← Chapters

စိစစ်ခြင်း

Vol. 147 Ch. 2055

စိစစ်ခြင်း

Vol. 147 Ch. 2055

ဝူလင်းယူသည် သူမ၏ စိုးရိမ်မှုများကို နားလည်သည်။ သူမသည် ကိစ္စ များစွာ လုပ်ခဲ့ပြီးပြီ။ အကယ်၍ တစ်စုံတစ်ရာသာ ထပ်ဖြစ်လာပါက သူမအပေါ် ရှိဖိအားမှာ ပိုကြီးလာမည်။

သူသည် ဖူရှီနှင့်ပတ်သက်၍ တာဝန်ယူရန် ဆန္ဒမရှိသော်လည်း သူသည် ယူယူ့ကို အထူးတလည်လာရှာသည်ဟု သူမ ခံစားရသဖြင့် တချို့သောကိစ္စများ ကြောင့် သူ့ကိုတာဝန်ယူရမည်ကို သူမထင်နေသည်။ သူမ ဆုံးဖြတ်ထားပြီ ဖြစ် သဖြင့် သူမ၏ ဆန္ဒကို သူလေးစားရုံသာရှိတော့မည်။

သို့သော် နတ်ဆိုးလောကသည်လည်း သူ့ကို ပြန်လာရန် တောင်းဆိုနေ သည်။ ထိုနေရာမှ အခြေအနေသည်လည်း မရိုးရှင်းပေ။ ယူယူ လေးမျက်နှာ အံ့ဖွယ်ချိပ်စည်း စုပြီးသည်အထိ စောင့်ရမည်လား သူ မသေချာပေ။

သူသည် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းတည်နေရာများကို ပြောပြချင်မိ သည်။ သို့သော် ပြောလိုက်လျှင်လည်း မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်း တောင်းရန် တစ္ဆေဘုရင်ဆီသို့သွားရမည်ဖြစ်သည်။ ပြီးနောက် အရှေ့မျက်နှာ ချိပ်စည်းယူရန် သူနှင့်အတူသွားရမည်။ တစ္ဆေဘုရင်မှ သူမကို ပြောလာသည် အထိ စောင့်လိုက်သည်ကကောင်းမည်။

ဖူရှီသည် သူတို့နှစ်ယောက်လုံး၏ အတွေးကိုမသိဘဲ အစောကတိုက်ပွဲ တွင် နစ်မျောနေဆဲဖြစ်ကာ စိတ်လှုပ်ရှားစွာပြောလေသည်။ “ယူယူ ငါ့ခန္ဓာ ကိုယ်ကို မိုးကြိုးသွားနဲ့ကုခဲ့တာလေ.. အခုဆို သန်မာနေပြီ… ခုနက ငါ တိုက်ခိုက်တာကို မင်းမမြင်လိုက်လို့…”

သူသည် တိုက်ခိုက်ခဲ့ပုံများကို ပျော်ရွှင်စွာပြောနေသည်။ သို့သော် သူတို့ သည် လျစ်လျူရှုပြီး သူ့ဘာသာလွှတ်ထားလိုက်တော့သည်။ အဆုံးတွင် ယူယူ သည် သူ့ကိုအာရုံပင်မရှိတော့ဘဲ ဒိကျို့ကျို့ကို ခေါ်ပြီး တိုက်ပွဲရလဒ်အကြောင်း ကိုမေးလေသည် “ကျို့ကျို့ အခြေအနေဘယ်လိုလဲ”

“ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် သေသွားတယ် အယောက် ၃၀ ဒဏ်ရာရနဲ့ နှစ်ယောက်က ဒဏ်ရာပြင်းတယ်” ကျို့ကျို့ ပြန်ဖြေလေသည်။

ဤကဲ့သို့အခြေအနေမျိုးတွင် အထိအခိုက်နည်းသည်ဟု ပြော၍ရသည်။

“သူတို့ကို အရည်အသွေးကောင်းတဲ့ ဆေးတွေပေးလိုက် ပြီးရင် အနားယူ ပြီး နလန်ထူခိုင်းလိုက်… သူတို့ ဒဏ်ရာတွေကုပြီးသွားရင် အင်ပါယာမြို့တော် ကိုပြန်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ဒဏ်ရာများပြင်းထန်သူများရှိသဖြင့် ဒိကျို့ကျို့လည်း ထိုသို့ စီစဉ်ထားသည်။

“ဒီကိစ္စကိုတော့ ထပ်ပြီးစုံစမ်းဖို့ လူလွှတ်လိုက်ဦး.. လန်ဟဲ့က နှစ်တွေ အများကြီး ဒီမှာစီမံလာတာ.. ငါတို့မတွေ့သေးတဲ့လူတွေလည်း ထပ်ရှိနိုင်သေး တယ်.. ထပ်ပြီးတူးဆွဖို့လိုလိမ့်မယ်”

“ဟုတ်ကဲ့ပါ မင်းသမီးလေး”

သူတို့သည် လန်ဖန်းနှင့် တခြားသူများ၏ တည်နေရာကို ခြေရာခံလိုက်ခဲ့ သဖြင့် ဒိကျို့ကျို့ခေါ်လာသောလူများမှာ ခြေရာကောက်ရာတွင် တော်ကြသူ များဖြစ်သည်။ မဟုတ်လျှင် အချိန်တိုအတွင်း လန်ဟဲ့၏လူများကို ရှာတွေ့မည် မဟုတ်ပေ။ သူတို့ကို အချိန်ထပ်ပေးလိုက်လျှင် အတွင်းထဲထိပါ တူးဆွနိုင်လိမ့် မည်။

နောက်နေ့မနက်အစောတွင် ရှောင်လင်းသည် ရှီမာယူယူကို လာရှာလေ သည်။ မနေ့ညက တိုက်ပွဲတွင် သူမ ဒဏ်ရာရမည်ကို သူစိုးရိမ်နေခဲ့သည်။ ရှီမာယူယူ အဆင်ပြေသည်ကိုမြင်သောအခါ အချက်အပြုတ်သင်ရန် တောင်းဆို လေသည်။

ကျန်သည့်အချိန်များတွင် ယူယူသည် တည်းခိုဆောင်တွင်သာ သူတို့နှင့် အတူ အချိန်ကုန်ဆုံးသည်။ တည်းခိုဆောင်တာဝန်ခံနှင့် စားပွဲထိုးတို့ ပြေးသွား ကြသဖြင့် နေရာတစ်ခုလုံးကို သူတို့ အုပ်စိုးနေကြသည်။ ရံဖန်ရံခါ သူမသည် လန်ဖန်းတို့ နလန်ထူမည့်ကိစ္စတွင်ကူညီပြီး ဒိကျို့ကျို့ တင်ပြသည့် သတင်းများ ကိုနားထောင်ကာ ကျန်သည့်အချိန်များတွင် ရှောင်လင်းကို အချက်အပြုတ်သင် ပေးသည်။

ရှီမာယူယူ ဤနေရာတွင် ကြာကြာမနေသည်ကို ရှောင်လင်းသိသဖြင့် အဆက်မပြတ်သင်ခိုင်းသည်။ သူသည် မရပ်မနားသင်ကြားကာ သူမ မပြန်ခင် ဟင်းပွဲများပိုချက်တတ်ချင်နေသည်။

ရှီမာယူယူ သင်ကြားချိန်တွင် လန်ဖန်းတို့၏ အခြေအနေကိုပါ ထည့် စဉ်းစားသည်။ သူမသည် သူတို့၏ခန္ဓာကိုယ်အခြေအနေအား သက်ရောက်နိုင် မည့် ဆေးထည့်ချက်သည့် ဟင်းများကိုရွေးချယ်ကာ တစ်လက်စတည်း သူတို့ နလန်ထူရာတွင် ကူညီပေးသည်။

လန်ဖန်းနှင့် တခြားသူများမှာ ကံကောင်းကြသည်။ ရှီမာယူယူနှင့် ရှောင်လင်းတို့နှစ်ယောက်လုံး၏ ဟင်းပွဲများမှာ အလွန်အရသာရှိသည်။ ထို ဟင်းများသည် သူတို့ဗိုက်တွင်နေရာယူကာ ခန္ဓာကိုယ်များပင်ပြည့်လာသည်။

ထိုနေ့တွင် ရှီမာယူယူနှင့် ရှောင်လင်းတို့မီးဖိုဆောင်တွင် ချက်ပြုတ်နေစဉ် ရှောင်လင်းသည် လူကြီးမင်းသုံးဦးအကြောင်းပြောလာသည်။ အသူရာမြို့တော် တွင် ရုန့်ရင်းဆန်ခတ်များဖြစ်သော်လည်း ဘာကြောင့် မည်သူမှမေးခွန်းမထုတ် ကြသည်ကို သူမ သူ့ကိုမေးခဲ့သည်။

“ဒီကိစ္စမှာ ဘေးဖယ်နေဖို့ ဦးလေးနဲ့ ရွှီဝူတို့က တခြားလူကြီးမင်းကို ပြော ထားကြတယ်.. သူလည်း ဆရာ့ရဲ့သရုပ်မှန်ကိုသိနေတော့ မမြင်ချင်ယောင် ဆောင်ထားတာလေ” ရှောင်လင်း ရှင်းပြလေသည်။

“အဲတော့ သူတို့က ငါ့ကိုယ်စားပြောပေးလို့ကိုး… အဲလိုဆိုရင် သူတို့ကို နောက်ထပ်အကြွေးတင်သွားပြန်ပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ရွှီဝူအကြောင်းတော့ မသိပါဘူး.. ဒါပေမဲ့ ဦးလေးပြောပေးတာကိုတော့ အံ့ဩနေတာ.. အရင်တုန်းက သူ့အကျင့်လိုသာဆိုရင် နှုတ်ဆိတ်နေမှာပဲ… ဒါပေမဲ့ နောက်နေ့ သူ့ကိုစကားသွားပြောတော့ အဲကိစ္စတွေကို ဖြေရှင်းပြီးပြီလို့ တောင်ပြောသေးတယ်” ရှောင်လင်းသည် ပြောနေရင်းနှင့် အနည်းငယ် အံ့ဩ နေသည်။ ထိုအရာမှာ ဦးလေးဖြစ်သူ၏ အကျင့်နှင့် မညီညွှတ်လှပေ။ သူမက သူ့ရဲ့ဆရာဖြစ်နေလို့ ကူညီပေးတာလား။

“ငါမသွားခင် သူ့ကိုကိုယ်တိုင် ကျေးဇူးသွားတင်ရမယ်” ရှီမာယူယူ ပြော လိုက်သည်။

သူမ ထွက်သွားတော့မည်ဟု ကြားချိန်တွင် ရှောင်လင်း စိတ်ဓာတ်ကျ သွားသည်။ သူသည် လုပ်လက်စခေါက်ဆွဲကို ဆက်လုပ်ရမှာပင် စိတ်မပါတော့ ပေ။ သူ့လက်များရပ်သွားပြီး မေးလေသည် “ဆရာ ထွက်သွားမယ်လို့ ဆုံးဖြတ် ပြီးပြီလား”

“ရက်အတိအကျကိုတော့ မဆုံးဖြတ်ရသေးဘူး.. ဒါပေမဲ့ အကြမ်းဖျင်း တော့ တွေးထားပြီးပြီ” ရှီမာယူယူ ပြောလိုက်သည် “ငါ ဒီကိုရောက်တာ လတစ် ဝက်ကျော်နေပြီ လန်ဖန်းတို့ရဲ့ကျန်းမာရေးလည်း ကောင်းလာပြီ အင်ပါယာ မြို့တော်မှာ ငါ့ကိုစောင့်နေတဲ့ကိစ္စတွေလည်းရှိသေးတယ် ၁၀ ရက်အတွင်း တော့ ပြန်သွားဖြစ်လောက်တယ်”

သူမသည် အဘိုးဖြစ်သူ မည်သို့ရှိနေသည်ကို သွားကြည့်ချင်သည်။ သူမ သည် ဟိုင်မြန့်ရှိနေသည့်နေရာကိုရှာရဦးမည်ဖြစ်ပြီး လေးမျက်နှာအံ့ဖွယ်ချိပ် စည်းကိုရှာကာ မိခင်ဖြစ်သူကိုကယ်ရဦးမည်။

သူမအတွက် လုပ်စရာများသည် စောင့်ဆိုင်းနေသည်။ အထူးသဖြင့် ဟိုင်မြန့်ကိစ္စပင်။ အချိန်ဆွဲ‌လေလေ သူမအတွက် ခံစားရလေလေဖြစ်သည်။ သူမသည် ဖြစ်နိုင်သလောက်မြန်မြန် ရှာရမည်။

“မြန်လိုက်တာ” ရှောင်လင်း တီးတိုးပြောနေသည်။

“ဟုတ်တယ် ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ မင်းအတွက် ဟင်းချက်နည်းတွေ ထားသွားမှာပါ.. အဲဒါတွေရေးလို့မပြီးသေးလို့.. မသွားခင် ပေးသွားမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အိုး” ရှောင်လင်းသည် အားလျော့စွာ ပြန်ဖြေလေသည်။

အကြောင်းအရင်းတချို့ကြောင့် သူမ ထွက်သွားမည်ဟု ကြားလိုက်သည် နှင့် သူ့နှလုံးသားသည် ရုတ်တရက် လစ်ဟာသွားသလိုခံစားရသည်။ သူမ ထွက် သွားသည်နှင့် မြို့တွင်နေခဲ့ရသည်မှာ အဓိပ္ပာယ်မဲ့သွားသလိုပင်။ ဒါပေမဲ့ ဒီနေရာက သူနှစ်ပေါင်းရာချီနေလာခဲ့တဲ့ နေရာပဲမလား။ သူမနဲ့ အတူနေတဲ့ လတစ်ဝက်နဲ့ ဘာလို့ယှဉ်မရတာလဲ။

ထိုသို့ဆိုလျှင် ဦးလေးဖြစ်သူ သူ့ကိုပေးသည့် အကြံကိုပြန်စဉ်းစားရတော့ မည်။

“ဆရာ အနာဂတ်မှာ အသူရာငရဲကိုသွားမှာလား”

သူသည် သူမ၏မိခင်အကြောင်းကို သိနေသည်ဟု ရှီမာယူယူ တွေးထား သည်။ သို့သော် သူ့ကိုကြည့်လိုက်ချိန်တွင် မေးစရာမလိုအောင်ပင် သူ့မျက်လုံး များထဲတွင် အံ့ဩမှုများ ရှိနေသည်ကို မြင်လိုက်ရသည်။ သူမသည် တည်ငြိမ်စွာ ပင် မေးလေသည် “ဘာလို့ ဒီလိုမေးတာလဲ”

“ဆရာ ကျွန်တော်ပြန်တော့မယ်” ရှောင်လင်း ပြောလေသည် “ဦးလေးက အသူရာငရဲကိုပြန်တော့မယ်လို့ ပြောတယ်.. ကျွန်တော့်ကိုလည်း ပြန်လိုက် မလားလို့မေးနေတာ.. အစတုန်းကတော့ မပြန်ချင်ဘူး ဒါပေမဲ့ အခုဒီမှာနေရ တာ အဓိပ္ပာယ်မရှိတော့သလိုပဲ.. ပြီးတော့ အိမ်ကထွက်လာတာလည်း နှစ်တွေ ရာချီကြာနေပြီ သွားပြန်ကြည့်သင့်ပြီထင်တာပဲ”

“မင်းဦးလေးက အသူရာငရဲကိုပြန်မလို့လား.. သူက ဒီမှာတစ်ချိန်လုံး နေမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”

“ဒီအကြောင်းကြားတော့ ကျွန်တော်လည်း အံ့ဩနေတာ.. ဒါပေမဲ့ ဦးလေးက ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ဘယ်သူမှ သူ့စိတ်ကိုပြောင်းနိုင်မှာ မဟုတ်ဘူး.. အကြောင်းအရင်းကို သိလားလို့ ဆရာ့ကိုတောင် မေးမလို့ပဲ” ရှောင်လင်း ပြောလေသည်။

“အကြောင်းအရင်းကို ငါက ဘာလို့သိရမှာလဲ” ရှီမာယူယူသည် ပြုံးပြီး နောက် ရှက်ရွံ့မှုကို ဖုံးဖိထားလိုက်သည်။ အဲလူက သူမအမေကြောင့် သွားတာ မဟုတ်ဘူးမလား။ သူမအဖေရဲ့ အချစ်လုဖက်ကို တွေ့လိုက်ရပြီလား။

သို့သော် သူမမိခင် အချုပ်ခံထားရသည့်နေရာကို အများစုမသိကြပေ။ သူ ပြန်သွားလျှင်တောင် အသုံးမဝင်နိုင်ပေ။ အရင်ဆုံးတော့ သူ့ကို သွားရှာခွင့်ပြုရ မည်။

သူမ ထိုအကြောင်းတွေးမိသောအခါ ဖခင်အတွက် တွေးပူနေသည်မှာ ငြိမ်ကျသွားတော့သည်။

***

All Chapters