← Chapters

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း(357)

စုဝေ့ချင်း သမီးဖြစ်သူ၏ ကျစ်ဆံမြီးလေးကို အသာဆွဲကိုင်လိုက်သည်။

“ဒီရက်ပိုင်းအတွင်း ကျောင်းကို မသွားနဲ့ဦးနော်၊ အိမ်မှာပဲ နေပြီး မင်းရဲ့ အမေကို သေသေချာချာ အဖော်ပြုပေးလိုက်ဦး”

“ဒါပေမဲ့ သမီးက နောက်အပတ်မှာ လစဉ်စာမေးပွဲ ဖြေရတော့မှာလေ”

စုရှောင်လော်က ထိုစကားကို လုံးဝ မနှစ်သက်ကြောင်း ပြောလာ၏။

သူမ၏ ပထမနေရာကို တခြားသူထံသို့ လုံးဝ အရောက်မခံနိုင်ပေ။

စုဝေ့ချင်း : “...”

သူကိုယ်တိုင်မှာ ယခင်က မိဘကို မှီခို၍ အချောင်ခိုနေတတ်သော ငပျင်းတစ်ဦးအဖြစ် ကျော်ကြားခဲ့ဖူးသူ ဖြစ်သည်။

သို့သော် ဤမျှအထိထက်မြက်လွန်းသော သမီးတစ်ဦးကို ရရှိခဲ့လေ၏။

သူက ခန္ဓာကိုယ်ကိုလီရှန်းဘက်သို့အနည်းငယ် စောင်းလိုက်ကာ ခပ်တိုးတိုး ပြောလိုက်လေသည်။

“ကိုယ် ထင်တာကတော့ မင်းရဲ့စကားက အမှန်ဖြစ်လောက်တယ်၊ ကိုယ်တို့ရဲ့ သမီးမှာ အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါ အားနည်းချက်မျိုး ရှိနေတာပဲ”

[မဟုတ်ဘူး၊ ဒါက အဲဒီလိုမျိုးမဟုတ်ဘူး၊ ဒါကို တာဝန်သိစိတ်လို့ပဲ ခေါ်တာပါ]

စုဝေ့ချင်းစကားပြောပြီးသည်နှင့် စနစ်က သူ၏စိတ်ထဲတွင် ထပ်မံ အော်ဟစ်လိုက်ပြန်လေသည်။

ယခုတစ်ကြိမ်တွင်တော့ ထို

ဇနီးမောင်နှံ နှစ်ဦးလုံးက စနစ်၏အသံကို တစ်ပြိုင်နက်တည်း ကြားလိုက်ရလေသည်။

သို့သော်လည်း စုရှောင်လော်ကိုယ်တိုင်ပင် စုဝေ့ချင်း ပြောသောစကားကို လုံးဝ လျစ်လျူရှုထားခဲ့လေ၏။

သူမ မူလတန်းကျောင်းသို့ ပြန်သွားနိုင်မည့် မျှော်လင့်ချက်တို့ လုံးဝ မရှိတော့ကြောင်းကို မြင်တွေ့ရသည့်အချိန်မှသာ စုရှောင်လော်တစ်ယောက် ဒေါသတကြီးဖြင့် လှည့်ပြန်ပြီး သူမ၏အခန်းဆီသို့ ပြေးဝင်သွားခဲ့လေတော့သည်။

ထို့နောက်တွင် သူမ၏ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ပြီး အိမ်စာများကိုသာ ဆက်လုပ်နေခဲ့လေတော့၏။

စုဝေ့ချင်းနှင့် လီရှန်းတို့ ဇနီးမောင်နှံ နှစ်ဦးလုံးက တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြလေသည်။

ထို့နောက် စိတ်မသက်မသာဖြစ်စွာ ပြုံးပြလိုက်ကြလေတော့၏။

ဤမိန်းကလေးငယ်၏ စရိုက်က မည်သူနှင့် တူနေကြောင်းကို မသိတော့ပါချေ။

စုရှောင်လော်က အမှန်တကယ်ပင် အလွန် တာဝန်သိတတ်လွန်းသော ကလေးကောင်းလေးတစ်ဦးဖြစ်နေပေ၏။

*

ရန်ရှောင်က ညနေပိုင်းကျမှသာ ပြန်လည်၍ ရောက်ရှိလာခဲ့သည်။

သူက အနက်ရောင် ကျုံးရှန်ဝတ်စုံကို ချွတ်ပယ်ထားခဲ့ပြီး အစိမ်းရောင် စစ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားခဲ့လေပြီ။

သို့သော် သူ၏ ပုခုံးအဆင့်မှ တံဆိပ်များကတော့ ဗလာဖြစ်နေခဲ့ပြီး စစ်ဦးထုပ်ကိုလည်း ဆောင်းထားခြင်း မရှိပေ။

သူ၏ ပုံစံမှာ ဆွေမျိုးတစ်ဦးဦးက စစ်တပ်တွင် တာဝန်ထမ်းဆောင်နေပြီး၊ ထိုလူ့ထံမှ စစ်ဝတ်စုံဟောင်းတစ်စုံကို ယူဆောင်ဝတ်ဆင်လာသည့် ပုံစံမျိုးနှင့် တူနေခဲ့၏။

ထိုဝတ်စုံက သူကိုယ်တိုင်၏ အဝတ်အစား ဖြစ်ကြောင်းကို ခွဲခြားသိရှိနိုင်စရာ အကြောင်းမရှိပေ။

လီရှန်း သူမ၏စိတ်ထဲတွင် တွေးတောနေမိသည်။

ဖုံးကွယ်ဟန်ဆောင်မှုကတော့ အကွက်စေ့လွန်းတာပဲ။

ရန်ရှောင်၏ ပါးပြင်ထက်တွင် နံရံနှင့် ပြင်းထန်စွာ ဆောင့်မိခဲ့ချိန်က ရရှိခဲ့သော ဒဏ်ရာအစင်းကြောင်းများက ရှိနေသေးသည်။

သူက လီရှန်းကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ချက်ချင်းပင်ပြုံးလိုက်ပြီး ခေါင်းကို ညိတ်ပြလျက်ပြောလာ၏။

“ဟဲထန် ဖမ်းဆီးခံလိုက်ရပြီ”

“တကယ်လား”

လီရှန်း၏ မျက်ဝန်းများက ပြူးကျယ်ကာ ဝိုင်းစက်သွားခဲ့ရလေ၏။ သူမ၏ မျက်နှာထက်ရှိ အပြုံးများကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ပါးပြင်ထက်သို့ ဝမ်းသာသည့်မျက်ရည်များစီးကြလာခဲ့သည်။

သူမက မထိန်းချုပ်နိုင်လောက်အောင် ပျော်နေခဲ့သောကြောင့် သူမအနေဖြင့် ဟဲထန်ကို မည်မျှအထိ ရွံရှာမုန်းတီးနေခဲ့ကြောင်းကို တွေ့မြင်နိုင်သည်။

“ဟုတ်တယ်၊ ဖမ်းဆီးတဲ့ လုပ်ငန်းစဉ်ကတော့ အတော်လေးကို ချောမွေ့ခဲ့တယ်”

ရန်ရှောင်က ဖမ်းဆီးထိန်းချုပ်

ချိန်အတွင်း ဖြစ်ပွားခဲ့သော ဟဲထန်၏ ထူးဆန်းလွန်းသော အပြုအမူများကို အထက်လူကြီးများထံသို့ တင်ပြခဲ့ပြီးဖြစ်သည်။

ထိုအကြောင်းအရာကို အဆင့်မြင့် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားရှိသောကြောင့် လီရှန်းကို ထုတ်ဖော်မပြောနိုင်ပေ။

ထို့ကြောင့်ပင် သူက ဟဲထန်ကို ဘေးကင်းလုံခြုံစွာ ဖမ်းထားကြောင်းကိုသာ အကြောင်းကြားခဲ့သည်။

“မင်းတို့ ဒီရက်ပိုင်းအတွင်း ဆက်ပြီး သတိထားနေကြဦး၊ ဖြစ်နိုင်ရင် စုရှောင်လော်ကို ကျောင်းမလွှတ်သေးတာ အကောင်းဆုံးပါပဲ၊ ဟဲထန်ရဲ့ နောက်ကွယ်မှာ တခြားလူတွေ ကျန်ရှိနေဦးမှာကို စိုးရိမ်ရသေးတယ်

အခု ဟဲထန်ကို ဖမ်းဆီးခံလိုက်ရပြီဆိုတော့၊ သူတို့ဘက်က ပြဿနာ လာရှာတာမျိုး ဖြစ်လာနိုင်တယ်”

လီရှန်းက လျင်မြန်စွာ ခေါင်းကို ညိတ်ပြလိုက်လေသည်။

သူမအနေဖြင့် ဟဲထန်က သူမကို သဘောကျနေခဲ့ခြင်းဟု လုံးဝ မထင်မှတ်ပေ။

သူ့ ဤမျှအထိ ဇွဲသန်နေခဲ့ခြင်းက သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားလွန်းသော လျှို့ဝှက်ချက်တစ်ခု ရှိနေခြင်းကြောင့်သာ ဖြစ်ရမည်။

ရန်ရှောင်က သတင်းပေးရန်အတွက် ခေတ္တမျှသာ ပြန်လာခဲ့ခြင်းဖြစ်သည်။

သူက စကားပြောပြီးသည်နှင့် ချက်ချင်းပင် လှည့်ပြန်သွားခဲ့ကာ အဘိုးဖြစ်သူ ရန်ကျိမင်နှင့်ပင် ဆုံတွေ့သွားခြင်း မရှိခဲ့ပေ။

ရန်ကျိမင်ကလည်း မည်သည့်အရာကိုမျှ ဝင်ရောက်မမေးမြန်းခဲ့ပေ။

သူက ရန်ရှောင်တစ်ယောက် ပြန်လာခဲ့ကြောင်းကို ကြားသိရသည့်အချိန်တွင် အနည်းငယ်မျှ အံ့အားသင့်သွားရလျက် ပြောလိုက်လေသည်။

“သူက အရင်ကထက်စာရင် အတော်လေးကို အသိစိတ်ရှိလာပြီပဲ”

ယခင်က သူ နှုတ်ဆက်ခြင်းမပြုဘဲ ထွက်ခွာသွားခဲ့သည့် အကြိမ်ပေါင်း အမြောက်အမြား ရှိခဲ့ဖူးသည်။

သို့သော် အမြဲတစေ ဘေးကင်းစွာဖြင့် ပြန်လည်၍ ရောက်ရှိလာတတ်၏။

အချိန်ကြာလာသည်နှင့်အမျှ၊ ရန်ကျိမင်ကလည်း ဤအခြေအနေကို ကျင့်သားရနေခဲ့လေသည်။

လီရှန်းကလည်း ယန်ကျိမင်တစ်ယောက် ကျင့်သားရနေခဲ့ပြီဟု ထင်မှတ်ခဲ့မိ၏။

သို့သော် သူမက သန်းခေါင်ယံအချိန်၌ အိပ်ရာမှထပြီး စုရှောင်လော်ကို စောင်ခြုံပေးသည့်အချိန်တွင် မလှမ်းမကမ်းရှိ ရန်မိသားစု၏ အိမ်ခန်းထဲ၌ မီးရောင်လင်းနေဆဲ ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရလေသည်။

ရန်ကျိမင်က ပြတင်းပေါက်၏ ဘေးတွင် ထိုင်နေခဲ့လေ၏။

သူ၏ လက်ထဲ၌ သတင်းစာတစ်စောင်ကို ကိုင်ဆောင်ကာ မျက်မှန်ကို တပ်ဆင်ထားရင်း ထိုင်ခုံထက်၌ အိပ်ပျော်နေခဲ့ရှာသည်။

လီရှန်းက အခန်းထဲသို့ ချက်ချင်းပင် ပြန်ဝင်ခဲ့ပြီး စုဝေ့ချင်းကို နှိုးလိုက်သည်။

“ဝေ့ချင်း၊ ဆရာက ရဲဘော်ရန်အတွက် စိုးရိမ်နေတာ ဖြစ်လိမ့်မယ်၊သူ ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး စောင့်နေရင်းနဲ့ အိပ်ပျော်သွားပြီ၊

ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ပါဦး၊ ဆရာ့ကို အခန်းထဲသွားပြီး အိပ်နိုင်အောင် ကူညီပေးရအောင်”

သူမက စကားပြောရင်းနှင့်ပင် နံရံထက်ရှိ အပူချိန်တိုင်းကိရိယာကို လှမ်းကြည့်လိုက်ပြီးပြောလိုက်လေသည်။

“အခု ရာသီဥတုကနွေးလာပြီ ဆိုပေမဲ့ ညဘက်ကျရင်တော့ အေးနေတုန်းပဲ၊ အအေးမိမသွားစေဖို့ သတိထားရမယ်”

စုဝေ့ချင်းတစ်ယောက် အိပ်ပျော်နေရာမှ နိုးလာချိန်တွင် ဤစကားကို ကြားရသည့်အချိန်တွင် ပျာပျာသလဲဖြင့် အိပ်ရာမှထလိုက်လေတော့၏။

ထို့နောက် ဇနီးမောင်နှံနှစ်ဦးက အပေါ်ဝတ်အင်္ကျီကိုယ်စီကို ဝတ်ဆင်လိုက်ကြသည်။

ထို့နောက် ရန်မိသားစု၏ အိမ်ဆီသို့ အပြေးအလွှား သွားခဲ့ကြလေ၏။

ကံမကောင်းစွာဖြင့် ရန်ကျိမင်က အိပ်ပျော်နေခဲ့သော်လည်း အလွန်ပင် နိုးကြားလွယ်သူဖြစ်သည်။

ထို့ကြောင့် တံခါးပွင့်သွားသည့် အသံကို ကြားရရုံမျှဖြင့် ချက်ချင်းပင် နိုးလာခဲ့ရပြီး နှုတ်မှလည်း ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

“မင်း ပြန်လာပြီလား”

“ဆရာ ကျွန်မတို့ပါ”

လီရှန်းက ရှင်းပြလိုက်လေသည်။

“ကျွန်မနဲ့ ဝေ့ချင်းတို့ရောက်လာတာ”

“မင်းတို့နှစ်ယောက်ပဲ”

ရန်ကျိမင်က မျက်ဝန်းများကို အသာအယာ ပွတ်သပ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး သူ၏ လက်ထဲမှ သတင်းစာကို ဘေးသို့ ချလိုက်လေသည်။

ထို့နောက် သူ၏မျက်မှန်ကို ပြန်လည်ပင့်တင်လိုက်ကာ မေးမြန်းလာလေ၏။

“မင်းတို့ သန်းခေါင်ယံကြီးမှာ မအိပ်ကြဘဲနဲ့ ဒီကို ဘာလာလုပ်ကြတာလဲ”

“ဆရာ ညဘက်က အေးနေသေ့တယ်၊ အပြင်မှာ ထိုင်မနေပါနဲ့တော့၊ အထဲဝင်ပြီး အိပ်လိုက်ပါဦး”

လီရှန်းက သူ့ကို ခပ်တိုးတိုး ဖျောင်းဖျလိုက်လေသည်။

“မလိုပါဘူး၊ ငါက ခဏမှေးလိုက်တာပါ၊ ငါ့မှာ ပြန်လည်သုံးသပ်ရမဲ့ စာရွက်စာတမ်းတွေအများကြီး ကျန်သေးတယ်”

ရန်ကျိမင်က ခေါင်းကို ခါယမ်းပြလိုက်လေ၏။

လီရှန်းက ထပ်မံ၍ ဖျောင်းဖျပြောဆိုချင်နေခဲ့သော်လည်း၊ စုဝေ့ချင်းက သူမ၏ပုခုံးကို အသာအယာ ဖိပြီးပြောလိုက်လေသည်။

“မင်း အရင်ဆုံး ပြန်နှင့်လိုက်လေ.. ကိုယ် ဒီနေရာမှာ ဆရာနဲ့အတူ ဆက်ပြီး ရှိနေပေးလိုက်မယ်”

စုဝေ့ချင်းက ရန်ကျမင်၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို မြင်တွေ့နိုင်ခဲ့သည်။

အကယ်၍ သူတို့နှစ်ဦးက ဆရာ့ကို အခန်းထဲသို့ အတင်းအကျပ် ဝင်ရောက်အိပ်စက်ခိုင်းခဲ့လျှင်ပင် သူတို့ ထွက်ခွာသွားသည်နှင့် အပြင်သို့ ပြန်လည်ထွက်လာမည်ကိုလည်း စိုးရိမ်မိ၏။

သို့ဆိုလျှင် သူ့တို့ဘက်မှ ဖျောင်းဖျခြင်း၊ မဖျောင်းဖျခြင်းက မည်သို့ ထူးခြားပါဦးမည်နည်း။

သူကိုယ်တိုင် ဤနေရာ၌ ကျန်ရှိနေခဲ့ပြီး ဆရာ့ကို ပြုစုစောင့်ရှောက်ပေးခြင်းကသာ ပို၍အဆင်ပြေစေပေလိမ့်မည်။

စုဝေ့ချင်းက လီရှန်း၏နောက်ကျောကို အသာပုတ်ပေးလိုက်ရင်း စိတ်အေးစေလေသည်။

“ပြန်တော့နော်၊ မဟုတ်ရင် ရှောင်လော်နိုးလာတဲ့အချိန်ကျရင် မင်းကိုမမြင်ရပြီးပြဿနာအကြီးအကျယ် ရှာနေလိမ့်မယ်”

“ဟုတ်တယ် ဟုတ်တယ်၊ မင်း ပြန်နှင့်ပြီး ရှောင်လော်ကိုပဲ သေသေချာချာ စောင့်ကြည့်ပေးလိုက်ပါ၊

အဲဒီကလေးက ဘယ်လောက်ပဲ ဥာဏ်ကောင်းပါစေ ကလေးအရွယ်လေးပဲ ရှိသေးတာလေ၊ မင်းတို့နှစ်ယောက်ကတော့ တကယ်ကို စိတ်အေးလွန်းကြတာပဲ”

ရန်ကျိမင်အနေဖြင့် ထိုဇနီးမောင်နှံနှစ်ဦးမှ သူ့ကို စိတ်အေးစေရန်အတွက် ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်းကို ကောင်းစွာ သိရှိထားလေသည်။

ထို့ကြောင့် စုဝေ့ချင်းက စုရှောင်လော်အကြောင်းကို ထုတ်ပြောလိုက်သည်နှင့် သူက လီရှန်းကို ချက်ချင်းပင် အိမ်သို့ ပြန်ခိုင်းလိုက်လေတော့၏။

“ဝေ့ချင်းကိုပဲ ထားခဲ့လိုက်တော့”

ထိုနေ့ညတွင် စုဝေ့ချင်းက ရန်ကျိမင်နှင့်အတူ တစ်ညလုံး ရှိနေပေးခဲ့၏။

နောက်တစ်နေ့တွင်လည်း ရန်ရှောင်က ပြန်ရောက်လာခြင်း မရှိသေးပေ။

ဒုတိယမြောက်နေ့...

တတိယမြောက်နေ့...

နောက်ဆုံးတွင်မှ ခုနစ်ရက်မြောက်သောနေ့သို့ ရောက်ရှိလာသည့် အချိန်ကျမှသာ ရန်ရှောင်တစ်ယောက် ခရီးပန်းလွန်းနေသော ပုံစံဖြင့် ပြန်လည်ရောက်ရှိလာခဲ့လေတော့၏။

သူက အဘိုးဖြစ်သူ ယန်ကျိမင်ကို သူ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်းကို အကြောင်းကြားရန်ပင် အချိန်မရခဲ့ပေ။

ထို့အစား လီရှန်းထံသို့ လာကာ အလွန်ပတည်ကြည်လေးနက်လွန်းသော လေသံဖြင့် ပြောလိုက်လေသည်။

“ဟဲထန်က စစ်ဆေးမေးမြန်းတဲ့ လုပ်ငန်းစဉ်ထဲမှာ လုံးဝ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး၊ သူက မင်းနဲ့ပဲ သီးသန့် တွေ့ဆုံချင်နေတယ်လို့ အတင်းအကျပ် တောင်းဆိုနေတယ်”

*

All Chapters