အခန်း ၉၇၂
Vol. 65 Ch. 972
အခန်း ( ၉၇၂ ) ဝိဥာဉ်နှောင်ကြိုး
ဆန်နီက ခနလောက် အာရုံလွင့်သွားခဲ့ပြီး
ဆမ်မာရာနဲ့ MRW တို့က နောက်ကနေ
ဇွဲကောင်းကောင်းနဲ့ လိုက်လာတဲ့ အကောင်တွေကို ပစ်ခတ်နေကြတာကိုတောင် သတိမထားမိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပစ်ခတ်မှုနှုန်းက နှေးကွေးသွားခဲ့ပြီ ဖြစ်တာကြောင့် သားရဲအများစုဟာ နောက်မှာကျန်နေခဲ့တာ ဒါမှမဟုတ် သေဆုံးသွားခဲ့ကြပြီဆိုတာ သိသာပါတယ်။
[မြေအောက်ကမ္ဘာမင်းသား] တိုးမြှင့်မူနဲ့ ချေမှုန်းပြီးသား ရန်သူတွေကို ရေတွက်ပေးနေတဲ့ ကြောက်မက်ဖွယ် ရေတွက်မူတွေ…ဘုရားသခင်တို့.. သူ ဒီအရာကြီးနဲ့ ပိတ်မိနေခဲ့တာ အတော်လေး ကြာခဲ့ပါပြီ။ ဆန်နီက ဒီ မဟူရာ အကာအကွယ် ဝတ်စုံကို ရရှိချိန်မှာ ရေတွက်မူ အချို့အဝက်က ပြည့်နေခဲ့ပြီးသား ဖြစ်ပေမယ့်အောင်ပွဲပေါင်း ခြောက်ထောင် ပြည့်ဖို့အတွက် သူ့မှာ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတာပါ။
ပြန်စဉ်းစားကြည့်လိုက်ရင်.. မွန်ဂရယ်ရဲ့ ကိစ္စရပ်တစ်ခုလုံးကလည်း ရေတွက်မူပေါ်ကအရေအတွက်ကို အနည်းငယ် တိုးချင်တဲ့ သူ့ရဲ့ ဆန္ဒကြောင့် ဖြစ်ပျက်ခဲ့ရတာပါပဲ။
‘ငါ ဒါကို နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ..
မယုံနိုင်စရာပဲ’
ဆန်နီဟာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာကို သိချင်စိတ်ပြင်းပြရင်း ရူးစ် စာသားတွေကို ကြည့်လိုက်တယ်။ သူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ပါတယ်… ။ဘာလို့လဲဆိုတော့ [မြေအောက်ကမ္ဘာမင်းသား] ရဲ့ ဖော်ပြချက်မှာ သူ ချေမှုန်းနိုင်တဲ့ ရန်သူ အရေအတွက် များပြားလာလေလေ သံချပ်ကာဝတ်စုံက ပိုမို အားကောင်းလာလေလေ ဖြစ်မယ်လို့သာ ရေးသားထားတာကြောင့်ပါပဲ။.. နှစ်တွေကြာလာတာနဲ့အမျှ ဝတ်စုံကိုအသုံးပြုဖို့ ကုန်ဆုံးရတဲ့ ဝိဥာဉ်အဆီအနှစ် ပမာဏက အနည်းငယ် လျော့နည်းလာပြီး စွမ်းရည်သက်ရောက်မှုတွေက ပိုမို သိသာထင်ရှားလာခဲ့ပါတယ်။
ရေတွက်မူ ပြည့်သွားတဲ့အခါမှာ ဝတ်စုံက အဆင့်မြှင့်တင်မှု ရရှိမယ်လို့ ဖော်ပြချက်ထဲမှာ ဘာမှ ရေးမထားခဲ့ပါဘူး။ ဒါက သူ့ရဲ့ တွေးဆချက်သက်သက်သာ ဖြစ်ပါတယ်။
‘ကဲ.. ကြည့်ရအောင်…’
မှတ်သားမူရဲ့ နာမည်ကို သူ အာရုံစိုက်ပြီး ဖတ်ကြည့်လိုက်တယ်။
မှတ်သားမူ — [မြေအောက်ကမ္ဘာ ဝတ်ရုံတော်]
မှတ်သားမူအဆင့် — တက်ရောက်မူ
မှတ်သားမူ သတ်မှတ်ချက် — VII
…အိုး..
ဝတ်ရုံတော်က သတ်မှတ်ချက် ခြောက် မှတ်သားမူကနေ သတ်မှတ်ချက် ခုနစ် အဖြစ် တိုးတက်လာခဲ့ပုံရပါတယ်။ ဒါက… မဆိုးလှပေမယ့်လည်း ဆန်နီကို အနည်းငယ်တော့ စိတ်ပျက်သွားစေခဲ့တယ်။ သူက အဲ့ဒီအစား မှတ်သားမူအဆင့် တက်လှမ်းသွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။
သူ သက်ပြင်းချလိုက်ပြီးနောက် တိုးမြှင့်မူတွေဆီ အာရုံပြောင်းကာ ရူးစ်စာသားတွေကို ဆက်လက် လေ့လာလိုက်တယ်။
[သက်ရှိကျောက်တုံး]၊ [ အမှန်တရား တောင်ပံ]၊ [ခိုင်မာသော ခံတပ်] နဲ့ [မြေအောက်ကမ္ဘာ လက်နက် ] တိုးမြှင့်မူတွေကတော့ အရင်အတိုင်းပဲ ရှိနေခဲ့တယ်။ ဘယ်အရာကမှ ပိုမို အားကောင်းမလာခဲ့ပါဘူး။ [မြေအောက်ကမ္ဘာမင်းသား] ကလည်း ရေတွက်မူမှာ သတ်ဖြတ်ပြီးသား ရန်သူအရေအတွက်အဖြစ် ကျေနပ်စရာကောင်းတဲ့ [6000/6000] ဆိုတဲ့ ဂဏန်းကို ပြသနေတာကလွဲရင် ဘာမှ မပြောင်းလဲခဲ့ပါဘူး။
…ဒါပေမဲ့ စာရင်းရဲ့ အောက်ဆုံးမှာတော့ တိုးမြှင့်မူအသစ်တစ်ခု ရှိနေခဲ့တယ်။
[ဝိဥာဉ်နှောင်ကြိုး အမွေအနှစ်]
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်မိတယ်။
‘ဟင်’
သူက ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး တိုးမြှင့်မူရဲ့ ဖော်ပြချက်ကို ဖတ်ဖို့ အာရုံစိုက်လိုက်ပါတယ်။ သို့ပေမဲ့ ဖော်ပြချက်က သူ့ကို ပိုပြီး ဇဝေဇဝါ ဖြစ်သွားစေခဲ့တယ်။ ဝိဥာဉ်နှောင်ကြိုး အမွေအနှစ်ဆိုတာ ဘာလဲ သို့မဟုတ် အဲ့ဒီနာမည်က ဘယ်လို စွမ်းအားမျိုးကို ဆောင်ကြဉ်းပေးမှာလဲဆိုတာနဲ့ ပတ်သက်ပြီး ဘာအချက်အလက်မှ ရေးမထားခဲ့ပါဘူး။
အဲ့ဒီအစား တောက်ပနေတဲ့ ရူးစ်စာသားတွေက ရိုးရှင်းစွာပဲ ဖော်ပြနေခဲ့တယ်။
[အမွေအနှစ်ကို နှောင်ကြိုးဖွဲ့မှာလား]
သူက “ဟုတ်ကဲ့” သို့မဟုတ် “ဟင့်အင်း” လို့ပဲ ဖြေရမှာ ဖြစ်ပုံရပါတယ်။
ဒါပေမဲ့ ဆန်နီကတော့ တွန့်ဆုတ်နေခဲ့တယ်။
[မြေအောက်ကမ္ဘာ ဝတ်ရုံတော်] ကို သူ့ရဲ့ ဝိဥာဉ်နဲ့ နှောင်ကြိုးဖွဲ့လိုက်တာက ဘာကို ဆိုလိုတာလဲဆိုတာ သူ မသိသလို အဲ့ဒါက အနက်ရောင် သံချပ်ကာဝတ်စုံ သို့မဟုတ် သူ့ရဲ့ ဝိဥာဉ်ကို ဘယ်လို ပြောင်းလဲပစ်မလဲဆိုတာကိုလည်း သူ မသိပါဘူး။ဒါပေါ့.. ဒါက အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုအတွက် ဆုလာဘ်တစ်ခု ဖြစ်တာကြောင့် သက်ရောက်မှုက ကောင်းကျိုးဖြစ်ဖို့ပဲ များပါတယ်။
ဒါပေမဲ့ အခိုက်အတန့်က “ကောင်းကျိုး” လို့ သတ်မှတ်တဲ့ အရာတွေက တစ်ခါတစ်လေမှာ အတော်လေး ထူးဆန်းနေတတ်တာကြောင့်.. လူတစ်ယောက်က အကျိုးရှိတယ်လို့ ယူဆမယ့် အရာတွေနဲ့ အမြဲတမ်း ထပ်တူမကျတတ်ပါဘူး။ ဥပမာအားဖြင့် သူ့ရဲ့ ကိုယ်ပိုင်အစွမ်းရည်ကနေ သူ ဒါကို သိခဲ့တာပါ… ။သူ့ရဲ့ မွေးရာပါ စွမ်းရည်ဖြစ်တဲ့ [အရိပ်စေခံ ချည်နှောင်မူ] ဟာ သူ့ဘဝရဲ့ ကျိန်စာတစ်ခု ဖြစ်လာခဲ့ပေမယ့် အခိုက်အတန့်ကတော့ အဲ့ဒါကို တန်ဖိုးရှိတဲ့ ကောင်းချီးတစ်ခုလို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခဲ့ပါတယ်။
ထပ်တွေးကြည့်ရရင် [မြေအောက်ကမ္ဘာ ဝတ်ရုံတော်] က အခိုက်အတန့်ရဲ့ ဖန်တီးမှုတောင် မဟုတ်ပါဘူး။ ဒါက ကံကြမ္မာရဲ့ နတ်ဆိုး ဖြစ်တဲ့ နီသာက သူ့ရဲ့ ကျောက်တုံးသားသမီး တစ်ယောက်အတွက် ဖန်တီးခဲ့တဲ့ ရှေးဟောင်းမှတ်သားမူ တစ်ခု ဖြစ်ပါတယ်။ ဆန်နီက ဒါဟာ တစ်ချိန်က မေ့ပျောက်ကုန်းမြေရဲ့ သူရဲကောင်း ခုနစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လူစိမ်းရဲ့ ပိုင်ဆိုင်မှု ဖြစ်ခဲ့လိမ့်မယ်လို့ သံသယဝင်မိပြီး.. သူက သူတော်စင်ရဲ့ မျိုးနွယ်စုထဲက ဖြစ်နိုင်သလို သူမရဲ့ အရင် အရှင်သခင်လည်း ဖြစ်နိုင်ပါတယ်။
ဒါဆို… သူသာ ဒီရှေးဟောင်းပစ္စည်းကို သူ့ရဲ့ ဝိဥာဉ်နဲ့ နှောင်ကြိုးဖွဲ့လိုက်ရင် အမှန်တကယ် ဘာဖြစ်လာမှာလဲ။
ဟင်း…
သူ ခနလောက် တွန့်ဆုတ်နေပြီးမှ ရူးစ် စာသားတွေကို ရုတ်သိမ်းလိုက်တယ်။ ဒါက တိုးမြှင့်မူအသစ်ကို အသက်မသွင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် မဟုတ်ဘဲ သူ့ရဲ့ အရိပ်က ရှေ့မှာ ရှိနေတဲ့ ယာဉ်တန်းရဲ့ ထူးဆန်းတဲ့ အခြေအနေတစ်ခုကို သတိပြုမိလိုက်တာကြောင့် ဖြစ်ပါတယ်။
ယာဉ်တန်းက တစ်စုံတစ်ခုသော အကြောင်းအရင်း ကြောင့် ရပ်တန့်နေခဲ့တာပါ။
‘.. ချီးပဲ’
ဒါက သူ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် လမ်းညွှန်ချက်တွေရဲ့ ပြင်ပမှာ ဖြစ်နေခဲ့တယ်။ အမှန်တကယ် ကြီးမားတဲ့ ကိစ္စရပ်တစ်ခု မဖြစ်ပျက်ခဲ့ရင် လူစတာက ရိုင်နိုကို မရပ်ရပါဘူး။
ဆန်နီဟာ နှောင်ကြိုးဖွဲ့တာ မဖွဲ့တာကို ထားလိုက်ပြီး ယာဉ်ပေါ်ကနေ ခုန်ချကာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး ယာဉ်တန်းရဲ့ ရှေ့ပိုင်းဆီကို သွားလိုက်တယ်။ပြီးတာနဲ့ ရိုင်နိုရဲ့ အနီးမှာ လူသားပုံစံ ပြန်ပြောင်းလိုက်ပြီး ဝတ်ရုံတော်ရဲ့ ဦးထုပ်ကို ရုပ်သိမ်းလိုက်ကာ လူအုပ်စုဆီကို ဦးတည်သွားလိုက်ပါတယ်။
‘အဲ့ဒီ စစ်သင်္ဘောကြီးကို တာဝန်ယူထားတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ငါ တကယ် ကျေးဇူးတင်ရမယ်။ သူက အစောကတင် ငါတို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာပဲ ’
သူက လူတွေနားကို ချဉ်းကပ်သွားတဲ့အချိန်မှာပဲ သာယာနာပျော်ဖွယ် ရှိပေမယ့် ပင်ပန်းနွမ်းနယ်နေတဲ့ အသံတစ်ခုက မေးခွန်းမေးနေတာကို ကြားလိုက်ရတယ်။
“… ဒါဆို မင်းတို့ရဲ့ တပ်မှူးက ဘယ်သူလဲ ”
စစ်သားတစ်ယောက်က ပြန်လည်ဖြေကြားလိုက်ပါတယ်။
“အော်.. အဲဒါက နတ်ဆိုးပါ။ အာ… ကျွန်တော် ဆိုလိုတာက ကပ္ပတိန်…ကို ပြောတာ”
သင်္ဘောရဲ့ ကိုယ်စားလှယ်က အံ့ဩသွားပြီး အနည်းငယ် စိုးရိမ်ပူပန်သွားတဲ့ အသံနဲ့ သူ့စကားကို ဖြတ်ပြောလိုက်တယ်။
“မင်းတို့ရဲ့ တပ်မှူးက… နတ်ဆိုး တစ်ကောင် ဖြစ်နေတာလား”
စစ်သားက ပြန်ဖြေလိုက်ပါတယ်။
“နတ်ဆိုးတစ်ကောင် မဟုတ်ပါဘူး။ နတ်ဆိုး တစ်ယောက်ပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ဆရာ.. ဒါက အမည်ပြောင်တစ်ခု သက်သက်ပါပဲ… ကျွန်တော် တော့ အဲလိုထင်တယ်…”
အဲ့အချိန်မှာပဲ ဆန်နီက သူတို့ဆီကို ရောက်ရှိသွားပြီး စကားပြောနေသူကို မြင်လိုက်ရပါတယ်။ သူ့ရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့တယ်။
ဒီလူက အရပ်ရှည် ခန့်ညားပြီး နက်မှောင်တဲ့ ဆံပင်တွေနဲ့… ပုံမှန်မဟုတ်တဲ့ လှပတဲ့ မဲနယ်ရောင် မျက်လုံးတွေ ရှိနေခဲ့တာပါ။သူ့ အသံက ဘာလို့ ရင်းနှီးနေရလဲဆိုတာတော့ မဆန်းတော့ပါဘူး…။
“…နေဗီ..”
ညအိမ်တော်ရဲ့ တက်ရောက်သူဟာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး ပင်ပန်းနွမ်းနယ်နေပုံရတယ်။သို့ပေမယ့်..ဆန်နီ နဲ့ မိတ်ဆွေ ဖြစ်ခဲ့တဲ့ ညအိမ်တော်ရဲ့ မာစတာ နေဗီ ဖြစ်တာကတော့ သေချာပါတယ်။ ဆန်နီရဲ့ အသံကို ကြားလိုက်ရတဲ့အခါ မှာတော့ နေဗီက သူ စကားပြောနေတဲ့ စစ်သားဆီကနေ အကြည့်လွှဲလိုက်ပြီး အံ့ဩစွာနဲ့ ပြုံးပြလာခဲ့တယ်။
“ဆန်းလပ်စ်။ နေဦး.. တကယ်ပဲ မင်းလား။ မင်း က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ”
ဆန်နီ အနေရခက်စွာ ချောင်းဟန့်လိုက်ပြီး စကားများတဲ့ စစ်သားကို သတ်ဖြတ်လိုစိတ်အပြည့်နဲ့ လှမ်းကြည့်လိုက်တယ်။
“အာ.. အဲဒါ ကျုပ်ပဲလေ။ဒီလူအုပ်ကြီးကို ငရဲကနေ ကယ်တင်ဖို့ တာဝန်ယူထားတဲ့… နတ်ဆိုး ဆိုတာက ကျုပ်ကို ပြောနေတာ”
အပိုင်း ( ၉၇၂ ) ပြီး၏။