← Chapters

အခန်း ၉၆၈

Vol. 65 Ch. 968

အခန်း ၉၆၈

Vol. 65 Ch. 968

အခန်း ( ၉၆၈ ) ပြောင်းလဲလာသော အခြေအနေ

လက်နက်တွေရဲ့ ပစ်ခတ်သံတွေ.. သေဆုံးခါနီး အိပ်မက်ဆိုး သားရဲတွေရဲ့ ရူးသွပ်စွာ အော်ဟစ်သံတွေကြားထဲမှာပဲ နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့တယ်..။ အန္တာတိက အလယ်ပိုင်းရဲ့ မြေပြင်အနေအထားက မနားတမ်း ရွေ့လျားနေတဲ့ ယာဉ်တန်းရဲ့ ဘေးကနေ ဖြတ်သန်းနေခဲ့ပါတယ်။ကြယ်အလင်းရောင်နဲ့ တောင်ဘက် အလင်းတန်း နောက်ဆုံးမှာ ထွက်ပေါ်လာခဲ့ပေမယ့်.. နှင်းတွေရဲ့ ဖုံးလွှမ်းမှုအောက်မှာပဲ ပြန်လည် ဝါးမြိုခြင်း ခံလိုက်ရပြန်ပါတယ်..။

နှင်းမုန်တိုင်းက ပြန်လည် ပြင်းထန်လာခဲ့တာကြောင့်.. ဆန်နီ ဟာ ဒီဒေသမှာ သောင်းကျန်းနေတဲ့ ဒုတိယမြောက် တိုက်တန်နဲ့ ဆုံတွေ့ရတော့

မှာ လားလို့တောင် တွေးမိနေခဲ့တယ်..။ အနည်းဆုံးတော့ သူက အဲ့ကောင်နဲ့ မိတ်ဆက်ဖို့ စိတ်မပါတာ အသေအချာပါပဲ..။

ဒီခရီးစဉ်က… အတော်လေး ထူးဆန်းနေခဲ့တယ်..။ ဆန်နီ က အရာရာတိုင်း ရုတ်တရက်ဆိုးရွားသွားတာကို ကြုံတွေ့နေကျ ဖြစ်ပေမယ့်.. ယာဉ်တန်းရဲ့ အခြေအနေကတော့ အတော် ကွဲပြားနေခဲ့ပါတယ်..။ ကြောက်မက်ဖွယ်ကောင်းပြီး ဖျက်ဆီးအားပြင်းတဲ့ အရာတစ်ခုက

တန်းပြီး ဖြစ်ပေါ်လာရမယ့်အစား..အခြေအနေက နာရီတိုင်းမှာ အနည်းငယ်စီ ဆိုးရွားလာနေခဲ့တယ်။ဒါက သူတို့ကို ပျက်စီးခြင်းဆီတဖြည်းဖြည်းချင်း နီးကပ်သွားစေခဲ့ပါတယ်..။

ရိက္ခာစခန်းကနေ ထွက်ခွာလာပြီးနောက်မှာ ယာဉ်တန်း တည်ဆောက်ထားခဲ့တဲ့ ယုံကြည်မှုက အဝေးကြီးမှာ ကျန်ရစ်ခဲ့ပါပြီ..။ အားနည်းတဲ့ အိပ်မက်ဆိုး သားရဲအုပ်စုငယ်တွေနဲ့ ရံဖန်ရံခါ တိုက်ခိုက်ရမယ့်အစား.. အခုအချိန်မှာတော့ သူတို့က အန္တာတိက အလယ်ပိုင်းရဲ့ မြောက်ဖက်ဒေသတွေကို လွှမ်းမိုးထားတဲ့ ပင်လယ်သားရဲ အုပ်ကြီး နဲ့ မရပ်မနား တိုက်ခိုက်နေကြရတယ်..။

နိုးထသူတွေနဲ့ MRW မောင်းနှင်သူတွေအပေါ် ကျရောက်လာတဲ့ ဖိအားက ကြီးမားစွာ မြင့်တက်လာခဲ့ပြီး.. ခြေလျင်စစ်သားတွေကလည်း သူတို့ရဲ့ လှံစွပ်တွေကို သွေးစွန်းစေခဲ့ရတဲ့ အကြိမ်ပေါင်းက မနည်းတော့ပါဘူး..။

အဆိုးရွားဆုံးကတော့.. များပြားလှတဲ့ ထွက်ပေါက်တွေက သူတို့ရဲ့ နည်းပညာတွေအပေါ် သက်ရောက်နေတဲ့ ရှောင်လွှဲမရတဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်..။ စစ်ဘက်ဆိုင်ရာ ယာဉ်တွေက အခိုက်အတန့်ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကနေ အတိုင်းအတာတစ်ခုအထိ ကာကွယ်ထားနိုင်ပေမယ့်.. ရိုင်နို လိုမျိုး ရှားပါးပြီး စျေးကြီးတဲ့ မွမ်းမံမှုတွေ ရှိတဲ့ ယာဉ်ကတော့ သိပ်မရှိပါဘူး..။ သူတို့က အခုအချိန်အထိတော့ အဆင်ပြေအောင် ဖြေရှင်းနေကြဆဲ ဖြစ်ပေမယ့်.. ဒါက ဘယ်လောက်အထိ ကြာရှည်ခံမလဲဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ကြပေ..။

ပြဿနာတွေက တောင်လိုပုံလာခဲ့တယ်..။

…ကျဆုံးမှုတွေကလည်း တောင်လိုပုံလာခဲ့တာ ပါပဲ..။

အီရီဘတ် ကွင်းပြင် ဆီသို့ သွားခဲ့ရတဲ့ ခရီးစဉ်အတွင်းမှာ.. ဆန်နီ အနေနဲ့ အခိုက်အတန့်ရဲ့ မရေရာမှုတွေ နဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲတွေကြောင့် လူအနည်းငယ် လောက်သာ ဆုံးရှုံးခဲ့ရပါတယ်..။ သူတို့ရဲ့ ဆုံးရှုံးမှုက နည်းပါးလွန်းတာကြောင့် တစ်ယောက်ချင်းစီရဲ့ သေဆုံးမှုကို စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်..။

ဒါပေမဲ့ ယခု ခရီးစဉ်ရဲ့ အခြေအနေကတော့ အဲလို မဟုတ်တော့ပါဘူး..။

ယာဉ်တန်းက အရမ်း ကြီးမားလာခဲ့ပြီး.. သူတို့ ဆင်နွှဲရတဲ့ တိုက်ပွဲတွေကလည်း စစ်သားတွေ

မသေဆုံးအောင် တိုက်ခိုက်ဖို့အတွက် အတော်စိတ်လှုပ်ရှားစရာ ကောင်းကာ ပြင်းထန်လွန်းနေခဲ့တယ်..။ သေဆုံးမှုနှုန်းက ဆိုးရွားလွန်းတာမျိုး မဟုတ်ပဲ.. ချီးကျူးစရာ ကောင်းလောက်အောင် နိမ့်ပါးနေဆဲ ဖြစ်ပေမယ့်.. ဂီရီ က အခြေအနေကို အစီရင်ခံဖို့ သူ့ကို ဆက်သွယ်လာတဲ့ အခါတိုင်းမှာတော့.. စာရင်းထဲမှာ နာမည်တွေ ပိုမို ထည့်သွင်းလာရတဲ့ ပုံရပါတယ်..။

ဆန်နီ ဟာ ဒါကို ထူးဆန်းစွာပဲ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့တယ်..။ လူဦးရေ အများကြီး တိုးလာတာကြောင့် စစ်သားတစ်ယောက်ချင်းစီရဲ့ သေဆုံးမှုက သူ့ကို သိပ်ပြီး သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ သူ ထင်ထားခဲ့တာပါ။.. အထူးသဖြင့် ကျဆုံးမှုတွေက မျှော်မှန်းထားတာထက် နည်းပါးနေရင်ပေါ့..။ ပြီးတော့ သူ့ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ လူတွေ သေဆုံးနေတဲ့ သတင်းတွေကို ကြားနေရတာက နောက်ဆုံးမှာ သူ အသားကျသွားလိမ့်မယ်လို့ ထင်ထားခဲ့တယ်။

သို့ပေမဲ့ သူ အသားကျ မသွားခဲ့ပါဘူး..။

အရေအတွက် ဘယ်လောက်ပဲ နည်းပါးပါစေ ..

သူ့ရဲ့ စစ်သားတွေ သေဆုံးလေလေ သူက ပိုပြီး ဒေါသထွက်လာလေလေ ဖြစ်နေခဲ့တယ်..။ဒါပေမဲ့ သူ ခံစားခဲ့ရတဲ့ အပြင်းထန်ဆုံး စိတ်ခံစားမှုကတော့ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်နေခဲ့ပါတယ်..။ အဲဒါကတော့ မကျေနပ်မှုပါပဲ..။

အမှန်တကယ် စွမ်းအားကြီးမားတဲ့သူတွေက.. သူတို့ရဲ့ အချင်းချင်း စစ်ပွဲတွေထဲမှာ ပိတ်မိနေကြတဲ့ အချိန်မှာ.. .. သာမန်လူသားတွေက ခုခံကာကွယ်နိုင်စွမ်းမရှိတဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ သူတို့ရဲ့ အသက်တွေကို ရင်းနေရတဲ့ အချက်အပေါ်မှာ ဆန်နီ က မကျေမနပ် ဖြစ်နေမိတာပါ..။

‘ခွေးမသားတွေ…’

တကယ်တော့ သူက ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ မွေးဖွားလာခဲ့တာမျိုး မဟုတ်တာ ဖြစ်နိုင်ပါတယ်..။

…ဒါက ဆန်နီ က စွမ်းဆောင်ရည်မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး..။ ဆန့်ကျင်ဘက်အနေနဲ့.. သူက ယာဉ်တန်းကို ကောင်းကောင်း ဦးဆောင်နေပြီး.. ရဲရင့်တဲ့ တပ်မှူးတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့တာပါ..။ သို့သော်လည်း ဒါတွေအားလုံးက သူ့အတွက် စိမ်းသက်နေခဲ့တယ်..။ ဒဒီအရာတွေက.. အခြေအနေတွေက သူ့ကို အတင်းအကျပ် ဖိအားပေးလာလို့သာ သူ လုပ်ဆောင်နေရတာ ဖြစ်ပြီး.. ဒီအခန်းကဏ္ဍမှာ ပါဝင်ချင်လွန်းလို့ မဟုတ်ပါဘူး..။

အမှောင်ထဲမှာ တစ်ယောက်တည်း နေထိုင်ခဲ့ရတာကပဲ အများကြီး ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်..။

‘အာ.. လွမ်းစရာ ကောင်းတဲ့ အတိတ်တွေပဲ..’

ယာဉ်တန်းရဲ့ မြောက်ဘက်ဆီကို ချီတက်မှုမှာ နောက်ထပ် ထူးဆန်းတဲ့ အရာတစ်ခုလည်း ရှိနေခဲ့ပါသေးတယ်…။ အဲဒါက ဆန်နီ အနေနဲ့ မျှော်လင့်ထားသင့်တဲ့ အရာတစ်ခု ဖြစ်ပေမယ့်.. ထည့်သွင်းတွက်ချက်ဖို့ ပျက်ကွက်ခဲ့တာပါ..။

ဖြည်းဖြည်းချင်း သေဆုံးမှုတွေ ရှိနေပေမယ့်လည်း.. သူ့ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ လူဦးရေက လျော့နည်းမသွားခဲ့ပါဘူး..။ အဲဒီအစား.. ဒါက ပိုမို တိုးပွားလာခဲ့ပြီး.. များပြားလာခဲ့တယ်..။ သူတို့ ရှေ့ကို ပိုပြီး မောင်းနှင်လေလေ.. ယာဉ်တန်းက ပိုမို ကြီးမားလာလေလေ ဖြစ်နေခဲ့ပါတယ်..။

အီရီဘတ် ကွင်းပြင် ကနေ လွတ်မြောက်လာခဲ့ကြတဲ့ အခြား လူတွေ.. နှင်းမုန်တိုင်းကြောင့် စစ်တပ်ဌာနချုပ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ စစ်သားတွေ.. ပြီးတော့ သူတို့ သွားမယ့်နေရာက ပျက်စီးသွားပြီးနောက် ဘာလုပ်ရမှန်းမသိ ပိတ်မိနေခဲ့ကြတဲ့ ရွှေ့ပြောင်းကယ်ဆယ်ရေး ယာဉ်တန်းတွေလည်း ရှိနေခဲ့ကြပါတယ်။.. သူတို့အားလုံးက မြောက်ဘက်ကိုဦးတည်ရွေ့လျားနေတဲ့ အင်အားစုကြီးကို တွေ့ရတဲ့အခါမှာ ဝမ်းသာသွားခဲ့ကြတယ်။.. အထူးသဖြင့် မာစတာ တစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေတာကြောင့် ပိုပြီးတောင် ဝမ်းသာသွားခဲ့ကြပါတယ်..။

ဒါကြောင့် သူတို့က ယာဉ်တန်းထဲကို ပူးပေါင်းဝင်ရောက်လာခဲ့ကြတယ်..။ ဆန်နီ အနေနဲ့ ဒီ လမ်းလွဲနေတဲ့သူတွေကို မောင်းထုတ်လို့မရသလို.. အခုချိန်မှာတော့ မောင်းထုတ်ဖို့လည်း အဓိပ္ပာယ် မရှိတော့ပါဘူး..။

ဒါကြောင့်.. သူ့ရဲ့ အကာအကွယ်အောက်မှာ ဒုက္ခသည် လေးထောင်ကနေ ငါးထောင်..ပြီးတော့ ခြောက်ထောင်.. ပြီးတော့ တစ်သောင်းနှစ်ထောင်အထိ ဖြစ်လာခဲ့တယ်..။ သာမန်စစ်သား အရေအတွက်ကလည်း ငါးရာကနေ တစ်ထောင်ကျော်အထိ ဖြစ်လာခဲ့ပါတယ်..။

နိုးထသူ တပ်ခွဲ သုံးခုကနေ ခုနစ်ခုအထိ တိုးလာခဲ့ပြီး.. အခုအချိန်မှာတော့ အိပ်စက်သူ တပ်ခွဲက တစ်ခုအစား နှစ်ခု ရှိနေခဲ့ပြီ ဖြစ်ပါတယ်..။

ယာဉ်တွေလည်း အများကြီး ပိုများလာခဲ့ပါသေးတယ်..။အရေအတွက် များလွန်းတဲ့ ယာဉ်တန်းကြီးက အခုအချိန်မှာ နှစ်ကီလိုမီတာအထိ ရှည်လျားနေခဲ့ပြီး.. လျင်မြန်လှတဲ့ တိုးချဲ့မှုက ရပ်တန့်မယ့် လက္ခဏာလည်း မပြသေးပါဘူး..။

ဒါကို ကြည့်ရင်း ဆန်နီ က သူ့ခေါင်းကို မခါယမ်းဘဲ မနေနိုင်တော့ပေ..။

‘ဒါက ဘေးအန္တရာယ်တစ်ခုဆီကို သွားနေတာပဲ…’

ဒီနှုန်းအတိုင်းဆိုရင်တော့.. သူတို့ ဖယ်လ်ကွန် စကော့ ဆီကို ရောက်တဲ့အချိန်မှာ သူက တပ်မတစ်ခုလုံးကို ဦးဆောင်နေရတဲ့ အခြေအနေ ဖြစ်လာတော့မှာပါ..။ တကယ်လို့ သူတို့ ရောက်နိုင်ခဲ့ရင်ပေါ့..။

မကြာခင်မှာ သူက ဗိုလ်မှူးကြီး တစ်ယောက်ယောက်နဲ့ အမှတ်မထင် ဆုံတွေ့ပြီး ကွပ်ကဲမှု တာဝန်တွေကို သူတို့အပေါ် လွှဲပြောင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်..။ဒါပေါ့ အဲဒီဗိုလ်မှူးကြီးက ငတုံး တစ်ယောက် မဟုတ်ဖို့တော့ လိုအပ်တာပေါ့..။

…လတ်တလောမှာ ဆန်နီ က ယာဉ်တန်းရဲ့ လမ်းကြောင်းကို ခြုံခိုတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတဲ့ ကျရှုံးမူအဆင့် နတ်ဆိုး တစ်ကောင်ကို ရှင်းလင်းလို့ ပြီးရုံတင် ရှိသေးပြီး ယာဉ်တန်းရဲ့ ရှေ့ဆုံးဆီကို ပြန်ရောက်လာခဲ့တယ်..။ သူက ရိုင်နို ရဲ့ အမိုးပေါ်က အရိပ်တွေထဲကနေ ထွက်ပေါ်လာတာနဲ့ တပြိုင်နက်.. ကျီးကန်းက အောက်ကို ပျံသန်းလာပြီး.. သူ့ရဲ့ ပုခုံးပေါ်မှာ လာနားလိုက်ပါတယ်..။

သူက ဒီ သနားစရာကောင်းတဲ့ ငှက်ကလေးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

“ဘာလဲ.. မင်း တစ်ခုခု မြင်ခဲ့လို့လား..”

ဒီ သားရဲငယ်လေးက ခေါင်းကို ငြိမ့်ပြလာခဲ့ပါတယ်..။

“ကျီးကန်း.. မြင်တယ်..”

ဒီ ထပ်တူညီမူ သူ့ကို လာရှာတယ်ဆိုကတည်းက ဒါက ဆိုးရွားတဲ့ အရာတစ်ခု ဖြစ်ရမယ်ဆိုတာကို သိနေတာကြောင့် ဆန်နီ က ကျီးကန်း ဆက်ပြောမှာကို စောင့်ဆိုင်းနေခဲ့တယ်..။ပျံသန်းနိုင်တဲ့ သားရဲက ထပ်မံ အော်ဟစ်လိုက်ပါတယ်..။

“သားရဲအုပ်.. သားရဲအုပ်..”

ယင်းနောက်မှာတော့ ငှက်က သူ့ခေါင်းကို လှည့်ပြီး သူ့နှုတ်သီးနဲ့ အရပ်မျက်နှာတစ်ခုဆီကို ညွှန်ပြလိုက်ပါတယ်..။

‘ချီးတဲ့မပဲ..’

ရှေ့မှာ အိပ်မက်ဆိုး သားရဲအုပ်ကြီးတစ်ခု ရှိနေခဲ့ပါပြီ… ။ကျီးကန်းတောင်မှ ဘယ်လို ရှောင်ကွင်းရမလဲဆိုတာ မသိတဲ့ သားရဲအုပ်ကြီးပေါ့..။ နောက်ဆုံးတော့.. ဆန်နီ ရဲ့ စိုးရိမ်မှုတွေက အမှန်တကယ် ဖြစ်လာခဲ့တဲ့ ပုံပါပဲ..။

သူက ထပ်တူညီမူ ညွှန်ပြနေတဲ့ အရပ်မျက်နှာနဲ့ အနီးဆုံးမှာ ရှိတဲ့ အရိပ်ကို ရှေ့ဘက်ဆီ အလျင်အမြန် စေလွှတ်လိုက်တယ်..။အရိပ်က အဝေးကြီးအထိ ကြိုတင်ကင်းထောက်နေခဲ့တာ ဖြစ်ပေမယ့်.. သိသာစွာပဲ လုံလောက်အောင် မဝေးသေးပါဘူး..။

မကြာခင်မှာပဲ.. ဆန်နီ ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့တယ်..။

ရှေ့မှာ တကယ့်ကို ကြီးမားလှတဲ့ သားရဲအုပ်ကြီး ရှိနေတာဖြစ်ပြီး.. သူတို့ကို ပတ်ရှောင်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး..။

ကောင်းပြီလေ… တကယ်လို့ သူသာ ကမ်းရိုးတန်းအဝေးပြေးလမ်းမကို အသုံးပြုမယ် ဆိုရင်တော့ တစ်မျိုးပေါ့..။

အဲလိုဆိုရင်တော့.. ယာဉ်တန်းအနေနဲ့ သားရဲအုပ်ကြီးရဲ့ ဘေးကနေ ဘာအနှောင့်အယှက်မှ မရှိဘဲ ဖြတ်ကျော်နိုင်မယ့် အခွင့်အရေး ရှိကောင်းရှိနိုင်ပါလိမ့်မယ်..။ ဒါကလည်း အလွန် သေးငယ်တဲ့ အခွင့်အရေးတစ်ခုသာ ပါပဲ..။

ပြီးတော့ သူတို့က ပိုမို ဆိုးရွားတဲ့ အရာတစ်ခုခုနဲ့ ဆုံတွေ့ရမယ့် အန္တရာယ်ကိုလည်း ရင်ဆိုင်ရနိုင်ပါသေးတယ်..။

‘…ချီးတဲ့မှပဲ..’

အပိုင်း ( ၉၆၈ ) ပြီး၏။

All Chapters