← Chapters

အခန်း ၂၈၆

Vol. 20 Ch. 286

အခန်း ၂၈၆

Vol. 20 Ch. 286

အပိုင်း ( 286 )

လှည်းဆွဲနေသော သူတော်စင်

လုချန်ရှန်းသည် တံဆိပ်ပြားများကို ကြည့်နေရင်းဖြင့် စိတ်ခံစားချက်များ လှိုက်တက်လာခဲ့၏။

၎င်းတို့က လူတိုင်းက အသေအကြေတိုက်ခိုက်၍ ရှာဖွေနေခဲ့သည့် အရာများပင် မဟုတ်လော။ သို့တိုင်အောင် သူ့အတွက်မူ ထိုပစ္စည်းများကို ရရှိခြင်းက မည်သို့မျှ ခက်ခဲမနေခဲ့ပေ။ သူသည် လက်လေးတစ်ချောင်းပင် မလှုပ်ခဲ့ရဘဲ ၎င်းတို့အားလုံးကို ရယူနိုင်ခဲ့သည်။

အနီးကပ် ကြည့်ရှုစစ်ဆေးလိုက်မည်ဆိုပါက အဆိုပါ တံဆိပ်ပြားများက အမှတ်အသား သုံးထောင်ကျော်ဖြင့် ပြွတ်သိပ်ပြည့်နှက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ သူက ဤနေရာသို့ ရောက်ရှိနေသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း သူက ခြောက်ထောင်နီးပါးပင် ရရှိနေခဲ့ပြီ ဖြစ်သည်။

သူက ၎င်းကို အကုန်အစင် အသုံးပြုနိုင်မည်လော။

“ မင်းကို ကျေးဇူးတင်တယ်။ မင်းက နည်းနည်းလောက် အသုံးဝင်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

လုချန်ရှန်းက ရှောင်ထျန်ချန်း၏ ပခုံးကို ပုတ်နေတော့သည်။

ထို့နောက်၌ သူ၏လက်ဝါးအတွင်းတွင် စစ်ရထားလုံးတစ်စီး ပေါ်ထွက်လာခဲ့ပြီး မြေပြင်ပေါ်သို့ ရောက်ရှိသွားသည့် အချိန်တွင် ပုံမှန်အရွယ်အစားအတိုင်း ပြန်လည်ပြောင်းလဲသွားခဲ့သည်။ သူသည် စစ်ရထားလုံးပေါ်သို့ ချက်ချင်းတက်သွားကာ အေးအေးလူလူ ထိုင်ချလိုက်ပြီး လျင်မြန်စွာ ကျော်ဖြတ်သွားသည့် ရှုခင်းများကို ခံစားကြည့်နေခဲ့ကာ တစ်ခြားလူများက သူ့အား မမြင်မည်ကို ကြောက်လန့်နေသည့်အလား ပိုမိုမြင့်မားသော အမြင့်တစ်နေရာအထိ ပျံတက်သွားခဲ့သည်။

အရာအားလုံးက သူမျှော်မှန်းထားသည့်အတိုင်းသာ ဖြစ်နေခဲ့သည်။ လူတော်တော်များများက ၎င်းကို မြင်တွေ့သွားကြသည်။ ကြေးနီဖြင့် ပြုလုပ်ထားသော စစ်ရထားလုံးကြီးက အနီးအနား ပတ်ဝန်းကျင်တွင် မည်သူမှ မရှိသည့်အလား တဟုန်ထိုး ပြေးလွှားနေခဲ့သည်။

လူအများကို နားမလည်နိုင်ဖြစ်သွားစေသည့် တစ်ခုတည်းသော အရာမှာ အဆိုပါ စစ်ရထားလုံးကို ဆွဲနေသည့်အရာက လူသားတစ်ဦးဖြစ်နေခြင်းပင် ဖြစ်သည်။

“ လူတစ်ယောက်က အဲ့လောက်ကြီးတဲ့ စစ်ရထားလုံးကို ဆွဲနိုင်တယ်ပေါ့။ သူက ဆွဲကောဆွဲနိုင်ရဲ့လားဟ “

“ ရထားလုံး ဆွဲဖို့အတွက် လူတစ်ယောက်ကို အသုံးပြုတာက ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုပဲ “

“ လူတစ်ယောက်ဆွဲတဲ့ ရထားလုံးကို လိုက်စီးရတာက ဘယ်လိုနေမလဲဆိုတာကို ငါသိချင်မိတယ် “

“ … “

၎င်းကို မြင်တွေ့ခဲ့ရသူတိုင်းက အချင်းချင်း ဆွေးနွေးပြောဆိုနေကြတော့သည်။

သို့ရာ၌ ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် လူငယ်တစ်ဦးသည် ထိုဘက်သို့ ငေးကြည့်ကာ အမူအရာပြောင်းလဲသွားခဲ့သည်။ သူသည် တုန်တုန်ရင်ရင်ဖြင့် စကားဝင်ပြောနေတော့၏။

“ အဲ့ဒီစစ်ရထားလုံးကို စီးရတာက ဘယ်လိုနေမလဲဆိုတာကို ငါမသိဘူး။ ဒါပင်မဲ့ အဲ့တာကို စီးရင် ပြဿနာ အကြီးကြီးတက်သွားရနိုင်တယ်ဆိုတာကိုတော့ ငါသိတယ် “

“ ဘယ်လိုပြဿနာမျိုးလဲ။ စစ်ရထားလုံး မငြိမ်မသက်ဖြစ်မှာလား။ ဒါမှမဟုတ် ဆွဲလို့မရတာလား “

“ စစ်ရထားလုံးကို ဆွဲနေတဲ့လူကို ကြည့်လိုက် …….. “

ဟမ်

လူအုပ်ကြီးသည် ဇဝေဇဝါဖြစ်နေသော အကြည့်များဖြင့် အရှေ့သို့ ငေးကြည့်နေကြတော့သည်။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် သူတို့အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။

“ ရှောင်ထျန်ချန်း “

“ ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် …….. “

“ အဲ့တာက ……… “

ချက်ချင်းဆိုသလိုပင် အရပ်မျက်လေးခုစလုံးရှိ အင်အားစုအားလုံး အထိတ်တလန့်ဖြစ်သွားကြသည်။ တစ်စုံတစ်ဦးက စစ်ရထားလုံးကို ဆွဲရန်အတွက် ထျန်းရီမြင့်မြတ်နယ်မြေ သူတော်စင်ကို အမှန်တကယ် အသုံးပြုနေဝံ့သည်။

အဆိုပါ သတင်းက တောမီးသဖွယ် ပျံ့နှံ့သွားကာ စစ်မြေပြင်တစ်ခုလုံးတွင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားစေခဲ့၏။

ထိုကိစ္စကို သိရှိသွားကြသည့် လူတိုင်းသည် ၎င်းက မယုံကြည်နိုင်စရာကောင်းလွန်းသည်ဟု ခံစားသွားကြရသည်။ ၎င်းက ပေါ်တင်ရန်စနေခြင်းပင် မဟုတ်လော။

သို့ရာတွင် လုချန်ရှန်းကမူ မည်သည့်အရာကိုမှ ဂရုစိုက်မနေခဲ့ပေ။ မည်သို့ပင်စေကာမူ အရာရာတိုင်းကို လဲလှယ်ခဲ့ပြီးသည့်နောက်တွင် သူထွက်သွားမည်ဖြစ်သည်။ ထိုလူများက မွေးရာပါ ဝိညာဥ်နယ်ပယ်မှ လူများသာဖြစ်သည့်အတွက် သူက မည်သည့်အရာကို ကြောက်လန့်နေရမည်လော။

အပြင်တွင် စောင့်ဆိုင်းနေသည့် သူ့ဆရာပင်ရှိသောကြောင့် သူသည် အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့သည်။

မကြာခင်အချိန်မှာပင် စစိရထားလုံးက တိမ်တိုက်များအထက် မြူများရစ်ဆိုင်းနေရာ တောင်ထွတ်တစ်ခုအပေါ်သို့ ရောက်ရှိလာခဲ့၏။ စစ်ရထားလုံးက ရပ်တန့်သွားသည့် အချိန်တွင် လုချန်ရှန်းက ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ပြီး အလယ်ဗဟိုရှိ ယဇ်ပုလ္လင်ထံသို့ လျှောက်လှမ်းသွားသည်။

၎င်းက အမှတ်အသားများ လဲလှယ်ရသည့်နေရာဖြစ်သည်။

သူစကားမပြောနိုင်ခင် အချိန်မှာပင် အိုမင်းရင့်ရော်နေသည့် အသံတစ်သံ ဖြည်းဖြည်းချင်း ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။

“ မင်းက ဘာအတွက်လဲလှယ်ချင်တာလဲ “

အကယ်၍ မမျှော်လင့်ထားသော ကိစ္စတစ်ခုသာ မဖြစ်ပွားခဲ့ဘူးဆိုပါက ၎င်းက စစ်မြေပြင်၏ စိတ်ဆန္ဒသာ ဖြစ်နေပေလိမ့်မည်။

ရှောင်ဟေးကမူ တိတ်တဆိတ် နားထောင်နေခဲ့ကာ လုချန်ရှန်းက မည်သည့်ပစ္စည်းကို လဲလှယ်မလဲဆိုသည်ကို သိချင်နေလျက်ရှိသည်။

ဤနေရာတွင် နတ်အမွေအနှစ် နတ်မိစ္ဆာအရင်းအမြစ် နတ်မိစ္ဆာနှလုံးသားကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့် ပစ္စည်းများအပါဝင် အခွင့်အလမ်းများစွာ ရှိနေခဲ့သည်။ အပြင်ကမ္ဘာတွင် မမြင်တွေ့ရသည့် ပစ္စည်းအမြောက်အများ ရှိနေခဲ့သည်။

အမှတ်အသား ခြောက်ထောင်ဝန်းကျင်က အတော်ပင်လုံလောက်နေခဲ့ပြီဖြစ်သည်။

လုချန်ရှန်းကမူ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပြန်ပြောလိုက်သည် “ ဝိညာဥ်ကျောက်တုံးပါ “

“ ဟမ် “

ရှောင်ဟေးမှာ အံ့ဩမှင်သက်သွားခဲ့သည်။ ဝိညာဥ်ကျောက်တုံးတွေလား။ ဒီကောင်က ဝိညာဥ်ကျောက်တုံးတွေနဲ့ တကယ်ကြီး လဲလိုက်တယ်ပေါ့။

သူသည် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

“ မင်းရူးနေတာလား “ ဟု ရှောင်ဟေးက စကားလှမ်းပြောနေတော့၏။

လုချန်ရှန်းကမူ သူ့ကို လုံးဝ လျစ်လျူရှုထားကာ ယဇ်ပုလ္လင်ကိုသာ စကားထပ်ပြောနေခဲ့၏ “ ဒီအမှတ်အသားတွေက ကျုပ်ကို ဝိညာဥ်ကျောက်တုံး ဘယ်လောက်ပေးနိုင်မလဲ “

ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခုက သူ့အရှေ့တွင် ရှိနေသည့် တံဆိပ်ပြားအားလုံးကို ဖုံးလွှမ်းသွားကာ အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။

“ ၁၉သန်း ၈သိန်း ၇သောင်း ၆ထောင် ၅ရာ ၄၃ခု “

“ အာ “

တုံ့ပြန်မှုကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းကပင် တအံ့တဩဖြစ်သွားခဲ့သည်။ အဲ့လောက်လေးပဲလားဟ။

ငါက အသက်ကိုတောင် စွန့်စားပြီးတော့ နတ်မိစ္ဆာဝိညာဥ်တွေကို အမဲလိုက်ခဲ့ရတာလေ။ အဲ့လောက်လေးပဲ ပြန်ပေးတာလားဟ။

အနည်းဆုံးအနေနဲ့ သန်းသုံးဆယ်လောက်ရသင့်တာလေ။

“ ထပ်တိုးပေးလို့မရဘူးလား။ အဲ့အမှတ်အသားတွေ ရဖို့ဆိုတာက မလွယ်ဘူး “ လုချန်ရှန်းက မဝံ့မရဲဖြင့် ဈေးညှိနေတော့၏။

သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင် စစ်မြေပြင်၏ စိတ်ဆန္ဒက စကားထပ်ပြောလာခဲ့သည် “ ငါထပ်တိုးပေးနိုင်တယ် “

“ အဲ့တာဆိုရင် …… “

“ ဒါပင်မဲ့ မင်းလဲလှယ်နိုင်တဲ့ဟာတွေကို စစ်မြေပြင်မှာ ရှိတာတွေနဲ့ပဲ ကန့်သတ်ထားတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် စစ်မြေပြင်မှာ ပစ္စည်းတွေအများကြီးရှိတယ်။ တကယ်လို့ မင်းလဲချင်တယ်ဆိုရင် မင်းဆီကနေ အမှတ်အသား လေးထောင်ယူမယ် “

စစ်မြေပြင်က တုံ့ပြန်လာခဲ့၏။

ရှောင်ဟေးကမူ နားမလည်နိုင်ဖြစ်နေလျက်ရှိ၏။ သူသည် တစ်စုံတစ်ဦးက အမှတ်အသားများကို ဝိညာဥ်ကျောက်တုံးများနှင့် လဲလှယ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဝိညာဥ်ကျောက်တုံးများက မဆိုးလှသော်လည်း အမွေအနှစ်များ အရင်းအမြစ်များ ကျင့်ကြံရေး နည်းစနစ်များနှင့် ဝိညာဥ်ကျောက်တုံးများထပ် ပိုမိုအဖိုးတန်သည့် အရာများစွာရှိနေခဲ့သည်။

သူသည် လုချန်ရှန်းကို ပြန်၍တွေးတောစဥ်းစားရန် ဖြောင်းဖြချင်နေခဲ့သည်။ တစ်ခြားသော အရာများကို လဲလှယ်၍ ၎င်းတို့ကို ဝိညာဥ်ကျောက်တုံးများအတွက် ပြန်လည်ရောင်းချခြင်း (သို့) အမှတ်အသားများကို သည်းကြီးမည်းကြီး လိုချင်နေသည့် ကောင်းကင်ဘုံနန်းတော်ဆီသို့ အမှတ်အသားများ ရောင်းချခြင်းတို့ကို ပြုလုပ်မည်ဆိုလျှင်တောင်မှ ယခုထပ်ပိုမို အမြတ်ရလိမ့်မည် ဖြစ်သည်။

သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ လဲပေးပါ “

ဝှစ်

ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ သူ့အရှေ့တွင် ရှိနေသည့် တံဆိပ်ပြား အများစု ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် ဝိညာဥ်ကျောက်တုံးများ သိုလှောင်ထားသည့် လက်စွပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ အရင်တုန်းက လူတွေက စစ်မြေပြင်ကို လာတုန်းက ဝိညာဥ်ကျောက်တုံးတွေ မယူခဲ့ဘူးလားဟ “

လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်‌ပြောဆိုနေလျက်ရှိ၏။

သူသည် စစ်မြေပြင်တွင် ရှိနေသည့် ပစ္စည်းများက ထိုခေတ်က စစ်ပွဲကြီး ပြီးဆုံးသွားခဲ့သည့်နောက်တွင် ကျန်နေခဲ့သည့် အကြွင်းအကျန် ပစ္စည်းများဆိုသည်ကို နားလည်နေခဲ့သည်။ သူသည် ရှောင်ဟေး၏ စိတ်ရှုပ်ထွေးနေမှုကိုပါ နားလည်နေခဲ့သည်။ သို့သော် အကယ်၍ သူကသာ တစ်ခြားသော ပစ္စည်းကောင်းလေးများကို လဲလှယ်ကာ ထိုလူများကို ပြန်ရောင်းမည်ဆိုပါက ၎င်းက ထိုလူများကို အကျိုးရှိသွားစေမည် မဟုတ်လော။

၎င်းတို့အား ကောင်းကင်ဘုံ အကယ်ဒမီထံသို့ ရောင်းချခြင်းကလည်း ရွေးချယ်စရာတစ်ခုဖြစ်သည်။ သို့သော် သူ၏ဆရာက ကောင်းကင်ဘုံ အကယ်ဒမီကို အကောင်းမမြင်ချေ။ ထို့အပြင် အသူရာတောင်ထွတ်သခင်မှာလည်း သူ့ကို သတ်ဖြတ်နေခဲ့သည်။ ထို့ကြောင့် သူသည် ထိုလူများကို ကောင်းစားသွားစေမည် မဟုတ်ပေ။

သူသည် သူ၏စီနီယာအစ်ကိုနှစ်ဦးအတွက် မည်သည့်ပစ္စည်းများ လဲလှယ်သင့်လဲဟု ကူချန်ကျွင်းကို ယခင်ကတည်း မေးထားခဲ့ဖူးသည်။ သို့သော် အဖြေက နိုးဟူ၍သာ ဖြစ်နေခဲ့ပြီး ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ရန် အပြောခံခဲ့ရသည်။

ရှောင်ဟေးမှာ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ တစ်ခြားလူများသာဆိုပါက သူတို့အလိုအပ်ဆုံး အရာများကိုသာ လဲလှယ်ကြမည် ဖြစ်သည်။

သို့သော် လုချန်ရှန်းမှာလည်း သူအလိုအပ်ဆုံး အရာကိုပင် လဲလှယ်နေခြင်း မဟုတ်လော။

ယခုရရှိထားသည့် ဝိညာဥ်ကျောက်တုံး သန်း၂၀ဝန်းကျင်နှင့်သာဆိုပါက သူ့ထံတွင် သန်းတစ်ရာနီးပါး ရှိနေခဲ့ပြီဖြစ်ပြီး မွေးရာပါ ဝိညာဥ်အဆင့်၉နှင့် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။ ၎င်းက မည်မျှပျော်ရွှင်ဖွယ်ကောင်းလိုက်သနည်း။

သူက ဝိညာဥ်ကျောက်တုံးများကို သိမ်းဆည်းလိုက်သည့် အချိန်တွင် အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။

“ ကျန်တဲ့အမှတ်အသားတွေကို တစ်ခြားဟာတွေအတွက် လဲချင်သေးလား “

“ ဘာတွေလဲလို့ရလဲ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။

စစ်မြေပြင်၏ စိတ်ဆန္ဒက ပြန်ပြောလာခဲ့သည် “ အမှတ်တွေသာ လုံလောက်နေသရွေ့ စစ်မြေပြင်မှာရှိတဲ့ ဘယ်ဟာကိုမဆို လဲလို့ရတယ် “

အဆိုပါ တုံ့ပြန်မှုကို ရရှိခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက တိုက်ရိုက်ပြန်ပြောလိုက်သည် “ ကျန်တဲ့အမှတ်အသားတွေကို သတ်ဖြတ်လိုစိတ်အတွက် လဲချင်တယ် “

ရှောင်ဟေး : “ … “

သူ၏ စကားက မထင်မှတ်ထားသော အရာများသာ ဖြစ်သည်။

စစ်မြေပြင်၏ စိတ်ဆန္ဒကပင် တစ်ခဏခန့် အတွေးနက်သွားခဲ့သည်။

“ သတ်ဖြတ်လိုစိတ်လား “

“ ဟုတ်တယ် “

ဝိညာဥ်ကျောက်တုံးများ လဲလှယ်ခြင်းက မထင်မှတ်ထားသော အရာဖြစ်နေမည်ဆိုပါက သတ်ဖြတ်လိုစိတ်ကို လဲလှယ်ခြင်းက သမိုင်းတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုသာ ဖြစ်နေဖို့များ၏။

တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက တစ်စုံတစ်ခုကို အမှတ်ရသွားကာ စကားထပ်ပြောနေတော့သည် “ အဲ့တာက တန်ဖိုးမရှိသင့်ဘူးလေ ဟုတ်တယ်မလား။ ပိုပေးလို့ရလား “

“ ဒီနေရာမှာ အနည်းဆုံး ဖြစ်နေဖို့ လိုအပ်တဲ့အရာက သတ်ဖြတ်လိုစိတ်နဲ့ မိစ္ဆာချီပဲ “

ထိုအခိုက်အတန့်တွင် စစ်မြေပြင်၏ စိတ်ဆန္ဒက တုံ့ပြန်လာခဲ့ပြီး အလင်းတန်းတစ်ခု ထပ်မံ၍ ပေါ်ထွက်လာခဲ့ကာ တံဆိပ်ပြားအားလုံးကို ယူဆောင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် သူ၏ ပတ်ပတ်လည်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားသည်ဟု ခံစားနေခဲ့ရသည်။ လေထုအတွင်းတွင် စိမ့်ဝင်နေသည့် သတ်ဖြတ်လိုစိတ်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

သူတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ စစ်မြေပြင်အတွင်းရှိ လူတိုင်းက အဆိုပါ အပြောင်းအလဲကို ခံစားမိသွားခဲ့သည်။

သို့ရာ၌ သူ၏အရှေ့ဘက်တွင် အနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး အနက်ရောင်ချီ၏ အပိုင်းအစများက ၎င်းထံသို့ တိုးဝင်လာကြ၏။

၎င်းက သတ်ဖြတ်လိုစိတ်ဖြစ်ပြီး လက်မအရွယ်အထိ သေးကျုံ့သွားကာ လုချန်ရှန်း၏ အရှေ့သို့ ကျဆင်းလာခဲ့သည်။

၎င်းထံတွင် စစ်မြေပြင်အတွင်းရှိ သတ်ဖြတ်လိုစိတ်၏ သုံးဆယ်ရာခိုင်နှုန်းနီးပါး ပါဝင်နေခဲ့သည်။

၎င်းက ခန္ဓာကိုယ်ကို ထိခိုက်စေခြင်းမှအပ တစ်ခြားသော မည်သည့်ရည်ရွယ်ချက်မှ မရှိသည့်ပုံပင်။ သူသည် ၎င်းကို မည်သည့်အရာအတွက် အသုံးပြုရမလဲဆိုသည်ကို မသိပေ။

ရှောင်ဟေးမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သို့ရာ၌ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းက ထိုပစ္စည်းကို မီးဖိုအတွင်းသို့ ပစ်ထည့်လိုက်သည်။

ရှောင်ဟေးက မမေးမြန်းရသေးခင် အချိန်မှာပင် လုချန်ရှန်းက စကားစပြောလာခဲ့၏ “ ဆရာ့ကို မေးပြီးတော့ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ရှေးဟောင်းမှတ်တမ်းတွေကို စစ်ဆေးခဲ့ပြီးပြီ။ အသူရာနည်းစနစ်က သတ်ဖြတ်ခြင်းကနေ ဝင်ရမှာ။ ဒီဟာကို သုံးပြီးတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်သတ်ဖြတ်လိုစိတ်အဖြစ် ဖွဲ့စည်းလို့ရတယ်။ တစ်ချိန်တည်းမှာပဲ ဒီဟာက မိစ္ဆာစွမ်းအင်တွေနဲ့ အတူတူရှိနေတယ်။ သတ်တာများသွားရင် ကောင်းကင်ဘုံကို ဆန့်ကျင်မိပြီးတော့ သတ်ဖြတ်ခြင်း ကပ်ဘေးကို ဆွဲဆောင်မိသွားလိမ့်မယ် အဲ့တာက လူတစ်ယောက်ရဲ့ အသိစိတ်ကိုလည်း ထိခိုက်စေမှာပဲ။ တကယ်လို့ အဲ့တာကို မဖယ်ရှားနိုင်ဘူးဆိုရင် လူတစ်ယောက်က ရူးသွပ်နေတဲ့ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မယ် “

“ အဲ့တာက ……. “

“ မင်းက ဒီသတ်ဖြတ်လိုစိတ်နဲ့ ကျင့်ကြံနိုင်တယ်။ အဲ့တာကြောင့် သတ်ဖြတ်မှုတွေကြောင့် ဖြစ်လာတဲ့ ကံကြွေးကို ရှောင်ရှားလို့ရတယ်။ ပြီးတော့ မိစ္ဆာစွမ်းအင်တွေက မင်းရဲ့ အသိစိတ်ကို တိုက်စားပြီးတော့ ကိုယ့်ကိုကိုယ် ထိခိုက်သွားစေမှာကိုလည်း ရှောင်လို့ရတယ် “

ထိုအခိုက်တန့်တွင် ရှောင်ဟေးမှာ သူ့အရှေ့တွင် ရှိနေသည့် အနက်ရောင် ဆေးလုံးကို ကြည့်ကာ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

--

……………………………………………………………………………………………………………………………………………

All Chapters