← Chapters

အခန်း ၉၆၁

Vol. 65 Ch. 961

အခန်း ၉၆၁

Vol. 65 Ch. 961

အခန်း ( ၉၆၁ ) သဲရဲတိုက်များ

အနက်ရောင် ကောင်းကင်က ဖြည်းဖြည်းချင်း ကျဆင်းနေတဲ့ မြူတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်..။ တောင်ကြားလမ်းရဲ့ အောက်ခြေမှာတော့..အနီရောင် အလင်းတန်းတွေ ထွန်းလင်းနေပြီး ကျယ်ပြောလှတဲ့ မြို့တော်ကြီးကတော့ ပျက်စီးယိုယွင်းလို့ နေခဲ့ပါပြီ..။ပျက်စီးနေတဲ့ အဆောက်အဦးတွေက ချော်ရည်တွေထဲမှာ နစ်မြုပ်နေခဲ့ပြီး.. ကြောက်မက်ဖွယ်ကောင်းတဲ့ မီးလောင်ပြင်ကြီးက ကုန်းမြေပေါ်မှာ ပြင်းထန်စွာ တောက်လောင်နေခဲ့တယ်..။ဒီိမီးတောက်တွေက အရင်က စည်ကားခဲ့တဲ့ မြို့တော်ကြီးရဲ့ ကျန်နေတဲ့ အပိုင်းအစလေးတွေကိုပါ ဝါးမြိုပစ်နေခဲ့တာ ပါ..။

ဒီ ပျက်စီးခြင်း မြင်ကွင်းရဲ့ အထက်မှာတော့..

အီရီဘတ် တောင်ရဲ့ မီးခိုးတွေက ဝိုင်းရံနေခဲ့တယ်..။ အရည်ပျော်နေတဲ့ ကျောက်ဆောင် ရေစီးကြောင်းက တောင်စောင်းတွေအတိုင်း စီးဆင်းနေခဲ့ပြီး.. မြူခိုးတွေကြားကနေ လင်းထိန်နေခဲ့ပါတယ်..။ မြို့ရိုးတွေကတော့ ပျက်စီးသွားခဲ့ပြီဖြစ်ပြီး.. မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုး သားရဲ အုပ်ကြီးတွေက အပျက်အစီးတွေထဲမှာ လှည့်လည်သွားလာနေခဲ့ကြတယ်..။ အချို့က မီးတောက်တွေထဲမှာ ရှိနေကြပြီး.. အချို့ကတော့ မီးတွေကို ရှောင်ရှားနေခဲ့ကြတာ ပါ..။

ဆန်နီ ရဲ့ ဖြူဖျော့ပြီး မောပန်းနေတဲ့ မျက်နှာပေါ်မှာတော့ ခံစားချက်မဲ့တဲ့ အမူအရာရှိနေပြီး.. အောက်ကို စိုက်ကြည့်နေခဲ့ပါတယ်..။ သူက လောလောဆယ်မှာ ဘာကိုမှ မခံစားနိုင်တော့ပါဘူး..။

‘ဒါက ဘယ်လိုမှ အဓိပ္ပါယ် မရှိဘူး..’

အီရီဘတ် ကွင်းပြင် က… အန္တာတိကမှာ အထင်ရှားဆုံး မြို့တော်တွေထဲက တစ်ခု ဖြစ်ခဲ့တာ ပါ..။ မြေအောက်အပူစွမ်းအင် စိုက်ပျိုးရေး လုပ်ငန်းတွေ.. အောင်မြင်ဖြစ်ထွန်းတဲ့ မြေဆီလွှာနဲ့ နွေးထွေးမှုတို့ကြောင့် နာမည်ကြီးခဲ့ပြီး.. ရွှေ့ပြောင်းရေးစခန်း မဖြစ်လာခင်ကတည်းက လူဦးရေ သန်းပေါင်းများစွာ နေထိုင်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်..။

ဒေသခံ အစိုးရအဖွဲ့ခွဲက မီးတောင်ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ရမှာ ပါ..။ သူတို့မှာ ရှိတဲ့ ဘေးကင်းရေး စနစ်တွေ အားလုံး ပျက်စီးသွားခဲ့ရင်တောင်မှ.. မြို့တော်က ဝန်းရံခံ မြို့တော်အဖြစ် မပြောင်းလဲခင် ကတည်းက ခိုင်မာတောင့်တင်းတဲ့ ခံတပ်တံတိုင်းတွေ ရှိခဲ့ပြီးသား ဖြစ်ပါတယ်..။ ဒီအရာတွေတင်မကဘဲ.. ပထမစစ်တပ်ရဲ့ တပ်ခွဲတစ်ခုလုံးကလည်း ခံစစ်အခြေခံအဆောက်အအုံတွေကို အားဖြည့်ဖို့ လုပ်ဆောင်နေခဲ့ကြတာ ပါ..။ ဒါ့အပြင် နိုးထသူ ရာပေါင်းများစွာနဲ့ မာစတာ အနည်းငယ်

ထက်မက တည်ရှိနေတာကြောင့်.. အီရီဘတ် ကွင်းပြင် ဟာ မီးတောင်ပေါက်ကွဲမှုလောက်နဲ့တော့ ပျက်စီးသွားစရာ အကြောင်းမရှိပါဘူး..။

‘ဒါက ဘယ်လိုဖြစ်သွားတာလဲ..’

ဆန်နီ ဟာ ယာဉ်တန်းကို ခံတပ်ဆီ လမ်းပြခေါ်ဆောင်လာဖို့.. ဒုက္ခသည်တွေကို အာဏာပိုင်တွေဆီ အပ်နှံဖို့.. ဒေးဗစ် နဲ့ သူ့ရဲ့ အထူးတပ်ဖွဲ့ နဲ့ ဆုံတွေ့ဖို့.. ပြီးရင် လျင်မြန်တဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ရဲ့ ကပ္ပတိန်အဖြစ် သူ့ရဲ့ ပုံမှန်တာဝန်တွေကို ပြန်လည် ထမ်းဆောင်ဖို့ စီစဥ်ထားခဲ့တာ ပါ..။

အဲဒီအစား အခုတော့ မြို့တော်က ပျောက်ကွယ်သွားခဲ့ပါပြီ..။ ဒေးဗစ် နဲ့ သူ့လူတွေကိုလည်း ဘယ်နေရာမှာမှ ရှာမတွေ့တော့ပဲ.. အကာအကွယ်မဲ့နေတဲ့ အရပ်သား ယာဉ်တန်းကို စောင့်ရှောက်ရမယ့် တာဝန်က သူ့ရဲ့ ပုခုံးပေါ်မှာ လေးလံစွာ ဖိစီးနေတုန်း ပါပဲ..။ ပြောရရင်

ဒီ ဝန်ထုပ်ဝန်ပိုးက ပိုလို့တောင် လေးလံလာခဲ့ပါတယ်..။

သူ ဘာလုပ်ရမှန်း မသိတော့ပါဘူး..။

ဆန်နီ သက်ပြင်းချရင်း သူ့မျက်နှာကို ပွတ်လိုက်တယ်..။ ပြီးမှ အနီးနားက ကျောက်ဆောင်တစ်ခုပေါ်မှာ ထိုင်ချလိုက်ပါတယ်..။ သူ့ရဲ့ မျက်လုံးတွေကတော့ အောက်က ကြောက်မက်ဖွယ် မြင်ကွင်းဆီမှာပဲ စွဲကပ်နေတုန်း ပါပဲ..။ သူက မျက်နှာလွှဲဖို့ လုံးဝ မတတ်နိုင်ခဲ့ပေ.။

အဖွဲ့ဝင်တွေကတော့ သူ့ပတ်လည်မှာ စိုးရိမ်တကြီး ရပ်နေကြပြီး တိတ်ဆိတ်နေခဲ့ကြတယ်..။ ဆန်နီ ဟာ သူတို့ရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့ ယုံကြည်မှုရှိတဲ့ ပုံစံကို ပြသရမယ်ဆိုတာကို သိထားပေမယ့်.. အခုတော့ အတော် စိတ်ပျက်ပြီး ဒေါသထွက်နေတာကြောင့် ဒါတွေကို ဂရုမစိုက်နိုင်တော့ပါဘူး..။

ခနအကြာမှာတော့ ဘယ်လီ က ချောင်းဟန့်လာခဲ့တယ်..။

“…ကျွန်တော်တို့ ဆရာ့ရဲ့ အမိန့်ကို စောင့်နေပါတယ် ဆရာ..”

ချီတင် က ဓားသမားကို အပြစ်တင်သလို ကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်တယ်..။

“ကျွန်တော်တို့လည်း ဘာလုပ်ရမှန်း တကယ် မသိကြတော့ဘူး..။ အရပ်သားတွေကလည်း အတော်လေး စိတ်ဓာတ်ကျနေကြတယ်..။ အာ… အားလုံးက နည်းနည်းတော့ တုန်လှုပ်နေကြတယ် ထင်တယ်..။ ဒါပေမယ့် ကျွန်တော်တို့ မြေပုံတွေကိုတော့ စစ်ဆေးခဲ့ကြပါတယ်..။ နောက်ထပ် ဝန်းရံခံ မြို့တော်က ဒီကနေ တောင်ဘက် အရှေ့ပိုင်း.. တောင်တန်းတွေကို ဖြတ်ရမယ့် နေရာမှာ ရှိတယ်..။ ကီလိုမီတာ သုံးရာလောက် ဝေးတယ်လေ..။ မစ္စဘတ် နဲ့ ပရော်ဖက်ဆာ အိုဘယ် တို့ကတော့ အခု လမ်းကြောင်းကောင်းတစ်ခုကို ရှာဖွေနေကြတယ်..”

ဆန်နီ က တိတ်ဆိတ်စွာ ခေါင်းခါလိုက်တယ်..။

“…အလကားပဲ..။ ဒီရက်ပိုင်းမှာ ဝန်းရံခံ မြို့တော်တွေက သဲနဲ့ ဆောက်ထားသလိုကို ပြိုကျနေပုံရတယ်..။ ငါတို့ အဲဒီကို ရောက်တဲ့အချိန်မှာ နောက်တစ်ခုက ရှိနေဦးမယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ.. ။ငါတို့ ရောက်အောင် သွားနိုင်တယ်ဆိုရင်တောင်ပေါ့…”

အထူးတပ်ဖွဲ့ဝင်တွေက စိတ်မသက်မသာ အမူအရာတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်..။ လေးနက်တဲ့ တိတ်ဆိတ်မှုအပြီးမှာ ကင်မ် က မေးလိုက်ပါတယ်..။

“ဒါဆို… ကျွန်မတို့ ဘာလုပ်သင့်လဲ ကပ္ပတိန်..”

ဆန်နီ က လေးလံစွာ သက်ပြင်းချလိုက်ပြီး မြောက်ဘက်ကို ကြည့်လိုက်တယ်..။

သူ ခနလောက် တိတ်ဆိတ်နေပြီးနောက်မှ ပြန်ဖြေလိုက်ပါတယ်..။

“…ဖယ်ကွန်စကော့တ် ကို သွားမယ်..။ အဲဒါက ငါတို့ရဲ့ အကောင်းဆုံး မျှော်လင့်ချက်ပဲ..။ ကျန်တဲ့ ဝန်းရံခံ မြို့တော်တွေ အားလုံး ပြိုလဲသွားရင်တောင်မှ အဲဒီမြို့ကတော့ မပြိုလဲပဲ ရှိနေလိမ့်မယ်..။ အဲဒါက ခံစစ် အတောင့်တင်းဆုံးဖြစ်ပြီး ပထမစစ်တပ်ရဲ့ အင်အားကလည်း အဲဒီမှာ အကောင်းဆုံး ရှိနေတယ်..။ အရေးကြီးဆုံးကတော့… အဲဒီမှာ ကောင်းကင် ဒီရေ ရှိနေတာပဲ..။ သူမက မြောက်ပိုင်းကို ကာကွယ်ပေးထားသရွေ့ ငါတို့ အဲဒီမှာ ဘေးကင်းလိမ့်မယ်..”

ကောင်းကင် ဒီရေ ကို အနိုင်ယူနိုင်တဲ့ အရာတစ်ခုခု ပေါ်လာခဲ့ရင်တော့.. သူတို့ အားလုံး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာပဲ ပိုကောင်းလိမ့်မယ် ဆိုတာကိုတော့ ဆန်နီ ထည့်မပြောခဲ့ပါဘူး..။ သူတော်စင် တွေ စတင် သေဆုံးပြီဆိုရင်တော့ သူတို့လို လူသားတွေအနေနဲ့ လွတ်မြောက်ဖို့ မျှော်လင့်ချက် တကယ် မရှိတော့ပေ..။

သူတို့နဲ့ ဖယ်ကွန်စကော့တ် ကြားထဲမှာ နောက်ထပ် ကီလိုမီတာ နှစ်ထောင် ရှိနေသေးတယ် ဆိုတာကိုလည်း သူ ထုတ်မပြောခဲ့ပါဘူး..။ဒါက LO49 ကနေ အီရီဘတ် ကွင်းပြင် ကို ရောက်ဖို့ သူတို့ ရုန်းကန်ခဲ့ရတဲ့ အကွာအဝေးထက် နှစ်ဆ ပိုများပါတယ်.။ အဖွဲ့ဝင်တွေ အားလုံးကလည်း ဒီသောက်ကျိုးနည်း စစ်ဆင်ရေးကို မြောက်ပိုင်း ခံတပ်ကနေ စတင်ခဲ့တာ ဖြစ်လို့ ဒါကို သိနေကြတယ်..။

ဖယ်ကွန်စကော့တ် ကို ပြန်သွားရတာက

ဒီဆိုးဝါးလှတဲ့ စက်ဝိုင်းကို တစ်ပတ် ပတ်မိသွားတာ ပါပဲ..။

ဒါက.. သူတို့ မြောက်ဘက်ကို ပိုရွှေ့လာတာနဲ့အမျှ အခြေအနေက အနည်းငယ် ကွဲပြားသွားလိမ့်မယ်..။ အဲ့နေရာက ပထမစစ်တပ်က ပထမဆုံး အခြေစိုက်ခဲ့တဲ့ နေရာဖြစ်တာကြောင့်

အီရီဘတ် ကွင်းပြင် နဲ့ ဖယ်ကွန်စကော့တ် ကြားက နယ်မြေတွေက တောင်ပိုင်းက လူသူနည်းပါးတဲ့ ဒေသတွေထက် အများကြီး ပိုပြီး အခိုင်အမာ တည်ဆောက်ထားတာပါ..။

သတ်မှတ်ထားတဲ့ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေ.. ဒါမှမဟုတ် အနည်းဆုံးတော့ အဲဒီအရာတွေရဲ့ အကြွင်းအကျန်တွေ ရှိနေပါလိမ့်မယ်..။ ရိက္ခာဂိုဒေါင်တွေ.. အခိုင်အမာ ဆောက်ထားတဲ့ ကင်းစခန်းတွေ.. ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ လမ်းတွေပေါ့..။ လမ်းမှာ မဟာမိတ် စစ်တပ်တွေနဲ့ တောင် ဆုံတွေ့နိုင်ပါသေးတယ်..။

‘စဉ်းစားကြည့်ရင်.. အခြေအနေ အားလုံးရဲ့ အသေးစိတ် အချက်အလက်တွေကို ရဖို့ စစ်တပ်ဌာနချုပ်ကို အမြန်ဆုံး ဆက်သွယ်သင့်တယ်..’

ယာဉ်တန်းက လက်ရှိမှာ အခြေအနေ ဆိုးရွားနေပြီး..ဒီနယ်မြေထဲမှာ အိပ်မက်ဆိုး သားရဲတွေ အများကြီးနဲ့ ပြည့်နှက်နေတာကြောင့် အချိန်ကိုက်ဖို့က ခက်ခဲပါလိမ့်မယ်..။ အထူးတပ်ဖွဲ့ဝင် တစ်ယောက်ကို အိပ်မက် ကမ္ဘာ ထဲစေလွှတ်လိုက်တာက သူတို့ရဲ့ ကာကွယ်ရေး စွမ်းရည်ကို လျော့နည်းစေမှာ ဖြစ်ပေမယ့်..ဘာမှမသိပဲ ဖြစ်နေတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်..။ ဘာပဲဖြစ်ဖြစ် သူ့လူတွေလည်း အိပ်စက်ဖို့ လိုအပ်နေတာ ပါပဲ..။

ဆန်နီ ခနလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်တယ်..။

“ငါ့ကို ခနလောက် တစ်ယောက်တည်း ထားပေးထားဦး..။ ငါ စဉ်းစားဖို့ လိုတယ်..။ အော်…အဲ့အချိန်အတွင်းမှာ မင်းတို့က ယာဉ်တွေကို တတ်နိုင်သမျှ အဆင်သင့် ဖြစ်နေအောင် လုပ်ထားကြဦး..”

ဒီပျက်စီးသွားတဲ့ မြို့တော်အနီးမှာ အကြာကြီး နေတာက ဘေးကင်းလိမ့်မယ်လို့ သူ မထင်ပါဘူး..။

အထူးတပ်ဖွဲ့ဝင်တွေက ခေါင်းညိတ်ပြီး ဆုတ်ခွာသွားခဲ့ကြတယ်..။ ပြီးမှ ယာဉ်တန်းရဲ့ ယာယီစခန်းရှိရာဆီကို ဦးတည်သွားခဲ့ကြပါတယ်..။

တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ ဆန်နီ ကတော့ အီရီဘတ် ကွင်းပြင် ရဲ့ အပျက်အစီးတွေဆီကနေ အတင်းအကြပ် မျက်နှာ လွှဲလိုက်ပြီး.. ပြာတွေနဲ့ တိမ်တိုက်တွေကြောင့် မှောင်မိုက် အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးကို စိုက်ကြည့်နေလိုက်တယ်..။

‘…ချီးပဲ..’

ကျန်ရှိနေတဲ့ အရပ်သား သယ်ယူပို့ဆောင်ရေး ယာဉ် သုံးစီးက အတော်လေး ဝန်ပိနေပြီး ဘယ်အချိန်မဆို လုံးဝ ပျက်စီးသွားတော့မယ့် အခြေအနေမှာ ရှိနေခဲ့တယ်..။ စစ်ဘက်ဆိုင်ရာ ယာဉ်တွေကတော့ မောင်းနှင်နိုင်ဦးမှာ ဖြစ်ပေမယ့် ဆာဂျင် ဂီရီ မှာ ကျည်ဆန်တွေ ကုန်နေလောက်ပါပြီ..။

‘ငါ ဘယ်လို ငရဲကို သွားလုပ်ပေးရမှာလဲ..’

ဆန်နီ ကောင်းကင်ကို ကြည့်နေတုန်းမှာပဲ.. သူ့အနားမှာ အနက်ရောင် အစက်အပြောက်တစ်ခု ပေါ်လာခဲ့တယ်..။ အစပိုင်းမှာတော့ သူက နောက်ထပ် ပြာမှုန်တစ်ခုပဲလို့ ထင်ခဲ့ပေမယ့်

ဒီအစက်က ပြာမှုန်ဖြစ်ဖို့အတွက် အလွန် မြန်ဆန်လွန်းနေခဲ့ပါတယ်..။ဒီအရာက အောက်ကို ထိုးစိုက်ဆင်းလာပြီး နီးကပ်လာတာနဲ့အမျှ ဖြည်းဖြည်းချင်း ကြီးထွားလာခဲ့တယ်..။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့.. အနက်ရောင် ငှက်တစ်ကောင်က သူ့အနီးက ကျောက်ဆောင်တစ်ခုပေါ်မှာ နားလိုက်တယ်..။ သူက ပြောင်လက်နေတဲ့ အနက်ရောင် တောင်ပံတွေ..မျက်လုံးဝိုင်းတွေနဲ့ ဆူးချွန်ဆတ်သား တွေကို သတိရစေမယ့် ထက်မြက်တဲ့ နှုတ်သီးတွေ ရှိနေခဲ့ပါတယ်..။ ဆန်နီ အနည်းငယ် အံ့ဩသွားခဲ့ပြီး..ဒါက ကျီးကန်းတစ်ကောင်ဆိုတာ မှတ်မိလိုက်ပါတယ်..။

အနည်းဆုံးတော့ သူ ဒါကို သိနေခဲ့ပါတယ်..။ ငှက်တွေက နို့တိုက်သတ္တဝါတွေထက်စာရင် မျိုးတုံးမှု နည်းပါးတာကြောင့် အစွန်အဖျားတွေမှာ မြင်ရခဲပေမယ့် အချို့ကတော့ ရှိနေပါသေးတယ်..။သို့ပေမယ့် သူတို့လည်း အကြာကြီးတော့ မခံကြတော့ပါဘူး..။

ဒါပေမဲ့…

‘အန္တာတိကမှာ ဘာလို့ ကျီးကန်းတစ်ကောင် ရှိနေတာလဲ..’

သူ ဒီလို တွေးလိုက်မိတာနဲ့ တစ်ပြိုင်နက် ကျီးကန်းက နှုတ်သီးကို ဖွင့်ပြီး အော်ဟစ်လာခဲ့တယ်..။

…သူ့ရဲ့ အော်သံတွေက အမှန်တကယ်ပဲ စကားလုံးတွေနဲ့ တူနေခဲ့ပါတယ်..။

“ချန်-နီ.. ချန်-နီ..”

အပိုင်း ( ၉၆၁ ) ပြီး၏။

All Chapters