ကောင်းကင်ဖြစ်စဉ်ကြီး နှစ်ခု
Vol. 19 Ch. 206
ကူအိမ်တော် ၏ ကောင်းကင်ဖြစ်စဉ် ဖြစ်သော လကြတ်ခြင်းမှ ယက်လုပ်သော ကပ်ဘေး သည် ဘေးအန္တရာယ် များကို ကြိုတင် နိမိတ်ပြနေ၏။
ဓားနတ်သမီး နှင့် သက်ဆိုင်သော 'ကျောက်စိမ်း မြို့တော် အင်မော်တယ်' ကောင်းကင်ဖြစ်စဉ် နှင့် လုံးဝကို ကွဲပြား ခြားနားပြီး ပို၍ အထီးကျန် ဆန်ကာ ပို၍ ကြောက်မက်ဖွယ် ကောင်းပြီး ၎င်း၏ အာနိသင် များမှာလည်း များစွာ ကွဲပြားနေ၏။
ကျောက်စိမ်း မြို့တော် ကောင်းကင်ဖြစ်စဉ် သည် ဓား တာအို လမ်းကြောင်း အပေါ်တွင် ကောင်းချီး ပေးလေ၏။
လကြတ်ခြင်းမှ ယက်လုပ်သော ကပ်ဘေး နည်းစနစ် မှာမူ... ထိန်းချုပ်မှု အပိုင်းကို ပိုမို အလေးသာပြီး လီယွမ် က သူ၏ လက်ဖဝါးကို ဖြန့်ကား၍ ပင့်ကူမျှင် အမြောက်အမြား ကို ဖြန့်ကျဲချလိုက်သည်။
ကောင်းကင်ယံ တွင် မြင့်မားစွာ တွဲလွဲခိုနေသော လခြမ်းကွေး ယက်လုပ်သူ သည်လည်း ပစ်မှတ် တစ်ခုတည်းကို တိုက်ခိုက် ရာတွင် အကူအညီ ပေးရန် တူညီသော အရေအတွက် ရှိသည့် ပင့်ကူမျှင် များကို ပစ်လွှတ် ပေးမည်ပင်။
ကွာခြားချက် မှာ လီယွမ် နှင့် ဝူမေ့ တို့ ပစ်လွှတ်လိုက်သော ပင့်ကူမျှင် များသည် ရုပ်ခန္ဓာ ထိန်းချုပ်မှုကို ပိုမို အလေးသာပြီး လခြမ်းကွေး ရက်လုပ်သူ ထံမှ မည်သည့် တိုက်ခိုက်မှု၊ ထိန်းချုပ်မှု သို့မဟုတ် အဆိပ် မဆို စိတ်ပိုင်းဆိုင်ရာ အဆင့်ကို ပိုမို ပစ်မှတ်ထားလေ၏။
ဤကဲ့သို့သော ဖရိုဖရဲ တိုက်ခိုက်မှု များက ပြိုင်ဘက် အနေဖြင့် ရင်ဆိုင် ဖြေရှင်းရန် ပိုမို ခက်ခဲ သွားစေတော့သည်။
လီယွမ် သည် သူ၏ ဒေသခံ သူငယ်ချင်း အချို့ကို အသုံးပြုကာ စမ်းသပ်မှုများ ပြုလုပ် ခဲ့၏။
ပင့်ကူမျှင်များ ရစ်ပတ် ထားသော လခြမ်းကွေး အောက်တွင် လရောင် လွှမ်းခြုံထားသော မည်သည့် အင်းဆက် သို့မဟုတ် သားရဲ မဆို မျက်မြင်မရသော ပင့်ကူမျှင် များ၏ ထိန်းချုပ်မှုခံရလေမည်။
အကယ်၍ ၎င်းကို စစ်မြေပြင် တွင်သာ အသုံးပြုလိုက်မည် ဆိုပါက မျက်တောင် တစ်ခတ် အတွင်းမှာပင် သောင်းနှင့်ချီသော စစ်တပ်ကြီး ကို သူ လွှမ်းမိုး ထိန်းချုပ်နိုင်လိမ့်မည်။
ချက်ချင်း ထိန်းချုပ် ၍ မရနိုင် လျှင်ပင် လကြတ် အလင်းရောင် က ပြိုင်ဘက်၏ စိတ်စွမ်းအား ကို အဆက်မပြတ် ဖျက်ဆီး နိုင်စွမ်း ရှိ၏။
“ဝူမေ့... သောင်း အဆင့် ကူအိမ် ရဲ့ တိုက်ကွက် ကို မင်း တစ်ထိုင်တည်း နားလည် သဘောပေါက် အောင် လုပ်နိုင်မလား...”
လီယွမ် သည် အလယ်အလတ် အဆင့် သို့နောက်ဆုံး အကြိမ် အားထုတ် ဝင်ရောက်ရန် စိတ်အား ထက်သန်နေ၏။
“ချွီ...”
ဝူမေ့ ၏ မျက်နှာတွင် စိတ်လှုပ်ရှားနေပုံပေါ်ပြီး စမ်းသပ် ကြည့်ရန် လိုလားနေသည်။
လူတစ်ယောက်၊ ကူကောင် တစ်ကောင်... သူတို့၏ အတွေးများ တစ်ဖန် ပြန်လည် ပေါင်းစည်း သွားပြီး သူတို့၏ နှလုံးသား များလည်း တစ်သားတည်း ဖြစ်သွားကြတော့၏။
'ကောင်းကင်ဖြစ်စဉ် စွမ်းအား' သီးသန့် ဖြင့် ဖန်တီးထားသော ကောင်းကင်ဖြစ်စဉ် လျှို့ဝှက် တိုက်ကွက် ကို နားလည် သဘောပေါက် ရန်မှာ မလွယ်ကူ လှပါချေ။ ၎င်းအတွက် ကြီးမားလှသော စွမ်းအင် နှင့် စိတ်ဝိညာဉ် များစွာ လိုအပ်ပြီး လီယွမ် နှင့် ဝူမေ့ တို့ နှစ်ဦးစလုံး အတွက်... အတော်လေး ကြီးမားသော ဝန်ထုပ်ဝန်ပိုး တစ်ခု ပါပင်။
“ချွီ... ချွီ...”
ဝူမေ့ ၏ သေးငယ်သော ခန္ဓာကိုယ်လေး အတွင်း၌ တက်ကြွ လန်းဆန်းပြီး အိပ်မက်ဆန်သော မြစ်တစ်စင်း အဆက်မပြတ် စီးဆင်း သွားသည်က ကောင်းကင်ယံ တွင် တွဲလွဲခိုနေသော လခြမ်းကွေးတွင် ပင့်ကူ အမှတ်အသား တစ်ခု ထပ်မံ ပေါင်းထည့်လိုက်သည့်နှယ် ရှိ၏။
လီယွမ် သည် မျက်လုံး များကို မှိတ်လိုက်သည်။
သူ၏ အသိစိတ် ကမ္ဘာ ထဲတွင်လည်း လခြမ်းကွေး တစ်ခု ပေါ်လာတော့၏။
လကြတ် ဆီမှ အသိစိတ် ပိုးမျှင် အမြောက်အမြား ရစ်သိုင်းလာပြီး လီယွမ် ၏ အသိစိတ် ကို ပိုးအိမ် တစ်ခု ရက်လုပ်သည့်နှယ် တဖြည်းဖြည်းချင်း ရစ်ပတ် သွားကြသည်။
နောက်ဆုံး တွင်တော့ လီယွမ် သည် အဖြူရောင် ပိုးအိမ် ကြီး တစ်ခုဖြင့် ဖုံးအုပ် ခံလိုက် ရ၏။
ဤ အခိုက်အတန့် တွင် ဝူမေ့ သည် အခြား ပုံစံ တစ်မျိုးဖြင့် ပေါ်ထွက်လာပြီး ကောင်းကင်ယံ ရှိ လကြတ် ၏ အထက်တွင် ရှိနေပုံ ရကာ သူမ၏ ဧရာမ ခန္ဓာကိုယ် ကြီးက လမင်း တစ်ခုလုံးကို ဖုံးလွှမ်း ထားသည်။
သူမ က သရဖူ တစ်ခုကို ဆောင်းလိုက်၏။
ဤ အခိုက်အတန့် တွင် သူမ သည် လမင်း ထက်သို့ မြင့်တက် သွားပြီး အစစ်အမှန် ဘုရင်မ တစ်ပါး ဖြစ်လာခဲ့ချေပြီ။
လောက ရှိ အင်းဆက် များ အားလုံး သည် ဘုရင်မ ရှေ့တွင် ရိုကျိုးစွာ ဦးညွှတ် ကြရလေမည်။
ဤ အံ့မခန်း အခြေအနေ ကြီးမှာ အချိန် အတော်ကြာအောင် တည်ရှိနေခဲ့ပြီး အသိစိတ် ကမ္ဘာ တစ်ခုလုံး နောက်တစ်ဖန် ပြန်လည် တည်ငြိမ် သွားသည့် အချိန်ကျမှသာ... လီယွမ် ၏ ခန္ဓာကိုယ် ပေါ်ရှိ ပင့်ကူမျှင် များမှာ တဖြည်းဖြည်းချင်း အရည်ပျော် သွားတော့၏။
ရုတ်တရက်..သူ.. မျက်လုံးများ ဖွင့်လိုက် သည်။
“သလင်းကျောက် မျက်လုံးအိမ် အမြွှာ...”
အဖြူရောင် မျက်လုံးအိမ် များ ပြန်လည် ပေါ်ထွက်လာပြီး လီယွမ် ကို မျက်လုံးအိမ် အမြွှာ အခြေအနေ သို့ ဝင်ရောက် သွားစေခဲ့သည်။ သူက မျက်ခုံး ပင့်လိုက်ပြီး လမင်း ပေါ်ရှိ ရုပ်သေး ဘုရင်မ ကို စူးစိုက် ကြည့်လိုက် ၏။
သူတို့၏ ဝိညာဉ် အနက်ရှိုင်း ဆုံးနေရာမှ ထွက်ပေါ်လာသော ဤ နက်ရှိုင်းလှသည့် ဆက်သွယ်မှု က ဝူမေ့ ၏ ကံကြမ္မာ ပေါင်းစပ်မှု နှင့်နောက်ထပ် ခြေတစ်လှမ်း ပိုမို နီးကပ် သွားပြီဟု... လီယွမ် ခံစားရစေတော့သည်။
ဤ အခိုက်အတန့် တွင် သူတို့ နှစ်ဦးမှာ အပြန်အလှန် မှီခို ဆက်စပ်နေကြပုံ ရ၏။
“ငါ နားလည် သွားပြီ...”
လီယွမ် သည် သက်ပြင်း ရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်ရာ သူ၏ မျက်ဝန်းအိမ် အစုံတွင် လမင်း ၏ ပုံရိပ် ထင်ဟပ်နေတော့သည်။
သူ၏ ကောင်းကင်ဖြစ်စဉ် လျှို့ဝှက် တိုက်ကွက် ကား
“မျက်လုံး တစ်ထောင် ပိုးအိမ် ချည်နှောင်ခြင်း...”
ဤ လျှို့ဝှက် တိုက်ကွက် ၏ လွှမ်းမိုးမှု အောက်တွင် ကောင်းကင်ဖြစ်စဉ် စွမ်းအား များဖြင့် ဖန်တီး ထားသော ပင့်ကူမျှင်များမှ ဧရာမ ပိုးအိမ် ကြီး တစ်ခုကို ရက်လုပ်နိုင်ပြီး ပြိုင်ဘက်ကို အတင်းအကြပ် ချည်နှောင်နိုင်သည်။
လီယွမ် ၏ မျက်လုံးများကို တိုက်ရိုက် ကြည့်မိသူ... လခြမ်းကွေးကို ငေးကြည့် မိသူ... သို့မဟုတ် ဘုရင်မ ၏ ပင့်ကူ မျက်လုံးများ နှင့် ဆုံတွေ့ မိသူ.. မည်သူ မဆို မျက်တောင် တစ်ခတ် အတွင်းမှာပင် တိုက်ခိုက် ခံရမည် ဖြစ်ပြီး လွတ်မြောက် နိုင်မည် မဟုတ်ချေ။
“ဝူး…ဝူး”
တစ်ခဏ အကြာတွင်
ထူးဆန်းသော ဖြစ်စဉ် များ အားလုံး ပျောက်ကွယ် သွားတော့၏။
လီယွမ် သည် အသိစိတ် ကမ္ဘာ မှ လက်တွေ့ လောကသို့ ပြန်လည် ရောက်ရှိလာပြီး ခန္ဓာကိုယ် တစ်ခုလုံး ချွေးများ ဖြင့် ရွှဲရွှဲစိုနေကာ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေပြီး ပေါ့ပါး လွင့်မျောနေသည့်နှယ် ခံစားနေရသည်။
အဆင့်ရှစ် နယ်ပယ် သို့ ဝင်ရောက်ပြီးပြီးချင်း... 'ကူအိမ်တော် ကောင်းကင်ဖြစ်စဉ် လျှို့ဝှက် တိုက်ကွက်' ကို အတင်းအကြပ် နားလည်အောင် ကြိုးစား ခဲ့ခြင်းက လီယွမ့်အတွက် များစွာသော ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်စေခဲ့၏။
“ချွီ... ချွီ...”
ဝူမေ့ လည်း အလွန်အမင်း မောပန်း နွမ်းနယ်နေခဲ့ချေပြီ။
သူမ သည် ဘုရင်မ ၏ ခန့်ညားသော ဟန်ပန်မှ ချိုသာသော မိန်းကလေး ဇာတ်ကောင် သို့ ပြန်လည် ပြောင်းလဲ သွားပြီး လီယွမ် ကို ဖက်တွယ် ထားရင်း... အလျင်အမြန် ပင် အိပ်မောကျ သွားတော့၏။
လီယွမ် က ပြုံးလျက်
“မင်းက သုံးစက္ကန့် လောက်ပဲ မိုက်လို့ ရတာပါလား...”
သို့သော်လည်း ထို အခြေအနေ တွင် ရှိနေသော ဝူမေ့ မှာ တကယ့်ကို အာဏာရှင် ဆန်လှ၏။ သရဖူ ကို ဆောင်းထားသော ဘုရင်မ တစ်ပါး အနေဖြင့် သူမ ကို စူးစိုက် ကြည့်မိသူ မည်သူ့ကို မဆို သတ်ဖြတ်ပစ် နိုင်လောက်သည့် အရှိန်အဝါ မျိုးကို ပိုင်ဆိုင် ထားခဲ့သည်။
“ဟူး...”
လီယွမ် သည် ကြမ်းပြင် ပေါ်တွင် ပက်လက် လှဲချလိုက်သည်။
“အချိန်တို အတွင်းမှာတော့ ဒုတိယမြောက် ကောင်းကင်ဖြစ်စဉ် တိုက်ကွက်ကို ငါ နားလည် သဘောပေါက် နိုင်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်...”
အခြားသော သောင်း အဆင့် ကူအိမ် ဖြစ်သည့် 'အိပ်မက်ရောင်စုံ နတ်မိမယ် နန်းတော်' နှင့် သက်ဆိုင်သော ကောင်းကင်ဖြစ်စဉ် လျှို့ဝှက် တိုက်ကွက် များကို နားလည် သဘောပေါက် ရန် ရှောင်ချိုက် နှင့် အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် သူ မူလက ရည်ရွယ် ထားခဲ့လေ၏။
သို့သော်လည်း သူ၏ ကိုယ်ပိုင် အသိစိတ် မှာ ကန့်သတ်ချက် သို့ ရောက်လုနီးပါး ဖြစ်နေခဲ့ချေပြီ။
အချိန်တို အတွင်းနောက်တစ်ကြိမ် ထပ်မံ ကြိုးစားမည် ဆိုပါက သေချာပေါက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုဆီသို့ ဦးတည်သွားမည်ပင်။
“ရှူး...”
ရှောင်ချိုက် က ခေါင်းလေး ထွက်လာပြီး စိတ်ဓာတ် ကျနေသလို၊ အနည်းငယ် မကျေမနပ် ဖြစ်နေသလို... ကြည့်နေသည်။
“ဒုက္ခ ပေးမိတာ တောင်းပန်ပါတယ် ကွာ...”
လီယွမ် သည် ရှောင်ချိုက် ၏ ခန္ဓာကိုယ် ကို ညင်သာစွာ ပွတ်သပ် ပေးရင်း... နှစ်သိမ့်လိုက်၏။
“ဒီနေရာမှာ မင်း ဆင့်ကဲ ပြောင်းလဲဖို့ အတွက် သင့်တော်တဲ့... ကောင်းကင်နဲ့ မြေကြီး ရတနာ မှ မရှိတာ ရှောင်ချိုက် ရယ်... ငါတို့တွေ တားမြစ်နယ်မြေ ကနေ ထွက်သွားပြီးရင်တော့... မင်းအတွက် တစ်ခု သေချာပေါက် ရှာပေးပါ့မယ်... ဟုတ်ပြီလား...”
ရှောင်ချိုက် နှင့် ဝူမေ့ တို့မှာ အမြဲတမ်း ပြိုင်ဘက် များ ဖြစ်ကြပြီး တစ်ယောက်ကို တစ်ယောက် အဆက်မပြတ် မနာလို ဖြစ်နေတတ် ကြသည်။
ဝူမေ့ လိမ်လိမ်မာမာနေစမ်း...။
ရှောင်ချိုက် က ပိုပြီး အတ္တ ကြီးတတ်ပြီး ယခု တစ်ကြိမ်တွင် သူမ ရှုံးနိမ့် သွားခဲ့သဖြင့် လက်ခံရန် အလွန် ဝန်လေးနေသော်ငြားလည်း သူမမှာ အကြောင်းပြချက် ရှိ၏။ သူမသည် အဆင့်ဆင့် ပြောင်းလဲမှု များ ပြုလုပ်ပြီးမှသာ... ဝူမေ့ နှင့် ရင်ဖွင့် ပြောဆိုရန် ထွက်လာလေ့ ရှိလေ၏။
“ရှူး...”
ရှောင်ချိုက် သည် သူမ၏ လျှာကို ထုတ်လိုက်ပြီး လီယွမ် ၏ လက်မောင်းကို ခေါင်းဖြင့် အကြိမ် အနည်းငယ်... တိုက်လိုက် သည်။
“မင်းက ကူအိမ်တော် ရဲ့ ကောင်းကင်ဖြစ်စဉ် ကို အရင်ဆုံး နားလည် သဘောပေါက် ချင်လို့လား...”
လီယွမ် နားလည် သွားတော့၏။
ရှောင်ချိုက် ပြောချင်သည်မှာ သူမ အနေဖြင့် ဝူမေ့ ကို အရမ်း အရှုံးပေးလို့ မဖြစ်ဘူး... အနည်းဆုံးတော့ ကောင်းကင်ဖြစ်စဉ် တစ်ခုကို နားလည် သဘောပေါက် ထားဖို့ လိုတယ်... ဘာကြောင့်လဲ ဆိုတော့ အဲဒီ အကျည်းတန်တဲ့ လမင်းကြီးကိုနေ့တိုင်း ကြည့်နေရတာ... တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်း လို့ပဲ... ဟူ၍ ပါပင်။
“ကောင်းပြီလေ... ငါ ကတိပေးပါတယ်...”
လီယွမ် လည်း ထိုအတိုင်းပင် တွေးနေမိသည်။
ရက် အနည်းငယ် ကြာပြီးနောက်
ပြုပြင် ပြောင်းလဲမှု များ ပြုလုပ်ပြီးနောက် လီယွမ် ၏ အသိစိတ် မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့ချေပြီ။
သူ သည် ရှောင်ချိုက် နှင့် အတူ... ကူအိမ်တော် ကြယ်စုတန်း ၏ ကောင်းကင်ဖြစ်စဉ် အကြောင်းကိုလည်း ဆွေးနွေး ခဲ့ကြ၏။
ကောင်းကင်ဖြစ်စဉ် ကို ရိုးရှင်းစွာ နားလည် သဘောပေါက် ရုံမျှဖြင့် လီယွမ် ၏ အပေါ်သို့ ဖိအား အများကြီး သက်ရောက်မည် မဟုတ်ပါချေ။ ရှောင်ချိုက် ၏ နှလုံးသား နှင့် ပဲ့တင် ထပ်ပြီးနောက် ကောင်းကင်ဖြစ်စဉ် မှာ တဖြည်းဖြည်း ပုံဖော်လာတော့သည်။
ပေတစ်သောင်းခန့် ရှည်လျားသော မီးမြွေ ကြီး တစ်ကောင်က တိမ်တိုက်များ ကြားတွင် ရစ်ခွေနေ၏။
အဖြူရောင် တိမ်တိုက် များမှာ လောင်ကျွမ်း သွားပြီး ကောင်းကင် တစ်ဝက်ခန့်ကို အနီရောင် အဖြစ်... အရောင်ဆိုးသွားစေတော့၏။
မီးမြွေ ပုံရိပ် ၏ အမြီးပိုင်း မှာ ငရဲပြည် နှင့် ဆင်တူသော ကံကြမ္မာ မီးတောက် များဖြင့် ဖွဲ့စည်းထားပြီး ၎င်း လှုပ်ခါ သွားသည့် အခါတိုင်း... လူ့လောက အပေါ်သို့ မီးတောက်များ အဆက်မပြတ်... ရွာကျလာစေတော့သည်။
ကောင်းကင်ဖြစ်စဉ် ၏ အမည်ကား
'ဝိညာဉ် လောင်မြိုက် အနီရောင် မြွေကြီး’...
ရှောင်ချိုက် ၏ ကောင်းကင်ဖြစ်စဉ် ဖြစ်သော 'ဝိညာဉ် လောင်မြိုက် အနီရောင် မြွေကြီး' နှင့် ဝူမေ့ ၏ ကောင်းကင်ဖြစ်စဉ် ဖြစ်သော 'လကြတ်ခြင်းမှ ယက်လုပ်သော ကပ်ဘေး' တို့ နှစ်ခုစလုံး တွင် အဆက်မပြတ် သက်ရောက် နိုင်သော အာနိသင် ကိုယ်စီ ရှိကြသည်။
နှိုင်းယှဉ် ပါက လောင်ကျွမ်း 'ဝိညာဉ် လောင်မြိုက် အနီရောင် မြွေကြီး’မှာ ပိုမို အာဏာရှင် ဆန်ပြီး တိုက်ရိုက် ကျ၏။
ဝိညာဉ် လောင်မြိုက် အနီရောင် မြွေကြီး ၏ လွှမ်းမိုးမှု အောက်တွင် ရန်သူ ရှူသွင်းလိုက်သော လေတစ်ချက်တိုင်း တွင် 'မြွေမီးတောက် ကျိန်စာ အမှတ်အသား' များ ပါဝင်လာမည်။ ၎င်းတို့က ကိုယ်တွင်း အင်္ဂါ များကို အဆက်မပြတ် စုစည်း လောင်ကျွမ်း စေမည်ပင်။
သက်စောင့် ကူသခင် တစ်ဦး အနေဖြင့် လီယွမ် သည် ကောင်းကင်ယံ မှ မီးတောက် များကို ပြိုင်ဘက် အပေါ်သို့ တိုက်ခိုက်ရန် အတွက်... တိုက်ရိုက် ထိန်းချုပ် နိုင်စွမ်း ရှိ၏။
“အကယ်၍ ငါတို့က သက်မဲ့ တစ္ဆေကောင် တွေကို ရင်ဆိုင်ရမယ် ဆိုရင်... ရှောင်ချိုက် ရဲ့ ကောင်းကင်ဖြစ်စဉ် က သေချာပေါက်... ပိုပြီး ထိရောက်မှာပဲ...”
အစပိုင်း တွင် လီယွမ် လည်း ဤအချက်ကို မမျှော်လင့် ထားခဲ့ပါချေ။
ဝူမေ့ ၏ တိုက်ခိုက်မှု များက နတ်ဘုရား ဝိညာဉ် များကို ပစ်မှတ်ထား လေ့ရှိပြီး ရှောင်ချိုက် ၏ တိုက်ခိုက်မှု များကမူ... ရုပ် ခန္ဓာကိုယ် ကို ပစ်မှတ်ထား လေ့ရှိ၏။ သက်မဲ့ တစ္ဆေကောင် များတွင် ဝိညာဉ် မရှိသဖြင့် သူတို့ကို မီးရှို့ ပစ်ခြင်းက ပို၍ ထိရောက်သည်။
“ဆယ့်ငါးကြိမ်မြောက် လပြည့်ည က နီးကပ်လာပြီ... အဲဒီ မတိုင်ခင်နောက်ဆုံး စစ်ဆင်ရေး ကို ငါ မဖြစ်မနေ စတင်ရမယ်...”
လီယွမ် သည် လပြည့်ည တွင် မလှုပ်ရှားရဲပါချေ။
ထိုအချိန်က သက်မဲ့ တစ္ဆေကောင် များ၏ အစွမ်းအထက်ဆုံး အခြေအနေ မဟုတ်ပါလော။
လရောင် အောက်တွင် အစွမ်းအထက်ဆုံး အဆင့် (၉) သက်မဲ့ တစ္ဆေကောင် နှင့် ထိပ်တိုက် ရင်ဆိုင်ရန် သူ ယုံကြည်မှု မရှိသဖြင့် ၎င်း အတော်လေး အားနည်းနေမည့် အချိန်ကိုသာ
ရွေးချယ် ရတော့မည်။
“မင်း အသင့် ဖြစ်ပြီလား...”
ထို့နောက် လီယွမ် သည် ဓားနတ်သမီး ကို လှမ်းကြည့်လိုက်၏။
ဓားနတ်သမီး က ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်ယံ သို့ လက်ညှိုး ထိုးပြလိုက်ရာ သူမ၏ ခံစားချက် ကင်းမဲ့သော မျက်နှာ ပေါ်တွင် တောင့်တင်းပြီး သေးငယ်သော အပြုံးလေး တစ်ခု... ပေါ်လာတော့သည်။
လီယွမ် ၏ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ... သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။
‘ငါတို့ က ခံစားချက် မပါဘဲ ပြုံးနေခဲ့ကြပြီး ရန်သူ ရဲ့ ကံကြမ္မာ ကတော့ မရေမရာ ဖြစ်နေဆဲပဲ...
ဒါက အရူး ဓားအင်မော်တယ် ရဲ့နေရာပဲ...ပြဿနာ မရှိဘူး…’
လီယွမ် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ဒါဆိုနောက် သုံးရက်နေရင် ငါတို့ လှုပ်ရှား ကြမယ်...”