← Chapters

အခန်း ၂၉၁

Vol. 20 Ch. 291

အခန်း ၂၉၁

Vol. 20 Ch. 291

အပိုင်း ( 291 )

ခင်ဗျားက သေချင်ယောင်ဆောင်နေခဲ့တာလား

လူငယ်က အေးအေးလူလူ စကားပြောလာခဲ့သည်။

လုချန်ရှန်းက ချက်ချင်းတုန်လှုပ်သွားပြီး ရှောင်ဟေးကပင် တအံ့တဩ ဖြစ်သွားခဲ့သည်။

သူက သူ၏ အရှိန်အဝါကို ပြောင်းလဲထားကာ အနက်ရောင် ဝတ်စုံကိုသာ တစ်ချိန်လုံး ဝတ်ဆင်ထားပြီး သူ၏ မျက်နှာကို တစ်ကြိမ်တစ်ခါမှ ထုတ်မပြခဲ့ဖူးပေ။ အကယ်၍ သူကသာ စကားမပြောဘူးဆိုပါက ကူချန်ကျွင်းကပင် သူမည်သူလဲဆိုသည်ကို ခွဲခြားသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် သူ့အရှေ့တွင် ရှိနေသည့် ထိုလူငယ်လေးကမူ မှတ်ချက်တစ်ခုတည်းဖြင့် သူ၏အထောက်အထားကို ဖော်ထုတ်သွားခဲ့သည်။

“ ငါက တစ်နေရာရာမှာ သတိလက်လွတ်ဖြစ်သွားခဲ့တာများလား “

သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ တစ်ချိန်လုံး ပြီးပြည့်စုံအောင် ဖုံးကွယ်ထားခဲ့တာ မဟုတ်ဘူးလား “

ရှောင်ဟေးကမူ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

လုချန်ရှန်းသည် ကိုယ့်ကိုကိုယ် စိတ်တည်ငြိမ်သွားစေလိုက်ကာ ပြန်ပြောလိုက်သည် “ အငယ်လေး မင်းရဲ့ လူကြီးတွေ ဘယ်မှာလဲ “

အေးအေးလူလူ ဖြစ်နေခဲ့သည့် လူငယ်မှာ ထိုစကားကို ကြားလိုက်ရသောအခါတွင် ပါးစပ်တွန့်သွားကာ ပြန်ပြောလာခဲ့သည် “ ငါက ငါ့မိသားစုမှာ အကြီးဆုံးပဲ။ ဘာလူကြီးမှ မရှိဘူး ”

“ အို့ ဆိုတော့ မင်းက မိဘမဲ့တစ်ယောက်ပေါ့ “

လုချန်ရှန်းမှ ဘွင်းဘွင်းရှင်းရှင်း ပြောချလိုက်ရာ ထိုလူငယ်မှာ အမူအရာ မည်းမှောင်ကာ ဆွံ့အသွားခဲ့သည်။

လေထုက အနည်းငယ် ကို့ရို့ကားရားဖြစ်သွားခဲ့သည်။ ထို့နောက်တွင် မှော်စွမ်းအားများ မြင့်တက်လာကာ ပတ်ဝန်းကျင်ကို ချုပ်နှောင်သွားခဲ့သည်။ ဒီကောင်က ငါ့ကို တကယ်ကြီး တိုက်ချင်နေတာပဲ။

“ အားကုန်မခံနဲ့။ မင်းငါ့ကို မတိုက်နိုင်ဘူး “ လူငယ်က တုံ့ပြန်လာခဲ့၏။ ထို့နောက်တွင် သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး စကားထပ်ပြောလာခဲ့သည် “ အနည်းဆုံးတော့ အခုလက်ရှိ အချိန်မှာ မင်းငါ့ကို မတိုက်နိုင်ဘူး “

“ ဘာဖြစ်တယ် “

၎င်းက လုချန်ရှန်းကို အမှန်တကယ် အံ့အားသင့်သွားစေခဲ့သည်။ အသက်ဆယ့်ခုနစ်နှစ် (သို့) ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ဦးက သူ့အရှေ့မှာပင် ကြွားဝါပြောဆိုနေလျက်ရှိ၏။ ငါက မင်းကို မတိုက်နိုင်ဘူးလို့ ကြွေးကြော်နေတာလား။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် သူ၏ သတိကို မလျှော့ချဘဲ တစ်ဖက်လူကို ဂရုတစိုက် ကြည့်ရှုစစ်ဆေးကာ တစ်ခုခုမှားယွင်းနေသည်ဟု အာရုံခံမိသွားခဲ့သည်။

လူငယ်လေးက သူ၏အသက်ထပ် ပိုမိုရင့်ကျက်နေပုံရကာ လက်နှစ်ဖက်နောက်ပစ်၍ မတ်တပ်ရပ်နေလျက်ရှိသည်။ ထိုအသက်အရွယ်တွင် နုံအနေသင့်ပေသည်။ သို့သော် သူက ဘဝ၏ ခါးသီးမှုနှင့် နှိပ်စက်မှုများကို ကြုံတွေ့ရင်ဆိုင်ထားရပုံပေါ်သည့် ရင့်ကျက်တည်ငြိမ်မှု အရိပ်အငွေ့များကို ထုတ်လွှတ်နေခဲ့သည်။

“ မိသားစုတစ်စုရဲ့ လိပ်အိုကြီးတစ်ယောက်ယောက်ကများ လူငယ်လေးအဖြစ် လာဟန်ဆောင်နေတာလား “ လုချန်ရှန်းက ရေရွတ်ပြောဆိုနေလျက်ရှိသည်။ သို့သော် သူသည် မည်သို့မျှ ကြောက်လန့်မနေဘဲ ယုံကြည်မှုရှိရှိ ပြောဆိုလိုက်သည် “ တကယ်လို့ ငါမင်းကို ဖိနှိပ်နိုင်တယ်ဆိုရင်ကော။ ငါဘယ်သူလဲဆိုတာကို သိနေမှတော့ ငါ့ဆရာကိုလည်း သိမှာပေါ့။ သူက စစ်ပွဲဘုရင် ကူချန်ကျွင်းပဲ “

ထိုစကားကို ပြောလိုက်သည့် အချိန်တွင် သူက အလွန်တရာ ဂုဏ်ယူမိသွားခဲ့သည်။ သူ့ဆရာ၏ နာမည်ကပင် လူအများစုကို ခြိမ်းခြောက်နေနိုင်ပေသည်။

၎င်းက မြင့်မြတ်နယ်မြေ၏ တံခါးဝကိုပင် ရိုက်ချိုးရဲပြီး ရှေးဟောင်းဂိုဏ်းနှစ်ခုကို တစ်ပြိုင်နက် ရင်ဆိုင်ဝံ့ကာ အသူရာတောင်ထွတ်ကိုပင် လှည့်စားခဲ့သည့် ရက်စက်ကြမ်းကြုတ်သော လူတစ်ဦးဖြစ်သည်။ သူက မည်သည့်အရာကို ကြောက်လန့်နေရမည်နည်း။

ထိုအမည်ကို ကြားလိုက်ရသောအခါတွင် လူငယ်လေးက တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးမှ ဖြည်းဖြည်းချင်း တုံ့ပြန်လာခဲ့သည် “ ကူချန်ကျွင်းက တကယ်ကို အရှိန်အဝါကြီးပါတယ် “

“ မင်းသိထားတာကောင်းတယ် “

လုချန်ရှန်းက တဖြည်းဖြည်း ပိုမိုမောက်မာသွားခဲ့သည်။ ထိုကဲ့သို့သော ဆရာမျိုး ရှိနေသောကြောင့် မည်သူကမှ မမောက်မာ ဘဝင်မခိုက်ဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် လူငယ်လေးက ပြန်ပြောလာခဲ့သည် “ ဒါပင်မဲ့ သူဒီမှာ မရှိဘူးလေ “

ဟမ်

၎င်းမှာ လုချန်ရှန်း မထင်မှတ်ထားသော အရာတစ်ခုဖြစ်သည်။

ထို့နောက်တွင် ထိုလူငယ်က စကားဆက်ပြောလာခဲ့၏ “ အတွေးလွန်နေဖို့ မလိုပါဘူး။ မင်းအပေါ်မှာ မကောင်းတဲ့စိတ် မရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မင်းလိုချင်တာကို ငါယူလာပေးတာ “

“ ကျုပ်လိုချင်တာလား “

“ ဝိညာဥ်ကျောက်တွေ အများကြီးပေါ့ “

“ ခင်ဗျားက အဲ့တာကိုပါ သိတာလား “ လုချန်ရှန်းမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ တစ်ဖက်လူက ထိုကိစ္စကို အမှန်ပင် သိရှိနေခဲ့သည်။

သို့ရာတွင် ရှောင်ဟေးကမူ အနည်းငယ် ဆွံ့အသွားခဲ့သည်။ အဲ့ကိစ္စကို သိဖို့က ဘာခက်လို့တုန်း။

လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေလျက်ရှိပြီး လူငယ်က အပြုံးဖြင့် ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ ငါတို့က လူရှင်းတဲ့နေရာမှာ စကားသွားပြောသင့်တယ် “

လုချန်ရှန်းက မျက်မှောင်ကြုတ်သွားကာ ထိုလူက သူ့ကို တစ်ခုခု ပြုလုပ်ရန် လျှို့ဝှက်နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားချင်နေသည်ကို စိုးရိမ်သွားခဲ့သည်။

လူငယ်က စကားထပ်ပြောလာခဲ့၏ “ တကယ်လို့ ငါမင်းကို သတ်ချင်တယ်ဆိုရင် ကူချန်ကျွင်းကတောင် မင်းကို အချိန်မှီကယ်နိုင်မှာ မဟုတ်ဘူး။ ကန်းယွင်ကားချပ်နဲ့ဆိုရင်တောင်မှ မင်းမလွတ်မြောက်နိုင်ဘူး “

“ ခင်ဗျားက ဘယ်သူလဲ “

ကန်းယွင်ကားချပ်အကြောင်းကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ တစ်ခြားသော အရာများက အဆင်ပြေလှသော်လည်း ၎င်းက ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ရှောင်ဟေးက သူ့ကို သစ္စာမဖောက်ဘူးဆိုပါက ၎င်းကို မည်သူကမှ သိရှိလိမ့်မည် မဟုတ်ပေ။ ကူချန်ကျွင်းကပင် သိနိုင်လိမ့်မည် မဟုတ်ပေ။

လူငယ်က စကားထပ်ပြောနေတော့သည် “ ငါက တော်တော်လေးကို သိထားတယ်။ ဥပမာအနေနဲ့ ယဲ့မီထျန်းက မင်းရဲ့ မီးဖိုမှာရှိတယ်ဆိုတာတွေ။ မင်းက မိုးကြိုးတာအိုရဲ့ ကြီးမားသော အောင်မြင်မှုကို ရထားတယ်ဆိုတာတွေ။ မင်းရဲ့ ဓားတာအိုနယ်ပယ်က ဓားဆန္ဒဖြစ်တည်ခြင်း အထွတ်အထိပ်အထိ ရောက်နေပြီဆိုတာမျိုးတွေပေါ့ ………. “

“ ဒါပင်မဲ့ ငါပြောပြီးသားပဲလေ။ မင်းအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး။ မင်းနဲ့ စကားပြောချင်ရုံသပ်သပ်ပဲ “

ထို့နောက်တွင် အဆိုပါ လူငယ်ထံမှ လုချန်ရှန်း မြင်တွေ့ဖူးသမျှ သက်ရှိသတ္တဝါတိုင်းထပ် သာလွန်သည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။

“ ကောင်းပြီလေ “

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။ သူသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်၏ နယ်ပယ်က သူ၏ယှဥ်နိုင်စွမ်းရှိသည့် အတိုင်းအတာထပ် ကျော်လွန်နေသည်ကို ကောင်းစွာသိရှိနေခဲ့သည်။

ထို့အပြင် သူက အတော်များများကို သိရှိနေခဲ့သည်။ သူ့အား အချိန်အတော်ကြာ နောက်ယောင်ခံမလိုက်ခဲ့ဘူးဆိုပါက ၎င်းတို့ကို သိရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

လူငယ်က ခေါင်းငြိမ့်ပြလာခဲ့ပြီး နောက်လှည့်သွားခဲ့ရာ သူ၏ခြေထောက်များအောက်တွင် ရွှေရောင်တာအိုပုံရိပ်တစ်ခု ဖွဲ့တည်လာကာ လုချန်ရှန်းကို သယ်ဆောင်၍ အဝေးသို့ ထွက်ခွာသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်သောင်းနှင့်ချီ၍ ကျော်ဖြတ်သွားခဲ့သည်။

သူတို့က စစ်မြေပြင်၏ နယ်နိမိတ်အတွင်းမှပင် ထွက်ခွာသွားခဲ့သည်။

လမ်းတစ်လျှောက်တွင် လုချန်ရှန်းက သူ၏မှတ်ဉာဏ်အားကို တွေးတောစဥ်းစားကာ ပြန်လည်ဆင်ခြင်သုံးသပ်နေခဲ့သည်။ သို့သော် ထိုလူနှင့်ပတ်သက်သည့် မည်သည့်မှတ်ဉာဏ်မှ မရှိပေ။ ထိုအဆင့်သို့ ရောက်နိုင်သည့် လူများအနက် ဓားတောင်ထွတ်သခင်တစ်ဦးတည်းကသာလျှင် သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

သို့သော် သူ့အရှေ့တွင် ရှိနေသည့် လူက ထိုလူဟုတ်မနေခဲ့ပေ။

ထို့နောက်တွင် သူတို့က တိမ်ထုအတွင်းသို့ ထောင်တက်နေသည့် တောင်ထွတ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ကို ချိတ်ပိတ်လိုက်သည်။

လူငယ်က စကားစပြောလာခဲ့သည် “ ဒီနေရာက စစ်မြေပြင်နှင့် တော်တော်လေးလှမ်းတယ်၊ တကယ်လို့ မင်းက ကန်းယွင်ကားချပ်ကို သုံးပြီးတော့ ဟင်းလင်းပြင်ကို ဆုတ်ဖြဲမယ်ဆိုရင် အသက်ရှင်ခြေ ပိုမြင့်လာပြီ။ အဲ့တာက ငါ့ရဲ့ ရိုးသားမှုပဲ “

“ ဒါဆိုရင် ခင်ဗျားက ဘယ်သူလဲ “ ဟု လုချန်ရှန်းက‌ မေးမြန်းလိုက်သည်။

လူငယ်က ပြန်ပြောလာခဲ့၏ “ ငါက မူဟွမ် “

လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူသည် ထိုလူကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။

သို့ရာ၌ ထိုအခိုက်အတန့်တွင် ရှောင်ဟေးက မီးဖိုအတွင်းမှ ခုန်ထွက်လာခဲ့ပြီး သူ၏မျက်ဝန်းများအတွင်းတွင် အံ့အားသင့်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေကာ အံ့ဩတကြီး ပြောဆိုလာခဲ့၏ “ မဟာတောရိုင်း နန်းတော်ရဲ့ ဘိုးဘေးကြီး မူဟွမ်လား “

“ အမှန်ပဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားခဲ့ပြန်သည်။ သူက ငါစစ်မြေပြင်ဆီ မလာခင် အချိန်ကတည်းက သေသွားတာ မဟုတ်ဘူးလားဟ။

ဒါဆိုရင် အခုဒီနေရာမှာ မတ်တပ်ရပ်နေတဲ့လူက ဘယ်သူလဲ။ သူက သေချင်ယောင်ဆောင်နေတာလား။ ဒါမှမဟုတ် အငြိုးအတေးတွေကြောင့် သေရာက ပြန်ထလာခဲ့တာလား။

ငါက ကောင်းမှုကုသိုလ်တွေ လုပ်ပြီးတော့ ဘဝကို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းခဲ့တာလေ။ မဟာတောရိုင်း နန်းတော်နဲ့ သိပ်ပြီးမတော့ မနီးစပ်ခဲ့ဘူးဆိုပင်မဲ့ ငါတို့ကြားမှာ ဆက်ဆံရေးကောင်းတစ်ခု အမြဲရှိတယ်လေ။ ပြီးတော့ ငါက သူတို့ရဲ့ သူတော်စင် ရှင်းယွင်ကိုတောင် ဂရုစိုက်ပေးခဲ့သေးတယ်လေ။

တကယ်လို့ သူသေရာကနေ ပြန်ရှင်လာမယ်ဆိုရင်တောင်မှာ ဒီနေရာမှာ ရှိမနေသင့်ဘူး။

လုချန်ရှန်း၏ အတွေးထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် ရှောင်ဟေးက ထိုလူ့ကို မေးမြန်းနေခဲ့သည် “ ခင်ဗျားက တကယ်ပဲသူလား “

မူဟွမ်သည် အသာအယာ ရယ်မောနေခဲ့ကာ ဘာစကားမှ ထပ်မပြောလာခဲ့ပေ။ ထိုစဥ် သူ၏ မျက်ခုံးများ အကြားတွင် ရုန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံ အလင်းတန်းတစ်ခု လင်းလက်လာခဲ့၏။

“ တောရိုင်း စည်းတံဆိပ် “

ရှောင်ဟေးက တအံ့တဩဖြင့် အော်မိသွားခဲ့သည်။ သူက အဆိုပါ အမှတ်အသားကို မှတ်မိနေခဲ့သည်။ ၎င်းက မဟာတောရိုင်း နန်းတော်အတွင်းရှိ အစွမ်းထက် ပုဂ္ဂိုလ်များကသာ ပိုင်ဆိုင်သော ကိုယ်ပိုင်/သီးသန့် အမှတ်အသားတစ်ခုဖြစ်ပြီး မျိုးဆက်များထံမှ လက်ဆင့်ကမ်းဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းကို မည်သူကမှ တုပနိုင်မည် မဟုတ်ပေ။

“ တကယ်ကို ခင်ဗျားဖြစ်နေတာပဲ။ ခင်ဗျားက သေသွားပြီ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် ငယ်နေရတာလဲ “

ရှောင်ဟေးက လုချန်ရှန်း၏ မေးခွန်းများကို ထုတ်မေးနေတော့၏။

လူသေတစ်ဦးက ရုတ်တရက် အသက်ပြန်ရှင်လာကာ အလွန်တရာ ငယ်ရွယ်သွားပြီး သူတို့၏ အရှေ့တွင် မတ်တပ်လာရပ်နေခဲ့သည်။

မူဟွမ်သည် အေးအေးလူလူ ပြုံးကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အဲ့သတင်းတွေကို ငါပဲလွှင့်ခဲ့တာ။ ဒါပင်မဲ့ ငါတကယ်သေတော့မှာ ရက်ပိုင်းလောက်ပဲ လိုတော့တယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အလိုအလျောက် နောက်ဆုတ်သွားခဲ့ကာ သတိတကြီး ပြောဆိုလိုက်သည် “ ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို တပ်မက်နေပြီးတော့ ပူးကပ်ချင်နေတာတော့ မဟုတ်ဘူးလား “

“ ဟားဟားဟား “

မူဟွမ်က အော်ရယ်နေတော့၏။

“ ခင်ဗျားက ဘာရယ်နေတာလဲ “

“ မင်းအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ငါပြောခဲ့ပြီသားလေ။ ငါသာ အဲ့လိုလုပ်လိုက်ရင် ကူချန်ကျွင်းက မဟာတောရိုင်း နန်းတော်ကို အရင်ဦးဆုံး တိုက်ခိုက်မှာပဲ “

သူက ထိုကဲ့သို့ ပြောခဲ့သော်လည်း လုချန်ရှန်းမှာ သတိကြီးကြီး ထားနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းက သူ့ကို အချိန်အတော်ကြာ နောက်ယောင်ခံလိုက်နေခဲ့ပြီး သူ၏ လျှို့ဝှက်ချက် တော်တော်များများကို သိနေသည့် လူတစ်ဦးဖြစ်သည်။ အကယ်၍ သူကသာ တဏှာရူးတစ်ဦးဖြစ်နေမည်ဆိုပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း။

လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ ခင်ဗျားက မပူးကပ်ချင်ဘူးဆိုရင် ဘာကိစ္စ ကျုပ်ကို ရှာနေရတာလဲ။ ကျုပ်ရဲ့ ပြိုင်ဘက်ကင်းရုပ်ရည်ကို တွေ့ရဖို့အတွက်လား “

အမ်

မူဟွမ်က သူ၏ စိတ်အခြေအနေကို ပြင်ဆင်ထားခဲ့သော်လည်း ထိုလူ့ကို လျှော့တွက်မိထားသေး၏။ သူက ထိုကဲ့သို့သော ရုပ်ရည်မျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားသော်လည်း ထိုစကားကို ကြားလိုက်ရခြင်းမှာ အနည်းငယ် ရှက်ရွံ့ဖွယ်ကောင်းနေခဲ့သည်။

တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် မူဟွမ်က သူ၏ စိတ်အခြေအနေကို ထိန်းညှိကာ လက်မြှောက်လိုက်သည်။ ရှောင်ဟေးက ချုပ်နှောင်ခံလိုက်ရကာ အိမ်မောကျသွားခဲ့သည်။

ထို့နောက်တွင် သူက ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ ငါမင်းကို မဟာတောရိုင်း နန်းတော်ဆီ ခေါ်သွားချင်တယ် “

--

…………………………………………………………………………………………………………………………………………

All Chapters