← Chapters

အခန်း ၂၀၃

Vol. 18 Ch. 203

အခန်း ၂၀၃

Vol. 18 Ch. 203

အခန်း (၂၀၃) ပြင်ပ လှုပ်ရှားမှုများ

အချိန်တွေက တရွေ့ရွေ့ ကုန်လွန်သွားခဲ့လေပြီ။

လီယွမ် ၏ ပေါင်းစပ်မှုက အချိန်ကာလများကို ကျော်လွန်သွားသော နည်းလမ်းတစ်ခု ဖြစ်ပြီး တားမြစ်နယ်မြေ ထဲမှ ထူးခြားသော မူလပစ္စည်းများကို အသုံးပြုကာ ရှေးဟောင်း ပညာရှင်ကြီးများ ချမှတ်ပေးခဲ့သော အခြေခံ အုတ်မြစ်များ အပေါ်တွင် အဆက်မပြတ် ဆန်းသစ် တီထွင်နေခြင်း ပင်။

( သင်သည် ရှားပါးကူ - လိပ်ခွံကူ ကို ရရှိပါသည် )

( သင်သည် လုံးဝ အသစ်စက်စက် ရှားပါးကူ တစ်ကောင်ကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့သည့်အတွက်... အမှတ် (၁၀၀၀) ကို ရရှိပြီး ရောင်စုံအိုးလေး ထဲသို့ သိမ်းဆည်းလိုက်ပါသည် )

ဖြစ်နိုင်သည်မှာ... လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က နည်းစနစ်များနှင့် ယနေ့ခေတ် နည်းစနစ်များ ပေါင်းစပ်သွားမှုက အံ့ဖွယ် အဖြစ်အပျက်များကို ပိုမို ဖြစ်ပေါ်လာစေပြီး ထက်မြက်လှသော ဉာဏ်ကွန့်မြူးမှုများ တောက်ပသွားစေခြင်း ဖြစ်ပေလိမ့်မည်။

လီယွမ် သည် လုံးဝ အသစ်စက်စက် ရှားပါးကူ တစ်ကောင်ကို လျင်မြန်စွာ ပျိုးထောင်နိုင်ခဲ့သည်။

အချက်အလက် ပြကွက် တစ်ခု ပေါ်လာတော့၏။

( ကူသခင် : လီယွမ် )

( အနက်ရောင်အိုး : အဆင့် ၇ - ၂၅၈၆ / ၈၀၀၀ )

( ရောင်စုံအိုး : ၂၀၀၀ )

( နယ်ပယ် : အဆင့် ၇ )

( စိတ်စွမ်းအား : နယ်မြေအဆင့် ပြီးပြည့်စုံခြင်း )

( သက်စောင့်ကူ : ရစ်ပတ်နတ်ဘုရားကူ၊ ပြန်လည်ရှင်သန်ခြင်းကူ၊ အိပ်မက်ရောင်စုံ နတ်မိမယ်၊ ဆန်းကြယ်ပုံရိပ်ကူ၊ ရုပ်သေး ဘုရင်မကူ၊ ဓားနတ်သမီး၊ ရှစ်ခွင်လွှမ်း ကံကြမ္မာကူ )

( ကူအိမ်တော် : အိပ်မက်ရောင်စုံ နန်းတော် (သောင်းအဆင့် ကူ အိမ်တော် )၊ ပင့်ကူမျှင် လျှို့ဝှက်နယ်မြေ ( သောင်းအဆင့် ကူ အိမ်တော် )၊ သွေးနတ် အိမ်တော် (ထောင်အဆင့် ကူ အိမ်တော် ) )

လီယွမ် က စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက်... ရောင်စုံအိုးလေး မှ ရရှိထားသော အမှတ်များ အားလုံးကို အနက်ရောင်အိုးကြီး ၏ တိုးတက်မှု အမှတ်များ အဖြစ် ပြောင်းလဲလိုက်သည်။

( အနက်ရောင်အိုး : အဆင့် ၇ - ၄၅၈၆ / ၈၀၀၀ )

“အဆင့်ရှစ် ကို ရောက်ဖို့ဆိုရင်... နောက်ထပ် အသစ်စက်စက် ရှားပါးကူ လေးကောင် လိုသေးတယ်... မူလပစ္စည်းတွေ အများကြီး ကျန်နေသေးတော့... အောင်မြင်နိုင်မယ့် မျှော်လင့်ချက် ရှိနေသေးတယ်...”

လီယွမ် သည် ထိုအခိုက်အတန့်တွင် လုံးဝ နစ်မြုပ်သွားခဲ့ပြီး သူ၏ စိတ်ထဲမှ အနှောင့်အယှက်များ အားလုံးကို ရှင်းထုတ်ပစ်လိုက်ကာ အခြား မည်သည့် အရာကိုမျှ မတွေးတောတော့ပါချေ။

သတ္တမမြောက် လ ရောက်ရှိလာခဲ့လေပြီ။

( သင်သည် ရှားပါးကူ - ကပ်ဘေးမီးတောက်ကူ ကို ရရှိပါသည် )

( သင်သည် လုံးဝ အသစ်စက်စက် ရှားပါးကူ တစ်ကောင်ကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့သည့်အတွက်... အမှတ် (၁၀၀၀) ကို ရရှိပြီး ရောင်စုံအိုးလေး ထဲသို့ သိမ်းဆည်းလိုက်ပါသည် )

အဋ္ဌမမြောက် လ တွင်မူ မည်သည့်အရာမျှ မရရှိခဲ့ပါချေ။

နဝမမြောက် လ...

( သင်သည် ရှားပါးကူ - ရွှေခြင်ကူ ကို ရရှိပါသည် )

( သင်သည် လုံးဝ အသစ်စက်စက် ရှားပါးကူ တစ်ကောင်ကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့သည့်အတွက်... အမှတ် (၁၀၀၀) ကို ရရှိပြီး ရောင်စုံအိုးလေး ထဲသို့ သိမ်းဆည်းလိုက်ပါသည် )

ဒသမမြောက် လ တွင် ဘာမှ မရရှိခဲ့ပေ။

ဧကာဒသမမြောက် လ တွင်လည်း ဘာမှ မရရှိခဲ့ပါချေ။

ဒွါဒသမမြောက် လ...

( သင်သည် ရှားပါးကူ - ကပ်ပါးနွယ်ပင်ကူ ကို ရရှိပါသည် )

( သင်သည် လုံးဝ အသစ်စက်စက် ရှားပါးကူ တစ်ကောင်ကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့သည့်အတွက်... အမှတ် (၁၀၀၀) ကို ရရှိပြီး ရောင်စုံအိုးလေး ထဲသို့ သိမ်းဆည်းလိုက်ပါသည် )

ဤအချိန်သို့ ရောက်သောအခါ... တားမြစ်နယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ... တစ်နှစ် နီးပါးခန့် ရှိနေခဲ့ချေပြီ။

“နောက်ထပ် တစ်ကောင်တည်း လိုတော့တယ်...”

လီယွမ် သည် အစပိုင်းကလို ထွက်သွားရန် အမြဲတမ်း တွေးတောနေပြီး စိတ်မရှည် ဖြစ်မနေတော့ဘဲ ဤနေရာမှ ဘဝကို တဖြည်းဖြည်း အသားကျ လာခဲ့သည်။

ရစ်ပတ်နတ်ဘုရားကူ၊ ပြန်လည်ရှင်သန်ခြင်းကူ နှင့် ဆန်းကြယ်ပုံရိပ်ကူ တို့ ရှိနေသဖြင့် လပြည့်ည ၏ အငွေ့အသက်များက သူ၏ အပေါ်တွင် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိသလောက် ပင်။

“ရှေးဟောင်း နည်းစနစ်တွေနဲ့ လျှို့ဝှက် ပညာရပ်တွေ... ငါ ဒီနေရာမှာ တစ်နှစ်လောက် ပိတ်မိနေခဲ့ပေမဲ့... ငါ လေ့လာ သင်ယူခဲ့ရတာတွေက ပြင်ပလောက မှာတော့... ပြိုင်ဘက်ကင်းတဲ့ အရာတွေပဲ...”

“အကယ်၍ ငါသာ ဒီကနေ ထွက်သွားနိုင်ခဲ့ရင်... စီနီယာ ယို ကတော့ လုံးဝ ပျက်စီးသွားမှာ သေချာတယ်... အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း တံတား ကြီး ဆက်ရှိနေဦးမလား ဆိုတာတော့... ငါ မသိဘူး... အကယ်၍ ဆက်ရှိနေခဲ့မယ် ဆိုရင်လည်း နောင်လာမယ့် သူတွေအတွက်တော့... ကောင်းချီးပေးခံရတဲ့ မြေမြတ် တစ်ခု ဖြစ်လာမှာပဲ...”

နှစ်ပေါင်း တစ်ထောင်ကို ဖြတ်ကျော်လာခဲ့သော အမွေအနှစ်များက လီယွမ် ကို အကျိုးကျေးဇူး များစွာ ရရှိစေခဲ့သည်။

သူ အလွန် ကျေးဇူးတင် မိ၏။

အထူးသဖြင့် အားလော့ ကဲ့သို့သော အပြစ်ကင်းစင်သည့် ကလေးငယ်များနှင့် ကျန်းယန် အပါအဝင် အခြားသော စီနီယာများ အပေါ်တွင် သူ များစွာ ဂရုဏာ သက်မိ၏။ ကူသခင် မျိုးဆက်များ၏ အမွေအနှစ် များကိုလည်း သူ အလွန် လေးစား တန်ဖိုးထားပြီး ၎င်းတို့ အားလုံး ပြိုကျ ပျက်စီးကာ လုံးဝ ပျောက်ကွယ်သွားမည်ကို လီယွမ် အလိုမရှိပါချေ။

“စီနီယာကြီးများ... နောက်ဆုံး ရှားပါးကူ လေးကို အောင်မြင်စွာ ပျိုးထောင်နိုင်ဖို့... ကျွန်တော့်ကို ကောင်းချီး ပေးကြပါဦး...”

လီယွမ် သည် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ကူလမ်းစဉ်များ၏ ကမ္ဘာကြီးထဲသို့... နောက်တစ်ကြိမ် လုံးဝ နစ်မြုပ် ဝင်ရောက်သွားတော့သည်။

...

နဝမ ကူနန်းတော်။

တောင်တန်းများ ၏ အနက်ရှိုင်းဆုံး နေရာဝယ် ချီယန် သည် အလွန် ဂနာမငြိမ် ဖြစ်နေ၏။ ဤမျှလောက် အချိန်ကြာမြင့်စွာ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော အရာမျိုး... တစ်ခါမျှ မရှိခဲ့ဖူးပါချေ။

“လီယွမ် ရဲ့ သတင်း ဘာမှ မရသေးဘူးလား...”

“ဘိုးဘေးကြီး ကို သတင်းပို့ပါတယ်... ဘာသတင်းမှ မရသေးပါဘူး...”

တစ်နှစ်ပတ်လုံး... ဘိုးဘေးကြီး ၏ အမိန့်အရ ယန်ဝူရုံ သည်... ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ ထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ကာ ရှာဖွေခဲ့သော်လည်း လီယွမ် ၏ သဲလွန်စ တစ်ခုကိုမျှ မတွေ့ရှိခဲ့ပါချေ။

လီယွမ် နှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်မှာ တစ်နှစ် ရှိနေခဲ့ပြီ။ ဝိညာဉ်လိပ် ကူကောင် ထံမှ သတင်းများ စတင် ပို့လွှတ်ခဲ့ပြီး ကတည်းက လီယွမ် သည် တစ်ခါမှ ပြန်လည် ပေါ်ထွက်လာခြင်း မရှိတော့ပေ။

“ဖြစ်နိုင်တာက” ချီယန် က သက်ပြင်းချလိုက်၏။

“သူ သေချာပေါက် တားမြစ်နယ်မြေ တစ်ခုခုထဲ ဝင်သွားမိလို့ နေမှာ...”

“အဲဒါ တစ်ခုတည်းပဲ ဖြစ်နိုင်ချေ ရှိပါတယ်...”

ယန်ဝူရုံ လည်း ထိုအချက်ကို ဝန်ခံလိုက်ရသည်။

“ကောင်းပြီလေ”

ချီယန် က ခေါင်းခါယမ်း လိုက်၏။

“ဒီကောင်လေးက ပါရမီ အရမ်း ထူးချွန်လွန်းတယ်... သူက အလုပ်လုပ်တဲ့ နေရာမှာ သတိကြီးတယ် ဆိုပေမဲ့... သူ့ရဲ့ ရည်မှန်းချက် ကြီးမားမှုကိုတော့ ဖုံးကွယ်ထားလို့ မရဘူး... သူ သေချာပေါက် လိမ်လိမ်မာမာ နေမှာ မဟုတ်ဘူးလေ”

“ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ ထဲကို နောက်တစ်ခေါက် ဝင်ဖို့... သူ့ကို ငါ ခွင့်မပြုခဲ့သင့်ဘူး...”

“အခုတော့ သူ့ကံကြမ္မာ က ဘယ်လို ဖြစ်သွားပြီလဲ ဆိုတာတောင်... မသိရတော့ဘူးလေ”

“ဒါက”

ချီယန် အလွန် နောင်တ ရနေမိ၏။

ကူအင်မော်တယ် နယ်ပယ်သို့ ရောက်ရှိပြီး ကူသခင် မျိုးဆက်ကို အထွတ်အထိပ် သို့ ပြန်လည် ခေါ်ဆောင်သွားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ရသော ပြိုင်ဘက်ကင်း ပါရမီရှင်လေး ပျောက်ဆုံးသွားခဲ့ပြီး အသက်ရှင် ကျန်ရစ်နိုင်ခြေမှာလည်း အလွန် နည်းပါးလှ၏။

ဤသည်မှာ နဝမ ကူနန်းတော် တစ်ခုလုံး အတွက်... အလွန် ပြင်းထန်သော ထိုးနှက်ချက်ကြီး တစ်ခု ပင်။

ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ ထဲရှိ အန္တရာယ်အများဆုံး နေရာနှစ်ခု ဖြစ်သော သက်မဲ့ သင်္ချိုင်းဂူ နှင့် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား တို့မှာ... အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းပြီး ဝင်သွားသူတိုင်း ဘယ်သောအခါမှ ပြန်မထွက်လာနိုင်ခဲ့ကြပါချေ။

“လီယွမ်... သူက”

ယန်ဝူရုံ လည်း မျှော်လင့်ချက် လုံးဝ ကင်းမဲ့သွားခဲ့ချေပြီ။

“မဟုတ်ဘူး... သူက တခြားသူတွေနဲ့ မတူဘူး...”

ချီယန် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ဆက်ပြီး စောင့်ကြည့်နေပါ... သူ သေချာပေါက် ပြန်ထွက်လာလိမ့်မယ်လို့... ငါ ယုံကြည်တယ်...”

ချီယန် ထုတ်မပြောခဲ့သော အချို့သော ကိစ္စများ ရှိနေ၏။

လီယွမ် ထံတွင် လျှို့ဝှက်ချက် တစ်ခု ရှိနေပြီး သူ၏ အကြီးမားဆုံးသော အားကိုးရာမှာ ရစ်ပတ်နတ်ဘုရားကူ မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထား၏။ နာမည်မရှိသော ကူသခင် တစ်ဦးက ဤအဆင့်အထိ ရောက်ရှိလာနိုင်ခြင်းမှာ... သူ၏ အံ့မခန်း အမွေအနှစ် များကြောင့်သာ ဖြစ်ရမည်။

ပြီးခဲ့သည့် အကြိမ်က ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်ကို သူ ပြန်လည် သတိရလိုက်သည်။

သက်မဲ့ သင်္ချိုင်းဂူကြီး ပြိုကျပျက်စီး သွားခဲ့သည်... ဓားနတ်သမီး သည် သူမ၏ အချိန်ကြာမြင့်စွာ အိပ်စက်နေမှုမှ နိုးထ ထွက်ခွာလာခဲ့သည်... ပြီးတော့ ကူအင်မော်တယ် ကိုယ်တိုင် ဧရာမ သစ်ပင်တောင်တန်း ပေါ်တွင် စိုက်ပျိုးထားခဲ့သော အိပ်မက် သစ်ပင်ကြီး လည်း လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်က လီယွမ် လည်း ထိုနေရာမှာ ရှိနေခဲ့ကြောင်းကို ချီယန် ကောင်းကောင်း မှတ်မိနေ၏။

နောက်ပိုင်း စုံစမ်းစစ်ဆေးမှု များအရ လီယွမ် သည် ထိုဖြစ်ရပ်များနှင့် မသက်ဆိုင်ကြောင်း... ရှင်းလင်းစွာ သိရှိခဲ့ရသော်ငြားလည်း နှစ်ပေါင်း သုံးထောင်တိုင်အောင် အိပ်စက်နေခဲ့သော ဓားနတ်သမီး... နောက်ပိုင်းတွင် ပြန်လည် ပေါ်ထွက်လာမှုက တိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး သူ့ကို နောက်တစ်ကြိမ် သံသယ ဝင်လာစေခဲ့ပြန်သည်။

လီယွမ် ကို အပြင်ဘက်မှာ အမှန်တကယ် တွေ့ဆုံပြီး အသေးစိတ် အချက်အလက်များ အားလုံးကို ပေါင်းစပ် စဉ်းစားကြည့်လိုက်မှသာ ဤတပည့်လေး သည် ကူအင်မော်တယ် ၏ အသိအမှတ်ပြုမှုကို ရရှိပြီး ကူအင်မော်တယ် ၏ အမွေအနှစ်များကို ဆက်ခံထားသူ ဖြစ်နိုင်ခြေ... အလွန် များပြားကြောင်းကို ချီယန် သဘောပေါက် သွားခဲ့ခြင်း ဖြစ်တော့၏။

ဤသည်မှာ လီယွမ် သည် ဤမျှ ငယ်ရွယ်သော အသက်အရွယ် ဖြင့် ဤကဲ့သို့ အောင်မြင်မှုများကို ရရှိနိုင်ခဲ့ခြင်း၏ အကြောင်းရင်း ပင်။

လီယွမ် က ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ တစ်ယောက်တည်း သွားချင်ခဲ့ခြင်း၏ အဓိက လျှို့ဝှက်ချက်မှာ... အားလုံး၏ မျက်လုံးများကို ရှောင်ကွင်းပြီး ဓားနတ်သမီး ကို 'အိမ်' ပြန်ခေါ်သွားချင်၍ သာ ဖြစ်ပေမည်။

လီယွမ် ပျောက်ဆုံးနေသော တစ်နှစ်တာ ကာလအတွင်း... ချီယန် သည် ဤအကြောင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင်... တွေးတောခဲ့ပြီး တွေးလေလေ ပို၍ ယုံကြည်လာလေလေ ပင်။

“အကယ်၍ အရာအားလုံးက ငါ တွေးထားသလိုသာ ဆိုရင်... ဓားနတ်သမီး ပါနေမှတော့... လီယွမ် မှာ ဒီ အခက်အခဲ ထဲကနေ ရုန်းထွက်နိုင်မယ့် မျှော်လင့်ချက် ရှိပါသေးတယ်... ဘာပဲပြောပြော သူက ကူအင်မော်တယ် ရဲ့ သမီးတော်ပဲလေ”

လီယွမ် ကို ယုံကြည်သည်ထက် ဓားနတ်သမီး ကို သူ ပိုပြီး ယုံကြည်နေသည်ဟု... ဆိုရမည်သာ။

နှစ်ပေါင်း သုံးထောင် ကြာပြီးနောက် အပြစ်အနာအဆာ ကင်းစင်သော ဓားသန္ဓေသားလေး သည်... ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲ တစ်ခုအတွင်း... ဓားနတ်သမီး သည် နတ်ဆိုး နှိမ် ချောက်နက် ကြီးထဲရှိ... အဆင့်ရှစ် နတ်ဆိုး သူတော်စင် တစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည် ။

ယခုအခါ ဓားနတ်သမီး သည် မည်သည့် စွမ်းအား အဆင့်သို့ ရောက်ရှိနေပြီလဲ။မည်သူကမျှ မသိနိုင်ပါချေ။

ဖြစ်နိုင်သည်မှာ... သူမသည် အဆင့်ကိုး သိုင်းနတ်ဘုရား တစ်ပါး၏ အဆင့်သို့ပင် ရောက်ရှိနေပြီများလား။

မည်သို့ပင် ဖြစ်စေ ဓားနတ်သမီး သည်... လွန်ခဲ့သော နှစ်ပေါင်း သုံးထောင် ကတည်းက ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်ပြီး သမိုင်း တစ်လျှောက် ရှားပါးသော ထူးခြားချက် တစ်ခုလည်း ဖြစ်၏။ ယခု နှစ်ပေါင်း သုံးထောင် အကြာတွင် ပြန်လည် နိုးထလာချိန်၌... မည်သည့် အရာမဆို ဖြစ်လာနိုင်၏။

သို့သော်လည်း ၎င်းတို့ အားလုံးမှာ ခန့်မှန်းချက် များသာ ဖြစ်၏

ချီယန် သည် သိချင်စိတ် ပြင်းပြနေသော်လည်း သွားရောက် စူးစမ်းရန် မဝံ့ရဲပါချေ။ ဓားနတ်သမီး သည် သာမန် လူ့လောက မှ ကင်းကွာရန် ရည်ရွယ်ထားပြီး လောကီ ရေးရာများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် ဆုံးဖြတ်ထားပုံ ရ၏။ အကယ်၍ သူမကို သွားရောက် အနှောင့်အယှက် ပေးမိပါက ဓားတစ်ချက်တည်းဖြင့် အသတ်ခံရနိုင်ချေ ရှိသည်။

“ဘိုးဘေးကြီး... နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်...”

ယန်ဝူရုံ ၏ အသံက ချီယန် ကို အတွေးကမ္ဘာ ထဲမှ... ပြန်လည် ဆွဲထုတ် လာခဲ့၏။

“တတိယအကြိမ် နယ်စပ် စစ်ပွဲက အချိန်အတော်ကြာ ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက နယ်စပ် တစ်လျှောက် နေရာအသီးသီး မှာ... အကြိမ်ကြိမ် အစမ်း သဘော ထိပ်တိုက် ရင်ဆိုင်မှုတွေ လုပ်ခဲ့ကြပါတယ်...”

“ရလဒ် တွေကတော့ သိပ်ပြီး အကောင်းဘက်ကို မရောက်ပါဘူး...”

“အလယ်ပိုင်းလွင်ပြင် သူရဲကောင်း လေးယောက် ထဲက တစ်ယောက်ဖြစ်တဲ့... ယဲ့ကျင်းဟုန် ကို နတ်ဆိုး ကိုးပါး ထဲက တစ်ပါးဖြစ်တဲ့... စန်းယောင် က သတ်ဖြတ်လိုက်တဲ့ သတင်းက အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပါတယ်... ကျန်းဟူ သိုင်းသမား အများအပြားလည်း နောက်ဆုတ် သွားကြပါပြီ...”

“ကျန်တဲ့ သူရဲကောင်း သုံးယောက် ကလည်း နတ်ဆိုး ကိုးပါး နဲ့ တိုက်ခိုက်ခဲ့ကြပြီး အားလုံးက အနိုင်ထက် အရှုံး ကပဲ ပိုများနေပါတယ်...”

“မကြာသေးခင် ကလည်း နေလမင်းဂိုဏ်း က သူတော်စင်မလေး... လင်းရှောင် ဓားဂိုဏ်း က ကျိုးဝူပင်း... နဂါးကျားတောင် က ကောင်းကင် နတ်ဆရာလေး နဲ့... အနောက်ဘက် ဒေသ ကျင်းချန် ကျောင်းတော် က ဗုဒ္ဓ တပည့် တစ်ပါး... သူတို့ အားလုံးကလည်း သူရဲကောင်း လေးယောက်ထက် မနိမ့်ကျတဲ့ သူတွေ ဖြစ်ပြီး စစ်ကူ အဖြစ် သွားရောက်ခဲ့ကြပါတယ်...”

“ဆန့်ကျင်ဘက် အနေနဲ့... မိစ္ဆာအိုကြီး တွေကတော့ တစ်ယောက်မှ ဝင်မပါကြဘဲ... လူငယ်မျိုးဆက် ပညာရှင် တွေကိုပဲ သူတို့ဘာသာ တိုက်ခိုက်ခိုင်း နေပုံပါပဲ...”

“ဒီရက်ပိုင်း တွေမှာ တောင်းဆိုလွှာ တွေ အဆက်မပြတ် ရောက်နေပါတယ်... ချီလင် ကို တောင်ပေါ်က ဆင်းပြီး နတ်ဆိုး ကိုးပါး နဲ့ တိုက်ခိုက်ဖို့၊ သူ့ရဲ့ စွမ်းအားတွေကို ထုတ်ဖော် ပြသဖို့... နဝမ ကူနန်းတော် ကို တောင်းဆိုနေကြတာပါ...”

All Chapters