← Chapters

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း ၃၅၈

Vol. 36 Ch. 358

အခန်း(358)

ရန်ရှောင်က ဝါရင့်စစ်သားဟောင်းတစ်ဦး ဖြစ်လေ၏။

သူက လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က စစ်မှန်သည့် စစ်မြေပြင်ထဲသို့ ကိုယ်တိုင်သွားရောက်တိုက်ခိုက်ခဲ့ဖူးသည်။

နောက်ပိုင်းတွင်တော့ သူက နိုင်ငံတော်လုံခြုံရေးဗျူရိုသို့ ဝင်ရောက်ရန်အတွက် ရွေးချယ်ခြင်းကိုခံခဲ့ရလေ၏။

ထိုအလုပ်များက မတူညီသော အရာနှစ်ခု ဖြစ်ကြသော်လည်း နှစ်ခုလုံးက အန္တရာယ်ကြီးမားလွန်းသည်။

ဟဲထန်က သူ့ကို တားဆီးချိန် ရုတ်တရက် ထွက်ပေါ်လာခဲ့သော အမှောင်ထုက အလွန်ပင်ဆန်းကြယ်လွန်းသည်။ ထိုအမှောင်ထုက သူ့ကိုလုံးဝနစ်မြုပ်သွားခဲ့ရသည်။

ဤအခြေအနေက လူသားတို့၏ ထိန်းချုပ်နိုင်စွမ်း အတိုင်းအတာထက် ကျော်လွန်နေခဲ့သည်။

ရှေးရိုးစွဲ အယူသီးမှုများကို သုတ်သင်ရှင်းလင်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့လေပြီ။

သို့သော် ရန်ရှောင်အနေဖြင့် ထိုအချိန်တွင် သဘာဝလွန် ဖြစ်ရပ်ဆန်းများကို ချက်ချင်း တွေးမိသွားခဲ့ရသည်။

ထို့ကြောင့်ပင် သူက ထိုအခြေအနေအတိုင်း အထက်လူကြီးများထံသို့ အစီရင်ခံတင်ပြခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူက ပြင်းထန်လွန်းသော ဆူပူပြစ်တင်ခြင်းကို ခံခဲ့ရ၏။

ထိုအရာရှိမှာ တခြားလူများ ကြားသိသွားပြီး ရန်ရှောင်ကို ပြင်းထန်စွာ အရေးယူမည်ကို စိုးရိမ်သောကြောင့် ရုံးခန်းတံခါးကို လျင်မြန်စွာပင် ပိတ်ဆို့ထားခဲ့ရလေသည်။

ရန်ရှောင်သည်လည်း အလွန်ပင် ခေါင်းမာသူဖြစ်ကာ သူ့ကို ရိုက်နှက်ခဲ့သူက ဟဲထန်ဖြစ်ကြောင်းကို အခိုင်အမာ ပြောဆိုနေခဲ့လေ၏။

သူ့အနေဖြင့် ဟဲထန်ကို တစ်ချက်မျှသာ တွန်းထုတ်ခဲ့ပြီး လက်ဝါးစောင်းဖြင့် နှစ်ချက်သာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဟဲထန်က ယခုအချိန်တွင် စစ်ဆေးမေးမြန်းသည့် အခန်းထဲ၌ လဲလျောင်းလျက် မထနိုင်တော့ကြောင်း အခိုင်အမာထွက်ဆိုနေခဲ့သည်။

သူတို့အနေဖြင့် မြို့တော် စစ်ဘက်ဆိုင်ရာဆေးရုံကြီးမှမှုခင်းဆရာဝန်တစ်ဦးကိုပင် ညဉ့်နက်သန်းခေါင်ယံတွင် အရေးပေါ် ဆင့်ခေါ်ခဲ့ကြရသည်။

စက်ကိရိယာမျိုးစုံဖြင့် ဟဲထန်၏ ခန္ဓာကိုယ်ကို သေသေချာချာ စမ်းသပ်စစ်ဆေးပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ ကလီစာများအားလုံးက အလွန်ပင် ဆိုးရွားပျက်စီးနေခဲ့၏။

ထို့အပြင် သူ၏ အသက်ကလည်း နောက်ဆုံး ထွက်သက်ဆီသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိလိုက်သည်။

ဆရာဝန်က စမ်းသပ်စစ်ဆေးရင်းနှင့်ပင် ပြောလိုက်လေသည်။

“အကျိုးအကြောင်းကို တွက်ချက်ကြည့်ရင်တော့၊ ဒီခန္ဓာကိုယ်က လွန်ခဲ့တဲ့ နှစ်ကာလတွေကတည်းက သေဆုံးသွားခဲ့ရမှာ၊

ဒီလောက် ကြာတဲ့အထိ အသက်ရှင်နေနိုင်တာက တကယ်ကို တွေ့ရခဲလွန်းတဲ့ ကိစ္စပဲ၊

သူ့ကို ဘယ်လိုမျိုး ကျော်ကြားလွန်းတဲ့ သမားတော်က ကုသပေးခဲ့လဲဆိုတာ တကယ်ကို သိချင်မိတယ်၊

တကယ်လို့ အဲဒီပုဂ္ဂိုလ်ကြီးကို မြို့တော်ဆီသို့ ဖိတ်ခေါ်နိုင်မယ်ဆိုရင်တော့ ငါတို့အားလုံး သူ့ဆီကနေ ပညာရပ်တွေကို သေသေချာချာ သင်ယူနိုင်မှာပဲ”

စမ်းသပ်မှု အဆုံးသတ်ပိုင်းသို့ ရောက်ရှိလာသည့်အချိန်တွင် သူက အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။

နိုင်ငံခြားက အတော်ဆုံး ဆရာဝန်များပင်လျှင် ဤကဲ့သို့သော ထူးခြားပြောင်မြောက်လွန်းသည့် ကုထုံးပညာရပ်မျိုး ရှိကြလိမ့်မည်မဟုတ်ဟုပင် အော်ဟစ်ပြောခဲ့၏။

ရန်ရှောင်နှင့် သူ၏အဖွဲ့က ဟဲထန်၏ ကြီးပြင်းလာခဲ့ရသော နောက်ကြောင်း အားလုံးကိုသေသေချာချာ စုံစမ်းစစ်ဆေးခဲ့ကြသည်။

ဟဲထန်တစ်ယောက် ကွယ်ရာတွင် တိတ်တဆိတ် လုပ်ဆောင်ခဲ့ဖူးသော ယုတ်မာလွန်းသည့် လုပ်ရပ်များကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသည်မှလွဲ၍ သူ၏ သာမန်လူနေမှုဘဝ ဖြစ်ရပ်အားလုံးကို သူတို့က ကောင်းစွာ သိရှိထားကြ၏။

လွန်ခဲ့သော နှစ်ကာလများအတွင်း၊ ဟဲထန်က အပြင်ပန်းတွင် အနည်းငယ် ပိန်ချုံးခြောက်သွေ့နေခဲ့သည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင် သူ၏ ကျန်းမာရေးက အလွန်ပင် ကောင်းမွန်နေခဲ့သည်။

သူက ကျေးလက်ဒေသသို့ မသွားမီ အချိန်တုန်းကသာ တစ်ကြိမ်မျှ ပြင်းထန်စွာ ဖျားနာဖူးခြင်း ဖြစ်ပြီး၊ တခြားသော အချိန်များတွင် ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတို့ပင် ဖြစ်ပွားခဲလွန်း၏။

ရန်ရှောင်အနေဖြင့် ဟဲထန် ကျေးလက်သို့ မသွားမီက ဖျားနာခဲ့ဖူးသည်ဟူသော အချက်ကိုပင် လုပ်ကြံဖန်တီးထားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သံသယဝင်မိသည်။

ထိုနှစ်ကာလများတုန်းက ပညာတတ်လူငယ်များစွာက ကျေးလက်ဒေသသို့ သွားရောက်ရခြင်းမှ ရှောင်ကွင်းရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြု၍ လိမ်ညာတတ်ကြသည်မဟုတ်ပါလား။

တချို့သော လူများဆိုလျှင် ကျေးလက်ဒေသသို့ သွားရောက်ရမည့်အစား သူတို့၏ ခြေထောက်ကိုပင် ရိုက်ချိုးပစ်လိုက်ကြပြီးဒုက္ခိတတစ်ဦးအဖြစ်သာ အိမ်တွင် နေထိုင်သွားရန် ရွေးချယ်ခဲ့ကြသည်။

ဟဲထန်နှင့် နေမကောင်းကြောင်းပြောခဲ့သော်လည်း သူ၏အခန်းထဲ၌သာ အမြဲအောင်းနေခဲ့ပြီး ဆေးရုံသို့ သွားရောက်ပြသခဲ့ခြင်း မရှိပေ။

ဆေးပေးခန်းမှ ဆရာဝန်ငယ်တစ်ဦးသာ သူ၏အိမ်သို့ လာကာ ရက်အနည်းငယ်မျှ ဆေးသွင်းပေးခဲ့သည်။

ထိုသို့ဆိုလျှင် ဤမျှအထိ ကျန်းမာသန်စွမ်းလွန်းသော ဟဲထန်က၊ အဘယ်ကြောင့် ရုတ်တရက် ကုထုံးမရှိတော့သော ရောဂါသည်တစ်ဦး ဖြစ်သွားရပါသနည်း။

သို့သော် ထိုစမ်းသပ်ပေးခဲ့သော သမားတော်က မျိုးရိုးစဉ်ဆက် သမားတော်များဖြစ်ခဲ့ကြသော မိသားစုမှ ပေါက်ဖွားလာခဲ့သည့် ကျော်ကြားလွန်းသော သမားတော်တစ်ဦး ဖြစ်သည်။

သူက ထိုနှစ်ကာလများ၏ ရုန်းရင်းဆန်ခတ်မှုများအောက်တွင်ပင် ထိခိုက်ခြင်းမရှိခဲ့ပေ။

ထို့အပြင် နိုင်ငံတော် အဆင့်မြင့် အရာရှိများ၏ ကျန်းမာရေးကိုပါ တာဝန်ယူ စောင့်ရှောက်ပေးနေရသူ ဖြစ်လေ၏။

သူ၏ ဆေးပညာက ညံ့ဖျင်းနေရန် လုံးဝ မဖြစ်နိုင်ပေ။

ဤအခြေအနေနှစ်ခုကို နှိုင်းယှဉ်သုံးသပ်ကြည့်ပြီးနောက် ရန်ရှောင်၏ ယခင်က တင်ပြချက်များကိုပါ ပေါင်းစပ်လိုက်ကြလေသည်။

ထိုအချိန်တွင်တော့ အထက်လူကြီးများပင်လျှင် တစ်စုံတစ်ရာ မမှန်ကန်ကြောင်းကို ခံစားလိုက်ရလေတော့၏။

သူတို့အနေဖြင့် ဟဲထန်၏ လက်ရှိ အခြေအနေများကို ဆက်လက် ထည့်သွင်းစဉ်းစားမနေတော့ဘဲ၊ ထိုညမှာပင် သူ့ကို ရှီးရှန်းအကျဉ်းထောင် ဆီသို့ တိတ်တဆိတ် ပြောင်းရွှေ့ချုပ်နှောင်လိုက်ကြလေတော့၏။

ထိုနေရာက အလွန်ယုတ်မာရက်စက်လွန်းသော ရာဇဝတ်ကောင်ကြီးများနှင့် အရေးကြီးလွန်းသော တရားခံကြီးများကိုသာ ချုပ်နှောင်ထားသည့် နေရာဖြစ်သည်။

ထို့အပြင် ထိုနေရာက လျှို့ဝှက်သည့် စစ်ဆေးမေးမြန်းမှုများကို လုပ်ဆောင်သည့် နေရာလည်း ဖြစ်လေ၏။

ထိုနေရာတွင် ထောင်တွင်းဆရာဝန်တစ်ဦး ရှိနေလေသည်

သူက ဟဲထန်၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် သေသေချာချာ စမ်းသပ်စစ်ဆေးပြီးနောက်တွင်လည်း မူလက စမ်းသပ်ချက်ရလဒ်များအတိုင်း ထွက်ပေါ်လာခဲ့သည်။

ဟဲထန်၏ အတွင်းကလီစာအားလုံးက အလွန်ပင် ပျက်စီးနေခဲ့သည်။

သူတို့အနေဖြင့် သူ သေဆုံးသွားသည်အထိတော့ လျစ်လျူရှုထား၍ မရနိုင်ပေ။

မည်သို့ပင်ဖြစ်စေ သူက မည်သည့် လျှို့ဝှက်ချက်ကိုမျှ ထွက်ဆိုခြင်း မရှိသေးပေ။

ထို့ကြောင့် သူတို့က အာဟာရဓာတ်ပြည့်ဝသော မုယောနို့မှုန့် များနှင့် နို့မှုန့်ဘူးအမြောက်အမြားကို ရှီးရှန်းအကျဉ်းထောင်ဆီသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြရသည်။

သူက တစ်နေ့လျှင် ငါးကြိမ်မျှ သောက်သုံးရပြီး၊ တစ်ကြိမ်လျှင် ပန်းကန်လုံးအကြီးကြီး တစ်လုံးစီ သောက်သုံးခဲ့လေ၏။

သို့သော် သောက်သုံးပြီးနောက်တွင်ပင် သူ၏အသွင်အပြင်က သေလုမနီးပါး ဖြစ်နေခဲ့သည်။

ဤအခြေအနေက စစ်ဆေးမေးမြန်းနေကြသော အရာရှိများကို အလွန်ပင် ဒေါသထွက်သွားစေခဲ့သည်။

ဟဲထန်ကတော့ အံကိုတင်းတင်း ကြိတ်ထားခဲ့ပြီး မည်သည့်စကားကိုမျှ ထွက်ဆိုခြင်း မရှိခဲ့ပေ။

သို့သော် နောက်ဆုံးတွင် တစ်ဖက်လူက ရန်ရှောင်နှင့် တွေ့ဆုံရန်အတွက် တောင်းဆိုလာခဲ့သည်။

ဟဲထန်က မုယောနို့မှုန့်များကို ရက်အနည်းငယ်ခန့် သောက်သုံးပြီးနောက် သူ၏အားအင်များက တဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာခဲ့လေပြီ။

သူက ရန်ရှောင်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေ၏။

“ငါ လီရှန်းကို မတွေ့ရမချင်းတော့ ဘာစကားတစ်ခွန်းမှ ထွက်ဆိုမှာ မဟုတ်ဘူး”

လီရှန်းပဲလား။

“မင်း ဘာလို့ လီရှန်းကိုတွေ့ချင်နေရတာလဲ”

ဟဲထန်က မျက်ဝန်းများကို

မှိတ်ထားလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။

…

“ဒါကြောင့်မို့လို့ ကျွန်တော်လည်း တခြားနည်းလမ်းမရှိဘဲ အထက်လူကြီးတွေဆီကို အစီရင်ခံ တင်ပြခဲ့ရတာပါ၊

အချင်းချင်း သေသေချာချာ ဆွေးနွေးပြီးသွားတော့ လူကြီးတွေက မင်းကို သူ့နဲ့ တွေ့ဆုံခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ကြတာ”

ရန်ရှောင်သည်လည်း လီရှန်းအပေါ် အနည်းငယ် အားနာနေမိသည်။

မည်သို့ပင်ဖြစ်စေ သူတို့ဘက်မှ ဟဲထန်ကို ထွက်ဆိုချက်ပေးရန် မလုပ်ဆောင်နိုင်ခဲ့ကြပေ။

ထို့ကြောင့်သာ နစ်နာသူဖြစ်သော လီရှန်းကပါ ဤကိစ္စထဲသို့ ထပ်မံ၍ ပတ်သက်ဆက်နွှယ်လာခဲ့ရသည်။

လီရှန်းက သူမ၏ ဆံပင်လေးများကို သပ်ရပ်အောင် ပြင်ဆင်ပြီး ပြောလိုက်လေ၏။

“သူ့ကို သွားတွေ့တာကလည်း ကောင်းပါတယ် ၊ ကျွန်မလည်း သူ ဘာလို့ အရင် နှစ်တွေတုန်းက ကျွန်မနောက်ကို ဒီလောက်တောင် တကောက်ကောက် လိုက်နေခဲ့ရလဲဆိုတာကို သိချင်မိတယ်”

“ကျွန်မတို့ သွားကြရအောင်၊ စောစောသွားရင် စောစောပြန်လာနိုင်တာပေါ့”

လီရှန်းက သူမကိုယ်သူမ သေသေချာချာ ပြင်ဆင်ပြီးနောက် ရန်ရှောင်ကို လှမ်းခေါ်လိုက်လေသည်။

“ကောင်းပါပြီ၊ ဒါဆိုရင် အခုပဲ သွားကြတာပေါ့”

ရန်ရှောင်က စုဝေ့ချင်းကိုလည်း စိတ်အေးစေရန်အတွက် ကတိကေးခဲ့သည်။

“မစိုးရိမ်ပါနဲ့၊ တကယ်လို့ ပြဿနာ ဖြစ်ပွားခဲ့ရင်တောင်မှ ကျွန်တော် ရှောင်လီ့ကို ဘေးကင်းလုံခြုံစွာနဲ့ အိမ်ကို ပြန်ခေါ်လာခဲ့ပေးမယ်လို့ ကတိပေးတယ်”

လီရှန်းက လေ့ကျင့်ရေးစခန်း၏ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် လမ်းဘေးတွင် ရပ်နားထားသော စစ်သုံးကားတစ်စီးကို မြင်တွေ့လိုက်ရသည်။

စစ်သားနှစ်ဦးက အရှေ့ခန်းမှ မောင်းနှင်သူနေရာနှင့် ဘေးခုံတို့တွင် အသီးသီး ထိုင်နေကြလေ၏။

လီရှန်းနှင့် ရန်ရှောင်တို့က အနောက်ခန်းထဲ၌ စီးခဲ့ကြသည်။

*

ကားက ရှီးရှန်းအကျဉ်းထောင်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်ခဲ့သည်။

ရန်ရှောင်က လီရှန်းကို နားနေခန်းထဲ၌ စောင့်ဆိုင်းနေရန်အတွက် ကြိုတင်စီစဉ်ပေးခဲ့လေ၏။

သူက ပထမဦးစွာ အထဲသို့ ဝင်ပြီးအခြေအနေများကို တင်ပြခဲ့လေသည်။

ထို့နောက် ဆယ်မိနစ်ခန့်ကြာမြင့်ပြီးမှသာ ပြန်ထွက်လာခဲ့ပြီး မေးမြန်းလာသည်။

“ စောင့်ရတာ ပျင်းနေပြီလား”

“မပျင်းပါဘူး”

လီရှန်းက ခေါင်းကိုခါပြလိုက်လေသည်။

“ဒါဆိုရင် အထဲကို အမြန် ဝင်ကြရအောင်”

ရန်ရှောင်တစ်ယောက် စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီး လေသံကလည်း စိတ်ပျက်မှုများ ပြည့်နေခဲ့သည်။

“ဟဲထန်ရဲ့ ကျန်းမာရေး အခြေအနေက အရမ်း ဆိုးရွားနေပြီ၊ ကျွန်တော်တို့ ဒီအတိုင်းသာ ဆက်ပြီး အချိန်ဆွဲနေဦးမယ်ဆိုရင် သူ တကယ်ပဲ သေဆုံးသွားလိမ့်မယ်”

ဟဲထန်တစ်ယောက် မကြာသေးခင်က နောက်ထပ်တစ်ကြိမ် မေ့လဲသွားခဲ့သည်။

သူတို့ဘက်က မုယောနို့မှုန့်များနှင့် နို့မှုန့်များကို လုံးဝ ပြတ်တောက်ခြင်းမရှိဘဲ ထောက်ပံ့ပေးထားခဲ့၏။

ထို့အပြင် သူ၏အတွက် ဆီမပါသော ငါးစွပ်ပြုတ်ဟင်းရည်ကိုပါ သေသေချာချာ ပြင်ဆင်ပေးခဲ့ကြသည်။

သို့သော် ဟဲထန်၏ ကျန်းမာရေးက ဆန်ခါတစ်ခုကဲ့သို့ပင် ဟာကွက်များဖြင့် ပြည့်နှက်နေခဲ့ပြီး လုံးဝ ပြိုလဲပျက်စီးလုနီးပါး ဖြစ်နေခဲ့၏။

ဤကိစ္စကြောင့် အရာရှိများမှာလည် အလွန်ပင် ဒေါသထွက်နေခဲ့လေ၏။

တစ်ဖက်လူက ယခုအချိန်တွင် စက္ကူမီးအိမ်တစ်ခုကဲ့သို့ဖြစ်နေသောကြောင့်၊ သူတို့အနေဖြင့် ကြမ်းတမ်းသော နည်းလမ်းမျိုးကိုမျှ လုံးဝ မသုံးနိုင်တော့ပေ။

ထို့အပြင် ဟဲထန်က သူ၏ မိဘနှစ်ပါးလုံးအပေါ်တွင်လည်း အနည်းငယ်မျှပင် ဂရုစိုက်စိုးရိမ်ခြင်း မရှိပေ။

သူ၏ မိဘနှစ်ပါးလုံးက ဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်းကို ကြားသိရသည့် အချိန်၌ပင် သူ၏ မျက်နှာအမူအရာက မပြောင်းလဲခဲ့ပါချေ။

သူက အထင်သေးသော အပြုံးတစ်ခုကိုပင် ထုတ်ဖော်ပြသခဲ့သေး၏။

*

All Chapters