← Chapters

အခန်း ၂၈၈

Vol. 20 Ch. 288

အခန်း ၂၈၈

Vol. 20 Ch. 288

အပိုင်း ( 288 )

အရူးအမူး သတ်ဖြတ်ခြင်း

လုချန်ရှန်း၏ စကားများက လူတိုင်းကို မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားစေခဲ့သည်။

အဲ့တာကို ဘယ်လိုပြန်ဖြေလိုက်သင့်လဲ။ အသုံးဝင်တယ်လို့ ဖြေရမလား အသုံးမဝင်ဘူးလို့ပဲ ဖြေလိုက်ရမလား။

သူ့ကို ဝိုင်းရံတော့မည့် လူများကပင် တစ်ခဏခန့် အတွေးနက်သွားကြသည်။

မည်သူကမှ ပြန်မဖြေလာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စောင့်ဆိုင်းမနေဘဲ ပင်လယ်မျက်လုံးဆီသို့သာ ငေးကြည့်နေတော့သည်။ ထူးခြားသော စွမ်းအားက ကြီးထွားလာသည့် အချိန်တွင် စည်းတံဆိပ်ကို ဆွဲဖြဲ၍ ဖောက်ခွဲရန် ခြိမ်းခြောက်နေခဲ့သည်။

သူသည် ခြေတစ်လှမ်းလှမ်းကာ စစ်ရထားလုံးကို ဆုပ်ကိုင်၍ သူ၏လက်ဝါးနှင့် စစ်ရထားလုံး နှစ်ခုစလုံးကို အသုံးပြုကာ ပင်လယ်မျက်လုံးကို ရိုက်ချလိုက်သည်။ သူသည် ၎င်းကို လူကိုယ်တိုင် အတည်ပြုနေတော့သည်။

ဘုမ်းးးး

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပျံ့လွင့်လာခဲ့ကာ စစ်ရထားလုံး ပျက်စီးသွားပြီး ရှောင်ထျန်ချန်းက ပင်လယ်မျက်လုံးအတွင်းသို့ တိုက်ရိုက်ကျဆင်းသွားခဲ့သည်။

လုချန်ရှန်းက အာရုံစိုက်၍ စိုက်ကြည့်နေခဲ့သည်။ ရှောင်ထျန်ချန်းက ပင်လယ်မျက်လုံးအတွင်းသို့ ကျဆင်းသွားခဲ့သည့်နောက်တွင် အဆိုပါ စွမ်းအားက အမှန်တကယ် ပိတ်ဆို့ခံလိုက်ရသည်။ သို့သော် ရှောင်ထျန်ချန်း၏ ရုပ်ခန္ဓာ ပြိုကွဲသွားကာ အချိန်ကြာကြာ မတောင့်ခံနိုင်တော့သည့်ပုံပင်။

“ တကယ်ကြီး အလုပ်ဖြစ်တယ်ဟ “

လုချန်ရှန်း၏မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ ၎င်းကို နှောင့်နှေးစေနိုင်ခြင်းက သူ့အတွက် ကောင်းမွန်ပေသည်။

သို့ရာတွင် ထျန်းရီ မြင့်မြတ်နယ်မြေမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။

“ လူယုတ်မာ ဘယ်လိုတောင် အတင့်ရဲနေတာလဲ ”

အဘိုးအိုတစ်ဦးက အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ သူ့ကို ကြည့်လာခဲ့သည်။

သူ့ဘေးနားတွင် ရှိနေသည့် သက်လတ်ပိုင်း လူတစ်ဦးမှာလည်း မည်းမှောင်နေသော အမူအရာဖြင့် စကားဝင်ပြောလာခဲ့သည် “ ဘာမှ ထပ်ပြောနေဖို့ မလိုတော့ဘူး။ အဲ့ကလေးရဲ့ ရုပ်ခန္ဓာက တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။ သူ့ကို ပင်လယ်မျက်လုံးထဲ ပို့လိုက်တာက အချိန်ကြာကြာ ဆွဲဆန့်ပေးထားနိုင်တယ် “

“ ကောင်းတယ် “

လူတစ်စုသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ ထျန်းကျီစံအိမ်၏ လူများပါ လှုပ်ရှားလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တစ်စု လှုပ်ရှားလာခဲ့သည်။ သူတို့သည် သူ့ကို ဖိနှိပ်ရန်နှင့် ပင်လယ်မျက်လုံးအတွင်းသို့ ပစ်ချရန် ကြံရွယ်ထားကြသည်။

ဝှစ်

မှော်စွမ်းအားများ စုဆုံသွားပြီး ရှည်လျားသော မြစ်တစ်စင်းကဲ့သို့ စီးဆင်းလာကာ ထိုနေရာဆီသို့ ဦးတည်သွားခဲ့သည်။ ၎င်းက ဟင်းလင်းပြင်တွင် အက်ကြောင်းများ ထသွားစေခဲ့သည်။ အဆင့်တူပညာရှင်များအနက် မည်သူက ၎င်းကို တောင့်ခံနိုင်လိမ့်မည်နည်း။

လုချန်ရှန်းကမူ ၎င်းကို စောင့်ကြည့်နေခဲ့ပြီး ခြေတစ်လှမ်းလှမ်းကာ နောက်ဆုတ်သွားခဲ့သည်။

ထျန်းကျီစံအိမ်၏ လူက အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ ရုန်းကန်မနေနဲ့။ ဒီနေ့မှာ မင်းထွက်သွားနိုင်မှာ မဟုတ်ဘူး။ မင်းက ပင်လယ်မျက်လုံးဆီကို သွားပြီးတော့ ငါတို့အတွက် အချိန်ဝယ်ပေးရမယ်။ အဲ့တာက မင်းရဲ့ အပြစ်တွေကိုလည်း ဆေးကြောပေးလိမ့်မယ် “

“ အမှန်ပဲ။ တစ်ကမ္ဘာလုံးက မင်းကို ကျေးဇူးတင်နေလိမ့်မယ် “

“ အရှုံးပေးလိုက် “

“ … “

အသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာခဲ့လာကာ ထိုလူများက သူ့ကို ထပ်မံ၍ ဝိုင်းရံလာခဲ့ပြန်သည်။ ဘက်ပေါင်းစုံမှ မှော်စွမ်းအားများ စုစည်းလာခဲ့ပြီး ရှည်လျားသော မြစ်တစ်စင်းအဖြစ် ဖွဲ့တည်ကာ ထောင်နှင့်ချီသော တပ်သားများ ချီတက်လာသည့်အလား ထိုနေရာဆီသို့ တဟုန်ထိုး စီးဝင်သွားခဲ့သည်။

အုမ်းးး

ထိုအခိုက်အတန့်တွင် အုပ်မှိုင်းမှိုင်း အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး လူတိုင်းက ထိုနေရာကို လှမ်းကြည့်ကာ မည်သည့်စွမ်းအင်လှိုင်းမှ မရှိတော့ဘူးဆိုသည်ကို မြင်တွေ့သွားခဲ့သည်။

ပင်လယ်မျက်လုံးကို ပိတ်ဆို့ခြင်းက အသုံးဝင်လှသည်။ လူတော်တော်များများသည် အနက်ဝတ်လူ၏ ရုပ်ခန္ဓာက အလွန်တရာ သန်မာအားကောင်းကာ အချိန်အတော်ကြာ ဆွဲဆန့်ပေးနိုင်ပေသည်။ သူတို့အားလုံးသည် သူက ထိုနေရာသို့ ရောက်ရှိသွားကာ ဖိနှိပ်ခံလိုက်ရရန် မျှော်လင့်နေကြသည်။ ထိုကဲ့သို့ဖြစ်လာမှသာ သူတို့၏ ရှင်သန်နိုင်ခြေက မြင့်တက်လာလိမ့်မည် ဖြစ်သည်။

ထို့အပြင် တိုက်ခိုက်ခဲ့သူတိုင်းက မွေးရာပါ ဝိညာဥ် အဆင့်၆အထက်မှ ပညာရှင်များသာ ဖြစ်နေခဲ့ပြီး မွေးရာပါ ဝိညာဥ် အဆင့်၈နှင့်အဆင့်၉ ပညာရှင်များပါ ပါဝင်နေခဲ့သည်။ ဤနေရာမှ လွတ်မြောက်ရန်အတွက် ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးကိုယ်တိုင် ရောက်ရှိလာရန် လိုအပ်ပေသည်။

သို့ရာတွင် လုချန်ရှန်း၏ အမူအရာမှာ အလွန်တရာ တည်ငြိမ်နေခဲ့သည်။ သူသည် ယခုလက်ရှိ ရလဒ်ကြောင့် မည်သို့မျှ မအံ့ဩသွားဘဲ လက်သီးဆုပ်လိုက်သည်။

တိုက်ခိုက်မှုများ ကျဆင်းလာသည့် အချိန်တွင် သူသည် တစ်လက်မလေးပင် နောက်မဆုတ်သွားခဲ့ပေ။ လုချန်ရှန်းက လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားတစ်ခု ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။ လက်သီးထိုးချက်ကြောင့် လေပြင်းတစ်ခု ပွင့်ထွက်လာခဲ့ကာ ၎င်းက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဖြိုခွဲရန် ကြံရွယ်ထားပုံရသည်။

အားလုံး၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ လက်သီးထိုးချက်တစ်ခုက ဘက်ပေါင်းစုံမှ မှော်စွမ်းအားများကို ဆုတ်ဖြဲကာ တိုက်ခိုက်မှုတိုင်းကို ပြိုကွဲသွားစေခဲ့၏။

ဟမ်

သူတို့၏ အရှေ့မှာပင် သူက တိုက်ခိုက်မှုများကို ပေါက်ထွက်သွားစေကာ မြစ်ရှည်တစ်စင်းကို ဖြိုခွင်းလိုက်သည်။

ထိုလူများ၏ အမူအရာများ မည်းမှောင်သွားကာ ၎င်းက မယုံကြည်နိုင်စရာကောင်းလွန်းနေသည်ဟု ခံစားသွားကြရသည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ဦးက အဆက်မပြတ် တိုက်ခိုက်လာခဲ့၏။ မှော်စွမ်းအားများ ကျဆင်းလာပြီး သတ်ဖြတ်ခြင်း တိုက်ကွက်များအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ သို့သော် လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ ထိုးချလိုက်သည့် အချိန်တွင် အရာအားလုံး ကြေမွသွားပြီး ကောင်းကင်အပြည့် တောက်ပနေသည့် အလင်းတန်းတစ်ခုသာ ကျန်နေခဲ့သည်။

ဤအခိုက်အတန့်တွင် မည်သူကမှ ထိန်းမထားကြတော့ပေ။ သတ်ဖြတ်လိုစိတ်သာလျှင်မဟုတ်ဘဲ အလင်းတန်းများပါ ပေါက်ထွက်ကျဆင်းလာခဲ့ပြီး မှော်ပစ္စည်းများကပါ ၎င်းတို့ကို အဖော်ပြုလိုက်ပါလာခဲ့ကာ အောက်သို့ စုပြုလာခဲ့၏။

ဤတိုက်ပွဲက အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။ လူအမြောက်အများက အတူတကွ တိုက်ခိုက်လာခဲ့သောကြောင့် အမှန်တကယ် ခုခံရ ခက်ခဲနေခဲ့သည်။ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံလိုက်ရပြီး မည်သို့မျှ မဆုတ်ခွာနိုင်တော့ပေ။

လုချန်ရှန်းမှာလည်း ဆုတ်ခွာချင်ပုံမရပေ။

ခြေတစ်လှမ်းနှင့်အတူ မှော်စွမ်းအားများကို သယ်ဆောင်ထားသည့် လှိုင်းလုံးများ ဖုံးလွှမ်းလာခဲ့ကာ တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ပြိုကွဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ် တောက်ပလာခဲ့ပြီး အလင်းတန်း တိုက်ခိုက်မှုများ ကျဆင်းလာသည်ကို မြင်တွေ့သွားကာ အဆိုပါ အလင်းတန်းများကို အတင်းအကြပ် ဆုတ်ဖြဲလိုက်ပြီး ကျဆင်းလာသည့် မှော်ပစ္စည်းများကိုပါ ထိုးချလိုက်သည်။

ခွမ်းးး

လေထုအတွင်းတွင် တဝီဝီအော်မြည်သံတစ်ခု ပြည့်နှက်လာခဲ့ပြီး မှော်ပစ္စည်းများက ထိတ်လန့်ဖွယ်ကောင်းသည့် အသံများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လာကြသည်။ ထိုလူများသည် စောင့်ကြည့်နေရင်းဖြင့် ကြောက်လန့်တကြားဖြစ်သွားကြသည်။

“ သူက ဘုရင်အဆင့် မှော်ပစ္စည်းတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို တကယ်ကြီး အသုံးပြုနေတာပဲ “

“ အဲ့တာက …….. “

လူတိုင်းက အလွန်တရာ အံ့အားသင့်သွားကြသည်။ ထိုကဲ့သို့သော ရုပ်ခန္ဓာမျိုးက အမှန်တကယ် ရှားပါးလွန်းကာ ဗုဒ္ဓသားတော်၏ ရွှေခန္ဓာနှင့်ပင် ယှဥ်နေနိုင်ပုံရသည်။

သူက လက်သီးများ တစ်လုံးပြီးတစ်လုံး ပစ်သွင်းနေခဲ့ပြီး မှော်ပစ္စည်းများကို အော်မြည်သွားစေကာ နောက်သို့ လည်ထွက်သွားစေသည်ကို စောင့်ကြည့်နေရင်းဖြင့် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။

အရာအားလုံး ပြီးဆုံးသွားပြီဟု လူတိုင်းက ထင်နေစဥ် အချိန်မှာပင် လုချန်ရှန်းက ရုတ်တရက် ပြုံးကာ စကားပြောလာခဲ့သည် “ မင်းတို့က ရက်ရောလွန်းနေမှတော့ ငါလက်ခံလိုက်ပြီနော် “

ထို့နောက်တွင် သူထပ်မံ၍ လှုပ်ရှားနေတော့သည်။ သူသည် မှော်ပစ္စည်းများထံသို့ တဟုန်ထိုး ပြေးဝင်သွားကာ ၎င်းတို့ကို တိုက်ရိုက်စုဆောင်းနေတော့သည်။ လူတိုင်းက လှုပ်လှုပ်ရွရွ ဖြစ်သွားကာ သူတို့၏ သက်ဆိုင်ရာ မှော်ပစ္စည်းများကို ပြန်ခေါ်ရန် ကြိုးပမ်းခဲ့သော်လည်း အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

လုချန်ရှန်းက လူသားပုံသဏ္ဍာန်အသွင်ယူထားသည့် သားရဲတစ်ကောင်နှင့် တူညီနေလျက်ရှိသည်။ သူသည် အနားသို့ ချဥ်းကပ်လာသည့် မှော်ပစ္စည်းတိုင်းကို ကြမ်းကြမ်းတမ်းတမ်း ထိပ်တိုက်ရင်ဆိုင်ကာ သိမ်းဆည်းလိုက်သည်။

“ အတင့်ရဲချက် “

ထျန်းရီ မြင့်မြတ်နယ်မြေ၏ အဘိုးအိုတစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လာခဲ့၏။ သူ၏ အဖြူရောင် ဆံနွယ်များ ယိမ်းနွဲ့နေပြီး ဆင်းလာသည့် နတ်ဘုရား(သို့) နတ်မိစ္ဆာ(သို့) ဒေါသထွက်နေသည့် ဝရဇိန်လက်နက်တစ်ခုအလား ဖြစ်နေခဲ့သည်။ သူ၏ ဘေးတစ်ဖက်တွင် အစီအရင်အလံလေးခုဖြင့် ဖွဲ့စည်းထားသည့် အစီအရင် ကားချပ်တစ်ခု ပေါ်လာခဲ့ပြီး လုချန်ရှန်းဆီသို့ ၎င်းကို ပစ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဖြည်းဖြည်းချင်း ပျံ့လွင့်လာခဲ့ကာ သူ့ကို ဖိနှိပ်ရန် ကြံရွယ်လာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကို ၎င်းကို အနည်းငယ်မျှပင် မရှောင်ရှားဘဲ အစီအရင်ကို ထိပ်တိုက်ရင်ဆိုင်နေသောကြောင့် လူတိုင်း အံ့ဩတကြီး ဖြစ်သွားကြသည်။ အားလုံး၏ အကြည့်များအောက်မှာပင် ကောင်းကင်ထက်မှ ဧရာမလက်တစ်ဖက် ဆင်းသက်လာခဲ့ပြီး မှော်စွမ်းအားကို ပြိုကွဲသွားစေကာ အစီအရင်ကားချပ်ကို တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။

လုချန်ရှန်းက အပေါ်သို့ မော့ကြည့်ကာ တိုက်ပွဲ အလံတစ်ခုကို ဆွဲယူလိုက်ပြီး ခုခံကာကွယ်ရေး မှော်စွမ်းအားကို ဖယ်ရှားလိုက်ကာ ၎င်းကို သူ၏ သိုလှောင်ရေး မှော်ပစ္စည်းအတွင်းသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။

အဘိုးအို၏ အမူအရာမှာ ပိုမိုမည်းမှောင်သွားခဲ့သည်။ သူက ထိုအကောင့်ကို တားချင်နေခဲ့သော်လည်း သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသည့် စွမ်းအားများ ချက်ချင်းလျော့ကျသွား၏။

ထိုစဥ် အနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ သူ၏မျက်နှာပေါ်သို့ လက်သီးတစ်လုံး ကျဆင်းလာခဲ့သည်။ အဘိုးအိုသည် အတော်ပင် ထိတ်လန့်တုန်လှုပ်သွားကာ ပိတ်ဆို့ရန်အတွက် သူ၏လက်မောင်းကို လွှဲရမ်းလိုက်သည်။ ဟိန်းဟောက်သံနှင့်အတူ အရိုးများ ကျိုးပဲ့ပျက်စီးသွားသည့် အသံများ ပေါ်ထွက်လာခဲ့သည်။

သူ၏လက်မောင်းနှစ်ခုစလုံး ပေါက်ကွဲသွားကာ သွေးများပန်းထွက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာလည်း နောက်သို့ လွင့်ထွက်သွားခဲ့သည်။

ထိုစဥ် အလင်းတန်းတစ်ခု တဟုန်ထိုး ပြေးထွက်လာခဲ့ကာ သူ၏ မျက်ခုံးများကြားကို ထိုးဖောက်သွားခဲ့သည်။

“ ရပ်လိုက် “

တစ်ခြားလူများမှာလည်း စိတ်နှလုံးသားများ လှုပ်ခတ်သွားကာ အော်ဟစ်လာကြ၏။

လုချန်ရှန်းက ၎င်းကို လုံးဝလျစ်လျူရှုထားပြီး သူ၏လက်ကို မြှောက်ကာ ကျန်ရှိနေသည့် အစီအရင် အလံသုံးခုကို သိမ်းယူလိုက်သည်။ ထို့နောက်တွင် သူသည် ၎င်းတို့ကို ပစ်လွှတ်လိုက်သည်။ အလင်းတန်းများ ဖုံးလွှမ်းလာခဲ့ကာ အဝေးသို့ ဖြတ်သန်းသွားပြီး မွေးရာပါ ဝိညာဥ်အဆင့်၈ ပညာရှင်သုံးဦး၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားခဲ့သည်။

နှလုံးသားများ ကွဲကြေကာ သွေးများစီးဆင်းလာခဲ့သည်။

လုချန်ရှန်းသည် မည်သို့မျှ မရပ်တန့်ဘဲ မြင့်မြတ်နယ်မြေ၏ အဖွဲ့ဝင်များဆီသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။ သူ၏လက်သီးထိုးချက်များ အဆက်မပြတ် ပေါ်ထွက်လာခဲ့ကာ မှော်စွမ်းအား အပိုင်းအစများကို ပြိုကွဲသွားစေခဲ့သည်။

သူ၏လက်ကို မြှောက်၍ ရိုက်ချလိုက်ရာ တောက်ပသော အလင်းတန်းတစ်ခုက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖောက်ထွက်သွားကာ ကောင်းကင်ထက်တွင် ရှိနေသည့် သွေးနီရောင် တိမ်တိုက်များကို ပြိုကွဲသွားစေခဲ့သည်။ အဆိုပါ အရှိန်အဝါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်များ၏ အမူအရာများပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူတို့က ခုခံချင်နေသော်လည်း ထိုလူ၏ အင်အားအပြည့် တိုက်ခိုက်မှုများကို ခုခံရန် ခက်ခဲသည်ဆိုသည်ကိုသာ သိရှိသွားကြသည်။ လက်သီးတစ်ချက်တည်းဖြင့် သူတို့ ခန္ဓာကိုယ်များ၏ ကိုယ်တစ်ခြမ်းကို ပြိုကွဲသွားစေခဲ့သည်။

မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်များကပင် တုန်တုန်ရင်ရင်ဖြင့် သွေးချောင်းများ ဆိုးသွားခဲ့ရကာ အမောတကော အသက်ရှူနေကြရပြီး အရိုးပေါင်းများစွာ ကျိုးပဲ့ပျက်စီးသွားခဲ့သည်။

ဘက်ပေါင်းစုံတွင် ထိတ်လန့်တုန်လှုပ်မှုတို့သာလျှင် ကျန်နေခဲ့သည်။ အနက်ရောင် ဝတ်စုံမှာ သွေးတို့ဖြင့် စွန်းထင်းသွားကာ ၎င်းကို ပိုမိုကြောက်မက်ဖွယ်ကောင်းသွားစေခဲ့ပြီး ကျိန်စာတစ်ခုကဲ့သို့ လူတိုင်းကို ထိတ်လန့်တုန်လှုပ်ကာ ကြောက်ရွံ့သွားစေခဲ့၏။

သူဆက်လက်သောင်းကျန်းနေသည့် အချိန်တွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လူတိုင်း အံ့ဩတုန်လှုပ်သွားကာ မျက်ဝန်းများ လှုပ်ခတ်သွားကြသည်။ သူတို့အရှေ့တွင် ရှိနေသည့် အနက်ဝတ်လူက နတ်ဆိုးဘုရင်တစ်ပါးအလား ဖြစ်နေခဲ့၏။ ကောင်းကင်ယံက အသာအယာ ဟိန်းဟောက်လာခဲ့ပြီး သွေးမိုးများ ရွာသွန်းလာခဲ့ကာ သူ့ခြေထောက်များအောက်ရှိ ရေကန်ကို ပိုမိုနီရဲသွားစေခဲ့၏။

အဆုံးတွင် တစ်စုံတစ်ဦးက ရုတ်တရက် သတိဝင်သွားခဲ့ကာ အော်ဟစ်နေတော့သည်။

“ သူရူးသွားပြီ။ သူလုံးဝ ရူးသွားပြီ “

ကသောင်ကနင်း အော်ဟစ်သံများ ပေါ်ထွက်လာခဲ့ကာ လူတိုင်းက စစ်မြေပြင်၏ အလယ်ဗဟိုကို ငေးကြည့်နေကြတော့သည်။ မြင့်မြတ်နယ်မြေတို့မှာလည်း ယခင်က မောက်မာမှုများ ပျောက်ဆုံးသွားကာ ဘက်ပေါင်းစုံသို့ ထွက်ပြေးသွားကြသည်။

မြေပြင်နှင့် ရေကန်တို့ကို ပြတ်တောက်နေသော ခြေလက်များဖြင့် ဖုံးလွှမ်းနေလျက်ရှိပြီး သွေးရနံ့များ လှိုင်လှိုင်သင်းနေလျက်ရှိ၏။

ရှောင်ဟေးကပင် အထိတ်တလန့်ဖြစ်သွားခဲ့သည်။

ယခုမှသာလျှင် သူသည် ယခင်က လုချန်ရှန်းက အလွန်တရာ တိတ်ဆိတ်နေတတ်ကာ သူ၏ အချိန်အများစုတွင် အလွန်တရာ သက်ညှာခဲ့သည်ကို နားလည်သွားခဲ့သည်။ ယခုတွင် အရာအားလုံးက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ ထိုအကောင်မှာ အဆိုပါ ရှေးရိုးစွဲသမားများ စိတ်ပျက်အားလျော့သွားသည်အထိ သတ်ဖြတ်ခဲ့လေသည်။

--

…………………………………………………………………………………………………………………………………………

All Chapters