ဟိုင်မြန့်
Vol. 147 Ch. 2058
ရှီမာယူယူသည် သူမ၏လူများကို ဦးဆောင်ပြီး ယွိဟောက်၏နန်းဆောင် သို့ ချီတက်လေသည်။
ရှီမာယူယူ လာနေသည်ဟု ယွိဟောက်ကြားသောအခါ အိပ်ရာထခါစရှိ သေးသည်။ သူမ ရောက်လာသည့်သတင်းကို ကြားသောအခါ ဘောင်းဘီကိုပင် မ,တင်ရန် အချိန်မရှိလိုက်ပေ။ သူ၏ လက်များတုန်ယင်လာပြီး ဘောင်းဘီမှာ အောက်သို့လျှောကျလုနီးပါးဖြစ်သွားသည်။
သူသည် နန်းတွင်းသူကို စိုက်ကြည့်ပြီး မယုံနိုင်စွာကြည့်လိုက်သည် “ဘယ်သူလာတယ်လို့ ပြောလိုက်တယ်…”
“မင်းသမီးလေး ရှီမာယူယူပါ” အပျိုတော်မှ ပြန်ပြောလေသည်။
“သူမကို ငါတောင်သွားမရှာဘူး ဒါပေမဲ့ သူမက ငါ့ကိုလာရှာရဲတယ်ပေါ့” ယွိဟောက်သည် အော်လေသည် “မဟုတ်သေးဘူး နေပါဦး သူမကဘယ်တုန်း က ပြန်ရောက်တာလဲ”
“မနေ့က ပြန်ရောက်ပါတယ်”
“မနေ့ကပြန်ရောက်တာကို ဘာလို့ ငါ့ကို လာရှာရတာလဲ.. အခုတလော ငယ်ရွယ်ခြင်းနန်းတော်က ဘယ်သူ့ကိုမှ ငါ အနိုင်မကျင့်မိပါဘူး” ယွိဟောက် သည် နားမလည်နိုင်ဖြစ်နေသည်။ သူသည် သူမကို ရန်သွားမစခဲ့ပေ။ အဲဒါကို ဘာလို့ သူမ ပြန်ရောက်တာနဲ့ သူ့ကိုလာရှာရတာလဲ။
“မင်းသားလေး မင်းသမီးလေးက စောင့်နေမယ်လို့ ပြောပါတယ်.. သူမကို မတွေ့မချင်း မပြန်ဘူးလို့ပြောပါတယ်” အပျိုတော် ပြောလေသည် “မင်းသား လေး ကျွန်မတို့ဘာလုပ်…”
“သူမကို တွေ့ရုံပဲမလား.. ဒါဆိုလည်း သွားတာပေါ့.. ပြီးတော့ ဒါက ငါ့ နန်းတော်လေ.. ငါက သူမကို ဘာလို့ကြောက်နေရမှာလဲ” ယွိဟောက်သည် ဘောင်းဘီကို ခါပြီးအပေါ်ပင့်တင်ကာ ခါးပတ်ဝတ်လိုက်သည်။ ပြီးနောက် အပြင်ထွက်သွားလျှင် ကြောက်နေဟန်မပေါ်စေရန် အသက်ပြင်းပြင်းရှုကာ သတ္တိမွေးလေသည်။
သို့သော် သူမရမကဖန်တီးထားသော သတ္တိမှာ ရှီမာယူယူကို တွေ့သည် နှင့် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။ သူမကို မြင်လိုက်သည်နှင့် ထိုစဉ်က မိုးကြိုးကို ပြန်အမှတ်ရသွားသည်။
ထိုအချိန်က သူ၏ အဘွားဖြစ်သူသည် သူ့ကိုကူညီပြီး မိုးကြိုးဘေးဒုက္ခနှင့် ရင်ဆိုင်ပေးခဲ့သည်။ သို့သော် သူမ အားကောင်းသည့်တိုင်အောင် မိုးကြိုး ကြောင့် ထိုအဆင့်ထိ ထိခိုက်ခဲ့သည်။ သူမကို မြင်သောအခါ သူ တုန်လှုပ်သွား သည်။ မိုးကြိုးသွား နောက်တစ်ချက်လောက် အပစ်ခံရလျှင် မည်သို့ဖြစ်မည်ကို သူ တွေးပင်မတွေးရဲပေ။
အထူးသဖြင့် ယခုအချိန်ဖြစ်သည်။ သူမ သူ့ကိုပြုံးပြနေသည်ကို မြင်သော အခါ ထိုအချိန်က ပြုံးပြခဲ့သည့်အပြုံးကို ပြန်အမှတ်ရသွားစေသည်။ ထိုစဉ်က သူမသည် ယခုလိုပင် ပြုံခဲ့သည်။ ထိုအပြုံးသည် အန္တရာယ်ကင်းပုံပေါက်သော် လည်း သူ၏အဘွားဖြစ်သူကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့သည်။
ရလဒ်အနေနှင့် သူသည် အလိုလိုပင် ခြေလှမ်းဆုတ်မိကာ သူမအား နိုးကြားစွာ ကြည့်မိသည် “မင်း ဘာလုပ်ချင်လို့လဲ”
ရှီမာယူယူသည် သူ၏ချဲ့ကားနေသော တုံ့ပြန်ချက်ကို မြင်သောအခါ အနည်းငယ် မူးဝေသွားသည်။ သူမသည် ဖြစ်နိုင်လျှင် ပဋိပက္ခကို ရှောင်ရှားရန် အတွက် သူ့ကိုလာနှုတ်ဆက်ခြင်းဖြစ်သည်။ သူသာ ဟိုင်မြန့်ကို လိုလိုလားလား ပေးပါက တိုက်ခိုက်ရန်မလိုတော့ပေ။
ဒါပေမဲ့ သူ့အပြုအမူကို ကြည့်ရတာ သူမကပဲ သူ့ကိုတစ်ခုခုလုပ်တော့ မယ်လို့ ဘာလို့ခံစားမိနေတာလဲ။ သူမ ဘာမှတောင်မလုပ်ရသေးဘူးလေ။
သူမ စကားမပြောသည်ကို ယွိဟောက်မြင်သောအခါ ထိုစဉ်က ဘာမှ မပြောဘဲ ပြုံးခဲ့သည့်အချိန်ကို ပြန်တွေးမိပြန်သည်။ ထိုမြင်ကွင်းမှာ ကြောက်ရွံ့ သွားစေသဖြင့် နောက်ထပ်ခြေနှစ်လှမ်းဆုတ်မိပြန်သည်။ ဤနေရာသည် သူ၏ ပိုင်နက်သာမဟုတ်ပါက သူ ချက်ချင်းပင် ပျံပြေးသွားလိုက်နိုင်သည်။
“မင်း ဘာလို့ ဒီကိုလာတာလဲဆိုတာ မပြောတော့ဘူးလား” သူ ထပ်မေး လိုက်သည်။
ရှီမာယူယူ သိသည်။ ထိုကိစ္စပြီးသည့်နောက် ယွိဟောက်သည် မအေးချမ်း ခဲ့ပေ။ သို့သော် သူ့ကို ထိုမျှဆိုးဆိုးဝါးဝါး ကြောက်သွားစေလိမ့်မည်ဟု ထင်မထားမိပေ။ သူမ၏မျက်နှာမှ အပြုံးသည် ပိုလေးနက်သွားကာ ပြောလေ သည် “ဝမ်းကွဲ.. ဒီလိုမျိုးလုပ်စရာမလိုပါဘူး.. ကျွန်မက တိုက်ဖို့ခိုက်ဖို့လာတာမှ မဟုတ်တာ”
“ဒါဆို ဘာလို့လာတာလဲ” ယွိဟောက်သည် သူမ၏ စကားကိုမယုံပေ။
“ရှင့်ဆီက လူတစ်ယောက်တောင်းစရာရှိလို့လာတာပါ” ရှီမာယူယူ ပြော လိုက်သည် “အဲလူကို ကျွန်မဆီကိုပေးသရွေ့ ဘာမှမလုပ်ဘူးရယ်”
“တကယ်လား”
“ဒါပေါ့”
“ဘယ်သူ့ကိုလိုချင်တာလဲ”
“ဟိုင်မြန့်”
“ဘယ်သူ့ကိုလိုချင်တယ်လို့ ပြောလိုက်တာ”
“ဟိုင်မြန့် ရှင့်ရဲ့ ကျင့်စဉ်ဖို” ရှီမာယူယူ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး” ယွိဟောက်သည် ချက်ချင်းပင် ငြင်းဆန်လေသည်။ သူမ မျက်နှာမှ အပြုံးမှာလျော့သွားကာ ဒေါသထွက်တော့မလိုဖြစ်နေသည်ကို မြင် သည်နှင့် တုန်လှုပ်သွားပြန်သည်။ သို့သော် သူ သဘောမတူသေးပေ “ဟိုင်မြန့် က ငါ ကျင့်ကြံတဲ့နေရာမှာ ကူညီပေးမှာ.. သူမက မင်းအတွက် ဘာမှအသုံးမဝင် ဘူး.. ကျင့်စဉ်ဖိုလိုချင်ရင် ဒိကျဲ့ကို ယောက်ျားလေးတွေရှာခိုင်းလိုက်ပေါ့”
ရှီမာယူယူ၏ အပြုံးမှာ လုံးဝအရှင်းပျောက်ကွယ်သွားသည်။ သူမသည် စကားမပြောဘဲ ယွိဟောက်ကို ထိုးဖောက်နိုင်မည့်အကြည့်ဖြင့် ကြည့်နေသည်။
သူမ အကြည့်ကြောင့် ယွိဟောက်၏ ဆံပင်များထောင်သွားပြီး လျှပ်စီး များဖြင့် ဝန်းရံခံလိုက်ရသလို ခံစားရလေသည်။ သူသည် အားပျော့စွာပြော လိုက်သည် “တကယ်လို့.. သူမက အမျိုးသမီးကျင့်စဉ်ဖိုလေ.. မင်းအတွက် ဘာမှအသုံးမဝင်ဘူး လိုချင်ရင် ယောက်ျားလေးကိုရှာလိုက်”
“သူမကိုပဲလိုချင်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူမက ရှင်နဲ့အတူ ရှိနေတယ်ဆိုတာကို သိတယ် ဟုတ်လား မဟုတ်ဘူးလား”
“ငါ…”
“ယွိဟောက် သေချာစဉ်းစားသင့်တယ်.. ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် သူမကို ခေါ်သွားမှဖြစ်မယ်.. အခု ကောင်းကောင်းစကားပြောနေတာက ရှင်နဲ့ မတိုက် ခိုက်ချင်လို့ပဲ.. အဲဒါကိုမှသဘောမတူဘူးဆိုရင်တော့ ရွေးချယ်စရာမရှိတော့ဘဲ သူမကို ခေါ်သွားရမှာပဲ” ရှီမာယူယူသည် ထပ်မံပြုံးလိုက်ပြန်သည်။ သို့သော် သူမ ဒေါသထွက်နေပြီကို ယွိဟောက်သိလိုက်ချေပြီ။ ထို့အပြင် သူမသည် ပြော လျှင်ပြောသည့်အတိုင်း လုပ်တတ်သည့် အမျိုးသမီးပင်။ ထိုအမျိုးသမီးကို သူမ ကိုမပေးပါက သူမသည် သူ၏နန်းတော်ကို ဖျက်ဆီးပစ်တော့မည့်ပုံပင်။
“အဲလောက်ကြီး မစိုးရိမ်ပါနဲ့” သူသည် အပြင်သို့ထွက်ပြေးမည့် အကြံကို တောင့်ခံထားကာ ရှီအာယူယူအား ပြောလိုက်သည် “တကယ်တော့ အဲဒါက.. မပေးနိုင်တာတော့မဟုတ်ပါဘူး ဒါပေမဲ့ သူမက…”
သူ စကားတုန်တုန်ယင်ယင်ဖြစ်နေသည်ကို မြင်သောအခါ အားလျော့ သွားသည် “ဟိုင်မြန့်သေသွားပြီလား”
“မသေသေးပါဘူး မသေသေးဘူး” ယွိဟော်က်သည် အမြန်ပင် ငြင်းဆန် ကာ ရှီမာယူယူကို ဂရုတစိုက်ကြည့်လေသည် “ဒါပေမဲ့ သူမက…”
ရှီမာယူယူ ဟိုင်မြန့်ကို မြင်သည့်အချိန်တွင် ကြမ်းပြင်ပေါ်တွင် လဲနေပြီး အသက်မျှင်းမျှင်းမှသာရှိတော့သည်။
“အဲဒါက.. သူမက လုံးဝကိုမနာခံတာလေ အဲဒါကြောင့် သူမကို ပညာပေး ထားတာ” ယွိဟောက်သည် အပြင်တွင်ပုန်းနေပြီး အသံသေးသေးဖြင့် ရှင်းပြ လေသည်။
ရှီမာယူယူသည် ဤကဲ့သို့အခြေအနေကို ခန့်မှန်းမိပြီးသားဖြစ်သည်။ ထို့ကြောင့် မအံ့ဩတော့ပေ။ သူမအနောက်တွင်ရှိနေသော ဟိုင်ရှင်း၏ မျက်လုံး များ ရဲတက်လာသည်။ သူမသည် ငိုချင်စိတ်ကိုတင်းခံထားရသည်။
“လူကိုအပြင်ထုတ်လိုက်” ရှီမာယူယူသည် လက်ဝေ့ယမ်းလိုက်သည်နှင့် ဟိုင်ရှီးသည် ရှေ့တိုးကာ အသိစိတ်လွတ်နေသော ဟိုင်မြန့်ကိုတွဲလိုက်သည်။
သူမသည် ပေါ့ပါးလွန်းသည်။ သူမရှေ့မှ အမျိုးသမီးသည် ပေါ့ပါးလွန်း သည်။ သူမသည် နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။
ဟိုင်ရှီး၏ မျက်လုံးများနီရဲလာကာ ခေါင်းငုံ့ပြီး ယွိဟောက်ကို မကြည့်မိ ရန် ကြိုးစားလိုက်သည်။ ထိုသို့လုပ်မှသာ သူ၏ လူသတ်မည့်အကြည့်ကို ချုပ် တည်းနိုင်မည်ဖြစ်သည်။
“အရင်ဆုံး သူမကိုအပြင်ခေါ်သွားလိုက်” ရှီမာယူယူ ပြောလိုက်သည်။
“သခင်”
“ငါ ခဏနေပြန်လာမယ်”
ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သသည် ခေတ္တမျှ တွေဝေသွားပြီးနောက် သူမ ပြော သည့်အတိုင်းလုပ်သည်။ ဤနေရာသည် တော်ဝင်နန်းတော်ဖြစ်ကာ တစ္ဆေ ကြင်ယာတော်ပင်လျှင် သူမကိုထိခိုက်အောင်မလုပ်နိုင်ပေ။ သူတို့သည် ဟိုင်မြန့်ကို အိမ်သို့ပြန်ခေါ်ပြီးနောက် ဒဏ်ရာများကို အရင်ကုသပေးသည်။
ရှီမာယူယူသည် ယွိဟောက်၏ရှေ့သို့ လျှောက်သွားပြီး အပြုံးသဲ့သဲ့ဖြင့် ပြောလိုက်သည် “တကယ်တော့ စဉ်းစားကြည့်ရင် ကျွန်မတို့ကဝမ်းကွဲတွေပဲ ဟိုင်မြန့်အတွက်တော့ ကျေးဇူးတင်ပါတယ် ဒီမှာကျွန်မတို့နှစ်ယောက်လုံးက လူကြီးတွေပဲ အဲဒါကြောင့် ဒီလိုအခြေအနေမှာ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်ကြ တယ်မလား”
ယွိဟောက်သည် ချက်ချင်းပင် သူမ၏ ဆိုလိုရင်းကိုနားလည်သွားကာ ရင်ဘတ်ကိုပုတ်လိုက်သည် “စိတ်ချပါ ဒီကိစ္စမှာ အဘွားတော် ဝင်မပါစေရပါ ဘူး”
“ဒီလိုပြောမှတော့ စိတ်ချလိုက်ပါမယ်.. ငယ်ရွယ်ခြင်းနန်းတော်ကို အချိန် မရေးလာကစားဖို့ ကြိုဆိုနေပါမယ်နော်” ရှီမာယူယူသည် ယွိဟောက်၏ ပခုံးကို ပုတ်ပြီး လှည့်ထွက်သွားလေသည်။
ယွိဟောက်သည် သူမ သူ့ခန္ဓာကိုယ်ကို ထိလိုက်ချိန်တွင် တောင့်တင်း သွားလေသည်။ သူမသည် နူးညံ့နေသည်မှာသေချာသော်လည်း လေးလံမှုကို ခံစားလိုက်ရသည်။ သူမသာ ရိုက်လိုက်လျှင် အစိတ်စိတ်ဖြစ်သွားမည်ကိုပင် ကြောက်ရသည်။
“မင်းသားလေး ဒီလူက ဘုရင်မကြီးပေးထားတဲ့လူလေ… ဒါပေမဲ့ သူမကို ပေးလိုက်တာပဲ.. ဘုရင်မသာအပြစ်တင်ရင်..” မိုလျိုသည် အနောက်မှနေ၍ စိတ်ပူနေသည်။
“အဲတော့ဘာဖြစ်လဲ အဘွားတော်က ငါ့ကိုပေးထားတာဆိုတော့ ငါလုပ် ချင်သလိုလုပ်လို့ရတယ်လေ.. ခုနကကိစ္စကို မင်းလည်းမြင်တာပဲ.. ငါတို့က သူမ ကိုဘာလုပ်ရဲလို့လဲ.. သူမ ဒေါသထွက်သွားပြီး ဒီနေရာကို မိုးကြိုးပစ်သွားရင် ဘယ်လိုလုပ်မလဲ” ယွိဟောက်သည် လှည့်ကာ သူ့ကိုစိုက်ကြည့်လိုက်သည် “မင်းလိုကောင်က အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်ရရင် မင်း သေ ရင်တောင် ငါ့ကိုကယ်နိုင်မှာမဟုတ်ဘူး”
“ဒါဆို ဒီလိုအခြေအနေက ပြီးသွားပြီလား”
ယခုလိုပုံစံသည် သူ၏ ပုံမှန်အကျင့်နှင့်မတူပေ။
ယွိဟောက်သည် ဤတစ်ကြိမ်တွင် အရင်ကနှင့်မတူတော့သလို ခံစားရ သည်။ သို့သော် သူတို့သည် သူမ၏ မိုးကြိုးဘေးဒုက္ခကို ကိုယ်တိုင်မမြင်ခဲ့ရ သဖြင့် သူ၏ခံစားချက်ကို နားမလည်ပေ။ ထိုနတ်ဆိုးကဲ့သို့လူမျိုးကို ဖြစ်နိုင် သလောက် သူနှင့်ဝေးဝေးထားရမည်။
***