး တရားမျှတမယ့် ဒိုင်လူကြီးကိုငါသိတယ်”
ရှောင်လင်းသည် ရှီမာယူယူကို အပေါ်ထပ်သို့ခေါ်သွားပြီး တံခါးခေါက်ရာ အထဲမှ တုံ့ပြန်သံကြားသည်နှင့် တံခါးကိုတွန်းဖွင့်လိုက်သည်။
“လူကြီးမင်းရှီအာ.. သုံးဆောင်နေတာကို နှောင့်ယှက်မိလို့ တောင်းပန်ပါ တယ်” ရှောင်လင်းသည် အားတုံ့အားနာပြောလေသည်။
ရှီမာယူယူ လှမ်းကြည့်လိုက်သည်။ ချောမောသန့်ပြန့်သည် လူကြီး တစ် ယောက်သည် ထမင်းစားစားပွဲတွင်ထိုင်နေကာ သူ့ရှေ့တွင် စားပွဲအပြည့် ဟင်းပွဲများရှိနေသည်။ သူ့မျက်နှာထားမှာ သာမန်မျှသာဖြစ်သည်။ သူသည် ဟင်းပွဲတိုင်းကို မြည်းစမ်းနေသော်လည်း ပျော်မွေ့နေပုံမပေါ်ပေ။
“ရှောင်လင်း မင်းက ငါ့ကိုဒိုင်လူကြီးလုပ်စေချင်တာလား.. တခြားသူတွေ ရဲ့ အစားအသောက်ကို ငါ့ပါးစပ်ထဲထည့်နိုင်မယ်လို့ ထင်လို့လား” ရှီအာမို့သည် မျက်ခုံးပင့်ပြီး ရှီမာယူယူကို ကြည့်လေသည်။
“စိတ်မပူပါနဲ့ ဒီကောင်မလေးက ဗဟုသုတရှိပါတယ် လုံးဝကြီးအရသာ မရှိမှာတော့မဟုတ်ပါဘူး.. တခြားသူတွေရဲ့ လက်ရာကိုမြည်းကြည့်တာလည်း မတူညီတဲ့ခံစားချက်ရနိုင်ပါတယ်” ရှောင်လင်းသည် ပြုံးပြီးပြောလေသည်။
သူ၏ တချို့သောစကားလုံးများသည် အနည်းငယ်ထူးဆန်းသည်ဟု ထင် မိသည်။ ထိုဒဏ္ဍာရီလာ အစားအသောက်ခုံမင်သူသည် သူမကို ထူးဆန်းစွာ ခံစားစေသည်ဟု ပြောရမည်ထင်သည်။
ရှီအာမို့သည် ခေတ္တမျှနှုတ်ဆိတ်ပြီး စဉ်းစားလေသည်။ ပြီးနောက် ခေါင်းညိတ်ကာ ပြောလေသည် “ဟုတ်ပြီလေ ငါ မင်းတို့ရဲ့ ဒိုင်လူကြီးလုပ်ပေး မယ်”
“ဒါဆိုရင် အောက်ဆင်းပြီး အသင့်ပြင်ရအောင်ပါ” ရှောင်လင်းသည် သူမ ကို ခေါ်သွားလေသည်။ ပြီးနောက် သူမသည် ရှီအာမို့ကို အစမှအဆုံးထိ ဘာမှ မပြောခဲ့ပေ။
မိန်းမငယ်လေးနှင့် စားဖိုမှူးသခင်ရှောင်တို့ ဟင်းချက်ပြိုင်မည့် သတင်း သည် ပြန့်သွားလေသည်။ အထူးသဖြင့် ရှီအာမို့သည် ဒိုင်လူကြီးအဖြစ် အကဲဖြတ်မည်ဟု ကြားသည်နှင့် မိုင်တစ်ရာနတ်သဒ္ဒါဆိုင်သို့ လူအများအပြား ရောက်လာသည်။
“ဟင်.. အဲကောင်မလေးက သခင်ဟွာကို ရိုက်ခဲ့တဲ့ကောင်မလေးမလား သူမက ငယ်ပြီး ပေါ့ပြက်ပြက်နဲ့.. သခင်ဟွာကို ရိုက်ပြီး လူကြီးမင်းရွှီကို ရန်စရုံ တင်မကဘူး.. အခု စားဖိုမှူးသခင်ရှောင်ကိုပါ ရန်စနေပြီ”
“လူကြီးမင်းရွှီရဲ့ ကိုယ်ရံတော်ကို လွှင့်သွားအောင် လုပ်တာ သူမမလား”
“သူမမဟုတ်ဘူး သူမ ဘေးကလူပဲ.. ဒါပေမဲ့ သူမညွှန်ကြားတာပဲဖြစ်မယ် ကျွတ် ကျွတ် ဒီကောင်မလေးက တကယ်သတ္တိရှိတာပဲ”
“သူမက လူကြီးမင်းရွှီကို အပြစ်လုပ်ပြီး စာဖိုးမှူးရှောင်တို့ကို ရန်စရဲတယ် သူမက အသူရာမြို့တော်မှာ နေချင်ရဲ့လား”
“သူမရဲ့ နောက်ခံမှာ တစ်ယောက်ယောက်ရှိနေလို့ ဒါမျိုးလုပ်ရဲတာလား”
“ဒီလိုကောင်မလေးက အရသာရှိတာတွေ ချက်တတ်တယ်ပေါ့”
“အဲဒါက အသက်နဲ့မဆိုင်ဘူးထင်တယ် ဟုတ်တယ်မလား သူမ ချက်ရင် လည်းချက်နိုင်မှာပေါ့”
“ငါတော့ ဒီကောင်မလေးကို ပိုပြီးအကောင်းမြင်နိုင်နေပြီ.. လူသစ်တွေက ကျားဂူထဲဝင်ဖို့မကြောက်ဘူးပဲ”
“လူကြီးမင်းရှီအာ ဆင်းလာပြီ”
ရှီအာမို့သည် လှေကားမှ ဖြည်းဖြည်းဆင်းလာရာ လှုပ်လှုပ်ရှားရှားဖြစ်နေ သော မိုင်တစ်ရာနတ်သဒ္ဒါ ဧည့်ခန်းတစ်ခုလုံး ချက်ချင်းပင် ငြိမ်ကျသွားလေ သည်။ သူသည် ပြင်ဆင်ထားသော ခုံဆီသို့လာပြီး စကားတစ်ခွန်းမှမပြောဘဲ ထိုင်ချလိုက်သည်။
သူသည် အမှန်တကယ်ပင် အေးစက်လှသည်။ ရှီမာယူယူသည် စိတ်ထဲမှ မှတ်ချက်ပေးမိသည်။
သူသည်သူမ၏ အကြည့်ကို ခံစားမိသည့်ပုံပင်။ ရှီအာမို့လှမ်းကြည့်လိုက် ရာ တစ်ခုခုရှိနေသည့် အကြည့်ကိုခံစားလိုက်ရသည်။
အားလုံးရှင်းလင်းစွာ မြင်နိုင်ရန် ရှောင်လင်းသည် ဧည့်ခန်းတွင် စားပွဲများ စီစဉ်ပြီး ကိုယ်ပိုင်မီးဖိုချောင်ဖြစ်ရန် ပစ္စည်းများချလိုက်သည်။
ရှီမာယူယူသည်လည်း ရှောင်လင်း၏ ပစ္စည်းနှင့်ယှဉ်လျှင် သနားစဖွယ် ဖြစ်သော ကိုယ်ပိုင် အိုးများ ဒယ်ပြားများထုတ်လိုက်သည်။
***