အခန်း ၃၅၁
Vol. 36 Ch. 351
အခန်း(351)
ဖခင်လီက သူ၏ ဇနီးသည် ဝမ်းနည်းမနေရန်အတွက် ဆက်လက်၍ ချော့မြှူနေခဲ့လေ၏။
သို့သော် သူမက ပိုမို၍ စိတ်လှုပ်ရှားလာခဲ့ပြီး လက်ကိုင်ပုဝါကို တင်းကြပ်စွာ ဆုပ်ကိုင်လျက်အော်ဟစ်ငိုကြွေးလေတော့၏။
“သူမက ကျွန်မရဲ့ သမီးအရင်း မဟုတ်ခဲ့ဘူးဆိုပေမဲ့ ကျွန်မပဲ သူမကို ကြီးပြင်းအောင် ကျွေးမွေးခဲ့ရတာလေ၊
ဒီတုံးအတဲ့ မိန်းကလေးက ဘာလို့ ဒီလောက်တောင် ရက်စက်ပြီး သူမရဲ့ကလေးကိုပါ အတူခေါ်သွားရတာလဲ”
ထိုအကြောင်းအရာက လူများကို အကြောင်းပြချက်မရှိဘဲ စိတ်နှလုံးထဲ၌ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရစေသည်။
လီရှန်းက ဘေးမှ စောင့်ကြည့်ရင်း သက်ပြင်းချလိုက်မိ၏။
“သူတို့ကလည်း တကယ့်ကို သနားစရာကောင်းတဲ့ လူတွေပါပဲ”
“သနားစရာ ဟုတ်လား”
ရန်ရှောင်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြောလိုက်လေသည်။
“ဒါတွေ အားလုံးက ဟန်ဆောင်မှု သက်သက်ပဲ၊ တကယ်လို့ သူမမှာ တကယ်ကြီး ကိုယ်ကျင့်တရားနဲ့ အသိတရား ရှိခဲ့ရင်၊ အဲဒီအချိန်က သူမရဲ့ မိသားစုထဲမှာ လူတစ်ယောက်မှ မကျန်တော့တာကို သိရက်သားနဲ့ သူမရဲ့ သားနှစ်ယောက်လုံးကို ပစ်ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ခွာသွားမှာ မဟုတ်ဘူး”
လီရှန်းအနေဖြင့် ဤစကားကို မည်သို့ ပြန်လည်၍ တုံ့ပြန်ရမည်ကိုပင် မသိ ဖြစ်သွားခဲ့ရ၏။
ထို့ကြောင့် အလိုက်သင့်ပင် ဝေဝါးစွာဖြင့် ပြောလိုက်လေ၏။
“အဲဒီနှစ်ကာလတွေတုန်းက အခြေအနေတွေက အရမ်း ခဲယဉ်းလွန်းလို့ နေမှာပါ၊ အမျိုးသမီးတစ်ယောက်တည်းနဲ့ ကလေးနှစ်ယောက်ကို ပြုစုရတာ ပိုပြီးတော့တောင် ခဲယဉ်းမှာပေါ့”
“အဓိကပြဿနာက လီမိသားစုဘက်က အဲဒီကလေးကို ခေါ်ပြီးကျွေးမွေးဖို့ ကြိုတင် သဘောတူထားခဲ့ပြီးသားပဲ၊ ဒါပေမဲ့ သူမကိုယ်တိုင်က ငြင်းပယ်ပြီး ကလေးကို စွန့်ပစ်ခဲ့တာ”
ရန်ရှောင်က သူ၏ ဒုတိယအဒေါ်ကို မနှစ်သက်သောကြောင့် ထိုဘက်မှ အခြေအနေများကို ဆက်လက်၍ ပြောဆိုခြင်း မပြုတော့ဘဲ၊ စကားလမ်းကြောင်း လွှဲလိုက်လေ၏။
“ကျွန်တော် ထင်တာတော့ အဲဒီဟဲထန်က ကျွန်တော့်ရဲ့ အဆင့်အတန်းကို သေချာပေါက် အထင်လွဲသွားခဲ့ပြီ ထင်တယ်”
လီရှန်း : “ဟင်”
“သူက ကျွန်တော့်ကို ဝေ့ချင်းလို့ အထင်မှားနေတာ ဖြစ်လိမ့်မယ်၊ ခုနတင်ကတည်းကသူက ကျွန်တော့်ကို အစိမ်းလိုက် ဝါးစားမတတ် မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်”
ရန်ရှောင်က ဤအထင်လွဲမှုအပေါ် အလွန်ကျေနပ်နေခဲ့ကာ သူ၏ လေသံထဲတွင်လည်း ဂုဏ်ယူဝင့်ကြွားမှုများက မဖုံးကွယ်နိုင်ဘဲ ပါဝင်နေသည်။
“ဒါက ပိုပြီး ကောင်းတာပေါ့၊
ဒီလိုဆိုရင် ဝေ့ချင်းနဲ့ စုရှောင်လော်တို့အတွက် ပိုပြီး ဘေးကင်းသွားလိမ့်မယ်”
အဲဒီဟဲထန်က ဘာလုပ်ချင်နေတာလဲ။
လီရှန်းတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမ၏ စိတ်ထဲတွင် အတွေးများကို ချဲ့ကား၍ တွေးနေမိလေ၏။
“သူတို့က ဝေ့ချင်းကို လုပ်ကြံသတ်ဖြတ်ပြီး ကျွန်မကို မုဆိုးမတစ်ဦး ဖြစ်သွားအောင် လုပ်ဆောင်ချင်နေတာတော့ မဖြစ်နိုင်ဘူးမလား”
ရန်ရှောင် : “...”
အင်း ..ဒါကတော့..
တကယ်ကို ပြောရခက်တယ်။
သူ့အနေဖြင့်လည်း ဟဲထန်၏ ရူးသွပ်လွန်းသော အတွေးစများကို နားမလည်နိုင်ပေ။
သူက လီရှန်းထံသို့ လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်လေသည်။
“မင်း ဒီဟင်းခြင်းတောင်းကို ဒီလောက်အထိ အကြာကြီး သယ်လာခဲ့ရတာ အတော်လေး ပင်ပန်းနေရောပေါ့၊ ကျွန်တော်ပဲ ကူညီပြီး သယ်ပေးပါ့မယ်”
သာမန်အားဖြင့်ဆိုလျှင် လီရှန်းက တခြားလူများကို ဒုက္ခမပေးတတ်သောကြောင့် သေချာပေါက် ငြင်းပယ်ပေလိမ့်မည်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ သူမက မသိစိတ်ဖြင့် လက်ကို ဆန့်ထုတ်ပြီး ဟင်းခြင်းတောင်းကို လွှဲပြောင်းပေးအပ်လိုက်မိလေ၏။
သူမ၏ လှုပ်ရှားမှုက သဘာဝကျကျနှင့် ချောမွေ့လွန်းသောကြောင့် အကြိမ်ပေါင်း ထောင်ချီ၍ ပြုလုပ်ခဲ့ဖူးသည့်အတိုင်းပင် ဖြစ်နေခဲ့သည်။
ဤမြင်ကွင်းကို နောက်ကွယ်မှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော ဟဲထန်မှာတော့ ဒေါသမီးများက ပိုမို၍ တောက်လောင်လာခဲ့လေတော့၏။
“မင်း ပြောခဲ့တဲ့ အဲဒီစနစ်ကိုတွေ့ပြီလား”
ဟဲထန် အံကို ကြိတ်လျက် စိတ်ထဲမှ မေးမြန်းလိုက်လေ၏။
[ဒါက အရမ်း ထူးဆန်းတယ်]
ရုတ်တရက် ထူးခြားဆန်းကြယ်သော လျှပ်စစ်အသံ တစ်သံက ဟဲထန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့လေ၏။
အကယ်၍ လီရှန်းသာ ထိုအသံကို ကြားရပါက ထိုအသံမှာ သူမပိုင်ဆိုင်ဖူးသော စနစ်၏ အသံနှင့် တူညီနေကြောင်းကို သေချာပေါက် သိရှိသွားပေလိမ့်မည်။
ထိုစနစ်၏ အားအင်ပြည့်ဝလွန်းသော အသံနှင့် နှိုင်းယှဉ်ပါက လက်ရှိအသဲမှာ အားအင်အလွန် ချို့တဲ့နေပြီး စကားပြောဆိုရာတွင်လည်း အနည်းငယ် ပြတ်တောက်ပြတ်တောက် ဖြစ်နေလေသည်။
“ဘာဖြစ်လို့လဲ”
ဟဲထန် မျက်ခုံးကို တွန့်ချိုးလိုက်မိ၏။
[သူမရဲ့ အခြေအနေက ငါတို့ မျှော်လင့်ထားခဲ့တာထက် ကောင်းမွန်နေပုံရတယ်၊ ငါ သူမရဲ့ ခန္ဓာကိုယ်ကနေ တခြားဘယ်စနစ်ရဲ့ လွှမ်းမိုးမှုကိုမှ ခံစားလို့မရဘူး]
ဟဲထန်က သူ၏ဦးခေါင်းကို ပွတ်သပ်လိုက်ကာ ခေါင်းကိုက်သကဲ့သို့ ဟန်ဆောင်ပြီး စိတ်ထဲမှ မေးမြန်းလိုက်လေ၏။
“အကွာအဝေးက အရမ်း ဝေးလွန်းလို့လား”
စနစ်က စွမ်းအင်ချို့တဲ့နေ
သောကြောင့် တစ်ခါတရံတွင် ရက်ပေါင်းများစွာအထိ သူနှင့် ဆက်သွယ်၍ မရနိုင်ပေ။
သူ စနစ်နှင့် အကြာမြင့်ဆုံး အဆက်အသွယ်ပြတ်တောက်ခဲ့ဖူးသည့် အချိန်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျေးလက်သို့ ဒေသသို့ သွားခဲ့ချိန်က ဖြစ်လေ၏။
ထိုအချိန်က သူ့အနေဖြင့် လီရှန်းကို ကျေးလက်ဒေသသို့လိုက်ခဲ့ရန်အတွက် ဖျောင်းဖျဖို့ မအောင်မြင်ခဲ့ပေ။
ထို့အပြင် သူ၏ သက်စောင့်စွမ်းအင်များကလည်း အလွန် ဆုတ်ယုတ်ပျက်စီးသွားခဲ့သောကြောင့် ကုသ၍မရသော ရောဂါဆိုးတို့ စွဲကပ်သွားရသည်။
ထိုအချိန်တွင် ဇာတ်လမ်းကို ရှေ့ဆက်နိုင်ရန်နှင့် သူ၏အသက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက်၊ စနစ်က သူ၏လက်ထဲတွင်ရှိနေသော အကိုက်အခဲပျောက်ဆေးများကို သက်စောင့်စွမ်းအင် ဖြည့်စွက်ဆေးများအဖြစ်သို့ အတင်းအကျပ် ပြောင်းလဲပေးခဲ့ရသည်။
သို့သော် သက်စောင့်စွမ်းအင်ဆိုသည်က နေရာလွတ်ထဲမှ အလိုအလျောက် ထွက်ပေါ်လာနိုင်ခြင်း မဟုတ်ပေ။
ဟဲထန်၏ အသက်ကို ဆက်လက်၍ ထိန်းသိမ်းရန်အတွက် တခြားလူများ၏ အသက်ဓာတ်ကို ပေးဆပ်ရန်အတွက် လိုအပ်သည်။
ထိုအချိန်တုန်းက ချီလော့လော့က သူ့ထံသို့ တိုက်ဆိုင်စွာ လာရောက်တွေ့ဆုံခဲ့လေ၏။
ထိုတက်ကြွလှုပ်ရှားပြီး ကျန်းမာသန်စွမ်းလွန်းသော မိန်းကလေးကို ကြည့်ရှုရင်း ဟဲထန်၏ စိတ်ထဲတွင် ပြင်းထန်လွန်းသော မနာလိုဝန်တိုစိတ်များက ထွက်ပေါ်လာခဲ့ရကာစိတ်ထဲတွင် ဆုံးဖြတ်ခဲ့သည်။
[မင်း ဘာလို့ သူမရဲ့အနားကို နည်းနည်းလောက် ထပ်ပြီးတိုးမသွားတာလဲ]
စနစ်၏ လျှပ်စစ်အသံက ဟဲထန်၏ အတိတ်သို့ပြန်တွေးနေသည့် အတွေးများ ဖြတ်တောက်လိုက်လေ၏။
ဟဲထန်က နှုတ်ခမ်းကို တင်တးင်းစေ့လိုက်ပြီးစိတ်ထဲမှ မေးလိုက်လာသည်။
“ တစ်ဖက်လူက မင်းရဲ့ တည်ရှိမှုကို မရိပ်မိဘူးဆိုတာ သေချာရဲ့လား”
အကယ်၍ သူ၏ စနစ်က တစ်ဖက်လူကို ရိပ်မိနိုင်လျှင်၊ တစ်ဖက်လူ၏ စနစ်ကလည်း သူ၏ စနစ်ကို သေချာပေါက် ရိပ်မိနိုင်ပေလိမ့်မည်။
“စိတ်မပူပါနဲ့”
စနစ်၏ လေသံက အလွန်ပင် ယုံကြည်ချက် ရှိနေခဲ့လေ၏။
ထိုစနစ်က မိခင်အရင်းအမြစ်ဆီမှ နှင်ထုတ်ဖျက်ဆီးခြင်းကို ခံထားရပြီးသား စနစ်တစ်ခုဖြစ်ကာ လက်ရှိတွင်လည်း စွမ်းအင် အလွန်ပင် နိမ့်ပါးနေခဲသည်။
ဤမျှအထိ သေးငယ်လွန်းသော လှိုင်းပမာဏကို လက်ရှိ စနစ်တကျ လည်ပတ်နေဆဲဖြစ်သော ထို မြင့်မြတ်လွန်းသည့် စနစ်များအနေဖြင့် ရိပ်မိနိုင်စရာ အကြောင်း မရှိပေ။
ဟဲထန်က နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
“ငါတို့ဆီမှာ အကိုက်အခဲပျောက်ဆေးတွေ အများကြီး မကျန်တော့ဘူး”
[ငါ့မှာလည်း အားအင်သိပ်မရှိတော့ဘူး၊ ဒါကြောင့် ချွေတာပြီး သုံးစမ်းပါ]
စနစ်အနေဖြင့် ဟဲထန်က ဤမျှအထိ အသုံးမကျသူတစ်ဦးဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ သူက လီရှန်း၏ နှလုံးသားကို ယနေ့အချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
သူ တီထွင်ဖန်တီးပေးခဲ့ရသော စွမ်းအင်အမြောက်အမြား ကုန်ဆုံးခဲ့ရသည့် အကိုက်အခဲပျောက်ဆေးများပင် ကုန်ဆုံးလုနီးပါးဖြစ်နေခဲ့သည်။
သူ့အနေဖြင့် ဒုတိယမြောက် ဆေးပုလင်းတစ်လုံးကို ထပ်မံ၍ မဖော်စပ်နိုင်လောက်တော့ပေ။
ဟဲထန်က သူ၏အိတ်ကပ်ထဲမှ ဆေးပုလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်းမေးမြန်းလိုက်လေ၏။
“ငါတို့ အဲဒီစနစ်ဆီက စွမ်းအင်တွေကို လွှဲပြောင်းရယူပြီးတာနဲ့ မင်း ငါ့ကို နိုင်ငံခြားကို တကယ်ပို့ပေးနိုင်လား”
[ဒါပေါ့၊ အချိန်ကျရင် မင်း သွားချင်တဲ့ နိုင်ငံတိုင်းကို သွားလို့ရမယ်]
ဟဲထန်က မျက်လွှာချလိုက်ကာ စနစ်၏ ဆွဲဆောင်မှုရှိလွန်းသော ကောက်ကျစ်သည့် စကားသံများကို နားထောင်ရင်း စိတ်ထဲတွင် အနည်းငယ်တော့ မရေမရာ ဖြစ်နေခဲ့ရ၏။
သို့သော် အသက်ရှင်သန်နိုင်ရန်နှင့် လူသားတစ်ဦးကဲ့သို့ သိက္ခာရှိရှိ နေထိုင်သွားနိုင်ရန်အတွက် စိတ်ထဲမှနေ၍ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်လေ၏။
အကယ်၍ နူးညံ့သော နည်းလမ်းဖြင့် မအောင်မြင်ခဲ့ပါက၊ ကြမ်းတမ်းသော နည်းလမ်းကိုသာ အသုံးပြုရလိမ့်မည်။
လီရှန်းက ဟဲထန်တစ်ယောက် မှောင်မည်းသော လမ်းဆိုးဆီသို့ လုံးဝ သက်ဆင်းသွားခဲ့ပြီဖြစ်ကြောင်းကို မသိရှိခဲ့ပေ။
ဤအခိုက်အတန့်တွင် သူမက ရန်ရှောင်နှင့်အတူ နောက်ပိုင်းတွင် မည်သို့ဆောင်ရွက်ရမည်ကို ဆွေးနွေးနေခဲ့သည်။
သူမအနေဖြင့် ရန်ရှောင်အပေါ် အလွန်ပင် အားနာနေမိပေ၏။
သို့သော်လည်း အကယ်၍ ဟဲထန်သာ ရန်ရှောင်ကို စုဝေ့ချင်းဟုဆက်လက်၍ အထင်လွဲနေခဲ့ပါက သူမအတွက် အကောင်းဆုံးဖြစ်ပေသည်။
အနည်းဆုံးတော့ စုဝေ့ချင်းနှင့် စုရှောင်လော်တို့ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပေလိမ့်မည်။
“ဒီအကြောင်းတွေကို ဝေ့ချင်းကိုတော့ လုံးဝမပြောနဲ့ဦးနော်”
လီရှန်းက သူမ၏ နားထင်ကို ပွတ်သပ်လိုက်မိ၏။
ယနေ့ မနက်ပိုင်းက စုဝေ့ချင်းဘက်မှ အတူလိုက်ပါလာရန်အတွက် အတင်းအကျပ် တောင်းဆိုခဲ့သေးသည်။
သူမအနေဖြင့် သူ့ကို အိမ်တွင်နေခဲ့ရန်အတွက် မနည်းဖျောင်းဖျခဲ့ရပေ၏။ ထို့ကြောင့် လီရှန်းအနေဖြင့် သူ့ကို မသိရှိစေချင်တော့ပေ။
ရန်ရှောင်က ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော် ဒီရက်ပိုင်း စုရှောင်လော်ကို သွားကြိုပြီး အလုပ်ခွင်ထဲကိုခေါ်ထားနိုင်တော့မှာ မဟုတ်ဘူး၊
မင်းရဲ့ တပည့်လေး ဝမ်တုန်က အခု အလုပ်အားနေတယ်မလား၊ အခုတော့ သူ့ကိုပဲ ကလေးကိုကြိုပို့လုပ်ခိုင်းလိုက်တာပေါ့”
“ကောင်းပြီ၊ ဒါပေမဲ့ မနက်ဖြန်ကျရင် ကျွန်မရဲ့ ဆရာက ကျန်းကျိအတွက် ရောဂါရှာဖွေ စမ်းသပ်ပေးဖို့ ကျွန်မတို့အိမ်ကို လာလိမ့်မယ်၊ ရဲဘော်ရန် အဆင်ပြေမယ်ဆိုရင်တော့..”
“ကျွန်တော်လည်း အတူလိုက်လာခဲ့ပါ့မယ်”
ထိုနှစ်ဦးက စကားအနည်းငယ်လောက် ဖလှယ်ပြီးနောက် ဈာပနအိမ်ရာမှ အတူတကွထွက်ခွာသွားခဲ့ကြလေ၏။
တစ်ဦးက အလုပ်ခွင်သို့ သွားခဲ့ပြီး ကျန်တစ်ဦးက လေ့ကျင့်ရေးစခန်းရှိ အတန်းသို့ သွားခဲ့သည်။
ဟဲထန်ကတော့ လီရှန်းတစ်ယောက် အပြင်သို့ရောက်သည်နှင့် ဘတ်စ်ကားပေါ်သို့ ချက်ချင်းတက်ရောက်သွားခဲ့ကြောင်းကို မြင်တွေ့လိုက်ရသောကြောင့် စိတ်ပျက်သွားခဲ့ရသည်။
ထို့ကြောင့် သူက ရန်ရှောင်ဘက်ကိုသာလှည့်လိုက်လေ၏။
*