← Chapters

အသိပေးခြင်း

Vol. 147 Ch. 2053

အသိပေးခြင်း

Vol. 147 Ch. 2053

ထိုလူများသည် မည်သူမည်ဝါဖြစ်သည်ကိုတော့ ပြောရန်ပင်မလိုပေ။ သူမသည် သူတို့အကြောင်းပြောနေတုန်းပင် သူမ၏တံခါးကိုလာခေါက်ခဲ့သည်။

ဖူရှီ၏ အသံမှာ စိုးရိမ်သလိုဖြစ်နေသော်လည်း ရှီမာယူယူသည် အလော မကြီးပေ။ သူမသည် ရှီအာမို့ကို နှုတ်ဆက်ပြီးနောက် ဖြည်းဖြည်းပင် ပြန်လာခဲ့ သည်။

တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ ထိုလူများကို နှင်ထုတ်ပြီးလေ ပြီ။ တည်းခိုဆောင်၏ တချို့အပိုင်းများမှာ ပျက်စီးနေရာ ဝူလင်းယူသည် တည်းဆိုဆောင် တာဝန်ခံကို လျော်ကြေးပေးရန် စကားပြောပြီး လူရှီသည် လန်ဖန်းတို့ဘေးတွင် သစ်ချသီးစားနေသည်။

“လူဘယ်နယောက်လာတာလဲ” သူမ ဖူရှီကို မေးလိုက်သည်။

“များတယ် ကံကောင်းလို့ အစ်ကိုကြီးလင်းယူက အချိန်ကိုက်ရောက်လာ လို့ပေါ့.. မဟုတ်ရင် ပြဿနာတက်မှာပဲ” ဖူရှီ ပြောလိုက်သည်။

“ဟုတ်လား” ရှီမာယူယူသည် သူ့ခေါင်းကို ပုတ်လိုက်သည် “ငါ့ကို ပြန် လာစေချင်လို့ ဒီဟာကိုအကြောင်းမပြတာ သေချာလား”

ဖူရှီသည် ရှုံံမဲ့ပြီး ပြုံးကာ ဝူလင်းယူကို လက်ညှိုးထိုးပြီး ပြောလိုက်သည် “သူ လုပ်ခိုင်းတာ”

ဝူလင်းယူသည် တည်းခိုဆောင်တာဝန်ခံနှင့် စကားပြောပြီးသည့်အချိန် သူ့ကို သစ္စာဖောက်လိုက်သည်ကို သိသည်နှင့် ဖူရှီကို အေးစက်စွာကြည့်လေ သည်။ ထို့နောက် သူရှီမာယူယူဘေးသို့လာပြီး အပေါ်အောက်ကြည့်လေသည်။

“စိတ်မပူနဲ့ သူ ဘာမှမလုပ်လိုက်ပါဘူး” ရှီမာယူယူသည် သူ့ကိုမတားဘဲ သူမ ဘာမှမဖြစ်ကြောင်းကို လှည့်ပတ်၍တောင် ပြလိုက်သေးသည်။

သူ သူမကို ပြန်ခေါ်သည့်အတွက်တော့ မပျော်ပေ။

“အကုန်လုံးပြောပြီးသွားပြီလား” ဝူလင်းယူ မေးလိုက်သည်။

“အင်း အကုန်ပြီးပြီ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မခန့်မှန်းထားတဲ့ အတိုင်းပဲ”

“တကယ်ပဲ မင်းရဲ့ အမေကြောင့်လား” ဖူရှီ၏ မျက်လုံးများ ပြူးကျယ်သွား သည်။ “မင်းအမေက လူတွေအများကြီးသိတာပဲ”

ဖူရှီပြောချင်သည်မှာ သူမ၏မိခင်အား သဘောကျသသည်လူများပြား သည်ဟူ၍ပင်။ သို့သော် ပြောရန်မသင့်တော်သဖြင့် စကားပြောင်းပြောခြင်းဖြစ် သည်။

“ဟုတ်တယ်” ရှီမာယူယူသည် ဖူရှီပြောချင်သည့်အရာကို နားလည်သည် “အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် သူတို့ကို အလွယ်တကူကယ်လိုက်နိုင်တာ ကောင်းတာပဲ.. လန်ဟဲ့ရဲ အစီအစဉ်အတိုင်း ရှီအာမို့နဲ့ တိုက်ခိုက်ဖို့မလိုတော့ ဘူး.. သူဒေါသထွက်ပြီး ထခုန်နေမှာပဲ”

“အခုကို ထခုန်နေပြီ ဒီတစ်ခေါက်လာတဲ့သူတွေက အရင်လာတဲ့လူတွေ ထက် နှစ်ဆများတယ်” ဖူရှီ ပြောလေသည်။

“နှစ်ဆဟုတ်လား သူတို့နဲ့ပိုတိုက်ခိုက်ရမှာမဟုတ်ဘူးလား”

သူမသည် ဝူလင်းယူကိုကြည့်လိုက်သည်။ ဝူလင်းယူသည် သူမ၏ ဆံပင် ကိုပွတ်သပ်ပြီးပြောလေသည် “အဆင်ပြေပါတယ်”

“ရွှီဝူကို သွားတွေ့သင့်တယ်လို့ ရှီအာမို့ပြောတယ်”

“ဘာအဓိပ္ပာယ်လဲ”

ရှီမာယူယူသည် ရှီအာမို့ပြောလိုက်သည့် စကားများကို ပြောပြပြီး သူမ၏ အပတ်အသက်ကိုသိလျှင် ကိုင်တွယ်ရန်လွယ်ကူသွားမည်ဖြစ်ကြောင်း ပြောပြ လိုက်သည်။

“လန်ဟဲ့က မင်း ရှီအာမို့နဲ့ မတိုက်ခိုက်တာကိုမြင်တော့ ရွှီဝူကိုလွှတ်လိုက် တာဖြစ်မယ်.. သူက ကိစ္စတွေကိုမွှေချင်နေတာပဲ” ဖူရှီ ပြောလေသည် “နှမြော စရာပဲ ဒီတစ်ခါလည်း တွက်ချက်တာမှားသွားပြီ”

အခန်းထဲမှလူအားလုံး ရယ်လိုက်ကြသည်။ လန်ဟဲ့ ဒေါသထွက်မည့်ပုံကို တွေးမိသောအခါ ပျော်ရွှင်စေသည်။

“ဒါဆို အခုလုပ်ရမှာက ရွှီဝူကိုသွားတွေ့ရမှာပဲ”

“လွယ်ပါတယ်.. သူ့အိမ်တံခါးကိုသွားခေါက်တာပေါ့.. တစ်ခါတလေကျ တိုက်ရိုက်ချည်းကပ်တာက အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးပဲ” ဖူရှီ အကြံပြုလေ သည်။

“အင်း ငါလည်းအဲလိုထင်တယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“ဒါပေမဲ့ မသွားခင်ကို အာရုံစိုက်တာတွေကို ရှောင်ရမယ်..” ဝူလင်းယူ ပြောလိုက်သည်။

ညလယ်ရော်ကသောအခါ တစ်နေကုန် အလုပ်ရှုပ်ထားသော ရွှီဝူသည် အဆင့်တက်ရန်ပြင်ဆင်နေချိန်တွင် ရုတ်တရက် လှုပ်ရှားမှုကိုခံစားလိုက်ရ သည်။ သူ ထပြီးတံခါးဖွင့်ကာ ထွက်လာလိုက်သည်။ တပ်သားတစ်စုသည် အပြင်မှပြေးဝင်လာပြီး ခြံဝန်းတစ်ခုလုံးကို ဝိုင်းလိုက်သည်။

ရှီမာယူယူနှင့်ဝူလင်းယူတို့သည် လေဟာပြင်လိုဏ်ခေါင်းမှထွက်လာ သည်နှင့် ထိုမြင်ကွင်းကိုမြင်လိုက်ရသည်။

“စိတ်မပူပါနဲ့ ကျွန်မတို့က ပြဿနာရှာဖို့ လာတာမဟုတ်ပါဘူး” သူမ ရှင်းပြလိုက်သည်။

တခြားသူများသည် သူမ၏ စကားများကိုမယုံသဖြင့် သတိရှိရှိကြည့်လေ သည်။

“ရှင့်ကိုသာ တကယ်ပဲ တစ်ခုခုလုပ်ချင်ရင် ဒီလိုမျိုးလူလုံးထွက်ပြမှာ တောင်မဟုတ်ဘူး” ရှီမာယူယူသည် ဝူလင်းယူကို ကြည့်လိုက်သည် “ကျွန်မက လူကြီးမင်းရွှီကို ပြောစရာရှိလို့လာတွေ့တာပါ”

ရွှီဝူသည် တံခါးနားတွင်ရပ်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့၏ အပြုအမူသည် စိတ်ရင်းမှန်သည့်ပုံပေါက်သည်။ ဝူလင်းယူ၏ အားနှင့် ဆိုလျှင် သူတို့ တိုးတိတ်စွာလာလိုပါက အလွယ်တကူလူလုံးထွက်ပြရန်မလို ပေ။

သူသည် လက်ဝေ့ယမ်းပြီး တပ်သားများကို လက်နက်ချခိုင်းလိုက်သည်။

“မင်းက ဘယ်သူလဲ ဒီကိုဘာလာလုပ်တာလဲ”

ရှီမာယူယူ ထိုစကားကိုကြားသောအခါ မကြာသေးမီကဖြစ်သွားသော အဖြစ်အပျက်များကို သူ မသိသေးကြောင်းကို ရှီမာယူယူ သိလိုက်သည်။

“ကျွန်မနာမည်က ရှီမာယူယူပါ ဒါက ဝူလင်းယူ.. ကျွန်မတို့က ရှင့်ကို ပြောစရာရှိလို့လာတာပါ”

“ဘာပြောမှာလဲ”

ရှီမာယူယူသည် ဟွာခိုင်းနှင့် မတော်တဆဖြစ်ခဲ့ပုံနှင့် သူ၏ လက်အောက် ငယ်သားများ သူမကို ဖမ်းရန်လာခဲ့ကြောင်းနှင့်အတူ အရိုက်ခံလိုက်ရကြောင်း ကိုပါ ပြောပြလိုက်သည်။ သူမ ယခုလိုပါ ပြောလိုက်သည် “ကျွန်မတို့မှာ လူအရေအတွက်မများပေမဲ့ တိုက်ခိုက်ဆိုလည်း တိုက်ခိုက်နိုင်တယ်.. ဒီနေ့လာ ရတဲ့အကြောင်းအရင်းက ကျွန်မတို့က ရန်သူဖြစ်လာဖို့မလိုသလို ရှင်တို့ လက် အောက်ငယ်သားတွေလည်း တခြားသူတွေရဲ့ ရည်ရွယ်ချက်ကြောင့် အသုံးချခံ လိုမျိုးမဖြစ်စေချင်လို့ပဲ”

“မင်းပြောတဲ့ တခြားသူဆိုတာ ဘယ်သူလဲ”

“တစ္ဆေကြင်ယာတော်နဲ့ လန်ဟဲ့”

“တစ္ဆေကြင်ယာတော်ဟုတ်လား.. သူမက တစ္ဆေမိဖုရားပဲ.. သူမက မင်းလိုမျိုး မိန်းမငယ်လေးနဲ့ ဘာလုပ်မှာမလို့လဲ”

“ကျွန်မအဘိုးက ကျွန်မကိုကာကွယ်ပေးနေလို့လေ.. သူမက အဘိုးရှေ့ မှာ ကျွန်မကို မသတ်နိုင်ဘူး အဲဒါကြောင့် တခြားနည်းလမ်းရှာပြီး သူမအတွက် လုပ်ပေးဖို့ တခြားသူတွေကို အသုံးချနေတာ” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။

“မင်းပြောတာ တစ္ဆေဘုရင်လား မင်းက ဘယ်သူ့သမီးလဲ”

“ကျွန်မအမေက ယွိခဲ့လော့ပါ”

ရွှီဝူသည် ယွိခဲ့လော့ကို မတွေ့ဖူးပေ။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ တူလှသည်ကို မသိသလို သူမ၏သရုပ်မှန်ကိုလည်း အတည်မပြုနိုင်ပေ။ သူမ တွင် တော်ဝင်မိသားစု၏အရှိန်အဝါရှိနေသော်လည်း သူမသည် တစ္ဆေဘုရင် ကာကွယ်ပေးချင်နေသည့် လူတစ်ဦးတစ်ယောက်ဖြစ်သည်ဟု မဆိုလိုပေ။

“ကျွန်မအဘိုးက ကျွန်မဆီမှာ ဝိညာဉ်ပုံတူထားပေးထားတယ်.. ရှင် မယုံ ရင် ကျွန်မပြပါမယ်” ရှီမာယူယူသည် တစ္ဆေဘုရင်၏ ဝိညာဉ်ပုံတူကို လွှတ်ပြ လိုက်သည်။ သူသည် မျက်လုံးမှိတ်ထားပြီး အမူအရာမှာလည်း အေးချမ်းနေ သည်။ အန္တရာယ်နှင့်တွေ့မှသာ မျက်လုံးပွင့်လာပြီး စွမ်းအင်ထုတ်လွှတ်သည်။

ရွှီဝူသည် တစ္ဆေဘုရင်၏ ဝိညာဉ်ပုံတူကို မြင်သောအခါ ပြီးခဲ့သည့် အတိတ်ကို ပြန်အမှတ်ရမိသည်။

“ငါ မင်းကိုယုံပါတယ် မင်းက တစ္ဆေဘုရင်ရဲ့ မြေးဖြစ်နေပြီးတော့ ငါလည်း သူ့အပေါ် ကျေးဇူးအကြွေးရှိတယ်.. မင်းကို ခက်ခဲအောင် မလုပ်တော့ ပါဘူး” အကယ်၍ တစ်ယောက်ယောက်သာ သူ့လက်အောက်ငယ်သားကို ရန်စလာလျှင် သူ ပညာပေးမည်ဖြစ်သည်။ အကြောင်းမှာ ထိုအရာသည် ဤနေရာမှ စည်းမျဉ်းပင်။

“ကျွန်မကို ဆန့်ကျင်တဲ့သူဆိုရင် အလွတ်မပေးတတ်ဘူး… ပထမအချက် ကျွန်မ ဒီနေ့လာတာက အဲအကြောင်းပြောဖို့ပဲ ရှင့်ကို ရန်စဖို့မဟုတ်ဘူး.. ဒုတိယအချက် ကျွန်မ အဲလူကိုအလွတ်မပေးနိုင်ဘူးလို့ပြောချင်လို့.. အချိန်တန် ရင် ရှင်စိတ်မရှိဖို့မျှော်လင့်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်းလုပ်ချင်သလို လွတ်လပ်စွာလုပ်ပါ” ရွှီဝူသည် ဂရုမစိုက်ပေ။

သူမ ပြောသည့်အတိုင်းဆိုလျှင် သူ၏လက်အောက်ငယ်သားသည် တခြား သူနှင့်ပူးပေါင်းပြီး သူ့ကိုဆွဲချရန်ကြိုစားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူ သည် ထိုကဲ့သို့သော လူမျိုးကို ဂရုမစိုက်ပေ။ သူမ မလှုပ်ရှားလျှင်တောင် သူ ကိုယ်တိုင်လုပ်မည်ဖြစ်သည်။

“ရှင်သဘောတူပြီးပြီဆိုတော့ ကျွန်မကို သွားခွင့်ပြုပါဦး”

သူတို့ ရောက်လာသည့်အချိန်နှင့် ထွက်သွားသည်မှာ မိနစ်ပိုင်းမျှသာရှိ သည်။ သို့သော် နှစ်ဦးနှစ်ဖက်မှာ သဘာတူညီချက်ရသွားသည်။ သူမသည် နောက်ပိုင်းလုပ်မည့်အရာများကို ရှင်းလင်းစွာပြောသွားခဲ့သည်။

ရှီမာယူယူတို့ ပြန်ရောက်ပြီးမကြာမီတွင် ဒိကျို့ကျို့သည် သတင်းပြန်ယူ လာသည်။ သူတို့သည် ဤနေရာတွင် လန်ဟဲ့၏ လူတချို့ကိုတွေ့ခဲ့သည်။

“သူတို့ကိုတွေ့ပြီဆိုတော့ လှုပ်ရှားကြတာပေါ့” ရှီမာယူယူ ပြောလိုက် သည် “သတ်မယ့် လူတချို့ကိုခေါ်လာခဲ့.. သူတို့က ငါတို့ကို အကွက်ဆင်ရဲမှ တော့ ပန်းတွေက ဘာကြောင့်နီလဲဆိုတာကို ပြပေးရမှာပေါ့”

“ဟုတ်ပါပြီ” ဒိကျို့ကျို့သည် မကောင်းမှုများပြုလုပ်နေသော်လည်း သူ့ သခင်၏ အကာအကွယ်ကိုရရှိထားခြင်းကြောင့် ထိုခံစားချက်ကို အကြိုက်ဆုံး ဖြစ်သည်။

သူသည် သတ်မည့်လူတချို့ကို ခေါ်လာသည်။ ယနေ့ညတွင် ပျော်စရာ ကိစ္စများရှိလာတော့မည်ဖြစ်သဖြင့် ဖူရှီသည် သူ့ကိုပါ ကြည့်ခိုင်းရန် ရှီမာယူယူ ကို ပြောလေသည်။ ရှီမာယူယူသည် မငြင်းနိုင်တော့ဘဲ သူ့ကို ဤနေရာသို့ ခေါ် ရန် သဘောတူလိုက်ရသည်။ သူမသည် တည်းခိုဆောင်တွင် လန်ဖန်းတို့ကို ထားခဲ့ပြီး တည်းခိုဆောင်အပြင်ဘက်တွင် အတားအဆီးထားခဲ့သည်။

သူတို့ ထွက်သွားပြီးမကြာမီတွင် လန်ဖန်းနှင့်တခြားသူများ၏ အိမ်တံခါး မှာ ပွင့်သွားလေသည်…

***

All Chapters