← Chapters

ဖွင့်ဟခြင်း

Vol. 147 Ch. 2054

ဖွင့်ဟခြင်း

Vol. 147 Ch. 2054

မှောင်မိုက်နေသော အခန်းတွင် လန်ဖန်းနှင့်တခြားသူများသည် ကြီးမား သော အိပ်ရာပေါ်တွင် အိပ်မောကျနေကြသည်။

ရှီမာယူယူသည် သူတို့ သက်သာစေရန် ဆေးထဲတွင် စိတ်ငြိမ်ဆေးနှင့် အိပ်ဆေးကိုပါ ထည့်ထားသည်။

ဆေးသက်ရောက်မှုကြောင့် လန်ဖန်းနှင့်တခြားသူများသည် အန္တရာယ်ကျ လာလျှင် မခုခံနိုင်ကြပေ။ ထိုအခိုက်တွင် တစ်ယောက်ယောက်သာ ဝင်လာပါ က သူတို့ကို တစ်ခုခုလုပ်ရန် အလွန်လွယ်ကူလှသည်။

သူတို့၏လုံခြုံမှုကို ကာကွယ်ရန်အတွက် ရှီမာယူယူသည် သူတို့နေထိုင် သည့် ခြံဝန်းကိုဝိညာဉ်အတားအဆီးလုပ်ထားခဲ့သည်။ အကယ်၍ တစ်စုံတစ် ယောက်သာ ဝိညာဉ်အတားအဆီးကို ဖျက်ဆီးပါက သူမ သိမည်ဖြစ်ပြီး သူတို့ ကိုကယ်ရန်အမြန်လာနိုင်သည်။

သူမ ဝိညာဉ်အတားအဆီး တည်ဆောက်စဉ်က တည်းခိုဆောင်တာဝန်ခံ ၏ စီးပွားရေးထိနိုင်သည်ဟု ပြောခဲ့ပြီးဖြစ်သည်။ သူတို့ကို ကူကြည့်ပေးရန် မျှော်လင့်ကြောင်းကိုပါ ပြောခဲ့သည်။

ယခုအချိန်တွင် လူတစ်ယောက်သည် အိမ်ထဲသို့ခိုးဝင်ကာ လန်ဖန်းတို့ရှိ ရာနေရာကိုတွေ့သည်နှင့် အမှောင်ထဲတွင် ဓားထုတ်လိုက်သည်။ သူသည် အိပ်ရာပေါ်မှလူ၏ လည်ချောင်းကို လှီးဖြတ်မည်ပြုသည်။ သို့သော် သူ မလှုပ်ရှားခင်မှာပင် အခန်းမှာမီးလင်းလာသည်။

“အဲတော့ တကယ်ပဲမင်းပဲကိုး” ရှီမာယူယူသည် အိပ်ရာဘေးတွင်ရပ်နေ သည့်လူကို မြင်လိုက်သည့်အခါ မအံ့ဩတော့ပေ။

“ငါ ဒီကိုလာမယ်ဆိုတာ မင်းသိနေတာပဲ” လန်ယွဲ့သည် ရှီမာယူယူကို ကြည့်ပြီးနောက် သူမဘေးတွင်ရပ်နေသည့် ဝူလင်းယူနဲ့ ဖူရှီတို့ကိုကြည့်လိုက် သည်။

ထွက်သွားရမည့်လူသည် ဤနေရာတွင် ဘာကြောင့်ပေါ်လာရသလဲဆို သည်မှာ ရှင်းပြချက်တစ်ခုသာရှိသည်။ အဖြစ်အပျက်တစ်ခုလုံးမှာ သူတို့၏ အစီအစဉ်သာဖြစ်သည်။

“ဟုတ်တယ် သိနေတာကြာပြီ” ရှီမာယူယူ ဝန်ခံလေသည် “ရှင်က ဒီကို လာတာတင်မဟုတ်ဘူး ဘေးခြံဝန်းမှာပါ နေနေတာလေ”‌

“ဒါဆို မင်းက ငါ့ကိုတမင်လှည့်စားခဲ့တာပေါ့” လန်ယွဲ့ ပြောလိုက်သည်။

“ဟုတ်တယ် ရှင့်ကိုမလှည့်စားရင် ကိုယ့်ဘာသာထွက်လာမှာမဟုတ်ဘူး လေ” ရှီမာယူယူ ပြောလိုက်သည် “ရှင်က ရှီအာမို့နဲ့ ကျွန်မကိုတိုက်ခိုက်စေချင် တယ်.. ဒါပေမဲ့ သူတို့ကို အလွယ်တကူကယ်လိုက်နိုင်လိမ့်မယ်လို့ ထင်မထား ဘူး.. ရှင်လည်း ကျွန်မကိုအလွယ်တကူလွှတ်ပေးမယ်လို့ မထင်ပါဘူး.. ရှင် ကျွန်မကို မသတ်နိုင်ရင် ကျွန်မကယ်ထားတဲ့လူတွေကိုသတ်မယ် အဲလိုဆို ကျွန်မလုပ်သမျှက အရာမထင်တော့ဘူး.. ဒါတွေက ခန့်မှန်းချက်ပဲရှိပါသေး တယ်.. ရှင့်အပြုအမူတွေက ကျွန်မရဲ့အတွေးတွေကို အတည်ပြုပေးလိုက်တာပဲ”

“ဟားဟား ဒါ ငါ့အကြံမဟုတ်ဘူး ငါက သူတခြားတစ်ယောက်ကို ကူညီ ပေးတာပဲရှိတာ” လန်ယွဲ့ ပြောလိုက်သည်။

“လန်ဟဲ့က ရှင့်အတွက် ဘာလဲ.. ဒီလောက်တောင် စွန့်စားပေးတယ်ပေါ့” ရှီမာယူယူသည် ရယ်မောလိုက်သည် “ရှင်က သူ့အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပေးပြီးတော့ အသက်သေမှာကိုမကြောက်ဘူးလား”

“မင်းက ငါ့အားကို အထင်သေးတာလား” ဘာကြောင့်မှန်းတော့မသိပေ သို့သော် သူမ၏ ချိုးနှိမ်ခြင်းကိုခံရသောအခါ သူ့စိတ်တွင် ဒေါသနှင့် ဆုံးရှုံးမှု ကဲ့သို့ မရှင်းလင်းသည့် ခံစားချက်များ ဖြတ်ပြေးသွားသလိုပင်။ ထိုခံစားချက် များသည် သူ့ကို မသက်မသာဖြစ်စေသည်။

“ကျွန်မက ရှင့်ကိုနှိမ်နေတာမဟုတ်ဘူး. မဟုတ်ရင် ဒီလောက် အပင်ပန်း ခံပြီး ရှင့်ကိုလှည့်စားမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အတိအကျ ပြောရရင် ရှင့်ကိုမတွေ့ခင် သေချာပြင်ဆင်ထားတာပဲရှိတယ်”

သူမ စကားဆုံးသည်နှင့် အနက်ဝတ်ထားသောလူတစ်စုသည် အိမ်ထဲတွင် ပေါ်လာသည်။

လန်ယွဲ့သည် ထိုလူများကိုမြင်သည်နှင့် မျက်နှာတင်းသွားလေသည်။ သူသည် အစောက သူတို့ကိုရှင်းလင်းစွာမမြင်ခဲ့ရပေ။ သို့သော် သေချာကြည့် သော် သူတို့သည် အစကတည်းက အိမ်ထဲတွင်ရှိနေသည့်ပုံပင်။

“အဲလောက်ကြီး လန့်မသွားနဲ့ဦး ဒါက အစီအရင်သေးသေးလေးတစ်ခုပဲ” ဖူရှီသည် လက်ပိုက်ထားသည်။

လန်ယွဲ့သည် အနည်းငယ် အံ့ဩသလိုခံစားရသည်။ အစီအရင်များတွင် အတက်အကျရှိနေသော်လည်း သူ ဘာမှမခံစားရပေ။ ဒီအစီအရင်ကို တည် ဆောက်တဲ့သူက ဘယ်လောက်တောင် အားကောင်းလိုက်လဲ။

သူသည် အံ့ဩသွားသော်လည်း အခြေအနေကို အမြန်ပင် သုံးသပ်နိုင် သည်။ ထိုလူများရှိနေသဖြင့် လန်ဖန်းနှင့်တခြားသူများကို တိုက်ခိုက်ရန်မဖြစ် နိုင်ပေ။ သည်တစ်ကြိမ်တွင် အောင်မြင်မှုမရှိဘဲ နောက်ဆုတ်ရတော့မည်။

“မင်း ငါ့ကို အံ့ဩစေပါတယ်.. ဒါပေမဲ့ မင်းမေ့နေတာတစ်ခုရှိတယ် ဒါက မင်းပိုင်နက်မဟုတ်ဘူး” သူသည် တစ်စုံတစ်ခုထုတ်ပြီး ချေမွလိုက်ရာ တစ်ကိုယ်လုံး ဝိုးတိုးဝါးတားဖြစ်သွားသည်။ သူ ပျောက်သွားသည်နှင့် သူမကို စကားချန်ထားခဲ့လေသည် “ငါတို့ ပြန်တွေ့ကြတာပေါ့”

သူ ပျောက်သွားသည်ကို ကြည့်ပြီး ဖူရှီမေးလိုက်သည် “ယူယူ ငါတို့ နောက်ကလိုက်သွားကြမလား”

“မလိုဘူး သူ့နေရာကို ငါတို့လည်းမသိဘူး” ရှီမာယူယူသည် ခေါင်းခါ လိုက်သည် “ကျန်တဲ့လူတွေ တည်းခိုဆောင်မှာရှိသေးလားလို့ ကြည့်လိုက်”

လန်ယွဲ့ ပြောသည်မှာမှန်သည်။ ဤနေရာသည် သူမ၏ ပိုင်နက်မဟုတ် သောကြောင့် အခြေအနေအားလုံးကို ထိန်းချုပ်၍မရနိုင်ပေ။ သူတို့သည် ဤ နေရာတွင် အတားအဆီးစီမံထားသော်လည်း သူတို့ထွက်သွားသည်ကို မတား နိုင်ကြပေ။ ယခုအချိန် သူတို့နောက်သို့လိုက်ရန်မှာလည်း အချည်းအနှီးပင်။

သူတို့သည် အပြင်ထွက်ပြီးကြည့်ကြသည်။ တည်းခိုဆောင်မှာ လူမရှိ တော့ပေ။ တည်းခိုဆောင်တာဝန်ခံပင် ပျောက်သွားလေပြီ။

“အခုပဲ သူ့သရုပ်မှန်က ပေါ်သွားတာ ပြေးတာလည်းမြန်လိုက်တာ” ဖူရှီ နှာမှုတ်လေသည်။ အစောကသိလျှင် သူ လွတ်သွားမည်မဟုတ်ပေ။

“မင်း လိုက်သွားပြီး အပျော်ကြည့်ချင်နေတာမလား.. မင်း အခုမသွားရင် ကျို့ကျို့တို့က အဆုံးသတ်လိမ့်မယ်” ရှီမာယူယူသည် သူ့ကိုသတိပေးလိုက် သည်။

“အာ.. ငါ သွားမယ်” ဖူရှီသည် အော်ပြီးနောက် တည်းခိုဆောင်မှ အမြန် ထွက်သွားလေသည်။

“အရိပ်မည်း သူနဲ့အတူလိုက်သွားလိုက် သူ့ကို အန္တရာယ်မကျစေနဲ့” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

ထိုနှစ်များတွင် အရိပ်မည်း၊ ဟွမ်နှင့် ချန်ကျိုးတို့သည် သူမကို နောက်ကွယ်မှ ကာကွယ်ခဲ့ကြသည်။ သူတို့သုံးယောက် သူမကိုလုပ်ပေးခဲ့သည် များကို တွေးကြည့်လျှင် သူမ၏ အရည်အချင်းများကို ထုတ်မသုံးရသည့် အတွက် အပြစ်မကင်းသလိုခံစားရသည်။

နှစ်ပေါင်း ၂၀ ကျော်မျှ အတူနေလာသဖြင့် သူတို့သုံးယောက်သည် ကောင်းမွန်သော ဆက်ဆံရေးရှိနေပြီဖြစ်သည်။

“ငါတို့အခန်းကိုပဲ ပြန်ကြမယ်” ရှီမာယူယူသည် အိပ်နေသောလူများကို ကြည့်လိုက်သည်။ ထိုအဖြစ်အပျက်များဖြစ်သွားသော်လည်း သူတို့သည် မနိုး ကြပေ။

ထိုညတွင် အသူရာမြို့တော်တွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး ဆူညံသောည ဖြစ်ခဲ့သည်။ သို့သော် မြို့တော်မှလူများသည် အနှောင့်အယှက်ပေးခံရသဖြင့် ဒေါသထွက်သည်မှလွဲပြီး တခြားတုံ့ပြန်ချက်မရှိပေ။

“သူမက သိုသိုသိပ်သိပ်နေတတ်တဲ့လူမဟုတ်ဘူးပဲ” ရှီအာမို့ ပြောလိုက် သည်။

“ကျွန်တော်ရထားတဲ့သတင်းအရတော့ မင်းသမီးလေးက အရမ်းသိုသိပ် တယ်တဲ့ အသူရာမြို့တော်ကိုရောက်မှ ထင်ပေါ်အောင်နေနေတာပဲ”

ရှီအာမို့သည် ပြန်မဖြေပေ။ အကြောင်းမှာ သူပြောနေသည်မှာ သူမ အကြောင်းမဟုတ်ပေ။

နောက်နေ့မနက်တွင် ရှီမာယူယူသည် ပျော်ရွှင်နေ‌သော ဖူရှီနှင့် ဒိကျို့ကျို့ ၏ မျက်နှာကိုမြင်လိုက်ရသည်။

“ယူယူ ဒီတစ်ခါတော့ သူတို့လူအကုန်လုံးကို ဖျက်ဆီးလိုက်ပြီ” ဖူရှီသည် ပြောရင်းနှင့် ထခုန်လေသည်။

“မင်းလည်း ဝင်တိုက်ခိုက်တာလား” ရှီမာယူယူသည် တစ်ချက်ကြည့် လိုက်သည်နှင့် သိသည်။

“ဟီး ဟီး ငါ မတိုက်ခိုက်ရတာတောင် ကြာပြီ” ဖူရှီသည် ပြုံးပြီးပြောလေ သည်။

“မဆိုးဘူး ကောင်လေး” ရှီမာယူယူ ပြောလိုက်သည် “မင်းက ပြဿနာ ဖြစ်ဖြစ် မဖြစ်ဖြစ်ဂရုမစိုက်ဘူးနော်”

“ဒါက တိုက်ပွဲလေးပဲကို ဘာပြဿနာဖြစ်နိုင်ဦးမှာလဲ” ဖူရှီသည် သူမ တွက်ချက်လွန်းသည်ဟု ထင်မိသည်။

ရှီမာယူယူသည် စကားမပြောပေ။ သူ ပြောသလိုသာ ရိုးရှင်းနေလျှင် သူမ သတိထားနေမည်မဟုတ်ပေ။ သို့သော် အန္တရာယ်မရှိသည်ဟု ယခုမပြောချင် ပေ။ ကိစ္စမှာဖြစ်ပျက်သွားပြီဖြစ်သဖြင့် အခုပြောလည်းအသုံးမဝင်တော့ပေ။

သူ သူမကိုမြင်ခဲ့စဉ်က သားရဲပေါင်းရာချီ လှုပ်ရှားနေကြပြီး လူအိုများ သည် သူ့ကိုသတ်ရန်လာခဲ့ကြသည်။ နောက်ဆုံးတွင် အပေါ်ယံမှာ အဆင်ပြေ ပုံ ပေါ်သော်လည်း သေချာစဉ်းစားကြည့်လျှင် ထိုစဉ်က အဖြစ်အပျက်ကို သူတို့ သိသင့်လောက်သည်။

ထို့အပြင် တစ္ဆေကြင်ယာတော်သည် မို့မျိုးနွယ်နှင့်ကိစ္စတွင် ပါဝင်နေ သည်။ ယခုအချိန်လောက်ဆို တစ္ဆေကြင်ယာတော်သည် ဒဏ္ဍာရီနဂါးအမိန့် သတင်းကို ရနေလောက်ပြီဖြစ်သည်။ သူမကို လုပ်ကြံခြင်းမှာ မအောင်မြင် သည့်အပြင် ဘေးတွင်ကလေးတစ်ယောက်ရှိနေသဖြင့် သူသည် ဒဏ္ဍာရီနဂါး အမိန့်၏ ပိုင်ရှင်ဖြစ်လိမ့်မည်ဟု တွေးကြမည်ဖြစ်သည်။

သူသည် ယခုအချိန်တွင် အရွယ်ရောက်နေသော်လည်း မျက်နှာအသွင် အပြင်မှာ ပြောင်းလဲမှုမရှိသဖြင့် ကလေးရုပ်မပျောက်သေးပေ။ တစ္ဆေကြင်ယာ တော်သာ သူ့ကို အာရုံစိုက်မိလျှင် ပြဿနာဖြစ်မည်ကို ကြောက်မိသည်။

ထို့အပြင် သူမသည် အားကောင်းပြီး ရည်မှန်းချက်ကြီးသည့် မိန်းမဖြစ် သည်။

***

All Chapters