← Chapters

ပူးပေါင်းကြံစည်မှု

Vol. 147 Ch. 2051

ပူးပေါင်းကြံစည်မှု

Vol. 147 Ch. 2051

တချို့သောအကြောင်းအရင်းများကြောင့် ရှီအာမို့သည် လူကြီးမင်း တစ်ယောက်ကဲ့သို့ဖြစ်မနေဘဲ သိမ်မွေ့နေသည်ဟု သူမ ခံစားရသည်။

လန်ဖန်းနှင့်တခြားသူများ၏ အခြေအနေသည် ဆိုးနေပုံရသဖြင့် သူတို့ကို အမြန်ခေါ်သွားပြီး စစ်ဆေးကြည့်ချင်မိသည်။ သို့သော် ရှီအာမို့သည် အလွန်ပင် စကားများနေရာ သူမကို မယုံသလိုဖြစ်စေသည်။

“ဒါပေါ့” ရှီအာမို့ ခေါင်းညိတ်လေသည် “ဒါပေမဲ့ မင်းကို တောင်းဆိုစရာ ရှိတယ်.. မင်းကိစ္စတွေ လုပ်ပြီးတာနဲ့ ပြန်လာခဲ့ပါ”

သူ တောင်းဆိုမည့်အရာကို ရှီမာယူယူမသိသော်လည်း ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ရှောင်လင်းသည် သူမနှင့်အတူ ထွက်လာရန်ဟန်ပြင်သည်။ သို့သော် ရှီအာမို့သည် သူ့ကိုတားထားသည်။

ရှီမာယူယူသည် သူမ၏ အဖွဲ့ကိုခေါ်လာပြီး တည်းခိုဆောင်သို့ ရောက် သည်နှင့် စစ်ဆေးကြည့်လေသည်။

“မင်းသမီးလေး ကျွန်တော်တို့ ဒီကိုရောက်နေတယ်ဆိုတာ ဘယ်လိုသိ တာလဲ” သူမ သူတို့အပေါ် ကြင်နာနေသည်ကိုမြင်သောအခါ လန်ဖန်းသည် မမေးဘဲမနေနိုင်တော့ပေ။

“ငါတို့တွေ နှစ်တွေအများကြီး စုံစမ်းနေခဲ့တာ ဒါပေမဲ့ တကယ်တော့ မင်းတို့ရှိနေတဲ့နေရာကို တခြားတစ်ယောက် ပြောပြခဲ့တာ” ရှီမာယူယူသည် သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ရှင်းပြလိုက်သည်။

လန်ဖန်းသည် လန်ဟဲ့၏ ကြံစည်ထားသော အစီအစဉ်ကိုမသိထားသဖြင့် ထပ်မမေးတော့ပေ။ ထိုအစား ခံစားချက်ပါပါဖြင့် ပြောလေသည် “ကျွန်တော် တို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. မင်းသမီးရှိတဲ့နေရာကို ကျွန်တော်တို့ ရှာမတွေ့သေးတာတော့ နှမြောဖို့ကောင်းတယ်”

“အခုတော့ အမေရှိတဲ့နေရာကိုစိတ်ပူဖို့မလိုဘူး.. သူမ ဘယ်မှာလဲဆိုတာ ငါသိတယ်.. အခုမင်းတို့လုပ်မှာက ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက် ကြ.. ပြီးခဲ့တဲ့ နှစ် ၁၀၀ လုံးလုံး မင်းတို့တွေ အများကြီးခံစားခဲ့ရတော့ ကျင့်စဉ် တွေကိုလည်း သွားသက်ရောက်လိမ့်မယ်.. သေချာ မကုသရင် နောက်ဆို အဆင့်မတက်နိုင်မှာစိုးရတယ်.. လန်ယွင်တို့က မင်းတို့ပြန်လာတာကို စောင့် နေကြတယ်”

“သူတို့တွေ နန်းတော်မှာ အဆင်ပြေကြရဲ့လား”

“မင်းထက်တော့ ပြေတယ်… ပြန်တွေ့မှ စကားပြောကြပေါ့ အခုတော့ မင်းတို့အတွက် ဆေးသွားချက်ပေးမယ်.. တစ်ခုခုဆိုရင် ဖူရှီကိုပြောလိုက်ပါ”

ဝူလင်းယူနှင့် သူမသည် သူတို့၏ခန္ဓာကိုယ်ကို ကုသရန်ဆေးများ သွား ပြင်ဆင်သည်။ ဖူရှီသည် နေခဲ့ကာ မေးခွန်းများပြန်ဖြေနေပြီး သူတို့၏ အခြေအနေကိုလည်း မေးမြန်းနေသည်။ သူမ ပြန်ရောက်လာသည်နှင့် နှစ်ဦး နှစ်ဖက်မှာအတော်အသင့် နားလည်နေပြီဖြစ်သည်။

လန်ဖန်းတို့၏ အခြေအနေမှာ အလွန်ရိုးရှင်းသည်။ ယွိခဲ့လော့ အသူရာ ငရဲတွင်ရှိနေသည်ကို သိသည်နှင့် သူတို့သည် ဤနေရာသို့ရောက်လာပြီး ရှီအာမို့၏လူများ ဖမ်းခြင်းကိုခံလိုက်ရသည်။

သူတို့ကို ရှာရာတွင် ရှီမာယူယူတို့ အားထုတ်ခဲ့ပုံကို သိရသောအခါ အလွန် ပင် စိတ်လှုပ်ရှားမိသည်။ လန်ဟဲ့နှင့် တစ္ဆေကြင်ယာတော်တို့ သူမအပေါ်လုပ် ခဲ့သည်များကို သိပြီးနောက် သူတို့၏လက်ရှိဆက်ဆံရေးကိုထောက်ပြီး ရှေ့လျှောက် သူမကို တတ်နိုင်သမျှကူညီမည်ဟု သစ္စာပြုကြလေသည်။

ဒိကျို့ကျို့တို့ သတင်းကြားသည်နှင့် အမြန်ပြေးလာသည်။ သူသည် မြင် နေရသမျှကို မယုံနိုင်သေးပေ။ သူသည် ရှီမာယူယူကို တစ်ဖက်သို့ဆွဲကာ တိုး ညင်းစွာမေးလေသည်။ “မင်းသမီးလေး သူတို့က တကယ်ပဲ လန်ဖန်းတို့လား”

ရှီမာယူယူသည် သူ၏တုံ့ပြန်ချက်ကို ရယ်မောလေသည် “သူတို့ ဘယ်လိုပုံရှိလဲဆိုတာ မင်းသိသင့်တယ်မဟုတ်ဘူးလား”

“ဒါပေမဲ့ ရုပ်ပြောင်းထားတာတို့ ဘာတို့ဖြစ်နေရင် လုပ်လို့ရတာပဲ.. တခြားသူတွေက သူတို့လိုဟန်ဆောင်ထားရင် ဘယ်လိုလုပ်မလဲ” ဒိကျို့ကျို့ သည် စိုးရိမ်တကြီးပြောလေသည်။

“သူတို့က သူတို့ပါပဲ စိတ်ချပါ” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား”

“လန်ဖန်းနဲ့ လန်ယွင်တို့ကြားမှာ လျှို့ဝှက်သင်္ကေတရှိတယ် ငါ အဲဒီ သင်္ကေကိုစမ်းကြည့်ပြီးပြီ” ရှီမာယူယူသည် သူ့ကို သေချာစွာကြည့်လေသည်။

သူမ၏ စကားများကိုကြားမှပင် ဒိကျို့ကျို့သည် စိတ်ချသွားတော့သည်။ သို့သော် တစ်ခဏအတွင်း၌ပင် သူ စိတ်ပူလာပြန်သည် “မင်းသမီးလေး သူတို့ ကအလွယ်တကူပေးလိုက်တာလား.. ကြံစည်တာတွေဘာတွေ ရှိနေမလား”

ရှီမာယူယူ၏ အကူအညီမဲ့နေသော မျက်လုံးများကိုမြင်သောအခါ သူလည်း အကူအညီမဲ့စွာခံစားရသည်။ သူလည်း ဤကိစ္စများကို စိတ်မပူချင် ပေ။ သို့သော် ကိစ္စတစ်ခုလုံးမှာ ထူးခြားဆန်းကြယ်နေသည်။

ရှီအာမို့က ဘာလို့ လူတွေကို ဒီလိုပေးရတာလဲ။ အရမ်းလွယ်နေရင် သူတို့ လည်း ဒီလောက်အများကြီး လုပ်စရာမလိုဘူးလေ။ သူက ဘာတွေးလဲဆိုတာ ဂရုစိုက်ခဲ့တာမဟုတ်ဘူး။ ဒီကိစ္စက အေးချမ်းမယ့်ကိစ္စမဖြစ်နိုင်ဘူးလို့ ခံစားရ တယ်။ အဲဒါကြောင့် ဒီလိုတွေးမိတာပဲ။

“မင်း အတွေးလွန်တာ ဒိလျိုထက်ဆိုးနေပြီထင်တယ်” ရှီမာယူယူသည် မျက်လုံးလှိမ့်ပြလိုက်သည် “ရှောင်လင်းက ဒီကိစ္စမှာ ငါ့ကိုကူညီပေးသွားတယ် ရှီအာမို့နဲ့ သူတို့ဘယ်လို ပတ်သကလဲသိလား.. သူက သူ့ဆရာကို ကောင်း ကောင်းဆက်ဆံတာပဲ.. ငါ့အတွက် စကားပြောပေးပြီး ဖြေရှင်းလိုက်တာ”

သူမသည် ရှောင်လင်း၏ ဆရာဖြစ်နေသည့်အတွက် ရှီအာမို့သည် သူမ၏ လူများကိုလိုလိုလားလား လွှတ်ပေးလိုက်သည်မှာ အမှန်ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးကိုတော့ လျှို့ဝှက်ပေးလိုက်သည်က ကောင်းမည်။

အန္တရာယ်မရှိနိုင်တော့သဖြင့် ဒိကျို့ကျို့သည် နောက်ဆုံးမှပင် စိတ်အေး သွားသည်။

“လန်ဖန်းနဲ့ တခြားသူတွေက ကျန်းမာရေးမကောင်းကြဘူး သူတို့ ပြန် ကောင်းဖို့အတွက် စောင့်ရှောက်ပေးရဦးမယ်.. ရှောင်လင်းကိုလည်း ချက်ပြုတ် တာသင်ပေးရမယ် အဲဒါကြောင့် ဒီမှာရက်နည်းနည်းလောက် နေရမယ်.. မင်း အခုပြန်မှာလား ဒါမဟုတ်ရင် ငါတို့ကိုစောင့်ပြီးမှ အတူပြန်မလား”

“ကျွန်တော်တို့ မင်းသမီးလေးကို ကာကွယ်ရမယ် ပြီးမှ အတူပြန်ကြတာ ပေါ့” ဒိကျို့ကျို့သည် အခိုင်အမာပင်ပြောလေသည်။ သူတို့၏ သခင်မှာ ဘာမှမပြောထားသော်လည်း ထိုအရာကိုသာ မျှော်လင့်နေလိမ့်မည်။

“ဟုတ်ပြီ ဒီမှာရှိနေတုန်း ငါ့ကို ကိစ္စတချို့ကူစုံစမ်းပေးဦး” ရှီမာယူယူ သည် သဘောတူလိုက်ပြီး သူတို့ကို ပုံမှန်အတိုင်းပင် အမိန့်ပေးလိုက်သည်။

ဒိကျို့ကျို့သည် အားမန်အပြည့်ဖြင့် ပြောလေသည် “အမိန့်ပေးလိုက်ပါ မင်းသမီးလေး”

“လန်ဟဲ့က မင်းကို ဒီနေရာရောက်အောင် ဆွဲခေါ်နိုင်တာက သူ့အတွက် အလုပ်လုပ်ပေးနေတဲ့သူရှိနေတယ်လို့ ဆိုလိုတာပဲ.. အဲလူကိုသွားစုံစမ်းလိုက် အဲဒါမှ ငါတို့လည်းကျေးဇူးဆပ်နိုင်မှာ” ရှီမာယူယူသည် ပြောပြီးနောက် ပြုံး လိုက်သည်။

ဖူရှီသည် သူမ၏ အပြုံးကိုမြင်သောအခါ တစ်စုံတစ်ယောက်တော့ ကံဆိုး တော့မည်ဟု သိလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက် သူမ ထိုကဲ့သို့ပြုံးခဲ့စဉ်က မိုဝေ့ကို ရှင်းထုတ်ခဲ့သည်။

ထိုစကား ထိုအပြုံးအတိုင်းပင်။ ပြီးခဲ့သည့်တစ်ခေါက် မိုဝေ့သည် သူမ၏ ဆရာဖြစ်သူအပေါ် အကြွေးရှိခဲ့သော်လည်း လျှို့ဝှက်ဂိုဏ်းမှထွက်သွားရသည် ပင်။ သည်တစ်ကြိမ်တွင် လန်ဟဲ့သည် သူမ၏ရန်သူဖြစ်သည်။ ထို့ကြောင့် သူမ သူ့ကိုပြန်ပေးမည့် လက်ဆောင်သည် မျှော်လင့်ရလောက်သည့်အရာပင်။

“မင်းသမီးလေး ပြောတာမှန်တယ် ဒီမှာ တကယ်ပဲ လန်ဟဲ့ရဲ့လူရှိနေ တယ်.. အရင်က လန်ဖန်းတို့ကိုကယ်ဖို့ နည်းလမ်းရှာနေတာနဲ့ပဲ အဲလူတွေကို အာရုံမစိုက်မိဘူး.. အခု သူတို့ကိုကယ်ပြီးပြီဆိုတော့ အဲလူတွေကို ရှင်းဖို့ အချိန် နဲ့အားရှိသွားပြီ” ဒိကျို့ကျို့သည် လူသတ်နတ်ဘုရား ဒိကျဲ့နောက်လိုက်လာရာ သဘာဝကျကျပင် စရိုက်ကောင်းသည့်လူမဟုတ်ပေ။ ထိုအကျင့်မှာ ဒိမိသားစု စစ်တပ် အားလုံးနီးပါး ရှိနေသည့်အကျင့်ပင်။

ရှီမာယူယူသာ ရှောင်လင်း၏ ဆရာဖြစ်မလာပါက၊ သူသာ ရှီအာမို့နှင့် ဆက်ဆံရေးကောင်းကောင်းရှိမထားပါက လန်ဖန်းနှင့်တခြားသူများကိုကယ် ရန် ဈေးကြီးကြီးပေးရလိမ့်မည်။

ထို့ကြောင့် ထိုလူများကို ကိုင်တွယ်ရန်အတွက် ရှီမာယူယူ သူတို့ကို အမိန့် ပေးသည့်အတွက် ပျော်မိသည်။

“ဒီလိုနေရာမှာ ဒီလိုမျိုးတွေ စီစည်နိုင်တာ သူတို့လူကလည်း သာမန် တော့မဟုတ်ဘူး.. လုံခြုံရေးကို အာရုံစိုက်ထားကြပြီး သတိထားဖို့ အကုန်လုံး ကို ပြောထားလိုက်”

“ဟုတ်ကဲ့ လက်အောက်ငယ်သား အခုပဲသွားလိုက်ပါဦးမယ်”

“သွားပါ”

ဒိကျို့ကျို့ ထွက်သွားလေပြီ။ ရှီမာယူယူသည် ဖူရှီ၏ ပါးနပ်သော အပြုံး ကိုမြင်သည်နှင့် ခေါင်းကိုရေအေးဖြင့် လောင်းချလိုက်လေသည် “မင်း ဒီမှာ အေးဆေးပဲနေလိုက်… ဒီကိစ္စတွေက မင်းနဲ့ဘာမှမဆိုင်ဘူး”

သူသည် ဤတိုက်မှလူမဟုတ်ပေ။ သူ့တွင် ဒဏ္ဍာရီနဂါးအမိန့်ရှိနေသဖြင့် မည်သည့်နေရာရောက်ပါစေ သိုသိပ်စွာနေရမည်ဖြစ်သည်။ ထိုကိစ္စများကို သူ ကြည့်ရုံသာကြည့်ရမည်ဖြစ်ပြီး ပါဝင်ခွင့်မရှိပေ။

“ငါ မတိုက်ခိုက်နိုင်ရင်တောင် ပျော်ပျော်ကြီးကြည့်ရမှာပဲ မဆိုးပါဘူး” ဖူရှီ ပြောလိုက်သည်။ သူသည် ရှီမာယူယူတစ်ယောက်တည်း လျှောက်သွားသည် ကိုမြင်သောအခါ ပြောလိုက်သည် “ဘယ်သွားမလို့လဲ”

“ရှီအာမို့ကိုသွားရှာမလို့”

“တစ်ယောက်တည်းသွားမလို့လား အစ်ကိုကြီးလင်းယူရော”

“သူက ဆေးစပ်ပေးနေတယ် မင်း ဒီမှာနေပြီး သူတို့ကိုကာကွယ်ပေးထား ဦး.. ရှီအာမို့အိမ်တော်ကို သွားလိုက်ဦးမယ် ငါသူ့ကိုမေးစရာရှိလို့”

***

All Chapters