← Chapters

ပြောင်းလဲမှုများ

Vol. 147 Ch. 2056

ပြောင်းလဲမှုများ

Vol. 147 Ch. 2056

ရှီအာမို့ အသူရာငရဲကိုပြန်တော့မည့်သတင်းကို ရှီမာယူယူ အိမ်တော် သို့သွားကာ အတည်ပြုသည်။ သူ အသူရာငရဲတွင်ရှိနေသည့်အချိန် ဆက်သွယ် ရန်နည်းလမ်းကို သူမကို ထုတ်ပေးသည်။

“လူကြီးမင်း ပြန်သွားရင် ဒီနေရာကလူတွေဘယ်လိုဖြစ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါ ထွက်သွားပြီးရင်တော့ တစ်ယောက်ယောက်က ဆက်ခံလိမ့်မယ်.. သူတို့ လုံခြုံရေးကိုတော့ မင်း စိတ်ပူဖို့မလိုပါဘူး.. ဒါပေမဲ့ တစ်ခဏလောက် တော့ ဆူညံပူညံဖြစ်ကြလိမ့်မယ်” ရှီအာမို့ ပြန်ဖြေလေသည် “ငါ ဒီမှာနေလာ တာကြာပြီ.. အရင်တုန်းကတော့ ဒီလိုနေရာမျိုးကို ငါလုပ်ချင်ခဲ့တာ.. ဒါပေမဲ့ အခုကျ ဒီနေရာမှာ ငါ့ကိုယ်ငါ ပိတ်လှောင်ထားတယ်ဆိုတာကို သိသွားပြီ”

“ဒါဆို ဘယ်တော့ပြန်မှာလဲ”

“မင်း ပြန်တဲ့အထိစောင့်နေတာ.. မင်းက ဒီမှာပြဿနာကြီးရှာပြီး လူတွေ အများကြီးသေအောင်လုပ်ခဲ့တာလေ.. အဲဒါကြောင့် အသူရာမြို့တော်လည်း ပြောင်းလဲမှုကြီးလိမ့်မယ်.. ငါသာထွက်သွားရင် အသူရာမြို့တော်ကြီးတော့ ပြောင်းပြန်ဖြစ်သွားမှာ” ရှီအာမို့သည် အုပ်ချုပ်သူဖြစ်သည်နှင့်အချီ လူများ၏ လေးစားခြင်းကိုခံရသည်။ သူတို့အတွက် ထည့်စဉ်းစားပေးသည်မှာ သဘာဝကျ သည်။

“အဟွတ် အဟွတ်” ရှီမာယူယူ အနည်းငယ် ရှက်သွားသည်။ သူမသည် လည်း ထင်ပေါ်မနေချင်ပေ။ သူမကို လှုံ့ဆော်သည်မှာ လန်ဟဲ့၏ အမှားသာ ဖြစ်သည်။

ရှီအာမို့သည် သူမကိုကြည့်လိုက်သည်။ ပြီးနောက် နှုတ်ခမ်းထောင့်မှာ အသာတွန့်တက်သွားသည်။ သူမ၏ ယခုပုံစံကိုကြည့်ရသည်မှာ သူမ၏ မိခင် နှင့် အလွန်ပင်တူသည်။

၁၀ ရက်ကြာသောအခါ ရှီမာယူယူသည် ဟင်းချက်နည်းများ အပြည့်‌ရေး ထားသော စာအုပ်ထူကြီးတစ်အုပ်ကို ရှောင်လင်းအားပေးလိုက်သည်။ ရှောင်လင်းသည် ဟင်းချက်နည်းများကိုကြည့်ပြီး မှင်တက်နေသည် “ဆရာ ဒီမှာ ဟင်းချက်နည်း ဘယ်နမျိုးတောင်ရှိတာလဲ”

သူသည် သူမဆီမှ အချိန်ကြာမြင့်စွာသင်လာခဲ့ကာ နေ့စဉ်အသစ်အသစ် ဖြစ်နေရာ ဟင်းချက်နည်းအားလုံးကို သင်ပြီးနေပြီဟု ထင်ထားခဲ့သည်။ သူ မသင်ရသေးသည့် ဟင်းများစွာ ကျန်ဦးမည်ဟု ထင်မထားပေ။

“ရာဂဏန်းလောက်ပါပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းကို သင်ပေး ထားတာ တချို့တော့ရှိတယ်.. မပြောရသေးတာတွေလည်း ကျန်နေသေးတယ် မသင်ပေးရသေးတာတွေက ရိုးရှင်းတယ်ဆိုတော့ စာအုပ်ထဲက အဆင့်တွေ အတိုင်းလိုက်ရုံပဲ”

ရှောင်လင်း နားလည်သည်။ သူ့ဘေးတွင် သူမကိုယ်တိုင် မညွှန်ကြားနိုင် သဖြင့် သူမ၏ ကိုယ်ပိုင်ဟင်းချက်နည်းများအားလုံးကို ပေးလိုက်သည်။

“ဆရာ ကျေးဇူးတင်ပါတယ်” သူသည် သူမအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ သူ့လက်ထဲမှ ဟင်းချက်နည်းစာအုပ်သည် ပုံမှန်နှင့်မတူစွာ ပင် လေးလံသလိုခံစားရသည်။

“ငါတို့တွေ အတူရှိခဲ့တဲ့အချိန်က မကြာပေမဲ့ မင်းလက်ရာက မင်းရဲ့ အကျင့်လိုမျိုး ကောင်းလာဖို့ မျှော်လင့်ပါတယ်”

“ဟုတ်ကဲ့ပါ ဒီတပည့်က ဆရာ့ရဲ့သွန်သင်မှုအတိုင်း လိုက်နာပါ့မယ်” ရှောင်လင်းသည် သူမကို ဦးညွှတ်လေသည်။

ရှီမာယူယူသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဆရာ အသူရာငရဲကို သွားမှာလားလို့ အရင်တစ်ခေါက်က မေးထားတာ လေ အဲဒါကိုပြန်မဖြေရသေးဘူး” ရှောင်လင်း ပြောလိုက်သည်။

“သွားမှာပါ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်တော့လဲဆိုတာကို မသိ သေးပေမဲ့ သွားမှာတော့သေချာတယ်”

“ဒါဆိုရင် ကျွန်တော်ပြန်ရောက်ရင် စားသောက်ဆိုင်ဖွင့်မှာ ဆရာ လာ လည်ရမယ်နော်” ရှောင်လင်းသည် ထပ်မံစိတ်တက်ကြွသွားပြန်သည်။

“စားသောက်ဆိုင်တစ်ဆိုင်က သေရည်ကောင်းကောင်းရှိမှဖြစ်မှာ” ရှီမာယူယူသည် နောက်ထပ်စာအုပ်တစ်အုပ် ထုတ်ပေးလိုက်သည်။

ရှောင်လင်းသည် စာအုပ်ကို ယူလိုက်သည်။ ဟင်းချက်နည်း စာအုပ်အထူ နှင့်ယှဉ်လျှင် ထိုစာအုပ်သည် ပါးသည်။ သူသည် အထဲမှအကြောင်းအရာကို မေးမနေတော့ဘဲ ချက်ချင်းဖွင့်ပြီးကြည့်လိုက်သည်။ အထဲမှခေါင်းစဉ်ကိုမြင် သည်နှင့် ခံစားချက်ပါပါပြောလေသည် “ဆရာ ဒါက ဝိုင်ချက်နည်းတွေလား”

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “အချိန်မရှိလို့ အကျယ်တော့ ချဲ့မရေးနိုင်လိုက်ဘူး.. ဒါပေမဲ့ မင်းအရည်အချင်းနဲ့ဆိုရင် ဒီဥပမာတွေကနေ တစ်ဆင့် သင်ဖို့ ပြဿနာမရှိဘူးလို့ထင်တယ်”

ထိုနည်းလမ်းနှင့်ဆိုလျှင် တခြားသောဝိညာဉ်အသီးများရှိသည့်တိုင် အောင် ဝိုင်ချက်နိုင်မည်ဖြစ်သည်။

“ဆရာ ဒီစာအုပ်ထဲက ဝိုင်တွေလိုမျိုး ဝိုင်ကောင်းကောင်းလေး ချက်ကြည့် ပါမယ်” ရှောင်လင်းသည် ဟင်းချက်နည်းနှင့် ဝိုင်ချက်နည်းစာအုပ်များကို ကိုင် ထားပြီး ပျော်ရွှင်စွာ ပြောလေသည်။

“ဟုတ်ပါပြီ ငါစောင့်နေပါမယ်.. နောက်တစ်ခါ ငါတို့တွေ့ရင် မင်း ချက် ထားတဲ့ ဝိုင်သောက်ဖို့မျှော်လင့်ပါတယ်” ရှီမာယူယူသည် ပြုံးပြီးပြောလေ၏။

“စိတ်ချပါ အဲလိုလုပ်မှာပါ” ရှောင်လင်းသည် ယုံကြည်ချက်ရှိရှိ ပြောလေ သည်။

“ဟင်းချက်နည်းမှာ ဝိညာဉ်စွမ်းအင်နည်းနည်းရှိပေမဲ့ အဲဒါကို အရမ်းကြီး မမှီခိုနဲ့.. ကျင့်ကြံဖို့လိုသေးတယ်နော်” ရှီမာယူယူ ပြောလိုက်သည် “မင်း အသက်ရှည်မှ အရသာရှိတဲ့အစားအသောက်တွေကို ချက်ဖို့ အချိန်ပိုရှိမှာ”

ရှောင်လင်းသည် ရင်ထဲထိသွားမိသည်။ အရင်က ချက်ပြုတ်ခြင်းသည် အသုံးမဝင်သဖြင့် ထိုအရာတွင် အချိန်မကုန်ရန် တခြားသူများပြောခဲ့ကြသည်။ အလုပ်တွင် ရိုးသားမှုမရှိလျှင် အနှေးနှင့်အမြန် နောင်တရလိမ့်မည်ဟုပင် ပြော ခဲ့ကြသည်။

သူသည် ဟင်းများချက်ပြုတ်ရာတွင် စိတ်အားထက်သန်နေပြီး သူ၏ အရည်အချင်း တိုးတက်မှုမှာ နှေးကွေးသည်ကို မိဘများမြင်သောအခါ စိတ်ပူ ကြသည်။ သူတို့သည် သူ ဤလမ်းသို့ဆက်လျှောက်သည်ကို တားချင်သည်။ ထို့ကြောင့် ဦးလေးဖြစ်သူဆီသို့ ပို့လိုက်ခြင်းဖြစ်သည်။ ကံကောင်းစွာပင် သူ၏ ဦးလေးဖြစ်သူမှာ သူ့ကို ဂရုမစိုက်လှပေ။ သူသည် ဤနေရာတွင် ပိုလွတ်လပ် နေသည်။ ထို့ကြောင့်ပင် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ကာ အပြစ်ပြောမည့်သူ မရှိသည့်အချိန်တွင် ဟင်းများချက်ပြုတ်နေခဲ့သည်။

သူ၏ အိပ်မက်နောက်သို့လိုက်ရန် ယခုလိုလုပ်နေသည်ဟု ခံစားရသည်။ သူ၏ အရည်အချင်းတိုးတက်မှုမှာ နှေးကွေးလျှင်တောင် ပြဿနာမရှိဟု ခံစား ရသည်။ လူသားတွေက အိပ်မက်နောက်ကိုလိုက်ဖို့အတွက်နဲ့ အသက်ရှင်နေကြ တာမလား။

ထို့ကြောင့် သူ၏ အလုပ်ကိုနောင်တမရခဲ့ဖူးပေ။

သို့သော် သူမ၏ စကားများသည် သူ့ကိုအားရှိစေသည်။ ကျင့်ကြံရန် ခုခံလာသမျှအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ဆရာပြောသည်မှာ မှန်သည်။ အရည်အချင်းမြင့်လေလေ အသက်ရှည် လေလေဖြစ်သည်။ ထိုအခါ ချက်ပြုတ်ရန် အချိန်ပိုရလာမည်မဟုတ်ပါလား။ ထို ရှုထောင့်မှကြည့်လျှင် သူ ပြန်ရောက်သည်နှင့် ကျင့်ကြံရန်အချိန်ပိုယူရတော့ မည်။

ထို့အပြင် သူ လေ့ကျင့်ရန် ဆန္ဒရှိနေသရွေ့ မိခင်ဖြစ်သူနှင့် တခြားသူများ သည် ဟင်းချက်ခြင်းကို ကန့်ကွက်တော့မည်မဟုတ်ပေ။

အရင်ကဆိုလျှင် စားသောက်ဆိုင်မဖွင့်ခင် အများကြီးဖြတ်ကျော်ရမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ယခုအချိန်တွင် စိတ်ပူရန်မလိုတော့ပေ။

သူသည် တံဆိပ်ပြားထုတ်ပြီး ရှီမာယူယူကို ပေးကာ ပြောလိုက်သည် “ဆရာ ဒီတံဆိပ်ပြားကိုယူထားလိုက်.. အသူရာငရဲကိုသွားရင် ဒီတံဆိပ်နဲ့ဆို လူတိုင်းကရှောင်ပေးကြလိမ့်မယ်”

ရှီမာယူယူ လက်ခံလိုက်သည်။ သူမ အသုံးမလိုသော်ငြား ပေးသောသူ သည် ကောင်းသောရည်ရွယ်ချက်ဖြင့် ပေးနေခြင်းဖြစ်သောကြောင့်ပင်။

ပြောရလျှင် သူမတွင် ဤကဲ့သို့ တံဆိပ်ပြားများ သိမ်းထားသည်မှာ မနည်း ပေ။ သို့သော် တစ်ခါမှအသုံးမပြုဖူးပေ။

ရှောင်လင်းသည် သူတို့ကို အသူရာမြို့ပြင်ထိလိုက်ပို့သည်။ သူတို့ ထွက် သွားသည်ကို ကြည့်ရင်းနှင့် ဝမ်းနည်းမှုများကို ဘေးချိတ်ထားကာ မြို့သို့ပြန်ပြီး ရှီအာမို့ကို သွားရှာလေသည်။

ရှီအာမို့သည် မြို့ထဲတွင် ဖြေရှင်းပြီးဖြစ်သည်။ မြို့တည်ငြိမ်သည်ကို သေချာအောင်လုပ်ရန် သူတို့ထွက်သွားသည်အထိ စောင့်နေခြင်းဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် အမှန်တကယ်တော့ သူမ အတွေးလွန်မည်ကို တားဆီး လို၍ဖြစ်သည်။

သူမ၏သမီးဖြစ်သူကို သူ ဘေးကင်းစေလိုခြင်းကြောင့်ပင်ဖြစ်သည်။

“ဦးလေး ဆရာထွက်သွားပြီ” ရှောင်လင်း ပြောလိုက်သည်။

“ဟုတ်ပြီ ငါတို့လည်းထွက်သွားရတော့မယ်” ရှီအာမို့သည် ချပ်ပြားတစ်ခု ထုတ်ကာ သူ၏ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ ချပ်ပြားသည် စတင်အရောင် ထွက်လာကာ အလယ်တွင် လေဟာပြင်လိုဏ်ခေါင်းပွင့်လာသည်။ ဝင်ပေါက် လုံးဝပြည့်ရန်စောင့်ပြီးနောက် သူသည် အချပ်ပြားကိုသိမ်းပြီး အရင်လျှောက်ဝင် သွားသည်။

ပြီးသည်နှင့် ရှောင်လင်းလိုက်သွားပြီး သူ၏ကိုယ်ရံတော်များမှ လိုက်ကြ သည်။ အလင်းပိတ်သွားချိန်တွင် သူတို့လူအားလုံး ထွက်သွားပြီဖြစ်သည်။ အသူ ရာမြို့တော်၏ အုပ်ချုပ်သူသုံးယောက်မှာ ထိုအတိုင်းပင် အဖွဲ့ကွဲသွားတော့ သည်။

ရှီအာမို့ ထွက်သွားသည်နှင့် ရွှီဝူနှင့်တခြားသူများသည် ချက်ချင်းခံစားမိ လိုက်သည်။ သူ ထွက်သွားရသည့် အကြောင်းအရင်းကို သူတို့မသိသော်လည်း ရှီမာယူယူနှင့် တစ်ခုခုပတ်သက်မှုရှိလိမ့်မည်ဟု အလိုလိုသိစိတ်မှပြောနေ သည်။

“သူမက တကယ်ပဲ အသူရာမြို့တော်ကို မွှေသွားတာပဲ” သူ သက်ပြင်းချ လိုက်သည်။

သို့သော် ထိုအရာကပင် သူ့ကို အခွင့်အရေးပေးခဲ့သည်။ အုပ်ချုပ်သူ သုံးဦး မရှိတော့သဖြင့် အနာဂတ်တွင် အာဏာအတွက် တိုက်ခိုက်ရန် နှစ်ယောက်သာ ကျန်တော့သည်။

မြန်ဆန်ရန်သာ လိုအပ်သည်။ သူသည် ပထမနေရာကို ဦးအောင်လုရ မည်။

အသူရာမြို့တော်မှ လေထုပြောင်းလဲသွားသည်နှင့် ရှီမာယူယူ ရောက် လာချိန်နှင့် ပြန်သွားချိန် သက်ရောက်မှုမှာ မည်မျှကြီးကြောင်းကို မြို့ထဲမှလူ များသိသွားကြလေသည်။

ရှီမာယူယူသည် အသူရာမြို့တော်မှ အင်ပါယာမြို့တော်ကို ပြန်ကြသည်။ ဒီကျဲ့သည် ဟိုင်မြန့်၏ တည်နေရာကို ရှာတွေ့ပြီဖြစ်သည်။ ရှီမာယူယူသည် လန်ဖန်းနှင့် တခြားသူများကို ငယ်ရွယ်ခြင်းနန်းတော်သို့ ပြန်ပို့သည်။ မကြာမီ တွင် ဒိကျဲ့သူမကို လာရှာသည့်သတင်းရောက်လာသည်။

လန်ယွင်သည် သူမ၏ အစ်ကိုဖြစ်သူကိုမြင်သောအခါ စိတ်လှုပ်ရှားလွန်း သဖြင့် ဘာမှပြောမထွက်ပေ။ တခြားသူများလည်း ပျော်ရွှင်ကြသည်။ ဤဘဝ တွင် သူတို့ကို ထပ်တွေ့ရလိမ့်မည်ဟု ထင်မထားပေ။ ရှီမာယူယူသည် သူတို့ကို စကားပြောခိုင်းထားပြီးနောက် မိခင်ဖြစ်သူ၏ စာဖတ်ခန်းကို ဒိကျဲ့နှင့်အတူ သွားလိုက်ကြသည်။

***

All Chapters