← Chapters

ဆက်ဆံရေး

Vol. 147 Ch. 2049

ဆက်ဆံရေး

Vol. 147 Ch. 2049

ရှီမာယူယူ သဘောမတူပေ။ သူမသည် တပည့်လက်ခံရန် အစီအစဉ်မရှိ ပေ။

“ကျွန်မက ဒီမှာခဏပဲနေမှာ ရှင့်ကို ဘာမှသင်မပေးနိုင်ဘူး” သူမသည် ခေါင်းခါလိုက်သည်။

“ကိစ္စမရှိပါဘူး အချက်အပြုတ်ကိုသာ သင်နိုင်ရင် မိန်းကလေးနောက်ကို လိုက်မှာပါ”

“ဒါပေမဲ့ ကျွန်မနောက်လိုက်ဖို့က ကျွန်မအဆင်မပြေဘူး”

“ကျွန်တော် ဂရုမစိုက်ပါဘူး.. မိန်းကလေးက ကျွန်တော့်ကိုနိုင်သွားမှ တော့ ကျွန်တော့်ဆရာပါပဲ” ရှောင်လင်းသည် အနည်းငယ် အရှက်မဲ့သည်။

“ရှင့်ကိုနိုင်တဲ့သူမှန်သမျှ ဆရာပါလို့တော့မပြောနဲ့နော်”

“အရင်တုန်းက ကျွန်တော့်ကို ဘယ်သူမှမနိုင်ဖူးဘူး မိန်းကလေးက အရင် ဆုံးပဲ”

ရှီမာယူယူမှာ “…”

“မိန်းကလေးသဘောမတူရင် သူက လက်လျော့မှာမဟုတ်ဘူး” လှေကား မှဆင်းလာပြီးနောက် ရှီအာမို့သည် ဒုတိယအကြိမ်စကားပြောလေသည်။

သူ စကားပြောလာလိမ့်မည်ဟု ရှီမာယူယူ ထင်မထားသဖြင့် တအံ့တဩ လှမ်းကြည့်မိသည်။ ရှီအာမို့သည် စကားရပ်လိုက်ပြီးနောက် ကိုယ်ရံတော်ဆီမှ လက်ဖက်ရည်ယူကာ ခေါင်းငုံ့ပြီး လက်ဖက်ရည်ကို မြည်းစမ်းနေလေသည်။

သူမသည် အကြည့်ကိုပြန်ရုတ်လိုက်သည်။ ရှောင်လင်းသည် သူမကို မျှော်လင့်တကြီးကြည့်နေရာ သူ၏အကြည့်မှာ အစားအသောက်အတွက် ချစ်မြတ်နိုးနေသဖြင့် သူမ မငြင်းဆန်နိုင်တော့ပေ။

“ဒါပေမဲ့ ကျွန်မနောက်ကိုလိုက်ပြီးမှ ဘာမှမသင်ရဘူးဆိုရင် အလဟဿ မဖြစ်ဘူးလား”

“နည်းနည်းလေး သင်ရရင်တောင် ဆရာပါပဲ.. တစ်ရက်ဆရာဖြစ်ရင် တစ်သက်လုံးအဖေ… အင်း အမေပဲ” ရှောင်လင်းသည် ပွင့်လင်းလွန်းသည့်လူ ဖြစ်သည့်ပုံပင်။

“ဟုတ်ပြီလေ ကျွန်မ အချက်အပြုတ်သင်ပေးနိုင်ပါတယ် ဒါပေမဲ့ ဆရာ တပည့်ဆက်ဆံရေးကို မေ့ထားလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည် “ဒီအချိန် အတွင်းမှာ ကျွန်မသိသမျှကို သင်ပေးမယ်.. ရှင် ဘယ်လာက်သင်နိုင်မလဲဆိုတာ တော့ ရှင့်အပိုင်းပဲ ဒါဆိုရင် ကျွန်မကို ဆရာအဖြစ်သတ်မှတ်တယ်လို့ သဘော ထားတာပေါ့”

“ကျေးဇူးတင်ပါတယ် ဆရာ” ရှောင်လင်းသည် ချက်ချင်းပင် ဒူးထောက် ပြီး ကန်တော့လေသည်။

“ဒီကိစ္စက ရှင်းသွားပြီဆိုတော့ ငါလည်းပြန်တော့မယ်” ရှီအာမို့ ပြော လိုက်သည် “ရှောင်လင်း မနက်ဖြန် မင်းဆရာကို ငါ့အိမ်ကိုခေါ်လာခဲ့”

“ဟုတ်ကဲ့ပါ လူကြီးမင်း”

ရှီအာမို့သည် ထွက်မသွားခင် ရှီမာယူယူကို ကြည့်သွားလေသည်။ သူ၏ အကြည့်မှာ အရင်အတိုင်းဖြစ်နေပြီး တစ်ခုခုအား ထိုးဖောက်မြင်နေပုံရကာ သူမ ပုန်းရန်နေရာပင်မရှိပေ။

သူမသည် လည်ချောင်းရှင်းပြီး ပြောလိုက်သည် “အင်း.. ကျွန်မက ဒီမှာ သိပ်မနေဘူးဆိုတော့ ဒီနေ့ပဲရှင့်ကို သင်ပေးပါမယ်”

“ဟုတ်ကဲ့ပါ မီးဖိုဆောင်ကိုသွားကြတာပေါ့” ရှောင်လင်းသည် ပျော်ရွှင်စွာ ပြောလေသည်။

ရှီမာယူယူ၏ အကောင်းဆုံးဟင်းများမှာ ယနေ့ချက်သောဟင်းများ မဟုတ်ပေ။ ယနေ့မှာ ပြိုင်ပွဲအတွက် ရွေးထားရုံသာဖြစ်သည်။ သူမ မီးဖိုဆောင် သို့သွားသောအခါ အထူးဟင်းပွဲများဖြစ်သည့် အသားကင်၊ ဆေးဖက်ဝင် အစား အသောက်၊ စီချွမ်းဟင်း၊ ကန်တုံဟင်းများ အစရှိသဖြင့် လက်စွမ်းပြရာ ရှောင်လင်း၏ မျက်လုံးများသည် မီးတောက်မည့်လုနီးပါးပင်။

တကယ့်ကိုပဲ သူ့ဆရာက အရမ်းကို တော်တာပဲ။

ရှီမာယူယူသည် မစောလှတော့သည်ကို မြင်လိုက်ရသည်။ ဝူလင်းယူနှင့် ဖူရှီတို့သည် သူမကို စောင့်နေရပြီး လုပ်စရာမရှိဖြစ်သည်ကို မြင်သောအခါ ရှောင်လင်းကို ပြောလိုက်သည် “အရင်ဆုံးတော့ ဒါတွေသင်ပေးထားမယ် ကျန်တာကို နောက်တစ်ခါမှသင်ကြတာပေါ့”

ရှောင်လင်းသည် ဟင်းပွဲအသစ်များ သင်ပြီးသည်ကိုပင် ပျော်ရွှင်နေပြီဖြစ် သည်။ ရှီမာယူယူ ထွက်သွားသည်ကိုမြင်သောအခါ လက်ထဲမှ ပါဝင်ပစ္စည်းများ ကို ချပြီး တံခါးထိလိုက်ပို့ကာ နောက်တစ်နေ့တွင် ရှီအာမို့အိမ်တော်သို့သွားရန် ပြောလိုက်သည်။

“ရှီအာမို့က တစ်ခုခုသိနေတယ်လို့ထင်တယ်” အပြန်လမ်းတွင် ရှီမာယူယူ သည် ခံစားမိသမျှကို ပြောပြသည်။

“သူ ဆင်းလာပြီးတော့ တခြားသူတွေအပေါ် အေးစက်ပေမဲ့ မင်း ဟင်းချက်တာကို တစ်ချိန်လုံးကြည့်နေတာ ပြီးတော့ စကားတောင်ပြောလိုက် သေးတယ်” ဖူရှီ ပြောလိုက်သည်။

ဝူလင်းယူသည် ဘာမှမပြောပေ။ သို့သော် သူခံစားမိသည်။

“သူငါ့ကိုကြည့်တဲ့ပုံကိုသိတယ်ထင်တာပဲ.. မဟုတ်ရင် မနက်ဖြန် ငါ ဘာလို့သွားရမှာလဲ.. သူ့အတွက် ဟင်းချက်ပေးဖို့ပဲမဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။

ဝူလင်းယူသည် သူမ၏ လက်ကိုဆုပ်ကိုင်လိုက်သည် “သွားကြည့်ရင် သိမှာပဲလေ”

ရှီမာယူယူသည် သူ့ကိုပြုံးပြလိုက်သည်။

နောက်နေ့မနက်အစောတွင် ရှောင်လင်းသည် တည်းခိုဆောင်သို့ သူမကို လာရှာသည်။ ဇိမ်ခံရထားလုံးသည် တံခါးရှေ့တွင်ရပ်သွားသည်နှင့် ချက်ချင်းပင် မရေမတွက်နိုင်သော မျက်လုံးများကို ဖမ်းစားနိုင်လေသည်။

ရှောင်လင်းသည် ရထားလုံးပေါ်မှဆင်းပြီး တည်းခိုဆောင်သို့ ဝင်သည်နှင့် အော်လေသည် “ဆရာ ကျွန်တော်လာကြိုပြီ အသင့်ဖြစ်ပြီလား”

ရှီမာယူယူ၊ ဝူလင်းယူနှင့် ဖူရှီတို့သည် ခြံဝန်းအနောက်မှထွက်လာကြ သည်။ ရှောင်လင်းသည် သူမကိုမြင်သည်နှင့် ချက်ချင်းပင် နှုတ်ဆက်လေသည် “ဆရာ အသင့်ဖြစ်ပြီလား”

“ဖြစ်ပြီ သွားလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို သွားကြရအောင်”

ရှောင်လင်းသည် သူတို့ကို ရထားလုံးဆီသို့ခေါ်သွားလေသည်။ လမ်းတွင် မနေ့ညက သူမ သင်ပေးခဲ့သည့်ဟင်းများသည် မည်မျှအရသာရှိကြောင်း စပြော ကာ သူမအတွက်ပါ ယူလာကြောင်းပြောလေသည်။

ရှီမာယူယူသည် သူပြောသည့်စကားများနားထောင်ပြီးနောက် သူ ချက်ပြုတ်လာသည့် ဟင်းပွဲများကို မြည်းစမ်းပြီးနောက် လုပ်ငန်းစဉ်ကို အတိုချုပ် ထောက်ပြလေသည်။ သူတို့နှစ်ယောက်သည် ရှီအာမို့၏ အိမ်တော် ရောက်သည်အထိ တစ်လမ်းလုံးစကားပြောလာကြသည်။

တံခါးမှအစောင့်သည် ရှောင်လင်း၏ ရထားလုံးကိုမြင်သည်နှင့် နှုတ်ဆက် လေသည်။

“သခင်လေးရှောင်”

“လူကြီးမင်းရော” ရှောင်လင်းသည် ရထားလုံးမှဆင်းကာ ရှီမာယူယူကို ဆင်းရန်ကူညီရန်သွားလိုက်သော်လည်း ဝူလင်းယူ သူမကို ကူညီပေးနေသည် ကို မြင်လိုက်ရသည်။

“အနောက်ဘက်ဥယျာဉ်မှာ လက်ဖက်ရည်သောက်နေပါတယ်” အစောင့် မှ ပြောလေသည်။

“ထပ်ပြီးအနောက်ဘက် ဥယျာဉ်မှာပဲလား” ရှောင်လင်း သက်ပြင်းချလေ သည် “သွားတော့ ငါတို့ဘာသာပဲသွားလိုက်တော့မယ်”

“ဟုတ်ကဲ့ပါ သခင်လေးရှောင်”

ရှီမာယူယူသည် ရှီအာမို့၏အိမ်တော်ထဲသို့ ရှောင်လင်းနောက်လိုက်သွား လေသည်။ သူလမ်းများနှင့် ရင်းနှီးနေသည်ကို ကြည့်ပြီး သူမ မေးလိုက်သည် “လူကြီးမင်းနဲ့ ရှင်က ရင်းနှီးတာလား”

“ဟုတ်တယ် သူက ကျွန်တော့်ဦးလေးလေ” ရှောင်လင်း ပြောလေသည် “ဒါပေမဲ့ ဘယ်သူမှမသိဘူး.. ဆရာက ကျွန်တော့်ဆရာဆိုတော့ ပြောပြတာ ဒါပေမဲ့ ဘယ်သူ့ကိုမှမပြောပါနဲ့”

“ရှီအာမို့က မင်းရဲ့ဦးလေးဖြစ်နေတာကိုး” ရှီမာယူယူနှင့် ဖူရှီတို့သည် အံ့ဩလွန်းသဖြင့် ‘လူကြီးမင်း’ ဆိုသည့်စကားကိုပင် ထည့်ပြောရန်မေ့ကာ အော်မိကြလေသည်။

“အဟမ်း ဒီသတင်းက တကယ်ကိုပဲ လက်မခံနိုင်စရာပဲနော်” ရှောင်လင်း သည် သူ့နောက်စေ့ကိုထိပြီး အားနာစွာဖြင့် ပြောလေသည် “ဒါပေမဲ့ ဦးလေးကို တော့ အဲလိုမခေါ်ပါနဲ့”

“အိုး” ဖူရှီ ခေါင်းညိတ်လေသည် “မင်းက ရှီအာမို့.. လူကြီးမင်းရဲ့ တူဖြစ် နေတာကိုး.. အဲဒါအံ့ဩဖို့ကောင်းနေတာ”

“အမေနဲ့ တခြားသူတွေက အတွေ့အကြုံရအောင်လို့ ဒီကိုလွှတ်လိုက်တာ ဒါပေမဲ့ ကျွန်တော်က ချက်ပြုတ်ရတာကိုကြိုက်လို့ ဒီမှာစားသောက်ဆိုင်ဖွင့် လိုက်တာရယ်” ရှောင်လင်း ပြောလေသည် “ဦးလေး ကျွန်တော့်ကိုရှာချင်ရင် မိုင်တစ်ရာနတ်သုဒ္ဒါဆိုင်ကိုလာတာပဲ.. တကယ်တော့ ဦးလေးက သတင်းထွက် နေသလို အစားအသောက်ကြိုက်တာမဟုတ်ဘူး ကျွန်တော့်ကိုလာတွေ့တာပဲ.. အဲဒါနဲ့ အဲလိုသတင်းထွက်ကုန်တာ”

“အဲလိုကိုး.. အဲဒါကြောင့် မနေ့က သူ့ကိုတွေ့တော့ နည်းနည်းထူးဆန်း သလို ခံစားနေရတာ” သူမ၏ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုကို ရှီမာယူယူ ကိုယ် တိုင်ပဲ နားလည်သည်။

“ဆရာ့လိုမျိုး အစားအသောက်ကြိုက်တဲ့လူကို ဖုံးကွယ်လို့မရဘူးဆိုတာ သိတယ်.. ဆရာက ကြည့်လိုက်တာနဲ့ ဧည့်သည်ရဲ့ အကြိုက်ကိုသိတယ်” ရှောင်လင်းသည် မအံ့ဩပေ။

“ရှင့်ဦးလေးက စကားပြောရတာလွယ်လား” ရှီမာယူယူ မေးလိုက်သည်။

“ဘယ်လိုပြောရမလဲ အခြေအနေပေါ်မူတည်တာပေါ့.. သူ ခံစားချက် ကောင်းနေရင် စကားပြောရတာကောင်းတယ်” ရှောင်လင်း ပြောလေသည် “ဒါပေမဲ့ ဒီနေ့က အနောက်ဥယျာဉ်မှာရှိနေတာဆိုတော့ ခံစားချက်မကောင်း ဘူးထင်တယ်”

“ဘာလို့လဲ”

“မသိဘူးလေ ဘာပဲဖြစ်ဖြစ် အနောက်ဥယျာဉ်ကို သွားတဲ့အချိန်တိုင်း စိတ်မကြည်လို့ပဲ” ရှောင်လင်း ပြောပြလေသည် “အနောက်ဥယျာဉ်က နောက်ပိုင်းမှ ဆောက်ထားတာ တည်ဆောက်ပုံကတခြားနေရာတွေနဲ့ မတူဘူး ဦးလေးက တစ်ခါတလေအဲဒီကိုသွားတတ်တယ် ဒီနေ့ ဘာလို့တွေ့ချင်တာလဲ တော့မသိဘူး”

သူသည် မနေ့က ပြောခဲ့သည်။ အပြင်လူများအမြင်အရတော့ သူ့အတွက် ဟင်းလျာများ ချက်ပေးမည်ဟုထင်ထားလိမ့်မည်။ သို့သော် သူသည် ရှီမာယူယူ ကို တွေ့ချင်သောကြောင့်ဖြစ်သည်ကို ရှောင်လင်းသိသည်။

သူတို့သည် အနောက်ဥယျာဉ်ကိုသွားလိုက်ရာ ကျောင်ဆောင်များပေါ် တွင်ဆောက်ထားသည့် အဆောင်ငယ်ထဲတွင် တစ်ယောက်တည်း လက်ဖက် ရည်သောက်နေသည့် ရှီအာမို့ကို တွေ့ရလေသည်။

ရှီအာမို့သည် သူတို့လာသည်ကိုမြင်သည်။ ကြည့်လိုက်သည်နှင့် အလယ် တွင်လျှောက်လာသော သူမကို မြင်ရသည်။

“ဦးလေး” ရှောင်လင်းသည် ရိုကျိုးစွာ အရိုအသေပြုလေသည်။

“လူကြီးမင်းကို တွေ့ဆုံပါတယ်” ရှီမာယူယူတို့သုံးယောက်လည်း အရိုအသေပြုလိုက်သည်။

ရှီအာမို့သည် သူမအားကြည့်ပြီး သဲ့သဲ့ပြောလေသည် “စကားပြောကြတာ ပေါ့ မင်းရည်ရွယ်ချက်ကဘာလဲ”

***

All Chapters