← Chapters

အပိုင်း ၂၅၁ + ၂၅၂

Vol. 26 Ch. 251+252

အပိုင်း ၂၅၁ + ၂၅၂

Vol. 26 Ch. 251+252

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန်နှင့် ထူလင်းတိတို့မှာ ကျောင်းနေဖက်များအဖြစ် ခြောက်လကျော်ကြာ ဖြတ်သန်းခဲ့ဖူးသော်ငြား ယနေ့ နုလန်ဘုရင့်နိုင်ငံ၏ အပြင်ဘက်၌ သူမအား တွေ့မြင်ရခြင်းက သူ မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားနေ၏။

ထူလင်းတိမှာ အမြဲတမ်း ထူးခြားသည့် ကျောင်းသူတစ်ဦး ဖြစ်ခဲ့၏။ စစ်တပ်၏ တပ်မှူးချုပ်ဖြစ် မြို့စားကြီး ထူလင်းထော်၏ သမီးဖြစ်သည်။ ငယ်စဉ်ကတည်းက ဘုရင့်နိုင်ငံ၏ လျှို့ဝှက်တပ်ဦး၌ တာဝန်ထမ်းဆောင်ခဲ့ရသောကြောင့် ကျောင်းသို့ လာရောက်လေ့ သိပ်မရှိခဲ့ချေ။

ဆိုလွန်က သူမအား ဝမ်းကွဲဖြစ်သူ ကွေ့ချင်းရှောင်းနှင့် ခပ်ဆင်ဆင်တူနေသောကြောင့်သာ မှတ်မိခြင်းဖြစ်၏။ ထူလင်းမိသားစု၏ အမျိုးသမီးများ၌ ထင်ရှားသည့် လက္ခဏာများ ရှိကြသည်။

နှာတံစင်းစင်း ၊ ချိုင့်ဝင်နေသည့် မျက်လုံးများနှင့် ထူးခြားသော မျက်ဆန်အရောင်တို့ပင်။

သူမ ခန်းမထဲသို့ ဝင်ရောက်လာချိန်၌ အမျိုးသမီးအားလုံး၏ ခေါင်းထဲ၌ အတွေးတစ်မျိုးတည်းသာ ရှိနေကြသည်။ ယခင်က ယန်ရွှမ်းအား မိန်းမဆန်မှုကင်းမဲ့သည့် ယောက်ျားလျာတစ်ဦးဟု သူတို့ ထင်မှတ်ခဲ့ကြ၏။

သို့သော် ထူလင်းတိအား မြင်လိုက်ရချိန်၌မူ အစစ်အမှန် ယောက်ျားလျာဆိုသည်မှာ မည်သည့် ပုံစံမျိုး ဖြစ်ကြောင်းကို သူတို့ သဘောပေါက်သွားကြ၏။

ထူလင်းတိနှင့် ကွေ့ချင်းရှောင်းတို့၌ ဆင်တူသည့် မျက်နှာပေါက်ရှိသော ဝမ်းကွဲညီအစ်မများ ဖြစ်ကြသော်ငြား သူတို့၏ စတိုင်များမှာမူ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေကြသည်။

ကွေ့ချင်းရှောင်းက ဆွဲဆောင်မှုရှိသည့် ကောက်ကြောင်းအလှနှင့် တောက်ပသော သွေးရောင်နှင်းဆီပန်းကဲ့သို့ မျက်နှာမျိုးကို ပိုင်ဆိုင်ထား၏။

ထူလင်းတိ၌မူ ပြားကပ်နေသည့် ရင်ဘတ် ၊ သေးသွယ်သော ခါးနှင့် ကျစ်လျစ်သည့် တင်ပါးများရှိသော်လည်း ဆွဲဆောင်မှုရှိသည့် ကောက်ကြောင်းတစ်ခုကိုမူ ဖြစ်ပေါ်နေစေဆဲပင်။ သူမ၏ မျက်နှာအမူအရာမှာ အေးစက်နေပြီး နှုတ်ခမ်းများမှာ သွေးရောင်ကင်းမဲ့ကာ ဖောက်ထွင်းမြင်ရမတတ် ဖြူရော်နေ၏။

အလွန်အရပ်ရှည်ပြီး ၅ ပေ ၉ ခန့် ရှိသည်။ ခန္ဓာကိုယ်မှာ သေးသွယ်ရုံသာမက ကျားသစ်မတစ်ကောင်ကဲ့သို့ အားမာန်ပါပြီး သန်စွမ်းကျစ်လျစ်လှ၏။ ရှည်လျားပြီး တောင့်တင်းသည့် ခြေတံများက တိုက်ခိုက်ရေးအတွက် ဖန်တီးထားသည့်အလားပင်။

ကျက်သရေရှိလှသည့် ဂါဝန်အစား စစ်သည်ဝတ်စုံကို ဝတ်ဆင်ထားရာ အမျိုးသားတစ်ဦးကဲ့သို့ ပြုမူနေသည့် ကြီးကျယ်ခမ်းနားသော အလှရှင်တစ်ဦးဖြစ်ကြောင်း ငြင်းဆိုဖွယ်ရာ မရှိချေ။

**--**--**--**--**--**--**--**

ထျန်ယဲ့မြို့စား ကျိကန်းက ဧည့်သည်တော်နှစ်ဦးကို ခန်းမထဲသို့ ခေါ်ဆောင်လာ၏။ “ဒီညရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော်တွေကို မိသားစုကြီးတွေနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့...”

ရုပ်ရည်ချောမောလှသည့် အမျိုးသားက ပြုံးလိုက်သည်။ “ကျွန်တော့်ဘာသာပဲ မိတ်ဆက်ပါရစေ။ ကျွန်တော်က ဖန်ချင်းရှူပါ။ မြင့်မြတ်နတ်နဂါးကျောင်းတော်က တပည့်တစ်ယောက်ပါ။”

ထူလင်းတိကမူ စကားအပိုတွေ မပြောဘဲ ရိုးရှင်းစွာသာ ပြော၏။ “နုလန်ဘုရင့်နိုင်ငံက ထူလင်းတိ။”

မြင့်မြတ်နတ်နဂါးကျောင်းတော်၏ တပည့်ဟူသည့် ဂုဏ်ပုဒ်က ဆိုလွန်အား တုန်လှုပ်သွားစေသည်။

ထိုအဆင့်အတန်းကို လူတိုင်း အလွယ်တကူ ရနိုင်သည်မဟုတ်ချေ။ ကျိနင်ကဲ့သို့ လူများပင် ထိုနေရာ၌ ပညာသင်ကြားခွင့်သာ ရရှိခဲ့၏။ မုန်ထိုလော့ဆိုလျှင်လည်း သူတော်စင်မလေးအဖြစ် ရာထူးတိုးခံရမှသာ ထိုဂုဏ်ပုဒ်ကို ရရှိမည်ဖြစ်သည်။

မဟာဆရာသခင် ဘိုင်ရွန်ကဲ့သို့ လူများပင်လျှင် ကျောင်းတော်၏ အစစ်အမှန် ဆန္ဒကို ကိုယ်စားမပြုနိုင်သောကြောင့် ထိုဂုဏ်ပုဒ်ကို မခံယူနိုင်ကြချေ။

ကျောင်းတော်၏ အစစ်အမှန် တပည့်တစ်ဦးက ကြားနေမြို့တစ်မြို့ရှိ စားသောက်ပွဲသို့ အဘယ်ကြောင့် ရောက်လာရသနည်း။

**--**--**--**--**--**--**--**

မြို့စား ကျိကန်းက ဒေသခံ အထက်တန်းလွှာများကို ဧည့်သည်များနှင့် စတင်မိတ်ဆက်ပေးသည်။ “သူကတော့ ထျန်ယဲ့မြို့ရဲ့ ထောက်တိုင်တစ်ခုဖြစ်သလို ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ရဲ့ သခင်မလေး ယန်ရွှမ်းပဲ ဖြစ်ပါတယ်။”

ဖန်ချင်းရှူက သူမအား လေးစားစွာ ကြည့်လိုက်၏။ “သခင်မလေး ယန်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်။”

ယန်ရွှမ်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ “သခင်လေး ဖန်နဲ့ သခင်မလေး ထူလင်း... တွေ့ရတာ ဝမ်းသာပါတယ်။”

ထူလင်းတိက ယန်ရွှမ်းအား အချိန်အတော်ကြာ စိုက်ကြည့်နေ၏။ “သခင်မလေး ယန်ရွှမ်း... ရှင့်မှာ ယန်နိုင်အာဆိုတဲ့ ညီမတစ်ယောက် ရှိသလား။”

ယန်ရွှမ်းက မျက်နှာသေဖြင့် ပြောသည်။ “ကျွန်မရဲ့ အရင်နာမည်ပါ။”

ဆိုလွန်၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားရသည်။ နောက်ဆုံး၌ အဖြေ ရသွားလေပြီ။ ယန်နိုင်အာနှင့် ယန်ရွှမ်းတို့မှာ လူတစ်ယောက်တည်းပင်။ သို့သော် အတွင်းရော အပြင်ပါ လုံးဝ ပြောင်းလဲသွား၏။

အသက် နှစ်ဆယ့်နှစ်နှစ်သာ ရှိသေးသော်လည်း သိုင်းပညာမှာ နဂါးစစ်သည်တော်အဆင့်ကိုပင် ကျော်လွန်နေလေပြီ။ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်နည်း။

**--**--**--**--**--**--**--**

ထူလင်းတိက ဆက်ပြောသည်။ “လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က တော်ဝင်အကယ်ဒမီမှာ ကျွန်မတို့ ခဏ တွေ့ခဲ့ကြသေးတယ်နော်။”

ဆိုလွန်၏ အကြည့်တို့က တင်းမာသွားရ၏။ ထူလင်းတိက သူမအား လှောင်ပြောင်နေခြင်းလော။ အကယ်ဒမီ၌ ရှိစဉ်က ဆိုလွန်အား လက်ထပ်ရန်အတွက် ဓားဖြင့် အတင်းအကျပ် ခြိမ်းခြောက်ခဲ့ဖူးရာ ထိုသည်က အရှက်ရဖွယ် ကောင်းလှသော မှတ်ဉာဏ်တစ်ခုပင်။

ယန်ရွှမ်းက မျက်နှာသေဖြင့် တုန့်ပြန်သည်။ “ကျွန်မ မေ့နေပြီ။ သခင်မလေး ထူလင်းလည်း အဲဒီမှာ ရှိနေခဲ့တာလား။”

ထူလင်းတိက မှတ်ချက်ချလိုက်သည်။ “အဲဒီအချိန်ကစပြီး ရှင် တော်တော်လေး ပြောင်းလဲသွားတာပဲ။ ရှင့်ကို ကျွန်မ သီသီလေးပဲ မှတ်မိတော့တယ်။ ရှင့်ရဲ့ သိုင်းပညာတွေကလည်း အဲတုန်းကထက် အဆပေါင်းများစွာ တိုးတက်လာတာပဲ။”

ဆိုလွန်၏ ထက်မြက်လှသည့် အာရုံများက အန္တရာယ်ရှိသော အရှိန်အဝါကို ချက်ချင်းပင် အာရုံခံမိလိုက်၏။

မြို့စား ကျိကန်းက ဆိုလွန်အား လုံးဝ လျစ်လျူရှုကာ နောက်ထပ် မြို့ခံလူကြီးတစ်ဦးနှင့် မိတ်ဆက်ပေးရန် ရွှေ့သွားသည်။ သို့သော် ဖန်ချင်းရှူကမူ ဆိုလွန်ထံသို့ ခင်မင်ရင်းနှီးစွာ လက်ကမ်းပေးလာ၏။ “ဒီဘက်ကရော...”

ဆိုလွန်က သတိကြီးသည့် အကြည့်ဖြင့် ပြန်ဖြေသည်။ “လန်ရှောင်ပါ။ သခင်မလေး ယန်ရွှမ်းရဲ့ သက်တော်စောင့်ပါ။”

ဖန်ချင်းရှူက ဆိုလွန်၏ လက်ကို ခဏတာ ဆုပ်ကိုင်လှုပ်ယမ်းလိုက်၏။ “တွေ့ရတာ ဝမ်းသာပါတယ်။”

ယန်ရွှမ်း အံ့အားသင့်သွားမှုကို ဖုံးကွယ်ထားလိုက်၏။ ယခင်က ဆိုလွန်သည် သူ၏ နာမည်တုမှာ လန်လင်းဟု သူမအား ပြောထားခဲ့သည်။ အဘယ်ကြောင့် ရုတ်တရက် လန်ရှောင်ဟု ပြောင်းလဲလိုက်ရသနည်း။

ဆိုလွန်၌တွက်လည်း သူ၏ အကြောင်းပြချက်များ ရှိနေ၏။ လန်လင်းဟူသည့် အမည်သည် မြင့်မြတ်နတ်နဂါးကျောင်းတော်မှ တင်းကြပ်စွာ တားမြစ်ထားသော ကပ်ဘေးကိုးသွယ်ဓားသိုင်းနှင့် နီးကပ်စွာ ဆက်စပ်နေနိုင်သည်။

ကျောင်းတော်၏ တပည့်ထံမှ အန္တရာယ်ရှိသည့် သံသယများကို ရှောင်ရှားနိုင်ရန်အတွက် လန်ရှောင်ဟူသော အမည်ကို အသုံးပြုရန် သူ၏ အလိုလိုသိစိတ်က လမ်းညွှန်နေခြင်းပင်။

ထျန်ယဲ့မြို့ရှိ စားသောက်ပွဲမှာ နုလန်ဘုရင့်နိုင်ငံရှိ စားသောက်ပွဲများနှင့် ကွာခြားလှ၏။ ဧည့်သည်များ လွတ်လပ်စွာ လမ်းလျှောက်၍ စကားစမြည် ပြောဆိုနိုင်သည့် ဘူဖေးပွဲနှင့် ပို၍ တူနေသည်။ သို့သော် ပတ်ဝန်းကျင် အငွေ့အသက်မှာ လျင်မြန်စွာပင် ထူးဆန်းလာ၏။

ယန်ရွှမ်းက စားသောက်ပွဲ၌ အလှပဆုံးသော အမျိုးသမီး ဖြစ်ကြောင်းကို ငြင်းဆို၍ မရသော်ငြား မည်သည့် အမျိုးသားကမှ သူမအနားသို့ မချဉ်းကပ်ရဲကြချေ။

အခြားသော အမျိုးသမီးများကလည်း သူမအား လာရောက် မြှောက်ပင့်ပြောဆိုခြင်း မရှိကြပေ။ လူတိုင်းက သူမသည် အလွန်တရာ အန္တရာယ်များသည့်အလား ဆယ်ပေခန့် အကွာအဝေးမှ ရှောင်ဖယ်နေကြ၏။

တစ်ချိန်တည်းမှာပင် မြို့စား ကျိကန်းက ဖန်ချင်းရှူ၏ အနားမှ မခွာဘဲ အဆက်မပြတ် မြှောက်ပင့်နေသည်။

ဆိုလွန်က ယန်ရွှမ်းထံသို့ တိုးညင်းစွာ ပြောလိုက်၏။ “တစ်ခုခုတော့ မှားနေပြီ။”

ယန်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ သူတို့ ကျွန်မကို ဒီလောက်မြန်မြန် လှုပ်ရှားလာလိမ့်မယ်လို့ မထင်ထားဘူး။”

ဆိုလွန်က ပြောလိုက်၏။ “ကျုပ် ဘာတွေသိနိုင်မလဲ ဆိုတာကို သွားပြီး ခိုးနားထောင်ကြည့်လိုက်ဦးမယ်။”

ထို့နောက် မြို့စား၏ သမီးဖြစ်သူ ကျိချန်းချန်းထံသို့ လျှောက်သွားလိုက်သည်။

သူမလေး၏ မျက်နှာမှာ ဆူပုတ်နေ၏။

တော်ဝင်မြို့တော်မှ အပ်ချုပ်ဆရာတစ်ဦးအတွက် ငွေကြေးမြောက်မြားစွာ အကုန်အကျခံခဲ့သော်လည်း သူမ၏ အပြာရောင် ဂါဝန်လေးမှာ ယန်ရွှမ်း၏ ရိုးရှင်းသည့် အနက်ရောင် ဝတ်စုံလေး၏ ဘေး၌ အရောင်မှိန်နေ၏။ ယန်ရွှမ်းက အားစိုက်ထုတ်စရာမလိုဘဲ လူတိုင်း၏ အာရုံစိုက်မှုကို ခိုးယူသွားခြင်းပင်။

ထိုအခိုက် ဆိုလွန်က သူမ၏ ဘေး၌ ပေါ်လာ၏။ “သခင်မလေး ကျိချန်းချန်း... သခင်မလေးရဲ့ ဝတ်စုံက သခင်မလေးနဲ့ မလိုက်ဘူး။”

သူ၏ ရုပ်ဆိုးပြီး ရုပ်ဖျက်ထားသည့် မျက်နှာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူမ မော့ကြည့်လိုက်သည်။ “ယန်ရွှမ်းရဲ့ အနက်ရောင်ဝတ်စုံကို လုပ်ပေးတာ ရှင်လား။”

ဆိုလွန်က ချောမွေ့စွာ ပြောလိုက်၏။ “ဟုတ်ပါတယ်။ အဲဒီ ငွေရောင်သံချပ်ကာနဲ့ ဆက်ပြီး မမြင်ချင်တော့လို့ ဝတ်စုံ ၊ ဖိနပ် ၊ ဆံပင်နဲ့ ဆွဲကြိုးတွေကို ဒီဇိုင်းဆွဲဖို့အတွက် လေးနာရီလောက် အချိန်ယူခဲ့ရတာ။”

ကျိချန်းချန်း၏ မျက်ဝန်းများ အရောင်လက်သွားရသည်။ “ရှင်က တကယ့်ကို အနုပညာ ပါရမီရှင်ပဲ။ တကယ့်ကို ပြောင်မြောက်တဲ့ လက်ရာတစ်ခုပဲ။” ချမ်းသာသော မိန်းကလေးများစွာကဲ့သို့ပင် သူမသည်လည်း ဖက်ရှင်နှင့် အလှအပအပေါ် အလွန်အမင်း ရူးသွပ်သူဖြစ်သည်။

ဆိုလွန်က သူမအား အကဲခတ်ကြည့်လိုက်သည်။ “ကျုပ်က အလှတရားကို ခံစားတတ်တဲ့ မျက်လုံးမျိုး ရှိရုံပါ။ သခင်မလေးရဲ့ အလှဆုံး အစိတ်အပိုင်းတွေက ဘာတွေလဲဆိုတာ သိလား။”

သူမက ချက်ချင်း ပြန်ဖြေသည်။ “တော်ဝင်အပ်ချုပ်ဆရာကတော့ ကျွန်မရဲ့ ပခုံးနဲ့ ညှပ်ရိုးတွေလို့ ပြောတာပဲ။”

ဆိုလွန်က ခေါင်းရမ်းကာ လေးနက်စွာ ပြောလိုက်၏။ “နိုး နိုး နိုး နိုး နိုး အဲဒါတွေက လှပါတယ်။ ဒါပေမဲ့ ဆွဲဆောင်မှုတော့ မရှိဘူး။ သခင်မလေးရဲ့ အစစ်အမှန် အလှတရားက ခါး ၊ တင်ပါးနဲ့ ပေါင်တံတွေကြားက ရွှေရောင်တြိဂံမှာ ရှိတာ။”

ကျိချန်းချန်း မျက်နှာရဲတက်သွားကာ နှာဘူးတစ်ကောင်များလားဟု တွေးလိုက်မိ၏။ သို့သော် ဆိုလွန်၏ အနုပညာဆန်ပြီး လေးနက်သော လေသံကြောင့် သူမ မဆဲလိုက်မိချေ။

ဆိုလွန်က ပညာရှင်ဆန်ဆန်ဖြင့် ကမ်းလှမ်းလိုက်၏။ “ကျုပ်နဲ့အတူ လသာဆောင်ကို လိုက်ခဲ့ပါ။ ကျုပ်ကို နှစ်မိနစ်လောက် အချိန်ပေး။ သခင်မလေးရဲ့ အလှတရားကို အဆင့်သစ်တစ်ခုဆီ မြှင့်တင်ပေးမယ်။”

စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် သူမ သူ့နောက်သို့ လိုက်သွားသည်။

**--**--**--**--**--**--**--**

လသာဆောင်၌မူ မည်သူမှ မရှိချေ။

ဆိုလွန်က လေးနက်စွာ မေးလိုက်၏။ “အဆင်သင့်ဖြစ်ပြီလား။”

သူမက စိုးရိမ်တကြီးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သတိပေးခြင်းမရှိဘဲ ဆိုလွန်က သူမ၏ ဈေးကြီးသည့် စကတ်ကို ဆွဲယူကာ ပေါင်ရင်းအထိ ဆွဲဖြဲလိုက်သည်။

အော်ဟစ်ရန် ပြင်လိုက်ချိန်မှာပင် ခေတ္တမျှ အသံတိတ်သွားစေရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုနေသည့် ပိတ်စများကို ဓားမြှောင်ဖြင့် ဖြတ်တောက်လိုက်ကာ သူမ၏ ချောင်ချောင်ချိချိ ဂါဝန်ကို ကိုယ်ကျပ်စကတ်တိုလေးအဖြစ် ပြောင်းလဲလိုက်၏။

ထို့နောက် ခါးပတ်လည်၌ လခြမ်းပုံစံ နှစ်ခု ဖောက်လိုက်ရာ သူမ၏ ဖြူဝင်းသော အသားအရေများကို ပေါ်လွင်သွားစေ၏။ ဆက်လက်၍ သူမ၏ ဖိနပ်များမှ ဒေါက်များကို ခုတ်ဖြတ်လိုက်ပြီး လသာဆောင် လက်ရန်းမှ ဖြတ်ယူထားသည့် သတ္တုပြားများကို တပ်ဆင်ကာ တစ်ပေ၏ သုံးပုံတစ်ပုံခန့် မြင့်သော ဒေါက်မြင့်ဖိနပ်များအဖြစ် ပြောင်းလဲလိုက်သည်။

ဆိုလွန်က ညွှန်ကြားလိုက်၏။ “ဒါတွေ ဝတ်လိုက်တော့။”

ကျိချန်းချန်းက ဇဝေဇဝါဖြင့် ကောက်စွပ်လိုက်သည်။ သူမ ချက်ချင်းပင် အရပ်ပိုရှည်လာသကဲ့သို့ ခံစားလိုက်ရ၏။ ဒေါက်ဖိနပ်များက သဘာဝအတိုင်း သူမ၏ ရင်ဘတ်ကို ကော့သွားစေပြီး တင်ပါးကို မြင့်တက်သွားစေရာ ယုံကြည်မှုများ အလုံးအရင်းနှင့် ပြည့်တက်လာသည်။

ဆိုလွန်က သတိပေးလိုက်၏။ “ဂရုစိုက်ပြီး လျှောက်။ ဒါမှမဟုတ်ရင် လဲကျလိမ့်မယ်။ အခု အထဲကို ပြန်ဝင်သွားပြီး လူတိုင်း သခင်မလေးကို ဘယ်လိုကြည့်လဲဆိုတာ စောင့်ကြည့်လိုက်။ ကျုပ် အပြင်ကနေ စောင့်နေမယ်။”

**--**--**--**--**--**--**--**

ကျိချန်းချန်း ယုံကြည်မှုအပြည့်ဖြင့် ခန်းမထဲသို့ ပြန်လည်ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် အမျိုးသားတိုင်း၏ အကြည့်များက သူမထံသို့ ရောက်လာကြ၏။

ဤကဲ့သို့ ရှေးရိုးစွဲဆန်လှသည့် ပတ်ဝန်းကျင်မျိုး၌ သူမ၏ ကိုယ်ကျပ်စကတ်တိုလေးနှင့် ဗလာကျင်းနေသော ခြေတံများက မယုံနိုင်လောက်အောင်ကို ဆွဲဆောင်မှုရှိလွန်းလှ၏။

လူတိုင်း၏ အာရုံစိုက်မှုများကြောင့် စိတ်လှုပ်ရှားကာ ယစ်မူးသွားပြီးနောက် လသာဆောင်သို့ သူမ အပြေးအလွှား ပြန်လာလိုက်သည်။

“ရှင်က တကယ့်ကို ပါရမီရှင်ပဲ။” သူမက ဆိုလွန်အား ချီးကျူးလိုက်၏။ ရုတ်တရက်ဆိုသလိုပင် ရုပ်ဆိုးလှသည့် ရုပ်ဖျက်ထားမှုမှာ ဆွဲဆောင်မှုရှိနေသည်ဟု ထင်မှတ်လာမိ၏။ သူမက စပ်စုလိုက်သည်။ “ရှင် ယန်ရွှမ်းနဲ့ အတူရှိနေတာ ဘယ်လောက်ကြာပြီလဲ။”

ဆိုလွန်က ပြန်ဖြေသည်။ “နှစ်ရက်။”

ကျိချန်းချန်းက ပတ်ဝန်းကျင်အား အကဲခတ််ကာ သတိပေးလိုက်၏။ “ကျွန်မ စကားကို နားထောင်။ သူ့ဆီကနေ အခုချက်ချင်း ထွက်သွားလိုက်တော့။ သူ ဒီည ကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်။”

ဆိုလွန်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။ “အမ်...။ ဘယ်လို ကပ်ဘေးမျိုးလဲ။”

ကျိချန်းချန်းက စကားထစ်သွား၏။ “ကျွန်မ... ကျွန်မ ပြောလို့မရဘူး။ တိတ်တိတ်လေး ကြားခဲ့ရုံတင်။ အတိုချုပ်ပြောရရင် သူ့ဆီကနေ တတ်နိုင်သလောက် မြန်မြန် ထွက်ပြေးတော့။”

သူမ စကားလွန်သွားပြီမှန်း သဘောပေါက်လိုက်ပြီးနောက် လျင်မြန်စွာ လှည့်ကာ ခန်းမထဲသို့ ပြေးဝင်သွားတော့သည်။

ဆိုလွန် သူမ၏ နောက်သို့ လိုက်ရန် ပြင်လိုက်ချိန်၌မှာပင် သူ၏ ဘေးသို့ အမျိုးသမီးတစ်ယောက် ရောက်လာ၏။ ထိုသူမှာ ထူလင်းတိပင်။

ထူလင်းတိက ပေါ့ပါးစွာ ပြောလာသည်။ “မတွေ့ရတာ ကြာပြီနော်... ကျောင်းနေဖက်ဟောင်းကြီး။”

ဆိုလွန်၏ ရင်ထဲ၌ နှလုံးက အပြင်းအထန် ခုန်ပေါက်သွားသော်လည်း သူမ ဘာကိုဆိုလိုမှန်း နားမလည်ဟန်ဆောင်ကာ အရူးတစ်ယောက်ကဲ့သို့သာ နေလိုက်၏။

ထူလင်းတိက တည်ငြိမ်စွာ ဆက်ပြောသည်။ “အဲဒီ မျက်နှာတုကြီးနဲ့ ဆိုရင်တောင် ရှင်က ဆိုလွန်မှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ စိတ်အေးအေးထားပါ။ ဒီည ကျွန်မတို့ ရောက်လာတာ ရှင့်အတွက် မဟုတ်ဘူး။ ရှင့်ရဲ့ ရည်းစားဟောင်း ယန်နိုင်အာအတွက် ရောက်လာတာ။ မြင့်မြတ်နတ်နဂါးကျောင်းတော်က မြင့်မြတ်တမန်တော်က သူ့ကို ရှာနေတာ အတော်လေး ကြာနေပြီလေ။”

အပိုင်း ၂၅၁ + ၂၅၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters