စဉ်းစားကြည့်
Vol. 147 Ch. 2052
ရှီမာယူယူသည် ရှီအာမို့၏အိမ်တော်သို့ တစ်ယောက်တည်းသွားလေ၏။ သူမ ရောက်သွားချိန်တွင် ရှောင်လင်းထွက်သွားပြီဖြစ်သည်။ အစောင့်သည် သူမကို မြင်သည်နှင့် ချက်ချင်းပင် အထဲသို့ခေါ်သွားပေးသည်။
သည်တစ်ကြိမ်တွင်လည်း အနောက်ဥယျာဉ်၏ အဆောင်ငယ်တွင်ပင် ဖြစ်သည်။ အစောင့်သည် သူမကို ကျောက်ဆောင်အထိသာခေါ်သွားရာ ရှီမာယူယူ ကိုယ့်သာဘာလျှောက်လာခဲ့လိုက်သည်။ ကျောက်စားပွဲပေါ်မှ လက်ဖက်ရည်ဗန်းကိုမြင်သောအခါ သတိရှိရှိနှင့်လျှောက်သွားပြီး လက်ဖက် ရည်ပြင်တော့သည်။
တစ်ယောက်မှာ လက်ဖက်ရည်နှပ်နေပြီး ကျန်တစ်ယောက်မှာ ကြည့်ရုံ သာ ကြည့်နေကာ မည်သူမှစကားမပြောကြပေ။ တိတ်ဆိတ်နေကြသော်လည်း နေရခက်နေခြင်းများမရှိပေ။
သူမ လက်ဖက်ရည်ပြင်ဆင်ပြီးသည်နှင့် ရှီအာမို့ကိုပေးလိုက်ရာ သူ အရသာမြည်းပြီးသည်နှင့် လက်ဖက်ရည်ပန်းကန်လုံးကိုချပြီးနောက် မေးလေ သည် “မင်းက တည်ငြိမ်လိုက်တာ ငါ ဘာလို့ဒီကိုခေါ်လဲဆိုတာ မသိချင်ဘူး လား”
“ကျွန်မကို လက်ဖက်ရည်နှပ်ခိုင်းဖို့တော့ ခေါ်တာမဟုတ်ဘူးလေ.. အဲဒါ ကြောင့် ကျွန်မလက်ဖက်ရည်နှပ်ပြီးရင်တော့ ပြောလာမှာပါ.. ဘာလို့ အလော တကြီးသိချင်နေမှာလဲ”
ရှီမာယူယူသည် သူမအတွက်ကိုပါ လက်ဖက်ရည်ထည့်လိုက်သည်။ သူတို့နှစ်ယောက်သည် လက်ဖက်ရည်ပန်းကန်လုံးကိုင်ထားကြကာ အဆောင် ငယ်တွင် အေးအေးလူလူထိုင်ပြီး လက်ဖက်ရည်ကို ဖြည်းညင်းစွာအရသာခံနေ ကြသည်။ မည်သူမှ အလောမကြီးကြပေ။
“မင်းအသက်အရွယ်မှာ သိချင်စိတ်များတာ မကောင်းတာတော့မဟုတ် ဘူး” ရှီအာမို့ ပြောလိုက်သည်။
“တကယ်တော့ ကျွန်မက မသိချင်တာမဟုတ်ပါဘူး.. ဒီအတိုင်းပဲ.. ကျွန်မ မေးလိုက်ရင်တောင် ပြောမယ်မထင်လို့ပါ” ရှီမာယူယူပြောလိုက်သည်။
“မင်းမှ မမေးတာ ငါ မပြောဘူးလို့ ဘယ်လိုသိမှာလဲ”
“ကျွန်မအမေကို သိလား” ရှီမာယူယူမေးလိုက်သည်။ သူ့မျက်နှာထား ပြောင်းသွားသည်ကို သတိထားမိပြီး ပြောလိုက်သည် “လူကြီးမင်းပဲ မေးခိုင်း တာလေ”
“ဘာလို့ အဲလိုထင်တာလဲ”
“ဒီအတိုင်းခံစားမိတာပါ” ရှီမာယူယူ ပြောလိုက်သည် “လူကြီးမင်း ကျွန်မ ကိုကြည့်တိုင်းမှာ ကျွန်မကိုကြည့်နေသလိုမဟုတ်ဘဲ ကျွန်မကတစ်ဆင့်တခြား တစ်ယောက်ကို ကြည့်နေသလိုပဲ.. တစ်ခါတလေ လူကြီးမင်းရဲ့မျက်လုံးတွေက အရမ်းစူးစိုက်နေပြီး တစ်ခါတလေကျ အဝေးကိုရောက်နေသလိုပဲ.. ကျွန်မ မြင်မိတာ ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး”
ယီလင်းတိုင်းပြည်တွင်ရှိစဉ်က သခင်ဖန်သည် သူမကို ထိုကဲ့သို့ ကြည့်ခဲ့ သည်။ ထိုစဉ်က သူ့ကို အမြင်မကြည်ခဲ့သော်လည်း ယခုအချိန်တွင် ဤအကြည့် ကိုပြန်မြင်ရသည့်အတွက် သူမ ပိုနားလည်လာခဲ့သည်။
ရှီအာမို့သည် နှုတ်ဆိတ်နေသည်။ သူ၏ ခံစားချက်မဲ့နေသော မျက်နှာ ထားသည် အနည်းငယ်ကြောက်ဖို့ကောင်းသည်။ ရှောင်လင်းပင်လျှင် စကားကို လွတ်လွတ်လပ်လပ် မပြောရဲပေ။ ထို့ကြောင့် သူ့ကို ကောင်းကောင်းမသိသော ရှီမာယူယူသည်လည်း တိတ်ဆိတ်စွာနေရတောသည်။
သူ ဒေါသထွက်နေသလား၊ သို့မဟုတ် ဒေါသထွက်ချိန်ဆို မည်သို့ရှိသည် ကို သူမ မသိပေ။ ထို့ကြောင့် ဘာပြောရမှန်းမသိသလို ဘာကိုမှလည်းမပြောရဲ ပေ။
ခဏအကြာတွင် သူ နူးညံ့စွာပြောလာသည် “အဲတော့ ငါ့လိုလူရှိသေး တယ်ပေါ့”
သူသည် သူမ၏ မေးခွန်းကို သွယ်ဝိုက်စွာပြန်ဖြေလေသည်။
သူမ၏ ခန့်မှန်းချက် မှန်သွားသည်ကို ရှီမာယူယူ စိတ်ထဲမှသိလိုက်သည်။ ယခုကိစ္စများဖြစ်သွားသည်မှာ သူမ၏ မိခင်ကြောင့်ဖြစ်သည်။ သူသည် လန်ဖန်း နှင့် တခြားသူများကို လွှတ်ပေးသည်မှာ သူမသည် ရှောင်လင်း၏ ဆရာဖြစ်နေ ခြင်းကြောင့်မဟုတ်ဘဲ မိခင်၏ ကိုယ်ရံတော်များဖြစ်နေခြင်းကြောင့်ပင်။
ထို့ကြောင့် သူ လက်လွယ်နေခြင်းဖြစ်သည်။ အရာအားလုံးတွင် အကြောင်းအရင်းရှိသည်။
သို့သော် ထိုအချက်ကြောင့်ပင် သူ့ကို မည်သို့ပြောရမည်ကို မသိတော့ ပေ။
သူမ စိတ်ထဲမှ သက်ပြင်းချမိသည်။ ကြည့်ရတာ သူမရဲ့ အမေက အရင် တုန်းက အချစ်ရေးကံကောင်းတယ်ထင်တယ်။ အဲတုန်းက အဖေ အမေ့ရဲ့ နှလုံးသားကို ရအောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာကိုတောင် သိချင်လာပြီ။
“မင်းအမေ အခု ဘယ်လိုနေလဲ” ရှီအာမို့ မေးလေသည်။
“ဒါမေးဖို့ ကျွန်မကိုခေါ်တာလား.. အမေဘာဖြစ်လဲဆိုတာ မကြားမိဘူး လား” ရှီမာယူယူသည် သူ့ကိုကြည့်ပြီး သူအမှန်တကယ် မသိထားသည်ကို နားလည်လိုက်ကာ တအံ့တဩ ပြောလေသည် “အမေ့ကိစ္စက တစ္ဆေလောက မှာ အကြီးကျယ်ဆုံးသတင်းလေ ဘယ်လိုလုပ် မသိတာလဲ”
“သူမတစ်ခုခုဖြစ်ခဲ့တာလား”
‘လူကြီးမင်းက အမေ့ကို မကြိုက်ဘူးလား၊ ကျွန်မကိုမြင်တော့ အမေ့ကို တွေးမိတယ်မလား.. အမေ့မှာ ဒီလောက်ကိစ္စကြီးဖြစ်သွားတာကို ဘယ်လိုလုပ် မသိရတာလဲ’ ဟုရှီမာယူယူ ပြောချင်မိသည်။
သူမ၏ မျက်နှာထားသည် အလွန်သိသာနေ၍လားမသိပေ။ ရှီအာမို့သည် ယွိခဲ့လော့၏ ကိစ္စများကိုလည်း သိချင်နေသဖြင့် စိတ်ရှည်လက်ရှည်ရှင်းပြလေ သည် “အဲတုန်းက ငါ သူမကိုပြောတုန်းက သူမက ချက်ချင်းကို ငြင်းခဲ့တာ.. အဲတုန်းကတော့ ငါလည်း ဒေါသထွက်တာပေါ့ အဲဒါကြောင့် သူမကိစ္စတွေကို ဂရုမစိုက်တော့ဘဲ သူမသတင်းကိုလည်း ငါ့ကိုလာမပြောဖို့ လက်အောက်ငယ် သားတွေကို အမိန့်ထုတ်ထားခဲ့တာ”
“အဲလိုကိုး” ရှီမာယူယူ ပြောလိုက်သည် “အမေက အသူရာငရဲမှာ အချုပ် ခံထားရတယ်… နှစ် ၁၀၀ ၂၀၀ လောက်တောင် ရှိပြီ”
နှစ် ၁၀၀၊ ၂၀၀ သည် သူမအတွက်တော့ ရှည်ကြာလှသည်။ သို့သော် သူ ကဲ့သို့ စွမ်းအားရှိသောလူအတွက်တော့ ဘာမှမဟုတ်ပေ။ ထိုအချိန်မှာ မကြာ လှသော်လည်း ကျင့်ကြံခြင်းနှင့် အတွေ့အကြုံယူရာတွင်တော့ လုံလောက် သော အချိန်ပင်ဖြစ်သည်။ သို့သော် နောက်တစ်ကြိမ် သူမသတင်းကြားလိုက်ရ ချိန်တွင် သူမ အချုပ်ခံထားရသည့်သတင်းဖြစ်လိမ့်မည်ဟု ထင်မထားပေ။
“ငါ မသိလိုက်ဘူး…” သူသည် ငေးငိုင်စွာ ပြောလေသည်။
သူ သိရင်ရော ဘာတတ်နိုင်မှာလဲ။
“ဘာတွေဖြစ်ခဲ့တာလဲ သူမကို ဘယ်သူချုပ်ထားတာလဲ”
“အဘိုးပါပဲ”
“တစ္ဆေဘုရင်ကလား ဘာလို့လဲ.. သူက သူမကို အရမ်းချစ်တာမလား” ရှီအာမို့သည် အံ့ဩနေသည်။
“ကိစ္စတချို့ကြောင့်ပါ” ရှီမာယူယူသည် ချဲ့ကားပြောမနေတော့ပေ။
“ဘယ်မှာချုပ်ထားတာလဲ”
“ကျွန်မလည်းမသိဘူး. အဘိုးက မပြောပြဘူး” ရှီမာယူယူ ပြောလိုက် သည် “သူ့ကိုသွားမေးမလို့ပဲ ဒါပေမဲ့ လန်ဖန်းတို့ ဒီကိုရောက်နေတယ်ဆိုတဲ့ သတင်းကိုရခဲ့တာပါ”
တစ္ဆေဘုရင်သည်သူမကို မရဏာစံတင်အဆင့်သို့ ရောက်အောင်သွားရန် ပြောကြောင်းနှင့် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းအကြောင်းကို ရှီမာယူယူ သူ့ကို ပြောပြလိုက်သည်။
“အဲတော့ မင်းလည်း မင်းအမေရဲ့ နေရာကိုမသိဘူးပေါ့” ရှီအာမို့ ပြော လိုက်သည်။
“ဟုတ်ပါတယ်”
“ငါ့ကို အကူအညီတောင်းချင်တာရှိလား” ရှီအာမို့ မေးလေသည်။
“မရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “တစ်ခုခုရှိရင် ကျွန်မပြောပါမယ်”
ရှီအာမို့သည် သူမကိုကြည့်ပြီး သူမ၏ စကားများသည် စိတ်ရင်းနှင့်ပြော ခြင်းလား၊ ဝတ်ကျေတမ်းကျေပြောခြင်းလားဆိုသည်ကို မြင်အောင်ကြိုးစားနေ သည်။ ရှီမာယူယူ၏ မျက်လုံးများမှာ စိတ်ရင်းအမှန်ဖြစ်ပြီး နှိမ့်ချပုံမရှိသည်ကို မြင်သောအခါ ခေါင်းညိတ်လိုက်သည်။
“လူကြီးမင်းနဲ့ ရွှီဝူတို့ ဆက်ဆံရေးမကောင်းဘူးလို့ ကြားတယ်” ရှီမာယူယူ မေးလိုက်သည်။
“မင်းက ရွှီဝူကို ကူရှင်းခိုင်းစေချင်တာလား”
“မဟုတ်ပါဘူး ကျွန်မက သတင်းတချို့ပေးချင်ရုံပါ” ရှီမာယူယူ ပြော လိုက်သည် “ပြောရရင်… ကိုယ့်အကြောင်းကို အသိဆုံးက ကိုယ်ကိုယ်တိုင် မဟုတ်ဘဲ ရန်သူပါ.. ကျွန်မက သူ့အကြောင်းကို ပိုသိချင်တယ်.. အကောင်းဆုံး နည်းလမ်းက လူကြီးမင်းကိုမေးတာပြလေ”
“ရွှီဝူအကြောင်းကိုတော့ စိတ်ပူဖို့မလိုဘူး သူက မင်းကိုဘာမှလုပ်မှာ မဟုတ်ဘူး” ရှီအာမို့သည် အသေအချာပင် ပြောလေသည်။
“သေချာရဲ့လား သူက ကျွန်မကိုသတ်ဖို့ တည်းခိုဆောင်ကို လူလွှတ်ခဲ့ တယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းရဲ့ သရုပ်မှန်ကိုသိရင် နှောင့်ယှက်မှာမဟုတ်ဘူး”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ သူက တစ်ခါက မင်းအဘိုးဆီမှာ ကျေးဇူးအကြွေးရှိ တယ်.. သူက ဝိညာဉ်နယ်မြေကဆိုတာ မင်းသိလား”
“ဟုတ် အဲဒါကြောင့်လည်း ဝိညာဉ်မျိုးနွယ်ဝင်အများစုက သူ့အမိန့် အောက်မှာရှိတယ်လေ”
“လွန်ခဲ့တဲ့နှစ်တွေက သူ ဝိညာဉ်နယ်မြေမှာ အသတ်ခံရလုနီးပါးဖြစ်ခဲ့တာ ဒါပေမဲ့ သူ့ကို မင်းအဘိုးကကယ်ပြီး ဒီကိုခေါ်လာခဲ့တာ.. သူက တစ္ဆေဘုရင်ရဲ့ ကြင်နာမှုကို အမြဲသတိတရရှိတယ်.. အခု မင်းက သူ့မြေးမဆိုတော့ မင်းကို ခက်ခဲအောင်လုပ်မှာမဟုတ်ဘူး”
“သေချာရဲ့လား သူက ကျွန်မကိုပြန်ပေးဆွဲဖို့ တည်းခိုဆောင်ကို လူလွှတ် ပေးခဲ့တယ်” သူသည် မရေမရာဖြစ်နေသည်ဟု ရှီမာယူယူထင်မိသည်။
“ဒါပေါ့ သူက မင်းအဘိုးပေါ် အကြွေးရှိနေတာ.. အဲဒါကလည်း မင်းရဲ့ သရုပ်မှန်ကို မသိခင်ကဖြစ်သွားတာလေ.. မင်း ဘယ်သူလဲဆိုတာသိရင် ဒါမှ မဟုတ် မင်းရဲ့သရုပ်မှန်ကိုသိသွားရင် ဒီလိုကိစ္စတွေလုပ်မှာမဟုတ်ဘူး”
“လူကြီးမင်း ပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်” ရှီမာယူယူ ပြောလိုက် သည် “ကြည့်ရတာ တစ်ယောက်ယောက်က သူ့ကိုလှည့်စားပြီး အမှန်မသိ အောင်လုပ်ထားတာဖြစ်မယ်.. သူ့လူတွေက သူ့အမိန့်ကိုမနာခံဘဲ တခြားသူရဲ့ လက်ပါးစေဖြစ်နေတာကို သိရင် ဘယ်လိုနေမလဲမသိဘူး”
“သူက ဂုဏ်မောက်တဲ့လူပဲ.. မင်း သူ့လူတွေကို ရှင်းချင်ရင် သူ့ကို မရှောင် တာကောင်းလိမ့်မယ်” ရှီအာမို့ ပြောလေသည်။
“ဆိုလိုတာက ကျွန်မ သူ့ကိုသွားရှာသင့်တယ်ပေါ့ သူ့ကိုတွေ့ခွင့်မပေးမှာ စိုးရတယ်”
“ဒါက မင်းအတွက် မခက်ဘူးဆိုတာ သေချာပါတယ် ဟုတ်တယ်မလား”
“ကျွန်မပြန်ပြီးစဉ်းစားလိုက်ပါဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမ သည် မှော်ဝင်လက်စွပ်ထဲမှ လှုပ်ရှားမှုကို ခံစားမိပြီး ထုတ်ကြည့်လိုက်ရာ ဖူရှီ၏ အော်သံကိုကြားလိုက်ရသည် “ယူယူ မြန်မြန်လာတော့ အဲလူတွေက တည်းခို ဆောင်ကို ထပ်လာတိုက်ခိုက်ပြန်ပြီ”
***