အခန်း ၉၆၂
Vol. 65 Ch. 962
အခန်း ( ၉၆၂ ) ရိတ်သိမ်းသူရဲ့ ကျီးကန်း
ထူးဆန်းတဲ့ ကျီးကန်း ပေါ်လာတာနဲ့တစ်ပြိုင်နက် ဆန်နီ က ဒါကို သတ်ပစ်ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်..။ လအမြုတေ ကို ဆင့်ခေါ်ဖို့ဆိုတာ စက္ကန့်ပိုင်းပဲ ကြာမှာဖြစ်ပြီး..သူ့ရဲ့ ချပ်ဝတ်လက်သီးနဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တာကလည်း အလုပ်ဖြစ်မှာ ပါပဲ..။
ဒါကသာ သာမန်ငှက်တစ်ကောင်ဆိုရင်ပေါ့လေ..။သို့ပေမဲ့ သူကတော့ ဒါကို အတော်လေး သံသယဝင်နေခဲ့တယ်..။
သူက ကျီးကန်း ဆီကနေ စကားပြောလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ပါဘူး..။
“ဆန်-နီ.. ဆန်-နီ..”
‘…ငါ့နာမည်ကို ခေါ်နေတာလား..’
ဆန်နီ က ကျီးကန်းကို သတ်မယ့် အစီအစဉ်ကို ယာယီဆိုင်းငံ့လိုက်ပြီး သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့တယ်..။ ကျီးကန်းကလည်း ခေါင်းကို စောင်းပြီး သူ့ကို ပြန်စိုက်ကြည့်နေခဲ့ပါတယ်..။
“ဆန်-နီ..”
သူ မျက်တောင်ခတ်လိုက်ပြီးမှ သူ့ရဲ့ အမြင်အာရုံကို ပြောင်းလဲကာ ငှက်ရဲ့ ဝိဥာဉ်ထဲကို ကြည့်လိုက်တယ်..။ ဆန်နီ ဟာ ရွံရှာဖွယ်ကောင်းတဲ့ အမှောင်ထု အဝိုင်းအဝန်းကို မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့်..အဲဒီအစား သူ မြင်လိုက်ရတာကတော့ တောက်ပနေတဲ့ အမြုတေနှစ်ခု ပါပဲ..။ ဒီကျီးကန်းက နိုးထမူအဆင့် နတ်မိစ္ဆာ တစ်ကောင် ဖြစ်နေခဲ့တယ်..။
သို့ပေမယ့် အိပ်မက်ဆိုး သားရဲ တစ်ကောင်တော့ မဟုတ်ပါဘူး..။
‘ဒါက ထပ်တူညီမူ တစ်ခုလား.. ဒါမှမဟုတ် ငါ အသိစိတ်လွတ်သွားပြန်တာလား.. နောက်တစ်ခေါက်လေ..’
သူ ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ သတိထားပြီး ပြောလိုက်တယ်..။
“ဟုတ်တယ်.. ငါက ဆန်နီ ပဲ..”
ငှက်က ကျေနပ်တဲ့ ပုံစံနဲ့ ပိုနီးအောင် ခုန်လာခဲ့ပြီး..သူ့ရဲ့ အနက်ရောင် တောင်ပံတွေမှာ ကပ်ငြိနေတဲ့ ပြာမှုန်တွေကို ဖယ်ရှားဖို့ ခန္ဓာကိုယ်တစ်ခုလုံးကို ခါယမ်းလိုက်ပါတယ်..။ ပြီးမှ ထပ်ပြီး အော်ဟစ်လာခဲ့တယ်..။
“ဂျက်.. ဂျက်..”
ဆန်နီ့ ရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက် မီးပွားလေးတစ်ခု တောက်လောင်သွားခဲ့တယ်..။ သူက ကျီးကန်းကို သေချာ လေ့လာလိုက်ပြီးမှ ရှေ့ကို တိုးကာ တိုးတိုးလေး မေးလိုက်တယ်..။
“မင်းကို မာစတာ ဂျက် က လွှတ်လိုက်တာလား..”
ဒီသားရဲလေးက ခေါင်းကို အပေါ်အောက် အကြိမ်ကြိမ် ညိမ့်ပြလာခဲ့တယ်..။
“ဂျက်.. လွှတ်တယ်..”
ဆန်နီ သူ့ မျက်လုံးတွေကို ခနလောက် မှိတ်ထားလိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်မိတယ်..။
‘သူမက ငါ့ကို လုံးဝ မေ့မသွားခဲ့ဘူးပဲ..’
ဒီကျီးကန်းက ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ ထပ်တူညီမူ ဖြစ်ပုံရပြီး..သူမက ဆန်နီ ကို ရှာဖို့ စေလွှတ်လိုက်တာ ပါ..။ တစ်ယောက်ယောက်ရဲ့ သတိရခြင်းကို ခံရတာက.. တကယ်ကို.. ကောင်းမွန်တဲ့ ခံစားချက် ပါပဲ..။ သို့သော်လည်း တကယ်လို့ ဒါက ဂျက် ရဲ့ ရည်ရွယ်ချက်ဆိုရင်တောင်..ဒီအနက်ရောင် ငှက်က သူ့ကို ဘယ်လို ကူညီပေးရမလဲဆိုတာ သူ သေချာ မသိသေးပါဘူး..။
အမိန့်အသစ်တွေ ပေးဖို့အတွက် သာမန် ဆတ်သား တစ်ကောင်ပဲလား..။ သူ့ကို ဒေးဗစ် နဲ့ သူ့ရဲ့ အထူး တပ်ဖွဲ့ငယ်ဆီ လမ်းပြပေးမယ့် တစ်ယောက်ယောက်လား..။
သူ ခနလောက် တုံ့ဆိုင်းသွားခဲ့တယ်..။
“မာစတာ ဂျက် က ဘာလို့ မင်းကို ငါ့ဆီ လွှတ်လိုက်တာလဲ..”
သားရဲလေးက အကြိမ်အနည်းငယ် ခုန်ဆွခုန်ဆွ လုပ်လိုက်ပြီးမှ..
“ကျီးကန်း.. ကူညီမယ်..”
ဒါဆို ဒါက သာမန် ဆတ်သား တစ်ကောင်တင် မဟုတ်ပါဘူး..။ ဒီထပ်တူညီမူ က သူ့ကို တစ်နည်းနည်းနဲ့ ကူညီဖို့ ရည်ရွယ်ထားပုံ ပါပဲ..။
ဆန်နီ က အလွန်အမင်း စိတ်မလှုပ်ရှားမိအောင် ထိန်းထားလိုက်တယ်..။
“မင်း ငါ့ကို ဘယ်လို ကူညီမှာလဲ.. မင်း ငါ့ကို
ဒေးဗစ် ဆီ ခေါ်သွားပေးမလို့လား..”
အနက်ရောင် ငှက်က တိတ်ဆိတ်စွာ ခေါင်းခါပြလိုက်တာကြောင့် ဆန်နီ မျက်မှောင်ကျုတ်သွားခဲ့ရတယ်..။
“ဘာလို့လဲ..”
ကျီးကန်းက ခေါင်းကို စောင်းလိုက်ပြီး..
“ဒေး-ဗစ်.. သေပြီ..”
ဆန်နီ လေးလံစွာ သက်ပြင်းချလိုက်မိတယ်..။ ဒါဆိုရင် ခြင်္သေ့ အဖွဲ့က ပျောက်ကွယ်သွားခဲ့ပါပြီ..။ သူ့ရဲ့ အဖွဲ့သားတွေလည်း အီရီဘတ် ကွင်းပြင် ကနေ လွတ်မြောက်နိုင်ခဲ့ပုံ မရပါဘူး..။ သူက ဒီအေးစက်တဲ့ လူကို သိပ်မသိပေမယ့်.. အထူးတပ်ဖွဲ့ဝင် အဖွဲ့တစ်ခုလုံး ဆုံးရှုံးသွားတာက သူ့ကို အတော်လေး ထိခိုက်စေခဲ့တယ်..။
…ဆန်နီ့ အနေနဲ့ နောက်ထပ် အစွမ်းထက်တဲ့
မာစတာ တစ်ယောက်နဲ့ ပူးပေါင်းဖို့ မျှော်လင့်ချက်တွေ ပျက်စီးသွားတာကိုတော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး..။
သူ သိသလောက်တော့ ဒါက စစ်ဆင်ရေး စတင်ကတည်းက အထူးတပ်ဖွဲ့ဝင်တွေ ကြုံတွေ့ခဲ့ရတဲ့ ပထမဆုံး ပြင်းထန်တဲ့ ဆုံးရှုံးမှု ပါပဲ..။ ဒါပေမဲ့ သူ့ရဲ့ အချက်အလက်တွေကလည်း နောက်ကျနေခဲ့ပါပြီ..။
‘သူတို့ထဲက ဘယ်သူကော အသက်ရှင်သေးလို့လဲ..’
အထူးတပ်ဖွဲ့ဝင်တွေ.. အထူးသဖြင့် သူတို့ရဲ့ကပ္ပတိန်တွေက ထူးချွန်းသူတွေထဲကမှ ထူးချွန်သူတွေ ဖြစ်ကြပါတယ်..။ ဒါပေမဲ့ ဒီအိပ်မက်ဆိုး ချိန်းကြိုးကြီးက အန္တာတိကအလယ်ပိုင်းမှာ အဓိပ္ပါယ်မရှိစွာ ကြောက်စရာကောင်းပုံအရ ဆိုရင်တော့.. ဘာအာမခံချက်မှ မရှိတော့ပါဘူး..။
ချီးပဲ.. သူကိုယ်တိုင်တောင် လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သေလုနီးပါး ဖြစ်ခဲ့တာမလား..။
အနည်းဆုံးတော့ ဝိဥာဥ် ရိတ်သိမ်းသူ ကတော့ တစ်နေရာရာမှာ ရှိနေတုန်း ပါပဲ..။
ဆန်နီ မျက်နှာပေါ်မှာ မှောင်မိုက်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။ သူက သေးငယ်တဲ့ ငှက်ကို ပြန်ကြည့်ပြီး သံသယရှိတဲ့ လေသံနဲ့ မေးလိုက်ပါတယ်..။
“ဒါဆို မင်းက ငါ့ကို ဘယ်လို ကူညီမှာလဲ..”
ကျီးကန်းက တောင်ပံတွေကို ခတ်လိုက်ပြီး..
“ကျီးကန်း.. ပြမယ်..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
“ဘာကို ပြမှာလဲ..”
ငှက်က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ ထပ်အော်လိုက်တယ်..။
“ကျီးကန်း.. ပြမယ်..”
ယင်းနောက်မှာတော့ သူက ထပ်ဖြည့်ပြောလာခဲ့ပါတယ်..။
“ဆန်-နီ.. လိုက်ခဲ့..”
‘သူ့နောက်ကို လိုက်ခဲ့စေချင်တာလား..’
သူက နိုးထမူအဆင့် သားရဲ တစ်ကောင်ရဲ့
စွမ်းရည်ကို သိပ်ပြီး မယုံကြည်ပေမယ့် မာစတာ ဂျက် က စေလွှတ်လိုက်တာဆိုရင်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိပါလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ် ဆန်နီ မှာ ရွေးချယ်စရာ သိပ်မရှိပါဘူး..။
သူ အများကြီး မတွေးချင်ပေမယ့် ယာဉ်တန်းရဲ့ အခြေအနေကတော့ အတော်လေးကို မျှော်လင့်ချက်မဲ့နေခဲ့တာ ပါ..။ ပျက်စီးတော့မယ့် ယာဉ်တွေနဲ့ သူတို့ကို ဝန်းရံထားတဲ့ အိပ်မက်ဆိုး သားရဲ ပင်လယ်ပြင်ကြီးကြောင့်.. သူ့အနေနဲ့ဒုက္ခသည်တွေကို အသက်ရှင်အောင် ထိန်းထားနိုင်ဖို့ အခွင့်အလမ်းက သိပ်မများပါဘူး..။
ဆန်နီ သက်ပြင်းချလိုက်ပြီးမှ ခေါင်းညိတ်လိုက်တယ်..။
“ကောင်းပြီလေ.. ငါတို့ မင်းနောက်ကို လိုက်ခဲ့မယ်.. ငါ့လူတွေကို လမ်းပေါ်ထွက်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ဖို့ အချိန်နည်းနည်းပဲ ပေးဦး..”
ကျီးကန်းက သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ တောင်ပံတွေကို ထပ်ခတ်လိုက်တယ်..။
“မြန်-မြန်..”
‘မင်း ငါ့ကို သတိပေးဖို့ မလိုပါဘူး..’
ဆန်နီ မတ်တပ်ရပ်လိုက်ပြီး ယာဉ်တန်းရဲ့ စခန်းဆီကို ဆင်းသွားကာ အားလုံးကို ထွက်ခွာဖို့ ပြင်ဆင်ခိုင်းလိုက်တယ်..။ မကြာခင်မှာပဲ ယာဉ်တန်းက သူတို့ရဲ့ ယာယီခိုလှုံရာကနေ ထွက်ခွာခဲ့ပြီး ယခင် အီရီဘတ် ကွင်းပြင် ကို ပတ်သွားတဲ့ ကျဉ်းမြောင်းတဲ့ တောင်ပေါ်လမ်းအတိုင်း လိုက်ပါလာခဲ့ကြပါတယ်..။
ကျီးကန်းက သူတို့အထက်ကနေ ပျံသန်းပြီး ယာဉ်တန်းကို တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံးဆီ လမ်းပြခေါ်ဆောင်သွားခဲ့တယ်..။ ဒီငှက်က အံ့ဩစရာကောင်းတဲ့ ကင်းထောက်တစ်ကောင် ဖြစ်မှန်း သက်သေပြခဲ့ပါတယ်..။သူက အပေါ်စီးကနေဖြစ်တာကြောင့် အိပ်မက်ဆိုး သားရဲ အုပ်စုတွေ ယာဉ်တန်းကို မခြိမ်းခြောက်နိုင် မှာခင်ကတည်းက သတိပြုမိနိုင်ခဲ့တယ်။ဒီငှက်က.. ဆန်နီ နဲ့ သူ့လူတွေကို လှည့်လည်သွားလာနေတဲ့ သားရဲတွေရဲ့ ဘေးကနေ ပတ်သွားနိုင်အောင် လမ်းပြပေးနိုင်လောက်သည်အထိ လိမ္မာပါးနပ်နေခဲ့ပါတယ်..။
တစ်နာရီလောက် ဘာမှမဖြစ်ပဲ မောင်းနှင်မှု အပြီးမှာတော့ သူတို့က ပျက်စီးသွားတဲ့ မြို့တော်ကြီးရဲ့ မြင်ကွင်းကို နောက်ချန်ထားခဲ့နိုင်ပါပြီ..။ ပျက်စီးခြင်း မြင်ကွင်းက တောင်စောင်းတွေနဲ့ တောင်ထိပ်တွေကြောင့် ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပေမယ့်.. အီရီဘတ် တောင်ရဲ့ မီးတောင်ဝကနေ တက်လာတဲ့ မီးခိုးလုံးကြီးတွေနဲ့ မီးလောင်နေတဲ့ ခံတပ်ရဲ့ လိမ္မော်ရောင် အလင်းတန်းကိုတော့ မြင်နေရတုန်း ပါပဲ..။
ကျီးကန်းက ယာဉ်တန်းကို ကျယ်ပြန့်တဲ့ လမ်းဆုံတစ်ခုဆီ လမ်းပြပေးခဲ့ပြီးမှ အောက်ကို ထိုးစိုက်ဆင်းကာ လမ်းဘေးမှာ ရှိတဲ့ အဆောက်အဦးအသေးလေးတစ်ခု အနားမှာ နားလိုက်တယ်..။
ယာဉ်တန်းက ရပ်တန့်သွားခဲ့ပြီး အရပ်သား သယ်ယူပို့ဆောင်ရေး ယာဉ်တွေကတော့ သူတို့ရဲ့ အင်ဂျင်တွေကို နောက်တစ်ကြိမ် ပြန်မနှိုးနိုင်တော့မယ့် ပုံစံပေါက်နေခဲ့ပါတယ်..။ဆန်နီ သူတို့ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီးမှ ရိုင်နို ရဲ့ အမိုးပေါ်ကနေ ခုန်ဆင်းကာ အဆောက်အဦးဆီကို ချဉ်းကပ်သွားခဲ့တယ်..။
ဒါက လတ်လတ်ဆတ်ဆတ် ဆောက်လုပ်ထားပုံရပြီး လွန်ခဲ့တဲ့ တစ်လ ဒါမှမဟုတ် နှစ်လလောက်ကမှ ပထမစစ်တပ် ဆောက်လုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်..။ ဒါပေမဲ့ ဒီအရာရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ သူ လုံးဝ မသိပါဘူး..။
မရေမရာဖြစ်နေတာကြောင့် ဆန်နီ က သူ့ကိုယ်သူ အရမ်း ဂုဏ်ယူနေတဲ့ ပုံစံပေါက်နေတဲ့ အနက်ရောင် ငှက်ကို ကြည့်လိုက်တယ်..။
“ငါ ဒါကို ဘာလုပ်ရမှာလဲ..”
ကျီးကန်းက ခေါင်းကို စောင်းလိုက်ပြီး..
“တံခါး.. ဖွင့်..”
‘အော်..’
ဒါက သေးငယ်တဲ့ အရွယ်အစား ရှိပေမယ့် အဆောက်အဦးမှာတော့ ဝင်ပေါက်ကို ပိတ်ဆို့ထားတဲ့ ပေါက်ကွဲမှုဒဏ်ခံ တံခါးတွေ ရှိနေခဲ့တယ်..။ ဂိတ်တံခါးက ရိုင်နို နဲ့ တိုက်ပစ်လို့ရလောက်အောင် ကြီးမားပေမယ့်.. ဆန်နီ က လူစတာ ကို အဲဒီလို မိုက်မဲတဲ့အရာကို လုပ်ဖို့ အမိန့်ပေးမှာ မဟုတ်ပါဘူး..။
သူက ရက်စက်သော မြင်ကွင်း နဲ့ ပေါက်ကွဲမှုဒဏ်ခံ တံခါးတွေကို ဖြတ်တောက်ဖို့ ခဏလောက် တွေးလိုက်မိပေမယ့်.. ပြီးမှ ခေါင်းခါလိုက်ကာ ဂိတ်တံခါးဘေးက စက် အသေးလေးဆီ လျှောက်သွားပြီး သူ့လက်ဖဝါးကို တင်လိုက်တယ်..။စက် က လင်းထိန်သွားခဲ့ပြီး.. ယင်းနောက်မှာတော့ စက်ရုပ်အသံတစ်ခုက စနစ်ထဲကနေ ထွက်ပေါ်လာခဲ့တာ ပါ..။
“ကပ္ပတိန် ဆန်းလပ်စ်.. အတည်ပြုပြီးပါပြီ.. ခွင့်ပြုချက် လုံလောက်ပါတယ်..”
ပေါက်ကွဲမှုဒဏ်ခံ တံခါးတွေ ပွင့်သွားခဲ့ပြီး ကျယ်ပြန့်တဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုရဲ့ ဝင်ပေါက်ကို ပြသလိုက်တယ်..။
‘အိုး..ငရဲလိုပဲ မလုပ်ပါနဲ့..’
ဆန်နီ က သူ့ရဲ့ ကံကြမ္မာကို ကျိန်ဆဲရင်း ခနလောက် မလှုပ်မယှက် ရပ်နေခဲ့ပြီးမှ.. သူ့ရဲ့ အရိပ်တစ်ခုကို ဥမင်လိုဏ်ခေါင်းထဲ စေလွှတ်လိုက်တယ်..။
သူက ဥမင်လိုဏ်ခေါင်း တွေကို မုန်းတီးနေခဲ့ပေမယ့်.. ဒီတစ်ခုကတော့ အတော်လေး တိုတောင်းပြီး ကျယ်ပြောတဲ့ မြေအောက် အခန်းကြီးတစ်ခုဆီကို ဦးတည်နေခဲ့ပါတယ်..။ ဒါက ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ဖြစ်ပြီး ဆန်နီ လမ်းပြလာတဲ့ ယာဉ်တန်း အရွယ်အစားမျိုး အများကြီးကို ခိုလှုံခွင့်ပေးနိုင်လောက်အောင် ကြီးမားလှတယ်..။
‘ဒါက ဝှက်ထားတဲ့ ရိက္ခာဂိုဒေါင်ပဲ.. အတော်ကြီးတာပဲ.. ဟင်..’
ဆန်နီ့ ရဲ့ မျက်လုံးတွေ ကျယ်သွားခဲ့ရတယ်..။
မြေအောက် ဂိုဒေါင်ထဲမှာတော့…
စွမ်းအင်ဖြည့်တင်းပြီး အပြည့်အဝ တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး လက်နက်တွေနဲ့အတူ အဆင်သင့်ဖြစ်နေတဲ့ သန့်ရှင်တဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်တွေဟာ အစီအရီ ရှိနေခဲ့ကြတာ ပါ..။
အပိုင်း ( ၉၆၂ ) ပြီး၏။