← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း(355)

ဟဲထန် ပြင်ဆင်ထားသော ကြိုးက ထူထဲလွန်းခြင်း မရှိပေ။

ထိုကြိုးက သေးငယ်သော အစိမ်းရောင်နိုင်လွန်ကြိုးမျှသာ ဖြစ်သည်။

ထိုကြိုး၏ အားသာချက်က ကြံ့ခိုင်မှု ကောင်းမွန်ပြီး ဆွဲဆန့်နိုင်စွမ်း မြင့်မားခြင်း ဖြစ်လေ၏။

သို့သော် အားနည်းချက်ကတော့ အလွန်ပင် ကြွပ်ဆတ်လွယ်သည်။

မည်သို့ပင်ဖြစ်စေ ထိုကြိုးက သေးငယ်လွန်းသော နိုင်လွန်မျှင်အမြောက်အမြားကို အတူတကွ လိမ်ကျစ်ထားသော ကြိုးမျှသာ ဖြစ်သည်။

အကယ်၍ ထိုကြိုးကို နံရံထောင့်စွန်းနှင့်သာ အားဖြင့် ပွတ်တိုက်ပေးလိုက်ပါက မကြာမီ ပြတ်တောက်သွားနိုင်လိမ့်မည်။

တစ်ဖက်တွင်တော့ ဟဲထန်က လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့တော့သည်။

သူ၏ အစီအစဉ်အားလုံးမှာ သူရှေ့မှ အမျိုးသားက လီရှန်း၏ ခင်ပွန်းဖြစ်သည်ဟူသော အချက်အပေါ်၌သာ အခြေခံထားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ထိုအမျိုးသားက သူ့ကိုယ်သူ စုဝေ့ချင်းမဟုတ်ဟု ပြောနေလေပြီ။

မဖြစ်နိုင်ဘူး။

ဒီလူက သူ့ကို သေချာပေါက် လိမ်ညာနေတာပဲ။

သူတို့က လီဟုန်မေ့၏ ဈာပနသို့ပင် အတူတကွ တက်ရောက်ခဲ့ကြသေးသည် မဟုတ်ပါလား။

“မင်းက ရဲဘော်လီဟုန်မေ့ရဲ့ ဈာပနကိုပြောနေတာလား၊ လီဟုန်မေ့က ငါ့ရဲ့ ဒုတိယအဒေါ်ရဲ့ သမီးလေ၊

ပြီးတော့ ရဲဘော်လီရှန်းကလည်း လီမိသားစုရဲ့ မိတ်ဆွေဟောင်းတစ်ဦးရဲ့ တပည့်ပဲ၊

ငါတို့က သိကျွမ်းကြတယ် ဆိုပေမဲ့၊ အရမ်း ရင်းနှီးတာမျိုးတော့ မဟုတ်ပါဘူး”

ဟဲထန်၏ ဓားကို ကိုင်ဆောင်ထားသော လက်ဖဝါးက ပြင်းထန်စွာ တုန်ယင်လာခဲ့ရလေ၏။

သူကိုယ်တိုင်ပင် သတိမပြုမိဘဲ စိတ်ထဲ၌ သိချင်နေခဲ့သော မေးခွန်းကို မေးမြန်းလိုက်မိသည်ပင်။

ထိုအခိုက်အတန့်တွင် ဟဲထန်တစ်ယောက် အသက်ရှူရမည်ကိုပင် မေ့လျော့နေခဲ့လေ၏။

မဟုတ်ပေ၊ သူက လုံးထိတ်လန့်နေခဲ့သည်။

အကယ်၍ သူသာ လီရှန်းကို ရှာမတွေ့နိုင်ခဲ့ပါက သူက ဆက်လက် အသက်ရှူနိုင်တော့မည် မဟုတ်ပေ။

သူက ရန်ရှောင်၏ မျက်နှာကို စူးစိုက်စွာ ကြည့်ရှုလိုက်မိပြီး တစ်ဖက်လူ၏ မျက်နှာအမူအရာထဲမှ လမ်းတချို့ကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားနေခဲ့လေ၏။

သို့သော် ရန်ရှောင်က လီရှန်း၏ ခင်ပွန်း လုံးဝမဟုတ်ခဲ့ပေ။

သူတို့က အကြည့်ချင်း ဆုံတွေ့လိုက်ကြသည့် အချိန်၌ သူက လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ အလွန်ပင် တည်ငြိမ်အေးဆေးနေခဲ့သည်။

“မင်း တကယ်ပဲ လီရှန်း ဘယ်မှာ ရှိနေလဲဆိုတာ မသိဘူးလား”

ဟဲထန်၏ အသံက လည်ချောင်းဝမှ ညှစ်ထုတ်လိုက်ရသကဲ့သို့ အက်ကွဲနေသည်။

ရန်ရှောင်က ခေါင်းကိုခါပြလိုက်လေ၏။ သူ၏ အနောက်ရှိ လက်နှစ်ဖက်က သိပာပြီးလှုပ်ရှား၍ မရနိုင်သေးသော်လည်း ကြိုးကို ဆွဲဆန့်လိုက်နိုင်လေပြီ။

သူက အလွန်အမင်း သတိထားနေခဲ့သောကြောင့်၊ မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိပေ၊။

ကြိုးက တဖြည်းဖြည်းနှင့် လျော့ရဲလာခဲ့လေပြီ။

သို့သော် သူ၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာကိုသာ ဆင်မြန်းလျက် ခေါင်းကိုခါပြလိုက်သည်။

“ငါ တကယ်မသိဘူး၊ ငါတို့ ပြီးခဲ့တဲ့တစ်ခေါက် ဈာပနအိမ်ရာမှာ တွေ့ခဲ့ကြပြီးကတည်းက အခုထိ တစ်ခါမှ ပြန်မဆုံဖြစ်ကြဘူး”

ဘယ်တုန်းကမှ မဆုံဖြစ်ခဲ့ကြဘူး ဟုတ်လား။

ဟဲထန်၏ မျက်ဝန်းများထဲတွင် ယုတ်မာရက်စက်လွန်းသော အရိပ်အယောင်များက ဖြတ်သန်းသွားခဲ့ပြီး၊ သူ၏ လေသံကလည်း ပိုမိုပြတ်သားခိုင်မာလာခဲ့သည်။

“မင်း အခုချက်ချင်း သူမကို ငါ့ဆီ ရောက်လာအောင် နည်းလမ်းရှာစမ်း”

သူက ပြောဆိုရင်းနှင့်ပင်၊ သူ၏ လက်ထဲမှ ဓားသွားကို အားဖြင့် ဖိကပ်လိုက်လေ၏။

ရန်ရှောင်က သူ၏ လည်ပင်းမှ စူးရှလွန်းသော နာကျင်မှုကို ခံစားလိုက်ရပြီး သွေးစက်တချို့လည်းထွက်လာခဲ့ရသည်။

“မင်းမှာ နည်းလမ်းရှိနေတယ်ဆိုတာ ငါ ကောင်းကောင်း သိတယ်”

“စိတ်လိုက်မန်ပါမလုပ်ပါနဲ့၊ စိတ်လိုက်မန်ပါမလုပာပါနဲ့!”

ရန်ရှောင်က ထိတ်လန့်တုန်လှုပ်သည့်အမူအရာဖြင့် အော်ဟစ်လိုက်လေသည်။

သူက ဟဲထန်ကို ဆက်လက်၍ စိတ်အေးစေရန်အတွက် ပြောလိုက်လေ၏။

“ငါ လဲကျသွားတုန်းက ခေါင်းကို ထိသွားလို့ ထင်တယ်၊ အခု ငါ့ခေါင်းတွေ အရမ်းမူးဝေနေလို့ မတ်တတ်တောင် မရပ်နိုင်တော့ပါဘူး၊

ကျေးဇူးပြုပြီး ငါ့ကို အသက်ရှူဖို့ အချိန် နည်းနည်းလောက် ပေးပါဦး၊

ငါ သက်သာသွားတာနဲ့ မင်းကို သူနဲ့တွေ့ဆုံနိုင်ဖို့ ချက်ချင်း စီစဉ်ပေးပါ့မယ်၊

မစိုးရိမ်ပါနဲ့၊ ငါ သူ့ဆရာရဲ့ ဖုန်းနံပါတ်ကို သိပါတယ်၊ သေချာပေါက် သူ့ကို အပြင်ထွက်လာအောင် ခေါ်ပေးနိုင်ပါတယ်”

ဟဲထန်က မျက်ဝန်းများကိုမှေးစဥ်းလိုက်မိသည်။

ရန်ရှောင်၏ မျက်နှာက အမှန်တကယ်ပင် အနည်းငယ်ဖြူလျော်နေခဲ့ပြီး လိမ်ညာနေသည့် ပုံစံမျိုး မရှိပေ။

သို့သော် ဟဲထန်အနေဖြင့် ဆက်လက်၍ စောင့်ဆိုင်းနေရန် အချိန်မရှိတော့ပေ။

သူ၏ စနစ်က အခြေအနေများကို ဖုံးကွယ်ရန်အတွက် ကူညီပေးနိုင်သော်လည်း အချိန်ကြာမြင့လေလေ၊ သူဘက်တွင် အန္တရာယ်ကြီးမားလေလေ ဖြစ်ပေလိမ့်မည်။

ဟဲထန်အနေဖြင့် ရန်ရှောင် စိတ်မသက်မသာ ဖြစ်နေခြင်းကို လုံးဝ ဂရုမစိုက်တော့ပေ။

သူက ရန်ရှောင်၏ ကော်လံကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး သူ့ကို အပေါ်သို့ ဆွဲထူရန် ကြိုးပမ်းလိုက်လေ၏။

ရန်ရှောင်က ထိုရုတ်တရက် လှုပ်ရှားမှုအတွင်း သူ၏လက်ကို တုတ်နှောင်ထားသောကြိုးက လုံးဝ လျော့ရဲသွားခဲ့အောင်လုပ်နိုင်ခဲ့သည်။

ထို့ကြောင့် သူ၏ မျက်ဝန်းများက ချက်ချင်းပင် ထက်ရှလေးနက်သွားခဲ့ပြီး တစ်ဖက်လူ၏ လက်မောင်းကို အားအပြည့်ဖြင့် ဆွဲချလိုက်လေ၏။

ကြိုးက အသံတစ်ချက်နှင့်အတူ ပြတ်တောက်သွားခဲ့ရသည်။

ဟဲထန် တုံ့ပြန်ချိန်မရမီမှာပင်၊ သူ၏ မျက်နှာထက်သို့ ပြင်းထန်လွန်းသော လက်သီးချက်တစ်ချက်၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသောကြောင့် သူ၏ ခန္ဓာကိုယ်က နံရံဆီသို့ ဝုန်းကနဲ ရိုက်မိသွားခဲ့ရလေတော့၏။

သူ၏ ဦးခေါင်းက နံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွားခဲ့ကာ မတိုင်မီက ရန်ရှောင် လဲကျခဲ့ရသည့် ပုံစံနှင့် တူညီနေခဲ့သည်။

ထို့နောက်တွင် သူက မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့ရရှာ၏။

ရန်ရှောင် ဟဲထန်၏ လက်မောင်းကို လိမ်ချိုးကာ မြေပြင်ပေါ်သို့ ဖိနှိပ်ထားပြီး သူ၏ နောက်ကျောထက်၌ ဒူးဖြင့် ဖိကပ်ထားလိုက်လေတော့၏။

သူက တခြားသော လက်တစ်ဖက်ဖြင့် သူ၏ ခါးနေရာမှ လက်ထိပ်ကို ထုတ်ယူလိုက်ပြီး၊ ဟဲထန်၏ လက်နှစ်ဖက်ကို သူ၏ အနောက်တွင် လက်ထိပ်ခတ်လိုက်သည်။

ဟဲထန်မှာတော့ ဤကဲ့သို့ လဲကျသွားသွားရခြင်းအတွက် လုံးဝကြောင်၏။

သူက ပါးစပ်ကို ဟလျက် အော်ဟစ်ရန်ပြင်ဆင်လိုက်လေသည်။

သို့သော် အသံထွက်ပေါ်မလာမီမှာပင်၊ သူ၏ မျက်နှာထက်သို့ ပြင်းထန်လွန်းသော လက်ဝါးစောင်းရိုက်ချက်တစ်ချက်ကို ခံလိုက်ရပြန်၏။

ဟဲထန်အနေဖြင့် မျက်လုံးထဲတွင် ကြယ်များပါ မြင်နေရသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ပါးစပ်ဝမှလည်း သွေးစက်များက စိမ့်ထွက်လာခဲ့ရကာ သွားတစ်ချောင်းပင် ကျွတ်ထွက်သွားခဲ့၏။

“မင်းက ဘာကောင်လဲ..”

“ဖြန်း!”

ရန်ရှောင်က နောက်တစ်ကြိမ်ရိုက်လိုက်ကာ သူ၏ ကော်လံကို ဆုပ်ကိုင်ပြီး အပေါ်သို့ ဆွဲထူလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ ငါက ရန်ငြိုး အာဃာတတွေကို စိတ်ထဲမှာ အကြာကြီး ထားတတ်တဲ့ လူစားမျိုး မဟုတ်ဘူး”

--

လီရှန်းတစ်ယောက် မနက်ခင်းတစ်ခုလုံး စိတ်ထဲ၌ ဂနာမငြိမ်ဖြစ်နေခဲ့ရသည်။

ရန်ရှောင်က စုရှောင်လော်အတွက် ကျောင်းသို့ ခွင့်တိုင်ကာ ပြန်ခေါ်လာပေးမည်ဟု ပြောခဲ့သည်မဟုတ်ပါလား။

သို့သော် ယခုအချိန်တွင် နှစ်နာရီခန့် ကုန်လွန်သွားခဲ့လေပြီ မည်သူကမျှ ကလေးကို အိမ်သို့ ပြန်လည်၍ ခေါ်ဆောင်လာခြင်း မရှိကြသေးပေ။

သူမ အလွန်ပင် စိုးရိမ်ပူပန်နေခဲ့ရပြီး၊ သူမ၏ မျက်ခွံများကလည်း တုန်ယင်နေခဲ့ရ၏။

မကောင်းသော နိမိတ်တစ်ခု ဖြစ်နေသကဲ့သို့ပင်။

ရန်ကျိမင်သည်လည်း လီရှန်း၏ ဂနာမငြိမ်ဖြစ်နေသောအခြေအနေ သတိပြုမိသွားခဲ့ရလေ၏။

သူက သူမကို မေးမြန်းလိုက်လေတော့သည်။

“အိမ်မှာ ပြဿနာ ဖြစ်နေလို့လား၊ မင်း ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ”

လီရှန်းက ရန်ကျိမင်ကို စိုးရိမ်ပူပန်မသွားစေချင်သောကြောင့် ဝေဝါးသော အကြောင်းပြချက်ကိုသာ ပေးလိုက်လေသည်။

“ရှောင်လော်က ဒီနေ့ မနက်တုန်းက သိပ်ပြီး နေထိုင်မကောင်းဘူးလို့ ပြောခဲ့လို့ပါ၊ ကျွန်မက သူမ ကျောင်းမှာ ဖျားနာနေမှာကို စိုးရိမ်နေတာ”

“နေမကောင်းဘူးဆိုရင်လည်း ကျောင်းမှာ ခွင့်တိုင်လိုက်ရမှာပေါ့”

ရန်ကျိမင်လည်း စိုးရိမ်ပူပန်သွားခဲ့ရသည်။

သူ၏ လေသံကလည်း ပြင်းထန်သွားခဲ့ပြီး ဆူပူပြစ်တင်လိုသော မျက်နှာအမူအရာဖြင့် ပြောလိုက်လေ၏။

“ငါ ပြောဦးမယ်၊ မင်းတို့ ဇနီးမောင်နှံနှစ်ယောက်က တကယ့်ကို ရက်စက်တာပဲ၊ ရှောင်လော်က ဒီလောက်အထိ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးပဲ ရှိသေးတာကို၊

မင်းတို့က သူမကို အတင်းကျောင်းတက်ခိုင်းနေကြတာ၊ သာမန်မိသားစုတွေမှာဆိုရင် ဒီအရွယ် ကလေးတွေက ရွှံ့တွေ၊ ဗွက်တွေနဲ့ပဲ ဆော့ကစားနေကြတုန်းပဲလေ၊

မင်းတို့က မင်းတို့ရဲ့ သမီးငယ်လေးကို အမှတ်ကောင်းတဲ့ ပါရမီရှင်ကြီး ဖြစ်လာအောင် အတင်းအကျပ် တွန်းအားပေးနေစရာ မလိုပါဘူး”

ထို့နောက်တွင် သူက အလေးအနက် ပြောလိုက်လေသည်။

“ကလေးက စာသင်ချင်စိတ် ရှိနေတာက ကောင်းတဲ့အရာဆိုပေမဲ့ ငါတို့ဘက်က သူမအပေါ်မှာ လွန်လွန်ကဲကဲ တင်းကျပ်မနေသင့်ဘူးလေ၊

စုရှောင်လော်ရဲ့ အသက်အရွယ်အရဆိုရင်တော့ သူမ ငါးတန်းပြဋ္ဌာန်းစာအုပ်ကို နောက်ထပ် နှစ်နည်းနည်းလောက် ထပ်ပြီး လေ့လာနေဦးမယ်ဆိုရင်တောင်မှ လုံးဝ လက်ခံနိုင်စရာ ရှိပါတယ်”

လီရှန်းက ဆူပူပြစ်တင်ခြင်းကို ခံလိုက်ရသောကြောင့် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့ရသည်။

သူမက ရန်ကျိမင်အား အမှန်တရားကို လုံးဝ ထုတ်ပြော၍ မရနိုင်သောကြောင့် ခေါင်းကို ညိတ်ပြလျက် ထိုဆူပူမှုများကို အလိုက်သင့်သာ လက်ခံလိုက်ရလေတော့၏။

ယန်ကျိမင်က စုရှောင်လော်ကို သွားရောက်ကြိုဆိုရန်အတွက် စိတ်အားထက်သန်နေသောကြောင့် မနည်းဖျောင်းဖျလိုက်ရပြန်သည်။

ထို့နောက်တွင် လီရှန်းက လေ့ကျင့်ရေးစခန်း၏ ဝင်ပေါက်ဆီသို့ သွားကာ စောင့်ဆိုင်းနေခဲ့လေ၏။

ဤအခိုက်အတန့်တွင်ပင် ဝမ်တုန်တစ်ယောက် အမောတကောဖြင့် ပြေးလွှားရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။

“အဒေါ်လီ.. အဒေါ်လီ ကျွန်တော် အလုပ်လာတဲ့ လမ်းခုလတ်မှာ ဦးလေးရန်ကို မြင်တွေ့ခဲ့ရတယ်၊

သူ..သူက တခြားလူတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တာထင်တယ်”

သူ၏ မျက်နှာပြင်ထက်တွင် ညိုမည်းပြီး နီရဲနေသော ဒဏ်ရာများ ရှိနေခဲ့ကာ ဆံပင်များကလည်း ရှုပ်ပွနေသကဲ့သို့ အဝတ်အစားများကလည်း ညစ်ပတ်ပေကျံနေခဲ့သည်။

သူတို့က တကယ် တိုက်ခိုက်ခဲ့ကြတာလား။

လီရှန်းက ခြေထောက်များပင် လုံးဝ အားအင်ကုန်ခမ်းသွားခဲ့ရပြီး သူမ၏ အသံကလည်း စူးရှသွားခဲ့ကာ ပျာပျာသလဲ မေးမြန်းလိုက်တော့၏။

“ဒါဆိုရင် စုရှောင်လော်ရော၊ စုရှောင်လော်က အဲဒီနားမှာ ရှိနေလား၊

မင်းရဲ့ ဦးလေးရန်ရော ဒဏ်ရာရသွားသေးလား၊ ဒဏ်ရာက ပြင်းထန်လား၊

သူ့ကို ဆေးရုံကို ခေါ်သွားကြပြီလား”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး”

ဝမ်တုန်က သူ၏ခါးကို လက်ထောက်ကာ အမောတကောဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်လေသည်။

“ရှောင်လော်က အဲဒီနားမှာ ရှိမနေပါဘူး၊ ပြီးတော့ ဦးလေးရန်ကလည်း ဘာမှဖြစ်ပုံမရဘူး၊

သူ့ပုံစံက တခြားလူတစ်ယောက်ကို ဖမ်းဆီးထိန်းချုပ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတာ”

*

All Chapters