← Chapters

အခန်း ၉၇၀

Vol. 65 Ch. 970

အခန်း ၉၇၀

Vol. 65 Ch. 970

အခန်း ( ၉၇၀ ) ငရဲမီး

ယာဉ်တန်းက အိပ်မက်ဆိုး သားရဲအုပ်ကြီးဆီ ချဉ်းကပ်လာတဲ့အခါမှာ.. ဆန်နီ တိုက်ပွဲအတွက် ပြင်ဆင်လိုက်ပြီး လူတွေကို တတ်နိုင်သလောက် ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုခုကို ရအောင် ရှာဖွေဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ သူ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား.. ဘယ်လို နည်းလမ်းမှ မရှိခဲ့ပါဘူး။ ဒီနေ့မှာ အသက်ဝိဥာဉ်တွေ အများကြီး ဆုံးရှုံးရတော့မှာ ဖြစ်ပြီး.. သူ အကောင်းဆုံး လုပ်နိုင်တာကတော့ သေဆုံးမယ့်သူတွေဟာ အရပ်သားတွေ မဟုတ်ဘဲ စစ်သားတွေ ဖြစ်နေစေဖို့ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လူတွေ ရာနဲ့ချီ၊ တကယ်လို့ ထောင်နဲ့ချီ မဟုတ်ရင်တောင် လူတွေ အများကြီး သေဆုံးတော့မှာ ဖြစ်တယ်ဆိုတာ သူ သိနေခဲ့တယ်။

သူ့ရဲ့ လောင်းကြေးက အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီအတွက် သူ အနည်းအငယ် နောင်တရသွားခဲ့တယ်.။

သူ သက်ပြင်းချလိုက်ပြီးနောက် [ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ] ဦးထုပ်ကို ဆောင်းလိုက်ပြီး မော်ဂန်ရဲ့ စစ်ပွဲလေးကို မြှောက်လိုက်ပါတယ်။…

အဲ့အချိန်မှာပဲ နှင်းမုန်တိုင်းရဲ့ မြူခိုးတွေထဲမှာ ထူးဆန်းတဲ့ သွေးရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီးနောက် သေးငယ်တဲ့ မီးပွားလေးတွေ ပြန့်ကျဲသွားခဲ့တယ်။ သူ အေးခဲသွားပြီး နှင်းတွေကြောင့် ဖုံးကွယ်နေတဲ့ အနက်ရောင် သမုဒ္ဒရာပြင်ကို လှည့်ကြည့်လိုက်ပါတယ်။

အဲ့မှာတော့.. ဧရာမ ပုံသဏ္ဍာန် ကြီးတစ်ခုက ပုန်းကွယ်နေခဲ့ပြီး.. သွေးရောင် အလင်းတန်းလေးတွေကြောင့် သူ့ရဲ့ ကြီးမားတဲ့ ပုံစံကိုသာ မြင်တွေ့နေခဲ့ရတယ်။

‘ဘာလဲ….’

နောက်တစ်ခနအတွင်းမှာပဲ နားကွဲမတတ် အော်ဟစ်သံတစ်ခုက သူ့နားထဲကို ရိုက်ခတ်လာပြီးနောက်.. သူ လုံးဝ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်ပျက်သွားခဲ့ပါတယ်။

ယာဉ်တန်းရဲ့ ရှေ့မှာ ရှိနေတဲ့ အိပ်မက်ဆိုး သားရဲအုပ်ကြီးက မြေပြင်ကို တုန်ခါသွားစေတဲ့ ပေါက်ကွဲသံတွေ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ရုတ်တရက် အပိုင်းပိုင်း ဖြစ်သွားခဲ့ပါတယ်။ဒါက ကွန်ကရစ်တုံးတွေ၊ အသားတုံးတွေနဲ့ အရိုးတွေကို လေထဲ လွင့်စင်သွားစေပြီး သွေးရောင် မြူခိုးတွေကို ဖန်တီးလိုက်ပါတယ်။ တစ်ခနအကြာမှာပဲ တောင်စောင်းပေါ်မှာလည်း ဒေါသထွက်နေတဲ့ အနီရောင် မီးတောက်တွေ ပေါ်ထွက်လာပြီး သားရဲတွေကို ပိုပြီးတောင် ချေမှုန်းပစ်လိုက်ပါတယ်။

ကမ္ဘာကြီး တစ်ခုလုံး တုန်ခါသွားခဲ့တယ်။

ဆန်နီ သမုဒ္ဒရာဘက်ကို အမြန် ပြန်ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ နှင်းမုန်တိုင်း နံရံကြီးကလည်း ပျက်စီးသွားခဲ့ပါပြီ။ နှင်းမုန်တိုင်းကြောင့် မြင်ကွင်း ပိတ်လုနီးပါး ဖြစ်သွားခဲ့ပေမယ့်.. အဲ့ဒီ ပျက်စီးခြင်းရဲ့ ရင်းမြစ်ကို သူ အနည်းငယ် မြင်လိုက်ရပါသေးတယ်။

လှိုင်းတွေပေါ်မှာ မျောပါနေတဲ့ ဧရာမ ပုံစံကြီးက… အလွန် ကြီးမားပြီး ပျက်စီးနေတဲ့ စစ်သင်္ဘောကြီး ဖြစ်နေခဲ့တာပါ။

သူ့ရဲ့ သတ္တုစပ် သင်္ဘောကိုယ်ထည် ပုံစံကို သူ မှတ်မိနေသလိုပါပဲ။

သင်္ဘောက ထူးဆန်းစွာ စောင်းနေပြီး.. တစ်ဖက်က ရေနဲ့ နီးကပ်လုနီးပါး ဖြစ်နေကာ သင်္ဘောကုန်းပတ်ရဲ့ လက်ရန်းတွေက ရေကို ထိလုနီးပါး ဖြစ်နေခဲ့တယ်။ သူ့ရဲ့ ကိုယ်ထည်က ကြောက်မက်ဖွယ် ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ပြည့်နက်နေပြီး နေရာတော်တော်များများမှာ အပေါက်တွေ ဖြစ်နေကာ.. အချို့ အပေါက်တွေကဆိုရင် ရိုင်နို ဖြတ်မောင်းသွားလို့ ရလောက်တဲ့အထိ ကြီးမားနေခဲ့ပါတယ်။ အဲ့ဒါတွေက ရေမျက်နှာပြင် အထက်မှာ ကျန်နေတဲ့ အစိတ်အပိုင်းတွေပဲ ရှိပါသေးတယ်။ သင်္ဘောရဲ့ ရှေ့ပိုင်းကတော့ ကျိုးပဲ့ပြီး ပုံပျက်နေခဲ့ပါပြီ။

သင်္ဘောက ဘယ်လိုလုပ်ပြီး ရေပေါ်မှာ ပေါ်နေသေးလဲဆိုတာကတော့ လျှို့ဝှက် ဆန်းကျယ်မူ တစ်ခုပါပဲ။

…ဒါပေမဲ့ သူက သူ့ရဲ့ လက်နက်တွေကို ပစ်ခတ်နိုင်ဆဲ ဖြစ်နေခဲ့တယ်။ ဆန်နီ မြင်ခဲ့ရတဲ့ သွေးရောင် အလင်းတန်းတွေက သင်္ဘောရဲ့ ညာဘက်ခြမ်း အမြောက်တွေကနေ ငရဲတစ်ခုလို လွှတ်တင်နေတာ ဖြစ်ပြီး.. မီးပွားတွေ ပြန့်ကျဲသွားတာကတော့ သူတို့ရဲ့ ပုန်းခိုရာကနေ ပစ်လွှတ်လိုက်တဲ့ မစ်ဆိုင်း ဒုံးကျည်တွေ ဖြစ်ပါတယ်။

ဆန်နီ ကြည့်နေတုန်းမှာပဲ စစ်သင်္ဘောကြီးက အိပ်မက်ဆိုး သားရဲအုပ်ကြီးကို ပြင်းထန်တဲ့ အမြောက်ဆန်တွေနဲ့ ထပ်ပြီး ပစ်ခတ်လိုက်ပြန်ပါတယ်..။ ဒီတစ်ခါမှာတော့ တောင်စောင်းတွေကိုပဲ အဓိကထား ပစ်ခတ်လိုက်တာပါ။

သူ မျက်တောင် ခတ်လိုက်ပါတယ်။

…တကယ်ကို အံ့ဩစရာပဲ။

သူတို့က တကယ်ပဲ… စစ်ကူ ရလိုက်တာလား။

ပျက်စီးနေတဲ့ သင်္ဘောက ဘယ်ကနေ ရောက်လာလဲဆိုတာ ဆန်နီ မသိပေမယ့်.. ဒီ အခွင့်အရေးကိုတော့ သူ အလဟဿ မဖြုန်းတီးနိုင်ပါဘူး။

အမည်မသိ သင်္ဘော ကပ္ပတိန်ရဲ့ ရည်ရွယ်ချက်က ရှင်းလင်းနေခဲ့ပါတယ်..။ ပထမဆုံး အမြောက်တွေက အဝေးပြေးလမ်းမကို ရှင်းလင်းပေးလိုက်ပြီး.. ဒုတိယအကြိမ်ကတော့ လမ်းမကို ကျော်လွန်သွားကာ တောင်စောင်းပေါ်ကို တည့်တည့်ကျပြီး အရှိန်အဟုန်နဲ့ တက်လာနေတဲ့ အိပ်မက်ဆိုး သားရဲ အုပ်စုကြီးကို ချေမှုန်းပစ်လိုက်တာပါ။

လမ်းမပေါ်မှာ ကျန်နေသေးတဲ့ သားရဲတွေကို အုပ်စုကြီးနဲ့ ဖြတ်တောက်ပေးလိုက်ပြီး ယာဉ်တန်းအတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်တာပါ။

အဲ့ဒါက သူ့ရဲ့ အခွင့်အရေးပါပဲ။

ဆန်နီဟာ နစ်မြုပ်တော့မယ့် သင်္ဘောကို သုံးပြီး သူတို့ကို ကယ်တင်ဖို့ လာခဲ့တဲ့ ရဲရင့်သူကို စိတ်ထဲကနေ ကျေးဇူးတင်လိုက်ပြီး..သူ့ရဲ့ လေးကို ဆွဲထုတ်လိုက်ကာ [မိုးကြိုးပစ်ခတ်မူ ] ကို ရှေ့ကို ပစ်လွှတ်လိုက်ပါတယ်။ တစ်ခနအကြာမှာပဲ ဒါက ဆင်စွယ်ရောင် အသားတုံး တောင်ကြီးပေါ်ကို ကျရောက်သွားပြီး.. ဂျယ်လီငါးကြီးကို စားသောက်ဖို့ တိုက်ခိုက်နေတဲ့ သားရဲတွေကို လျှပ်စီးနဲ့ အမြစ်ပြတ် ချေမှုန်းပစ်လိုက်တယ်။

“ရှေ့တန်း အားလုံး.. တိုက်ခိုက်ကြ”

ရိုင်နို ရဲ့ ဘေးမှာ ပြေးနေတဲ့ MRW တွေက သူတို့ရဲ့ ကြီးမားတဲ့ လက်တွေကို မြှောက်ပြီး တစ်ပြိုင်တည်း ပစ်ခတ်လိုက်ကြပါတယ်။

ရွေ့လျားနေစဉ်မှာ သူတို့ရဲ့ ပစ်ခတ်မှုက သိပ်ပြီး မတိကျပေမယ့်.. ကြီးမားတဲ့ ဂတ်လင် အမြောက်တွေနဲ့ဆိုရင်တော့ ဒါက အရေးမကြီးတော့ပါဘူး။ ပြင်းထန်တဲ့ ကျည်ဆံတွေက အသက်ရှင်ကျန်နေတဲ့ အိပ်မက်ဆိုး သားရဲတွေဆီကို ရောက်သွားပြီး အပိုင်းပိုင်း ဖြစ်သွားစေပါတယ်။ တစ်ခနအကြာမှာပဲ ကြီးမားတဲ့ စက် တွေရဲ့ ပုခုံးပေါ်ကနေ ဒုံးကျည်အုပ်စု နှစ်ခု ထွက်ပေါ်လာပြီး ရှုပ်ထွေးမှုတွေကို ပိုတိုးသွားစေပါတယ်။

အနောက်ဘက် အဝေးတစ်နေရာကနေ အားပြင်းတဲ့ အမြောက်ယာဉ်တွေက တိုက်ပွဲထဲ ပါဝင်လာပြီး.. တိုက်ခိုက်ရေး ယာဉ်တွေကလည်း လိုက်ပါ ပစ်ခတ်နေကြပါတယ်။ ယာဉ်တန်းရဲ့ ရှေ့ပိုင်းက တိုက်ခိုက်သူတွေအတွက် ပစ်ခတ်နိုင်မယ့် လမ်းကြောင်းတွေကို ထပ်ပြီး ဖွင့်ပေးလိုက်ပြန်ပါတယ်။

ဒီတစ်ခါမှာတော့ ပစ်ခတ်နေတဲ့ ယာဉ်တွေ၊ နိုးထသူတွေနဲ့ စစ်ပွဲ စင်မြင့်တွေက ပိုပြီး များပြားလာခဲ့ပါပြီ။

အဝေးပြေးလမ်းမကို ဖုံးလွှမ်းနေတဲ့ အိပ်မက်ဆိုး သားရဲတွေရဲ့ ရှေ့တန်းတပ်တွေက သူတို့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုအောက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ကြတယ်။ တစ်ခနအကြာမှာပဲ ရိုင်နို က ကျန်နေတဲ့ သားရဲတွေကို ဝင်တိုက်လိုက်ပြီး သွေးတွေနဲ့ နီရဲသွားစေခဲ့ပါတယ်။

ဆန်နီ မြှားတွေကို ပစ်လွှတ်လိုက်ပြီးနောက် လေးကို သိမ်းလိုက်ကာ [ ရက်စက်သော မြင်ကွင်း ] ကို ဆင့်ခေါ်လိုက်ပါတယ်။ APC ယာဉ်က သားရဲတွေ ပိတ်ဆို့ထားတဲ့ လမ်းကြောင်းကို ရှင်းလင်းသွားတာကို မြင်တာနဲ့ သူက အရိပ်တွေကြားထဲကနေ ဖြတ်သန်းသွားပြီး တောင်ပေါ်ကနေ ဆင်းလာတဲ့ ရန်သူတွေရဲ့ အလယ်တည့်တည့်မှာ ပေါ်လာခဲ့တယ်။

သူတို့ အများစုက ပျက်စီးနေတဲ့ သင်္ဘောကနေ ဆက်တိုက် ပစ်ခတ်မှုတွေကြောင့် ပျက်စီးသွားပေမယ့်.. အများအပြားကတော့ ရောက်လာနေဆဲပါပဲ။ သားရဲတွေရဲ့ အော်ဟစ်သံတွေ၊ ပေါက်ကွဲသံတွေနဲ့ အမြောက်သံတွေက ကမ္ဘာကြီးကို တုန်ခါနေပေမယ့်.. သူ အာရုံမလွင့်ပါဘူး။

ယာဉ်တန်းရဲ့ ခေါင်းပိုင်းက ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ခဲ့ပေမယ့် တိုက်ပွဲက မပြီးဆုံးသေးပေ။ ဆန့်ကျင်ဘက် အနေနဲ့.. အခုမှ စတင်နေတာပါ..။ ယာဉ်တန်းတစ်ခုလုံး ဖြတ်ကျော်နိုင်အောင် လမ်းကြောင်းကို ထိန်းထားပေးရမှာဖြစ်ပြီး.. သားရဲတွေကို တားဆီးပေးထားရပါလိမ့်မယ်။

သူက တောင်ပံမပါတဲ့ လင်းနို့နဲ့ ဆင်တူတဲ့ သားရဲကို သတ်ဖြတ်လိုက်ပြီးနောက် နောက်ထပ် သားရဲတစ်ကောင်ရဲ့ ဦးခေါင်းခွံကို လှံတံနဲ့ ထိုးလိုက်ပါတယ်။ [သေဆုံးခြင်း ဆန္ဒ ] က ပေါ်ထွက်လာပြီး ရူးသွပ်နေတဲ့ သားရဲအုပ်ကြီးရဲ့ ဒေါသတွေကို သူ့ဆီ ဆွဲဆောင်လိုက်တယ်။

ဒါပေမဲ့ သူ့စစ်သားတွေကိုလည်း စိတ်ဓာတ် တက်ကြွလာစေပါတယ်။

နိုးထသူ တပ်ခွဲတွေက တစ်ယောက်ပြီး တစ်ယောက် ဆန်နီ နဲ့ ပူးပေါင်းပြီး အဝေးပြေးလမ်းမရဲ့ အစွန်းတစ်လျှောက်မှာ သံမဏိ နံရံတစ်ခုကို တည်ဆောက်လိုက်ကြတယ်။

MRW တွေက သူတို့ရဲ့ နောက်မှာ ရပ်နေပြီး မီးတောက် လွှတ်စက်တွေကနေ ငရဲမီးတွေကို တောင်စောင်းတွေပေါ်ကို လွှတ်တင်လိုက်ပါတယ်။ သယ်ယူပို့ဆောင်ရေး ယာဉ်အချို့ ရပ်သွားပြီး စက်မှုလုပ်ငန်းသုံး စစ်သားအုပ်စုတွေ ထွက်လာခဲ့ကြတယ်။.. စစ်သားတိုင်းက အားကောင်းတဲ့ သံချပ်ကာဝတ်စုံတွေကို ဝတ်ဆင်ထားပြီး လေးလံတဲ့ ရိုင်ဖယ်တွေကို ကိုင်ဆောင်ထားကြပါတယ်။

မိနစ်ပိုင်းအတွင်းမှာပဲ လုံခြုံတဲ့ လမ်းကြောင်းကို ရရှိသွားခဲ့တယ်။ အခု သူတို့ လုပ်ရမှာကတော့ ရှေ့တန်းကို ထိန်းထားပြီး ပထမ စစ်တပ်က ဘယ်လိုမျိုးလဲဆိုတာ သားရဲတွေကို ပြသပေးဖို့ပါပဲ။

“နတ်ဆိုးက ငါတို့နဲ့အတူ ရှိတယ်”

"ငရဲကို ပြပေးလိုက်ကြစမ်း"

“မီးထဲမှာ လောင်ကျွမ်းသွားစမ်း.. မင်းတို့ အကောင်တွေ”

သူ့ယာဉ်တန်းထဲကို မကြာခင်ကမှ ရောက်လာတဲ့ စစ်သားတွေရဲ့ စိတ်ဓာတ် တက်ကြွမှုကို ဆန်နီ အတော်လေး အံ့ဩမိပါတယ်။ ကောင်းပြီလေ..ဒီအတွက် သူ မကန့်ကွက်တော့ပါဘူး…။

ဒါက [သေဆုံးခြင်း ဆန္ဒ] ရဲ့ အကျိုးသက်ရောက်မှု ဖြစ်နိုင်သလို.. သူတို့က အီရီဘတ် ကွင်းပြင် အတွက် လက်စားချေချင်တာ သို့မဟုတ် ရှုံးနိမ့်ခြင်းရဲ့ ရှက်စရာကို ဝိဥာဉ်ထဲကနေ ဆေးကြောချင်တာလည်း ဖြစ်နိုင်ပါတယ်။

[ရက်စက်သော မြင်ကွင်း ] ကို ကျရှုံးမူအဆင့် သားရဲရဲ့ ပါးစပ်ထဲကို ထိုးစိုက်လိုက်ရင်း.. [ရုပ်သေးဆရာ ဝတ်ရုံတော်] ကနေ ထူးဆန်းတဲ့ တုန်ခါမှုတစ်ခုကို သူ ခံစားလိုက်ရပါတယ်။ ရုတ်တရက်ဆိုသလိုပဲ သံချပ်ကာဝတ်စုံက အနည်းငယ်… ပေါ့သွားသလို ခံစားလိုက်ရတယ်။

‘…ဘာဖြစ်တာလဲ။’

သူက ဒီ ထူးဆန်းတဲ့ ခံစားချက်ကို ဖယ်ရှားလိုက်ပြီးနောက် အိပ်မက်ဆိုး သားရဲရဲ့ အလောင်းကို သူ့လှံပေါ်ကနေ ခါချလိုက်ပြီး နောက်ထပ် ပစ်မှတ်တစ်ခုကို ရှာဖွေဖို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။

အပိုင်း ( ၉၇၀ ) ပြီး၏။

All Chapters