← Chapters

အခန်း ၃၅၃

Vol. 36 Ch. 353

အခန်း ၃၅၃

Vol. 36 Ch. 353

အခန်း(353)

ဝါရင့်သမားတော်များက ကျန်းကျိအတွက် ဆေးနည်းများကို ပြင်ဆင်ပေးခဲ့ကြလေ၏။

သူတို့က အပ်စိုက်ကုထုံးကိုပါ ပြုလုပ်ပေးခဲ့ကြသည့်အပြင်၊ သူ၏ စိတ်ဝိညာဉ်ကို တည်ငြိမ်စေရန်နှင့် စိတ်ခံစားချက်များကို ပြေလျော့စေရန်အတွက် ဆေးအိတ်လေးများကိုပါ ပြင်ဆင်ပေးခဲ့ကြသည်။

“သုံးရက်မှာ တစ်ကြိမ်အပ်စိုက်ရမယ်၊ ဒီဆေးတွေကိုတော့ အိမ်ပြန်သယ်သွားပြီး အရင်ဆုံး သောက်ကြည့်လိုက်ဦး”

ရန်ကျိမင်က အကျဉ်းချုပ်၍ ရှင်းပြလိုက်ပြီး ကျန်းရိကော်၏ အလုပ်ကိုတွေးကာ ပြောလိုက်လေသည်။

“တကယ်လို့ အခြေအနေက ဆက်ပြီး တည်ငြိမ်နေဦးမယ်ဆိုရင်တော့ ခြောက်လကြာမှတစ်ကြိမ် ရောဂါပြန်လာပြရမယ်၊

တကယ်လို့ တစ်လအတွင်း ရောဂါထကြွတာ သုံးကြိမ်ထက် ပိုများလာခဲ့ရင်တော့ နောက်လမှာပဲ ချက်ချင်း ပြန်လာခဲ့ပါ”

ဤကုသနည်းကအနည်းငယ် လက်ဝင်လွန်းသော်လည်း ကျန်းရိကော်အတွက်တော့ ကုသမှုအစီအစဉ်တစ်ခု ရှိနေခြင်းကပင် အလွန် ကောင်းမွန်လွန်းပေပြီ

သို့သော် သူက နင်ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သောကြောင့် ခရီးမပြာခဏထွက်ရန် လုံးဝ မလွယ်ကူလွန်းပေ။

“ငါ ရှောင်လီကို အပ်စိုက်ကုထုံးကို သင်ပေးလိုက်ပါမယ်၊ နောက်ထပ် ရောဂါပြန်စစ်ဆေးမယ့် အချိန်က နွေရာသီကျောင်းပိတ်ရက်အတွင်း ဆိုတော့ အဲဒီအချိန်ကျရင် ရှောင်လီကိုစစ်ဆေးခိုင်းပြီး ဖုန်းကနေတစ်ဆင့် ရောဂါအခြေအနေကို လှမ်းပြီး မေးမြန်းလို့ရတာပဲလေ”

ကျန်းကျိကို အပ်စိုက်ကုသပေးနေသော တခြားသော သမားတော်တစ်ဦးက အပြုံးတစ်ခုနှင့် ဖျောင်းဖျစကား ပြောလာခဲ့လေ၏။

“စိတ်မပူပါနဲ့၊ ကလေးက ငယ်ပါသေးတယ်၊ ငါတို့ကသာ ကုသတာမြန်သွားပြီး သူရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကာလကို ချောချောမွေ့မွေ့ ဖြတ်သန်းသွားနိုင်အောင် ကူညီပေးနိုင်မယ်ဆိုရင် နောက်ပိုင်းကျရင် ရောဂါ ထကြွမယ့် ရာခိုင်နှုန်းက ပိုပြီး လျော့နည်းသွားမှာပဲ”

ထိုအချိန်မှသာ ကျန်းရိကော်လည်း စိတ်သက်သာရာ ရရှိသွားခဲ့ရလေတော့၏။

“တကယ့်ကို ကျေးဇူးတင်ပါတယ်၊ ဆရာတို့အားလုံးက အလုပ်တွေ အရမ်းများနေကြတာကို အခုလို အချိန်ဖယ်ပေးပြီး ကျိကျိကို လာကြည့်ပေးကြတဲ့အတွက် ကျွန်တော် ဘယ်လိုမျိုး ကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး”

“ကိစ္စမရှိပါဘူး၊ ကောင်လေး သက်သာ ရှိသွားမယ်ဆိုရင်ပဲ ငါတို့အားလုံးပျော်ရွှင်မိကြလိမ့်မယ်”

ရန်ကျိမင်က လီရှန်းနှင့် အလွန်ရင်းနှီးသူဖြစ်သောကြောင့် ကျန်းရိကော် ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများကို သိရှိထားခဲ့သည်။

သူက အလေးအနက် သက်ပြင်းချလိုက်လေ၏။

“မင်းလည်း လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက အတော်လေး ဒုက္ခခံခဲ့မှာပဲ၊အရင်နှစ်တွေအတွင်း ရုန်းရင်းဆန်ခတ်မှုတွေက ပြင်းထန်လွန်းတယ်လေ၊ ဒီလိုအချိန်ကာလမှာ မင်းအနေနဲ့ ကလေးကိုပါ ကာကွယ်ပေးခဲ့ရသေးတယ်”

လူတိုင်းက ခဲယဉ်းလွန်းသော နှစ်ကာလများကို ဖြတ်သန်းခဲ့ကြရသူများဖြစ်ကြသည်။

ထို့ကြောင့် ဤစကားကို ပြောဆိုလိုက်သည်နှင့် ကျန်းရိကော်သည်လည်း ဒုက္ခဆင်းရဲများကို ခံစားခဲ့ရကြောင်းကို လူတိုင်းက ရှင်းလင်းစွာ သဘောပေါက်လိုက်ကြလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်း ဝမ်းနည်းစရာကောင်းသော အတိတ်ကာလများကိုပြန်တွေးမိသွားကြရသည်။

ကံကောင်းစွာဖြင့် အရသာရှိလွန်းသော နေ့လယ်စာဟင်းလျာများက ဤအုံ့မှိုင်းနေသော စိတ်ခံစားချက်များကို ချက်ချင်းပင် ပယ်ဖျက်ပေးလိုက်လေ၏။

လူတိုင်းက နေ့လယ်စာကို အားပါးတ သုံးဆောင်ခဲ့ကြပြီး ကလေးငယ်နှစ်ဦးလုံးပင်လျှင် ပုံမှန်ထက် စားသောက်ခဲ့ကြသည်။

နေ့လယ်စာ စားသောက်ပြီးနောက် ကျန်းကျိတစ်ယောက် အိပ်ပျော်သွားလေ၏။

မနက်ပိုင်းတွင် အပ်စိုက်ကုထုံးကို ခံယူခဲ့ရခြင်းက ကလေးငယ်တစ်ဦးအတွက် အားအင်ကုန်ခမ်းစေသည်မဟုတ်ပါလား။

ဤအိမ်ဘက်တွင် ငြိမ်းချမ်းနေခဲ့သော်လည်း၊ တစ်ဖက်တွင်တော့ လုံးဝ ဖရိုဖရဲ ဖြစ်နေခဲ့လေ၏။

အကယ်၍ တခြားနည်းလမ်းမရှိပါက ခါးကုန်းသည့် အမျိုးသားအဆောင်မှုးက နေ့လယ်ခင်းတွင် သူတို့၏ အိမ်အထိရောက်လာမည် မဟုတ်ပေ။

လီဟုန်မေ့၏ ခင်ပွန်းသည်ထံမှ လက်သီးတစ်ချက်က ဟဲထန်၏ သိက္ခာ လုံးဝကျဆင်းသွားစေခဲ့ရုံမျှမက၊ အရာအားလုံးကိုလည်း ကမောက်ကမ ဖြစ်သွားစေခဲ့သည်။

သူတို့အနေဖြင့် မူလက ထိုလမ်းစ၏ အနောက်သို့လိုက်ပြီး ဟဲထန်၏ နောက်ကွယ်ရှိ ကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်ရန် စီစဉ်ထားခဲ့ကြခြင်း ဖြစ်လေ၏။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။

“ဟဲထန်က ဒေါသထွက်ပြီး တစ်ခုခု လုပ်လာမှာကို ငါ စိုးရိမ်မိတယ်”

အဆောင်မှူး၏ သံသယကလည်း အဓိပ္ပါယ်မရှိခြင်းတော့ မဟုတ်ပေ။

သူက ဟဲထန်ကို အနီးကပ်စောင့်ကြည့်ရန်အတွက် ဟဲထန်၏ ကျောင်းဆောင်ပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင်ရှိ ဝန်ထမ်းဆောင်ထဲတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် မကြာသေးမီကတည်းက ဟဲထန်တစ်ယောက် အလွန်ပင် ဂနာမငြိမ်ဖြစ်နေခဲ့ကြောင်းကို တွေ့မြင်ခဲ့ရလေ၏။

လီဟုန်မေ့၏ ခင်ပွန်းထံမှ အရိုက်အနှက်ခံရပြီးနောက်တွင်တော့ ဟဲထန်က ထိုလူ ထွက်ခွာသွားသည့်အချိန်အထိ ခုတင်ပေါ်တွင်ဟန်ဆောင်၍ လှဲလျောင်းနေခဲ့သည်။

အတန်းပိုင်ဆရာမ လာရောက်သည့် အချိန်တွင်ပင် ဟဲထန်၏ အမူအရာက သေလုမျောပါးပုံစံဖြစ်နေခဲ့လ၏။

သာမန်လက်သီးတစ်ချက်တည်းဖြင့် ဤမျှအထိ ပြင်းထန်သော ဒဏ်ရာမျိုးကို မရရှိနိုင်ပေ။

အဆောင်မှူးအနေဖြင့် ဟဲထန်တစ်ယောက် လီဟုန်မေ့၏ ခင်ပွန်းထံမှ ငွေကြေးအမြတ်ထုတ်လိုခြင်းဖြစ်စေ၊ သူ့ကိုယ်သူ နစ်နာသူတစ်ဦးအဖြစ် ပုံဖော်ခြင်းဖြင့် လီဟုန်မေ့ သေဆုံးရသည့် အမှုကိစ္စထဲမှ သူ့ကိုယ်သူ ရုန်းထွက်နိုင်ရန် ကြံစည်နေခြင်းဖြစ်စေ ဖြစ်လိမ့်မည်ဟူ၍ တွေးမိသည်။

သို့သော် ဟဲထန်က အဘယ်ကြောင့် ဤသို့ ပြုမူနေရသည်ကို သူနားမလည်ပေ။

သူ့အနေနဲ့ မထင်မရှားနှင့် ငြိမ်သက်နေသင့်တာ မဟုတ်ဘူးလား။

ဒီလက်သီးတစ်ချက်ကို မြိုသိပ်လိုက်ပြီး၊ နောက်ပိုင်းကျရင် ပိုပြီး မထင်မရှား နေထိုင်လိုက်ရင် ဒီကိစ္စက ရက်အနည်းငယ်အတွင်း ပြီးဆုံးသွားနိုင်တယ်လေ။

ဤကဲ့သို့သော အချစ်ရေးအရှုပ်တော်ပုံမျိုးက တက္ကသိုလ်ကျောင်းဝန်းများထဲတွင် မကြာခဏတွေ့နိုင်သည်။

တက္ကသိုလ်များက ပြန်လည်၍ ဖွင့်လှစ်ခါစ ဖြစ်သောကြောင့် ကျေးလက်ဒေသမှ ဇနီးသည်များက ကလေးများကို ခေါ်ဆောင်ကာ ကျောင်းတံခါးဝသို့ လာရောက်ပြဿနာရှာသည့် ဖြစ်ရပ်မျိုးကိုပင် အကြိမ်ပေါင်းများစွာ တွေ့မြင်နိုင်သည်ပင်။

ရန်ရှောင် မျက်မှောင်ကြုတ်လိုက်မိကာ စိတ်ထဲ၌ အမှန်တကယ်ပင် စိုးရိမ်ပူပန်သွားခဲ့ရလေ၏။

ထို့ကြောင့် သူက လီရှန်းကို ညွှန်ကြားလိုက်လေသည်။

“ဒီရက်ပိုင်းအတွင်း သေသေချာချာ သတိထားဦး၊ တကယ်လို့ တကယ်ပဲ အဆင်မပြေဘူးဆိုရင်တော့ ကျောင်းဆောင်အခန်းတစ်ခု လျှောက်ထားပြီး ကျောင်းမှာပဲ ရက်နည်းနည်းလောက် တည်းခိုနေထိုင်လိုက်တာကောင်းမယ်”

လီရှန်းလည်း အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။

စုဝေ့ချင်းသည်လည်း ဤကိစ္စ၏ လေးနက်မှုကို သိရှိသွားခဲ့သောကြောင့် ဝင်ရောက်ဖျောင်းဖျလေသည်။

“ဟုတ်တယ်၊ မင်းအနေနဲ့ လေ့ကျင့်ရေးစခန်းမှာပဲ ခဏလောက် တည်းခိုနေထိုင်လိုက်တာ ပိုကောင်းမယ်၊

ဟဲထန် အဖမ်းခံရပြီးမှပဲ အိမ်ကိုပြန်လာခဲ့လေ၊ စုရှောင်လော်အတွက်တော့ မစိုးရိမ်ပါနဲ့ .. ကိုယ် ကျောင်းမှာ ခွင့်တိုင်လိုက်မယ်၊ ဒီရက်ပိုင်း ညဘက် ကိုယ်ပိုင်စာကြည့်ချိန်တွေကို ဖျက်ပြီး အိမ်မှာပဲ စုရှောင်လော်နဲ့အတူ ရှိနေပေးလိုက်မယ်”

မည်သို့ပင်ဖြစ်စေ ညဘက် ကိုယ်ပိုင်စာကြည့်ချိန်ဆိုသည်က ကိုယ်ဘာသာ စာကျက်ရခြင်းသာဖြစ်ပေ၏။

“ဒါပေမဲ့ ကျွန်မက ရှင်တို့သားအဖနှစ်ယောက်တည်း အပြင်မှာ ရှိနေမှာကိုလည်း စိုးရိမ်တယ်”

လီရှန်းက သက်ပြင်းချလိုက်လေ၏။ အကယ်၍ သူမကိုယ်တိုင်က ပုန်းအောင်းနေခဲ့ပြီး စုဝေ့ချင်းနှင့် သူမ၏ သမီးကိုသာ အပြင်ဘက်တွင် ထားခဲ့မည်ဆိုပါက သူမ စိုးရိမ်ပူပန်လွန်းသောကြောင့် ရူးသွပ်သွားရပေလိမ့်မည်။

“ကျွန်မ အိမ်မှာပဲ ဆက်နေမယ်၊ သူ ကျွန်မကို ဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

ရန်ရှောင်က မျက်ခုံးကို တွန့်ချိုးလိုက်မိလေ၏။

ပညာရှိသူက ပျက်စီးလုနီးပါးဖြစ်နေသော နံရံအောက်တွင် မတ်တတ်မရပ်သင့်ပေ။

တကယ်တမ်းတွင် လီရှန်းအနေဖြင့် အမှန်တကယ်ပင် ထိတ်လန့်ကြောက်ရွံ့နေမိသည်။

သူမသာ စုဝေ့ချင်း၏ ဘေးတွင် အမြဲ ရှိနေခဲ့ပါက ဟဲထန်က သူတို့၏ အိမ်တံခါးဝသို့ လာရောက် ပြဿနာရှာလျှင်ပင်၊ သူမက စုဝေ့ချင်းနှင့် သူမ၏ ကလေးတို့ ဘေးကင်းလုံခြုံမှုအတွက် ဟဲထန်နှင့်အတူ လိုက်ပါသွားနိုင်သည်ဟုလည်း တွေးမိလေ၏။

ဆိုရလျှင် လီရှန်းက သူမ၏ ဤကဲ့သို့သော စိုးရိမ်ပူပန်မှုအပေါ်တွင်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့မိသေး၏။

စုဝေ့ချင်းက မည်မျှပင် အားနည်းနေလျှင်ပင် သူက အမျိုးသားတစ်ဦး ဖြစ်ပေသည်။

သူ့အနေဖြင့် ဟဲထန်ကို မရိုက်နိုင်ခဲ့လျှင်ပင် ထွက်ပြေးနိုင်သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူမကိုယ်တိုင်ကသာ အန္တရာယ်အရှိဆုံးသော လူ ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင်တော့ တခြားနည်းလမ်းမရှိတော့သည့်အတွက်ကြောင့် ရန်ရှောင်က ပြောလိုက်ရလေ၏။

“ဒီလိုလုပ်ရင် ဘယ်လိုလဲ၊ ကျွန်တော် မင်းတို့အတွက် ကျောင်းဆောင်အခန်းတစ်ခု လျှောက်ထားပေးမယ်၊

မ ဝေ့ချင်းနဲ့ စုရှောင်လော်တို့ကိုပါ အဲဒီမှာ အတူ လာရောက်နေထိုင်ခိုင်းလိုက်ပေါ့၊ ဒီလိုဆိုရင် အဆင်ပြေလား”

ဤနည်းလမ်းက အမှန်တကယ်ပင် အလုပ်ဖြစ်နိုင်သည်။

ဤစကားကို ကြားရသည့်အချိန်မှသာ လီရှန်း၏ မျက်ဝန်းများက တောက်ပလာခဲ့ရလေ၏။

“အဲဒီလိုလုပ်ဖို့ အဆင်ပြေနိုင်ပါ့မလား”

“ငါ ဌာနမှူးနဲ့ သေသေချာချာ စကားပြောပေးပါ့မယ်၊ သေချာပေါက် အဆင်ပြေစေရမယ်”

သူတို့အနေဖြင့် နိုင်ငံတော်၏ အရေးကြီးသည့် ပါရမီရှင်ပညာရှင်များကို ကာကွယ်စောင့်ရှောက်ပေးခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်ရုံမျှဖြင့် ဌာနမှူးက သေချာပေါက် ပူးပေါင်းဆောင်ရွက်ပေးပေလိမ့်မည်။

လီရှန်းက ခေါင်းကိုညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

“ဒါဆိုရင်တော့ ရဲဘော်ရန်ကို အများကြီး ဒုက္ခပေးရဦးမှာပဲ”

နောက်တစ်နေ့တွင် ရန်ရှောင်က သူတို့အတွက် ကျောင်းဆောင်အခန်းတစ်ခုကို လျှောက်ထားပေးခဲ့သည်။

လီရှန်းက အိမ်သို့ နှစ်ကြိမ်ခန့် အသွားအပြန် ပြုလုပ်ခဲ့ပြီး အိပ်ရာနှင့် အဝတ်အစားနှစ်စုံခန့်ကိုသာ ယူဆောင်ခဲ့လေ၏။

အိုးခွက်ပန်းကန်များကိုတော့ ယူမလာခဲ့ပေ။

ထို့နောက် သူမက စုဝေ့ချင်းနှင့် သူမ၏သမီး စုရှောင်လော်တို့ကို လေ့ကျင့်ရေးစခန်းရှိ စာသင်ဆောင်အဆောက်အအုံထဲ၌ နေရာချထားပေးလိုက်လေတော့၏။

အအစားသောက်အတွက်ကတော့ လက်တလောတွင် စားသောက်ဆောင်၌သာ အတူ စားသောက်ကြရန်အတွက် အစီအစဉ်ဆွဲလိုက်လေသည်။

သူမအနေဖြင့် ဤသို့လုပ်ဆောင်လိုက်ပါက အရာအားလုံး ဘေးကင်းလုံခြုံပြီး စိတ်ချရပြီဟု တွေးတောလိုက်လေ၏။

သို့သော် မည်သူက မျှော်လင့်ထားပါမည်နည်း။

ခါးကုန်းနေသောအမျိုးသားအဆောင်မှူးက အနီးကပ်စောင့်ကြည့်နေခဲ့ချိန်တွင်ပင် ဟဲထန်က ထူးဆန်းစွာဖြင့် ပျောက်ကွယ်သွားခဲ့လေ၏။

*

All Chapters