← Chapters

အခန်း ၂၈၇

Vol. 20 Ch. 287

အခန်း ၂၈၇

Vol. 20 Ch. 287

အပိုင်း ( 287 )

ငါက ဘာအပြစ်လုပ်မိလို့လဲ

ရှောင်ဟေးမှာ အံ့ဩမှင်သက်ကာ ဆွံ့အသွားခဲ့သည်။

လုချန်ရှန်းကမူ ဘာမှထပ်ပြောမနေတော့ဘဲ ယဇ်ပုလ္လင်ပေါ်တွင် မတ်တပ်ရပ်ကာ အတွေးနက်နေလျက်ရှိသည်။

ထိုစဥ် စစ်မြေပြင်၏ စိတ်ဆန္ဒက ထပ်မံ၍ စကားပြောလာခဲ့ပြန်သည်။

“ မင်းက ဘာလဲချင်သေးလဲ “

“ ကျွန်တော့်ဆီမှာ အမှတ်အသားတွေ မရှိတော့ဘူး “ ဟု လုချန်ရှန်းက ပြန်ပြောလိုက်သည်။

စစ်မြေပြင်၏ စိတ်ဆန္ဒမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ထို့နောက်တွင် လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ ငါမင်းကို မေးခွန်းတစ်ခု မေးချင်တယ် “

“ ဘာလဲ “

“ စစ်မြေပြင်ထဲမှာ ဈေးအကြီးဆုံးက ဘာလဲ။ စကားကိုပြန်ပြင်ပါရစေ။ ကောင်းကင်ဘုံ အကယ်ဒမီ လဲချင်နေတာက ဘာလဲ “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။

စစ်မြေပြင်၏ စိတ်ဆန္ဒက ပြန်ပြောလာခဲ့သည် “ မင်းက ဘာဖြစ်လို့မေးရတာလဲ “

သူက စစ်မြေပြင်နှင့် ပေါင်းစည်းထားသည့် အကြွင်းအကျန် ဝိညာဥ်တစ်ခုသာဖြစ်သော်လည်း ၎င်း၏ စိတ်ဆန္ဒဖြစ်လာသောကြောင့် ၎င်းထံတွင် ကိုယ်ပိုင်စိတ်ဆန္ဒများ ရှိနေသေးသည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော်က သူတို့နဲ့ ရန်ငြိုးရှိတယ်။ အဲ့တာကြောင့် သူတို့လိုချင်နေတဲ့ဟာကို ကျုပ်က ကြိုလဲထားပြီးတော့ သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်သွားအောင် လုပ်ချင်လို့ “

“ မင်းက အဲ့တာကို မရနိုင်ဘူး “

“ ဘာဖြစ်လို့လဲ “

“ အဲ့တာက အမှတ်အသားတွေ အများကြီး လိုအပ်တယ်။ မင်းထင်ထားတာထပ် ပိုများတယ် “ စစ်မြေပြင်၏ စိတ်ဆန္ဒက တည့်တိုးတိုးပေါက်ပြောဆိုလာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ နည်းနည်းလေးတောင် ကြိုးစားကြည့်လို့မရဘူးလား “

စစ်မြေပြင်၏စိတ်ဆန္ဒမှာ တစ်ခဏခန့် ဆွံ့အသွားခဲ့သည်။ အဲ့ပမာဏက ကြိုးစားအားထုတ်မှုနှင့် ဘာမှ မဆိုင်ဘူးလေ။ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ နှစ်နဲ့ချီတဲ့ကြိုးစားအားထုတ်မှုနဲ့တောင် အဲ့တာကို မလဲနိုင်သေးဘူး။

လူတစ်ယောက်တည်းဆိုရင်တော့ တစ်သက်လုံး စုရင်တောင် ပြည့်မှာ မဟုတ်ဘူး

နည်းနည်းလောက် ကြိုးစားအားထုတ်ဖို့ကို မပြောနဲ့။ ဓားကျိုးတဲ့အထိ လက်မောင်းတွေ ပြုတ်ထွက်သွားတဲ့အထိ ကြိုးစားမယ်ဆိုရင်တောင်မှ ရမှာမဟုတ်ဘူး။

“ တော်တော်ခက်တယ်။ မင်းက အဲ့တာကို ယှဥ်နိုင်မှာ မဟုတ်ဘူး “

“ အို့ “ လုချန်ရှန်းက ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ အဲ့တာဆိုရင် အဲ့တာက ဘာလဲ။ ကျွန်တော့်ဆီမှာ အခွင့်အရေး ရှိသေးလား “

သူလက်မလျော့သေးပေ။ သူ၏သိလိုစိတ်က အတော်ပင် အားကောင်းလွန်းနေခဲ့သည်။

စစ်မြေပြင်၏ စိတ်ဆန္ဒသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ ကံကြွေးပဲ “

“ ကံကြွေးလား။ အဲ့တာက ဘာကြီးလဲ “

“ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ နတ်မိစ္ဆာကို ဖိနှိပ်လိုက်လို့ ရလာတဲ့ ကံကြွေးပဲ “

“ ??? “ လုချန်ရှန်းမှာ တစ်ခဏခန့် တိတ်ဆိတ်သွားကာ မအောင့်ထားနိုင်တော့ဘဲ ပြန်ပြောလိုက်သည် “ အဲ့တာလား “

“ ဟုတ်တယ် “

“ အဲ့တာကို ဘာအတွက် သုံးတာလဲ “

“ မင်းရဲ့ နယ်ပယ်က နိမ့်လွန်းတယ်။ နယ်ပယ်တစ်ခုအထိ ရောက်လာရင် မင်းသိလာပါလိမ့်မယ် “

“ ရှင်းပြလို့ မရဘူးလား “

လုချန်ရှန်းက ထပ်မံ၍ မေးမြန်းလိုက်သည်။

သူက အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုကို ပြန်မရခဲ့ပေ။

“ ဘယ်လောက်တောင် ကပ်စီးနည်းလိုက်လဲ “

လုချန်ရှန်းက ညီးတွားကာ လှည့်ထွက်သွားတော့သည်။

သူက မည်သည့် အဖိုးတန် ကျင့်ကြံရေး နည်းစနစ်(သို့) ကျမ်းစာကိုမှ မလဲလှယ်ခဲ့ပေ။ သူသည် ဝိညာဥ်ကျောက်တုံးနှင့် သတ်ဖြတ်လိုစိတ်တို့ကိုသာ လဲလှယ်ခဲ့ကာ လှည့်ထွက်သွားတော့သည်။

လမ်းမထက်တွင် လုချန်ရှန်းက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ရှောင်ဟေး ကံကြွေးက ဘာလဲ။ အဲ့တာကို ဘာအတွက် သုံးတာလဲ “

“ငါမသိဘူး “

ရှောင်ဟေးက ခေါင်းခါပြလိုက်သည်။ ၎င်းက သူ၏ အသိပညာနယ်ပယ်ထပ် ကျော်လွန်နေခဲ့သည်။ စစ်မြေပြင်၏ စိတ်ဆန္ဒပြောခဲ့သည့်အတိုင်းပင် သူတို့၏ နယ်ပယ်က လုံလုံလောက်လောက် မြင့်မားမနေခဲ့ပေ။

လုချန်ရှန်းက သက်ပြင်းတချချ ဖြစ်သွားကာ ထိုကိစ္စကို လျစ်လျူရှုထားလိုက်သည်။ အစပိုင်းတွင် ဤနေရာမှ ထွက်သွားရန် စီစဥ်ထားခဲ့သော်လည်း လမ်းတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ ဆိုးရွားသော စိတ်ခံစားချက်တစ်ခု မြင့်တက်လာခဲ့၏။

မူမမှန်မှုကို ခံစားလိုက်ရသောအခါတွင် သူသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေဘဲ ထျန်းရီ မြင့်မြတ်နယ်မြေ၏ သူတော်စင်အား စစ်မြေပြင်ဆီမှ မောင်းထွက်ခိုင်းလိုက်သည်။ သို့ရာ၌ သူက ဤစစ်မြေပြင်မှ ထွက်သွားနိုင်တော့မည့် အချိန်တွင် မမြင်နိုင်သော စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့ကာ သူ၏လမ်းကြောင်းကို ပိတ်ဆို့သွားခဲ့သည်။

၎င်းက နံရံတစ်ခုအလား လမ်းကြောင်းအားလုံးကို ပိတ်ဆို့သွားခဲ့သည်။ သူသည် အစွန်းဖက်သို့ ဆက်တိုက် ရွေ့လျားသွားခဲ့သည်။ သို့သော် ထွက်ပေါက်ကို မည်သို့မျှ ရှာမတွေ့ခဲ့ပေ။ သူက အတားအဆီးကို ဖောက်ခွဲရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းကို မည်သို့မျှ မလှုပ်ခတ်နိုင်ခဲ့ပေ။

သူက ၎င်းကို မထိုးဖောက်နိုင်ခဲ့ပေ။

“ ဘာတွေဖြစ်နေတာလဲဟ “

လုချန်ရှန်း၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူသည် ကောင်းကင်ဝါးမျိုငှက် ဘိုးဘွားနယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ကို အမှတ်ရသွားကာ သတိတကြီးဖြစ်သွားခဲ့သည်။

“ ချီးပဲ။ ငါ့ကို သေမင်းထောက်ချောက်ထဲကို ထပ်ပို့မယ်လို့တော့ မပြောနဲ့နော် “

ရှောင်ဟေးမှာလည်း ၎င်းကို အာရုံခံမိသွားကာ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လျော့နည်းသွားသော သတ်ဖြတ်လိုစိတ်များ ရုတ်တရက် ပေါက်ထွက်လာခဲ့၏။ ဤနေရာတွင် ရှိနေသည့် နတ်ဆိုးသဘာဝကပင် ပိုမိုအားကောင်းလာခဲ့ပြီး ကောင်းကင်ယံတွင် မိစ္ဆာစွမ်းအင်များ ပြည့်နှက်သွားကာ ကောင်းကင်ပြင်၏ အရောင်ကိုပင် ပြောင်းလဲသွားစေခဲ့သည်။

နတ်မိစ္ဆာတစ်ကောင် ဆင်းသက်လာသကဲ့သို့ သွေးနီရောင် ရောင်ခြည်တစ်ခုက ကောင်းကင်ပြင်ကို ဖုံးလွှမ်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအား ပျံ့လွင့်သွားကာ စစ်မြေပြင်၏ အလယ်ဗဟိုမှ စွမ်းအားတစ်ခု ပေါက်ထွက်လာသည်ကို သိရှိသွားခဲ့သည်။ ၎င်းက အပြင်ဘက်သို့ အဆက်မပြတ် ပျံ့လွင့်လာကာ စစ်မြေပြင်တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။

ရှေ့တွင် မည်သည့်လမ်းကြောင်းမှ မရှိတော့သောကြောင့် သူသည် အခြေအနေကို စစ်ဆေးရန်အတွက် စစ်မြေပြင်၏ အလယ်ဗဟိုသို့ ချဥ်းကပ်သွားရုံသာ တတ်နိုင်တော့သည်။

သို့ရာ၌ ဆက်တိုက်ချဥ်းကပ်သွားမှုနှင့်အတူ အရာအား၏ ဇစ်မြစ်က ပင်လယ်မျက်လုံးဖြစ်သည်ဆိုသည်ကို သူမြင်တွေ့လိုက်ရသည်။

အစောပိုင်းအချိန်များအတွင်းက ပင်လယ်ရေများ မြင့်တက်လာခဲ့ပြီး ၎င်းထံမှ နတ်မိစ္ဆာဝိညာဥ်များ ခုန်ထွက်လာခဲ့သည်။ သို့သော် ယခုလက်ရှိ အချိန်တွင် ထိုနေရာမှာ ကြက်သွေးရောင် စွမ်းအားများ ဖြာထွက်လာခဲ့ကာ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။

ပင်လယ်မျက်လုံး၏ ပတ်ပတ်လည်တွင် ရှိနေသည့် ရေကန်က နီရဲသွားခဲ့ကာ အားကောင်းသော သွေးရနံ့တစ်ခု ပေါ်ထွက်လာခဲ့သည်။

မြေပြင်ပေါ်တွင် ရှုပ်ထွေးသော ပုံစံကွက်များ ပေါ်လာခဲ့ပြီး ရုန်းအများအပြား လှုပ်ရွလာခဲ့ကာ အစီအရင်ကြီးတစ်ခုအဖြစ် ချိတ်ဆက်သွားခဲ့သည်။ ၎င်းက ပင်လယ်မျက်လုံးများကို ဖိနှိပ်နေသည့် အစီအရင်ပင် ဖြစ်သည်။

သို့သော် ယခုတွင်ကား အစီအရင်က ကျိုးပျက်သွားတော့မည့် လက္ခဏာရပ်များ ပြသနေခဲ့သည်။ နတ်မိစ္ဆာဝိညာဥ်များ လွတ်မြောက်လာမည့်အလား ကြောက်မက်ရာ အရှိန်အဝါများ ရောယှက်နေကာ ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု လွတ်မြောက်လာတော့မည်ဟု ညွှန်ပြနေခဲ့၏။

စစ်မြေပြင်သို့ ဝင်ရောက်နိုင်ခဲ့သူများက နတ်မိစ္ဆာဝိညာဥ်များ၏ ကျင့်ကြံရေးနှင့် ယှဥ်နေနိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် ပိုမိုအစွမ်းထက်သော နတ်မိစ္ဆာဝိညာဥ်များက စည်းတံဆိပ်ကို ချိုးဖျက်‌တော့မယောင် ဖြစ်နေခဲ့သည်။ သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး ပိတ်လှောင်ခံလိုက်ရ၏။ အဆိုးဝါးဆုံး အခြေအနေမှာ သူတို့က အတွင်းသို့ မဝင်နိုင်ခြင်းမဟုတ်ဘဲ ဤနေရာတွင် မည်သည့်မူမမှန်မှုကိုမှ မရိပ်မိခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် ယခုတွင်ကား အချိန်အတော်ကြာ ကုန်ဆုံးလာခဲ့ပြီဖြစ်သော်လည်း မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။

“ ဘာတွေဖြစ်နေတာလဲဟ “

“ ပင်လယ်မျက်လုံး၏ စည်းတံဆိပ်က ဘယ်လိုလုပ် ပြေလျော့သွားရတာလဲ “

“ စစ်မြေပြင်ရဲ့ စိတ်ဆန္ဒက ဘယ်မှာလဲ။ သူဘာလို့ မပေါ်လာရတာလဲ “

“ … “

အားလုံးက အဆက်မပြတ် မေးမြန်းနေခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။

တစ်စုံတစ်ဦးက အေးစက်စွာ ပြောဆိုနေတော့သည် “ တကယ်လို့ စစ်မြေပြင်ရဲ့ စိတ်ဆန္ဒသာ ပေါ်လာနိုင်မယ်ဆိုရင် သူက ငါတို့ကို ဘာကိစ္စ လိုအပ်နေမှာလဲ “

လူများကို ဝင်ခွင့်ပြုရသည့် ရည်ရွယ်ချက်က နတ်မိစ္ဆာဝိညာဥ်များကို သတ်ဖြတ်ရန်အတွက်ဖြစ်သည်။ အကယ်၍ သူသာ လှုပ်ရှားနိုင်မည်ဆိုပါက ဤမျှလောက် ဒုက္ခခံနေလိမ့်မည် မဟုတ်ပေ။

လုချန်ရှန်း၏ ဆိုးရွားသော စိတ်ခံစားချက်က ပိုမိုအားကောင်းလာခဲ့သည်။

သူသည် ယခင်က မှော်ပစ္စည်းနှင့် ဓားကျမ်းစာတို့ကို မှတ်မိနေခဲ့သည်။ ယခုတွင် ၎င်းတို့က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သွေးနီရောင် စွန်းထင်နေသည့် အစီအရင်၏ ပုံစံကွက်များ ပေါ်ထွက်လာခဲ့သည်။ သူသည် ၎င်းက ယခုဖြစ်ရပ်နှင့် ဆက်စပ်နေမလားဆိုသည်ကို သိချင်သွားခဲ့သည်။

“ စိတ်အေးအေးထား။ အပြင်ကမ္ဘာနဲ့ ဆက်သွယ်ဖို့အတွက် လူတွေပို့လိုက်ပြီ။ အထိတ်တလန့်ဖြစ်နေတာက အသုံးမဝင်ဘူး “

အဘိုးအိုတစ်ဦးက စကားပြောလာခဲ့ကာ သူတို့ကို ကြိမ်းမောင်းလာခဲ့သည်။

တစ်ခဏအကြာတွင် သူတို့အားလုံး အနည်းငယ်မျှ စိတ်တည်ငြိမ်သွားခဲ့သည်။

ဤနေရာသို့ ယွင်ခုန်း နတ်ဘုရားမ ဝမ်ရန်နှင့် စုမူယွဲ့အပါအဝင် လူအမြောက်အများ ရောက်ရှိလာခဲ့သည်။

သူတို့ကို မြင်လိုက်ရသောအခါတွင် လူတိုင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။ သူတို့က မြင့်မြတ်နယ်မြေ၏ တပည့်များ ဖြစ်သည်။ သူတို့က ဤနေရာတွင် ရှိနေသောကြောင့် မြင့်မြတ်နယ်မြေများက နည်းလမ်းတစ်ခုကို သေချာပေါက် ရှာဖွေလိမ့်မည် ဖြစ်သည်။

သို့ရာ၌ ရှောင်ထျန်ချန်းကို မြင်လိုက်ရသောအခါတွင် သူတို့၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

ဂုဏ်သိက္ခာကြီးမားသော သူတော်စင်တစ်ဦးက စစ်ရထားလုံးတစ်စီးကို ဆွဲနေခဲ့ပြီး အနက်ရောင် ပုံရိပ်တစ်ခုက ၎င်းပေါ်တွင် ထိုင်နေခဲ့ကာ အရှေ့ရှိ မြင်ကွင်းကို တိတ်တဆိတ် စူးစမ်းလေ့လာနေလျက်ရှိသည်။

“ ခွေးသူတောင်းစား “

ထျန်းရီမြင့်မြတ်နယ်မြေ၏ လူတစ်ဦးက တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားကာ ဒေါသတကြီး ဟိန်းဟောက်လာတော့၏။

လုချန်ရှန်းကမူ ပတ်ဝန်းကျင်ကိုသာ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ ဘာလှုပ်ရှားမှုမှ မရှိတဲ့ပုံပဲ။

“ နင်ပဲ “ စုမူယွဲ့က အံ့ဩတကြီး အော်ပြောလာခဲ့ကာ အနည်းငယ် တုန်ရင်သွားခဲ့သည်။ သူမက လုချန်ရှန်းအား ထျန်းရီနှင့် ထျန်းကျီစံအိမ်တို့မှ ပညာရှင်များကို သတ်ဖြတ်ခဲ့သူအဖြစ် မှတ်မိနေခဲ့သည်။

တစ်ခြားလူများမှာလည်း မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။

ထျန်းကျီစံအိမ်၏ ပညာရှင်များ ထောင်ချောက်ဆင်၍ သတ်ဖြတ်ခံရကာ သူတို့၏ နတ်ဘုရားမကပင် ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရသည်ကို လူတော်တော်များများက မြင်တွေ့ခဲ့ရသည်။ သူမက ထိုကဲ့သို့ တုံ့ပြန်လာသည့်အတွက် သူတို့က အကြမ်းဖျင်း မှန်းဆနိုင်ကြသည်။

“ အဟမ်းးး “

လုချန်ရှန်းကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်။

သို့သော် သိပ်မကြာခင် အချိန်မှာပင် ပင်လယ်မျက်လုံးက စတင်၍ လှုပ်ခတ်လာခဲ့ကာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ၎င်းကို ထိုးဖောက်ကာ အပြင်သို့ ထွက်လာရန် ကြိုးပမ်းနေလျက်ရှိသည်။

လူတိုင်း၏ စိတ်နှလုံးသားများ တုန်ရင်သွားခဲ့သည်။

သို့ရာတွင် ထျန်းရီ မြင့်မြတ်နယ်မြေနှင့် ထျန်းကျီစံအိမ်တို့ လှုပ်ရှားလာကြကာ စစ်ရထားလုံးကို ဝိုင်းရံလိုက်ကြသည်။

အေးစက်စက် အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။

“ မိစ္ဆာကောင် မင်းသေချင်နေတာပဲ “

“ ဘာကိစ္စ သူနဲ့လေကုန်ခံနေမှာလဲ။ ပင်လယ်မျက်လုံးက ကသောင်းကနင်းဖြစ်နေပြီ။ ပင်လယ်မျက်လုံးကို ပိတ်ဆို့ဖို့အတွက် သူ့ကို သုံးလိုက်။ အဲ့တာက ငါတို့အတွက် အချိန်တစ်ချို့ ထွက်လာစေလိမ့်မယ် “

စကားပြောနေရင်းဖြင့် သူတို့၏ မျက်ဝန်းများတွင် အေးစက်စက် အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။

လုချန်ရှန်းမှာလည်း မျက်မှောင်ကြုတ်ကြုတ်ဖြစ်သွားခဲ့သည် “ ပင်လယ်မျက်လုံးကို ပိတ်ဆို့ဖို့အတွက် သက်ရှိသတ္တဝါကို သုံးမယ်ပေါ့။ အဲ့တာက အသုံးဝင်လို့လား။ အချိန်ရစေမှာလား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း မှင်သက်သွားကြသည်။

အခုချိန်မှာ အဲ့မေးခွန်းကို မေးတာက အဓိပ္ပါယ်ရော ရှိလို့လားဟ။

သူက တစ်ခြားလူတွေအတွက် ကိုယ့်ကိုကိုယ် စတေးတော့မလို့များလား။

--

…………………………………………………………………………………………………………………………………………..

All Chapters