← Chapters

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း ( ၉၇၄ ) အခွံထဲက အရိပ်

အဆုံးသတ်မှာတော့ ဆန်နီက နေဗီနဲ့ လဲလှယ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ ယာဉ်တန်းကို ကာကွယ်ဖို့ အတွက် အိပ်မက်ဆိုး သားရဲ အမြောက်အမြားကို သတ်ဖြတ်ခဲ့ရပြီးနောက်ပိုင်း သူ့ဆီမှာ မှတ်သားမူတွေ ပိုလျှံနေခဲ့တာပါ။.. ညအိမ်တော်ရဲ့ အဖွဲ့ဝင်ကတော့ သူ့ရဲ့ နိုးထသူတွေကို တပ်ဆင်ပေးဖို့ ကုန်းပေါ်မှာ တိုက်ခိုက်လို့ရမယ့် လက်နက်နဲ့ ဝတ်ရုံတွေကို လိုအပ်နေခဲ့တယ်။

တစ်ချိန်က စစ်သင်္ဘောပေါ်မှာ အဖွဲ့ တစ်ဖွဲ့လုံး ရှိခဲ့ဖူးပေမယ့် အခုတော့ လေးယောက်ပဲ ကျန်ပါတော့တယ်။ ညအိမ်တော်ရဲ့ ဒီတိုက်ခိုက်ရေးသမားတွေက မကြာခင်မှာ အခြားနိုးထသူတွေနဲ့အတူ ယာဉ်တန်းကို ကာကွယ်ပေးကြတော့မှာ ဖြစ်သလို.. သူတော်စင်ကလည်း အိပ်စက်နေတုန်း ဖြစ်တာကြောင့် ဆန်နီ သူတို့ကို အကြပ်မကိုင်ခဲ့ပါဘူး။

ဒါကြောင့် သူက ရေထဲမှာ သွားလာလှုပ်ရှားဖို့နဲ့ တိုက်ခိုက်ဖို့အတွက် သူ့ရဲ့ လက်နက်တိုက်ထဲမှာ မှတ်သားမူအသစ် နှစ်ခုကို ရရှိခဲ့ပါတယ်။

ဒီထဲက တစ်ခုကတော့ ရေအောက်မှာ အသက်ရှူနိုင်စေတဲ့ ရိုးရှင်းတဲ့ နိုးထမူအဆင့် အဆောင်တစ်ခု ဖြစ်ပြီး.. [အမြုတေ ပုလဲ] လို့ ခေါ်ကာ တိုးမြှင့်မူ နှစ်ခု ပါဝင်ပါတယ်။ တစ်ခုက အလိုအလျောက် လေကို ထုတ်လုပ်ပေးတာ ဖြစ်ပြီး.. နောက်တစ်ခုကတော့ အသက်သွင်းလိုက်ရင် ဖန်မျက်နှာဖုံး တပ်ဆင်ထားသလိုမျိုး ရေအောက်မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်းကို ပေးစွမ်းထားပါတယ်။

အဆောင် ရဲ့ ဖော်ပြချက်မှာတော့ အသက်ရှူခြင်းက အသက်ရှင်ခြင်းရဲ့ အနှစ်သာရ ဖြစ်ပြီး.. အလှတရားကတော့ အသက်ရှင်ခြင်း ရဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ ရိုးရိုးရှင်းရှင်းပဲ ရေးသားထားပါတယ်။ အလှတရားကို ခံစားနိုင်ဖို့အတွက် ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာ ဖြစ်သလို.. ဒီအရာကို ပျော်ရွှင်စာ ခံစားဖို့အတွက်လည်း အသက်ရှည်ရှည် နေရဖို့ လိုပါလိမ့်မယ်။

‘ဘယ်လောက် ရိုမန်တစ်ဆန် လိုက်လဲ..’

ဒုတိယ မှတ်သားမူကတော့ တက်ရောက်သူအဆင့် ဖြစ်ပြီး.. ဝတ်ရုံတစ်မျိုးနဲ့ တူပါတယ်။ အမှန်အတိုင်းပြောရရင် ဒါက တံငါသည်ရဲ့ ပိုက်ကွန်နဲ့ ပြုလုပ်ထားတဲ့ သိုင်းကြိုးတစ်ခုနဲ့ ပိုတူပြီး.. ဘယ်လို ကာကွယ်ရေးစွမ်းအားမှ မရှိပေမယ့် ဝတ်ဆင်ထားသူကို အံ့ဩစရာကောင်းတဲ့ အမြန်နှုန်းနဲ့ ရေကူးနိုင်စေတာပါ။

ဒီ သိုင်းကြိုးကို [လျင်မြန်သော ဖမ်းယူခြင်း] လို့ ခေါ်ပြီး.. သူ့ရဲ့ ဖော်ပြချက်မှာတော့ ထူးဆန်းတဲ့ ငါးတစ်ကောင်ကို စားဖို့ ကျိန်ဆိုထားတဲ့

ရေနေ ကြွက်ကတိုး တစ်ကောင်အကြောင်းကို ပြောပြထားပါတယ်။ ဒါပေမဲ့ အဲဒီငါးကို ဖမ်းမိဖို့အတွက် သူ့ရဲ့ ညီအစ်ကို ဖြစ်တဲ့ ငှက်မင်း ရဲ့ မျက်လုံးတွေကို ငါးစာအဖြစ် သုံးရမယ်ဆိုတာကို သိရှိသွားခဲ့ရတယ်။ဇာတ်လမ်း တစ်ခုလုံးက တကယ်ကို ထူးဆန်းနေခဲ့တာပါ။

‘…ဒါနဲ့ ကြွက်ကတိုး ဆိုတာ ဘာကြီးလဲ။ ကြွက်တွေက ငါးစားလို့လား..’

ဒီထူးဆန်းတဲ့ သိုင်းကြိုးရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ ပုံမှန်အတိုင်းပါပဲ။.. ဒါကို ဝတ်ဆင်ထားချိန်မှာ အခြား ဝတ်ရုံအမျိုးအစား မှတ်သားမူတွေကို အသုံးပြုလို့မရတာပါ။ ဒါပေမဲ့လည်း ဆန်နီက သူရရှိခဲ့တဲ့ အရာတွေအတွက် ကျေနပ်နေခဲ့တယ်။ အန္တာတိကဆီ ပင်လယ်ရေကြောင်းခရီး နှင်ကတည်းက ရေထဲမှာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့ အချက်က သူ့ကို စိတ်ဒုက္ခပေးနေခဲ့တာ ဖြစ်ပြီး.. ဒီမှတ်သားမူအသစ်တွေကို ဘယ်တော့မှ အသုံးမပြုရဖို့ မျှော်လင့်ပေမယ့်လည်း ဒါတွေ ရှိနေတာကတင် စိတ်အေးစေပါတယ်။

သောင်တင်နေတဲ့ စစ်သင်္ဘောကြီးနဲ့ တွေ့ဆုံပြီး နာရီအနည်းငယ်အကြာမှာတော့ ယာဉ်တန်းက ရှေ့ကို ပြန်လည် ထွက်ခွာခဲ့ကြတယ်။ ယာဉ်တန်းရဲ့ အရှည်က အတူတူပဲ ဖြစ်နေပေမယ့် အခုတော့ ယာဉ်တွေပေါ်မှာ လူတွေ ပိုပြီး များပြားလာခဲ့ပါပြီ။

နေဗီက ပျက်စီးနေတဲ့ သင်္ဘောပေါ်မှာ သင်္ဘောသား ထောင်ဂဏန်း ရှိတယ်လို့ ပြောခဲ့တာက နောက်ပြောင်ခဲ့တာ မဟုတ်ပါဘူး။

ဒါတောင်မှ ဒါက အသက်ရှင်ကျန်ရစ်သူတွေပဲ ရှိပါသေးတယ်။ ဆန်နီ အမှန်အတိုင်း ပြောရရင် သူတို့ကို စစ်သားတွေလို့ သတ်မှတ်ရမလား ဒုက္ခသည်တွေလို့ သတ်မှတ်ရမလား မသိတော့ပါဘူး။သို့ပေမယ့် ဆာဂျင် ဂီရီနဲ့ အခြားအရာရှိတွေက သူ့အတွက် ဒါကို ဖြေရှင်းပေးလိမ့်မယ်ဆိုတာ သူ သိနေခဲ့တယ်။

ယာဉ်တန်းမှာ ပိုလျှံနေတဲ့ လက်နက်တွေ အများကြီး ရှိနေခဲ့တာ ဖြစ်ပြီး.. အထူးသဖြင့် စစ်သင်္ဘောကြီးရဲ့ ကျန်ရှိနေတဲ့ ကုန်လှောင်ခန်းတွေထဲက ပစ္စည်းတွေကို သယ်ဆောင်လာခဲ့တာကြောင့် သင်္ဘောသား အများစုက တိုက်ခိုက်ရေးသမားတွေ ဖြစ်လာဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ အဲလို မဟုတ်ရင်တောင်မှ ဆန်နီကတော့ သူ့ဘေးမှာ အခြား မာစတာတစ်ယောက် ရှိနေတာနဲ့တင် ကျေနပ်နေခဲ့ပါပြီ။

နေဗီ ရှိနေတာက ယာဉ်တန်းထဲက လူတိုင်းရဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးနိုင်ခဲ့တယ်..။သူက တက်ရောက်သူတစ်ယောက် ဖြစ်နေလို့တင် မဟုတ်ဘဲ သူ ပေါ်လာခဲ့တဲ့ ပုံစံကလည်း အလွန် ထူးခြားပြောင်မြောက်လှတာကြောင့်ပါ။ တစ်စုံတစ်ယောက်ရဲ့ ကြည်ညိုမှုကို ရယူဖို့ သေချာတဲ့ နည်းလမ်း ရှိတယ်ဆိုရင်..အဲဒါက သူတို့ကို စားသောက်ဖို့ ကြိုးစားနေတဲ့ အိပ်မက်ဆိုး သားရဲအုပ်ကြီးကို အချိန်ကိုက် လက်နက်ကြီး ပစ်ကူတွေနဲ့ လှမ်းပစ်လိုက်တာပါပဲ။

‘အင်း… ငါလည်း ဒီနည်းလမ်းကို မှတ်ထားရမယ် ထင်တယ်…’

ဆန်နီဟာ ယာဉ်တန်းကြီးက ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးကို ထားခဲ့ပြီး တောင်တန်းတွေဆီ ပြန်လည် မတက်ရောက်မချင်း သတိအပြည့်နဲ့ စောင့်ကြည့်နေခဲ့တယ်။ အဲ့နောက်မှာတော့ သူ စိတ်လျှော့လိုက်ပြီး ရိုင်နိုရဲ့ အမိုးပေါ်ကနေ အတွင်းထဲဆီ ဆင်းလာခဲ့ပါတယ်။

ပရော်ဖက်ဆာ အိုဘယ် ၊ဘတ်တို့နဲ့ စကားအနည်းငယ် ပြောဆိုပြီးနောက် သူက အိပ်စက်တဲ့ နေရာဆီ ဝင်လိုက်ပြီး သီးသန့် နေရာရရှိဖို့အတွက် တံခါးပိတ်လိုက်တယ်။

ဒီနေရာမှာ သူ ခနလောက် စောင့်ဆိုင်းနေပြီးမှ

ရူးစ် စာသားတွေကို ဆင့်ခေါ်လိုက်ပါတယ်။

ဆန်နီ ခနလောက် စဥ်းစားလိုက်ပြီး နောက်ဆုံးမှာတော့ စွန့်စားမှုတစ်ခု ပြုလုပ်ပြီး မြေအောက်ကမ္ဘာ ဝတ်ရုံတော်ကို သူ့ရဲ့ ဝိဥာဉ်နဲ့ ပေါင်းစပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာဆက်ဖြစ်လာမလဲ သူ မသိသလို သင့်တော်တဲ့ ဝတ်ရုံတစ်ခု ပျောက်ဆုံးသွားနိုင်တယ် ဆိုတဲ့ အသိက အနည်းငယ် စိုးရိမ်စရာကောင်းနေခဲ့တာပါ။ဒါပေမဲ့...

အမှန်အတိုင်းပြောရရင် ဆန်နီက ဘာဖြစ်လာမလဲဆိုတာကို အတော်လေး သိချင်နေခဲ့ပါပြီ။

မကြာခင်မှာပဲ သူက တောက်ပနေတဲ့ ရူးစ်စာသားတွေကို စိုက်ကြည့်နေခဲ့မိတယ်။

[အမွေအနှစ်ကို ပေါင်းစပ်မှာလား]

သူ ခနလောက် တွန့်ဆုတ်နေပြီးမှ သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

“ဟုတ်တယ်”

ဆန်နီက ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြေအောက်ကမ္ဘာ ဝတ်ရုံတော်ကို ရုပ်သိမ်းထားခဲ့တာ ဖြစ်ပြီး အခုတော့ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ရဲ့ ပျော့ပျောင်းတဲ့ ပိတ်စကို ဝတ်ဆင်ထားခဲ့တယ်။ ဒီအကြောင်းပြချက်ကြောင့် သူက ရုတ်တရက် ပြောင်းလဲမှုတွေကို တစ်ခုမှ မမြင်ခဲ့ရပါဘူး။

စက္ကန့်အနည်းငယ်အထိ ဘာမှ ဖြစ်မလာခဲ့ပေ..။

ယင်းနောက်မှာတော့ အခိုက်အတန့်ရဲ့ အသံက ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကတော့…

[သင့်ရဲ့ မှတ်သားမူ ဖျက်ဆီးခံလိုက်ရပါပြီ]

ဆန်နီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

‘ဘာလဲဟ’

သူ လန့်ဖြတ်သွားပြီး အိပ်စက်တဲ့ နေရာရဲ့ အမိုးနဲ့ သူ့ခေါင်း တိုက်မိလုနီးပါး ဖြစ်သွားခဲ့ပါတယ်။ သူ့နှလုံးခုန်သံကလည်း ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့တယ်။

‘ဒီလိုလည်း ဖြစ်နိုင်လို့လား… ဘာကို ဆိုလိုတာလဲ’

ဒါပေမဲ့ ယင်းနောက်မှာ အခိုက်အတန့်ရဲ့ အသံက ထပ်မံ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

[သင်သည် စွမ်းရည် တစ်ခု ရရှိပါသည်]

တစ်ချိန်တည်းမှာပဲ ဆန်နီက နက်ရှိုင်းပေမယ့် ရှင်းမပြနိုင်တဲ့ ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရတယ်။ ဒီပြောင်းလဲမှုက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဥာဉ် နှစ်ခုလုံးကို သက်ရောက်မှု ရှိစေပုံရပါတယ်။

ဒါက နာကျင်မှု မရှိသလို အန္တရာယ်ရှိတယ်လို့လည်း မခံစားရပါဘူး… ။တကယ်ကို ထူးဆန်းလွန်းနေခဲ့တာပါ။

ဒီခံစားချက်က သူ့ရဲ့ အရေပြားတွေက ကျောက်တုံးအဖြစ် ပြောင်းလဲသွားသလိုမျိုး ဖြစ်ပေမယ့် အရင်အတိုင်းပဲ တိတိကျကျ ရှိနေဆဲပါပဲ။

တစ်ချိန်တည်းမှာပဲ သူ့အနေနဲ့ မြေအောက်ကမ္ဘာ ဝတ်ရုံတော်ရဲ့ တိုးမြှင့်မူတွေကို ခန္တာကိုယ်မှာတင် ခံစားနေရသလိုမျိုး ဖြစ်နေခဲ့တယ်..။အနက်ရောင် ဝတ်ရုံတော်ကို ဆင့်ခေါ်မထားရုံတင်မကပဲ အမှန်တကယ်တော့ ဝတ်ရုံတော် က ဖျက်ဆီးခြင်း ခံလိုက်ရပါပြီ။

‘…ဟင် ’

ဆန်နီက သူ့ဆီမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို နားလည်ဖို့ ကြိုးစားရင်း ခနလောက် မလှုပ်မယှက် ရှိနေခဲ့တယ်။ယင်းနောက် အဖြေရှာမရတဲ့အခါမှာတော့ သူက တောက်ပနေတဲ့ ရူးစ် စာသားတွေဆီ အာရုံပြောင်းလိုက်ပါတယ်။

သူ့ရဲ့ မှတ်သားမူ စာရင်းထဲမှာတော့ မြေအောက်ကမ္ဘာ ဝတ်ရုံတော် မရှိတော့ပါဘူး။

သို့ပေမယ့်…

သူ့ဆီမှာ အခု စွမ်းရည်အသစ်တစ်ခု ရှိနေခဲ့ပါပြီ။

ဆန်နီက အသက်အောင့်ထားရင်း ဖတ်ကြည့်လိုက်တယ်။

စွမ်းရည်များ - [ကံစီမံရာ] ၊ [နတ်ဘုရားမီးတောက်] ၊ [အရိပ်အရှင်သခင်] ၊ [ဝီဗာသွေး] ၊ [ဝီဗာအရိုး] …

စွမ်းရည်တွေ ရဲ့ အဆုံးသတ်မှာတော့ ရူးစ်စာသားအသစ်တစ်ခုကို တွေ့နေရပါတယ်။

စွမ်းရည် - [မာဗယ် ကြေးခွံ]

အပိုင်း ( ၉၇၄ ) ပြီး၏။

All Chapters