← Chapters

အခန်း ၂၀၀

Vol. 18 Ch. 200

အခန်း ၂၀၀

Vol. 18 Ch. 200

အခန်း (၂၀၀) ခေါင်းတလားထဲမှ လျှို့ဝှက်ချက်

“အားလော့... မနေ့ညက ဘာတွေဖြစ်ခဲ့လဲ မှတ်မိလား...”

လီယွမ်က မေးလိုက်သည်။

“မှတ်မိတာပေါ့...” အားလော့က ရယ်မောရင်း ပြန်ဖြေသည်။

“မနေ့ညက သမီး ဦးလေးနဲ့အတူ အရသာရှိတဲ့ စားစရာတွေ အများကြီး စားခဲ့တယ်လေ တောင်ပိုင်းနယ်စပ် အကတွေလည်း အတူတူ ကခဲ့ကြတယ်... ဒေါ်လေးတွေ အများကြီးက ဦးလေးကို ချစ်သက်သေတွေတောင် ပေးခဲ့ကြသေးတယ် မဟုတ်လား...”

“နောက်ဆုံးမှာတော့ အားလုံးက ကူလမ်းစဉ်တွေအကြောင်း ဆွေးနွေးကြပြီး ကူအင်မော်တယ်ကို ဂါရဝပြုခဲ့ကြတယ်လေ”

“ဒီပျင်းစရာကောင်းတဲ့ နေရာကနေ အမြန်ဆုံး ထွက်သွားနိုင်ဖို့ ကူအင်မော်တယ်ဆီမှာ သမီး ဆုတောင်းခဲ့တယ်... ဒီကနေ ထွက်သွားလို့ရတာနဲ့ သမီး အလယ်ပိုင်းလွင်ပြင်ကို သွားပြီး လောကကြီးကို ပတ်ကြည့်မယ်နော်...”

အားလော့က ပြောရင်းနှင့် သူမ၏ အိပ်မက်ထဲတွင် ပြန်လည်နစ်မြောနေပြန်သည်။

မနေ့ညက မြင်ကွင်းများကို ပြန်လည်စဉ်းစားကြည့်ပြီး အားလော့၏ မျှော်လင့်ချက်များနှင့် နှိုင်းယှဉ်ကြည့်ရာ လီယွမ်အနေဖြင့် သူမကို အမှန်တရား မပြောပြရက်နိုင်ပါချေ။ ထို့ကြောင့် သူသည် အားလော့နောက်သို့ လိုက်ပါရင်း ရွာထဲမှ အိမ်တစ်အိမ်ချင်းစီသို့ သွားကာ ချစ်သက်သေများကို တစ်ခုချင်းစီ ပြန်လည်ပေးအပ်ခဲ့သည်။

“ဦးလေးမှာ သဘောကျတဲ့ မိန်းကလေး မရှိဘူးလားဟင်...” အားလော့က မေးလိုက်၏။

“အမှန်အတိုင်း ပြောရရင် ငါ့မှာ သဘောကျတဲ့ အမျိုးသမီး တစ်ယောက် ရှိပါတယ်... ဒါပေမဲ့ သူက အပြင်လောကမှာ ရှိနေတာလေ ငါ ဒီမှာ တစ်ယောက်ယောက်ကို ထပ်ရှာပြီး သူမကို စိတ်ပျက်အောင် မလုပ်ချင်ဘူး...”

လီယွမ်၏ စကားကို ကြားပြီးနောက် အားလော့လည်း ထပ်မမေးတော့ပါချေ။

ရက်များစွာ ကုန်လွန်သွားခဲ့ချေပြီ။

လီယွမ်သည် အချိန်ကို တွက်ချက်ကြည့်ရာ ဝိညာဉ်လိပ်ကူ၏ (၁၀) ရက်တာ စောင့်ဆိုင်းချိန်ကို သူ ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရ၏။

သူ၏ အမှတ်အသားမှာ ဝိညာဉ်လိပ်နှင့် ချိတ်ဆက်ထား၏။ အကယ်၍ သူ အချိန်မီ ပြန်မထွက်လာပါက ဂိုဏ်းက သေချာပေါက် သိရှိသွားမည်ဖြစ်ပြီး ၎င်းမှာလည်း ဒုက္ခတစ်ခု ဖြစ်လာနိုင်၏။

'ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပြီပဲ... ဆက်ပြီး စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့...'

လီယွမ်သည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

သူသည် ရွာထဲမှ ကူသခင်များနှင့် စတင် ထိတွေ့ဆက်ဆံကြည့်ရာ နောက်ထပ် ပြဿနာတစ်ခုကို တွေ့ရှိလိုက်၏။

ရွာထဲမှ ကူသခင်များသည် သူတို့၏ သက်စောင့်ကူများကို ဆုံးရှုံးထားကြသော်လည်း ယေဘုယျအားဖြင့် သက်စောင့်ကူ၏ စွမ်းရည်အချို့ကို ဆက်လက် ပိုင်ဆိုင်ထားကြဆဲဖြစ်ပြီး လူနှင့်ကူမှာ တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။

၎င်းမှာ မြေအောက်ကမ္ဘာမှ ထိုအဆင့် (၉) ပညာရှင်၏ အလောင်းသန့်စင်ခြင်း နည်းစနစ်နှင့် သက်ဆိုင်နေရမည်။

သိချင်စိတ်ကြောင့် လီယွမ်သည် ရွာထဲမှ အစွမ်းအထက်ဆုံး ကူသခင်အချို့နှင့် ပိုမို နက်ရှိုင်းစွာ အပြန်အလှန် ဖလှယ်မှုများ ပြုလုပ်ခဲ့သည်။

သူသည် ထိုကူသခင်များနှင့်အတူ ရှားပါးကူများနှင့် ထူးခြားကူများ သန့်စင်သည့် လျှို့ဝှက်နည်းစနစ်များကို အပြန်အလှန် ဖလှယ်ခဲ့ပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရှေးဟောင်းနည်းလမ်းများစွာကို သင်ယူခွင့် ရရှိခဲ့သဖြင့် များစွာ အကျိုးရှိခဲ့၏။

၎င်းမှာ မမျှော်လင့်ဘဲ ရရှိလိုက်သော အကျိုးကျေးဇူးတစ်ခု ပင်။

မက်မွန်ပွင့်ရွာမှ ကူသခင်တိုင်းမှာ သူ၏ ယာယီ 'ဆရာ' များ ဖြစ်လာခဲ့ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်

ဒုတိယအကြိမ် လပြည့်ညသို့ နီးကပ်လာခဲ့ချေပြီ။

ဘုရားကျောင်း ပွဲတော်ကလည်း ပြန်လည် စတင်တော့မည် ဖြစ်၏။

တစ်လတာမျှ ကူလမ်းစဉ်များကို ဖလှယ်ခဲ့ပြီးနောက် လီယွမ်သည် ကူသန့်စင်ခြင်း နည်းစနစ် အမြောက်အမြားကို ရရှိခဲ့သည်။ သူ ဤနေရာမှ ထွက်သွားနိုင်သည်နှင့် ဤအတွေ့အကြုံများကို အခြေခံကာ အသစ်သော ရှားပါးကူ အမျိုးအစားများစွာကို မွေးမြူနိုင်မည် ဖြစ်၏။

လရောင်လင်းလက်သော ညဉ့်ယံ ရောက်ရှိလာခဲ့ပြီ။

သီချင်းဆို ကခုန်မှုများဖြင့် ပြည့်နှက်နေသော မီးပုံပွဲအပြီးတွင် ဘုရားကျောင်းထဲမှ ထူးဆန်းသော အသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ အသက်ရှင်နေသော အလောင်းကောင်များမှာလည်း မြေအောက်ကမ္ဘာရှိ ခေါင်းတလားများထဲသို့ ပြန်လည် လှဲလျောင်းကြ၏။

ယခင် အတွေ့အကြုံများကို သင်ခန်းစာယူကာ လီယွမ်သည် ဧရိယာတစ်ခုလုံးကို စူးစမ်းရန် ထောက်လှမ်းရေးအဖွဲ့များကို မစေလွှတ်တော့ဘဲ ခေါင်းတလား တစ်ခုတည်းကိုသာ စူးစမ်းရန် စီစဉ်လိုက်တော့သည်။

ခေါင်းတလားထဲတွင် တွားသွားနေသော ပိုးကောင် အမြောက်အမြားကို သူ မြင်တွေ့လိုက်ရ၏။ ၎င်းတို့ အားလုံးမှာ အလွန် အဆိပ်ပြင်းကြသည်။

ထိုအင်းဆက်များမှာ ဤနေရာတွင် အမြစ်တွယ်နေကြပြီး ခေါင်းတလားကို သူတို့၏ အသိုက်အဖြစ် အသုံးပြုနေကြခြင်း ဖြစ်၏။

“ဟင်...”

ထိုအခိုက်အတန့်တွင် အဆိပ်ရှိ သတ္တဝါ အစုအပုံကြီးထဲမှ ရင်းနှီးသော ကူကောင် တစ်ကောင်ကို လီယွမ် မြင်လိုက်ရ၏။ ၎င်းမှာ ဘီလူးကူ ပင်။

၎င်းမှာ ရစ်ပတ်နတ်ဘုရားကူ၏ နိမ့်ကျသော ပုံစံဖြစ်သည့် ရှားပါးကူ အမျိုးအစား တစ်ခုဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက လီယွမ်သည် သူ၏ မွေးရာပါ သွေးချီကူကို ဘီလူးဝိညာဉ် ကူ အဖြစ် သန့်စင်ရန် ရည်ရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် ပိုမို အစွမ်းထက်သော ရှားပါးကူ ဖြစ်သည့် ဧရာမဝိညာဉ်ကူ အဖြစ် သန့်စင်ခဲ့သည် မဟုတ်ပါလော။

အဆိပ်ရှိ သတ္တဝါ အစုအပုံကြီးထဲတွင် ဘီလူးဝိညာဉ် ကူ တစ်ကောင် ရှိနေခြင်းက သိသာထင်ရှားစွာပင် ပုံမှန်မဟုတ်ပါချေ။

'ဒီ အလောင်းကောင်က'

လီယွမ်သည် ထိုအလောင်းကောင်မှာ အစောပိုင်းက သေဆုံးခြင်းတံတားကို စောင့်ကြပ်နေသည့် လူသန်ကြီး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုလူ၏ သက်စောင့်ကူမှာ ဘီလူးဝိညာဉ် ကူ ဖြစ်ကြောင်း သူ မှတ်မိနေခဲ့သည်။

သို့သော် ဘီလူးဝိညာဉ် ကူကို သူ၏ ခန္ဓာကိုယ်အတွင်းတွင် မတွေ့ရပါချေ။

'ဖြစ်နိုင်တာက ခေါင်းတလား တိုင်းမှာ အလောင်းကောင်နဲ့ သက်ဆိုင်တဲ့ ကူကောင် တစ်ကောင်စီ ရှိနေတာလား...'

ခဏမျှ စဉ်းစားပြီးနောက် လီယွမ်သည် ထောက်လှမ်းရေးကူကို အခြား ခေါင်းတလားတစ်ခုဆီသို့ ပျံသန်းခိုင်းလိုက်သည်။

သေချာစွာ ရှာဖွေပြီးနောက်တွင် ထိုခေါင်းတလားထဲရှိ အလောင်းကောင်နှင့် သက်ဆိုင်သော သက်စောင့်ကူကို သူ ထပ်မံ ရှာတွေ့လိုက်ပြန်၏။

ဆိုရိုးစကား ရှိသည်မဟုတ်လား... အင်းဆက်ပိုးမွှားများ၏ အော်မြည်သံမှာ တစ်သက်တာလုံး ကြာမြင့်သော်လည်း ဆောင်းဦးရာသီသို့ မရောက်နိုင်ပါဘူးတဲ့။

အင်းဆက်များသည် အသက်ရှည်ရှည် မရှင်သန်နိုင်ကြပါချေ။ သူတို့ကို ကူကောင်အဖြစ် သန့်စင်လိုက်လျှင်ပင် အချိန်အကြာကြီး ရှင်သန်ရန် ခက်ခဲလှ၏။ သက်စောင့်ကူအဖြစ် ကူသခင်နှင့် ကံကြမ္မာ ချိတ်ဆက်မိမှသာ နှစ်ပေါင်း တစ်ရာခန့် ရှင်သန်နိုင်ကြ၏။

သို့သော် ထိုမျှလောက်ပဲလေ။

အသက်ရှင်နေသော အလောင်းကောင်သည် သူ၏ ဝိညာဉ်ကို ဆုံးရှုံးသွားခဲ့သည်မှာ ကြာလှပြီဖြစ်ရာ သက်စောင့်ကူသည်လည်း ပျောက်ကွယ်သွားရမည်သာ ဖြစ်၏။ ဘာကြောင့် ခေါင်းတလားထဲမှာ ရှိနေသေးတာလဲ။

'ဖြစ်နိုင်တာက အလောင်းကောင်တွေလိုပဲ အခွံတွေပဲ ကျန်တော့တာလား...'

'အဲဒီ အဆင့် (၉) ပညာရှင်က အလောင်းကောင်တွေကို သန့်စင်တဲ့အခါ သူတို့နဲ့ သက်ဆိုင်တဲ့ သက်စောင့်ကူတွေကိုပါ တစ်ပြိုင်နက်တည်း သန့်စင်ခဲ့တာလား... အဲဒါကြောင့်ပဲ ဒီကူသခင်တွေက အသက်ရှင်စဉ်က စွမ်းရည်အများစုကို ဆက်ပြီး ပိုင်ဆိုင်ထားကြတာလား...'

လီယွမ်သည် ထိုသို့ ဖြစ်နိုင်ခြေ အလွန်များကြောင်း တွေးတောလိုက်သည်။

အကယ်၍သာ ထိုသို့ဆိုလျှင် ဤအလောင်းသန့်စင်ခြင်း နည်းစနစ်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။

အကယ်၍ ဤနည်းစနစ်သာ အပြင်လောကသို့ ပေါက်ကြားသွားပြီး ကူသခင်များက ထိန်းချုပ်နိုင်မည်ဆိုပါက နဝမ ကူနန်းတော်၏ စွမ်းအားမှာ ကောင်းကင်သို့ ထိုးတက်သွားမည်ဖြစ်ပြီး တစ်တိုက်လုံး၏ အခြေအနေကိုပင် လွှမ်းမိုးနိုင်မည် ဖြစ်သည်။

ဘိုးဘေးကြီးကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား၏ ချုပ်နှောင်မှုကို မခံရဘဲ သူ မသေဆုံးမီ မိမိအလိုအလျောက် အသက်ရှင်နေသော အလောင်းကောင်အဖြစ် ပြောင်းလဲသွားခဲ့မည် ဆိုပါက သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော လူသားလက်နက် တစ်ခု ဖြစ်လာပေလိမ့်မည်။

'ကျန်းယန်တို့ အဖွဲ့ ဝင်လာတုန်းက ဒီအလောင်းသန့်စင်နည်းကို ရှာဖွေပြီး အပြင်ကို ယူသွားချင်လို့ နေမှာပဲ... အဲဒါမှ တော်ဝင်မြင်းတပ်တွေ ကျန်းဟူကို နင်းချေမယ့် ဘေးအန္တရာယ်ကနေ ကာကွယ်နိုင်မှာ မဟုတ်လား...'

'ဒါပေမဲ့...'

'အဲဒီ ပညာရှင် ဖန်တီးခဲ့တဲ့ ကူလမ်းစဉ်မှာ တစ်စုံတစ်ရာ အားနည်းချက် ရှိနေလို့ နောက်ဆုံးမှာ ကျရှုံးပြီး တန်ပြန်သက်ရောက်မှုတွေ ခံခဲ့ရတာ နေမှာ... ကူအင်မော်တယ် အဆင့်ကို မရောက်နိုင်ခဲ့တဲ့အပြင် ကူနန်းတော်အတွက်လည်း ဘာအကျိုးမှ မရှိခဲ့ဘဲ တပည့်ပေါင်းများစွာရဲ့ အသက်ကိုပဲ ဆုံးရှုံးစေခဲ့တာပဲ...'

“ဖောက်”

လီယွမ် တွေးတောနေစဉ်မှာပင် ထောက်လှမ်းရေးကူမှာ နောက်တစ်ကြိမ် ထပ်မံ ရှာဖွေတွေ့ရှိခံရပြီး ချေမှုန်းခံလိုက်ရပြန်သည်။

သူ၏ ဒုတိယအကြိမ်မြောက် စူးစမ်းရှာဖွေမှုမှာလည်း ယခင် ပွဲတော်ရက်ကအတိုင်း ချက်ချင်း ပျက်ပြားသွားခဲ့ပြီး အတွင်းထဲမှ လူကို သတိပေးလိုက်သလို ဖြစ်သွားခဲ့ချေပြီ။

ကံကောင်းထောက်မစွာဖြင့် အတွင်းထဲမှ လူမှာ အသိစိတ် မရှိသေးပါချေ။ ထိုသို့သာ မဟုတ်လျှင် သူ အပြင်သို့ ပြေးထွက်လာပြီး လီယွမ်ကို ဖမ်းဆီးကာ ကူကောင်အဖြစ် သန့်စင်ပစ်လိုက်သည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။

'နောက်တစ်ခေါက်မှပဲ ထပ်စမ်းတော့မယ်...'

လီယွမ်သည် ထပ်မံ ကြိုးစားခြင်းကို ရပ်တန့်လိုက်ပြီး နောက်ထပ် နည်းဗျူဟာ တစ်ခုကို စတင် စဉ်းစားလေတော့သည်။

ပထမဆုံး ရှင်းလင်းထားရမည့် အချက်မှာ မိမိ သည်နေရာမှ ထွက်သွားချင်လျှင် ထို အဆင့် (၉) ပညာရှင်ကို မဖြစ်မနေ ရင်ဆိုင်ရမှာ ဆိုတာပင်။ ထိပ်တိုက် ရင်ဆိုင်မှုက ရှောင်လွှဲ၍ မရပါချေ။

သူသည် မိမိ၏ ဗျူဟာမြောက် အားသာချက်များကို အသုံးချကာ ပြိုင်ဘက်ကို တတ်နိုင်သမျှ အားနည်းအောင် ပြုလုပ်ရန် လိုအပ်၏။

ဥပမာအားဖြင့် ရှေးဦးပညာရှင်ကြီးက ကျန်းယန်နှင့် အခြားသူများအပေါ် ထားရှိသော ထိန်းချုပ်မှုကို ဖြတ်တောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်။

ထိုသို့မှ မဟုတ်လျှင် အဆင့် (၆) နှင့် အဆင့် (၇) ကူသခင် ထောင်ပေါင်းများစွာ... ထို့အပြင် အဆင့် (၈) ပညာရှင် နှစ်ဦးနှင့် ပြိုင်ဘက်ကင်း အဆင့် (၈) ပညာရှင် ကျန်းယန်တို့ကို သူ ရင်ဆိုင်ရမည် ဆိုပါက မည်မျှပင် သက်စောင့်ကူများ ရှိနေပါစေ သူ တောင့်ခံနိုင်မည် မဟုတ်ပါချေ။

“ဝူမေ့... မင်း ဒါကို ကိုင်တွယ်နိုင်မလား...”

လီယွမ်က ရုပ်သေးဘုရင်မကူ အဖြစ် မကြာသေးမီကမှ ဆင့်ကဲပြောင်းလဲထားသော ဝူမေ့ကို မေးလိုက်သည်။ ရုပ်သေးများကို ထိန်းချုပ်ခြင်း ဆိုသည်မှာ ဝူမေ့ ကျွမ်းကျင်သော နယ်ပယ် တစ်ခု မဟုတ်ပါလား။

“ချွီ... ချွီ... ချွီ...”

ဝူမေ့က တစ်ဖက်လူသည်လည်း ထူးခြားကူ တစ်မျိုးပင် ဖြစ်ပြီး အစောကြီးကတည်းက နေရာယူထားသည့် အားသာချက် ရှိနေကြောင်း ပြောပြလာသည်။ သူမအနေဖြင့် ပင့်ကူမျှင်များကို အသုံးပြုကာ အလောင်းကောင် အနည်းငယ်ကိုတော့ ဖိအားပေး ထိန်းချုပ်နိုင်သော်လည်း အရေအတွက် များပြားလာပါက ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ဆိုလာ၏။

အာရုံကြော အဆိပ်များမှာတော့ လုံးဝ အသုံးမဝင်ပါချေ။

'အကယ်၍ ဒီသန့်စင်နည်းကိုသာ ပြီးပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင်... အသက်ရှင်စဉ်က စွမ်းအား အပြည့်အဝ မရရင်တောင် ဆယ်ပုံ ခုနစ်ပုံလောက် ရမယ်ဆိုရင်ပဲ အရမ်း အသုံးဝင်မှာပဲ...'

'ဝူမေ့ရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ဆိုရင် အခုအချိန်မှာ ဝူမေ့ တစ်ယောက်တည်းနဲ့တင် စစ်တပ်ကြီးတစ်ခု ဖြစ်လာနိုင်တာပဲ...'

လီယွမ် အလယ်ပိုင်းလွင်ပြင်သို့ ပြန်သွားသည့် တစ်နေ့ကျလျှင် အင်အားစု အသီးသီးကို စည်းရုံးရုံသာမက သူ၏ ကိုယ်ပိုင် 'ကိုယ်ရံတော် တပ်ဖွဲ့' လည်း ရှိလာမည် ဖြစ်ရာ ညဇီးကွက် အစောင့်တပ်ကို ကြောက်နေစရာ မလိုတော့ပါချေ။

ဒါက စိတ်ကူးယဉ်မှု တစ်ခုမျှသာ ရှိသေး၏။

အရေးအကြီးဆုံး ပြဿနာကတော့ မဖြေရှင်းရသေးပါချေ။ယ

“ဝူမေ့တောင် မလုပ်နိုင်ဘူး ဆိုမှတော့...”

လီယွမ်က ဓားနတ်သမီးကို လှည့်ကြည့်လိုက်သည်။

ဓားနတ်သမီးကတော့ ကောင်းကင်ယံကို နောက်တစ်ကြိမ် မော့ကြည့်နေပြန်၏။

အားလော့ ပြောပြခဲ့သော စကားများကို သူ ပြန်လည် အမှတ်ရလိုက်သည်။ လပြည့်ည၏ အတုအယောင် မှတ်ဉာဏ်များထဲတွင် မက်မွန်ပွင့်ရွာမှ ကူသခင်များသည် ကူအင်မော်တယ်၏ အကာအကွယ်ကို တောင့်တနေကြသည် မဟုတ်ပါလော။၎င်းမှာ သူတို့ အသက်ရှင်စဉ်က အကြီးမားဆုံးသော အစွဲအလမ်း ဖြစ်ပေလိမ့်မည်။

အကယ်၍ ကူအင်မော်တယ်၏ ဆန္ဒသာ ဆင်းသက်လာမည် ဆိုပါက မြေအောက်မှ ထိုအရာက အလောင်းကောင်များအပေါ် ထားရှိသော ထိန်းချုပ်မှုကို ယာယီအားဖြင့် ဖြတ်တောက်ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မည်။

ထို့အပြင် သူ၏ လက်ထဲတွင် သက်မဲ့အရာများကို တိုက်ခိုက်ရာတွင် အထူး ထိရောက်သော ပြန်လည်ရှင်သန်ခြင်းကူ နှင့် ရစ်ပတ်နတ်ဘုရားကူ တို့လည်း ရှိနေသည် မဟုတ်ပါလော။

'အဖေ' ၏ စွမ်းအားများ ကူးစက်ခံထားရသော ဓားနတ်သမီးနှင့်သာ ပေါင်းစပ်လိုက်မည် ဆိုပါက သူ သေချာပေါက် အနိုင်ရနိုင်ခြေ ရှိ၏။

All Chapters