တောင်းဆိုချက်
Vol. 147 Ch. 2050
သူတကယ်သိနေတာပဲ။ ရှီမာယူယူ စိတ်ထဲမှပြောမိသည်။
“ဦးလေး ဘာတွေပြောနေတာလဲ” ရှောင်လင်းသည် ရှီအာမို့ကို မသိမသာ ကြည့်မိသည်။
“မင်းက တုံးလိုက်တာ ဒါကြောင့် မသိတာပဲ” ရှီအာမို့သည် အေးစက်စွာ ပြောလေသည် “သူမက မနေ့က ရည်ရွယ်ချက်မရှိဘဲ မင်းကိုလာရှာပါ့မလား”
“သူမက ကျွန်တော်ချက်တဲ့ ဟင်းလျာတွေစားပြီး အရသာမရှိဘူးလို့ထင် တာကြောင့်လား” ရှောင်လင်းသည် သံသယဖြင့်မေးလေသည်။
“သူမကို မေးလိုက်” ရှီအာမို့ ပြောလေသည်။
ပေါ်သွားသဖြင့် ရှီမာယူယူသည် ငြင်းမနေတော့ဘဲ တောင်းပန်စွာဖြင့် ပြောရတော့သည် “တကယ်တော့ ရှင့်ကိုပြဿနာရှာပြီး လူကြီးမင်းရှီအာရဲ့ အာရုံစိုက်တာကိုရချင်တာ”
“ပြီးတော့ရော” ရှောင်လင်း မေးလေသည်။
“ဟင် ပြီးတော့ ဘာဖြစ်ရမှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“သူအာရုံစိုက်တာခံရပြီဆို ဘာဖြစ်မှာလဲ မင်း ငါ့ကိုချက်ပြုတ်တာ သင် ပေးမှာပဲမလား”
“ကျွန်မ ရှင့်ကို တကယ့်စိတ်ရင်းနဲ့ သင်ပေးမှာပါ” ရှီမာယူယူ ပြောလိုက် သည်။
သူသာ သဘောမတူခဲ့လျှင် အဆင်ပြေသည်။ သို့သော် သူ သဘောတူ လိုက်သည်နှင့် သူမ၏ တပည့်အဖြစ် နေခဲ့သည်။
“ဒါဆို ဘာမှမဖြစ်ဘူးလေ” ရှောင်လင်း ပြောလေသည် “မင်းက ငါ့ဆရာ ဖြစ်နေတုန်းပဲ”
“ဒါပဲလား”
“ဒါပဲလေ”
“မင်းဒေါသမထွက်ဘူးလား”
“ဘာလို့ ဒေါသထွက်ရမှာလဲ အစကတည်းက ဆရာမှန်တယ်.. ကျွန်တော် က ပါဝင်ပစ္စည်းတွေ သေချာမပြင်ခဲ့လို့ တာဝန်မဲ့သလိုဖြစ်သွားတယ်” ရှောင်လင်း ပြောလေသည် “ပြီးတော့ ကျွန်တော့်ကို အလေးအနက်ထားပြီး သင်ပေးခဲ့တယ် မနေ့ညက ကျွန်တော် အများကြီး သင်လိုက်ရတယ်.. အဲဒါ ကြောင့် ဆရာ့ရဲ့ မူလရည်ရွယ်ချက်က ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး”
ရှီမာယူယူနှင့် ဖူရှီတို့သည် သူ့ကို မျက်လုံးပြူးများဖြင့် ကြည့်မိသည်။ သူတို့ ဘာပြောနိုင်ဦးမှာလဲ။ သူ့စိတ်ထားကပဲ အရမ်းကောင်းနေတာလား။
“တကယ်တော့ မူလရည်ရွယ်ချက်ကြောင့်ပဲ ကျေးဇူးတောင်တင်ရဦးမယ် မဟုတ်ရင် မင်းလိုဆရာမျိုးတွေ့ရမှာမဟုတ်ဘူး” ရှောင်လင်း ပြုံးပြီး ပြောလေ သည် “ဦးလေး ဒီကိစ္စအတွက် ဆရာ့ကို အပြစ်မတင်ပါနဲ့”
“ငါလည်း ပြောဖို့အစီအစဉ်မရှိပါဘူး မဟုတ်ရင် မနေ့ကတည်းက သူမက မင်းရဲ့ဆရာဖြစ်လာမှာတောင်မဟုတ်ဘူး” ရှီအာမို့ ပြောလေသည်။
“ဒါဆို ဘာလို့ ခြောက်နေတာလဲ ဦးလေး ဆရာနဲ့ ကျွန်တော်တောင် လန့်သွားတယ်” ရှောင်လင်းသည် အလွန်ပင် ကာစီးပေးနေသည်။
“ရှောင်လင်း မင်း သူမကိုသိတာ ဘယ်လောက်ကြာသေးလို့ ဒီလောက် တောင် ကာကွယ်ပေးနေတာလဲ” ရှီအာမို့၏ မျက်နှာမှာ ဖောင်းလာြပီး ကြည့်ရ သည်မှာ ကြောက်စရာပင်ကောင်းနေသည်။
“သူမက ကျွန်တော့်ဆရာလေ သေချာပေါက် ကာကွယ်ရမှာပေါ့” ရှောင်လင်းသည် ထရပ်ပြီး ကာကွယ်လေသည်။
“ကောင်းရော” ရှီအာမို့၏ အသံမှာ ပေါ့ပါးနေရာ ဒေါသထွက်သည် မထွက်သည်မှာ မသိသာပေ။ သူသည် ရှီမာယူယူကို ကြည့်ပြီးပြောလေသည် “အခု မင်းရဲ့ရည်ရွယ်ချက်ကို ပြောလို့ရပြီ.. ဘာလို့ ငါအာရုံစိုက်တာလိုချင်တာ လဲ.. မင်းကို ဘယ်သူလွှတ်လိုက်တာလဲ ရည်ရွယ်ချက်ကဘာလဲ”
“ကျွန်မကို ဘယ်သူကမှမလွှတ်ဘူး ကျွန်မဘာသာလူကြီးမင်းကို လာရှာ တာပါ” ရှီမာယူယူ ပြောလိုက်သည်။
“အိုး တစ္ဆေလောကရဲ့ မင်းသမီးလေးက ကိုယ်တိုင်လာရှာရအောင် ဘာကိစ္စဘာလိမ့်”
တစ်ညတည်းနှင့် သူသည် သူမ၏သရုပ်မှန်ကို သိနေလေပြီဖြစ်သည်။
“တကယ်တော့ ကျွန်မက အကူအညီလာတောင်းတာပါ” ရှီမာယူယူ ပြော လေသည် “ကျွန်မရဲ့လူတွေက ရှင်တို့လူတွေဖမ်းတာခံထားရတယ်… လူကြီး မင်းက သဘောထားကြီးကြီးနဲ့ သူတို့ကိုလွှတ်ပေးနိုင်မလားလို့ပါ”
“ဘယ်တုန်းကဖြစ်တာလဲ ဦးလေး ဘယ်သူ့ကိုမှမဖမ်းတာ ကြာနေပြီလို့ မှတ်မိနေပါတယ်” ရှောင်လင်း မေးလေသည်။
“လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကပါ”
“ငါ သိသလောက်ဆိုရင် မင်းတစ္ဆေလောကကိုရာက်တာ နှစ် ၅၀ မပြည့် သေးပါဘူး.. အဲဒါကို မင်းရဲ့တပ်သားတွေက အဖမ်းခံရတာ ဘယ်လိုလုပ် အနှစ် ၁၀၀ ရှိသွားတာလဲ”
“သူတို့က ကျွန်မရဲ့တပ်သားမဟုတ်ပါဘူး အတိအကျပြောရရင် ကျွန်မ အမေရဲ့လူတွေပါ.. အခု အမေမရှိတော့ သူမရဲ့လူတွေကို ကျွန်မကပဲ တာဝန်ယူ ရမှာပါ” ရှီမာယူယူသည် ဘာကိုမှမဖုံးကွယ်ပေ။ ရှီအာမို့ကဲ့သို့ လူမျိုးကိုဖုံးကွယ် နေလျှင်လည်း အသုံးမဝင်ပေ။ အရာအားလုံးကို ရိုးသားစွာရှင်းပြလိုက်သည်က ပိုကောင်းသည်။
“မင်းအမေရဲ့လူတွေ…” ရှီအာမို့၏ ခန္ဓာကိုယ်မှ လေအေးများသည် များစွာကျဆင်းသွားသည် “သူတို့နာမည်ကဘာလဲ အခုဘယ်မှာလဲ.. အခု လောက်ဆို သတင်းတော့ရထားမှာပေါ့”
“သိပါတယ် သူတို့က…” ရှီမာယူယူသည် လန်ဖန်းတို့သတင်းကို ပြောပြ လိုက်သည်။ ရှီအာမို့ အမိန့်မပေးရခင်မှာပင် သူ၏တပ်သားများသည် ထိုကိစ္စကို ဖြေရှင်းရန် ထွက်သွားပြီဖြစ်သည်။
“ဆရာ အဲဒါကြောင့် ဦးလေးကိုလာရှာတာပဲ” ရှောင်လင်း ပြောလေသည် “စောစောကတည်းက ပြောတာမဟုတ်ဘူး ကျွန်တော်သွားခေါ်ပေးမှာပေါ့”
“လူကြီးမင်းရှီအာက ဒီလောက်လက်လွယ်မှန်းမသိဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “တခြားအဖွဲ့တွေလည်း ပါနေတော့ တိုက်ခိုက်ရမယ်လို့ တောင် ထင်ထားတာ”
“အဲဒါဘာအဓိပ္ပာယ်လဲ” ရှောင်လင်းမေးလေသည်။
“သတ္တုတွင်းထဲဝင်ပြီးလူကယ်ချင်ရင် လူကြီးမင်းနဲ့ တိုက်ခိုက်ရနိုင်တယ် လို့ သတင်းရထားတာ ပြီးတော့ ကိုယ်တိုင်တိုက်ခိုက်ပြီး ကျွန်မကိုသတ်ပစ်နိုင် တယ်တဲ့” ရှီမာယူယူ ပြောလိုက်သည်။
“သူက ငါ့ကိုတောင် လုပ်ကြံလိုက်သေးတယ် အတင့်ရဲလိုက်တာ” ရှီအာမို့ နှာမှုတ်လေသည်။
“ဘယ်သူမို့လို့ အဲလောက်ဆိုးတာပဲ” ရှောင်လင်းအော်လေသည် “ပြောပြ ဦး ဆရာ သူ့ကိုသွားဖျက်ဆီးပစ်လိုက်မယ်”
“သူတို့တွေက ကိုင်တွယ်ဖို့မလွယ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ရှင့်ရဲ့ အားက မကောင်းဘူးလို့ပြောတာမဟုတ်ဘူး.. ဒါပေမဲ့ ရှင်က အသူရာငရဲ မှာရှိနေပြီးတော့ သူက တစ္ဆေကြင်ယာတော်ရဲ့ အမိန့်ကိုနာခံတဲ့ သူမရဲ့ ဘက်တော်သားပဲ ရှင်တို့ဝင်ပါလိုက်တာနဲ့ နယ်မြေနှစ်ခုကြားကကိစ္စဖြစ်သွားပြီ”
“သူတို့က ဦးလေးကို ကြံစည်နေတာလေ အဲဒါကိုလျစ်လျူရှုလို့မရဘူး ဟုတ်တဘ်မလား ဦးလေး” ရှောင်လင်းသည် ခွင့်ပြုချက်လိုချင်နေသည်။ သို့သော် ရှီအာမို့ သူ့ကိုပြန်ကြည့်သည်ကို မြင်သည်နှင့် မတတ်သာတော့ဘဲ နောက်ဆုတ်လိုက်ရသည်။
ရှီအာမို့သည် တူဖြစ်သူကိုကြည့်ပြီး အကူအညီမဲ့သလိုခံစားရသည်။ ကလေးများသည် ကြီးပြင်းလာသည်နှင့် သူတို့ကိုဆန့်ကျင်တတ်သည်။ သို့သော် သူ၏တူဖြစ်သူမှာ ကြီးလာသည်နှင့် သူ့ကိုချောက်ထဲချနေသည်။ သူ သည် ယခုလိုကိစ္စကို သည်းမခံနိုင်သော်လည်း ရှောင်လင်းသည် ရှီမာယူယူ၏ ဒေါသပြေစေရန် ကူညီပေးချင်နေပြီး သူ့ကို မြင့်မြတ်သလိုပြောဆိုနေသည်။
“လန်ဖန်းတို့ကို လွှတ်ပေးတာနဲ့တင် ယူယူက ကျေးဇူးအရမ်းတင်နေပါပြီ” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက ကျွန်မကို အကွက်ဆင်ချင်နေတာပါ အဲဒါကြောင့် ကျွန်မလည်း သူတို့ကို အလွတ်မပေးပါဘူး”
“တကယ်ပဲ အကူအညီမလိုဘူးလား”
“လူကြီးမင်း ဒုက္ခခံပေးဖို့မလိုပါဘူး” ရှီမာယူယူ ပြုံးလိုက်သည် “ဒါပေမဲ့ လူကြီးမင်း တစ်ခုခုလုပ်ချင်ရင်တော့ ယူယူက မတားနိုင်ပါဘူး”
လန်ဟဲ့သည် ရှီအာမို့ကို သူ၏အစီအစဉ်ထဲသို့ ဆွဲသွင်းခဲ့သည်။ သူသာ သူ့ကို တစ်ခုခုလုပ်ချင်လျှင် သူမနှင့် ဘာမှမဆိုင်ပေ။
သူမသည် သူ၏အကူအညီကိုတော့ လက်မခံချင်ပေ။
ရှီအာမို့ ခေါင်းညိတ်လိုက်သည်။ သို့သော် ထိုကိစ္စကိုတော့ ဆက်မပြော ပေ။
“မင်းက လက်ဖက်ရည် ကောင်းကောင်းနှပ်တတ်တယ်လို့ကြားတယ်.. ဒီနေ့ မင်းရဲ့လက်ဖက်ရည်ကို မြည်းစမ်းလို့ရမလားလို့ သိချင်ပါတယ်”
“လူကြီးမင်းက ကျေးဇူးတင်ရလောက်တဲ့ ကိစ္စလုပ်ပေးထားတာပဲ သေချာပေါက် ဒီတောင်းဆိုချက်ကို မငြင်းနိုင်ပါဘူး” ယူယူသည် ကျောက်ဆောင်ပေါ်မှ လျှောက်သွားပြီးအားလုံးအတွက် လက်ဖက်ရည်တစ်အိုး နှပ်ပေးလိုက်သည်။ ရှောင်လင်းသည် သူမ၏ လက်ဖက်ရည်နှပ်နည်းမှာ လက်ရာကောင်းလှပြီး လက်ဖက်ရည်မှာလည်း အရသာရှိသည်ကို သိလိုက် ရသည်။ ထို့ကြောင့် တစ်ခါတည်း သူမဆီမှလက်ဖက်ရည်နှပ်နည်းကို သင်ချင်မိ သည်။
သူတို့လက်ဖက်ရည် သောက်နေချိန်တွင် လန်ဖန်းနှင့် တခြား ၆ ယောက် တို့ လျှောက်လာသည်။ သူတို့သည် ရှီမာယူယူကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ဖြင့် ဒူးထောက်ကာ ပြောလေသည် “မင်းသမီး အဆင်ပြေရဲ့လား”
သူတို့ ယွိခဲ့လော့ကို နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သလို နှစ်ယောက်လုံးမှာ ရုပ်တူလွန်းသဖြင့် သူမ၏ မိခင်နှင့် အထင်မှားနေ ခြင်းဖြစ်သည်။
သူတို့သည် အဝတ်အစားအသစ်များ ဝတ်ဆင်ထားကာ မုတ်ဆိတ်များပင် သပ်ရပ်စွာ ရိတ်ထားပြီဖြစ်သည်။ သို့သော် သူတို့၏ ချောင်ကျနေသော ပါးပြင် နှင့် ခန္ဓာကိုယ်များသည် နှစ်ပေါင်းများစွာ မည်သို့ဖြတ်သန်းလာခဲ့သည်ကို ပြသ နေသည်။
“ကျွန်မကအမေမဟုတ်ပါဘူး ကျွန်မက ရှီမာယူယူပါ.. အမေ့ရဲ့သမီးပါ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသမီးလေးလား”
လူသားလောကတွင် ယွိခဲ့လော့၏သမီးရှိသည်ကို သူတို့သိကြသည်။ သို့သော် နန်းတော်မှထွက်လာပြီးနောက် သူမကိုတွေ့ရလိမ့်မည်ဟု ထင်မထား ပေ။
“မင်းတို့ သိချင်တာတွေများနေမှန်း သိပါတယ်.. ပြန်ရောက်ရင် အသေးစိတ် အကုန်ပြောပြပါမယ်..” ရှီမာယူယူသည် ရှီအာမို့ကိုကြည့်ပြီးပြော လိုက်သည် “အခု သူတို့ကိုခေါ်သွားလို့ရပြီလား”
***