← Chapters

အခန်း ၂၉၄

Vol. 20 Ch. 294

အခန်း ၂၉၄

Vol. 20 Ch. 294

အပိုင်း ( 294 )

မဟာတောရိုင်း နန်းတော်

တောင်ထိပ်တစ်ခုလုံးတွင် ဆိတ်ငြိမ်မှုသာလျှင် ကြီးစိုးမင်းမူနေလျက်ရှိသည်။

လုချန်ရှန်းက ချိန်းဆိုချက်တစ်ခုကို ပြုလုပ်ခဲ့ပြီး မူဟွမ်ကို ယာယီနှုတ်ဆက်ကာ ကူချန်ကျွင်းကို ရှာဖွေရန် ထွက်သွားခဲ့သည်။

သူသည် လမ်းတွင် ရှောင်ဟေးကို လှုပ်နှိုးလိုက်သည်။

ရှောင်ဟေးကမူ အနီးအနားတွင် မည်သူမျ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ယခင်က စကားဝိုင်းကို အမှတ်ရသွားကာ မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ မဟာတောရိုင်း နန်းတော်ရဲ့ ဘိုးဘေးကြီး ဘယ်ရောက်သွားတာလဲ “

“ သူက သူ့ရဲ့ ဘဝနေဝင်ချိန်ကို စောင့်နေတာလေ “

“ သူက မင်းနဲ့ ဘာလုပ်ချင်နေတာလဲ “

“ သူက ငါ့ကို မဟာတောရိုင်း နန်းတော်ရဲ့ ဆရာသခင် ဖြစ်လာစေချင်နေတာလေ “

လုချန်ရှန်း၏ လေသံနှင့် အမူအရာတို့က ခါတိုင်းလိုပင် မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။

သို့ရာတွင် ရှောင်ဟေးက ထပ်မံ၍ မေးမြန်းနေတော့၏ “ မင်းက သူ့အတွက် ဘာအသုံးဝင်လို့လဲ “

“ သူက ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ ငါ့ရဲ့ပါရမီနဲ့ ရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းတဲ့ ငါ့ကို လိုချင်နေတာလေ “

ရှောင်ဟေး : “ … “

တစ်ချို့သော ကိစ္စများကို တစ်ခြားလူများ ပြောဆိုခြင်းက အဆင်ပြေလှသော်လည်း မိမိကိုယ်တိုင် ပြောဆိုခြင်းမှာ ကွဲပြားသော ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်ပေသည်။ ထိုအကောင်က အသေးစိတ် မပြောပြချင်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက ထပ်မံ၍ မေးမြန်းမနေတော့ပေ။

လုချန်ရှန်းကမူ စစ်မြေပြင်ကို ငေးကြည့်နေလျက်ရှိသည်။ ပင်လယ်မျက်လုံးကို ပိတ်ဆို့ရန် စုမူယွဲ့ကို အသုံးပြုခဲ့သောကြောင့် ဆိုးရွားသော အခြေအနေများ မဖြစ်ပေါ်လာခဲ့ဘဲ လူတိုင်းက သူတို့၏ သက်ဆိုင်ရာ အင်အားစုများ လာရောက်ကယ်ဆယ်မည့် အချိန်ကို စိတ်အေးလက်အေး စောင့်ဆိုင်းနေနိုင်ပြီဖြစ်သည်။

သူသည် ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့် အလွန်ပင် အားရကျေနပ်သွားခဲ့သည်။ ကောင်းမှုကုသိုလ်ပြုနိုင်ခဲ့တဲ့ နောက်ထပ်နေ့ရက်တစ်ခုပဲ။

အကယ်၍ ထိုကဲ့သို့သာ ဆက်ဖြစ်နေမည်ဆိုပါက သူက အနှေးနှင့်အမြန်ဆိုသလိုပင် လမ်းလျှောက်နေသည့် မဟာကရုဏာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

သို့ရာတွင် စုမူယွဲ့က အမှန်တကယ် အသက်ရှင်နေသေးသောကြောင့် သူအံ့အားသင့်သွားခဲ့ရသည်။ အတော်လေး ဒေါသထွက်နေကာ စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်နေသော်လည်း သူမမှာ အံ့ဖွယ်ကောင်းလောက်အောင် အဆင်ပြေနေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းကပင် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ထိုမိန်းမ၏ ကံကြမ္မာက မည်မျှမာကြောလိုက်သနည်း။ သူမက ကောင်းကင်ဘုံကို ဆန့်ကျင်နေသည်ဟု သူကိုယ်တိုင်ကပင် ခေါ်ဆိုရမည့်အလား ဖြစ်နေခဲ့သည်။

သူမက မည်သည့်အရာကိုမှ လုပ်ဆောင်ရန် မလိုအပ်ပေ။ ထိုနေရာတွင် မတ်တပ်ရပ်ကာ တောင့်ခံထားရုံသာ ပြုလုပ်ရမည် ဖြစ်သည်။ တစ်ခြားလူများကပင် သူမကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်နည်းဆိုရသော် စုမူယွဲ့က ပြိုင်ဘက်ကင်းနေခဲ့သည်။

“ ရှောင်ဟေး မင်းက ကောင်းကင်ဘုံ အကယ်ဒမီကို စိတ်အေးလက်အေး ပြန်လို့ရပြီ “ ဟု လုချန်ရှန်းက လှမ်းပြောလိုက်သည်။

ရှောင်ဟေးက ခေါင်းငြိမ့်ပြလိုက်သည်။

“ အခုဆိုရင် အသူရာ တောင်ထွတ်မှာ မင်းတစ်ယောက်ပဲ ကျန်တော့တယ်။ တကယ်လို့ မထင်မှတ်ထားတဲ့ ကိစ္စမျိုး မပေါ်လာခဲ့ဘူးဆိုရင် အမွေအနှစ်က လုံခြုံသွားပြီ။ မင်းက မင်းလေ့လာရမှာတွေကို အပြီးသတ်ပြီးတဲ့အချိန်မှာ ပြန်လာပြီးတော့ ကောင်းကျိုးတွေကို ငါနဲ့မျှဝေဖို့ သတိရ။ တကယ်လို့ ကျင်းဝူရွှေ့က လူထပ်ခေါ်ချင်တယ်ဆိုရင် ငါက သူတို့ကို မင်းအတွက် ဖယ်ထုတ်ပေးမယ် “

လုချန်ရှန်းက အချိန်အတော်ကြာ တတွတ်တွတ်ပြောဆိုနေခဲ့သည်။ ရိုးရိုးသားသား ပြောရမည်ဆိုပါက သူက အသူရာတာအိုကို အမှန်တကယ် စိတ်ဝင်စားနေခဲ့သည်။ သူသည် မလဲလှယ်ရသေးသည့် အမှတ်အသားများကို ရှောင်ဟေးကို ပေးလိုက်ကာ ကောင်းကင်ဘုံ အကယ်ဒမီတွင် သူလိုချင်သည့် အရာနှင့်လဲယူရန် ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုပမာဏ သေးသေးလေးက မည်သည့်အရာကိုမှ ပြောင်းလဲစေနိုင်လိမ့်မည် မဟုတ်ပေ။

ရှောင်ဟေးထွက်သွားသည့်နောက်တွင် လုချန်ရှန်းက ကူချန်ကျွင်းဆီသို့ ရောက်ရှိသွားခဲ့သည်။

“ ဆရာ “

“ မင်းပြန်လာပြီပဲ “

ကူချန်ကျွင်းက သူ့ကို ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်ရှုနေတော့၏။

လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ ပြဿနာသေးသေးလေး တစ်ခုရှိခဲ့ပင်မဲ့ အဆင်ပြေသွားပါတယ် “

“ ပင်လယ်မျက်လုံးကို ပိတ်ဆို့ဖို့အတွက် စုမူယွဲ့ကို သုံးတယ်ပေါ့ ……. မင်းက အဲ့တာကိုပဲ စဥ်းစားနိုင်တာလား “

“ အမ် …… “

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ဘာစကားကြီးလဲဟ။ သူမကို မသုံးဘူးဆိုရင် ငါ့ကိုယ်ငါ သုံးလိုက်ရမှာလား။

လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေလျက်ရှိပြီး ကူချန်ကျွင်းကလည်း ဘာမှထပ်မပြောလာတော့ပေ။

သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ဆရာ ကျွန်တော် အပြင်သွားပြီးတော့ တံခါးပိတ်ကျင့်ကြံချင်တယ်။ အချိန်တစ်ခုလောက်ကြာခဲ့ပြီးရင် ပြန်လာခဲ့မယ် “

“ အင်း။ သွား “

ကူချန်ကျွင်းက ၎င်းကို မျှော်လင့်ထားပြီးသား ဖြစ်နေသကဲ့သို့ အေးအေးလူလူ တုံ့ပြန်လာခဲ့ပြီး မည်သို့မျှ မပိတ်ပင် မတားဆီးဘဲ တိုက်ရိုက်ခွင့်ပြုလိုက်သည်။

ထို့နောက်တွင် သူလှည့်ထွက်ကာ ပျောက်ကွယ်သွားခဲ့သည်။ ဤကိစ္စမတိုင်ခင်အချိန်ကသာဆိုပါက သူစိုးရိမ်ပူပန်နေမည်ဖြစ်သည်။ သို့သော် စစ်မြေပြင်မှ သတင်းများ ပျံ့နှံ့လာခဲ့သောကြောင့် သူက အမှန်တရားကို သိရှိနေခဲ့ပြီ ဖြစ်သည်။

လုချန်ရှန်း၏ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ်အဆင့်၈သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် ထိုတပည့်လေးက ထိန်ချန်ထားကာ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေနိုင်သည်ဟု တွေးထားခဲ့သော်လည်း အဆင့်၈အထိ ရောက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းက သူ၏ မျှော်မှန်းချက်များ ကျော်လွန်နေခဲ့သည်။

သူ၏ စိတ်နှလုံးသားပင် လှုပ်ရမ်းသွားခဲ့သည်။ ထိုကဲ့သို့သော စွမ်းရည်မျိုးက လူတိုင်းထပ် သာလွန်နေခဲ့သည်။

သူသည် မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို မမေးမြန်းခဲ့ပေ။ ရလဒ်ကို သိရရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။

မြင့်မြတ်နယ်မြေများ၏ ဆက်ခံသူများနှင့် သူတော်စင်များကပင် ၎င်းကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

အကယ်၍ သူတို့က မွေးရာပါ ဝိညာဥ်အဆင့်၉အထိ ကျင့်ကြံထားနိုင်မည်ဆိုလျှင်တောင်မှ မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုလူများက အသက်တစ်ရာ မပြည့်သေးသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းနေခဲ့ပြီ ဖြစ်သည်။ သူတို့က သူတို့၏ ယခုလက်ရှိအောင်မြင်မှုများကို ရယူနိုင်ခဲ့သည်မှာ သူတို့၏ မူလကိုယ်များက ငယ်ရွယ်စဥ် အချိန်ကတည်းက တံခါးပိတ်ကျင့်ကြံနေကြပြီး သူတို့၏ ကိုယ်ပွားများက အရပ်မျက်နှာအနှံ့ လှည့်လည်သွားလာ၍ အတွေ့အကြုံယူ လေ့ကျင့်နေသောကြောင့် ဖြစ်သည်။

လုချန်ရှန်းကမူ ဘာကိုမှ အထူးတလည်ပြောဆိုနေရန် မလိုအပ်ဘဲ သူက အသက်နှစ်ဆယ်သာ ရှိသေးသည်ဆိုသည်ကိုသိထားရုံဖြင့် လုံလောက်နေပြီဖြစ်သည်။ မည်သူကမှ သူ၏တောက်ပမှုကို မလွှမ်းမိုးနိုင်ကြပေ။

အတော်ဝေးဝေးသို့ လမ်းလျှောက်နေခဲ့ပြီးသည့်နောက်တွင် ကူချန်ကျွင်းက ရုတ်တရက် ရပ်တန့်သွားကာ တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။

“ ကြည့်ရတာတော့ အဲ့အချိန်တုန်းက ငါ့ကို တိုက်ခိုက်ခဲ့တဲ့လူကလည်း အဲ့ကလေးပဲနဲ့တူတယ် “

ကူချန်ကျွင်းသည် ယွဲ့ပြည်ထောင်အတွင်းရှိ နတ်ကောင်းကင်ဂိုဏ်း၏ စမ်းသပ်ပွဲအကြောင်းကို တွေးမိသွားခဲ့သည်။ ဤကိစ္စမတိုင်ခင် အချိန်က လုချန်ရှန်းက ၎င်းကို ဝန်မခံခဲ့ပေ။ သို့သော် ယခုတွင် တိကျသေချာသော အဖြေတစ်ခုကို ရရှိလာခဲ့ပြီဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆုံးတွင် သူသည် စိတ်အေးလက်အေးဖြင့် ထပ်မံ၍ ထွက်ခွာသွားတော့သည်။ အဆင့်တူတွင် ထိုကလေးကို မည်သူမှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ဟွာရှုနယ်ပယ်အတွက်ကမူ အကယ်၍ ထိုလူများကသာ လှုပ်ရှားရဲမည်ဆိုပါက သူက ထိုလူများ၏ နောက်ကွယ်တွင် ရှိနေသည့် လူများကို အပြတ်ရှင်းပေးမည် ဖြစ်သည်။

လုချန်ရှန်းကမူ သူ့ဆရာ ထွက်သွားသည်ကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် သူက ထပ်မံ၍ မဖုံးကွယ်နိုင်တော့ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။ သူ၏လျှို့ဝှက်ချက်များ ပေါ်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက်တွင် သူသည် ဤနေရာမှ ထွက်ခွာသွားကာ မူဟွမ်နှင့် ချိန်းဆိုထားသည့် နေရာဆီသို့ ရောက်ရှိသွားခဲ့သည်။

“ စီနီယာ ကျွန်တော့်ကိစ္စတွေ ရှင်းခဲ့ပြီးပြီ။ ကျုပ်တို့က ဘာဆက်လုပ်သင့်လဲ “

“ မဟာတောရိုင်း နန်းတော်ဆီကို ငါနဲ့ ပြန်လိုက်ခဲ့ “

မူဟွမ်က ထိုကဲ့သို့ ပြောလာခဲ့ကာ လုချန်ရှန်းနှင့်အတူ ထွက်ခွာသွား၏။

ထိုအခိုက်အတန့် အဆုံးမဲ့ ဟင်းလင်းပြင်များ ဆုတ်ဖြဲခံလိုက်ရပြီး လူနှစ်ဦးက ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ဟင်းလင်းပြင်ကို ကျော်ဖြတ်ခြင်းက အမြန်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ သို့တိုင်အောင် သူတို့က တောင်ပိုင်းဒေသသို့ ပြန်လည်ရောက်ရှိရန်အတွက် အချိန်အတော်ကြာ သုံးစွဲခဲ့ရသည်။ ဤကောင်းကင်နှင့် မြေပြင်က အလွန်တရာ ကျယ်ပြောလျသောကြောင့် ဒေသတစ်ခုကပင် အဆုံးမဲ့နယ်မြေတစ်ခုအလား ဖြစ်နေခဲ့၏။

လမ်းတစ်လျှောက်တွင် လုချန်ရှန်းက မူဟွမ်၏ ခန္ဓာကိုယ်မှ ပေါ်ထွက်နေသည့် နတ်တာအို စွမ်းအင်ကို ခံစားမိနေခဲ့ပြီး ထိုကဲ့သို့သော ခံစားချက်မျိုးက အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလှသည်။

ကျင့်ကြံရေး လမ်းကြောင်းတွင် မွေးရာပါဝိညာဥ်နယ်ပယ်အထိ တက်လာနိုင်မည်ဆိုလျှင်တောင်မှ ၎င်းက လူသားတာအိုနယ်ပယ်အတွင်းတွင်သာ ရှိနေသေးသည်။ ဟွာရှုနယ်ပယ်မှာ လူသားတာအိုမှ နတ်တာအိုသို့ ကူးပြောင်းသည့် အဆင့်ဖြစ်ပြီး ၎င်းကို ကျော်ဖြတ်နိုင်မှသာလျှင် နတ်တာအိုဆီသို့ ခြေချနိုင်လိမ့်မည် ဖြစ်သည်။

မူဟွမ်ကမူ သူ့ဘေးနားတွင် ရှိနေသည့် လူငယ်လေးကို ငေးကြည့်ကာ အလွန်တရာ ပျော်ရွှင်နေလျက်ရှိသည်။ သူရှိနေသောကြောင့် အကြပ်အတည်းအားလုံး ပြီးဆုံးသွားတော့မည် ဖြစ်သည်။

အစတွင် သူသည် ထိုကလေးကို ခေါ်ဆောင်ရန် ယုံကြည်မှု လုံလုံလောက်လောက် ရှိမနေခဲ့ပေ။ သူက နတ်တာအို ပညာရှင်တစ်ဦးဖြစ်ကာ အင်မော်တယ်နယ်ပယ် ဓားတာအိုကို ပိုင်ဆိုင်ထားသော်လည်း အဆိုပါ လူငယ်လေး၏ အမြင်တွင် ၎င်းတို့က မည်သို့မျှ အရေးပါမနေခဲ့ပေ။

ထိုကလေးက အနှေးနှင့် အမြန်ဆိုသလိုပင် နတ်တာအိုအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး သူ၏ ဓားတာအိုမှာလည်း ကြောက်ခမမ်းလိလိ အားကောင်းနေခဲ့သည်။ တစ်ခြားလူများက လက်လှမ်းမမှီနိုင်သည့် အောင်မြင်မှုဟု ခေါ်ဆိုသည့် အရာများမှာ ထိုလူငယ်လေးအတွက် အချိန်အတိုင်းအတာ တစ်ခုအကြာတွင် ပြီးမြောက်သွားနိုင်သည့် ကိစ္စများသာ ဖြစ်နေခဲ့သည်။

သူက ထိုအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိသွားမည်ဖြစ်ပြီး ကြာချိန်က များစွာရှည်လျားနေလိမ့်မည် မဟုတ်ပေ။

အဆုံးတွင် သူတို့က တောင်ပိုင်းဒေသရှိ မဟာတောရိုင်း နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မူဟွမ်သည် လုချန်ရှန်းကို ကြည့်ကာ စကားပြောလိုက်သည် “ လူငယ်လေး အဆင်သင့်ဖြစ်ပြီလား “

“ သူတော်စင်အဖြစ် ဟန်ဆောင်ရုံတင်ပဲမလား။ ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး “

သူက ဝူဝမ်နယ်မြေတွင် မြင့်မြတ်နယ်မြေ သုံးခုနှင့် အမျိုးမျိုးသော ရှေးဟောင်းဂိုဏ်းများကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့ဖူးသည်။

မူဟွမ်ကမူ ဘာမှ ထပ်မပြောလာတော့ဘဲ မဟာတောရိုင်း နန်းတော်အတွင်းသို့သာ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။ သူတို့ကို မည်သူကမှ အာရုံမခံမိသကဲ့သို့ မည်သူကမှ မထောက်လှမ်းနိုင်ခဲ့ပေ။

လုချန်ရှန်းမှာလည်း အရာအားလုံးကို ဂရုတစိုက် စူးစမ်းလေ့လာနေခဲ့သည်။ အစတွင် ဤနေရာက အဆုံးမဲ့ ဂုဏ်ကျက်သရေတို့ဖြင့် ပြည့်နှက်ကာ ကြောက်ရွံ့လေးစားမှုတို့ကို ဖြစ်ပေါ်စေသည့် တောင်ပိုင်းဒေသ၏ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ခဲ့ဖူး၏။ သို့သော် ယခုတွင်မူ ၎င်းက သေဆုံးခြင်း စွမ်းအင်တို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။

တပည့်တပန်းများ၏ မျက်ဝန်းများအတွင်းတွင်လည်း စိတ်ပျက်အားလျော့မှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ဟွာရှုနယ်ပယ် ပညာရှင်များကပင် အမူအရာများ မည်းမှောင်နေကြသည်။

အရာအားလုံးက မူဟွမ်သေဆုံးသွားသည့် သတင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သာလျှင်မဟုတ်ဘဲ လုချန်ရှန်းမှာ အရှိန်အဝါတစ်ချို့ကို အာရုံခံမိသွားခဲ့သည်။ လူတစ်ချို့က မဟာတောရိုင်း နန်းတော်၏ အတွင်းပိုင်းတွင် တိတ်တဆိတ် ထိုင်နေလျက်ရှိသည်။ သူတို့က ဒေသသုံးခု၏ မြင့်မြတ်နယ်မြေများနှင့် အင်အားစု အမျိုးမျိုးမှ ရောက်ရှိလာသည့် လူများပင် ဖြစ်သည်။

သူတို့က ဝမ်းနည်းချင်ယောင်ဆောင်ကာ အမှန်တရားကို စုံစမ်းရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းက မူဟွမ်နောက်သို့ လိုက်ကာ မြင့်မြတ်နယ်မြေ၏ အတွင်းပိုင်းသို့ တိုးဝင်သွားခဲ့သည်။ သူတို့၏ အမြင်အာရုံအတွင်းသို့ ယဇ်ပုလ္လင်တစ်လုံး ဝင်ရောက်လာခဲ့သည်။

လူများက ဒူးထောက်၍ ရှစ်ခိုးပူဇော်ကာ ရှေးဟောင်း ယဇ်ပူဇော်ပွဲတစ်ခုကို ပြုလုပ်နေပုံရ၏။

“ သူတို့က ဘာလုပ်နေကြတာလဲ “ ဟု လုချန်ရှန်းက မေးမြန်းလိုက်သည်။

မူဟွမ်က ပြန်ပြောလာခဲ့သည် “ သူတော်စင်ကလေးငယ်ကို နှိုးဖို့အတွက် ယဇ်ပူဇော်ဖို့ လုပ်နေကြတာ “

“ သူသေသွားပြီဆိုတာကို သူတို့က မသိကြသေးတဲ့ပုံပဲ “

“ အဲ့လိုလုပ်ဖို့ ငါပြောလိုက်တာ “ မူဟွမ်က စကားထပ်ပြောလာခဲ့၏။

လုချန်ရှန်းက မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်သည် “ ကျုပ်လာမယ်ဆိုတာ အဲ့လောက်တောင် သေချာနေတာလား “

“ မသေချာပါဘူး။ ဒါပင်မဲ့ ကြိုတင်ပြင်ဆင်မှုတော့ လုပ်ထားရမယ်လေ။ တကယ်လို့ မင်းမလာဘူးဆိုရင် ကံပဲပေါ့။ တကယ်လို့ မင်းလာခဲ့ပြီးတော့ ငါက ဘာမှမလုပ်ထားဘူးဆိုရင်တော့ ခွေးဖြစ်သွားမှာပေါ့ “

“ ခင်ဗျားပြောတာက ယုတ္တိရှိသားပဲ “ လုချန်ရှန်းက ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။

မူဟွမ်က တဟားဟား ရယ်မောနေတော့သည်။

လုချန်ရှန်းကမူ အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ဒါပင်မဲ့ ကျုပ်ဆီမှာ မေးခွန်းတစ်ခု ရှိနေတုန်းပဲ “

“ ဘာလဲ “

“ ခင်ဗျားပြောတာတွေအရဆိုရင် တကယ်လို့ သူတော်စင် ကလေးငယ် မသေဘူး(ဒါမှမဟုတ်) ကျုပ်က သူ့နေရာကို အစားထိုးလိုက်မယ်ဆိုရင်တောင်မှ ကျုပ်တို့က မွေးရာပါ ဝိညာဥ်နယ်ပယ်မှာပဲ ရှိနေသေးတယ်။ ကျုပ်တို့က ဘာများပြောင်းလဲပေးနိုင်မှာမို့လို့လဲ “

သူသည် သူနားမလည်နိုင်ဖြစ်သည့် အရာကို ထုတ်မေးလိုက်သည်။ မွေးရာပါ ဝိညာဥ်အဆင့်၈(သို့) အဆင့်၉ မည်မျှပင် အံ့ဖွယ်ကောင်းနေခဲ့ပါစေ ယခုလက်ရှိ အခြေအနေကို ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် မူဟွမ်က မည်သည့်အတွက်ကြောင့် ဤမျှလောက် ကြိုးစားအားထုတ်နေရသနည်း။

--

………………………………………………………………………………………………………………………………………

All Chapters