အခန်း ၂၉၈
Vol. 20 Ch. 298
အပိုင်း ( 298 )
အဆုံးသတ်မဟုတ်ဘူး။ အစပဲ
ကောင်းကင်ထက်မှ အသံတစ်သံ ပျံ့လွင့်လာခဲ့ကာ အလင်းတိုင်တစ်ခုသည် ယဇ်ပုလ္လင်မှတစ်ဆင့် ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။
ထိုအသံ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် တစ်ကမ္ဘာလုံး တိတ်ဆိတ်ငြိမ်သက်သွားပုံရပြီး လူတိုင်းက အရှေ့ရှိ ယဇ်ပုလ္လင်ကို စူးစူးစိုက်စိုက် ငေးကြည့်နေကြတော့သည်။
ရောင်ခြည်များအကြားတွင် အဆုံးမဲ့ ကောင်းချီးမဂ်လာတို့ စွန်းထင်းနေလျက်ရှိပြီး မြင့်မြတ်သော အရှိန်အဝါတစ်ခု စီးဆင်းလာခဲ့ကာ ကောင်းကင်ထက်မှ ပုံရိပ်တစ်ခု ဆင်းသက်လာခဲ့ပြီး သူ၏ အဖြူရောင်ဝတ်ရုံက နှင်းပွင့်လေးများကဲ့သို့ တဖျပ်ဖျပ် မျောလွင့်နေလျက်ရှိ၏။
ထိုအခိုက်အတန့်တွင် အကြည့်အားလုံးကသူ့အပေါ်သို့ ကျဆင်းသွားခဲ့သည်။ ၎င်းက ကျောက်စိမ်းကဲ့သို့ ချောမောသန့်စင်ကာ ခံ့ညားသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်နေခဲ့သည်။ သူ၏ ဆံသားများကို ကျောက်စိမ်း သရဖူက စည်းနှောင်ထားပြီး လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် ယဇ်ပုလ္လင်ပေါ်သို့ ဆင်းသက်လာခဲ့၏။
“ အဲ့တာက ဘယ်သူလဲ “
တစ်စုံတစ်ဦးက မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။ သူတို့၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။
သူတို့အရှေ့က လူသည် သူတို့ကို ရင်ခုန်သံ မြန်သွားစေခဲ့သည်။ သူ၏မျက်လုံးများက ကြယ်များကဲ့သို့ တလက်လက် တောက်ပနေလျက်ရှိပြီး ပင်လယ်လေးခုနှင့် ဒေသရှစ်ခုကို ဖိနှိပ်နိုင်သည့်အလား အရပ်မျက်နှာတိုင်းကို ဖုံးလွှမ်းသွားခဲ့သည်။ သူ၏ ပတ်ပတ်လည်တွင် အင်မော်တယ် အရှိန်အဝါတစ်ခု စီးဆင်းနေလျက်ရှိ၏။
၎င်းက ဤကမ္ဘာတွင် တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးသည့် အရှိန်အဝါတစ်ခုဖြစ်ပြီး ၎င်းက ရုပ်ရည်မျှသာဖြစ်သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေရန် လုံလောက်နေခဲ့သည်။
“ သူတော်စင် ……. သူတော်စင် ……. “
မူချွမ်၏ အသံ တုန်ရင်သွားကာ သူ၏မျက်လုံးများ ချက်ချင်းနီရဲသွားခဲ့သည်။
ပုံရိပ်များက တစ်ဦးပြီးတစ်ဦး ဒူးထောက်ချလိုက်ပြီး သူတို့၏ မျက်လုံးများအတွင်းတွင် မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ ဖြစ်တည်လာခဲ့၏။
လူတိုင်း၏ စိတ်နှလုံးသားများ လှုပ်ရမ်းသွားကာ ထိုမြင်ကွင်းကို စူးစူးရဲရဲ စိုက်ကြည့်နေကြတော့သည်။
အသစ်ရောက်ရှိလာသူမှာ လုချန်ရှန်းမှတစ်ပါး အခြားလူမဟုတ်ပေ။
သူသည် လူအုပ်ကြီးကို ငေးကြည့်ကာ အေးအေးလူလူ စကားပြောလိုက်သည် “ ထကြ။ ငါ့ကို ဒူးထောက်ဖို့ မလိုအပ်ဘူး “
“ ဟုတ် “
ဝှစ်
လူတိုင်း ပြန်ထလာကြကာ အုံ့အောသောင်းနင်း ဖြစ်သွားခဲ့သည်။
သို့ရာတွင် ကျန်ရှိနေသော လူများ၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။ သူတို့သည် မမျှော်လင့်ထားသော ရောက်ရှိလာမှုကို စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး ၎င်းကို မယုံကြည်လိုကြပေ။ သို့သော် သူ၏ ပတ်ပတ်လည်တွင် တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးသော အရှိန်အဝါတစ်ခု စီးဆင်းနေသည်ကို သူတို့၏ မျက်လုံးများဖြင့် လူကိုယ်တိုင် မြင်တွေ့နေခဲ့ရသည်။
သူတို့သည် သူတို့က ပြည်နှင်ဒဏ်ခံလိုက်ရသည့် အင်မော်တယ်တစ်ပါးက ဤကမ္ဘာပေါ်သို့ ဆင်းသက်လာသည်ဟု ခံစားသွားကြရသည်။
ဝမ်ထျန်း၏ အကြည့်များ မှုန်မှိုင်းသွားခဲ့သည်။
ထျန်းရီမြင့်မြတ်နယ်မြေ၏ မဟာအကြီးအကဲမှာလည်း လေးလေးနက်နက် ဖြစ်သွားကာ ရဟန်းအိုတစ်ပါးကဲ့သို့ တင်ပျဥ်ခွေထိုင်နေလျက်ရှိ၏။ သူ၏ မျက်ဝန်းများ အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့၏။ သို့သော် သူသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးကို ထွင်းဖောက်မမြင်နိုင်ခဲ့ချေ။
အရပ်မျက်နှာလေးခုစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းကမူ ယဇ်ပုလ္လင်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။ ဤသည်မှာ သူ၏ အစစ်အမှန် အရှိန်အဝါကို ပထမဦးဆုံးအကြိမ်အဖြစ် ဖွင့်ထုတ်လိုက်ခြင်းဖြစ်သည်။
သူ၏အနောက်ဘက်တွင် ပုံမှန်မဟုတ်သည့် အရာတစ်ခု ဖြစ်တည်လာခဲ့သည်။ အဆုံးမဲ့ အပြာရောင်ကောင်းကင်ပြင်တွင် ကြယ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် စကားလုံးများ ရပ်တန့်သွားကာ ဒေသလေးခုစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူတို့က အဆိုပါ သူတော်စင်ကို ကြောက်ရွံ့သောကြောင့် စိတ်ရှည်နေခဲ့ခြင်းဖြစ်ပြီး ယဇ်ပူဇော်ခြင်းပြီးဆုံးသည့်အချိန်အထိ တောင့်ခံထားခဲ့ကြသည်။ မည်သူမှ မပေါ်လာခဲ့သည့် အချိန်တွင် သူတို့က သူတော်စင်၏ ကျဆုံးမှုကို အတည်ပြုနိုင်ခဲ့သည်။
ထိုအချိန်မှသာလျှင် သူတို့အားလုံး လှုပ်ရှားဝံ့ကြသည်။ သို့သော် ယခုတွင်မူ အရာအားလုံး စတင်ခဲ့သည့် အချိန်မှာပင် ထိုလူပေါ်ထွက်လာခဲ့သည်။
ဝမ်ထျန်း၏ အမူအရာများ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ ၎င်းက သူ၏မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။
“ သူတော်စင် နောက်ဆုံးတော့ မင်းက ငါတို့ရဲ့ ခေါ်သံကို ကြားပြီပေါ့။ မဟာတောရိုင်း နန်းတော်က ……. “
ထိုအခိုက်အတန့်တွင် မူချွမ်က စကားစပြောလာခဲ့၏။ သို့သော် လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
“ ငါသိတယ် “ လုချန်ရှန်းက တုံ့ပြန်လိုက်သည်။ သူ၏ အကြည့်က အရှေ့ရှိ ဟင်းလင်းပြင်ထံသို့ ကျရောက်သွားပြီး အလယ်ဗဟိုတွင် မတ်တပ်ရပ်နေသည့် ဝမ်ထျန်းကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း စကားပြောလိုက်သည် “ သူ့ကို ကွပ်မျက်လိုက် “
“ ဘာဖြစ်တယ် “
လုချန်ရှန်း၏ အသံက အလွန်ငြင်သာနေခဲ့ကာ ပုံမှန်စကားပြောနေသည့်အတိုင်း စိတ်ခံစားချက်များ ကင်းမဲ့နေခဲ့သည်။ သို့သော် သူက နောက်ခံတောင့်သည့် တစ်စုံတစ်ဦးကို သတ်ဖြတ်ရန် အမိန့်ပေးနေခဲ့၏။
“ မင်း …….. “
ဝမ်ထျန်းမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သူ၏ မူလဇစ်မြစ်က ထူးခြားပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော်လည်း သူ့အား တစ်ချက်ပင် ငေးကြည့်ရန်မတန်သကဲ့သို့ လျစ်လျူမရှုထားသင့်ပေ။
သူ့ဘေးနားတွင် ရှိနေသည့် လူများမှာလည်း ထပ်တူထပ်မျှ အံ့ဩသွားကြသည်။ တကယ်လို့ သူက ရှေးဟောင်း သူတော်စင်ကလေးငယ် ဖြစ်နေတယ်ဆိုရင်တောင်မှ ကောင်းကင်ဘုံ အကယ်ဒမီကို လျစ်လျူရှုထားနိုင်ပါ့မလား။
သို့ရာတွင် သူ၏ စကားလုံးများ ကျဆင်းလာသည့် အချိန်မှာပင် စူးရှထက်မြက်သော အရှိန်အဝါတစ်ခုက မဟာတောရိုင်း နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့၏။ သူ၏ မျက်ဝန်းများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။
ဖူးးးး
ဓားချီ ဖုံးလွှမ်းလာခဲ့ကာ ကောင်းကင်နှင့် မြေပြင်အကြားတွင် မျောလွင့်နေခဲ့သည်။ တစ်ခဏအတွင်းမှာပင် ဝမ်ထျန်း၏ မျက်ဝန်းများ ပြူးကျယ်သွားကာ သူ၏ စိတ်ထဲတွင် အကြောက်တရားများ လှိုက်တက်လာခဲ့၏။
သူ၏ လက်များ တုန်ရင်သွားကာ လက်ဆန့်တန်း၍ တစ်စုံတစ်ခုကို ဖမ်းဆုပ်ချင်နေခဲ့သည်။ သူ၏လည်ပင်းတွင် သွေးစီးကြောင်းတစ်ခု ပေါ်လာခဲ့ပြီး မည်သူကမှ မတုံ့ပြန်နိုင်ခင် အချိန်မှာပင် သူ၏ဦးခေါင်းက မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ဟင်းလင်းပြင်အတွင်းမှ တိုက်ရိုက်ပြုတ်ကျလာခဲ့၏။
ဘုမ်းဟူသော အသံနှင့်အတူ လူတိုင်း၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားများ ပြည့်နှက်သွားခဲ့သည်။ သူတို့၏ စိတ်နှလုံးသားများ အတွင်းပိုင်းအထိ အကြောက်တရားများ ပျံ့လွင့်သွားခဲ့သည်။ သူတို့သည် ယဇ်ပုလ္လင်ပေါ်တွင် ရှိနေသည့် လူငယ်လေးကို ငေးကြည့်ကာ အမူအရာများ အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ဘုံ အကယ်ဒမီ၏ ဟွာရှုနယပယ် အဆင့်၉ ပညာရှင်တစ်ဦးက သူတို့အရှေ့မှာပင် ခေါင်းဖြတ်ခံလိုက်ရသည်။ ၎င်းက မည်ကဲ့သို့သော သတ္တိမျိုးဖြစ်သနည်း။
“ သူတော်စင် ကျွန်တော်တို့ရဲ့ မဟာတောရိုင်း နန်းတော်ကို ကာကွယ်ပေးပါ “
မူချွမ်က စိတ်လှုပ်ရှားသွားပြီး သူ၏ မျက်ဝန်းများအတွင်းတွင် မျက်ရည်များ ရစ်သီလာခဲ့၏။
လုချန်ရှန်းကမူ မားမားမတ်မတ် ရပ်တည်နေကာ တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားခဲ့သည်။ သူ၏ အကြည့်များက မည်သို့မျှ မပြောင်းလဲသွားဘဲ သူ၏ လက်ချောင်းထိပ်များကို တိတ်တဆိတ် ငေးကြည့်နေမိတော့သည်။ ကမ္ဘာကြီး ပြိုကွဲသွားသည့်တိုင် အေးဆေးတည်ငြိမ်နေခဲ့၏။ ၎င်းက ပြိုင်ဘက်ကင်း သူတော်စင်အပေါ်တွင် ရှိနေသည့် သူ၏နားလည်မှုဖြစ်သည်။
သူသည် သက်ရှိသတ္တဝါတိုင်းကို ဘာမှမဟုတ်သကဲ့သို့ လျစ်လျူရှုထားခဲ့သည်။
၎င်းက ယခုလက်ရှိ ဖြစ်ပျက်နေသည့် မြင်ကွင်းပင် ဖြစ်သည်။ ထိုသဘောထားနှင့် သူ၏ ထူးကဲသော အသွင်အပြင်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
“ သူတော်စင် ကျုပ်တို့က ………. “
ရဟန်းအို၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ သူသည် သူတို့က စစ်ပွဲကို တားဆီးကာ မဟာတောရိုင်း နန်းတော်ကို ကောင်းမွန်သော ရည်ရွယ်ချက်တို့ဖြင့် ကာကွယ်ပေးရန် ကြံရွယ်ထားခြင်းဖြစ်သည်ဟု ပြောပြချင်နေပုံရ၏။
သို့သော် လုချန်ရှန်းက ၎င်းကို နားမထောင်ခဲ့ပေ။ သူက ၎င်းတို့ကို ကြားခဲ့ပြီးပြီ ဖြစ်သည်။ သူသည် ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်သည် “ သူတို့အားလုံးကို ကွပ်မျက်လိုက် “
“ အဲ့တာက …… “
ထိုလူများ၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားနှင့် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင် မည်သူကမှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ သူတို့သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ မဟာတောရိုင်း နန်းတော်၏ အပြင်ဘက်သို့ ထွက်ပြေးရန် ကြံရွယ်လိုက်ကြသည်။
သို့သော် ထိုအချိန်၌ ကောင်းကင်ပြင်တွင် နတ်အလင်းတန်းဖြင့် ပြည့်နှက်သွားခဲ့သည်။ ဖျက်စီး၍ မရသော ဓားဆန္ဒတစ်ခုက ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားခဲ့သည်။ ထျန်းရီမြင့်မြတ်နယ်မြေ၏ မဟာအကြီးအကဲက ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ် ပြိုကွဲသွားကာ သူ၏ အရိုးအားလုံးနှင့် သွေးများ မြေပြင်ပေါ်သို့ ဖိတ်စဥ်သွားခဲ့သည်။
ရဟန်အိုသည် ကြောက်လန့်တကြား ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်တွင် ဗုဒ္ဓရောင်ခြည်များ လင်းထိန်လာခဲ့သည်။ ကောင်းကင်ထက်သို့ ရွှေရောင်ပုံရိပ်တစ်ခု မြင့်တက်သွားခဲ့သည်။ ၎င်းက သူကျင့်ကြံထားသည့် ဗုဒ္ဓဂိုဏ်း၏ နတ်စွမ်းရည်ဖြစ်သော ဓမ္မပုံရိပ်ပင်ဖြစ်သည်။
သို့ရာတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ကာ ဓမ္မပုံရိပ် ဖြိုခွင်းခံလိုက်ရသည်။ ဗုဒ္ဓရောင်ခြည်အားလုံး ပျောက်ကွယ်သွားကာ ရဟန်းအိုမှာ ဗုဒ္ဓနှင့်တွေ့ဆုံရန်အတွက် နိဗ္ဗာန်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူတို့သာလျှင် မဟုတ်ဘဲ မိုးကြိုးငှက် ပိုင်မိသားစုနှင့် တစ်ခြားလူတော်တော်များများကပါ ချက်ချင်းပေါက်ကွဲသွားခဲ့သည်။
မဟာတောရိုင်း နန်းတော်၏ အပြင်ဘက်တွင် အော်ဟစ်သံများဖြင့် ပြည့်လျှံသွားပြီး သက်ရှိများစွာ သေဆုံးသွားခဲ့သည်။
ဟွာရှုနယ်ပယ် အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် အစွမ်းထက် ပညာရှင်အားလုံး ခေါင်းဖြတ်ခံလိုက်ရသည်။ ၎င်းမှာ မူဟွမ်က လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ဖျက်စီး၍ မရသော ဓားချီက ရန်သူအားလုံးကို သုတ်သင်သွား၏။ ထိုလူများက မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ သေမင်းနှင့်သာ တွေ့ဆုံသွားကြရသည်။
သို့ရာ၌ မဟာတောရိုင်း နန်းတော်၏ အတွင်းပိုင်းတွင် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီဖြစ်သည်။ သူတို့၏ မျက်ဝန်းများအတွင်းတွင် မျက်ရည်များ ရစ်သီနေကာ သူတော်စင်ကို အမည်နာမကို ကြွေးကြော်နေခဲ့ကြသည်။
လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး အဆိုပါ ပုံရိပ်ကိုသာ အဆက်မပြတ် ထိန်းသိမ်းထားခဲ့သည်။ သူက အဆိုပါ ဂုဏ်သိက္ခာကို လိုချင်နေခြင်း မဟုတ်ဘဲ သူ၏ နာမည်အစစ်အမှန်ကို သတ်ဖြတ်ခြင်းမှတစ်ဆင့် တည်ဆောက်ကာ ဒေသလေးခုစလုံးကို ကြောက်လန့်သွားစေရန်အတွက် မူဟွမ်ကို လှုပ်ရှားခိုင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။
မဟာတောရိုင်း နန်းတော်၏ သူတော်စင် ပေါ်ထွက်လာပြီဆိုသည်နှင့် သူက နတ်တစ်ပါး၏ ကာကွယ်စောင့်ရှောက်မှုကို ခံယူခဲ့ရကာ ဒေသလေးခုစလုံးကို အံ့အားသင့်သွားစေ၍ ပုန်ကန်လိုသူတိုင်းကို ဖိနှိပ်ခဲ့ကြောင်းကို တစ်ကမ္ဘာလုံးကို အသိပေးရန်အတွက်ပင်။
မူချွမ်သည် အရာအားလုံးကို မြင်တွေ့နေခဲ့ရပြီး စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်တုန်ရင်ရင် ဖြစ်သွားကာ မျက်ရည်အဝိုင်းသား ဖြစ်သွားခဲ့သည်။ သူသည် မဟာတောရိုင်း နန်းတော်က ကယ်တင်ခံလိုက်ရကာ မျှော်လင့်ချက် ရောက်ရှိလာပြီဆိုသည်ကို သိသွားခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် တစ်ခြားသော နေရာများတွင် ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်မှ လူများသည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်မှုကို မြင်တွေ့နေခဲ့ရပြီး သူတို့က စောစောစီးစီး မလှုပ်ရှားခဲ့သောကြောင့် ထိုကပ်ဘေးမှ လွတ်မြောက်သွားရသည့်အတွက် တိတ်တဆိတ် ဝမ်းသာသွားကြသည်။
ကျန်ရှိနေသည့် အင်အားစုများကမူ စိတ်လှုပ်ရှားရမည်လား ကြောက်ရွံ့ရမည်လားဆိုသည်ကိုပင် ဝေခွဲမရ ဖြစ်သွားကာ သူတို့ရှိနေသည့် နေရာများမှာပင် ကြောင်အမ်းအမ်းဖြင့် မတ်တပ်ရပ်နေခဲ့ကြသည်။
ယနေ့တွင် ဗုဒ္ဓအလင်းရောင် ပျောက်ကွယ်သွားပြီး ထျန်းရီကျဆုံးသွားကာ အစွမ်းထက် ပညာရှင်တို့၏ သွေးများ ကမ္ဘာမြေကို စွန်းထင်းသွားခဲ့သည်။ လေထုအတွင်းတွင် သွေးညှီနံ့များ လှိုင်လှိုင်သင်းနေလျက်ရှိ၏။ သို့သော် လုချန်ရှန်းကမူ ယဇ်ပုလ္လင်ပေါ်မှာပင် အေးအေးလူလူ မတ်တပ်ရပ်နေခဲ့သည်။
မူဟွမ်မှာလည်း ထိုကဲ့သို့သော သတ်ဖြတ်မှုမျိုးကို ဖန်တီးခြင်းက ကပ်ဘေးတစ်ခုအား ဖိတ်ခေါ်မိသွားနိုင်သည်ဆိုသည်ကို သိနေခဲ့သည်။ သို့သော် အကယ်၍ သူကသာ ထိုလူများကို မသတ်ဖြတ်ခဲ့ဘူးဆိုပါက ကြီးမားသော ကပ်ဘေးတစ်ခု သေချာပေါက် ပေါ်ထွက်လာမည်ဆိုသည်ကို နားလည်နေခဲ့သည်။
နတ်အလင်းတန်းနှင့် ဓားဆန္ဒတို့က ကောင်းကင်ထက်တွင် ရစ်ခွေနေကာ လူတစ်ဦးကို ကာကွယ်ပေးနေခဲ့၏။
လုချန်ရှန်းသည် သွေးစွန်းနေသည့် ယဇ်ပုလ္လင်ကို ငေးကြည့်နေခဲ့ပြီး ထို့နောက်တွင် ကောင်းကင်ယံကို လှမ်းကြည့်ကာ အကြောက်အရွံ့ ကင်းမဲ့ဟန်ဖြင့် စကားပြောလိုက်သည်။
“ ဒီနေ့ပြီးရင် ဒေသလေးခုလုံးဆီ ခရီးထွက်ပြီးတော့ မင်းတို့ဆီကို တစ်နေရာပြီးတစ်နေရာ လာလည်မယ် “
သူ၏ စကားလုံးများက ခြိမ်းခြောက်သည့်အလား ဟန့်တားနေသည့်အလား ဖြစ်နေခဲ့သည်။ သူသည် ပိုမိုများသော လူများက ဤနေရာရှိ အခြေအနေကို စောင့်ကြည့်ကာ နားစွင့်နေကြသည်ဆိုသည်ကို သိနေခဲ့သည်။ ဤကိစ္စက မပြီးဆုံးသွားသေးဘဲ ယခုမှသာ စတင်လာခဲ့ခြင်း ဖြစ်သည်။
--
……………………………………………………………………………………………………………………………………