ဆရာ
Vol. 147 Ch. 2048
ရှောင်လင်းသည် သူမ၏ အသုံးအဆောင်များကို ကြည့်ပြီး တအံ့တဩ မေးလေသည် “ဒီလောက်ပဲလား လောက်ရဲ့လား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “လောက်တယ်”
သူမ၏ ပစ္စည်းများသည် ရှောင်လင်း၏ သုံးပုံတစ်ပုံမျှသာရှိသော်လည်း အနီးကပ်ကြည့်လျှင် လိုအပ်သည့်ပစ္စည်းများအစုံရှိသည်။
“မင်း ဘာဟင်းချက်ချက် ဒီကပါဝင်ပစ္စည်းတွေယူလို့ရတယ် ဒါမှမဟုတ် လည်း ကိုယ်ပိုင်ပါဝင်ပစ္စည်းတွေသုံးလို့ရတယ်” ရှောင်လင်း မေးလိုက်သည်။
ပါဝင်ပစ္စည်းများမှာ တူညီနေသည်ကို ရှီမာယူယူမြင်သောအခါ ပြော လိုက်သည် “ပါဝင်ပစ္စည်းတူတာကိုပဲသုံးကြတာပေါ့ အဲလိုဆို ယှဉ်ကြည့်လိုက် ရင် ဘယ်သူက ပိုကောင်းလဲဆိုတာ သိသာမယ်”
“ဟုတ်ပြီ” ရှောင်လင်းလည်း ထိုသို့တွေးသည်။ ထိုတူညီသော ပါဝင် ပစ္စည်းများနှင့် တူညီသောဟင်းများသည် ဟင်းနှစ်ခွက်၏ အရသာကို ယှဉ်ကြည့်ရာတွင် ပိုကောင်းသည်။
သူသည် ရှီမာယူယူကို ပါဝင်ပစ္စည်းအရင်ရွေးခိုင်းသည်။ ရှီမာယူယူသည် လည်း ယဉ်ကျေးမနေတော့ပေ။ ထိုလူသည် မောက်မာပုံပေါက်သော်လည်း ဖြောင့်မတ်သည်။ သူသည် သူ့ဟင်းလက်ရာကို တခြားတစ်ယောက်မှ မေးခွန်း ထုတ်၍သာ စိတ်ဆိုးခြင်းဖြစ်သည်။ ယခုအခါ သူတို့သည် တရားမျှတစွာ ယှဉ် ပြိုင်နေပြီး သူ၏ပိုင်နက်ဖြစ်နေခြင်းကြောင့် အပြုအမူကို သတိထားသည်။
သူမသည် ပါဝင်ပစ္စည်းများကိုရွေးပြီးနောက် အမြန်ပင်ဆေးကြောလိုက် သည်။ ခုတ်ထစ်ခြင်း လှီးဖြတ်ခြင်းများ ပြုလုပ်ချိန် သူမ၏ လှုပ်ရှားမှုများကို ကြည့်လျှင် အလွန်ချောမွေ့ပြီး အတွေ့အကြုံရင့်လှသည်။ သူမ လှီးဖြတ်လိုက် သော ပါဝင်ပစ္စည်းများကို ကြည့်ပြီး ရှောင်လင်း၏ အမြင်မှာလည်း တိုးလာ သည်။
ဒီကောင်မလေးက အရည်အချင်းရှိသားပဲ။ ဒါပေမဲ့ ဓားသုံးပုံတင်ပဲကြည့် ပြီး ဟင်းချက်လက်ရည်ကို မသိနိုင်သေးဘူး။
ရှီအာမို့သည် ရှီမာယူယူ ပါဝင်ပစ္စည်းများပြင်ဆင်သည်ကိုကြည့်ပြီး ဒူးကို လက်ချောင်းဖြင့် အသာခေါက်နေသည်။ ဘေးမှကိုယ်ရံတော်သည် အလွန်ပင် အံ့အားသင့်နေသည်။ အကြောင်းမှာ သခင်၏မျက်နှာမှ အေးဆေးနေပုံကို မြင် လိုက်ရခြင်းကြောင့်ပင်။
ချက်ပြုတ်နေသောလူများကို ကြည့်ရုံနှင့်တင် သူ ပျော်ရွှင်နေသည်။
ရှီမာယူယူနှင့် ရှောင်လင်းတို့သည် တစ်ချိန်ည်းမှာပင် ပြင်ဆင်ခြင်းများ ပြီးသွားကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး စတင်ချက်ပြုတ် တော့သည်။
မွှေကြော်မှ ဟင်းရည်အထိ နည်းလမ်းတစ်စုစီသည် စိန်ခေါ်မှုဖြစ်နေ သည်။ ဟင်းရည်သည် အိုးကိုအရင်ပြင်ဆင်ရသည်။ သူတို့နှစ်ယောက်၏ ဟင်းပွဲ မှာ တူညီသဖြင့် ဟင်းတစ်ပွဲ၏ ကြာချိန်မှာလည်း အတူတူလောက်ပင်ဖြစ် သည်။
သူတို့နှစ်ယောက်သည် အာရုံစိုက်လွန်းသဖြင့် စိတ်လှုပ်ရှားစွာဖြင့် ကြည့် နေကြသောလူများသည်လည်း တဖြည်းဖြည်းငြိမ်ကျသွားသည်။ သူတို့ ဟင်း ချက်နေသည်ကိုကြည့်ပြီး ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် အားလုံးသည် သူမ၏ အချက်အပြုတ်အရည်အချင်း ကို စိတ်ထဲမှ အသိအမှတ်ပြုမိကြသည်။ သူမသည် လေကျယ်နေခြင်းမဟုတ် ပေ။ သူမ ချက်ပြုတ်သည့် ဟင်းများကို သူတို့မစားရသေးသော်လည်း အဆင့် တစ်ခုသို့ ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။ သူ၏ ဟင်းများသည် စားဖိုမှူးသခင်ရှောင်၏ လက်ရာကိုမမှီလျှင်တောင် အရသာမဲ့လောက်သည် အထိ မဖြစ်နိုင်ပေ။
မကြာမီတွင် ပထမဆုံးဟင်း အသင့်ဖြစ်လာသည်။ ရှောင်လင်းသည် ဟင်းများကို ပန်းကန် ၁၂ ချပ်ဖြင့် ခွဲပြင်လိုက်ပြီး တစ်ယောက်သည် ချက်ချင်း ပင် ဟင်းများကို ရှီအာမို့နှင့် တခြားဒိုင်များကို ခွဲပေးလိုက်သည်။
ဒိုင်လူကြီးများကို ရှောင်လင်းမှ ရှာထားသဖြင့် စည်းမျဉ်းကို ရှီမာယူယူ သတ်မှတ်သည်။ ရှီအာမို့အပါအဝင် စုစုပေါင်း ဒိုင်လူကြီး ၁၀ ယောက်ရှိသည်။ ရှီအာမို့၏ လက်ထဲတွင် အမှတ် ၂၀ ရှိပြီး တခြားသူများသည် တစ်ယောက်လျှင် ၁၀ မှတ်ပေးခွင့်ရှိသည်။ တစ်ယောက်ချင်းစီ အရသာမြည်းစမ်းပြီးသည်နှင့် အမှတ်ပေးရမည်။ အားလုံးအမှတ်ပေးပြီးသောအခါ ရှီအာမို၏ ကိုယ်ရံတော်မှ ယူထားမည်ဖြစ်ပြီး အဆုံးထိစောင့်ရမည်။ ဟင်းပွဲတစ်ခုစီ၏ အမှတ်များ ရပြီးမှ ပေါင်းပြီး အမှတ်အများဆုံးရမည့်သူသည် အနိုင်ရမည်။
ကျန်ဟင်းနှစ်ပွဲကို ဘေးပို့ထားပြီး စားဖိုမှူးနှစ်ယောက် စားရန်ပြင်ထား သည်။
ဒိုင်လူကြီး ၁၀ ဦးသည် ဟင်းပွဲများကို အမှတ်ပေးပြီး ရှီအာမို့၏ ကိုယ်ရံ တော်လက်ထဲသို့ အပ်ကြသည်။ ရှီအာမို့ရိနေသဖြင့် မည်သူမှ မတရားမကြံရဲ ပေ။
ထိုမတိုင်ခင်တွင် ရှီအာမို့၏ ကိုယ်ရံတော်မှလွဲပြီး အမှတ်များကို မည်သူမှ မသိကြပေ။ စုစုပေါင်းအမှတ်ကို မည်သူမှမသိကြသဖြင့် နောက်ပိုင်းအမှတ်ကို သက်ရောက်မှုမရှိနိုင်ပေ။
ပထမဆုံးဟင်းပွဲစားပြီးနောက် ရှီမာယူယူ၏ ပထမဆုံးဟင်းပွဲလည်း အသင့်ဖြစ်နေပြီ။ ပန်းကန် ၁၂ ချပ်တွင် ခွဲထည့်ပြီးနောက် ဒိုင်လူကြီးများ၏ အမြင်ကို ဂရုမစိုက်ကြသည့်အလား နောက်ဟင်းပွဲကို ဆက်ချက်ကြသည်။
အပြင်မှလူများသည် ဒိုင်လူကြီး ၁၀ ယောက်၏ မျက်နှာကို ကြည့်ထားကြ ပြီး ရှီမာယူယူ၏ ဟင်းအရသာကို မည်သို့ပုံဖော်မည်ကို အကဲခတ်ရန်ကြိုးစား လေသည်။
ရှီအာမို့သည် ကြွေပန်းကန်အဖြူထဲမှ အစားအသောက်များမှာ နှစ်လုတ် စာသာရှိသသည်ကို မြင်လိုက်ရသောအခါ သူမ ချက်ပြုတ်သည်မှာ နည်းလွန်း သည်ဟုထင်မိသည်။သို့သော် အဆင်းအရောင်သည် ရှောင်လင်း၏ ဟင်းထက် ပိုတောက်ပ နေပုံပေါက်သည်။ မည်သို့အရသာရှိသည်ကို သူ သိချင်လာသည်။
သူသည် တူကောက်ကိုင်ကာ မြည်းစမ်းလိုက်သည်။ အရသာမှာ ရှောင်လင်း၏ ဟင်းနှင့်ခပ်ဆင်ဆင်ပင်။ ပိုအရသာရှိသလို ထင်ရသော်လည်း ကွာခြားလှသည်တော့မဟုတ်ပေ။ သို့သော် ဤအသက်အရွယ်နှင့်တော့ ရှားပါး လှသည်။
ပန်းကန်ထဲမှ အနည်းငယ်သာကျန်သော ဟင်းကိုကြည့်ပြီး သူ အနည်း ငယ် စိတ်တိုလာသောကြောင့် ထပ်စားလိုက်သည်။
လူကြီးမင်းက တကယ်ပဲ နောက်တစ်လုတ်စားလိုက်တာလား။ အခုက စားဖိုမှူးရှောင်ရဲ့ ဟင်းကို တစ်လုတ်ပဲစားတာလေ။ ရှီမာယူယူက တကယ်ပဲ အရသာရှိအောင် ချက်လိုက်တာလား။
ပိုအရသာရှိသည့်အာလား တခြားဒိုင်လူကြီး ၉ ယောက်လည်း ဒုတိယ အလုတ်စားကြသည်။ စားပြီးမှပင် အမှတ်မပေးရသေးသည်ကို သတိရသွား သောကြောင့် အမြန်ပင် အမှတ်ပေးကာ လက်ဆင့်ကမ်းပေးလိုက်ကြသည်။
ဟင်းများ တစ်ပွဲပြီးတစ်ပွဲရောက်လာပြီးနောက် ဒိုင်လူကြီးများ ပိုပိုစိတ် လှုပ်ရှားလာသည်ကို အပြင်လူများ မြင်နေရသည်။ သူတို့သည်လည်း ရှီမာယူယူ၏ ဟင်းပွဲများကို သိချင်လာကြသည်။ ဟင်းရည်နှင့် အချိုပွဲရောက် လာချိန်တွင် အစားအသောက်မြည်းစမ်းသူများ၏ မျက်နှာသည် နူးညံ့သွား သည်။
“ဟုတ်ပြီ အခု အမှတ်တွေ အကုန်ပေါင်းလိုက်တော့” ရှီအာမို့ ပြောလိုက် သည်။
ရှီမာယူယူနှင့် ရှောင်လင်းတို့သည် သက်ဆိုင်ရာစားပွဲသို့ လာလိုက်ကြ သည်။ သူတို့နှစ်ယောက်အတွက် ပြင်ထားသော အစားအသောက်များသည် ရှေ့တွင်ရောက်နေပြီဖြစ်သည်။ ထိုလူများ အမှတ်တွက်နေချိန်တွင် တစ်ယောက်နှင့် တစ်ယောက်၏ ဟင်းများကို မြည်းစမ်းကြသည်။
ရှောင်လင်းသည် ပထမတစ်လုတ်စားလိုက်သည်နှင့် သည်တစ်ကြိမ်တွင် သူရှုံးသွားပြီကို သိလိုက်ရသည်။ ရှီမာယူယူ ပြောသည်မှာမှန်သည်။ သူ ပါဝင် ပစ္စည်းများကို ကိုင်တွယ်ပုံသည် ရှီမာယူယူလောက် မကောင်းပေ။ တချို့ဟင်း များသည် အရသာပိုင်းပိုသာကာ သူမလောက်ပင် အရသာမရှိပေ။
နောက်ဆုံးရလဒ်ထွက်မလာသေးပေ။ သူသည် တူချပြီး ပြောလိုက်သည် “ငါ ရှုံးတယ်”
ဒါဘယ်လိုအခြေအနေလဲ။ ရလဒ်တောင် မကြေညာရသေးဘူး သူ လက်လျော့လိုက်တာလား။
“နောက်ဆုံးရလဒ်ထွက်မလာသေးဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။
“အရင်က မင်းပြောတာ မှန်တယ်” ရှောင်လင်း ပြောလိုက်သည် “မင်းရဲ့ နည်းလမ်းအတိုင်းလုပ်လိုက်တဲ့ ဒီပါဝင်ပစ္စည်းတွေက ပိုအရသာရှိတယ်”
တခြားသူများသည် မှင်တက်ကုန်ကြသည်။ သူ ဒီလောက်လွယ်လွယ် လက်လျော့လိုက်တာလား။ အရေးအကြီးဆုံးက စားဖိုမှူးရှောင်က လက်လျော့ လိုက်တာပဲ။
ရှီအာမို့သည် ကိုယ်ရံတော်ဆီမှ ရလဒ်ယူပြီး သူတို့နှစ်ယောက်ကို ကြည့် လေသည် “ရလဒ်ကို ကြေညာချင်သေးလား”
“ကြေညာတာပေါ့ အကုန်လုံးလည်း ဒီလောက်ကြာအောင် စောင့်နေကြ တာ” ရှောင်လင်း ပြောလေသည်။
“ဟုတ်ပြီ” ရှီအာမို့သည် ရလဒ်ကို ကိုယ်ရံတော်အား ပေးလိုက်သည်။ ကိုယ်ရံတော်သည် ရလဒ်ကို ဖတ်ပြလေသည် “ရှီမာယူယူ ၁၀ ပွဲနိုင် ၆ ပွဲရှုံး တယ်.. ရှောင်လင်းက ၆ ပွဲနိုင် ၁၀ ရှုံးတယ်”
၁၀ ပွဲရှုံး ၆ ပွဲနိုင်ဖြစ်နေတာကိုး။
ရှောင်လင်းသည် ရလဒ်ကို မအံ့ဩတော့ပေ။ သူသည် လက်ဝေ့ယမ်းပြီး မိုင်တစ်ရာနတ်သဒ္ဒါမှလူများကို ရှင်းလင်းရန်ပြောပြီး ရှီမာယူယူဆီသို့လာကာ အလေးအနက်အရိုအသေပြုပြီး ပြောလေသည် “ငါရှုံးတာ ဝန်ခံပါတယ်.. မင်းရဲ့ ဟင်းချက်လက်ရာက တကယ်ပဲ ငါ့ထက်သာပါတယ်.. ပြီးတော့ ပါဝင်ပစ္စည်း တွေကိုင်တွယ်ပုံလည်း သာတယ်”
သူ စိတ်ရင်းနှင့် ဝန်ခံလိုက်သောအခါ ရှီမာယူယူပင် အနည်းငယ် ရှက် သွားသည်။
သူမ ပြုံးလိုက်သည် “ရှင်လည်း ကောင်းကောင်းကြီး ကိုင်တွယ်နိုင်ပါ တယ် ဒါပေမဲ့ တိုးတက်ဖို့ တချို့နေရာလည်းတွေရှိတာပါ”
“အရင်က ငါ ချက်သမျှတွေက အရသာရှိတယ်ဆိုပြီး မောက်မာခဲ့တယ် ဒီနေ့ ပြိုင်ပွဲပြီးတော့မှ လိုအပ်တာတွေသိလာရတယ်” ရှောင်လင်း ပြောလေ သည် “ပြီးတော့ ငါ မင်းကိုဆရာတင်ပြီး မင်းနဲ့အတူ ဟင်းချက်ဖို့ကို သင်ချင်ပါ တယ်”
“အာ.. ကျွန်မတို့က ဒီဟင်းတွေလောက်ပဲ ချက်လိုက်တာပါ ဒီလောက် မလိုပါဘူး” ရှီမာယူယူ ငြင်းဆန်လေသည်။
“မင်းက ဒီလိုဟင်းမျိုးကိုတောင် ချက်နိုင်တာ တခြားဟာတွေလည်း ချက် နိုင်မှာပဲ ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးပါ ဆရာ” ရှောင်လင်းသည် တောင်းပန်လေသည်။
***