← Chapters

အခန်း ၉၇၅

Vol. 65 Ch. 975

အခန်း ၉၇၅

Vol. 65 Ch. 975

အခန်း ( ၉၇၅ ) မာဗယ် ကြေးခွံ

မာဗယ် ကြေးခွံ…

ဆန်နီဟာ အတွေးနက်တဲ့ မျက်နှာ အမူအရာနဲ့ ရူးစ်စာသားတွေကို စိုက်ကြည့်နေခဲ့ပြီးမှ ဒီအရာပေါ်ကို အာရုံစိုက်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ လေထုထဲမှာ စာသား အသစ်တွေ ပေါ်လာခဲ့ပြီး ဖော်ပြချက်တစ်ခု ဖြစ်တည်လာခဲ့တယ်။

စွမ်းရည် - [မာဗယ် ကြေးခွံ]

စွမ်းရည် ဖော်ပြချက် - [မြေအောက်ကမ္ဘာရဲ့ နက်ရှိုင်းတဲ့ အမှောင်ထုထဲမှာ မာနကြီးတဲ့ နတ်ဆိုး တစ်ကောင်ဟာ သူအနှစ်သက်ဆုံး ဖန်တီးမှုတွေအတွက် ထူးခြားပြောင်မြောက်တဲ့ ဝတ်ရုံတော် ခုနစ်ထည်ကို သွန်းလုပ်ခဲ့သည်။ ဆန်းကြယ်လှတဲ့ ကြေးခွံတွေဟာ ကောင်းချီးတစ်ခု ဖြစ်သလို စမ်းသပ်မှုတစ်ခုလည်း ဖြစ်နေခဲ့သည်..။ဘာလို့လဲဆိုတော့ သူ့ရဲ့ လေးစားမှုကို ခံယူထိုက်သူတွေသာ ဝတ်ရုံတော်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပွင့်လန်းစေနိုင်ပြီး ယင်းရဲ့ ဖိအားကို တောင့်ခံနိုင်မှာကြောင့် ဖြစ်သည် ]

အဲ့နေရာမှာ ရူးစ်စာသားတွေ ထပ်ပြီး ရှိနေသေးပေမယ့် ဆန်နီက​တော့ ခနလောက် တွေးတောဖို့အတွက် ဖတ်နေတာကို ရပ်တန့်လိုက်ပါတယ်။

‘အနှစ်သက်ဆုံး ဖန်တီးမှုတွေ…’

သူက သူတော်စင်နဲ့ သူမရဲ့ မျိုးနွယ်စုတွေဟာ မြေအောက်ကမ္ဘာရဲ့ အုပ်စိုးသူတွေ ဖြစ်သလို ရွေးချယ်မှု နတ်ဆိုး… ဒါမှမဟုတ် ကံကြမ္မာ နတ်ဆိုး လို့လည်း ခေါ်တဲ့ ဒဲလ်မွန် နီသာ ဖန်တီးခဲ့တဲ့ မျိုးနွယ်စုတစ်ခု ဖြစ်မှန်း သိနေခဲ့ပါတယ်။ ဒါက ရူးစ်စာသားတွေကို ဘယ်လို ဘာသာပြန်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ သူက သူတော်စင်ရဲ့ ဝတ်ရုံဟာ မြေအောက်ကမ္ဘာ ဝတ်ရုံတော်နဲ့ အတော်လေး ဆင်တူမှန်းလည်း သိနေခဲ့တယ်..။သူမရဲ့ အကာအကွယ်က ဝတ်ရုံတော်လောက်အထိတော့ အစွမ်းမထက်ပေမယ့်ပေါ့။

မူလ ကျောက်တုံးသူတော်စင်ဟာ မေ့ပျောက်ကုန်းမြေရဲ့ မြို့တော်မှာ နေထိုင်ခဲ့ဖူးတဲ့ သက်ရှိကျောက်တုံးတွေထဲမှာ အသေးဆုံးနဲ့ အားအနည်းဆုံး တစ်ကောင် ဖြစ်ခဲ့တာပါ။ ဆန်နီကသူတို့နဲ့ ကျရှုံးမူအဆင့် သားရဲတွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဆီ ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူမရဲ့ မျိုးနွယ်စုထဲက ကြီးမားပြီး အားကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေက ဖျက်ဆီးခံလိုက်ရပါပြီ။ဒါကြောင့်.. တိုက်ပွဲကို အဆုံးသတ်ဖို့အတွက် နိုးထသူ သားရဲ တစ်ကောင်ဖြစ်တဲ့ သူမပဲ ကျန်ရစ်တော့တာ ဖြစ်ပါတယ်။

ဒါတွေအားလုံးကနေ သူ သိလိုက်ရတာကတော့.. သူတော်စင်ဟာ နီသာ ရဲ့ စစ်တပ်ထဲမှာ သာမန်စစ်သည်တစ်ယောက်ပဲ ဖြစ်ခဲ့ပုံရတယ်..။ဒါက ဖြစ်နိုင်ခြေ အရှိဆုံးပါပဲ။

သူမ ဝတ်ဆင်ထားတဲ့ ဝတ်ရုံက လက်မှုပညာရဲ့ ပြောင်မြောက်လှတဲ့ လက်ရာတစ်ခု ဖြစ်ပေမယ့်.. ကျောက်တုံးစစ်တပ်ရဲ့ ရာထူးမြင့် အရာရှိတွေကို မြေအောက်ကမ္ဘာ မင်းသားက လက်ဆောင်ပေးခဲ့တဲ့ ဝတ်ရုံတော် ခုနစ်ထည်ရဲ့ အဆင့်အတန်းမျိုးတော့ မဟုတ်ပါဘူး။

‘ဘုရားသခင်တိုဘ.. သူတော်စင်က သာမန်စစ်သည်တစ်ယောက်ပဲ ဆိုရင် နီသာ ရဲ့ စစ်တပ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ’

ကောင်းပြီလေ… နတ်ဘုရားတွေကို စိန်ခေါ်နိုင်ဖို့အတွက်ဆိုရင် သူတို့က တော်တော်လေးကို ကြောက်မက်ဖွယ်ကောင်းခဲ့ရမှာပါ။အမှောင်မြို့တော်ရဲ့ ဆိတ်ငြိမ်တဲ့ ကွင်းပြင်မှာ သူ သတ်ခဲ့တဲ့ ကျောက်တုံးသူတော်စင်ဟာလည်း သူမရဲ့ မူလခန္ဓာကိုယ်ရဲ့ အရိပ်အယောင်မျှသာ ရှိပါတော့တယ်။ ဒဲလ်မွန်တွေနဲ့ နတ်ဘုရားတွေအကြား စစ်ပွဲဖြစ်ပွားနေတဲ့ အချိန်တုန်းက သက်ရှိရုပ်တုတွေဟာ ပျက်ပြားခြင်းအဆင့်ရဲ့ ဝါးမြိုခြင်းကို မခံကြရသေးပါဘူး။

သူက ခေါင်းကို ခါယမ်းလိုက်ပြီး ရူးစ်စာသားတွေဆီပဲ ပြန်လည် အာရုံစိုက်လိုက်တယ်။

မာဗယ် ကြေးခွံ ရဲ့ ဖော်ပြချက်ကတော့အနည်းငယ် ထူးခြားနေခဲ့တယ်..။ဘာလို့လဲဆိုတော့ သူ့မှာ အခြား စွမ်းဆောင်ရည်တွေထက် အချက်အလက်တွေ ပိုပြီး အများကြီး ပါဝင်နေလို့ပါ။

သူ ဆက်ပြီး ဖတ်လိုက်တယ်။

စွမ်းဆောင်ရည် လက္ခဏာများ - [သက်ရှိကျောက်တုံး] ၊ [အမှန်တရား တောင်ပံ] ၊ [ကြံ့ခိုင်မှု] ၊ [မြေအောက်ကမ္ဘာ လက်နက် ] ၊ [ဝတ်ရုံတော်] ၊ [အခွံ] ၊ [ပေါင်းစပ်ခြင်း]

ပထမဆုံး လက္ခဏာ လေးခုကတော့ ဝတ်ရုံတော်ဟောင်းရဲ့ တိုးမြှင့်မူတွေနဲ့ အတူတူပါပဲ..။ [ကြံ့ခိုင်မှု] ကလွဲလို့ပေါ့။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေအပေါ် အလွန်မြင့်မားတဲ့ ကာကွယ်မှုနဲ့ စွမ်းအင်တိုက်ခိုက်မှုတွေအပေါ် မြင့်မားတဲ့ ကာကွယ်မှုကတော့ အတူတူပဲ ရှိနေဆဲပါပဲ..။သို့ပေမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ ဝိဥာဉ်တိုက်ခိုက်မှုတွေအပေါ် ကာကွယ်ပေးနိုင်စွမ်းကတော့ အခုအချိန်မှာ မြင့်မားတဲ့ ကာကွယ်မှုအဆင့်အထိ မြင့်တက်သွားခဲ့ပါပြီ။

‘အတော်လေး ကောင်းတာပဲ…’

ကြေးခွံရဲ့ ခုခံမူ လက္ခဏာကတော့ အလိုအလျောက် အစွမ်းပြတာ ဖြစ်ပေမယ့် အခြား လက္ခဏာ သုံးခုကတော့ အလုပ်လုပ်ဖို့အတွက် အဆီအနှစ် လိုအပ်ပါတယ်။ အခုချိန်ကစပြီး ဆန်နီအနေနဲ့ ဒီစွမ်းရည်ကို အသက်သွင်းဖို့အတွက် မှတ်သားမူထဲ အဆီအနှစ်တွေ လောင်းထည့်ရမယ့်အစား.. သူ့ရဲ့ ခန္ဓာကိုယ်တစ်လျှောက် လမ်းကြောင်းအတိုင်း စီးဆင်းစေရတော့မှာပါ။

ဒါက… အနည်းငယ် ထူးဆန်းနေခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ သူက အဆီအနှစ်တွေကို ဘယ်လို တိတိကျကျ စီးဆင်းစေရမလဲဆိုတာကို အလိုလျောက် နားလည်နေပုံရသလို..ဒီအပေါ် သူ့ရဲ့ ထိန်းချုပ်မှုကလည်း လိုချင်တဲ့ ရလဒ်ကို ရရှိဖို့အတွက် လုံလောက်အောင်ကို သေချာလှပါတယ်။

သို့ပေမယ့် အခြား လက္ခဏာ သုံးခုကတော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေခဲ့တယ်။

[ဝတ်ရုံတော်] နဲ့ [အခွံ] က ဆက်စပ်နေသလို ရှိပေမယ့် အမှန်တကယ်တော့ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေခဲ့တာပါ။ ဘာလို့လဲဆိုတော့ ဒါတွေက အမှန်တကယ် လက္ခဏာတွေ မဟုတ်ဘဲ.. သူ့ရဲ့ စွမ်းဆောင်ရည်အသစ်ကနေ ပြောင်းလဲနိုင်တဲ့ ပုံသဏ္ဍာန်တွေ ဖြစ်နေလို့ပါပဲ။

အခွံက ငြိမ်သက်နေတဲ့ ပုံစံ ဖြစ်ပြီး ဝတ်ရုံတော်ကတော့ အသက်ဝင်နေတဲ့ ပုံစံ ဖြစ်ပါတယ်။

အခွံအဖြစ် ရှိနေတဲ့ အချိန်မှာတော့ ဝတ်ရုံက သူ့ရဲ့ အရေပြားအောက်မှာ တည်ရှိနေတာပါ..။ဒါမှမဟုတ် သူ့ရဲ့ အရေပြားကိုယ်တိုင် ဖြစ်နေတာလား။ အခြေခံအားဖြင့်တော့ ဒါက မြေအောက်ကမ္ဘာ ဝတ်ရုံတော်ရဲ့ အကျိုးကျေးဇူးတွေ အားလုံးကို ပေးစွမ်းနိုင်ပြီး သူ့ရဲ့ တိုးမြှင့်မူတွေကိုလည်း အသုံးပြုနိုင်စေပါတယ်..။ဒါကအနည်းငယ် အားနည်းတဲ့ ပုံစံမျိုးနဲ့ ဆိုပေမယ့်လည်းပေါ့။

ဆန်နီက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ဖယ်ရှားလိုက်ပြီး သူ့ရဲ့ လက်မောင်းကို

မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်တယ်။

သူ့ရဲ့ အရေပြားက… အရင်အတိုင်းပဲ ရှိနေပေမယ့် တစ်နည်းအားဖြင့် ပိုပြီးတော့ ဖြူဖျော့ကာ ချောမွေ့နေခဲ့ပါတယ်။

‘ကောင်းတယ်.. ငါ့ကို သွေးစုတ်ကောင် အရုပ်လေးလို့ ခေါ်နေကြတာက မလောက်သေးဘူးလား..’

သူ သက်ပြင်းချလိုက်ပြီး သူ့လက်မောင်းကို လက်ညှိုးနဲ့ ထိုးကြည့်လိုက်တယ်။ ထူးဆန်းတဲ့ အရာတစ်ခု ရှိနေခဲ့ပါတယ်..။သူ့ရဲ့ အရေပြားက ပျော့ပျောင်းပြီး ရုန်းကန်နိုင်စွမ်း ရှိနေဆဲ ဖြစ်ပေမယ့် လုံလောက်တဲ့ ဖိအားတစ်ခု သက်ရောက်လာတဲ့ အခါမှာတော့.. ရုတ်တရက် ကျောက်တုံးလိုမျိုး မာကျောသွားခဲ့တာပါ။ အခြေခံအားဖြင့်တော့ တိုက်ခိုက်ခံရတဲ့ အချိန်မှာ ရုတ်တရက် မာကျောသွားတာ ဖြစ်ပါတယ်။ ဘေးကနေ ကြည့်ရင် ဒါက တကယ်ကို ထူးဆန်းနေမယ့် စမ်းသပ်မှု အနည်းငယ် ပြုလုပ်ပြီးနောက်မှာတော့.. သူက ဒီဖြစ်စဉ်ကို စိတ်နဲ့တင် ထိန်းချုပ်နိုင်မှန်း သိလိုက်ရတယ်။

‘ဒါက မဆိုးဘူးပဲ။ ဒါဆို ငါ့မှာ ဒဏ်ရာအမျိုးမျိုးကို အမြဲတမ်း ခုခံနိုင်စွမ်း ရှိနေတော့မှာပေါ့။ ငါ့အရေပြား ပျက်စီးသွားရင်လည်း [သက်ရှိကျောက်တုံး] နဲ့ ပြန်လည် ပြုပြင်နိုင်လိမ့်မယ်..။ဒါက အတွင်းဒဏ်ရာတွေအတွက်တော့ အသုံးမဝင်နိုင်ဘူး’

သူက [အမှန်တရားရဲ့ တောင်ပံ] ကို အသက်သွင်းလိုက်တဲ့အချိန်မှာ သူ့ရဲ့ လက်သီးက ပိုပြီးတော့ လေးလံလာတာကို ခံစားလိုက်ရတယ်။ ယင်းနောက် သူက ခန္ဓာကိုယ်တစ်ခုလုံးကို ပေါ့ပါးသွားအောင် ပြုလုပ်လိုက်ပြန်ပါတယ်။

‘အာ.. ဒါက ခံစားရတာ တော်တော် ထူးဆန်းတာပဲ’

ဆန်နီက လေထဲကို ပျံတက်သွားတာမျိုး မဟုတ်ပေမယ့်.. ဒီစွမ်းရည်အသစ်ရဲ့ အကူအညီနဲ့ဆိုရင် သူက အမြင့်ကြီးတွေကို ခုန်တက်တာမျိုး ဒါမှမဟုတ် အလွန် ပြင်းထန်စွာ ထိုးနှက်တာမျိုးတွေ လုပ်နိုင်စွမ်း ရှိနေခဲ့ပါပြီ။ဒီစွမ်းရည်ကို အသုံးချနိုင်မယ့် နည်းလမ်းတွေက အဆုံးမရှိနိုင်ပါဘူး။

သူ့ရဲ့ မျက်နှာပေါ်မှာတော့ မိုက်မဲတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

‘ပြီးတော့ ငါက အဆောင်တစ်ခုရဲ့ အာနိသင်ကိုလည်း ပိုပြီး မြှင့်တင်နိုင်သေးတာပဲ ’

ပိုပြီး ကောင်းမွန်တာကတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို အရိပ်တွေနဲ့ အားဖြည့်လိုက်ခြင်းအားဖြင့်.. အခွံက သူ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာကြောင့် သူ့ရဲ့ အခွံကိုပါ တစ်ပါတည်း အားဖြည့်ပေးရာ ရောက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအချက်ကတော့....

ဒါက ဝတ်ရုံကို ဝိဥာဥ် နဲ့ ပေါင်းစပ်လိုက်ခြင်းရဲ့ စစ်မှန်တဲ့ အကျိုးကျေးဇူးပါပဲ။

ဆန်နီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

‘ခနလေး…’

သူက သူ့ရဲ့ အရေပြားကို ကြည့်ဖို့အတွက် ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ဖယ်ရှားထားခဲ့ရတာ မဟုတ်ဘူးလား။ ဒါက ဘာကို ဆိုလိုတာလဲဆိုတော့… သူက ကြေးခွံရဲ့ စွမ်းရည်တွေကို ရရှိနိုင်မယ့်အပြင် အပေါ်ကနေ အခြား ဝတ်ရုံအမျိုးအစား မှတ်သားမူတစ်ခုကိုပါ ထပ်မံ ဆင့်ခေါ်နိုင်ပြီး.. ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ချီးပဲ..

ဒါက တကယ်ကို မယုံနိုင်စရာကောင်းလွန်းတာပဲ..။

ဆန်နီက မိနစ်အနည်းငယ်လောက်အထိ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီးမှ.. လောလောဆယ် သူ့ဆီမှာ အစွမ်းထက်တဲ့ အကာအကွယ် ဝတ်ရုံ မှတ်သားမူ တစ်ခုမှ မရှိသေးတာကို သတိရသွားခဲ့ပါတယ်။ အင်း.. ဒါက သိပ်ပြီးတော့ အရေးမကြီးပါဘူး..။နောက်ပိုင်းမှာ သူ တစ်ခုခုကို ရှာတွေ့မှာပါပဲ။

ပြီးတော့ မာဗယ် ကြေးခွံ မှာ [ဝတ်ရုံတော်] ဆိုတဲ့ လက္ခဏာလည်း ရှိနေပါသေးတယ်။

သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ တော်တော်လေးကို ရိုးရှင်းပါတယ်..။ ဒါက စွမ်းရည်ကို အသက်သွင်းပေးပြီး ဝတ်ရုံ ရဲ့ ပုံသဏ္ဍာန်ကို ယူစေတာပါ။ မှတ်သားမူတွေနဲ့ မတူတာကတော့ ဆန်နီအနေနဲ့ ဝတ်ရုံတော်ကို ဆင့်ခေါ်ဖို့အတွက် အဆီအနှစ်တွေ သုံးစွဲစရာ မလိုတော့ပါဘူး..။ဘာလို့လဲဆိုတော့ ဒါက အခွံရဲ့ အသွင်ပြောင်းလဲမှုမျှသာ ဖြစ်လို့ပါပဲ။ဒါ့အပြင် ဝတ်ရုံတော်က သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့်.. တစ်ခုကို အရိပ်တွေနဲ့ အားဖြည့်လိုက်ရင် နောက်တစ်ခုကလည်း လိုက်ပြီး အားကောင်းလာမှာ ဖြစ်ပါတယ်။

သူ့ရဲ့ အသက်ဝင်နေတဲ့ ပုံစံမှာတော့ စွမ်းဆောင်ရည်က စွမ်းအားအပြည့်ကို နိုးထစေပါတယ်..။ [ကြံ့ခိုင်မှု] ၊ [သက်ရှိကျောက်တုံး] ၊ [မြေအောက်ကမ္ဘာ လက်နက် ] နဲ့ [အမှန်တရား တောင်ပံ] တို့ရဲ့ အာနိသင်တွေက အားနည်းမနေတော့ဘဲ.. သူတို့ရဲ့ အမြင့်ဆုံး အလားအလာဆီ ရောက်ရှိသွားမှာပါ။

စိတ်မကောင်းစရာကတော့ ဒီလိုပြောင်းလဲထားရင် ဝတ်ရုံတော်ရဲ့ အပေါ်ကနေ အခြား ဝတ်ရုံအမျိုးအစား မှတ်သားမူတစ်ခုကို ထပ်ပြီး ဝတ်ဆင်လို့ မရတော့ပါဘူး။

‘မိုက်နေသေးတာပဲ’

ဒါကြောင့် ဆန်နီက သူ့ရဲ့ ဝတ်ရုံကို တကယ်တမ်း ဆုံးရှုံးသွားခဲ့တာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒါက ပိုမိုး အားကောင်းလာခဲ့တာ ဖြစ်ပြီး ဘယ်အချိန်မဆို ဆင့်ခေါ်နိုင်စွမ်း ရှိသွားခဲ့တာပါ။အခုချိန်မှာ ဝတ်ရုံတော်က မှတ်သားမူတစ်ခု မဟုတ်တော့ဘဲ သူ့ရဲ့ မွေးရာပါ စွမ်းအားတစ်ခု ဖြစ်သွားခဲ့တာပဲ ကွာခြားသွားတာပါ။

ပြီးတော့ နောက်ဆုံးအနေနဲ့ [ပေါင်းစပ်ခြင်း] လက္ခဏာ ရှိနေပါသေးတယ်။

သူ့ရဲ့ လုပ်ဆောင်ချက်က တော်တော်လေး ရိုးရှင်းပါတယ်… ။ဒါက မာဗယ် ကြေးခွံ ကို ဆန်နီရဲ့ ဝိဥာဉ်နဲ့ ပေါင်းစပ်ပေးထားတာ ဖြစ်ပြီး.. တစ်ခုက နောက်တစ်ခုနဲ့အတူ လိုက်ပါ ကြီးထွားလာလိမ့်မယ်လို့ ဆိုလိုတာပါ။ လောလောဆယ်မှာတော့ စွမ်းရည်တွေက ဆန်နီလိုပဲ တက်ရောက်မူ အဆင့်မှာပဲ ရှိနေခဲ့ပါတယ်။

တကယ်လို့ ဆန်နီသာ သူတော်စင်တစ်ယောက် ဖြစ်လာခဲ့ရင် မာဗယ် ကြေးခွံ ကလည်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဆန်နီက…အိပ်စက်မူ သေတ္တာထဲမှာ လှဲလျောင်းရင်း ဘေးပတ်လည်မှာ ရိုင်နို တုန်ခါနေတာကို ခံစားနေခဲ့ရတယ်။ပြီးတာနဲ့ ..မျက်လုံးတွေကို မှိတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

‘အရေအတွက် ခြောက်ထောင် တောင် သတ်ခဲ့တာပဲ… အာ.. ဒါက တကယ်ကို တန်ဖိုးရှိလွန်းတယ်…’

အပိုင်း ( ၉၇၅ ) ပြီး၏။

All Chapters