အခန်း ၂၉၃
Vol. 20 Ch. 293
အပိုင်း ( 293 )
တန်ကြေး ကြီးလွန်းတယ်
ထိုအခိုက်အတန့်တွင် တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးကို ကြည့်ကာ အတွေးနက်သွားခဲ့သည်။
မဟာတောရိုင်း နန်းတော်ကို ထိန်းချုပ်နိုင်ခြင်းက သူ့အတွက် ကြီးမားသော အကျိုးအမြတ်များကို ရရှိလာစေလိမ့်မည် ဖြစ်သည်။ သူက သူ၏အချုပ်အနှောင်များကို ရိုက်ချိုးကာ ဟွာရှုနယ်ပယ်သို့ပင် ရောက်ရှိသွားနိုင်ပေသည်။
“ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲ့တာက ငါတို့နှစ်ယောက်ကြားက အရောင်းအဝယ်တစ်ခုပဲလေ “
“ ဟုတ်တယ် “
“ ကျုပ်က ဒေသလေးခုက ဖိအားတွေကိုလည်း ရင်ဆိုင်ရဦးမယ်။ ပြီးတော့ ကောင်းကင်ဘုံ အကယ်ဒမီကတောင် ဝင်ပါလာနိုင်တယ်။ ဒါပင်မဲ့ ခင်ဗျားရဲ့ ဈေးက နိမ့်လွန်းတယ်။ ကျုပ်က ဟွာရှုနယ်ပယ်ကို ကိုယ့်ဘာသာ သွားနိုင်တယ်။ အချိန်နည်းနည်းလေးပဲ ပိုယူရမှာ။ ကျုပ်ဆီမှာ အပေါဆုံးက အချိန်ပဲ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်သည်။
သူတို့က စီးပွားရေးကိစ္စကို ပြောနေပြီဖြစ်သောကြောင့် ရှင်းရှင်းလင်းလင်း ပြုလုပ်ထားရမည် ဖြစ်သည်။ သူက စိတ်ခံစားချက်သပ်သပ်ဖြင့် ပြုလုပ်လိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် မဟာတောရိုင်း နန်းတော်နှင့် သူ့ကြားရှိ ဆက်ဆံရေးက သာမန်ကာလျှံကာမျှသာ ဖြစ်နေသည့် အချိန်မျိုးတွင် ဖြစ်သည်။
မူဟွမ်က အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့၏ “ မင်းက ကပ်ဘေးတစ်သောင်း အင်မော်တယ်ခန္ဓာလား။ ထိုက်ယွမ်ခန္ဓာလား။ အဇူရာကောင်းကင်ခန္ဓာလား “
“ ကပ်ဘေးတစ်သောင်း အင်မော်တယ်ခန္ဓာ “
ဤအခြေအနေအထိ ရောက်လာခဲ့ပြီဖြစ်သောကြောင့် ထပ်မံ၍ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
“ ကပ်ဘေးတစ်သောင်း အင်မော်တယ်ခန္ဓာ မပေါ်လာတာက တော်တော်လေးကို ကြာနေခဲ့ပြီ။ ကောင်းမှုကံနဲ့ ကံဆိုးမှုတွေက အတူယှဥ်တွဲနေပြီးတော့ အင်မော်တယ် အလင်းတန်းနဲ့ ကပ်ဘေး အလင်းတန်းကို ရင်ဆိုင်ရတယ်။ စုမူယွဲ့က မင်းရဲ့ ကံဆိုးမှုတစ်စိတ်တစ်ပိုင်းကို ယူသွားတဲ့ အချိန်မှာတောင် ကပ်ဘေးကို မင်းရင်ဆိုင်ခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
မူဟွမ်က ဖြည်းဖြည်းချင်း စကားပြောနေခဲ့၏။
လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ အဲ့တာကို ဘာလို့မေးနေရတာလဲ “
“ မင်းတော့ မသိလောက်ဘူး။ ဒါပင်မဲ့ အဲ့ဒီ ရုပ်ခန္ဓာက မင်းအခုလက်ရှိ နားလည်ထားတာတွေထပ် ပိုပြီးတော့ခက်တယ်။ မင်းက ကံဆိုးမှု အကုန်လုံးကို ဖြတ်တောက်ပြီးတော့ ကပ်ဘေးအလင်းတန်းကို ငြှိမ်းသက်မှ ရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကပ်ဘေးကြီးတစ်ခု ဆင်းသက်လာလိမ့်မယ်။ ငါက မင်းရဲ့ ကံဆိုးမှု ဆယ်ပုံတစ်ပုံကို ယူပြီးတော့ ကပ်ဘေးကို မင်းကိုယ်စား ရင်ဆိုင်ပေးမယ် “
ထိုအချိန်၌ လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ထျန်းကျီစံအိမ်က မကောင်းသော ရည်ရွယ်ချက်များကို သိုဝှက်ထားခဲ့သည်။ ထို့ကြောင့်ပင် စုမူယွဲ့က သူ၏ ကံဆိုးမှု ဆယ်ပုံတစ်ပုံကို ယူဆောင်သွားရခြင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်လာခဲ့သည့် နဂါးမှာလည်း တစ်ချို့သော အကြောင်းအရင်းများကြောင့် သူ၏ကံဆိုးမှု ဆယ်ပုံတစ်ပုံကို ယူဆောင်သွားခဲ့သည်။
ကံဆိုးမှု ဆယ်ပုံနှစ်ပုံကို ဆုံးရှုံးသွားခဲ့ရသောကြောင့် သူသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
သို့ရာတွင် သူသည် တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည် “ လူတစ်ယောက်က ကျွန်တော့်ရဲ့ ကံဆိုးမှု ဆယ်ပုံတစ်ပုံကို ယူနိုင်တာလား “
“ အတွေးမလွန်သွားနဲ့။ စုမူယွဲ့က မင်းရဲ့ ကံဆိုးမှုကို ယူသွားနိုင်တာက ကံကောင်းမှုတစ်ခုပဲ။ အဲ့လိုအခွင့်အလမ်းမျိုးက နောက်တစ်ကြိမ်ထပ်မရှိနိုင်တော့ဘူး။ ငါက ငါ့ရဲ့ နတ်ဘုရားနယ်ပယ် တာအိုသစ်သီးကို သုံးပြီးတော့ မင်းရဲ့ ကံဆိုးမှု ဆယ်ပုံတစ်ပုံကို ခွဲယူပေးနိုင်တယ် “
“ နတ်ဘုရားနယ်ပယ် “
လုချန်ရှန်းမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ မူဟွမ်က ဟွာရှုနယ်ပယ်ကို အမှန်တကယ် ကျော်လွန်နေခဲ့သည်။
သူသေဆုံးသွားသည့် အချိန်တွင် သူ၏ ဟန့်တားနိုင်စွမ်း ဆုံးရှုံးသွားသည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။ သို့သော် အကယ်၍ သူပြောသည့်စကားများကသာ မှန်ကန်နေမည်ဆိုပါက နတ်ဘုရား အနည်းငယ်ကို ထပ်ရှာကာ ကံဆိုးမှုအကုန်လုံးကို ရှင်းထုတ်နိုင်မည် မဟုတ်လော။
မူဟွမ်မှာ သူ၏ အတွေးများကို မှန်းဆမိနေပုံရကာ စကားထပ်ပြောလာခဲ့သည် “နတ်ဘုရားနယ်ပယ် ပညာရှင်တွေ အများကြီး မရှိတော့ဘူး။ မင်းရဲ့ ကံဆိုးမှုကို လွှဲပြောင်းရယူပြီးတော့ ကပ်ဘေးကို ရင်ဆိုင်တာက လူတစ်ယောက်ရဲ့ ကောင်းမှုကံ အကုန်လုံးကို ပျောက်ကွယ်သွားစေပြီးတော့ သူ့ရဲ့ မျိုးဆက်တွေအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာစေလိမ့်မယ်။ အဲ့လိုလုပ်ပေးနိုင်တဲ့ ပညာရှင်မျိုး ပေါ်လာဖို့ဆိုတာက တကယ်ခက်တယ်။ ပြီးတော့ အဲ့တာကို သန့်စင်ဖို့ လိုအပ်တဲ့ အချိန်က အဆုံးမဲ့တယ် “
“ အဲ့တာက …… “
လုချန်ရှန်း၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ၏ ကံဆိုးမှု ဆယ်ပုံတစ်ပုံကို မျှယူခြင်းကပင် တန်ကြေးကြီးကြီး ပေးဆပ်နေရပြီ ဖြစ်သည်။
အကယ်၍ မူဟွမ်က ၎င်းကို ပြုလုပ်လိုက်မည်ဆိုပါက နောင်တွင် သူ၏ မျိုးဆက်များက သာမန်ဆန်သွားကာ ကျဆင်းသွားရလိမ့်မည် မဟုတ်လော။
ထို့အပြင် နတ်ဘုရားနယ်ပယ် ပညာရှင်တိုင်းက ၎င်းကို မခုခံနိုင်ကြပေ။ ထိုမျှကြီးမားသော ကံကြွေးကို တောင့်ခံရန်အတွက် လူတစ်ဦး၏ မျိုးဆက်များက သဘောတူရလိမ့်မယ်ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းက အောင်မြင်မည် မဟုတ်ပေ။
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းက ထပ်မံ၍ မေးမြန်းနေတော့သည် “ ကျုပ်ကို ခေါ်ချင်ရုံအတွက်နဲ့ အဲ့လောက်ကြီး ရင်းတော့မယ်ပေါ့။ အဲ့တာက တစ်ကိုယ်တည်း မဆန်လွန်းဘူးလား “
ငါ့ရဲ့ မျိုးဆက်မှာ လူသိပ်မကျန်တော့ဘူး။ ဒါပင်မဲ့ မဟာတောရိုင်း နန်းတော်ကို ကာကွယ်နိုင်ပြီးတော့ တောင်ပိုင်းဒေသရဲ့ သက်ရှိသတ္တဝါတွေ ပျက်စီးသွားရမှာကို တားနိုင်သရွေ့တော့ ဘာမဆို ပေးဆပ်ရမှာပဲ “
မူဟွမ်က စိတ်ပျက်အားလျော့နေသည့် အမူအရာမျိုးဖြင့် တုံ့ပြန်လာခဲ့သည်။
လုချန်ရှန်းမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ယခုတွင် သူ၏ ကံဆိုးမှုကို မည်မျှပင် ယူဆောင်သွားပါစေ ၎င်းက ကြီးမားသော ကံကြွေးကို သယ်ဆောင်ကာ တန်ကြေးကြီးကြီး ပေးဆပ်ရမည်ဆိုသည်ကို သူနားလည်သွားခဲ့သည်။
စုမူယွဲ့က ၎င်းနှင့် ထိုက်တန်လှသည်။ သို့သော် နဂါးအတွက်ကမူ ………..
သူ၏ တိတ်ဆိတ်နေမှုကို မြင်လိုက်ရသောအခါတွင် မူဟွမ်က စကားထပ်ပြောလာခဲ့၏ “ အဲ့ဈေးကိုရော ဘယ်လိုထင်လဲ။ ဒါမှမဟုတ် မင်းလိုချင်တာ သိချင်တာ တစ်ခုခု ရှိသေးလား။ ငါ့ဆီမှာ မင်းကို ပေးစရာ အများကြီး မရှိဘူးဆိုပင်မဲ့ လွတ်လွတ်လပ်လပ် ပြောလို့ရတယ် “
“ ခင်ဗျားက တော်တော်လေးကို နှိမ့်ချတတ်တာပဲ “
“ အဲ့တာက နှိမ့်ချနေတာ မဟုတ်ဘူး။ မင်းကိုက ထူးခြားလွန်းနေတာ။ ငါဂုဏ်ယူရတဲ့ ဓားတာအိုကတောင် မင်းအတွက် ဘာမှဟုတ်မနေဘူးလေ။ မင်းက အင်မော်တယ်အဆင့်ကို ခြေလှမ်းတစ်ဝက်တောင် ချထားနိုင်နေပြိ။ မင်းရဲ့ ကျင့်ကြံရေးနယ်ပယ်ကြောင့်သာ အဲ့အဆင့်ကို မရောက်သေးတာ “
မူဟွမ် လေးစားမှုတို့ဖြင့် ပြည့်နှက်နေသော အကြည့်များနှင့် ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းက တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လိုက်၏ “ ဓားတာအိုနဲ့ဆိုရင်တော့ ခင်ဗျားကို အချက်နှစ်ချက် ပြောပြမယ် “
“ ပြောပါ “
“ သူ့ဆီမှာ ဓားတာအိုရဲ့ အမြင့်ပိုင်းနယ်ပယ်တွေကို တက်ဖို့ အခွင့်အရေး ရှိသေးလား “ လုချန်ရှန်းက ရှောင်ဟေးကို လက်ညှိုးထိုးပြလိုက်သည်။
မူဟွမ်က ခေါင်းခါပြကာ ပြန်ပြောလာခဲ့သည် “ သူက အောင်မြင်မှုအတွက် စိတ်အားထက်သန်လွန်းတယ်။ ဓားနှလုံးသားသန့်စင်မှုကို ရဖို့အတွက် အရှေ့မှာရှိနေတဲ့ သူ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကိုတောင် ဖြတ်တောက်မိလုနီးပါးပဲ။ တကယ်လို့ အဲ့တာကို ပြင်ဆင်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိနေပါသေးတယ်။ ဒါပင်မဲ့ အဲ့တာက ငါ့ရဲ့ သိနိုင်စွမ်းထပ် ကျော်လွန်နေတယ်။ တကယ်လို့ နောင်အနာဂတ်မှာ မင်းကိုယ်တိုင် ကြိုးစားကြည့်လို့ရတယ် “
လုချန်ရှန်းမှာ သူတွေးထားသည်နှင့် တူညီသော ခံစားချက်တစ်ခုကို စိတ်ထဲတွင် ခံစားလိုက်ရသည်။ သို့သော် သူက မျှော်လင့်ချက် တစ်စွန်းတစ်စကို ဖမ်းဆုပ်ထားသေးသည်။
ထို့နောက်တွင် သူက ဆက်လက်၍ မေးမြန်းနေတော့၏ “ ကျုပ်က လောင်လျူရဲ့ ဓားတာအိုကို လေ့လာခဲ့တယ်။ သူက ဓားဆန္ဒ ဖြစ်တည်ခြင်း အစောပိုင်းအဆင့်ကို ရောက်နေပြီ။ ဒါပင်မဲ့ ကန့်သတ်ချက်တစ်ခု ရှိနေတဲ့ပုံပဲ။ အဲ့တာက သူ့ကို အဆင့်တက်ရခက်အောင် လုပ်နေတယ်။ အဲ့တာက ဘာကြောင့်လဲ “
မူဟွမ်က သူနှင့်အတူ အချိန်အတော်ကြာ ရှိနေသောကြောင့် လောင်လျူ့ကို သေချာပေါက် သတိပြုမိမည် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးစလုံးက ဓားတာအိုကို ကျင့်ကြံကြသောကြောင့် သူစိတ်ဝင်စားနိုင်ပေသည်။
မူဟွမ်က တိုက်ရိုက်ပြန်ပြောလာခဲ့၏ “ သူ့ဆီမှာ ကန့်သတ်ချက်တစ်ခု တကယ်ရှိနေတယ် “
“ ဘယ်လိုကန့်သတ်ချက်မျိုးလဲ “
“ မွေးရာပါ ကန့်သတ်ချက်ပဲ “ မူဟွမ်က တွေးတွေးဆဆဖြင့် ဖြည်းဖြည်းချင်း ပြောပြနေတော့သည် “ ဓားတာအိုကျင့်ကြံရေးမှာ လုံ့လဝီရိယရှိတာက အားနည်းချက်ကို ကာပေးနိုင်တယ်ဆိုပင်မဲ့ ပါရမီကို ပိုလိုအပ်တယ်။ လောင်လျူက မိုးကြိုးငှက်နဲ့ ကောင်းကင်ဝါးမျိုငှက် ပေါင်းစပ်ထားတဲ့ သက်ရှိတစ်ကောင်လေ။ သူ့ရဲ့ မရီဒန်တွေနဲ့ ခန္ဓာကိုယ်က မသန့်စင်ဘူး။ ဘယ်သူကမှ အဲ့လိုလမ်းကြောင်းမျိုးကို မလျှောက်ခဲ့ဖူးဘူး။ အဲ့တာက ကန့်သတ်ချက်တစ်ခုပဲ “
“ သူကလည်း အဲ့တာကို နားလည်ထားတဲ့ပုံပဲ။ အဲ့တာကြောင့် သူ့ရဲ့ သွေးမျိုးဆက်ကို ဖြတ်တောက်ပြီးတော့ လူသားခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလိုက်တာ။ ဒါပင်မဲ့ အဲ့တာက မလုံလောက်သေးဘူး။ သူက အဲ့ဒီသွေးနှောစွမ်းအားကို မစွန့်ပစ်သေးဘဲနဲ့ ဆက်ပြီးတော့ ထိန်းသိမ်းထားတယ်။ အဲ့တာကြောင့် သူ့ရဲ့ ကန့်သတ်ချက်က အပြည့်အဝ မပျောက်သွားသေးတာ “
“ အဲ့လိုကိုး “
လုချန်ရှန်းမှာ သဘောပေါက်နားလည်သွားခဲ့သည်။ ၎င်းမှာ လောင်လျူက ပါရမီမပါခြင်း မဟုတ်ဘဲ သူ၏တွန့်ဆုတ်မှုကြောင့်သာလျှင် ကန့်သတ်ချက်များ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။
မူဟွမ်က စိတ်ထဲထားပုံမရဘဲ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ မင်းရဲ့ ဘေးကင်းလုံခြုံရေးကို တွေးပူနေဖို့ မလိုပါဘူး။ တကယ်လို့ မင်းကသာ ဆန္ဒရှိမယ်ဆိုရင် ငါ့ရဲ့ တာအိုသစ်သီးကို လမ်းပြအဖြစ် သုံးပြီးတော့ မင်းအတွက် နည်းလမ်းတစ်ခု ချန်ထားပေးခဲ့လို့ရတယ်။ တကယ်လို့ ပြောင်းလဲလို့မရတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် မင်းက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လိမ့်မယ် “
ထိုအခိုက်အတန့်တွင် လုချန်ရှန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုတန်ကြေးက အလွန်တရာ ကြီးမားလွန်းလှသည်။ ထိုလူ၏ ကျင့်ကြံရေးက နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး အင်မော်တယ်နယ်ပယ် ဓားတာအိုကိုပါ ပိုင်ဆိုင်ထားသေးသည်။
အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုပါက အခွင့်အလမ်း အများအပြားကို နောင်လာနောင်သားများအတွက် ချန်ထားပေးနိုင်ပေသည်။ (သို့မဟုတ်) နောက်ထပ် နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးအား ဖန်တီးခြင်းတို့ကိုပင် ပြုလုပ်နိုင်ပေ၏။
ယခုတွင်ကား ထိုကဲ့သို့သော လူက သူ၏ ကံဆိုးမှု ဆယ်ပုံတစ်ပုံကို မျှယူရန် ဆန္ဒရှိနေပြီး သူ့ကိုယ်ပိုင်မျိုးဆက်များ၏ လမ်းကြောင်းကိုပင် ဖြတ်တောက်ပေးကာ သူ၏ တာအိုသစ်သီးကို စွန့်လွှတ်၍ နည်းလမ်းတစ်ခု ဖန်တီးပေးပြီး လုချန်ရှန်းက ကြားဝင်စွက်ဖက်လာမည်ကို မျှော်လင့်နေလျက်ရှိသည်။ သူ၏မျိုးဆက်များအတွက်ပင် မည်သည့်အရာကိုမှ မချန်ပေးထားခဲ့ပေ။
“ အဲ့တာက တန်လို့လား “ လုချန်ရှန်းက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
သို့ရာတွင် မူဟွမ်မှာ ပြုံးရုံသာ ပြုံးနေခဲ့သည်။
“ ငါက ငါ့ရဲ့ မျိုးဆက်တွေကို စွန့်လွှတ်လိုက်ပြီဆိုတာကို ငါသိပါတယ်။ ဒါပင်မဲ့ ဒီမျိုးဆက်ကိုလည်း ငါ့လက်ထက်မှာ မပျောက်ကွယ်သွားစေချင်ဘူး။ ပြီးတော့ တောင်ပိုင်းဒေသကိုလည်း စစ်နွံထဲမှာ မနစ်မွန်းသွားစေချင်ဘူး။ အပြစ်မဲ့တဲ့ အသက်တွေကို စစ်မီးတွေက ဝါးမျိုသွားမှာကို ငါမမြင်ချင်ဘူး “
လုချန်ရှန်းသည် ထိုလူက သက်ရှိသတ္တဝါတိုင်းကို ကာကွယ်ပေးချင်နေသည့် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဆိုသည်ကို သိနေခဲ့သည်။
သူကိုယ်တိုင်ကပင် စိတ်လှုပ်ရှားသွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ အဲ့တာက မင်းရဲ့ ရွေးချယ်မှုပဲလေ “
မူဟွမ်က စကားထပ်ပြောလာခဲ့၏ “ တကယ်လို့ မင်းသာဆိုရင်တော့ တူညီတဲ့ ရွေးချယ်မှုကိုပဲ လုပ်မှာပါ။ မင်းသေသွားတာနဲ့ မင်းရဲ့ဆရာ စီနီယာအစ်ကိုတွေနဲ့ ရင်းနှီးတဲ့ တစ်ခြားလူတွေပါ သေသွားမှာပဲ။ မင်းဘာလုပ်မှာလဲ။ ငါ့ရဲ့ ရွေးချယ်မှုက အနိမ့်ဆုံးအနေနဲ့ သူတို့ကို ရှင်သန်စေနိုင်မှာပဲလေ “
“ ကျုပ်နားလည်ပြီ “
လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ ထိုကဲ့သို့သာ အမှန်တကယ် စစ်ဖြစ်လာမည်ဆိုပါက သူကလည်း ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုလုပ်မည်ဖြစ်သည်။ သက်ရှိသတ္တဝါတိုင်းအတွက် မဟုတ်ဘဲ သူ့ဆရာ စိနီယာအစ်ကိုများနှင့် သူ့အနားတွင် ရှိနေသည့် လူများအတွက် ဖြစ်သည်။
အဆုံးတွင် သူသည် မူဟွမ်ကို ကြည့်ကာ စကားပြောလိုက်သည် “ ကျုပ်သဘောတူတယ် “
“ ကောင်းတယ် “
“ တကယ်လို့ ကျုပ်က တာအိုရဲ့ အထွတ်အထိပ်ကို ရောက်နိုင်ရင် သူတို့ရဲ့ ကံကြွေးနဲ့ ကံဆိုးမှုတွေကို ဖယ်ထုတ်ပြီးတော့ သူတို့ရဲ့ သန့်စင်မှုကို ပြန်ယူပေးမယ် “
“ ကျေးဇူးတင်ပါတယ် “
မူဟွမ်က ပြုံးပြလိုက်သည်။ အဆိုပါ ရလဒ်က သူမျှော်မှန်းထားသည်ထပ် ကျော်လွန်နေခဲ့သည်။ သူသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးက အပြင်လောကမှ ထင်နေသည့်အတိုင်း မဟုတ်ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။
--
……………………………………………………………………………………………………………………………………….