← Chapters

အခန်း ၂၉၇

Vol. 20 Ch. 297

အခန်း ၂၉၇

Vol. 20 Ch. 297

အပိုင်း ( 297 )

ငါ့အလှည့်ပဲ

ထိုအသံက ကမ္ဘာအဆုံးမှ ပေါ်ထွက်လာပုံရသည်။

လူတိုင်းလှည့်ကြည့်လာကြသည်။ မဟာတောရိုင်း နန်းတော်၏ အထက်တွင် ဟင်းလင်းပြင် ပွင့်ထွက်သွားကာ ၎င်းထံမှ သက်လတ်ပိုင်းလူတစ်ဦး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။

သူ၏ အကြည့်များ တည်ငြိမ်နေကာ ရောက်ရှိလာခဲ့သည့်နောက်မှာပင် မြင့်မြတ်နယ်မြေက သူ့မျက်လုံးများထဲတွင် မည်သည့်တန်ဖိုးမှမရှိသကဲ့သို့ မောက်မာမှုကို သယ်ပိုးထားခဲ့သည်။

“ ကောင်းကင်ဘုံ အကယ်ဒမီကပါ ဝင်စွက်ဖက်တော့မှာလား “

မူချွမ်က တုံ့ပြန်လိုက်ကာ အသစ်ရောက်ရှိလာသူကို အေးစက်စွာ စိုက်ကြည့်နေတော့သည်။

၎င်းက ဟွာရှုနယ်ပယ် အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံ အကယ်ဒမီ၏ အစွမ်းထက် ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ခါးမတ်မတ်ဆန့်၍ မတ်တပ်ရပ်နေလျက်ရှိပြီး မထီမဲ့မြင်ပြုနေသည့် သူ့အကြည့်ကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။

“ တာအိုရောင်းရင်း ဝမ်ထျန်း “

ပတ်ဝန်းကျင်ရှိ လူတိုင်းက သူ့ကို တစ်ဦးပြီးတစ်ဦး နှုတ်ဆက်လာကြသည်။

၎င်းက မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲတစ်ဦး ဖြစ်ပြီး သူက ကောင်းကင်ဘုံ အကယ်ဒမီ၏ အထင်ရှားဆုံးသော အကြီးအကဲများအဆင့်သို့ပင် ဝင်ရောက်ထားခဲ့သည်။

ဝမ်ထျန်းက ကောင်းကင်နှင့်မြေပြင်အကြားတွင် မတ်တပ်ရပ်နေပြီး သူ၏ ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါ်ထွက်နေခဲ့၏။

သူသည် မူချွမ်ကို ကြည့်ကာ စကားပြောလိုက်သည် “ ကောင်းကင်ဘုံ အကယ်ဒမီက ဘယ်တော့မှ ကြားဝင်မစွက်ဖက်ဘူး။ ဒါပင်မဲ့ တောင်ပိုင်းဒေသက မင်းတို့ မဟာတောရိုင်း နန်းတော်ကြောင့် စစ်မီးတောက်ပြီးတော့ သွေးလွှမ်းသွားရမှာကို ငါတို့ မမြင်ချင်ဘူး။ အဲ့တာကြောင့် တောင်ပိုင်းဒေသကို လက်လျှော့လိုက်ဖို့ ငါမင်းတို့ကို အကြံပေးချင်တယ် “

“ ရယ်စရာကောင်းလိုက်တာကွာ “

မဟာတောရိုင်း နန်းတော်၏ လူတစ်ဦးက ဒေါသတကြီး ရယ်မောနေတော့သည်။

မူချွမ်က တုံ့ပြန်လိုက်၏ “ တကယ်လို့ တောင်ပိုင်းဒေသသာ စစ်မီးတောက်သွားမယ်ဆိုရင် အဲ့တာက ငါတို့နဲ့ ဘာဆိုင်လို့လဲ။ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတဲ့ လူတွေကြောင့်သာ မဟုတ်ဘူးဆိုရင် တောင်ပိုင်းဒေသက ဘယ်လိုလုပ် အဲ့လိုဖြစ်သွားရမှာလဲ။ တကယ်လို့ မင်းတို့က စစ်ပွဲဖြစ်မှာကို တကယ်မလိုချင်ဘူးဆိုရင် အဲ့လူတွေကို ဘာလို့ မဖိနှိပ်လိုက်ရတာလဲ “

မူချွမ်က အလွန်ပင် တည့်တိုးဆန်နေခဲ့ကာ သူ့အရှေ့ရှိ လူတိုင်းကို လက်ညှိုးထိုးပြလိုက်သည်။

အကယ်၍ သူတို့ကသာ တောင်ပိုင်းဒေသ၏ နယ်မြေများကို တပ်မက်ကာ ဤမြင့်မြတ်နယ်မြေကို မဖျက်စီးချင်ဘူးဆိုပါက မဟာတောရိုင်း နန်းတော်က အဆိုပါ အင်အားစုတိုင်းကို ဖိနှိပ်နိုင်မည်ဖြစ်ပြီး ရှေးဟောင်းဂိုဏ်းများနှင့် အင်အားစုကြီးများကပင် ပြဿနာရှာနိုင်လိမ့်မည် မဟုတ်ပေ။

“ ဟမ့် “

ဝမ်ထျန်းက အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်။ သူသည် အရှေ့သို့ငေးကြည့်ကာ ပြန်ပြောလိုက်သည် “ အားကြီးသူတွေ အားနည်းသူတွေကို အမဲလိုက်တာက လောကနိယာမပဲ။ အားကြီးသူကို လေးစားရတာက သံမဏိ စည်းမျဥ်းပဲ။ မင်းတို့ မဟာတောရိုင်း နန်းတော်က အဲ့တာကို မလေးစားဘူးလား။ မင်းတို့က ကောင်းကင်ဘုံကို ဆန့်ကျင်ချင်နေကြတာလား “

“ တော်လောက်ပြီ “

မူချွမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ပြန်ပြောလိုက်သည် “ တကယ်လို့ မင်းတို့ရဲ့ ကောင်းကင်ဘုံ အကယ်ဒမီက ကြားဝင်စွက်ဖက်ချင်တယ်ဆိုရင်လည်း လာတိုက်လိုက်။ တကယ်လို့ အင်အားစု အသီးသီးက အကွက်ဆင်ချင်နေတယ်ဆိုရင် ငါ့ရဲ့ မဟာတောရိုင်း နန်းတော်က ဘာကိုမှ ကြောက်နေမှာ မဟုတ်ဘူး။ ငါတို့က သေတဲ့အထိ အဖော်ပြုပေးမယ် “

လူတိုင်း ငေးကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ဝမ်ထျန်းမှာလည်း ထိုစကားကို ကြားလိုက်ရသောအခါတွင် အနည်းငယ် အမူအရာပျက်သွားခဲ့သည်။

ထိုအချိန် မဟာတောရိုင်း နန်းတော်၏ အပြင်ဘက်တွင် ပုံရိပ်အများအပြား ပေါ်ထွက်လာခဲ့ပြီး ဤနေရာသို့ ငေးကြည့်လာကြသည်။ သူတို့က ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် အချိန်တွင် တိုက်ခိုက်ကြမည် ဖြစ်သည်။

အစွမ်းထက် ပညာရှင်တစ်ချို့မှာလည်း တိတ်တဆိတ် စောင့်ဆိုင်းနေလျက်ရှိ၏။

တစ်ချိန်တည်းမှာပင် ဘိုးဘွားနယ်မြေအတွင်းရှိ လုချန်ရှန်းက သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည်။ မူဟွမ်မှာလည်း အေးအေးလူလူ စောင့်ဆိုင်းနေလျက်ရှိပြီး သူတို့နှစ်ဦးက အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို မြင်တွေ့နေခဲ့ရသည်။

လုချန်ရှန်းကမူ သူအရှေ့တွင် ရှိနေသည့် လူငယ်လေးကို ကြည့်ကာ စကားလှမ်းပြောနေတော့သည် “ တွေ့လား။ ငါးကြီးတွေ ရှိနေမှာပါလို့ ကျုပ်ပြောခဲ့သားပဲ “

“ ကောင်းကင်ဘုံ အကယ်ဒမီကပါ လှုပ်ရှားလာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ နှစ်တွေ ကြာလာတော့ အရာအားလုံး ပြောင်းလဲသွားပြီပဲ “ မူဟွမ်သည် ကူရာကယ်ရာမဲ့နေသော အမူအရာမျိုးဖြင့် အသာအယာ သက်ပြင်းချနေတော့သည်။

လုချန်ရှန်းသည် ဘာမှထပ်မပြောလိုက်ဘဲ ကိုယ့်ကိုကိုယ်သာ ပြင်ဆင်နေခဲ့သည်။

ကောင်းကင်ဘုံ အကယ်ဒမီက အပေါ်ယံတွင် မြင်တွေ့နေရသလောက် မသန့်စင်ဘဲ ရေနက်လွန်းသည်ဟု ကူချန်ကျွင်းက ပြောပြထားခဲ့ဖူးသည်။ ၎င်းက လောကီရေးရာ ကိစ္စများကို ရှောင်ကြဥ်ကာ အဆင့်အတန်း ခွဲခြားခြင်း မရှိဘဲ လူတိုင်းကို သင်ကြားပြသပေးသည့် နေရာတစ်ခု မဟုတ်တော့ပေ။

၎င်းကို တွေးမိသွားသောအခါတွင် မူဟွမ်က ဘာမှထပ်ပြောမနေတော့ပေ။ ထိုစဥ် လုချန်ရှန်းက ဖြည်းဖြည်းချင်း ထရပ်နေတော့၏။ သူသည် ယဇ်ပုလ္လင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။ သူ၏ ခန္ဓာကိုယ်မှ ရောင်ခြည်တစ်ခု ဖြာထွက်လာခဲ့ပြီး သူ၏ အသွင်အပြင်ပါ ပြောင်းလဲသွားခဲ့သည်။

ယဇ်ပုလ္လင်ပေါ်သို့ သူတက်လှမ်းသွားသည့်အချိန်တွင် ချောမောသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ၏အသွင်အပြင် တစ်ခုလုံး အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။

သို့သော် မဟာတောရိုင်း နန်းတော်အတွင်းတွင် အင်အားစု အသီးသီး၏ လူတိုင်းက လောဘတို့ဖြင့် ပြည့်နှက်နေသော အကြည့်များနှင့် စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး မဟာတောရိုင်း နန်းတော်ကို ဖိအားပေး၍ ရာထူးစွန့်ခိုင်းရန် ကြံရွယ်နေကြသည်။

“တာအိုရောင်းရင်း ကျုပ်တို့ ထျန်းရီ မြင့်မြတ်နယ်မြေက တောင်ပိုင်းဒေသရဲ့ ကောင်းကျိုးအတွက် လုပ်နေတာပါ “

“ အမှန်ပဲ ငါတို့ ဗုဒ္ဓဂိုဏ်းကလည်း လှုပ်ရှားမယ်။ တောင်ပိုင်းဒေသမှာ စစ်ဖြစ်ခွင့်မပြုနိုင်ဘူး။ ကံဆိုးမှု အကုန်လုံးကို ရှင်းလင်းပေးမယ် “ ရဟန်းအိုသည် လောကကြီးကို သနားကာ သက်ရှိအားလုံး ခံစားရမည်ကို စိုးရိမ်နေသကဲ့သို့ ပြောဆိုလာခဲ့သည်။

ထိုအခိုက်အတန့်တွင် သူတို့က သူတို့၏ ဟန်ဆောင်မှုများကို အထွတ်အထိပ်အထိ ပြသခဲ့ကြသည်။ အကြီးမားဆုံးသော ကံဆိုးမှုမှာ တစ်ခြားသော အရာများ မဟုတ်ဘဲ သူတို့ကိုယ်တိုင်သာလျှင် ဖြစ်နေခဲ့သည်။

၎င်းတို့သာလျှင် မဟုတ်ဘဲ မိုးကြိုးငှက် မျိုးနွယ်စု၏ အစွမ်းထက် ပညာရှင်တစ်ဦးပါ ပေါ်ထွက်လာခဲ့၏။ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ထျန်းရီ မြင့်မြတ်နယ်မြေ၏ အနောက်ဘက်တွင် မတ်တပ်ရပ်နေခဲ့သည်။

တောင်ပိုင်းဒေသ၏ ပိုင်မိသားစုပါ လိုက်ပါလာခဲ့ပြီး ၎င်းတို့အားလုံးက တောင်ပိုင်းဒေသ၏ အစွမ်းထက် အင်အားစုများသာ ဖြစ်နေခဲ့သည်။

ဝမ်ထျန်းက ၎င်းတို့အားလုံးကို စောင့်ကြည့်နေခဲ့ပြီး အေးစက်စွာ စကားထပ်ပြောလာခဲ့သည် “ မူချွမ် ငါတို့ ကောင်းကင်ဘုံ အကယ်ဒမီ ဒီကိုရောက်လာရတာက တောင်ပိုင်းဒေသမှာ သွေးစွန်းသွားရမှာကို မလိုချင်လို့ပဲ။ ကျေးဇူးမကန်းနဲ့ “

“ အမှိုက်တစ်အုပ်ကများ။ အခုလက်ရှိ ကောင်းကင်ဘုံ အကယ်ဒမီမှာ မာနနဲ့ ဂုဏ်သိက္ခာဆိုတာ ရှိသေးလို့လား။ အဲ့လူတွေရဲ့ ခြေရင်းမှာ ဦးညွတ်ဝပ်တွားနေတာ ကြာလှပြီ။ မင်းတို့က ငါ့ရဲ့ မဟာတောရိုင်း နန်းတော်ကို အဲ့လိုစကားမျိုးတွေ ပြောရဲနေတယ်ပေါ့ “

မူချွမ်၏ အသံက သက်ရှိသတ္တဝါတိုင်းကို စကားပြောနေသကဲ့သို့ ကောင်းကင်ထက်သို့ပင် ပဲ့တင်ထပ်သွားခဲ့သည်။

တစ်ချို့သော အကြောင်းအရင်းများကြောင့် ထိုစကားကို ကြားလိုက်ရသောအခါတွင် ဗုဒ္ဓဂိုဏ်း ထျန်းရီမြင့်မြတ်နယ်မြေနှင့် တစ်ခြားသော အင်အားစုများက ဇဝေဇဝါ ဖြစ်သွားကြသည်။

သို့ရာတွင် ဝမ်ထျန်းမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။ ပတ်ဝန်းကျင်ကို လှုပ်ရမ်းသွားစေသည့် ဟိန်းဟောက်သံတစ်သံ ပေါက်ထွက်လာခဲ့၏။

“ မင်းဘာလုပ်နေတာလဲ။ ငါ့ရဲ့ ကောင်းကင်ဘုံ အကယ်ဒမီကို စော်ကားနေတာလား။ နာခံဖို့ ဆန္ဒမရှိဘူးလား။ ဂိုဏ်းကို ဖျက်စီးချင်နေတာလား “

သူက ခြေတစ်လှမ်းလှမ်းလှမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာကာ ကောင်းကင်ပြင်ကိုပင် လှုပ်ခါသွားစေခဲ့၏။

မဟာတောရိုင်း နန်းတော်အတွင်းရှိ လူတော်တော်တော်များများသည် အဆိုပါ ဖိအားကို တောင့်မခံနိုင်တော့ဘဲ ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ကြရသည်။ မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများကပင် အမူအရာများ ပြောင်းလဲသွားပြီး ဖိနှိပ်ခံလိုက်ရကာ ကောင်းကောင်းပင် မတ်တပ်မရပ်နိုင်ကြတော့ပေ။

“ ဘယ်လိုတောင် အတင့်ရဲနေတာလဲ “

မူချွမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ အရှိန်အဝါမှာ အဆက်မပြတ် မြင့်တက်လာခဲ့ကာ မဟာတောရိုင်း နန်းတော်ကို အဆုံးမဲ့ မှော်စွမ်းအားများ ဖုံးလွှမ်းသွားခဲ့သည်။ ဟွာရှုနယ်ပယ် အဆင့်၉ ပညာရှင်တစ်ဦး၏ စွမ်းအားများ အပြည့်အဝ ပေါက်ထွက်လာခဲ့ကာ ဖိအားအားလုံးကို ပျက်ပျယ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သတ်ဖြတ်လိုစိတ်တစ်ခု ဖွဲ့တည်လာကာ ဝမ်ထျန်းဆီသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။

ဘုမ်းးးး

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ကောင်းကင်နှင့်မြေပြင်ကို ခါရမ်းသွားစေခဲ့၏။ လူတိုင်းက ကောင်းကင်ထက်သို့ မော့ကြည့်နေကြတော့သည်။ ဝမ်ထျန်း လွင့်ထွက်သွားကာ သူ၏ နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ခု လျှံထွက်လာခဲ့၏။

သူသည် မူချွမ်ကို ငေးကြည့်နေခဲ့ပြီး သူ၏မျက်ဝန်းများအတွင်းတွင် သတ်ဖြတ်လိုစိတ်များ ပေါက်ထွက်လာခဲ့သည်။ သူသည် မူချွမ်က တိုက်ရိုက်လှုပ်ရှားလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မှော်ပစ္စည်း အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်ကို ယခုလေးတင် သူခံစားခဲ့ရသည်။

ထိုလူက နတ်တာအိုနယ်ပယ်နှင့် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည်။

“ မူချွမ် မင်းက ငါ့ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ရန်သူဖြစ်ချင်နေတာလား “

“ လူလိမ်တစ်အုပ်။ ဒီနေ့မှာ မင်းတို့အားလုံးကို ငါသတ်ပေးမယ် “

မူချွမ်ကမူ ရွေးချယ်စရာ မရှိတော့သောကြောင့် စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သည်။ အကယ်၍ သူသေရမည်ဆိုလျှင်တောင်မှ တိုက်ခိုက်မည်ဖြစ်သည်။

ဝမ်ထျန်းက ပြိုင်ဘက်မဟုတ်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူ့ကို တားဆီးရန်အတွက် တစ်စုံတစ်ဦးက ကြားဝင်စွက်ဖက်လာခဲ့သည်။

ထျန်းရီ၏ မဟာအကြီးအကဲနှင့် ရဟန်းအိုတို့ကပါ လှုပ်ရှားလာကြသည်။ သူတို့က ဝမ်ထျန်း၏အနောက်တွင် မတ်တပ်ရပ်နေခဲ့ကြသည်။ သူတို့၏ မှော်စွမ်းအားများ ဆင်းသက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ်ကို လှုပ်ရမ်းသွားစေကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ကောင်းကင်ပြင်ကို ချက်ချင်းလှုပ်ခါသွားစေခဲ့၏။

၎င်းတို့သာလျှင် မဟုတ်ဘဲ မိုးကြိုးငှက်နှင့် ပိုင်မိသားစုကပါ ရှေ့ထွက်လာကြပြီး မဟာတောရိုင်း နန်းတော်၏ အစွမ်းထက် ပညာရှင်များကို ပိတ်ဆို့တားဆီးနေကြတော့သည်။

မဟာတောရိုင်း နန်းတော်အပြင်ဘက်တွင် လက်နက်များ ထိပ်တိုက်တွေ့နေကာ တိုပ်ပွဲဝင်စိတ်များ မြင့်တက်လာပြီး လှုပ်ခတ်မှုများစွာ ဖြစ်တည်နေခဲ့၏။ အပြင်ဘက်တွင် ရှိနေကြသည့် လူများက ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ဖွဲ့စည်းကာ မဟာတောရိုင်း နန်းတော်ဆီသို့ ပြေးဝင်လာကြသည်။

ယနေ့တွင် သူတို့က မဟာတောရိုင်း နန်းတော်ကို ဖိနှိပ်ရန် ကြံရွယ်ထားပုံရ၏။

“ မူချွမ် မူဟွမ်က သေသွားပြီ။ မင်းက ဒီနေရာကို ဘာလို့အတင်းအကြပ် ခုခံနေရတာလဲ။ ထျန်းရီကို အညံ့ခံလိုက်။ မင်းက ပြိုင်ဘက်ကင်း အဆင့်အတန်းကို ရလိမ့်မယ်။ မင်းက တောင်ပိုင်းဒေသကို ထျန်းရီမြင့်မြတ်နယ်မြေကိုယ်စား ထိန်းချုပ်နေနိုင်တုန်းပဲ “

ထျန်းရီမြင့်မြတ်နယ်မြေ၏ မဟာအကြီးအကဲက အကြံဉာဏ်ပေးကာ ဖြောင်းဖြလိုဟန်ဖြင့် စကားပြောနေခဲ့၏။

ရဟန်းအိုကပါ စကားဝင်ပြောလာခဲ့သည် “ အမိတက္ဘ အဲ့ဒီတာအိုရောင်းရင်းက ငါ့ရဲ့ ဗုဒ္ဓဂိုဏ်းနဲ့ ဆက်ဆံရေးတစ်ခုရှိတာကို ငါမြင်နေရတယ်။ တာအိုရောင်းရင်း ငါမင်းကို ငါ့ရဲ့ ဗုဒ္ဓဂိုဏ်းထဲ လမ်းညွှန်ပေးဖို့ ဆန္ဒရှိတယ်။ ဘာဖြစ်လို့ အသေအကြေ တိုက်ခိုက်နေရမှာလဲ “

“ ထွက်သွားစမ်း “

မူချွမ်က ဒေါသတကြီး ဟိန်းဟောက်နေတော့၏။ သူ၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့ပြီး သူ၏ မျက်ဝန်းများ နီရဲသွားကာ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့သည်။ သူသည် အဝေးသို့ ငေးကြည့်ကာ အသေခံရန် အသင့်ပြင်လိုက်သည်။

“ ခေါင်းမာချက် “

ထျန်းရီ၏ မဟာအကြီးအကဲက အေးစက်စွာ ပြောဆိုလာခဲ့သည်။

ဝမ်ထျန်းက ထပ်မံ၍ လှုပ်ရှားလာခဲ့ပြီး သူ၏ ဦးခေါင်းအထက်တွင် ခေါင်းလောင်းတစ်လုံး ပေါ်ထွက်လာခဲ့သည်။ ရောင်ခြည်များ ဖြာထွက်လာကာ ကောင်းကင်နှင့် မြေပြင်ကို လင်းထိန်သွားစေခဲ့ပြီး နတ်တာအို၏ ဘုန်းတန်ခိုးကို ပြသလာခဲ့သည်။

“ နတ်စွမ်းအား “

လူတိုင်း၏ စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် လှုပ်ရမ်းသွားခဲ့သည်။

ဝမ်ထျန်း၏ အကြည့်က ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားကာ သူ၏အေးစက်စက် အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။

“ ဒီနေ့ မဟာတောရိုင်း နန်းတော်တစ်ခုလုံး ဖျက်စီးခံရမယ် “

ကြောက်မက်ဖွယ်ကောင်းသော အသံသည် အမိန့်ပြန်တမ်း ထုတ်နေသကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ မဟာတောရိုင်း နန်းတော်၏ လူတိုင်းက စိတ်ပျက်အားလျော့သွားကြသည်။ မြင့်မြတ်နယ်မြေများနှင့် ရှေးဟောင်းဂိုဏ်း အများအပြားကို ရင်ဆိုင်ရကာ ကောင်းကင်ဘုံ အကယ်ဒမီ၏ ကြားဝင်စွက်ဖက်မှုကိုပါ ခံလိုက်ရသောအခါတွင် ဤတိုက်ပွဲကို အဆုံးသတ်က မပြီးဆုံးခင်အချိန်ကပင် သတ်မှတ်ပြီးသား ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် မူချွမ်ကမူ အေးဆေးတည်ငြိမ်နေသေးသည်။ သူ၏ခြေလှမ်းများက ကောင်းကင်နှင့် မြေပြင်အကြားတွင် ရွေ့လျားနေလျက်ရှိပြီး အကယ်၍ သူသွေသွားရမည်ဆိုလျှင်တောင်မှ သူက ခြေတစ်လှမ်းမှ နောက်ဆုတ်သွားလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအခိုက်အတန့်တွင် အေးဆေးတည်ငြိမ်သော အသံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့၏။ ထိုအသံက အေးချမ်းတည်ငြိမ်သော်လည်း ခမ်းနားထည်ဝါနေခဲ့ပြီး အရပ်ရှစ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

“ အချိန်တွေ ပြောင်းလဲသွားပြီပဲ။ ကောင်းကင်ဘုံ အကယ်ဒမီက တော်တော်လေးကို အစွမ်းထက်လွန်းလို့ စကားတစ်ခွန်းတည်းနဲ့ ငါ့ရဲ့ မဟာတောရိုင်း နန်းတော်ကို ဖျက်စီးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

“ ဘာကြီး “

ထိုအသံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ စိတ်နှလုံးသားများ ပြင်းထန်စွာ လှုပ်ရမ်းသွားခဲ့သည်။ အစတွင် မှိန်ဖျော့နေခဲ့သည့် ယဇ်ပုလ္လင်က ထိုအခိုက်အတန့်တွင် တလက်လက် တောက်ပလာခဲ့ကာ ကောင်းကင်ယံကိုပင် လင်းထိန်သွားစေခဲ့၏။

--

………………………………………………………………………………………………………………………………………..

All Chapters