← Chapters

အခန်း ၂၉၀

Vol. 20 Ch. 290

အခန်း ၂၉၀

Vol. 20 Ch. 290

အပိုင်း ( 290 )

လူတိုင်းအတွက် ကိုယ့်ကိုကိုယ် အနစ်နာခံဖို့ကို နင်မငြင်းလောက်ပါဘူး

လုချန်ရှန်းက သူ၏လက်ကို ဆန့်ထုတ်ကာ စုမူယွဲ့ကို ဖမ်းဆုပ်လိုက်သည်။

သူ၏လုပ်ရပ်များက လူတိုင်း၏ မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။

ကောင်းကင်အကယ်ဒမီ၏ လူများမှာလည်း အံ့ဩမှင်သက်သွားကြသည်။

စုမူယွဲ့၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမသည် သူမဆီသို့ ပြေးဝင်လာသည့် ဧရာမလက်ကြီးကို စောင့်ကြည့်နေခဲ့သည်။ မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး သူမ၏ ပတ်ပတ်လည်ကို ချုပ်နှောင်သွားကာ သူမ၏ ပြေးပေါက်များကို ပိတ်ဆို့လိုက်သည်။

“ ခွေးသူတောင်းစား ဘယ်လိုတောင် အတင့်ရဲနေတာလဲ “

ထျန်းကျီစံအိမ်၏ လူတို့မှာ ဒေါသတကြီးဖြစ်သွားကြသည်။ ယခုတွင် သူတို့အားလုံး အထိတ်တလန့် ဖြစ်သွားကြပြီ ဖြစ်သည်။

မှော်စွမ်းအားများ တဟုန်ထိုး ပေါက်ထွက်လာခဲ့ကာ အရှေ့သို့ တိုးဝင်သွားခဲ့သည်။ ၎င်းတို့သည် အဆိုပါ တိုက်ခိုက်မှုကို တားဆီးရန်နှင့် အဆိုပါ ဧရာမလက်နှင့် ရှေ့မတိုးနောက်မဆုတ် အခြေအနေဖန်တီးရန်အတွက် ကြံရွယ်လိုက်ကြသည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းတို့က ဘာလုပ်နေကြတာလဲ “

“ ဟမ် “

ထိုမေးခွန်းက လူတိုင်းကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့သည်။

ငါတို့က ဘာလုပ်နေတာလဲ ဟုတ်လား။ ငါတို့ရဲ့ နတ်ဘုရားမကို ကာကွယ်နေတာပေါ့။

မည်သူကမှ မတုံ့ပြန်လာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ဘာကိုဆိုလိုတာလဲ “

“ ဘာကိုဆိုလိုတာလဲဆိုတာက ဘာကိုဆိုလိုတာလဲ “

ဘက်ပေါင်းစုံမှ အကြည့်ပေါင်းများစွာ ရောက်ရှိလာခဲ့ကာ နားမလည်နိုင် ဖြစ်သွားကြသည်။ လှုပ်ရှားခဲ့သည့်လူက သူဖြစ်သော်လည်း တစ်ခြားလူများကို ဘာလုပ်နေကြတာလဲဟု မေးမြန်းနေခဲ့လေသည်။

လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ စုမူယွဲ့က နတ်ဆိုးဆိုတာကို ဘယ်သူမှ မသိကြဘူးလား။ သူမက အသက်ရှင်ဖို့အတွက် တစ်ခြားလူတွေရဲ့ ကောင်းမှုကံတွေအပေါ်မှာ မှီခိုနေခဲ့ရတာ။ အထူးသဖြင့် အဲ့ဒီအစိမ်းရောင်လပဲ။ အဲ့တာက သူတို့တွေကို နှစ်ပေါင်း ခုနစ်ရာ ရှစ်ရာလောက်ကို မပြောနဲ့။ နှစ်တစ်ထောင် နှစ်ထောင်လောက်အထိ အသာလေး ပိတ်ဆို့ထားနိုင်တယ် “

“ ဘာဖြစ်တယ် “

“ အဲ့တာက ………… “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လူတိုင်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ထျန်းကျီစံအိမ်၏ လူများက ဒေါသတကြီး ပြောဆိုလာကြသည် “ မင်းက ဘာပေါက်တတ်ကရ စကားတွေ လိုက်ပြောနေတာလဲ “

“ မင်းတို့က မကြားလိုက်ဘူးလား။ အားလုံးအတွက် အချိန်ဆွဲပေးဖို့လေ။ အဲ့တာက တစ်ခြားလူတွေရဲ့ ကောင်းမှုကံကို ခိုးယူခဲ့တဲ့ သူမရဲ့ အပြစ်တွေကို ပြန်ပြီးတော့ ပေးဆပ်တာလို့ သတ်မှတ်လိုက်လို့ရတယ်။ ဒီမှာရှိနေတဲ့ လူတွေ အင်အားစုတွေ အကုန်လုံးက သူမကို ကျေးဇူးတင်နေကြလိမ့်မယ် “

“ မင်း …….. “

“ အချိန်မရှိတော့ဘူး။ မင်းတွေ ငါတွေ မရှိတော့ဘူး။ သူမက အားလုံးအတွက် သူမကိုယ်သူမ စတေးပေးဖို့ ဆန္ဒမရှိတာလား။ ဒါမှမဟုတ် မင်းတို့ ထျန်းကျီစံအိမ်က အားလုံးကို မင်းနဲ့အတူ ဆွဲခေါ်သွားချင်နေတာလား “

လုချန်ရှန်းက စကားကို ချက်ကျလက်ကျ ပြောဆိုလိုက်ရာ ထျန်းကျီစံအိမ်၏ လူများမှာ အမူအရာများ ပြာနှမ်းကာ ဆွံ့အသွားကြသည်။

သူတို့သည် လုချန်ရှန်းက ထိုကဲ့သို့သော စကားလုံးများကို ပြောဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းက ကိုယ်ကျင့်သိက္ခာဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်ကာ လူတိုင်းကို ငြင်းရခက်သွားစေခဲ့သည်။

ထိုစဥ် လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ ငါက မင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာ မဟုတ်ဘူး။ တကယ်လို့ စုမူယွဲ့သာ မရှိဘူးဆိုရင် ငါက ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ပင်လယ်မျက်လုံးကို ပိတ်ဆို့လိုက်မှာ။ ဒါပင်မဲ့ အခုကျတော့ ပိုပြီးတော့ သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း ရှိနေတယ်။ အဲ့တာကြောင့် အားလုံးအတွက် အချိန်ဆွဲပေးနိုင်မဲ့ အခွင့်အရေးကို သူမဆီကို ပေးလိုက်သင့်တာပေါ့။ ခင်ဗျားတို့က ကျုပ်ပြောတာကို သဘောမတူကြဘူးလား “

“ ငါ ……… “

အရပ်မျက်နှာရှစ်ခုစလုံး တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

တကယ်လို့ မင်းက အဲ့လောက်တောင် စိတ်ထားကောင်းနေတယ်ဆိုရင် မင်းသွားလိုက်လေ။ တစ်ခြားလူတစ်ယောက်ကို အစားထိုးနေတာက ဘယ်လိုအခြေအနေမျိုးကြီးလဲ။

ထိုကဲ့သို့သော အရှက်မဲ့မှုမျိုးက အမှန်ပင် ပျင်းရိဖွယ်ကောင်းလှသည်။

သို့ရာတွင် ရှောင်ဟေးကမူ မနေနိုင်တော့ဘဲ ပြုံးမိသွားခဲ့သည်။ ဒါကမှ ငါသိတဲ့ လုချန်ရှန်းအစစ်ပဲ။

ထျန်းကျီစံအိမ်၏ အတွေးများ ဖရိုဖရဲဖြစ်သွားပြီး မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားကာ ဒေါသတကြီး အော်ပြောနေကြတော့သည် “ နတ်ဘုရားမကို လွှတ်လိုက် “

“ မင်းတို့က အားလုံးကို အတူတူ ပျောက်ကွယ်သွားစေချင်နေတာလား။ စုမူယွဲ့တစ်ယောက်ကို စတေးလိုက်ရုံနဲ့ လူတိုင်းအတွက် အချိန်ပိုရလာမှာလေ။ မင်းတို့က အဲ့လိုမလုပ်ချင်ကြဘူးလား။ သူမရဲ့ အရေပြားနဲ့ အသားတွေက ထူပါတယ်။ သူမက မသေလောက်ပါဘူး။ အဲ့လိုဖြစ်လာတာနဲ့ သူမက သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ် “

အားလုံး : “ … “

သူသည် ထိုလူများကို မည်သို့မျှ မငြင်းပယ်နိုင်လောက်အောင် ကျိုးကြောင်းဆက်စပ်၍ ချောင်ပိတ်ရိုက်ထားလိုက်သည်။

ထို့နောက်တွင် လုချန်ရှန်းက သူ၏မှော်စွမ်းအားကို ထပ်မံ၍ အသက်သွင်းကာ ထိုနေရာကို ဖိနှိပ်လိုက်သည်။ ထျန်းကျီစံအိမ်၏ လူများကမူ ပါးစပ်ပိတ်၍ ခုခံရုံသာ ပြုလုပ်နိုင်ကြသည်။

သို့ရာ၌ ထိုအခိုက်အတန့်တွင် အရပ်မျက်နှာတစ်ဖက်မှ သက်တံ့ရောင် အလင်းတန်းတစ်ခု ပျံသန်းလာခဲ့ကာ ထျန်းကျီစံအိမ်၏ အဖွဲ့ဝင်များကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

“ ဘယ်သူလဲ “

လူတစ်စုမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။

သို့သော် မည်သူကမှ မတုံ့ပြန်လာခဲ့ကြပေ။

ထို့နောက်တွင် သတ်ဖြတ်မှုများ ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြီး အားလုံးက ထျန်းကျီစံအိမ်ကို ပစ်မှတ်ထားနေခဲ့ကြသည်။

ဤနေရာတစ်ခုလုံး ဖရိုဖရဲဖြစ်သွားခဲ့ပြန်၏။

လုချန်ရှန်းက ပြုံးစိစိဖြစ်နေသော အမူအရာဖြင့် ထိုလူများကို ကြည့်နေခဲ့သည်။ သူသည် ထိုလူများက သွေးဆောင်ခံလိုက်ရပြီး သူပြောခဲ့သည့် စကားများက အလွန်တရာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားသွားရကာ ပင်လယ်မျက်လုံးကို ပိတ်ဆို့ရန်အတွက် စုမူယွဲ့ကို အသုံးပြုရန် သဘောတူလာကြသည်ကို သိရှိသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် သူသည် ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်ဆိုသည့်စကားကို အဓိပ္ပါယ်ကို လူကိုယ်တိုင် မြင်တွေ့လိုက်ရ၏။ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော မှော်စွမ်းအားများ စုဆုံလာခဲ့ပြီး ထျန်းကျီစံအိမ်၏ အဖွဲ့ဝင်များကို ဖိနှိပ်နေကြတော့သည်။ တိုက်ခိုက်မှုများက အလွန်တရာ များပြားလွန်းသဖြင့် ထိုလူများက မည်သို့မျှ ပြန်မတိုက်နိုင်ကြပေ။

သူသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏လက်ကို ထပ်မြှောက်လိုက်သည်။ ကြီးမားသော မှော်စွမ်းအားက ကောင်းကင်နှင့်မြေပြင်ကိုပင် ခါရမ်းသွားစေခဲ့သည်။ စုမူယွဲ့၏ ပတ်ပတ်လည်ရှိ မှော်စွမ်းအားများ ပြိုကွဲသွားကာ အစိမ်းရောင်လ ပေါ်ထွက်လာခဲ့ပြီး သူမကို ကာကွယ်ပေးနေတော့၏။

၎င်းတို့အားလုံးက သူ၏ မျှော်မှန်းချက်အတွင်းတွင်သာ ရှိနေသေးသည်။ လုချန်ရှန်းမှာ အရာအားလုံးကို လျစ်လျူရှုထားခဲ့သည်။ သူသည် အဆိုပါ လကို လက်နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်ကာ ၎င်းကို ပင်လယ်မျက်လုံးဆီသို့ တိုက်ရိုက်လွှင့်ပစ်လိုက်သည်။

စုမူယွဲ့ကပင် သူ၏လွှင့်ပစ်ခြင်းကို ခံလိုက်ရသည်။

အကျိုးသက်ရောက်မှုက အံ့မခန်းလိလိ ကောင်းမွန်နေခဲ့သည်။ ယခင်က လှုပ်ခတ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ စုမူယွဲ့မှာလည်း လွတ်မြောက်ရန် ရုန်းကန်လှုပ်ရှားနေလျက်ရှိသည်။ သို့သော် အစိမ်းရောင်လနှင့် သူမက ထိုနေရာမှာပင် ချုပ်နှောင်ခံထားရပုံပေါ်သည်။ သူမက အောက်သို့မသွားနိုင်သကဲ့သို့ နတ်မိစ္ဆာဝိညာဥ်များကလည်း အပေါ်သို့ မတက်လာနိုင်ကြပေ။

ထိုအခိုက်အတန့်တွင် အင်အားစုအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ နားမလည်နိုင်ဖြစ်နေသော အမူအရာများဖြင့် လုချန်ရှန်းကို ငေးကြည့်နေကြတော့သည်။

သူပြောသည့်အတိုင်း အမှန်တကယ် ဖြစ်နေခဲ့သည်။ စုမူယွဲ့ကို အသုံးပြုကာ ပင်လယ်မျက်လုံးကို ဖိနှိပ်ခြင်းက မှော်ဆန်သော အကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်ခဲ့သည်။

ထျန်းကျီစံအိမ်၏ လူများကသာ ရူးသွပ်သွားခဲ့သည်။

သူတို့က သူမကို ကယ်တင်ချင်သော်လည်း အရာအားလုံး အချည်းနှီးသာဖြစ်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် အင်အားစု အကုန်လုံး သက်ပြင်းတချချ ဖြစ်သွားကြသည်။

ရှောင်ဟေးမှာလည်း စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။ ပင်လယ်မျက်လုံးကို ပိတ်ဆို့ရန်အတွက် ထျန်းကျီစံအိမ်၏ နတ်ဘုရားမကို အသုံးပြုခြင်းကဲ့သို့သော အတွေးမျိုးကို လုချန်ရှန်းတစ်ဦးတည်းကပင် တွေးတောစဥ်းစားနိုင်ပေသည်။

၎င်းတို့မှာ လုချန်ရှန်းက စုမူယွဲ့နှင့်ပတ်သက်၍ အဆက်မပြတ် ရုန်းကန်နေမှုများမှ ရရှိခဲ့သည့် သူ၏ အတွေ့အကြုံများပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် စုမူယွဲ့က တစ်ချို့နေရာများတွင် အသုံးဝင်နေသေးသည်။

ထိုကိစ္စကြောင့်ပင် သူကျောချမ်းသွားခဲ့သည်။

စုမူယွဲ့က အမှန်တကယ် မနိုးထသေးဘူးဟု ကူချန်ကျွင်းက ပြောထားခဲ့ဖူးသည်။ ထို့ကြောင့် သူမက များစွာမသန်မာသေးခြင်း ဖြစ်သည်။ သူမက နိုးထလာသည်နှင့်တစ်ပြိုင်နက် အစိမ်းရောင်လ၏ ကာကွယ်ပေးမှုကြောင့် သူမက မှော်စွမ်းအားလုံးကို ခံနိုင်ရည်ရှိလာမည်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် သတ်ဖြတ်လိုစိတ်တို့ကိုပါ ပိုင်ဆိုင်လာလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် သူမက ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်သွားပေလိမ့်မည်။ ယခုလက်ရှိ အချိန်အတွက်မူ သူမက လိပ်ခွံတစ်ခုမျှသာ ဖြစ်နေခဲ့သည်။ အကယ်၍ သူမကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင်မှ ပင်လယ်မျက်လုံးကို ပိတ်ဆို့ရန်အတွက် သူမကို အသုံးပြုနိုင်ပေသည်။ အကယ်၍ သူမသာ သေဆုံးသွားခဲ့မည်ဆိုပါက သူ၏ ရန်သူတစ်ဦး လျော့နည်းသွားမည် ဖြစ်သည်။

သို့ရာတွင် ၎င်းတို့အတွက် မည်သူ့ကိုမှ အပြစ်တင်၍ မရပေ။ ကန်းယွင်ဂိုဏ်းတွင် ရှိနေခဲ့စဥ်အချိန်က လုချန်ရှန်းနှင့် စုမူယွဲ့တို့မှာ တစ်ဖက်တည်းတွင် ရှိနေခဲ့သည်ဟု သတ်မှတ်၍ ရပေသည်။ အကယ်၍ သူမက ကန်းယွင်ကားချပ်ကို တပ်မက်ကာ သူနှင့်တိုက်ခိုက်ခဲ့မည်ဆိုလျှင်တောင်မှ ၎င်းက သူတို့၏ သက်ဆိုင်ရာ ကိုယ်ကျိုးများအတွက်သာ ဖြစ်နေခဲ့သည်။

သို့သော် နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းတွင် ပြန်လည်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ ယခုလက်ရှိ အချိန်အထိ ဖြစ်ပွားခဲ့သည့် ကိစ္စများအတွက်မူ သူ့ကို အပြစ်တင်၍ မရချေ။

လုချန်ရှန်း၏ အတွေးများ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် သူသည် သူ၏အတွေးများကို စုစည်းလိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ စကားထပ်ပြောနေတော့၏ “ ကောင်းပြီလေ။ အားလုံးပဲ ကျုပ်တို့က ယာယီလုံခြုံသွားပြီ။ အပြင်ကမ္ဘာက လူတွေဆီကို အကူအညီ လှမ်းတောင်းလို့ရပြီ။ ဒါပင်မဲ့ လောနေဖို့တော့ မလိုပါဘူး။ စုမူယွဲ့က ဘာပြဿနာမှ မရှိဘဲ ခုနစ်နှစ် ရှစ်နှစ်လောက်အထိ တောင့်ခံနိုင်တယ်။ ဆိုတော့ အေးအေးဆေးဆေး လုပ်ကြပါ “

ထျန်းကျီစံအိမ် : “ … “

မည်သူကမှ မတုံ့ပြန်လိုက်ကြပေ။

ကောင်းကင်ဘုံ အကယ်ဒမီ၏ အဖွဲ့ဝင်တို့မှာလည်း တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ထျန်းကျီစံအိမ်က သူတို့၏ အကူအညီကို တောင်းခံကြသော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။ ယခင်ကသာဆိုပါက သူတို့ကို မျက်နှာသာ ပေးလိုက်မည် ဖြစ်သည်။ သို့သော် ယခုတွင်မူ အဆိုပါ နတ်ဘုရားမက ပင်လယ်မျက်လုံးအတွင်းသို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် သူတို့က မည်သို့မျှ ဝင်မပါခဲ့ကြပေ။

ဤတစ်ကြိမ်တွင် လုချန်ရှန်းက လူတိုင်းနီးပါးကို ကယ်တင်လိုက်သည်ဟုပင် ပြော၍ရပေသည်။ သူက တစ်ခြားသော ဂိုဏ်းတစ်ခု၏ နတ်ဘုရားမကို အသုံးပြုခဲ့သော်လည်း ရလဒ်က အတော်ပင် ကောင်းမွန်သေး၏။ အများဆုံးအနေနှင့် လူတစ်ဦးမျှသာ သေဆုံးသွားကာ လူအမြောက်အများကို ကယ်တင်နိုင်ခဲ့၏။ မည်မျှပင် တွေးတောစဥ်းစားနေခဲ့ပါစေ ၎င်းက ကောင်းမွန်သော ကိစ္စရပ်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

သူကဲ့သို့သော လူကောင်းတစ်ဦးက အမှန်ပင် ရှားပါးလွန်းလှသည်။

အခြေအနေ တည်ငြိမ်သွားသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ အခြေအနေတွေ တည်ငြိမ်သွားပြီ။ ကျုပ်သွားတော့မယ် “

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူလှည့်ထွက်သွားခဲ့သည်။ သူသည် စွမ်းအင်လှိုင်းများကို ယခုလေးတင် ခံစားမိခဲ့သည်။ အပြင်ကလူတွေက လှုပ်ရှားနေကြပြီနဲ့တူတယ်။

သူကြောက်လန့်မနေခဲ့ပေ။ ထိုကဲ့သို့ ထွက်သွားရခြင်းမှာ သေဆုံးသွားသူများထံမှ ရရှိခဲ့သည့် တံဆိပ်ပြားများကို ပစ္စည်းတစ်ခုခုနှင့် သွားရောက်လဲလှယ်ရန်ကြောင့်သာ ဖြစ်ပေသည်။ ပမာဏမှာ များပြားမနေဘဲ ခုနစ်ရာ ရှစ်ရာမျှသာ ရှိနေခဲ့သည်။

၎င်းတို့က မများသော်လည်း နည်းမနေခဲ့ပေ။ ထိုအခိုက်အတန့်တွင် သူသည် ယဇ်ပုလ္လင်ဆီသို့ ချဥ်းကပ်သွားတော့သည်။ မည်သည့်ပစ္စည်းနှင့် လဲလှယ်ရမလဲဟု သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင် လေထုအတွင်းမှ ပုံရိပ်တစ်ခု ခုန်ထွက်လာခဲ့ကာ သူ၏လမ်းကြောင်းကို တားဆီးပိတ်ဆို့လာခဲ့သည်။

လုချန်ရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားကာ စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်သည်။ ၎င်းက အသက်ဆယ့်ခုနစ်နှစ်(သို့) အသက်ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦးဖြစ်နေခဲ့သည်။ သူက ငယ်ရွယ်နုံအပုံရသော်လည်း လက်နောက်ပစ်ထားသော ဟန်အမူအရာကို ဆင်မြန်းထားကာ ရင့်ကျက်တည်ငြိမ်သည့် ခံစားချက်တစ်ခုကို ထုတ်လွှတ်နေခဲ့၏။

“ ကောင်လေး ငါဘယ်သူလဲဆိုတာကို မသိဘူးလား။ ငါ့လမ်းကို ဘယ်လိုတောင် ပိတ်ရဲနေတာလဲ “

လုချန်ရှန်းက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေတော့၏။ သူက တိုက်ပွဲတစ်ခုကို ယခုလေးတင် ဆင်နွှဲထားခဲ့ပြီး ၎င်းကို လူတိုင်းက မမြင်ဘူးဟု သူမယုံပေ။

ထိုလူငယ်မှာ သူ၏လမ်းကို အမှန်တကယ် တားဆီးပိတ်ဆို့လာခဲ့၏။ ၎င်းက ရိုက်နှက်ခြင်းကို ခံယူရန် ကိုယ်တိုင်လာရောက် တောင်းဆိုနေခြင်းပင် မဟုတ်လော။

သူ့အရှေ့တွင် ရှိနေသည့် လူငယ်က အပြုံးတစ်ခုကို ဆင်မြန်းကာ တုံ့ပြန်လာခဲ့သည် “ မင်းဘယ်သူလဲဆိုတာကို ငါသိပါတယ် “

“ အို့။ မင်းသိတာလား။ ကောင်လေး မင်းက လေကြီးနေတာပဲ “

လုချန်ရှန်းမှာ စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။ ကူချန်ကျွင်းကပင် သူ၏ရုပ်ဖျက်နည်းလမ်းကို မထောက်လှမ်းနိုင်ခဲ့ပေ။ သို့ပေမည့် သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးကမူ သူ့ကို သိသည်ဟုပြောဆိုလာခဲ့သည်။

သို့သော် ရလဒ်မှာ လုချန်ရှန်း မထင်မှတ်ထားသည့် အရာတစ်ခုသာ ဖြစ်နေခဲ့သည်။

ထိုလူငယ်က တိတ်တဆိတ် မတ်တပ်ရပ်နေကာ စကားအနည်းငယ် ထပ်ပြောလာခဲ့သည်။

“ လုချန်ရှန်း “

--

………………………………………………………………………………………………………………………………………

All Chapters