← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

184 အိမ်တော်ရာရွှေ့ပြောင်း

ဖွတ်

ထို့နောက် ယွမ်ဝမ်ချန်၏ခန္ဓာကိုယ်သည် အနီရောင်မြူခိုးတစ်အုပ်အဖြစ်ပြောင်းလဲသွားပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားလေတော့၏။

ထိုနေရာမှ ပုလဲဖြူလုံးလေးသုံးလုံး လွင့်ပျံလာပြီး လီနန်ခယ့်၏ရင်ဘတ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

လီနန်ခယ့်မှာ အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။ ညီအစ်ကို၊ အနည်းဆုံးတော့ မင်းပြောနေတဲ့ကိစ္စကို ရှင်းလင်းအောင်အပြီးသတ်ပေးသွားခဲ့လို့မရဘူးလား။ ဝတ္ထုတစ်ပုဒ်ထဲမှာသာ အဲ့လိုသွားထည့်ရင် စာရေးဆရာတော့ စာဖတ်သူတွေဝိုင်းထောင်းတာနဲ့တင် သက်သာမှာမဟုတ်ဘူး။ ဇာတ်လမ်းကဒီလောက်တိုပြီး အားနည်းရလားဆိုပြီး ဝိုင်းဆဲတာတွေနဲ့မျော့သွားမှာ။

တောင်ပေါ်မှ မိုးစက်များသည် အဆက်မပြတ် တဖွဲဖွဲကျဆင်းနေခဲ့သည်။ ငွေရောင်ဆံခြည်မျှင်လေးများအလား တဖွဲဖွဲကျဆင်းနေသော မိုးဖွဲလေးများသည် သေးငယ်သောအိမ်ရာဝင်းလေးကို မြူခိုးများဖြင့် ဖုံးလွှမ်းထားခဲ့၏။

မိစ္ဆာမုန့်ချင်ကို သတ်ဖြတ်ပြီး သင်္ချိုင်းလူသားယွမ်ဝမ်ချန်သေဆုံးသွားသည်မှာလည်း ငါးရက်ခန့်ကြာရှိခဲ့လေပြီ။ လိန်ရှင်းနန်တစ်ယောက် ရှားရှားပါးပါး တစ်ဖွဲ့လုံးကိုအနားပေးထားလေသည်။

လီနန်ခယ့်လည်း ပိတ်ရက်လေးရတုန်း အကျိုးရှိရှိအသုံးချမည်ဟုတွေးကာ ဇနီးဖြစ်သူကိုပင် အိမ်မှာ တစ်လျှောက်လုံးအဖော်ပြုရင်း ဆက်ဆံ‌ရေးတိုးတက်စေဖို့ စီစဥ်ကြံဆနေခဲ့သည်။

ပိတ်ရက်အတွင်း လိန်ရှင်းနန်တစ်ယောက် အနှိပ်ခံဖို့ နှစ်ကြိမ်တိုင်တိုင်ရောက်လာခဲ့သော်လည်း လီနန်ခယ့်နှင့် အဆက်အဆံတော့သိပ်မရှိဖြစ်။

ထိုအမျိုးသမီးသည် လက်ရှိရာသီဥတုအလား ဝေဝါးရှုပ်ထွေးသော အတွေးအမြင်များကြား ပိတ်မိနေခဲ့ပြီး သူမ၏ခံစားချက်များကို မိုးဖွဲလေးများအလား ဖြည်းညှင်းစွ စီးဆင်းခွင့်ပြုရမလား သို့မဟုတ် ပြင်းထန်သောမုန်တိုင်းတစ်ခုလို ကြိုတင်အသိပေးချက်မရှိ ထုတ်လွှတ်လိုက်ရမလားဆိုသည်ကို ဝေခွဲမရဖြစ်နေခဲ့၏။

လီနန်ခယ့်ကို သူမပြောစရာတစ်ခုခုရှိလာသည့်အချိန်တိုင်း လော့ချန်းချိုးကိုလှမ်းမြင်လိုက်ရသည်နှင့် စိတ်ကိုငြိမ်အောင် ပြန်ထိန်းလိုက်နိုင်ခဲ့သည်။ နောက်ဆုံးတော့ နှလုံးသားထဲ အစပျိုးခါစရှိသောခံစားချက်များကို သိုဝှက်သိမ်းဆည်းထားဖို့သာ ရွေးချယ်လိုက်မိသည်ချည်းသာ။

လိန်ရှင်းနန်နှင့် ယုန်မလေးမုန့်တို့အတူ အပိုလူအင်အားပါ ထပ်ဆောင်းထည့်ကာ မယ်မယ်ကြီးကိုသွားရှာခဲ့ကြသေးပေသည့် ကံမကောင်းစွာပင် မည်သည့်ထူးခြားချက်မှမရှိခဲ့ပေ။ မယ်မယ်ကြီးမှာ လေထုထဲ အငွေ့ပျံပျောက်ကွယ်သွားသည့်အလား အမြီးပင်ရှာမရဖြစ်နေခဲ့လေသည်။

ပိုင်ရူယွဲ့တစ်ယောက်လည်း ဘယ်လိုမြေလှန်ရှာရှာ အချည်းနှီးရလဒ်သာ ကြုံခဲ့ရပြီးနောက်ပိုင်း နန်းတော်ဆီသို့ အစီရင်ခံစာပို့လိုက်ကာ ဧကရီနှင့် ခမည်းတော်ဧကရာဇ်ဆီမှ ဆူပူကြိမ်းမောင်းမှုကိုသာ ခေါင်းငုံ့ခံဖို့ ပြင်ဆင်ထားလိုက်တော့သည်။ ဤသို့ အလုပ်တွေရှုပ်နေပြီးနောက် လီနန်ခယ့်နှင့် ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ဖို့ပင် သူမမေ့လျော့သွားလေတော့၏။

"ယောက်ျားရေ ထမင်းစားကြရအောင်"

လော့ချန်းချိုးက ပန်းကန်လုံးနှင့်တူများကို နေရာချထားပြီး မိုးဖွဲလေးများကြားထဲတွင် ဓားသိုင်းကျင့်နေသည့် အမျိုးသားကို လှမ်းခေါ်လိုက်သည်။

"လာပြီ"

လီနန်ခယ့်က စကားပြန်လိုက်ပြီး စိတ်ကိုငြိမ်အောင်ထားကာ ဓားကိုတစ်ချက်ဆွဲထုတ်ကာ ခုတ်လွှဲလိုက်ပြန်သည်။

ရွှပ်

တောက်ပသော အပြာရောင်ဓားအလင်းတန်းတစ်ခုသည် မိုးရေနှင့် မြူခိုးများကြားထဲတွင် ပွင့်လင်းမြင်သာသော ရေတံတိုင်းတစ်ခုကို ဆွဲသားလိုက်သည့်အလား ထင်ရှားသွားခဲ့ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များသည် လှိုင်းလုံးကြီးများအလား လိမ့်ဆင်းသွားခဲ့ရ၏။

ယခု သူ့အနေဖြင့် ဓားထုတ်ခုတ်လွှဲခြင်းပညာရပ်ကို စတုတ္ထအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီးလေပြီ။ အခုအချိန် တုန်းဝမ်ခွင်းနှင့်ယှဥ်ချရလျှင်ပင် မည်သည့်အကူနည်းလမ်းမှမပါဘဲ အချက်အနည်းငယ်လောက် ပညာဖလှယ်နိုင်လိမ့်ဦးမည်ဟု ယုံကြည်မှုအပြည့်ရှိနေ၏။

သူ့တွင် မိုးနီလက်ဝယ်မရှိနေတာ စိတ်ပျက်စရာပင်။ မိုးနီ၏အကူအညီနှင့်သာဆိုလျှင် ဤဓားအဆင့်က ဘယ်လောက်အားကောင်းလိမ့်မည်ဆိုတာကို စမ်းသပ်လို့ရနိုင်ပေလိမ့်မည်။ ဓားနတ်သမီးယဲ့ယောင်ယောင်ကိုပင် သူ့ရှေ့ပြားပြားဝပ်သွားအောင် ဖိနှိပ်နိုင်ပေလိမ့်မည်။

စိတ်ရှုပ်စရာ ငန်းမမကြီးကို ရေကန်ထဲ အသားလွတ်ကန်ချလိုက်ပြီးနောက် လီနန်ခယ့်သည် ဓားကိုပြန်သိမ်းကာ အိမ်ထဲသို့ ထမင်းစားရန်ဝင်ခဲ့လိုက်သည်။

ထိုစဥ်မှာပင် လိန်ရှင်းနန်တစ်ယောက် မိုးဖွဲဖွဲကြား အပြေးရောက်လာလေသည်။ အနှိပ်ခံရမည့်နေ့သို့ တစ်ဖန်ပြန်ရောက်လာပြန်လေပြီ။

အမျိုးသမီးသည် ရုံးတော်မှ အစိုးရဝတ်စုံများနှင့်အတော်ဆင်တူသော သိုင်းကစားသည့် အမျိုးသမီးယူနီဖောင်းဝတ်စုံကို ဝတ်ဆင်ထားခဲ့ရာ အငွေ့အသက်မှာ သူရဲကောင်းဆန်ကာ တက်ကြွသက်ဝင်လှပေ၏။ ‌ဘေးတိုက်မြင်နေရသော ကြွရွသည့်ကောက်ကြောင်းသည် သူမ၏အလှတရားကို ပိုမိုပေါ်လွင်စေခဲ့ပြီး မိုးဖွဲလေးများတင်ကျန်သော မျက်နှာဖြူနုနုမှာ လီနန်ခယ့်ကိုမြင်ချိန်တွင် မနေနိုင်စွာ အပြုံးဖျော့ဖျော့တစ်ခုထင်ဟပ်လာခဲ့သည်။

ယုန်မလေးမုန့်က လီနန်ခယ့်ပေါ်လာကတည်းက လိန်ရှင်းနန်၏မျက်နှာမှာ လွန်ခဲ့သောသုံးနှစ်ပေါင်းပြုံးခဲ့သလောက်ထက် ပိုအပြုံးများနေသည်ဟု မနာလိုဝန်တိုစွာပြောပြဖူး၏။ ဒီတိုင်းသာဆက်သွားလျှင် လွန်ခဲ့သောဆယ်နှစ်ပေါင်းထက်တောင် ပိုများနိုင်ချေရှိနေလေပြီ။

"အစ်မလိန် မြန်မြန်ဝင်လာလေ"

လော့ချန်းချိုးက လိန်ရှင်းနန်ဖို့ ထမင်းတစ်ပန်းကန်ခူးခပ်ပေးရင်း ပဝါသန့်သန့်တစ်ထည်ကိုလည်း ကမ်းပေးလိုက်သည်။

အချိန်များစွာကို အတူဖြတ်သန်းခဲ့ကြပြီးနောက် လိန်ရှင်းနန်နှင့်လော့ချန်းချိုးတို့ကြားက ဆက်ဆံရေးမှာ ပိုလို့ကောင်းမွန်တိုးတက်လာခဲ့ကြသည်။ ညီအစ်မသဖွယ်ဟုဆိုရလောက်အောင်ထိ မရင်းနှီးသေးသော်လည်း အရင်ကရှိခဲ့ဖူးသော အစိမ်းသက်သက်ခံစားချက်များ ပိုမိုပြေလျော့သွားခဲ့ပြီ ဖြစ်၏။

လိန်ရှင်းနန်က မျက်နှာထက်မှမိုးရေများကို သုတ်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးပင်ပြောလာသည်။

"နန်ခယ့်ရဲ့ရာထူးခန့်အပ်စာ ကျလာပြီ"

"ဪ"

ကာယကံရှင်က ထိုသို့သာတုံ့ပြန်၏။

လော့ချန်းချိုးက ထိုစကား၏ရည်ရွယ်ချက်ကို ချက်ချင်းရိပ်မိသွားပြီး ခပ်တိုးတိုးမေးလိုက်သည်။

"ဒီတော့ ယောက်ျားက တိမ်တိုက်မြို့တော်ကိုသွားရတော့မှာပေါ့"

လိန်ရှင်းနန်က ထိုင်ခုံတစ်ခုတွင်ဝင်ထိုင်လိုက်ပြီး သူမဖို့ပြင်ပေးထားသော ထမင်းပန်းကန်နှင့်တူကို ကောက်ကိုင်လိုက်သည်။

"ဒီဘက်က ကိစ္စတွေလည်း အကုန်ရှင်းလင်းပြီးပြီ၊ တိမ်တိုက်မြို့တော်မှာလည်း လုပ်စရာတွေ အများကြီးရှိနေတော့ ကျွန်မတို့ အကြာကြီးဆိုင်းငံ့ထားလို့မရဘူး။ မင်းသမီးကြီးကလည်း မနက်ဖြန် တိမ်တိုက်မြို့တော်ကိုသွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတာတော့ မသိဘူး။ ဒါကြောင့်.."

ထိုအမျိုးသမီးက စကားကို ခေတ္တရပ်လိုက်ပြီး မျက်လုံးလှလှများဖြင့် လော့ချန်းချိုးကို တစ်ချက်လှမ်းအကဲခတ်သည်။

"ဒါကြောင့် ကျွန်မတွေးမိတာက ယုန်မလေးတို့လည်းရှိတုန်း ရှင်တို့အိမ်ပြောင်းဖို့ကိစ္စ အကုန်ဝိုင်းဝန်းကူညီလိုက်ကြတာ ကောင်းမလားလို့"

"အစ်မလိန်က ကျွန်မကိုပါ တိမ်တိုက်မြို့တော်ဆီ အတူလိုက်လာစေချင်တာလား"

လော့ချန်းချိုးသည် ထိုသို့မေးရင်း လိန်ရှင်းနန်၏ပန်းကန်ထဲသို့ ဝက်သားနှပ်တစ်တုံး ထည့်ပေးလိုက်သည်။ ကျော့ရှင်းတည်ငြိမ်သော မျက်နှာထက်တွင်တော့ အကဲခတ်လို့ရမည့် မည်သည့်အမူအရာမှရှိမနေ။

ကျွန်မကိုပါ ဆိုသည့်စကားမှာ အဓိပ္ပာယ်တစ်မျိုးတော့ ပါဝင်နေသယောင်ယောင်။

သို့သော် လိန်ရှင်းနန်ကတော့ ထိုအဓိပ္ပာယ်ကို မဖမ်းမိခဲ့ပေ။

သူမစိတ်ထဲ အားတုံ့အားနာတော့ ဖြစ်မိရသည်။ ဤဇနီးမောင်နှံမှာ ဤမြို့တွင် အသားကျခါစအချိန် အေးချမ်းတည်ငြိမ်စွာ နေထိုင်နေရချိန်တွင် အိမ်အရွှေ့အပြောင်းလုပ်ရခြင်းက အနည်းနှင့်အများတော့ ကသီလင်တနိုင်ပေလိမ့်မည်။

"ညီမလေးလော့မသွားချင်ဘူးဆိုရင် ကျွန်မကလည်း အတင်းသွားခိုင်းမှာမဟုတ်ပါဘူး"

လိန်ရှင်းနန် အမျိုးသမီးကို အခက်မတွေ့စေချင်သောကြောင့် ဖော့ပြောလိုက်သည်။

လော့ချန်းချိုးက မျက်ခုံးတစ်ဖက်ပင့်ကာ တစ်ဖက်အမျိုးသမီးကိုအကဲခတ်သည်။ ထိုမျက်နှာထက် အားတုံ့အားနာစိတ်မှလွဲ တခြားအမူအရာလည်းမမြင်မိသောကြောင့် သူမ အသာပြုံးမိ၏။

"အစ်မလိန်မှာ ကြိုတင်စီစဥ်ထားတာတစ်ခုခုရှိလို့လား"

"အဲ... ရှင်တို့စိတ်မရှိရင် ကျွန်မအိမ်မှာ ယာယီတည်းခိုလို့ရတယ်လေ"

လိန်ရှင်းနန် ရှက်ရွံ့ရွံ့ဖြင့်ပင် ဖိတ်ခေါ်လိုက်သည်။

နောက်ဆုံးတော့လည်း လီနန်ခယ့်တို့နှစ်ယောက်သားဖို့ ခြံကျယ်ကျယ်နှင့် အိမ်ကြီးအိမ်ကောင်းတစ်ခု ဖတ်ခနဲဝယ်ပေးလိုက်ဖို့ထိ သူမ ငွေကြေးမတတ်နိုင်သေးပါချေ။

"ဒါဆို ကျွန်မသာလိုက်မလာရင် ကျွန်မယောက်ျားတစ်ယောက်တည်း အစ်မလိန်အိမ်မှာတည်းရမှာပေါ့နော်"

လော့ချန်းချိုးက သူမ၏ ကြည်လင်နုနယ်သောလက်ချောင်းလေးများဖြင့် စကတ်စကို အသာအယာဖိပွတ်နေသော်လည်း မျက်နှာထက်တင်တော့ အပြုံးတစ်ခုကို ဟန်မပျက်ချိတ်ဆွဲထားဆဲဖြစ်၏။

"ဒါလည်းအဆင်ပြေတယ်လို့ ကျွန်မထင်ပါတယ်၊ ဒါဆိုရင်တော့ နောင်ကျရင် ကျွန်မရဲ့ မတီမတာအမျိုးသားကို စောင့်ရှောက်ပေးဖို့ အစ်မလိန်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့"

"အဟမ်း"

လီနန်ခယ့် ခါးမတ်လိုက်ပြီး အသီးအရွက်ချဥ်တချို့ကို တူဖြင့်ညှပ်ယူကာ ဇနီးဖြစ်သူ၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။

"ကဲ၊ အချဥ်သိပ်ထားတာလေးစားကြည့်ပါဦး၊ တော်တော်ချဥ်စုတ်နေပေမဲ့ အရသာလည်း တော်တော်ရှိတာနော်"

လော့ချန်းချိုးက လိန်ရှင်းနန်ကို အသည်းအသန် မျက်စပစ်အချက်ပေးနေသည့် လီနန်ခယ့်အား မျက်မှောင်ကြုတ်ကြည့်ကာ အသံငြိမ်ငြိမ်ဖြင့်ဆိုလေသည်။

"ယောက်ျား စကားဝင်ဖြတ်မပြောနဲ့ အသာနေ"

All Chapters