← Chapters

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း(354)

ဟဲထန်ပျောက်ကွယ်သွားသည့်အတွက် တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသော ရန်ရှောင်နှင့် သူ၏အဖွဲ့မှာလည်း ဆက်မနေနိုင်ကြတော့ဘဲ ဖမ်းဆီးစုံစမ်းရန်အတွက် ထွက်ခွာခဲ့ကြလေတော့၏။

ရန်ရှောင်က မသွားခင် လီရှန်းကို သတိပေးစကား ပြောခဲ့သေးသည်။

“မြို့တော်က ဒီရက်ပိုင်းအတွင်း သိပ်ပြီး အေးချမ်းသာယာနေမှာ မဟုတ်ဘူး၊ အဆင်ပြေရင် မင်း စုရှောင်လော်အတွက် ကျောင်းမှာ ခွင့်တိုင်လိုက်ပြီး အိမ်မှာပဲ စာကျက်ခိုင်းထားလိုက်ပါဦး”

စုရှောင်လော်ကစာတော်ပြီး အမှတ်ကောင်းသူဖြစ်၍ အိမ်တွင် စာကျက်နေခဲ့လျှင်ပင် သူမ၏ အမှတ်များက ကျဆင်းသွားလိမ့်မည် မဟုတ်ပေ။

လီရှန်းက ခေါင်ညိတ်ပြီး ပြောလိုက်လေသည်။

“ခဏနေကျရင် ကျွန်မ ကျောင်းကို သွားပြီး ခွင့်သွားတိုင်လိုက်ပါ့မယ်”

သူမ၏ နှလုံးသားက အတော်လေး ခုန်ပေါက်နေခဲ့ရပြီး မျက်ခွံများကလည်း တုန်ယင်နေခဲ့ရ၏။

သူမက သူမကိုယ်သူမ မကြောက်ရွံ့ကြောင်း ပြောခဲ့သော်လည်း ထိုအခိုက်အတန့်က အမှန်တကယ် ရောက်ရှိလာသည့် အချိန်တွင်တော့ ထိတ်လန့်ကြောက်ရွံ့နေမိခဲ့သည်။

ရန်ရှောင်က ခေါင်းကိုခါယမ်းပြီး ပြောလိုက်လေသည်။

“မင်း မသွားနဲ့တော့၊ ကျွန်တော်ပဲ စုရှောင်လော်ကို အိမ်ပြန်ခေါ်လာခဲ့ပေးမယ်”

လီရှန်းက ရန်ရှောင် မည်သည့်အရာကို စိုးရိမ်ပူပန်နေသည်ကို ကောင်းစွာ သိရှိထားသည်။

ထို့ကြောင့် အလေးအနက် ခေါင်းညိတ်ပြလိုက်၏။

“ဒါဆိုရင် ကျွန်မ အိမ်မှာပဲ ရဲဘော်ရန်ကို စောင့်နေပါ့မယ်”

ရန်ရှောင် မူလတန်းကျောင်းဆီသို့ သွားသည့် လမ်းတစ်ဝက်တွင် တစ်စုံတစ်ဦးက သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားနေရလေ၏။

သို့သော် သူ အနောက်သို့ လှည့်ကြည့်ရှုလိုက်သည့် အချိန်တိုင်းတွင်၊ မည်သူ့ကိုမှ မမြင်ခဲ့ရပေ။

သို့သော် ဤကဲ့သို့သော အချိန်မျိုးတွင် ဟဲထန်မှလွဲ၍ တခြားမည်သူက သူ့ကို စောင့်ကြည့်နေပါဦးမည်နည်း။

သူက စက်ဘီးကို လှည့်လိုက်ပြီးနောက် သမဝါယမစျေးဆိုင်ဆီသို့ ဦးတည်ခဲ့လေတော့၏။

ထိုစူးစိုက်လွန်းသော အကြည့်ကလည်း ဆိုင်သို့ ရောက်ရှိသည့်တိုင်အောင် အရိပ်တစ်ခုကဲ့သို့ပင် သူ၏နောက်မှ တကောက်ကောက် လိုက်ပါလာခဲ့သည်။

သူ ဆိုင်ထဲသို့ ဝင်ကာ ပစ္စည်းများကို ရွေးချယ်နေသကဲ့သို့ ဟန်ဆောင်နေခဲ့လေ၏။

သို့သော် သူ၏ မျက်လုံးထောင့်မှ တံခါးဝဆီသို့သာ တိတ်တဆိတ် အကဲခတ်နေခဲ့သည်။

သို့သော် ထိုနေရာရှိ လူမှာလည်း အတွေ့အကြုံ ရင့်ကျက်လွန်းသော မုဆိုးအိုကြီးတစ်ဦးကဲ့သို့ဖြစ်နေပြီး သူ၏ မျက်နှာကို လုံးဝ ထွက်ပေါ်လာစေခြင်း မရှိပေ။

ရန်ရှောင်အနေဖြင့် တခြားနည်းလမ်းမရှိတော့သောကြောင့် ကလေးငယ်များ ဆော့ကစားတတ်သော ကစားစရာ သစ်သားရုပ်လေးတစ်ရုပ်ကိုသာ ဝယ်ယူလိုက်ရလေ၏။

ထို့နောက်တွင်တော့ သူက ထိုကစားစရာလေးကို လက်မှမချနိုင်လောက်အောင် နှစ်သက်နေသည့် အမူအရာမျိုးဖြင့် ဖခင်တစ်ဦးကဲ့သို့သော အမူအရာကို ဆင်မြန်းကာ ဆိုင်ထဲမှ ပြန်ထွက်ခဲ့သည်။

သူ အပြင်သို့ ထွက်လာပြီးနောက် ကစားစရာအရုပ်ကို စက်ဘီးတွင်တွဲထားသော အိတ်လေးထဲသို့ ထည့်လိုက်လေ၏။

ထို့နောက် လက်ကိုမြှောက်၍ လက်ပတ်နာရီကို ကြည့်လိုက်ကာ သူ၏ မျက်နှာထက်တွင် အလောတကြီးဖြစ်နေသော အရိပ်အယောင်များကို ဖော်ပြလိုက်သည်။

သူက စက်ဘီးပေါ်သို့ ခွစီးလိုက်ပြီး လမ်းတစ်ခုတွင် မတ်တတ်ရပ်ကာ လှမ်းမျှော်ကြည့်လိုက်လေ၏။

ထို့နောက် စိတ်ပိုင်းဖြတ်လိုက်သကဲ့သို့ စက်ဘီးကို လှည့်ပြီး လမ်းသွယ်ထဲသို့ ဝင်သွားလေတော့၏။

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး...

ရန်ရှောင်က သူ၏စိတ်ထဲမှနေ၍ တိတ်တဆိတ် ရေတွက်နေခဲ့သည်။

သူက ဆယ့်ခုနစ်အထိ ရေတွက်မိသည့်အချိန်တွင်တော့ မျက်စိရှေ့မှ အရာအားလုံးက ရုတ်တရက် မှောင်မည်းသွားခဲ့ရလေ၏။

ထို့နောက် ပြင်းထန်လွန်းသော အင်အားတစ်ခုက ရိုက်ခတ်လာခဲ့သည်။

သူ၏ စက်ဘီးက ကျောက်တုံးကြီးတစ်တုံးနှင့် တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရပြီး ဘေးသို့ လဲကျလေ၏။

ရန်ရှောင်က လျင်မြန်စွာ တုံ့ပြန်နိုင်သူဖြစ်သောကြောင့် ခန္ဓာကိုယ်ကို ထိန်းသိမ်းရန်အတွက် ခြေထောက်နှစ်ဖက်ဖြင့် မြေပြင်ကို နင်းလိုက်ပါသော်လည်း သူ၏ခန္ဓာကိုယ်မှာ တစ်စုံတစ်ခုထံတွင် ပိတ်ဆို့နှောင်ဖွဲ့ခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေပြီး လုံးဝ လှုပ်ရှား၍မရနိုင်ခဲ့ပေ။

ဤကဲ့သို့သော အခြေအနေကြောင့် သူက နံရံဆီသို့ ပြင်းထန်စွာ ရိုက်မိသွားခဲ့ရ၏။

ထို့နောက်တွင်တော့ မြေပြင်ပေါ်၌ လဲကျနေသော စက်ဘီးပေါ်သို့ ပြန်လည်၍ လွင့်စင်ပြီး ကျရောက်သွားခဲ့လေသည်။

စက်ဘီး၏ ခြေနင်းတံက ရန်ရှောင်၏ ခါးနေရာကို ပြင်းထန်စွာ ဆောင့်မိသွားခဲ့သောကြောင့်၊ သူ၏ မျက်နှာကလည်း နာကျင်မှုကြောင့် ဖြူလျော်သွားခဲ့ရ၏။

ခန္ဓာကိုယ်တစ်ခုလုံးလည်း ပြင်းထန်လွန်းသော ဝေဒနာကြောင့် ကွေးညွတ်သွားခဲ့ရသည်။

[မြန်မြန်လုပ်၊ သူ အားနည်းနေတဲ့အချိန်မှာပဲ ကြိုးနဲ့တုတ်ထားလိုက်တော့၊ ငါ သူ့ကို ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူး]

သူ၏ဦးနှောက်ထဲရှိ စနစ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။

ဟဲထန်ကလည်း လျင်မြန်စွာ လှုပ်ရှားခဲ့လေ၏။

သူက ကြိုတင်ပြင်ဆင်ထားခဲ့သော ကြိုးကို ထုတ်ယူပြီး ရန်ရှောင်ကို တင်းကျပ်အောင် တုတ်နှောင်လိုက်ပြီး စိတ်ထဲမှ စနစ်ကို ပြောလိုက်လေသည်။

“ပတ်ဝန်းကျင်ကို သေသေချာချာ စောင့်ကြည့်ပေးထားဦး”

[ကောင်းပြီ]

စနစ်၏ အသံက အလွန်အားအင်ချို့တဲ့နေပြီး ပြိုကွဲပျက်စီးလုနီးပါးပင် ဖြစ်နေခဲ့လေ၏။

သူ့အနေဖြင့် ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ရသောကြောင့် အားအင်ပမာဏများ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့လေသည်။

ရန်ရှောင်က ပြင်းထန်လွန်းသော ဝေဒနာကို ခံစားနေရသော်လည်း စစ်သားဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေက သာမန်ထက်ကောင်းမွန်ခဲ့သည်။

သူ၏ မျက်စိရှေ့မှ မြူမှုန်ထု ပျောက်ကွယ်သွားခဲ့ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကလည်း တောင့်တင်းနေခြင်းမှ ပြန်လည် သက်သာလာခဲ့သည်။

သူ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေခဲ့သော်လည်း ဟဲထန်ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင်တော့ စိတ်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိလေတော့၏။

နောက်ဆုံးတော့ လူကို ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။

ဟဲထန်က မည်သည့်အမှားအယွင်းကိုမှ သတိမပြုမိဘဲ ဓားတစ်လက်ကို ထုတ်ယူပြီး ရန်ရှောင်၏ လည်ပင်းတွင် ထောက်လိုက်ပြီး အော်ဟစ်လိုက်လေ၏။

“ပြောစမ်း၊ မင်း လီရှန်းကို ဘယ်မှာ သွားဝှက်ထားလဲ”

ရန်ရှောင်က မျက်နှာတစ်ခုလုံးဖြူလျော်နေခဲ့ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ညည်းညူနေခဲ့လေ၏။

ဓားသွားက သူ၏ လည်ပင်းထက်သို့ ဖိကပ်လာသည့် အချိန်တွင်သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့ရပြီး မျက်နှာထက်၌ ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ကာ စကားကိုပင် ထစ်အနေလေသည်။

“ကျွန်..ကျွန်တော်တို့ ကောင်းကောင်း ဆွေးနွေးကြရအောင်လေ”

ဟဲထန်က သူ၏ ဓားသွားအောက်ရှိ ခန္ဓာကိုယ်က တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။

ထို့ကြောင့် သူ၏ စိတ်ထဲ၌ အထင်သေးကဲ့ရဲ့မှုများနှင့်အတူ ပြင်းထန်လွန်းသော ဒေါသလှိုင်းများက တက်ကြွလာခဲ့ရလေ၏။

လီရှန်းက တကယ့်ကို အသိဉာဏ်မရှိတဲ့ မိန်းမပဲ။

သူမက သူ့လိုလူမျိုးနဲ့ အတူမနေဘဲ၊ ဒီလိုသတ္တိနည်းပြီး သူရဲဘောကြောင်လွန်းတဲ့ အမျိုးသားမျိုးကိုမှ ရွေးချယ်ပြီး လက်ထပ်ခဲ့တာလား။

သူ၏ ရည်ရွယ်ချက်က မည်သို့ပင်ရှိသည်ဖြစ်စေ၊ အနည်းဆုံးတော့ သူက လီရှန်းကို သေသေချာချာ လိုက်လံပိုးပန်းခဲ့ဖူးသည် မဟုတ်ပါလား။

သူက လက်ကိုမြှောက်ကာ ရန်ရှောင်၏ မျက်နှာကို ဖြန်းခနဲ ရိုက်နှက်လိုက်ပြီး အော်ဟစ်လိုက်လေ၏။

“မင်း ပြောမှာလား၊ မပြောဘူးလား၊ မင်း လီရှန်းကို ဘယ်မှာဝှက်ထားလဲ”

“ငါ သူမကို မဝှက်ထားပါဘူး”

ရန်ရှောင်အနေဖြင့် တစ်ဖက်လူက သူ့ကို တခြားလူတစ်ဦးဟု အထင်မှားနေကြောင်းကို သိရှိထားသည်။

ထို့ကြောင့် အချိန်ဆွဲရန်အတွက် သူက ဝေဝဝါးလွန်းသော အဖြေကိုသာ ပေးလိုက်လေ၏။

“သူမက လွတ်လပ်တဲ့ လူတစ်ယောက်ပဲလေ၊ ငါက ဘယ်လိုလုပ်ပြီး သူမကို ဝှက်ထားနိုင်ပါ့မလဲ၊ဒါနဲ့.. မင်းက ဘယ်သူလဲ၊ မင်း ဘာလို့ လီရှန်းကို လာရှာနေရတာလဲ”

လီရှန်းကို မဝှက်ထားဘူး ဟုတ်လား။

ဒါဆိုရင် ဘာလို့ သူ ဒီရက်ပိုင်းအတွင်း လီရှန်းကို ဘာလို့ရှာမတွေ့နိုင်ရတာလဲ။

ဤရက်ပိုင်းအတွင်း၊ သူက ကျင်းဟွာတက္ကသိုလ်၏ တံခါးအပြင်တွင် တိတ်တဆိတ် ပုန်းအောင်းနေခဲ့သည်။

သို့သော် သူမက တက္ကသိုလ်ထဲမှ ထွက်လာခြင်း မရှိခဲ့ပေ။

လွန်ခဲ့သော ရက်ပိုင်းက လီဟုန်မေ့၏ ခင်ပွန်းမှ သူ့ကို ရိုက်နှက်ခဲ့သည့်အပြင် သူ၏ စကားလုံးများထဲတွင် သံသယဖြစ်ဖွယ်ကောင်းသော အချက်အလက်များ ပါဝင်နေခဲ့၏။

ထိုလူက လီဟုန်မေ့နှင့် သူ့ကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည်ဟု သံသယဝင်နေခြင်း မဟုတ်ဘဲ၊ သူက လီဟုန်မေ့ သေဆုံးရသည့် ကိစ္စနှင့် ပတ်သက်ဆက်နွှယ်နေသည်ဟု သံသယဝင်နေခြင်းသာ ဖြစ်သည်။

ဤသည်က ဟဲထန်ကို အလွန် ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေ၏။

လီဟုန်မေ့၏ ခန္ဓာကိုယ်ပေါ်တွင် သံသယဖြစ်ဖွယ်ကောင်းသော အချက်အလက်များစွာ ရှိနေခဲ့သော်လည်း၊ သူမ၏ ခင်ပွန်းက အဘယ်ကြောင့် သူမ သေဆုံးရသည့် အကြောင်းရင်းအပေါ်တွင် ဤမျှအထိ သံသယဝင်နေရသည်ကို သူ လုံးဝ နားမလည်နိုင်ပေ။

သို့သော် သူက စစ်သားတစ်ဦး၏ အလိုလိုသိစိတ်ကို အထင်မသေးရဲပေ။

သူ၏ စနစ်က လီဟုန်မေ့၏ ခင်ပွန်း ထုတ်ဖော်ပြောဆိုခဲ့သော သံသယဖြစ်နေသည့် အချက်အလက်များက အမှန်တရားနှင့် ကမ္ဘာမြေနှင့် မိုးကောင်းကင်ကဲ့သို့ပင် ကွာဝေးလွန်းကြောင်း၊ နိုင်ငံခြားက အတော်ဆုံး ပညာရှင်များပင်လျှင် သူ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောခဲ့သော်လည်းပေါ့။

သူက အဘယ်ကြောင့် အပြစ်ရှိသကဲ့သို့ ရခံစားမနေဘဲ နေနိုင်ပါမည်နည်း။

စနစ်မရှိလျှင် သူက သေဆုံးခြင်းကို အလွန်ကြောက်ရွံ့တတ်သော သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။

သူက ပိုမိုတွေးတောလေလေ၊ စိတ်ထဲ၌ ပိုမိုထိတ်လန့်ကြောက်ရွံ့လာလေလေဖြစ်ခဲ့၏။

ထိုလူထံမှ အရိုက်အနှက် ခံလိုက်ရသည့်အတွက် သူ၏ ပျက်စီးယိုယွင်းနေခဲ့ပြီးသား ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းနှင့် အားအင်ကုန်ခမ်း လာခဲ့ရသည်။

စနစ်က သူ၏ နောက်ဆုံး စွမ်းအင်အနည်းငယ်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်မှဟာကွက်များကို ဖြည့်စွက်ပေးခဲ့ရလေ၏။

ထို့ကြောင့်င်သည ယခုအချိန်တွင် သူ့အနေဖြင့် နောက်ဆုံး ထွက်သက်ကို တားဆီးနိုင်ခြင်းဖြစ်၏။

စနစ်က နောက်ဆုံးလက်ကျန်စွမ်းအင်ဖြင့် ဤအမျိုးသားကို ဖမ်းဆီးထိန်းချုပ်ရန်အတွက် ကူညီပေးခဲ့ပြီးဖြစ်လေ၏။

ယခုအချိန်တွင် စနစ်က လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေပြီ။

“ဒါဆို လီရှန်း အခု ဘယ်မှာရှိနေလဲဆိုတာသိလား”

ရန်ရှောင် : “...”

ဒီလူက သူက စုဝေ့ချင်း ဟုတ်၊ မဟုတ်ကိုတောင် သေသေချာချာ အတည်ပြုဖို့ စိတ်မဝင်စားတော့ဘူးပဲ။

“ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ”

ဖြန်း!

“မင်းက သူမရဲ့ ယောကျာ်းပဲလေ၊ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ”

ဟဲထန်က ယုတ်မာရက်စက်သော လေသံဖြင့် ခြိမ်းခြောက်လိုက်လေသည်။

“မင်း ငြိမ်ငြိမ်လေးနေတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ငါ့ရဲ့ ဓားက မျက်စိမပါဘူးနော်၊ တကယ်လို့ သတိလက်လွတ် ဖြတ်မိသွားရင် မင်း သေသွားလိမ့်မယ်”

ရန်ရှောင်၏ မျက်နှာအမူအရာက ပိုမ၍ ထူးဆန်းသွားခဲ့လေသည်။

“မင်း လူမှားနေတာ သေချာတယ်၊ ငါ့ရဲ့ မျိုးရိုးနာမည်က ရန်ပါ

စု မဟုတ်ဘူး၊ ငါက ဘယ်လိုလုပ်ပြီး ရဲဘော်လီရှန်းရဲ့ခင်ပွန်း ဖြစ်နိုင်ပါ့မလဲ”

ဤစကားကို ကြားရသည့်အချိန်တွင်တော့ ဟဲထန်က လုံးဝ ဆွံ့အသွားခဲ့ရလေတော့၏။

“မင်းက စုဝေ့ချင်း မဟုတ်ဘူးလား”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ငါနဲ့ ရဲဘော်လီရှန်းက သာမန်သူငယ်ချင်း သက်သက်ပါပဲ.. ရဲဘော် မင်း တကယ်ကို လူမှားနေပြီ”

ရန်ရှောင်က နံရံကို မှီလျက် သူ၏နောက်ကျောကို အသာ ရွှေ့ကာ အနေအထားကို အသုံးပြု၍ ကြိုးကို နံရံထောင့်စွန်းနှင့် ပွတ်တိုက်နေခဲ့သည်။

*

All Chapters