← Chapters

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း(359)

လီရှန်းက စစ်ဆေးမေးမြန်းသည့် အခန်းထဲသို့ ဝင်သွားခဲ့လေ၏။

ဟဲထန်၏ စိတ်ထဲ၌ ရက်ပေါင်းများစွာအထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော စနစ်က ရုတ်တရက် အသက်ဝင်လာခဲ့ပုံရသည်။

[လီရှန်း ရောက်လာပြီ]

ဟဲထန်၏ မျက်ဝန်းများက တစ်ချက်မျှ တုန်လှုပ်သွားခဲ့ရပါသော်လည်း၊ သူက မျက်လုံးများကို ဖွင့်လှစ်ခြင်း မပြုခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် မျက်လုံးဖွင့်ရန်အတွက်ပင် အားအင်ရှိမနေတော့ပါချေ။

[မင်းဆီမှာ ရွှေရောင်ဆေးလုံး တစ်လုံးကျန်သေးတယ်၊ အခုချက်ချင်း အဲဒါကို စားလိုက်တော့]

ဟဲထန်က ခေတ္တမျှ ဆွံ့အသွားခဲ့ရပြီး စိတ်ထဲမှ ပြောလိုက်လေသည်။

“ငါ့ရဲ့ ဆေးပုလင်းကို သူတို့ သိမ်းဆည်းသွားခဲ့ကြပြီလေ”

ရွှေရောင်ဆေးလုံးပါဝင်သော ထိုဆေးပုလင်းကို သူ ဤနေရာသို့ စတင်ချုပ်နှောင်ခံရသည့် နေ့ကတည်းက သူတို့ သိမ်းဆည်းသွားခဲ့ကြလေ၏။

ထိုရွှေရောင်ဆေးလုံးကလည်း သူတို့၏ အကြိမ်အမြောက်အမြား သုတေသနပြု စစ်ဆေးခြင်းကို ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။

သူ မြို့တော်တက္ကသိုလ်မှ ထွက်ပြေးပုန်းအောင်းနေခဲ့ချိန် ကာလအတွင်းမှာပင် သာမန်ဆေးလုံးတိုင်းကို ကုန်အောင် စားသုံးခဲ့ပြီး ဖြစ်ပေ၏။

ယခုအချိန်တွင် စနစ်က သူ့ကို ထိုရွှေရောင်ဆေးလုံးကို စားသုံးရန် ပြောနေခြင်းက ပြက်လုံးတစ်ခုသာဖြစ်နေခဲ့သည်။

[ငါ အဲဒါကို ပြန်ယူခဲ့ပြီး နို့ခွက်ထဲသို့ ထည့်သွင်းထားခဲ့တယ်၊

မင်းက အဲဒီနို့ကို သောက်လိုက်ရုံပါပဲ]

ထိုဆေးလုံးများက စနစ်က ထောက်ပံ့ပေးထားသော စွမ်းအင်များ ဖြစ်ကြသည်။

သို့သော် ထိုဆေးလုံးများမှာ အပြင်ပန်းတွင် သာမန်အကိုက်အခဲပျောက်ဆေး သက်သက်သာ ဖြစ်လေ၏။

စနစ်အနေဖြင့် ထိုဆေးလုံးများထဲရှိ စွမ်းအင်များကို တခြားသောနေရာများသို့ လွှဲပြောင်းပေးနိုင်ပေ၏။

ဤအချိန်တွင် သူက ဟဲထန်၏ ဘေးတွင်ရှိနေသော နို့ခွက်ထဲသို့ ထိုစွမ်းအင်များကို လွှဲပြောင်းထည့်သွင်းပေးလိုက်ခြင်း ဖြစ်လေ၏။

ဟဲထန် မျက်လုံးများကို ဖွင့်လှစ်လိုက်ပြီး နို့သောက်ချင်ကြောင်း တောင်းဆိုလိုက်လေတော့၏။

အစောင့်လည်း ဟဲထန်ကို ပန်းကန်လုံးထဲမှ နို့များကို တိုက်ကျွေးလိုက်လေသည်။

သူ၏မျက်လုံးများကတော့ မကျေနပ်မှုများဖြင့် နီရဲနေခဲ့သည်။

ဤခေတ်ကာလတွင် လူအမြောက်အမြားမှာ ထမင်းဝအောင်ပင် မစားနိုင်ကြပါချေ။ ဤလူကတော့ နို့များနှင့် မုယောနို့မှုန့်များကို ဝဝလင်လင်သောက်သုံးနေရသည်။

သူက ဤကဲ့သို့သော ကောင်းမွန်လွန်းသည့် အရာများကို ဖြုန်းတီးပစ်နေခြင်းပင်။

[မင်း လီရှန်းကို မင်းရဲ့အနားကို ပိုပြီးနီးကပ်အောင် လာခိုင်းလိုက်၊ အချိန်ကျရင် ငါ သူမရဲ့ ခန္ဓာကိုယ်ထဲက စနစ်ကို ချက်ချင်းပဲ ဝါးမြိုနိုင်လိမ့်မယ်]

ဟဲထန်က နို့သောက်နေသော လှုပ်ရှားမှုကို ခေတ္တမျှ ရပ်တန့်လိုက်ကာ စိတ်ထဲမှ မေးလိုက်လေ၏။

“အဲဒီစနစ်ကို ရရှိပြီးတာနဲ့ မင်း ငါ့ကို နိုင်ငံခြားကို တကယ်ပဲ ပို့ပေးနိုင်မှာလား”

[ဒါပေါ့၊ အဲ့ဒီအချိန်ကျရင် ငါတို့ မင်းအတွက် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်အသစ်တစ်ခုကိုပါ ပေးစွမ်းနိုင်မှာ]

ဟဲထန်က တိတ်ဆိတ်နေခဲ့သည်။

သူးအနေဖြင့် သူတပါး၏ခန္ဓာကိုယ်ဆီသို့ မသွားချင်ပါချေ။

သို့သော်လည်း သူ၏ ဤခန္ဓာကိုယ်က လွန်ခဲ့သော နှစ်ကာလများကတည်းက သေဆုံးနေပြီဖြစ်ကြောင်းကို ကောင်းစွာသိရှိထားလေ၏။

တခြားသော ခန္ဓာကိုယ်အသစ်တစ်ခု ဖြစ်သွားလျှင်ပင် ကိစ္စမရှိပေ။

သူ၏ ဝိညာဉ်ဖြစ်နေခဲ့လျှင် အဆင်ပြေနိုင်သည်။

“ငါ နိုင်ငံခြားသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုပဲ လိုချင်တယ်”

နိုင်ငံခြားသားများက အရပ်ရှည်ပြီး သန်စွမ်းကြသောကြောင့် သူတို့က အသက်ရှည်ရှည် နေထိုင်နိုင်မည့် ပုံစံမျိုးရှိနေကြသည် မဟုတ်ပါလား။

[ကောင်းပြီ၊ ကောင်းပြီ]

စနစ်၏ လေသံတို့အရ အနည်းငယ် စိတ်မရှည် ဖြစ်နေပုံရသည်။

နို့များ သောက်သုံးပြီးနောက်တွင် ဟဲထန်၏ စိတ်ဝိညာဉ်က ဆန်းကြယ်စွာဖြင့် ပြန်လည်ကောင်းမွန်လန်းဆန်းလာခဲ့ရပြီး ဖြောင့်ဖြောင့်ထိုင်နိုင်ခဲ့လေ၏။

ခေတ္တမျှသော အချိန်တိုအတွင်း သူ၏ ဤကဲ့သို့ ကြီးမားသည့် ပြောင်းလဲမှုကို မြင်တွေ့လိုက်ရသောကြောင့် စစ်ဆေးမေးမြန်းနေသော အရာရှိပင် လုံးဝ ထိတ်လန့်သွားခဲ့ရ၏။

သူက လူခေါ်ရန် လှည့်လိုက်သည့် အချိန်မှာပင် စစ်ဆေးမေးမြန်းသည့် အခန်းတံခါးကြီးက အပြင်မှ ပွင့်ထွက်သွားခဲ့လေသည်။

ရန်ရှောင်က ပထမဦးစွာ အထဲသို့ လှမ်းဝင်လာခဲ့လေ၏။

သူ၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သူက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားသော အမျိုးသမီးငယ်လေး ဖြစ်

သည်။

“အစ်ကိုရန်၊ အခုပဲ..”

စစ်ဆေးမေးမြန်းသည့် အရာရှိက ဟဲထန်၏ ထူးဆန်းလွန်းသော အခြေအနေကို အစီရင်ခံတင်ပြချင်နေခဲ့၏။

သို့သော် သူ့ စကားပြော၍မပြီးဆုံးမီမှာပင် မတိုင်မီက သေခါနီးအခြေအနေဖြစ်နေခဲ့သော ဟဲထန်က ရုတ်တရက် ထရပ်လိုက်လေသည်။

ထို့နောက် သူက လီရှန်း၏ ခန္ဓာကိုယ်ဆီသို့ ဝုန်းကနဲ ပြေးဝင်သွားကြောင်းကို မြင်တွေ့လိုက်ရလေ၏။

ရန်ရှောင်က ချက်ချင်းပင် အရှေ့မှ တားဆီးပိတ်ဆို့လိုက်ပြီး လီရှန်းကလည်း လျင်မြန်စွာပင် ဘေးသို့ ရှောင်လိုက်လေတော့၏။

သို့သော် လီရှန်း၏ လက်မောင်းနေရာက တင်းကျစ်စွာ ဖမ်းဆွဲခံလိုက်ရသည်။

ဟဲထန်မှာတော့ သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်းခံရမည်ကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ လည်ချောင်းမှထွက်လာသည့်အသံဖြင့် အော်ဟစ်လိုက်လေသည်။

“မြန်မြန်၊ သူမရဲ့ ခန္ဓာကိုယ်ထဲက စနစ်ကို ချက်ချင်း ဝါးမြိုပစ်လိုက်စမ်း!”

ထိုအချိန်တွင် သူ၏စိတ်ထဲရှိ စနစ် ကတော့ လုံးဝ ရူးသွပ်သွားခဲ့ရလေသည်။

[သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ စနစ် လုံးဝ ရှိမနေဘူး]

“စနစ်လား၊ ဘာစနစ်လဲ”

ရန်ရှောင်က ဟဲထန်၏ စကားလုံးများထဲမှ အဓိကအချက်ကို ထက်ရှစွာဖြင့် သတိပြုမိလိုက်လေသည်။

သူက ဟဲထန်၏ ပါးစပ်မှ လီရှန်း ဟူသော နာမည်မှလွဲ၍ တခြားသော နာမည်ဆန်းတစ်ခုကို ကြားရခြင်းမှာ ဤသည်က ပထမဦးဆုံးအကြိမ် ဖြစ်လေ၏။

ယခင်က ဟဲထန်အနေဖြင့် မည်သူက စစ်ဆေးမေးမြန်းသည်ဖြစ်စေ သူက ‘ငါ လီရှန်းကို တွေ့ချင်တယ်’ဟူသောစကားကိုသာ ပြန်ဖြေခဲ့သည် မဟုတ်ပါလား။

လီရှန်းအနေဖြင့်လည်း စနစ် ဟူသော စကားလုံးကို ကြားလိုက်ရသည့် အချိန်တွင် အံ့သြသွားခဲ့ရသည်။

သို့သော် သူမက အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့၏။

ဟဲထန်က သူမ၏ လက်မောင်းကို တင်းကျပ်စွာ ဖမ်းဆွဲထားသည်။ ထိုပြင်းထန်လွန်းသော နာကျင်မှုကြောင့် သူမက အသံကျယ်ကျယ်ဖြင့် အော်ဟစ်မိသွားခဲ့ရလေ၏။

ထိုအော်ဟစ်သံကို ကြားလိုက်ရသည်နှင့် ရန်ရှောင်က မသိစိတ်ဖြင့် လက်ကိုမြှောက်ကာ ဟဲထန်၏ လက်မောင်းသို့ ရိုက်ချလိုက်လေတော့၏။

“အား”

ဟဲထန်တစ်ယောက် နာကျင်မှုကြောင့် လက်ကို လွှတ်ပေးလိုက်ရသည်။

သူက စိတ်ထဲတွင်လည်း အလွန် ထိတ်လန့်တုန်လှုပ်နေခဲ့ရသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး၏ အားအင်များက လုံးဝ ဆုတ်ယုတ်သွားခဲ့ရ၏။

“မင်း ဘာပြောလိုက်တာလဲ၊ သူမရဲ့ ခန္ဓာကိုယ်မှာ စနစ် ရှိမနေဘူးဆိုတာ ဘာကိုဆိုလိုတာလဲ”

ဟဲထန်က သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်းခံရမည်ကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။

အကယ်၍ လီရှန်း၏ ခန္ဓာကိုယ်ပေါ်တွင်သာ စနစ်သာ ရှိမနေခဲ့ပါက သူ၏ စနစ်သည်လည်း သူ့၏ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်စေရန် လုံလောက်သော စွမ်းအင်များကို လွှဲပြောင်းရယူနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် စနစ်က သူ့ကို နိုင်ငံခြားသား ခန္ဓာကိုယ်အသစ်တစ်ခုကိုလည်း ရှာဖွေပေးနုင်တော့မည် မဟုတ်ပါချေ။

သူ့အနေဖြင့် သူ၏ အဆင့်အတန်းကို ပြောင်းလဲပြီး ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

သူက ဤပျက်စီးယိုယွင်းနေသော ခန္ဓာကိုယ်ကြီးထဲ၌သာ အမြဲတစေ ပိတ်မိနေရပေလိမ့်မည်။

နိုင်ငံတော်၏ ပြင်းထန်လွန်းသော စစ်ဆေးမှုများကို ရင်ဆိုင်ရကာ နောက်ဆုံးတွင် သေဆုံးသွားရလိမ့်မည်။

[ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ]

စနစ်ကလည်း အလွန်ပင် ထိတ်လန့်တုန်လှုပ်နေခဲ့၏။

ဤစနစ်အနေဖြင့် စနစ်လောကမှ ထွက်ပြေးပုန်းအောင်းခဲ့ချိန်က လီရှန်း၏ ရွှေရောင်တောက်ပသော နာမည်ကို စာရင်း၏ထိပ်ဆုံးနေရာတွင် ထင်ရှားစွာမြင်တွေ့ခဲ့ရသည်။

လီရှန်းကို ပြုစုပျိုးထောင်ရန် တာဝန်ယူထားခဲ့သော ထိုစနစ်က တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် မကြာခဏကြွားဝါလေ့ရှိသည်။

သူ့ထံတွင် ထက်မြက်လွန်းသော မျက်စိရှိသောကြောင့် လီရှန်းကို ရွေးချယ်နိုင်ခဲ့သည်ဟူ၏။ ရလဒ်အနေဖြင့် လီရှန်းက ထိုစနစ်ကို စိတ်ပျက်အောင် မလုပ်ဆောင်ခဲ့ဘဲ တာဝန်များကို ထူးချိန်သည့်အဆင့်များဖြင့် ပြီးမြောက်ခဲ့သည်။

သူမက တာဝန်တိုင်းတွင် အမှတ်ပြည့် မရရှိခဲ့သော်လည်း

အနည်းဆုံးတော့ ထူးချွန်ထက်မြက်လွန်းသော အမှတ်များကို ရရှိခဲ့သည် မဟုတ်ပါလား။

ထိုအချိန်တုန်းက သူ၏ဆယ့်ရှစ်ယောက်မြောက် Hostမှာတော့ မစ်ရှင် ကမ္ဘာထဲ၌ ပစ်မှတ်ကို သတ်ဖြတ်ခဲ့မိခြင်းကြောင့် သေဒဏ်ချမှတ်ခြင်းကို ခံလိုက်ရခါစ ဖြစ်သည်။

မှောင်မည်းလွန်းသော အခန်းငယ်လေးထဲ၌ ဆယ်စုနှစ်တစ်ခုကျော်အောင် အကျဉ်းချခံရမည့်ဘေးမှ ရှောင်ကွင်းနိုင်ရန်အတွက်၊ သူက စနစ်လောကမှ ထွက်ပြေးရန် ရွေးချယ်ခဲ့ပြီး လီရှန်း၏ မူလကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်လေသည်။

သူက သေဆုံးလုနီးပါးဖြစ်နေသော ဟဲထန်ကို သူ၏ Hostအဖြစ် ရွေးချယ်ခဲ့ခြင်းမှာလည်း လီရှန်း၏ ခန္ဓာကိုယ်ပေါ်ရှိ စနစ်ကို ဝါးမြိုဖျက်ဆီးပစ်ရန်၊ ထိုမှတစ်ဆင့် စနစ်၏ ကုတ်နံပါတ်ကို လွှဲပြောင်းရယူပြီး သူ၏ အဆင့်အတန်းကို ပြောင်းလဲကာ ဘဝသစ်ကိုစတင်ရန်အတွက်သာ ဖြစ်လေ၏။

ဒါပေမဲ့ အခုက ဘာဖြစ်သွားတာလဲ။

လီရှန်းရဲ့ ခန္ဓာကိုယ်မှာ ဘာလို့ စနစ် ရှိမနေခဲ့တာလဲ။

သူတို့၏ စနစ်လောကမှ စည်းကမ်းချက်များအရ စနစ်များအနေဖြင့် Host၏ မွေးဖွားခါစ အချိန်၌သာ ခန္ဓာကိုယ်ထဲသို့ ဝင်နိုင်သည်။ သို့မဟုတ် Host သေဆုံးပြီးသည့်နောက်မှသာ နှောင်ဖွဲ့နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ကြ၏။

စနစ်နှင့် Hostကြားမှ သံယောဇဉ်ကို ပိုမိုခိုင်မာအောင် ပျိုးထောင်နိုင်ရန်အတွက် စနစ်များက များသောအားဖြင့် Host၏ သန္ဓေသားဘဝကတည်းက တကောက်ကောက် လိုက်ပါလေ့ရှိသည်။

ထို့နောက် Host သေဆုံးသွားသည့် အချိန်ကျမှသာ စစ်မှန်သည့် မစ်ရှင်များကို စတင်လုပ်ဆောင်လေ့ရှိကြ၏။

သို့သော် ယခုအချိန်တွင် လီရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် စနစ် လုံးဝ ရှိမနေခဲ့ပေ။

သူက တုံးအလွန်းသော်လည်း ထိုကလေးထိန်းစနစ်က သူ့ကို လုံးဝ လိမ်ညာလှည့်ဖြားခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်ခဲ့လေသည်။

ထိုကလေးထိန်းစနစ်က လီရှန်းမွေးဖွားချိန်ကတည်းက ကြီးပြင်းလာသည်အထိ လိုက်ပါစောင့်ရှောက်ခဲ့ခြင်း မဟုတ်ဘဲ လီရှန်း သေဆုံးသွားခဲ့ပြီးနောက်မှသာ သူမနှင့် နှောင်ဖွဲ့ခဲ့ခြင်း ဖြစ်လေ၏။

လီရှန်းက သူမ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်မိကာ မျက်နှာထက်တွင်လည်း အံ့အားသင့်ကြောင်အသည့် အမူအရာများ ပြည့်နှက်နေခဲ့လေ၏။

“သူ ဘာဖြစ်သွားတာလဲ၊ စနစ်ဆိုတာက ဘာလဲ”

သူမက ရန်ရှောင်ကို လှမ်းကြည့်လိုက်လေသည်။ တစ်ဖက်လူထံမှ ရှင်းပြလာမည်ကို မျှော်လင့်စောင့်ဆိုင်းနေသကဲ့သို့ပင်။

သို့သော် ရန်ရှောင်ကိုယ်တိုင်က ဤအကြောင်းကို လုံးဝ သိရှိထားခြင်း မရှိပေ။

သူက သာမန်စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးမျှသာ ဖြစ်ပေ၏။ စနစ်အကြောင်းကို အဘယ်ကြောင့် သိရှိနိုင်ပါမည်နည်း။

*

All Chapters