← Chapters

အခန်း ၂၉၆

Vol. 20 Ch. 296

အခန်း ၂၉၆

Vol. 20 Ch. 296

အပိုင်း ( 296 )

ဟန်ဆောင်မနေနဲ့ လှုပ်ရှားကြတော့

မဟာတောရိုင်း နန်းတော်အတွင်းတွင် တိတ်ဆိတ်မှုသာလျှင် ကြီးစိုးနေခဲ့သည်။

လူတိုင်းက ယဇ်ပုလ္လင်ကို မော့ကြည့်လိုက်ပြီး ကောင်းကင်နှင့်‌ မြေပြင်ကို ချိတ်ဆက်ထားသည့် အလင်းတိုင်လုံးတစ်ခုကို စောင့်ကြည့်နေခဲ့ကြသည်။ လေထုအတွင်းတွင် ရှေးဟောင်းအရှိန်အဝါတစ်ခု ရစ်ဆိုင်းနေလျက်ရှိကာ ဘိုးဘွားနယ်မြေနှင့် ချိတ်ဆက်နေခဲ့ပြီ ဖြစ်သည်။

သူတို့သည် သူတော်စင် နိုးထလာပြီး ဘိုးဘွားနယ်မြေအတွင်းမှ ထွက်လာကာ မဟာတောရိုင်း နန်းတော်အား ထိန်းချုပ်လာမည်ကို စောင့်ဆိုင်းနေကြ၏။

ကျန်ရှိနေသည့် လူများကမူ သူတော်စင်က အမှန်တကယ် ရှင်သန်နေသေးလားဆိုသည်ကို အတည်ပြုနိုင်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။

သူတို့က မြင့်မြတ်နယ်မြေများနှင့် ရှေးဟောင်းဂိုဏ်း အသီးသီးမှ လူများဖြစ်ပြီး ချက်ချင်းဆိုသလိုပင် လူတိုင်း၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။ လူတော်တော်များများသည် မဟာတောရိုင်း နန်းတော်က ပြိုင်ဘက်ကင်း သူတော်စင်တစ်ဦး ပိုင်ဆိုင်ထားကြောင်းကို သိရှိနေခဲ့၏။

ထို့ကြောင့်ပင် မူဟွမ်သေဆုံးသွားပြီဆိုသည့် သတင်းပျံ့နှံ့လာသည့် အချိန်တွင် အဆိုပါ အင်အားစုများက အလျင်စလို မလှုပ်ရှားဘဲ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ဤမြင့်မြတ်နယ်မြေက အလကားထိုင်ကြည့်နေမည် မဟုတ်ဘဲ အင်အားစုအကုန်လုံးကို ဟန့်တားရန်အတွက် ရှေးဟောင်းသူတော်စင် ကလေးငယ်ကို လှုပ်နှိုးလိမ့်မည်ဖြစ်သည်။

သို့ရာ၌ လူတစ်ချို့ကမူ ဤကိစ္စမတိုင်ခင် အချိန်ကတည်းက ရှေးဟောင်းသူတော်စင် ကလေးငယ်က ပြင်းထန်သော တာအိုဒဏ်ရာတစ်ခုကို ခံစားခဲ့ရပြီး အသက်မရှင်နိုင်လောက်တော့ဘူးဆိုသည့် အမှန်တရားကို သိရှိခဲ့ကြသည်။

မဟာတောရိုင်း နန်းတော်အတွင်းရှိ လူတစ်ချို့သည် ပြိုလဲတော့မည့် အခြေအနေကို မြင်လိုက်ရသောအခါတွင် အဆိုပါ လျှို့ဝှက်ချက်ကို ဖော်ထုတ်ကာ သူတို့ကိုယ်တိုင်အတွက် လွတ်လမ်းများ ပြုလုပ်ခဲ့ကြသည်။

ထိုကိစ္စကြောင့်ပင် ဤနေရာတွင် အမျိုးမျိုးသော အင်အားစုများ ကျန်ရှိနေရခြင်းဖြစ်ပြီး သူတော်စင်က အသက်ရှင်နေသေးလားဆိုသည်ကို လူတိုင်းက သိချင်နေကြသည်။ အဖြေရရန်အတွက် အချိန်တစ်ခုသာ လိုအပ်ပေသည်။

ဤအခိုက်အတန့်တွင် ယဇ်ပုလ္လင်တွင် လှိုင်းလုံးလေးများ ဖြစ်တည်လာခဲ့ပြီး ရောင်ခြည်တန်းများက ကောင်းကင်ပြင်ကို လင်းလက်သွားစေပြီး မဟာတောရိုင်း နန်းတော်တွင် ရှိနေသည့် လူတိုင်းကို စိတ်တင်းကြပ်သွားစေခဲ့၏။

သူတို့နှင့် တစ်ခြားသော အင်အားစုတိုင်းက လူများသည် တောင်ပိုင်းဒေသ၏ ကံကြမ္မာနှင့် ဤမြင့်မြတ်နယ်မြေက ဆက်လက်၍ တည်ရှိနိုင်မည်လားဆိုသည်တို့က လူတစ်ဦးအပေါ်တွင် မူတည်နေကြောင်း နားလည်နေခဲ့သည်။

အရာအားလုံး ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး ယဇ်ပုလ္လင်ပေါ်ရှိ အလင်းတန်းက အထွတ်အထိပ်အထိ ရောက်ရှိသွားခဲ့သည်။ လူတစ်ချို့သည် နတ်စစ်သည်တော်ကဲ့သို့သော တစ်စုံတစ်ဦးက ဆင်းသက်လာမည်ကို မျှော်လင့်နေခဲ့ကြသည်။ ထိုစဥ် တစ်ခြားလူများက မည်သူမှ မပေါ်ထွက်လာစေရန် တိတ်တဆိတ် ဆုတောင်းနေခဲ့ကြသည်။

အချိန်းများ တဖြည်းဖြည်း ကုန်ဆုံးသွားကာ တောက်ပလွန်းသည့် အလင်းတန်းမှာလည်း စတင်၍ မှိန်ဖျော့လာခဲ့ပြီ ဖြစ်သည်။

၎င်းက မဟာတောရိုင်း နန်းတော်မှ လူများ၏ စိတ်နှလုံးသားများကို တင်းကြပ်သွားစေခဲ့သည်။ အကယ်၍ သူကသာ မပေါ်လာခဲ့ဘူးဆိုပါက ရလဒ်က ပြီးပြတ်သွားတော့မယောင်ပင်။

ဆန့်ကျင်ဘက်အနေဖြင့် ယခင်က စိတမသက်မသာ ဖြစ်နေခဲ့သည့် တစ်ခြားလူများကမူ တဖြည်းဖြည်း စိတ်သက်သာရာရသွားကာ ပြုံးစိစိ ဖြစ်သွားကြသည်။

အရာအားလုံး ပြီးဆုံးသွားကာ မည်သူမှ မရောက်လာခဲ့ဘဲ ရလဒ်က သူတို့မျှော်မှန်းထားသည့်အတိုင်းသာ ဖြစ်နေခဲ့၏။

မဟာတောရိုင်း နန်းတော်အတွင်းရှိ လူတိုင်းက မတူညီသော အမူအရာများကို ဆင်မြန်းထားခဲ့သည်။ တစ်ချို့၏ အမူအရာများက ပြာနှမ်းနေပြီး တစ်ချို့၏ အမူအရာများက မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေလျက်ရှိကာ လူတစ်ချို့ကမူ အပြုံးပန်းများကို ဆင်မြန်းထားခဲ့ကြသည်။

အဆုံးတွင် တစ်စုံတစ်ဦးက သည်းမခံနိုင်တော့ဘဲ ယဇ်ပုလ္လင်ဆီသို့ ပြေးတက်သွားကာ ကျယ်လောင်စွာ ငိုကြွေးနေတော့သည်။

“ သူတော်စင် ကျေးဇူးပြုပြီးတော့ မြန်မြန်လေး နိုးထပေးပါဗျာ။ ကျွန်တော့်ရဲ့ မဟာတောရိုင်း နန်းတော်က ခင်ဗျားကို လိုအပ်နေပါတယ် “

“ အမွေအနှစ်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ပြီး ကပ်ဘေးကြီးကို ခက်ခက်ခဲခဲ ကျော်လွှားခဲ့ရတယ်လေ။ ဒီအတိုင်း ပျက်စီးပျောက်ကွယ်သွားရမှာကို ဘယ်လိုလုပ် စောင့်ကြည့်နေနိုင်ရတာလဲဗျ “

“ ကျွန်တော်တို့က မဟာတောရိုင်း နန်းတော်ရဲ့ ရှေးလူကြီးတွေနဲ့ မထိုက်တန်ပါဘူး။ ဒါပင်မဲ့ သူတော်စင် ခင်ဗျားက ဘယ်ရောက်နေတာလဲ။ ဘာလို့ မနိုးလာသေးရတာလဲ “

…

အသံများ အဆက်မပြတ် ဟိန်းထွက်လာခဲ့ပြီး လူတော်တော်များများက ကျယ်လောင်စွာ ငိုကြွေးနေခဲ့ကြသည်။ သူတို့က ထိုကဲ့သို့သော ရလဒ်မျိုးကို မမြင်ချင်ကြသကဲ့သို့ မြင့်မြတ်နယ်မြေက ပိုင်းခြားဖျက်စီးခံလိုက်ရပြီး တောင်ပိုင်းဒေသတွင် စစ်မီးများ တောက်လောင်လာမည်ကို မမြင်လိုကြပေ။

သို့ရာ၌ ယဇ်ပုလ္လင်ပေါ်ရှိ အလင်းတန်းမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အလင်းတိုင်လုံးမှာလည်း ယခင်ကကဲ့သို့ မတောက်ပနိုင်တော့ပေ။ သူတို့တွေ့မြင်ချင်နေသည့် လူကိုလည်း ခေါ်ဆောင်နိုင်ရန် ကျရှုံးခဲ့သည်။

မလှမ်းမကမ်းတွင် တစ်စုံတစ်ဦးက ပြုံးစိစိ ဖြစ်သွားခဲ့သည်။

၎င်းက သူတို့မြင်တွေ့ချင်နေသည့် ရလဒ်မျိုး ဖြစ်သည်။

“ ကြည့်ရတာတော့ မဟာတောရိုင်း နန်းတော်ရဲ့ သတင်းတွေက မှန်နေတဲ့ပုံပဲ။ အဲ့ဒီသူတော်စင်က အချိန်မြစ်ထဲမှာ နစ်မြုပ်သွားတာ တော်တော်ကြာနေလောက်ပြီ “ တစ်စုံတစ်ဦး၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

နောက်ဆုံးသော အတားအဆီး မရှိတော့သောကြောင့် သူတို့က တောင်ပိုင်းဒေသကို တဖြည်းဖြည်း ထိန်းချုပ်ကာ ကျယ်ပြန့်သော ပိုင်နက်ကို ပိုင်းစိတ်ခွဲခြမ်း သူတို့၏ အင်အားစုများကို ပိုမိုသန်မာအားကောင်းသွားအောင် ပြုလုပ်မည် ဖြစ်သည်။

အကြည့်ပေါင်းများစွာက စောင့်ကြည့်နေခဲ့ပြီး အဆုံးတွင် တောက်ပမှု မှိန်ဖျော့သွားကာ ဖျော့တော့သော အလင်းမှုန်တစ်ခုသာလျှင် ကျန်နေခဲ့သည်။

“ သူတော်စင် “

အဘိုးအိုတစ်ဦးသည် ကိုယ့်ကိုကိုယ် ယဇ်ပုလ္လင်ပေါ် ပစ်တင်လိုက်ကာ ငိုကြွေးနေတော့သည်။

အကယ်၍ သူတော်စင် မပေါ်လာခဲ့ဘူးဆိုပါက မဟာတောရိုင်း နန်းတော် ပျောက်ကွယ်သွားကာ အဆုံးမဲ့ သွေးထွက်သံယိုဖြစ်ရပ်များ ပေါ်ပေါက်လာမည် ဖြစ်သည်။

ထိုလူများက အလွန်တရာ သတိကြီးနေခဲ့ကာ အလင်းတန်းက အပြည့်အဝ မပျောက်ကွယ်သွားခင် အချိန်အထိ အလျင်စလို ရှေ့မတက်ခဲ့ကြပေ။ ထိုနေရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထိုအချိန်မှသာလျှင် အပြင်လူအားလုံး အပြည့်အဝ စိတ်သက်သာရာရသွားကြသည်။

တစ်ပြိုင်နက်ဆိုသလိုပင် မဟာတောရိုင်း ခန်းမ အပြင်ဘက်မှ အရှိန်အဝါများ ပျံ့လွင့်လာခဲ့၏။ ထိုလူများ စောင့်ဆိုင်းနေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

ယနေ့တွင် သူတို့က တောင်ပိုင်းဒေသကို သန့်စင်ကာ ပိုင်နက်များ ခွဲခြမ်းမည် ဖြစ်သည်။

ထို့နောက်တွင် မုတ်ဆိတ်မွေးနှင့် ဆံပင်များ ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦးက လူအုပ်အတွင်းမှ လျှောက်လှမ်းလာခဲ့သည်။ သူက ထျန်းရီမြင့်မြတ်နယ်မြေ၏ လူတစ်ဦးဖြစ်ပြီး ယဇ်ပုလ္လင်အရှေ့တွင် ရှိနေသည့် လူတိုင်းကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။

“ အားလုံးပဲ သေခြင်းရှင်ခြင်းကို ကောင်းကင်ဘုံက သတ်မှတ်ပေးထားတာပါ။ အဲ့တာကို ဘယ်သူကမှ မခန့်မှန်းနိုင်သလို ပြောင်းလဲလို့လည်း မရဘူး။ ကောင်းကင်ဘုံကို ဘယ်သူကမှ မဆန့်ကျင်နိုင်ဘူး “

“ အမှန်ပဲ “ ထိုအခိုက်အတန့်တွင် ထျန်းကျီစံအိမ်၏ လူကပါ ရှေ့ထွက်၍ စကားဝင်ပြောလာခဲ့၏ “ အဲ့တာက ကောင်းကင်ဘုံရဲ့ ဆန္ဒဆိုမှတော့ ဘာကိစ္စ ဖက်တွယ်နေတော့မှာလဲ။ အားလုံးက ကံပါလာပြီးသားပဲလေ “

ထိုစဥ် ရဟန်းအိုတစ်ပါးပါ ရှေ့ထွက်လာခဲ့သည်။ သူသည် လက်အုပ်ချီထားပြီး ငြိမ်းချမ်းသော အရှိန်အဝါကို ထုတ်လွှတ်နေကာ ဗုဒ္ဓရောင်ခြည်တော်တို့၏ ဖုံးလွှမ်းခြင်းကို ခံထားရသည်။

“ အမိတက္ဘ။ အရာအားလုံးက ကံစီမံရာအတိုင်းပါပဲ။ မဟာတောရိုင်း နန်းတော်က ဒီအခြေအနေအထိ ရောက်လာမယ်လို့ ဘယ်သူကမှ ကြိုမသိပါဘူး။ ကျုပ်ရဲ့ အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းက ဒီအတိုင်း ဘေးထွက်ကြည့်နေမှာ မဟုတ်ပါဘူး။ ကျုပ်တို့က တောင်ပိုင်းဒေသရဲ့ ပဋိပက္ခတွေကို ဖိနှိပ်ပြီးတော့ စစ်မီးမတောက်အောင် တားဆီးပေးမှာပါ “

“ ကျုပ်ရဲ့ ထျန်းရီမြင့်မြတ်နယ်မြေကလည်း အခုချိန်ကနေစပြီးတော့ မဟာတောရိုင်း နန်းတော်ကို ကာကွယ်စောင့်ရှောက်ပေးပါမယ် “

သူတို့၏ အသံများက မကျယ်လောင်သော်လည်း မိုးကြိုးကဲ့သို့ ပေါက်ထွက်သွားခဲ့သည်။ လူတိုင်းက အနောက်သို့ လှည့်ကြည့်နေကြတော့သည်။

ဘာကိုဆိုလိုတာလဲ။ တစ်ယောက်က တောင်ပိုင်းဒေသရဲ့ ပဋိပက္ခတွေကို ဖိနှိပ်မယ်လို့ပြောနေပြီး နောက်တစ်ယောက်က မဟာတောရိုင်း နန်းတော်ကို စောင့်ရှောက်မယ်လို့ ပြောနေတယ်ပေါ့။

ထိုအခိုက်အတန့်တွင် အကြီးအကဲတစ်ဦးက မတ်တပ်ထရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အစွမ်းထက် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းက မဟာတောရိုင်း နန်းတော်၏ မဟာအကြီးအကဲ မူချွမ်ပင် ဖြစ်သည်။ သူက ဟွာရှုနယ်ပယ် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည်။

သူသည် တစ်ခြားလူများကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အားလုံးပဲ ခင်ဗျားတို့ကို ဒုက္ခပေးဖို့ မလိုပါဘူး။ ကျုပ်တို့က တောင်ပိုင်းဒေသရဲ့ ပဋိပက္ခတွေကို ကိုယ့်ဘာသာ နှိမ်နင်းနိုင်ပါတယ်။ တစ်ခြားလူတွေရဲ့ အကာအကွယ်ကို မလိုအပ်ပါဘူး။ ကျေးဇူးပြုပြီးတော့ ပြန်ကြပါတော့ “

မူချွမ်က ပွင့်ပွင့်လင်းလင်းပြောဆိုလာခဲ့သည်။

သို့ရာတွင် ရဟန်းအိုက ပြန်ပြောလာခဲ့၏ “ ငါ့ရဲ့ ဗုဒ္ဓဂိုဏ်းက ကရုဏာကြီးပြီးတော့ သွေးထွက်သံယိုတွေ ဖြစ်လာမှာကို မလိုလားဘူး။ ငါတို့က တောင်ပိုင်းဒေသရဲ့ သက်ရှိသတ္တဝါတွေကို ငါတို့ဗုဒ္ဓဂိုဏ်းဆီ ဖိတ်ခေါ်ပေးဖို့ ဆန္ဒရှိတယ်။ သူတို့ကို ကာကွယ်ပေးမယ် ပြီးတော့ မဟာတောရိုင်း နန်းတော် ဖျက်စီးခံရမှာကိုလည်း တားဆီးပေးမယ် “

“ ဘိုးဘေးကြီး ဆုံးသွားပြီးတော့ သူတော်စင်ကလည်း ကျဆုံးသွားပြီ။ မင်းတို့ မဟာတောရိုင်း နန်းတော်က ပဋိပက္ခတွေကို မနှိမ်နင်းနိုင်ဘူး။ ငါ့ရဲ့ ထျန်းရီမြင့်မြတ်နယ်မြေက လုပ်နိုင်တယ် “

ဗုဒ္ဓဂိုဏ်းနှင့် ယှဥ်လိုက်မည်ဆိုပါက ထျန်းရီမြင့်မြတ်နယ်မြေက ပိုမိုပွင့်လင်းနေခဲ့သည်။

ထျန်းကျီစံအိမ်နှင့် ထျန်းရီမြင့်မြတ်နယ်မြေတို့က မဟာမိတ်ဖွဲ့ထားသည်ဆိုသည်ကို လူတိုင်းက သိနေကြသည်။

ကျန်နေသည့် အဖွဲ့များကမူ စကားဝင်မပြောလာခဲ့ပေ။ မြောက်ပိုင်းဒေသ၏ ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်ပါ ရောက်ရှိလာခဲ့သည်။ သို့သော် သူတို့သည် စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေကြသည်။ အကယ်၍ ထိုကဲ့သို့ ဖြစ်လာပါက သူတို့ကလည်း ဝေစုတစ်ခု ရရှိမည် ဖြစ်သည်။

မူချွမ်က ပြန်ပြောလိုက်သည် “ ငါ့ရဲ့ မဟာတောရိုင်း နန်းတော်ကို ထိန်းချုပ်ပြီးတော့ တောင်ပိုင်းဒေသရဲ့ ပိုင်နက်တွေကို ခွဲခြမ်းချင်နေတာလား “

အရာအားလုံးက ရှောင်လွှဲ၍ မရတော့သောကြောင့် မူချွမ်က တိုက်ရိုက်ပြောဆိုနေတော့သည်။ သွေးထွက်သံယိုဖြစ်ရပ်များက သေချာပေါက် ပေါ်ထွက်လာရတော့မည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ထျန်းရီမြင့်မြတ်နယ်မြေ၏ လူက စကားထပ်ပြောလာခဲ့သည် “ တာအိုရောင်းရင်း မင်းတို့ဂိုဏ်းက ဘိုးဘေးကြီးကို လက်လွှတ်လိုက်ရပြီဆိုတာကို မသိဘူးလား။ မင်းတို့ရဲ့ မဟာတောရိုင်း နန်းတော်က တောင်ပိုင်းဒေသ(ဒါမှမဟုတ်) အဲ့တာရဲ့ ကံတရားကို မထိန်းချုပ်နိုင်တော့ဘူး။ အဲ့တာကိုတောင် ခုခံချင်နေသေးတာလား “

“ ဒါက ငါ့မဟာတောရိုင်း နန်းတော်ရဲ့ ကိစ္စလေ။ ဘယ်လိုလုပ် ခုခံတယ်ဖြစ်သွားရတာလဲ “ မူချွမ်၏ အသံ ပေါက်ထွက်လာခဲ့သည်။

ရဟန်းအိုက စကားဝင်ပြောလာခဲ့၏ “ ငါ့ရဲ့ ဗုဒ္ဓဂိုဏ်းက တောင်ပိုင်းဒေသကို ကယ်တင်ပေးဖို့ ဆန္ဒရှိပါတယ် “

“ မရဘူးလို့ ငါပြောနေတယ်လေ “

မူဟွမ်က ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ ဟင်းလင်းပြင်အတွင်းသို့ ခုန်တက်သွားတော့သည်။

အင်အားစုများ ထိပ်တိုက်တွေ့နေကြတော့သည်။

အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် မဟာတောရိုင်း နန်းတော်၏ တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့သည် “ မဟာအကြီးအကဲ ကိစ္စတွေက ဒီလိုဖြစ်လာခဲ့ပြီလေ။ ဘာဖြစ်လို့ ဖက်တွယ်နေရသေးတာလဲဗျ။ ကျုပ်တို့ရဲ့ မဟာတောရိုင်းနန်းတော်က တောင်ပိုင်းဒေသကို ထပ်ပြီးတော့ မဖိနှိပ်နိုင်တော့ဘူး “

“ တကယ်လို့ အရှေ့ပိုင်းဒေသက တာအိုရောင်းရင်းတွေက ကူညီဖို့ဆန္ဒရှိတယ်ဆိုရင် သူတို့က ကြက်ကလေးငှက်ကလေးတွေကို နှိမ်နင်းပြီးတော့ ဒုက္ခကြီးဖြစ်ရမှာကို ရှောင်လွှဲနိုင်တယ်လေ။ ကျုပ်ရဲ့ မဟာတောရိုင်း နန်းတော်က နောက်ဆုတ်လိုက်သင့်တယ် “

အဘိုးအိုနှစ်ဦးက ရှေ့ထွက်ကာ စကားဝင်ပြောလာကြ၏။

လူတိုင်းက ၎င်းကို ငေးကြည့်ကာ အံ့အားသင့်သွားကြသည်။ သို့သော် ဒေါသထွက်သွားသည်ကသာလျှင် ပိုများနေခဲ့သည်။

သို့ရာတွင် မူချွမ်က နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်သည် “ တတိယ အကြီးအကဲနဲ့ စတုတ္ထ အကြီးအကဲ တကယ်ကို မင်းတို့နှစ်ယောက် ဖြစ်နေခဲ့တာပဲ “

သူတို့၏ အကြည့်များအောက်မှာပင် လူနှစ်ဦးက ရှေ့တက်လာခဲ့သည်။ သူတို့က တတိယ အကြီးအကဲ ရွှမ်ခွန်းနှင့် စတုတ္ထ အကြီးအကဲ ရွှမ်ယုတို့ပင် ဖြစ်သည်။

ယခင်က သူတော်စင်ရှိနေသေးသည့် အချိန်မှာပင် အမျိုးမျိုး‌သော အင်အားစုများက ရန်လိုခဲ့ကြသည်။ သို့သော် တစ်စုံတစ်ဦးက သူတောင်စင် ကျဆုံးသွားပြီဆိုသည့် သတင်းကို ဖြန့်လိုက်သောကြောင့် ယခုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်သည်။

၎င်းတို့ကြောင့်သာမဟုတ်ပါက စီစဥ်ပြင်ဆင်ရန်အတွက် သူတို့ထံတွင် အချိန်များစွာ ကျန်နေဦးမည် ဖြစ်သည်။

တစ်ခဏခန့်အထိ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထို့နောက်တွင် အမိန့်ပေးနေသည့် လေသံမျိုးဖြင့် အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့၏။

“ မင်းတို့ရဲ့ မဟာတောရိုင်း နန်းတော်က မထိန်းထားနိုင်တော့ဘူး။ တောင်ပိုင်းဒေသကို လက်လွှဲပေးလိုက် “

--

…………………………………………………………………………………………………………………………………………..

All Chapters