အခန်း ၂၀၅
Vol. 18 Ch. 205
အခန်း (၂၀၅) အဆင့်ရှစ် နယ်ပယ်
လီယွမ် ၏ အတွေးများ တည်ငြိမ်သွားသည်နှင့် ရောင်စုံအိုးလေး မှ အမှတ်များကို အနက်ရောင်အိုးကြီး ၏ တိုးတက်မှု အမှတ်များ အဖြစ်... ပြောင်းလဲလိုက်သည်။
အချက်အလက် ပြကွက်များ ပေါ်လာတော့၏။
( ကူသခင် : လီယွမ် )
( အနက်ရောင်အိုး : အဆင့် ၈ - ၈၂၇ / ၁၆၀၀၀ )
( ရောင်စုံအိုး : ၀ )
( နယ်ပယ် : အဆင့် ၈ )
( စိတ်စွမ်းအား : နယ်မြေအဆင့် ပြီးပြည့်စုံခြင်း )
( သက်စောင့်ကူ : ရစ်ပတ်နတ်ဘုရားကူ၊ ပြန်လည်ရှင်သန်ခြင်းကူ၊ အိပ်မက်ရောင်စုံ နတ်မိမယ်၊ ဆန်းကြယ်ပုံရိပ်ကူ၊ ရုပ်သေး ဘုရင်မကူ၊ ဓားနတ်သမီး၊ ကောင်းကင် ကံကြမ္မာကူ )
( ကူအိမ်တော် : အိပ်မက်ရောင်စုံ နန်းတော် ( သောင်းအဆင့် ကူ အိမ်တော် )၊ ပင့်ကူမျှင် လျှို့ဝှက်နယ်မြေ ( သောင်းအဆင့် ကူအိမ်တော် )၊ သွေးနတ် အိမ်တော် ( ထောင်အဆင့် ကူ အိမ်တော် ))
( ကောင်းကင်ဖြစ်စဉ် စွမ်းအား : ကျောက်စိမ်းမြို့တော် မှ နှင်ထုတ်ခံရသော အင်မော်တယ် - ဆံကေသာ သုံးထောင်ဖြင့် ကြယ်တာရာ မြစ်ကို ဖြတ်တောက်ခြင်း ( ဓားနတ်သမီး ) )
အဆင့်ရှစ် နယ်ပယ်သို့ ခြေချလိုက်သည့် အခိုက်အတန့်လေးမှာပင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ အပေါ် သူ၏ လိုက်လျောညီထွေ ရှိမှုက လျင်မြန်စွာ မြင့်တက်လာကြောင်း လီယွမ် သေချာစွာ ခံစားလိုက်ရသည်။
လောကကြီး ထဲတွင် ရစ်ဝဲနေသော ကောင်းကင်ဖြစ်စဉ် စွမ်းအားများကို အလွယ်တကူ ဖမ်းယူနိုင်ရန်အတွက်... ဓားနတ်သမီး၏ စွမ်းအားကို အားကိုးနေစရာ မလိုတော့ပါချေ။
“ဒါက အဆင့်ရှစ် လား... အခုမှပဲ ထျန်းယွမ် တိုက်ကြီး ရဲ့... အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားတွေထဲက တစ်ယောက်အဖြစ်... တကယ့်ကို အမာခံ အင်အား တစ်ခုအဖြစ် သတ်မှတ်လို့ ရပြီပေါ့...”
အထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန် အနည်းငယ် လိုနေသေးသော်ငြားလည်း အရာအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး လွတ်လပ်စွာ သွားလာ လှုပ်ရှားနိုင်သော ခံစားချက်က ယခင်ကနှင့် လုံးဝကို ကွာခြားလှ၏။
'သာမန်ကို ကျော်လွန်သွားခြင်း' ဟူသော အရိပ်အယောင်လေး အနည်းငယ် ပါဝင်နေ၏။
ဤနယ်ပယ်သို့ ဝင်ရောက်သွားသည်နှင့် ခန္ဓာကိုယ် အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ယခင်နှင့် လုံးဝကို ကွဲပြားသွားပြီး ကောင်းကင်နှင့် မြေကြီးက ပြုစုပျိုးထောင်ပေးထားသော အရာတစ်ခုမှသည်... ကောင်းကင်နှင့် မြေကြီး၏ အစိတ်အပိုင်း တစ်ခုအဖြစ်... ပြောင်းလဲသွားသကဲ့သို့ ခံစားရသည်။
ဤအခိုက်အတန့်တွင် လီယွမ် သည်... သမိုင်းတစ်လျှောက် မည်သည့် လမ်းကြောင်းကို လိုက်ပါ ကျင့်ကြံသူဖြစ်စေ... အဘယ်ကြောင့် ဟင်းလင်းပြင်ကို ခွဲဖြာပြီး ကောင်းကင်ဘုံသို့ တက်လှမ်းရန် ကြိုးစားခဲ့ကြသနည်း ဟူသည်ကို နားလည် သဘောပေါက် သွားသကဲ့သို့ ရှိ၏။
၎င်းမှာ မိမိ၏ အစစ်အမှန် ကိုယ်ကျင့်တရားကို သက်သေပြရန်အတွက်... တာအို လမ်းကြောင်း တစ်ခု ပင်။
ကောင်းကင်နှင့် မြေကြီးကို ကျော်လွန်နိုင်မှသာလျှင်... မိမိ၏ အစစ်အမှန် ကိုယ်ကျင့်တရားကို သက်သေပြနိုင်ပြီး ထာဝရ အသက်ရှင်ခြင်းကို အမှန်တကယ် ရှာဖွေနိုင်မည် မဟုတ်ပါလော။
ယခုအခါ သူက အပေါ်ယံမျှသာ နားလည်ထားသေးသော်ငြားလည်း သူ၏ အရိုးများထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသော ပြင်းပြသည့် ဆန္ဒများကိုတော့... ဖုံးကွယ်ထား၍ မရနိုင်တော့ပါချေ။ သူသည် သာမန်ကို ကျော်လွန်ပြီး အပြည့်အဝ 'လွတ်လပ်မှု' ကို ရယူချင်နေမိတော့၏။
ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများနှင့် အသားကျသွားပြီးနောက် လီယွမ် သည် ကောင်းကင်ဖြစ်စဉ် စွမ်းအားများကို စတင် လေ့လာတော့သည်။
အဆင့်ရှစ် နယ်ပယ် တွင် အရေးအကြီးဆုံးသော စွမ်းအား ဆိုသည်မှာ... ကောင်းကင်ဖြစ်စဉ် စွမ်းအား မှလွဲ၍ အခြားမရှိပါချေ။
ယခင် တိုက်ပွဲများတွင် မည်သည့် နည်းလမ်းများကို အသုံးပြုခဲ့သည်ဖြစ်စေ... 'ကောင်းကင်ဖြစ်စဉ် စွမ်းအား' နှင့် ထိပ်တိုက် တွေ့ဆုံရသည့် အခါတိုင်း... အမြဲတမ်း အရေးနိမ့်နေသကဲ့သို့ ခံစားခဲ့ရသည်။ အများစုမှာ ဓားနတ်သမီး ၏ ကောင်းကင်ဖြစ်စဉ် စွမ်းအားကိုသာ အားကိုး၍ အနိုင်ယူခဲ့ရသည်။
လီယွမ် က ဓားနတ်သမီး ကို တစ်ချက် ကြည့်လိုက်သည်။
အံ့အားသင့်စရာ ကောင်းသည်မှာ သူ အဆင့်ရှစ် နယ်ပယ်သို့ ဝင်ရောက်သွားပြီးနောက် ဓားနတ်သမီး ၏ ချီစွမ်းအင် လည်း တိုးတက်လာပြီး ထိုတိုးတက်မှုမှာ အတော်လေး ကြီးမားလာလေသည်။
“အရင်တုန်းက ငါ့ကြောင့် မင်း နောက်ကျသလို ဖြစ်ခဲ့တာလား...”
ဓားနတ်သမီး သည် နှစ်ပေါင်း သုံးထောင်တိုင်အောင် အိပ်စက်နေခဲ့ပြီးမှ... ပြန်လည် နိုးထလာခဲ့သူ ဖြစ်ရာ... သူမ၏ အသိဉာဏ်များ ပျောက်ဆုံးနေလျှင်ပင် ဤမျှလောက်အထိ 'အားနည်း' မနေသင့်ကြောင်း... လီယွမ် အရင်ကတည်းက တွေးတောမိခဲ့ဖူးသည်။
ယခုအခါ ၎င်းမှာ အမှန်တကယ် ဖြစ်နေပုံရသည်။
ဓားနတ်သမီး ၏ တိုးတက်မှု နှေးကွေးနေခြင်းမှာ... သူမ၏ အသိဉာဏ် ကန့်သတ်ချက်ကြောင့်သာ မဟုတ်ဘဲ... လီယွမ် ၏ မွေးရာပါ စွမ်းရည်များက ကန့်သတ်ထားသောကြောင့်လည်း ပါဝင်နေ၏။
ထို့အပြင် ဓားနတ်သမီး ၏ အကြည့်များမှာ ယခင်ကလို ငေးငေးငိုင်ငိုင် ဖြစ်မနေ
တော့ကြောင်းကိုလည်း သူ သတိပြုမိလိုက်သည်။
သူမ ယခင်ကလောက် အရူးအမူး ဖြစ်မနေတော့သောအခါ... သူမ၏ ပင်ကိုယ် သဘာဝအတိုင်း ဖြူစင် လင်းလက်လှသော အလှတရားက ပိုမို ထင်ရှားလာပြီး ကောင်းကင်ဘုံမှ နတ်သမီးလေး တစ်ပါးအလား... တောက်ပနေတော့သည်။
ဓားနတ်သမီး ပြန်လည် နိုးထလာမည့် နေ့ရက်များမှာ... သိပ်မဝေး
တော့ကြောင်းကို လီယွမ် ကြိုတင် ခံစားမိ၏။
အရာအားလုံးက အသင့်ဖြစ်နေပြီ... ။
အရှေ့လေ တိုက်ခတ်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းရန် လိုတော့သည်။
အစီအစဉ်များက တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့ တိုးတက်လာနေပြီး အားလုံးက လီယွမ် မျှော်လင့်ထားသည့် အတိုင်းပင်။ ယခုအခါ နောက်ဆုံး အဆင့်တစ်ခုသာ ကျန်ရှိတော့၏။ ၎င်းမှာ ကူအိမ်တော် ၏ ကောင်းကင်ဖြစ်စဉ် ကို နားလည် သဘောပေါက်ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်ဖို့ ပင်။
“ကျောက်စိမ်း မြို့တော် ကနေ နှင်ထုတ်ခံရတဲ့ အင်မော်တယ်... သူမရဲ့ ဆံကေသာ သုံးထောင် နဲ့ ကြယ်တာရာ မြစ်ကို ဖြတ်တောက်ခြင်း...”
ဒါက လီယွမ် နားလည် သဘောပေါက်ထားသော တစ်ခုတည်းသော ကောင်းကင်ဖြစ်စဉ် ဖြစ်ပြီး ဓားနတ်သမီး ထံမှ အရင်းခံလေသည်။
ကောင်းကင်ဖြစ်စဉ် များနှင့် ပတ်သက်၍ သူ.. နားလည် သဘောပေါက်မှု တစ်ခု ရှိနေခဲ့ပြီ ဖြစ်၏။
အဆင့်ရှစ် နယ်ပယ် ကို ကောင်းကင်ဖြစ်စဉ် စွမ်းအားများ အပေါ်... နားလည် သဘောပေါက်မှု အဆင့်အလိုက် ထပ်မံ ခွဲခြားထားပြီး သေးငယ်သော နယ်ပယ် သုံးခု ပါဝင်သည်။
သိုင်းတာအို လမ်းစဉ် တွင်မူ ၎င်းတို့ကို သိုင်းသူတော်စင်၊ မဟာ သူတော်စင် နှင့် အထွတ်အထိပ် သူတော်စင် ဟု ခေါ်ဆိုကြ၏။
"ပြီးပြည့်စုံခြင်း အဆင့်" ဟူသော ဂုဏ်ပုဒ်မှာမူ... အဆင့် (၉) သိုင်းနတ်ဘုရား နယ်ပယ်သို့ တက်လှမ်းရန်... အလားအလာ ရှိသူများ အတွက် သီးသန့် ဖြစ်သည်။ သူတို့ အဆင့် (၉) သို့ မရောက်သရွေ့... အခြေခံအားဖြင့် ပြီးပြည့်စုံခြင်း အဆင့်နှင့် ကွာခြားမှု မရှိပါချေ။
အခြားသော ကျင့်ကြံခြင်း လမ်းကြောင်း များမှာမူ... အတော်လေး ရိုးရှင်းပြီး အစောပိုင်း အဆင့်၊ အလယ်အလတ် အဆင့် နှင့် အထွတ်အထိပ် အဆင့် ဟုသာ ခွဲခြားထားကြသည်။
တူညီသော နယ်ပယ်အတွင်း တိုက်ပွဲများတွင် ပြိုင်ဘက်ကင်း အောင်မြင်မှုများ ရရှိထားပြီး အဆင့်တူ အခြား အစွမ်းထက် ပညာရှင်များကို သတ်ဖြတ်နိုင်ကာ တစ်ကြိမ်တစ်ခါမျှ အရှုံးမပေးခဲ့ဖူးသူများကို 'ပြိုင်ဘက်ကင်း' ဟူသော ဂုဏ်ပုဒ်ကို ပေးအပ်လေ့ ရှိကြ၏။
ဥပမာ အားဖြင့် ကူနန်းတော် ၏ ဒုတိယသခင် ယန်တျန် သည်... အဆင့် (၈) တွင် ပြိုင်ဘက်ကင်း ကူသခင် တစ်ဦး ဖြစ်၏။
“ဒါဆို ငါက အခု အစောပိုင်း အဆင့်မှာလား... ဒါမှမဟုတ် အလယ်အလတ် အဆင့်မှာလား...”
ယခုအခါ သာမန် သိုင်းသူတော်စင်များကို သတ်ဖြတ်ခြင်းမှာ... သူ့အတွက် ဖရဲသီးခွဲ၊ ဟင်းသီးဟင်းရွက် လှီးသကဲ့သို့... လွယ်ကူနေပြီ ဖြစ်ကြောင်း လီယွမ် အပြည့်အဝ ယုံကြည်နေ၏။ မဟာ သူတော်စင် တစ်ပါးနှင့် ရင်ဆိုင်ရလျှင်လည်း ခက်ခဲမည် မဟုတ်ဘဲ... အထွတ်အထိပ် သူတော်စင် နှင့် ရင်ဆိုင်ရပါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် လုံလောက်သော စွမ်းအားများ ရှိနေပြီ ဖြစ်သည်။
မှတ်တမ်းစာအုပ်ထဲရှိ နယ်ပယ် ကွဲပြားချက်များ အရ ဆိုလျှင်...
အပြည့်အဝ ဖြစ်တည်နေသော ကောင်းကင်ဖြစ်စဉ် များကို မိမိအတွက် အသုံးပြုနိုင်စွမ်း ရှိလာခြင်းကသာ အစစ်အမှန် အဆင့်ရှစ် နယ်ပယ် ပင်။
ဥပမာ အားဖြင့် သိုင်းသူတော်စင် ကြီး၏ 'တောင်တန်း'၊ ဓားနတ်သမီး ၏ 'ကျောက်စိမ်း မြို့တော် အင်မော်တယ်' နှင့် ချင်းချန် ၏ 'လွင့်မျောနေသော အရိပ်' ကဲ့သို့ ပင် ဖြစ်၏။
အလယ်အလတ် အဆင့် သို့ ဝင်ရောက်ခြင်း၏ လက္ခဏာမှာ... သန့်စင်သော ကောင်းကင်ဖြစ်စဉ် စွမ်းအား ဖြင့် ဖန်တီးထားသော နောက်ဆုံး တိုက်ကွက် ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း ပင်။
ဥပမာ အားဖြင့် သိုင်းသူတော်စင် ၏ 'ကောင်းကင် နှင့် မြေကြီး တောင်တန်း နှိမ်နင်းခြင်း' ဖြစ်သည်။
ဤ ကောင်းကင်ဖြစ်စဉ် တိုက်ကွက် က ပစ်မှတ်၏ အထက်တွင် တောင်တန်း ပုံရိပ် များကို လျှပ်တစ်ပြက် ဖန်တီးနိုင်ပြီး ပြိုင်ဘက်ကို ပစ်မှတ်ထား ချေမှုန်းနိုင်၏။ ထိုတိုက်ကွက် နှင့် ရင်ဆိုင်ခဲ့ရစဉ်က လီယွမ် သည်... အလွန်အမင်း အားထုတ် ခဲ့ရသည် ။
ကူသခင် မျိုးဆက်များ အနေဖြင့် သောင်းအဆင့် ကူ အိမ်တော် ကို တည်ဆောက်ပြီး သက်ဆိုင်ရာ လျှို့ဝှက် နည်းစနစ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်... လိုအပ်၏။
အထွတ်အထိပ် အဆင့် သို့ ရောက်ရှိကြောင်း ပြသသော လက္ခဏာ ကတော့ ပို၍ သိသာ ထင်ရှားလှ၏။ ကောင်းကင် နယ်မြေ ပင်။
သိုင်းတာအို တွင်မူ ၎င်းကို 'အထွတ်အထိပ် နယ်မြေ' ဟု ခေါ်ဆိုကြ၏။
ယူဘုရင် လင်းယွဲ့ ၏ အထွတ်အထိပ် နယ်မြေ ဖြစ်သော 'ခရမ်းရောင် မီးတောက် ကုန်းပြင်မြင့်' ကို လီယွမ် တစ်ကြိမ် ခံစားဖူးခဲ့သော်လည်း ထွက်သက်အနည်းငယ် အတွင်းမှာပင် လုံးဝ ချေမှုန်း ခံလိုက်ရသည်။
ထိုအချိန်က လင်းယွဲ့ သည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး ညဇီးကွက်ဘုရင် ကြောင့် ခေါင်းတစ်လုံးသာ ကျန်ရှိတော့သည့်... အချိန် ဖြစ်၏။
ဤအခြေအနေကပင် အထွတ်အထိပ် နယ်မြေ သည် မည်မျှလောက် ကြောက်မက်ဖွယ် ကောင်းကြောင်းကို ပြသရန် လုံလောက်နေ၏။
“ငါ အဆင့် (၈) နယ်ပယ်ကို မရောက်ခင် တုန်းက ဓားနတ်သမီး ရဲ့ ကောင်းကင်ဖြစ်စဉ် ဖြစ်တဲ့ 'ကျောက်စိမ်း မြို့တော် အင်မော်တယ်' ကိုပဲ ဆင့်ခေါ်နိုင်ခဲ့ပြီး 'ဆံကေသာ သုံးထောင်ဖြင့် ကြယ်တာရာ မြစ်ကို ဖြတ်တောက်ခြင်း' ဆိုတဲ့ တိုက်ကွက်ကိုတော့... ငါ အသုံးမပြု နိုင်ခဲ့ဘူး...”
“ဒါက ဓားနတ်သမီး ဖန်တီးထားတဲ့... အထူး တိုက်ကွက် တစ်ခု ဖြစ်နေလို့ပဲ...”
“အမှန်တကယ် ခွဲခြားမှု အရ ဆိုရင်တော့... ငါက အဆင့်ရှစ် ရဲ့ အစောပိုင်း အဆင့်မှာပဲ ရှိနေသေးတယ်... ကူအိမ်တော် ရဲ့ ကောင်းကင်ဖြစ်စဉ် တိုက်ကွက်ကို နားလည် သဘောပေါက်မှသာ အလယ်အလတ် အဆင့်ကို ဝင်ရောက်ပြီလို့... ပြောလို့ရမှာ...”
“အရင်ဆုံး ကူအိမ်တော် ရဲ့ ကောင်းကင်ဖြစ်စဉ် ကို နားလည် သဘောပေါက်အောင် ကြိုးစားကြည့်ရအောင်...”
လီယွမ် သည် မျှော်လင့်ချက်များ ပြည့်နှက် နေတော့၏။
သူ့တွင် ကူအိမ်တော် သုံးခု ရှိပြီး ၎င်းတို့ အထဲမှ ပင့်ကူမျှင် လျှို့ဝှက်နယ်မြေ နှင့် သွေးနတ် အိမ်တော် တို့မှာ... ထူးခြားကူ များကို အဓိက အုတ်မြစ် အဖြစ် အသုံးပြုကာ တည်ဆောက်ထား၏။ ၎င်းတို့သည် သိုင်းတာအို ရှိ တာအို လမ်းကြောင်း နှင့် ဆင်တူပြီး အလွန် အစွမ်းထက်သော အဆင့်မြင့် ကျင့်ကြံခြင်း နည်းစနစ်များ ဖြင့်သာ နားလည် သဘောပေါက် နိုင်၏။
စိတ်ကို တည်ငြိမ်အောင် ထားပြီး အတွေးများကို စုစည်းလိုက်၏။
ဓားနတ်သမီး ၏ လမ်းညွှန်မှု မပါဘဲ... လီယွမ် သည် စကြဝဠာ ကြီးနှင့် ဆက်သွယ်ကာ နက်ရှိုင်းသော ဉာဏ်အလင်းပွင့် အခြေအနေ သို့... ဝင်ရောက် သွားတော့သည်။
အဝေးရှိ ဝါးတောထဲမှ ကူအိမ်တော် ကို သူ အာရုံခံ သိရှိနိုင်သကဲ့သို့ ရှိပြီး အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား ပင်လျှင် ထိုမမြင်ရသော ဆက်သွယ်မှုကို မဖြတ်တောက်နိုင်လောက်အောင် နက်ရှိုင်းလှ၏။
ကူအိမ်တော် များ ဆိုသည်မှာ ဘယ်သောအခါမျှ... ရုပ်ဝတ္ထု ပစ္စည်း သက်သက် မဟုတ်ပါချေ။
အသိစိတ် ကမ္ဘာထဲတွင် တည်ဆောက်ထားသော ကူအိမ်တော် ကလည်း ကူအိမ်တော် ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ကူသခင် နှင့် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို ချိတ်ဆက်ပေးသော အရေးအကြီးဆုံး အစိတ်အပိုင်း လည်း ဖြစ်၏။
လီယွမ် သည် အသိစိတ် ကမ္ဘာ ထဲသို့ နစ်မြုပ် ဝင်ရောက်သွားတော့သည်။
မကြာမီမှာပင် ဓားနတ်သမီး က သူ့ကို 'ကောင်းကင်ဖြစ်စဉ်' အကြောင်း သင်ကြားပေးစဉ် ကလိုမျိုး... ကောင်းကင်နှင့် မြေကြီး ကို ဖုံးလွှမ်းနေပြီး အရောင်မျိုးစုံ ဝင်းလက်နေသော မရေမတွက်နိုင်သည့် ပိုးမျှင်ကြိုးများကို သူ မြင်တွေ့လိုက်ရသည်။
အသိစိတ် ကမ္ဘာ ထဲရှိ ပိုးမျှင်ကြိုး များသည်... ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ ကို ကိုယ်စားပြု၏။
ထိုအထဲမှ သုံးချောင်း က အခိုင်မာဆုံး ဖြစ်၏။
လီယွမ် က လက်လှမ်းကာ ထိုအထဲမှ တစ်ချောင်းကို ညင်သာစွာ ဆုပ်ကိုင် လိုက်သည်။
၎င်းက ကူအိမ်တော် ၏ 'ပင့်ကူမျှင် လျှို့ဝှက်နယ်မြေ' သည်... ကောင်းကင်နှင့် မြေကြီး နှင့် လိုက်လျောညီထွေ ရှိနေသည့် စည်းမျဉ်းကို ကိုယ်စားပြု နေခြင်း ဖြစ်၏။ ၎င်းကို အာရုံခံ သိရှိနိုင်ခြင်းက ကူအိမ်တော် ၏ သက်ဆိုင်ရာ ကောင်းကင်ဖြစ်စဉ် ကို နားလည် သဘောပေါက် ရန်မှာ... အလွန် ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်ကြောင်း ဆိုလိုနေသည်။
“ချွီ... ချွီ...”
ထို့နောက် ရုပ်သေး ဘုရင်မကူ ဝူမေ့ သည်... လီယွမ် ၏ အတွေးကမ္ဘာ ထဲတွင် ပေါ်လာတော့၏။
လူတစ်ယောက်၊ ကူကောင် တစ်ကောင်... သူတို့၏ ကံကြမ္မာများက တစ်သားတည်း ယှက်နွယ် နေကြလေသည်။
လီယွမ် က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
မျက်တောင် တစ်ခတ် အတွင်းမှာပင် အခြားသော စည်းမျဉ်းများကို ကိုယ်စားပြုသည့် ပိုးမျှင်များ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံ တွင် သိပ်သည်းလှသော ပင့်ကူမျှင်များဖြင့် ရစ်ပတ်ထားသည့်... လခြမ်းကွေးလေး တစ်ခုသာ ကျန်ရစ်နေတော့သည်။
ပင့်ကူမျှင်များ ဖြင့် ရက်လုပ်ထားသော လခြမ်းကွေးလေး ၏ ဟာကွက်များ ကြားမှ... ကြယ်ရောင်များ အဆက်မပြတ် ယိုဖိတ် ကျဆင်းလာ၏။
၎င်းမှာ လှပပုံ ရသော်ငြားလည်း အမှန်တကယ် တွင်မူ လူသားများ၏ နှလုံးသားကို ဖျက်ဆီးပစ်နိုင်သော သေမင်းတမန် အဆိပ် တစ်မျိုး ပင် ဖြစ်၏။
“ဒါက ဝူမေ့ နဲ့ ငါ ဝေမျှပိုင်ဆိုင်ထားတဲ့... ကူအိမ်တော် ရဲ့ ကောင်းကင်ဖြစ်စဉ် လား...”
ဤအရာကို လွယ်ကူစွာ ကျွမ်းကျင်သွားခြင်း က သက်ဆိုင်ရာ ကောင်းကင်ဖြစ်စဉ် တိုက်ကွက်များကို နားလည် သဘောပေါက် ရန်မှာလည်း ခက်ခဲမည် မဟုတ်ကြောင်း လီယွမ် ကို ခံစားရစေတော့သည်။
ပင့်ကူမျှင်များက လမင်းကို ရစ်ပတ်ထားပြီး ကြယ်ရောင်များက စမ်းရေပေါက် အလား ကျဆင်းလာသည်။
ကောင်းကင်ဖြစ်စဉ် ၏ အမည်ကား...
လကြတ်ခြင်းမှ ယက်လုပ်သော ကပ်ဘေး.. ဟူ၍ ဖြစ်လေ၏။
Book 18 end.