← Chapters

အရိုးပလွေ မှုတ်ခြင်း

Vol. 19 Ch. 207

အရိုးပလွေ မှုတ်ခြင်း

Vol. 19 Ch. 207

သုံးရက်ဆိုသော အချိန်ကာလမှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကုန်လွန်သွားခဲ့လေပြီ။

လီယွမ် သည် သူ၏ စိတ်အခြေအနေကို အပြည့်အဝ ပြန်လည် တည်ဆောက်ပြီး ဖြစ်၏။

ထိုအချိန်အတွင်း သူသည် တတိယမြောက် ကောင်းကင်ဖြစ်စဉ် ကိုပါ နားလည် သဘောပေါက် သွားခဲ့ပြီး ၎င်းမှာ ရစ်ပတ်နတ်ဘုရားကူ ၏ ကူအိမ်တော် ဖြစ်သော 'သွေးနတ်အိမ်တော်' နှင့် သက်ဆိုင်သော ကောင်းကင်ဖြစ်စဉ် ပင်။

၎င်း၏ အမည်ကား 'အာဏာရှင် နှလုံးသား၊ မြွေဆိုး' ပင်။

ကူအိမ်တော် ၏ ကောင်းကင်ဖြစ်စဉ် က ပေါ်ထွက်လာပြီး ကောင်းကင်ယံ တစ်ခွင်လုံးကို ဖုံးလွှမ်းသွားမည့် ဧရာမ နှလုံးသားကြီး တစ်ခုကို ဖန်တီးပေးမည် ဖြစ်၏။

အာဏာရှင် နှလုံးသား တည်ရှိနေစဉ် အတွင်း... သတ်မှတ်ထားသော အကွာအဝေး အတွင်းရှိ သွေးများ အားလုံးကို အဆက်မပြတ် စုပ်ယူမည် ဖြစ်ပြီး ထို့နောက် သက်ဆိုင်ရာ စွမ်းအားများ အဖြစ် ပြောင်းလဲကာ ကူသခင် ထံသို့ ပြန်လည် ပို့ဆောင်ပေးလျက် ထူထဲသော သွေးမြူခိုးများ ပန်းထုတ်ပေးမည်ပင်။

ကြမ်းတမ်းသော သွေးမြူခိုး များသည် စိတ်အခြေအနေ ကို လွှမ်းမိုး နိုင်ပြီး တိုက်ခိုက်ရေး အတွေးအမြင် များကို ပြောင်းလဲ ပစ်ကာ နှစ်ဖက်စလုံးကို 'ရူးသွပ်သော တိုက်ပွဲ' အခြေအနေ အတွင်းသို့ တဖြည်းဖြည်းချင်း ဆွဲသွင်း သွားစေမည်။

“ဒီတိုက်ပွဲ က ငါ့ကို လုံးဝ ရူးသွပ် သွားအောင် လုပ်နေတာများလား...”

လီယွမ် မှာ ရယ်ရမလို ငိုရမလို ဖြစ်နေပြီး 'ရစ်ပတ်နတ်ဘုရား နှင့် ပေါင်းစပ်ခြင်း' အခြေအနေ ကပင် လုံလောက်အောင် ရူးသွပ်နေပြီဟု သူ ခံစားရသည်။

သွေးချီကူ မှသည် ဧရာမ ဝိညာဉ်ကူ၊ ထို့နောက် ရစ်ပတ်နတ်ဘုရားကူ နှင့်နောက်ဆုံးတွင် ကူအိမ်တော် ကောင်းကင်ဖြစ်စဉ် 'အာဏာရှင် နှလုံးသား' အထိ... သူ၏ ပထမဆုံး သက်စောင့်ကူ သည် 'တိုက်ခိုက်ခြင်း' ဟူသော စိတ်ဓာတ်ကို အဆုံးစွန် အထိ ပုံဖော်ထားလေ၏။

“ရူးချင်လည်း ရူးကြပါစေတော့...နည်းနည်းလောက် ရူးသွပ်သွားတာ... ငါ လီယွမ် နဲ့ ဘာဆိုင်လို့လဲ…”

အရာအားလုံးကို သေသပ်စွာ ပြင်ဆင်ပြီးနောက် လီယွမ် သည် အရိုးပလွေ ကို ယူဆောင်ကာ အိမ်ငယ်လေးထဲမှ ထွက်ခွာလာခဲ့သည်။

မက်မွန်ပွင့် ကူရွာလေး အတွင်း၌ တစ်နှစ်ကျော်ကြာနေထိုင်ခဲ့ရသဖြင့် သူသည် ဤနေရာလေး အပေါ်တွင် အနည်းငယ် သံယောဇဉ် တွယ်နေမိပြီ ဖြစ်၏။ လူတိုင်း၏ အမည်နာမ များနှင့်နေရာတိုင်း၏ ရှုခင်းများကို သူ ရှင်းလင်းစွာ မှတ်မိနေ၏။

“ဒါပေမဲ့ ဒီအရာတွေ အားလုံးက ပျောက်ကွယ်သွားသင့်ပြီ...”

သက်မဲ့ တစ္ဆေကောင် ဆိုသည်မှာနောက်ဆုံးတွင်တော့ သက်မဲ့ တစ္ဆေကောင်သာ ဖြစ်ပြီး စွဲလမ်းမှု ၏ စိတ်ကူးယဉ် အိပ်မက် ထဲတွင်သာ... တည်ရှိ နိုင်သည်။

အစစ်အမှန် ကျန်းယန်၊ ချစ်စရာကောင်းသော အားလော့ နှင့် ရွာသား တစ်ယောက်ချင်းစီ သည် အချိန်ကာလ နှင့်အတူ ကွယ်လွန် သွားခဲ့ကြပြီပင်။

“ဦးလေး...”

နွေရာသီ နှင့် ဆောင်းဦး ပန်း များ ပွင့်နေသော မြက်ခင်းပြင်ကို ဖြတ်သန်းသွားစဉ်... အားလော့က အပြေးအလွှား ရောက်လာပြီး သူမ၏ ခေါင်းလေးကို မော့ကာ လီယွမ်ကို မျက်လုံး အဝိုင်းသားလေး ဖြင့် ကြည့်နေ၏။

“ ဦးလေး... ဘယ်သွားမလို့လဲဟင်…”

“ဦးလေး...”

လီယွမ် ခေတ္တမျှ ရပ်တန့် သွားပြီးနောက် ဆောင့်ကြောင့် ထိုင်ချကာ အားလော့ ကို ဖက်ထားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“ ဦးလေး က သမီးကို ဒီကနေ ခေါ်သွားပေးမယ်လေ... ဟုတ်ပြီလား...”

“တကယ်လား...”

အားလော့ ၏ မျက်လုံးများက အရောင်လက် သွားတော့၏။

“အင်း...”

လီယွမ် က အလေးအနက် ခေါင်းညိတ် ပြလိုက်သည်။

“ဟေး... ဟေး... ဟေး...”

အားလော့ သည် ပျော်ရွှင်လွန်း၍ ခုန်ပေါက် ကခုန်နေပြီး ကိုယ်ကို လှည့်ပတ်နေတော့၏။

“ဦးလေး က အကောင်းဆုံးပဲ... သမီး သိသားပဲ... ဦးလေး က လောကမှာ အချောဆုံး ဦးလေး ဖြစ်ရုံတင် မကဘူး... အစွမ်းအထက်ဆုံး ဦးလေး လည်း ဖြစ်တယ် ဆိုတာကိုလေ”

သူမ သည် လှည့်ပတ် ပြီးနောက် လီယွမ် ၏ ပါးပြင်ကို အားရပါးရ နမ်းလိုက်သည်။

“လိမ်လိမ်မာမာနေပြီး ဦးလေး ကို စောင့်နေနော်…”

လီယွမ် သည် အားလော့ ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး မတ်တပ် ရပ်ကာ လေးလံသော စိတ်နှလုံး ဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်း သွား၏။

“ဦးလေး... သမီး စောင့်နေမယ်နော်... သမီးကို အိမ်ခေါ်သွားပေးပါ... အလယ်ပိုင်းလွင်ပြင် ကြီးကို သွားကြည့်ကြရအောင်...”

သူမ ၏ အနောက်ဘက်တွင် အားလော့ က လက်ကို ဆက်တိုက် ဝှေ့ယမ်း ပြနေသည်။

လီယွမ် သည် နောက်သို့ ပြန်မလှည့်ကြည့်တော့ဘဲ... ကူအင်မော်တယ် ကျောင်းတော် ရှေ့သို့ ရောက်သည် အထိ... ဆက်လက် လျှောက်လှမ်း သွားတော့၏။

“ဟိတ်.. ဘုရားပွဲတော် ကာလက လွဲရင်... ဘယ်သူမှ ဝင်ခွင့်မရှိဘူး...”

အစောင့်များ က သူ့ကိုနောက်တစ်ကြိမ် တားဆီးလိုက်ပြန်သည်။

လီယွမ် သည် မည်သည့် စကားကိုမျှ မပြောတော့ဘဲ... ကျန်းယန် ချန်ရစ် ထားခဲ့သော အရိုးပလွေ ကို ထုတ်ယူကာ ညင်သာစွာ မှုတ်လိုက်၏။

သာယာ ငြိမ့်ညောင်းသော ပလွေသံ လေးက နွေဦး လေပြေ နှင့်အတူ မက်မွန်ပွင့် ကူရွာလေး ၏ ထောင့်တိုင်းဆီသို့ လွင့်မျော သွားတော့သည်။

ထို အခိုက်အတန့် တွင် ရွာလေး အတွင်းနေထိုင်ကြသော ထောင်ပေါင်းများစွာ သော ကူသခင် များသည် သူတို့ လုပ်နေသော အလုပ်များကို ရပ်တန့်လိုက်ကြပြီး သူတို့၏ မျက်လုံးများ က တဖြည်းဖြည်း တွေဝေသွားလေ၏။ ခေါင်းမော့၍ ကောင်းကင်ယံ ကို ငေးကြည့်နေကြပြီး မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်ကြတော့ပါချေ။

ချွင်းချက် နှစ်ခုသာ ရှိ၏။

၎င်းမှာ ကျန်းယန် နှင့် ထိုအချိန်က အတူတူ ရောက်လာခဲ့သောနောက်ထပ် အဆင့်ရှစ် ပညာရှင် ကြီး ကျင်းဟွာ ပင်။

ခေတ္တမျှ တွေဝေ သွားပြီးနောက် ဝါရင့် ပညာရှင်ကြီး နှစ်ဦး၏ ပုံမှန် ဖြစ်နေသော မျက်လုံးများက တဖြည်းဖြည်း သန့်စင်သော အနက်ရောင် အဖြစ်သို့ ပြောင်းလဲ သွားပြီး သူတို့ကို ကြောက်မက်ဖွယ် ကောင်းသော တစ္ဆေ ကြီးများ အလား ဖြစ်သွား စေတော့၏။

ဆိုလိုသည်မှာ သူတို့သည် သက်မဲ့ တစ္ဆေကောင် အခြေအနေ တွင် မရှိတော့ကြောင်း ပင်။

ထိုသူ နှစ်ဦးသည် ပလွေသံ ကို ခြေရာခံလိုက်လာကြပြီး ကူအင်မော်တယ် ကျောင်းတော် ရှေ့ရှိ လမ်းလေး ပေါ်တွင် ပလွေ မှုတ်နေသော လီယွမ် ကို တွေ့လိုက်ကြ သည်။

ဤ အခိုက်အတန့် တွင် အဖိုးအို နှစ်ဦး၏ ခန္ဓာကိုယ်များ မှာ အဆက်မပြတ် တုန်ယင်နေတော့၏။

အထူးသဖြင့် ကျန်းယန် မှာ ပြင်းထန်စွာ တုန်ယင်နေပြီး သူ၏ ခြောက်သွေ့နေသော လက်မောင်း က တဖြည်းဖြည်း မြင့်တက်လာကာ လီယွမ် ထံသို့ ယိုင်တိယိုင်တိုင် ဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

“အာ... အူး...”

သူ က မပီမသ အသံ များကို ပြုလုပ်လိုက်၏။

လီယွမ် မှာ အံ့အားသင့် သွားပြီး ကျန်းယန် သည် နှစ်ပေါင်း တစ်ထောင် တိုင်အောင် မပျောက်ကွယ် သွားသေးသော အသိစိတ် အနည်းငယ်မျှ ကို ထိန်းသိမ်း ထားနိုင်လိမ့်မည်ဟု... သူ လုံးဝ မမျှော်လင့် ထားခဲ့ပါချေ။

သူ က ကျန်းယန် ၏ ခန္ဓာကိုယ် ကို တွဲကူ ရန် အမြန် ရှေ့သို့ တိုးသွားလိုက်ပြီး နွေးထွေးသော စိတ်စွမ်းအား တစ်ချို့ကို ထည့်သွင်း ပေးလိုက် သည်။

နောက်ထပ် ပြင်းထန်သော တုန်ခါမှု တစ်ခု အပြီးတွင် ကျန်းယန် ၏ သန့်စင်သော အနက်ရောင် မျက်လုံးများ ထဲတွင် အလင်းတန်း လေး တစ်ခု ပေါ်ထွက်လာပြီး ဉာဏ်ရည် ဉာဏ်သွေး အရိပ်အယောင် အနည်းငယ် ကို ပြသလာတော့၏။

“နဝမကူ နန်းတော် ရဲ့ တပည့် လီယွမ်... အကြီးအကဲ ကျန်းယန် ကို ဂါရဝ ပြုပါတယ်...”

လီယွမ် က သူတို့နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

“တစ်ယောက်ယောက်...လာနေတယ်...”

ကျန်းယန် က အသံ ပြုလိုက်၏။ သူ၏ ပါးစပ် ထဲတွင် ပုရစ် တစ်ကောင် ရှိနေသည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင် အမည် ဖြစ်သော ထူးခြားကူ... သေမင်းတမန် တိုက်ခိုက်ရေး ပုရစ် ပင်။

ကျန်းယန် ၏ သက်စောင့်ကူ သည် သက်မဲ့ တစ္ဆေကောင် နှင့် ပေါင်းစပ် မသွားခဲ့သည်ကို တွေ့ရသဖြင့် လီယွမ် အံ့အားသင့် သွားရတော့၏။

ဒါက အသိစိတ် အနည်းငယ် ကို ထိန်းသိမ်း ထားနိုင်ခဲ့တဲ့ အကြောင်းရင်းများလား။

“ဘယ်လောက်တောင်... ကြာသွားခဲ့ပြီလဲ...”

ကျန်းယန် ကနောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“နှစ် တစ်ထောင် ပါ...”

လီယွမ် က ပြန်လည် ဖြေကြားလိုက်၏။

“တစ်ထောင်... နှစ် တစ်ထောင် တောင်...” ကျန်းယန် က သက်ပြင်းချလိုက်သည်။

“တကယ်ပဲ နှစ် တစ်ထောင် တောင်... ကုန်လွန် သွားခဲ့ပြီလား... ကူ နန်းတော် ရော ဘေးကင်း ရဲ့လား... ကျန်း အင်ပါယာ ကြီးကော... ဆက်ရှိနေ သေးရဲ့လား…”

လီယွမ် က “ကူ နန်းတော် ကတော့ ဘာမှ မဖြစ်ပါဘူး... ဒါပေမဲ့ ကျန်း အင်ပါယာ ကြီးကတော့... ပြီးဆုံး သွားခဲ့တာ ကြာပါပြီ...”

“ကောင်းတယ်... ကောင်းတယ်...” ကျန်းယန် ၏ မျက်နှာ ပေါ်တွင် အပြုံး တစ်ခု ပေါ်လာတော့၏။

“အခုဆို ငါ အေးချမ်း ပါပြီ... ပြီးတော့ နောင်တ မရှိဘဲ သေဆုံး နိုင်ပါပြီ...”

သူ က လီယွမ် ကို လှမ်းကြည့် ပြီး အချိန် အတန်ကြာအောင် အကဲခတ်နေလိုက်သည်။

“မင်းက အဆင့်ရှစ် ကျင့်ကြံခြင်း နယ်ပယ်မှာလား...”

“ဟုတ်ပါတယ်...”

“နှစ်ပေါင်း တစ်ထောင် ကြာခဲ့တဲ့ မငြိမ်မသက်မှု တွေ... မင်းဆက် တွေ ပြောင်းလဲ ခဲ့တယ်... မြောက်များစွာသော ပါရမီရှင် တွေ ပေါ်ထွက်လာခဲ့တယ်... အဆင့်ရှစ် နယ်ပယ် ကတောင်... ဒီလောက် အစွမ်းထက်နေပြီပဲ...”

ကျန်းယန် က လေးစား ချီးကျူးစွာ မှတ်ချက်ချလိုက်သည်။

လီယွမ် က ရှင်းမပြတော့ဘဲ... “ကူလမ်းစဉ် ကြီးပွား တိုးတက် ရမယ်...” ဟုသာ ပြင်းပြင်းထန်ထန် ခေါင်းညိတ် ပြလိုက်၏။

ကျန်းယန် က အလွန် ကျေနပ် အားရ သွားသည်။

“ငါ တွေဝေနေခဲ့တာ... ငါ ကြည်လင် တဲ့ အချိန် ဆိုတာ အရမ်းကို အကန့်အသတ် ရှိတယ်... ငါ ကြံစည် ပြီးတော့ လျှို့ဝှက် နည်းစနစ် တစ်ခုကို အသုံးပြုပြီး သက်စောင့်ကူ ဖြစ်တဲ့ သေမင်းတမန် တိုက်ခိုက်ရေး ပုရစ် ကို ချိတ်ပိတ် ထားခဲ့တယ်... ဒါမှ မင်း ရောက်လာတဲ့ အချိန်အထိ... ခဏလောက် အသက်ရှင်နေနိုင်အောင်လို့လေ...”

“တိုက်ကြရအောင်...”

“ဒီနေ့... ဒီ အဘိုးကြီး ကို တကိုယ်ရည် လွတ်မြောက် ခွင့်လေး တစ်ခုလောက်... ရှာဖွေ ခွင့်ပြုပါ...”

ကျန်းယန်၏ စကားပြောသံ များက ပိုမို မြန်ဆန်လာပြီး ပိုမို ရှင်းလင်းလာတော့၏။

တစ်ချိန်တည်း မှာပင် သူ၏ ခန္ဓာကိုယ် ပေါ်ရှိ ခြောက်သွေ့နေသော အရေပြား များက သစ်ခေါက် များအလား အက်ကွဲ ကာ ကွာကျလာပြီး သူ၏ ခန္ဓာကိုယ် က တဖြည်းဖြည်းချင်း... လွင့်စင် ပျောက်ကွယ် သွားတော့သည်။

“လီယွမ်... နှစ်ပေါင်း တစ်ထောင် ကို ကျော်လွန်ပြီး ဆုံတွေ့ရတာ လည်း ကံကြမ္မာ ရဲ့ ဖန်တီးမှု တစ်မျိုး ပါပဲ...”

“မင်းက ဂျူနီယာ တစ်ယောက် ဖြစ်နေတော့... ငါ မင်းအတွက် တံခါး ကို ဖွင့်ပေးခဲ့မယ်...”

စကား အဆုံး တွင် ကျန်းယန် သည် အနက်ရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားပြီး ကူအင်မော်တယ် ကျောင်းတော် ထဲသို့ မျက်တောင် တစ်ခတ် အတွင်း... အဟုန်ပြင်းစွာ ဝင်ရောက် သွားလေသည်။ လီယွမ် လည်း အနောက်မှ အနီးကပ်လိုက်ပါ သွားတော့၏။

သက်မဲ့ တစ္ဆေကောင် များ အားလုံး သူ့ကိုလာကူညီ ရန် သူ မမျှော်လင့် ပါချေ။

အကြီးအကဲ ကျန်းယန် ရှိနေခြင်း ကပင် လုံလောက်နေခဲ့ပြီ မဟုတ်လား...

"ထန်း.."

“ဘယ်သူ ကျူးကျော် ဝင်ရောက်လာတာလဲ…”

မြေအောက် ကမ္ဘာလေး သည် နားကွဲ မတတ်... ကျယ်လောင်သော ဟိန်းဟောက်သံဖြင့် ပဲ့တင် ထပ်သွား တော့သည်။

မြေအောက် မှ ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။

၎င်းမှာ အဆင့် (၉) ကူသခင်... ဆရာကြီး ယိုဆန်း ၏ သက်မဲ့ တစ္ဆေကောင် ထံမှ အသံ ပင်။

ထို သူသည် ကိုယ့်ကိုယ်ကိုယ် သက်မဲ့ တစ္ဆေကောင် အဖြစ်... ပြောင်းလဲ ခဲ့သူ ဖြစ်၏။

သူ သေဆုံး သွားပြီ ဖြစ်ကြောင်းကို သတိမထား မိဘဲ... ပင်ကိုယ် အသိစိတ် အရသာ ပြုမူ လှုပ်ရှားနေပြီး ပြိုင်ဘက်ကင်း ကူလှည့်ကွက် 'အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်' အတွက်... ရူးသွပ်နေကာ သူ မြင်သမျှ လူတိုင်း ဆီမှ ထို အရာကို သန့်စင် ယူရန် ကြိုးစားနေလေ၏။

ဤ အခွင့်အရေး ကို အသုံးချ ကာ လီယွမ် သည် အခြား တစ်ဖက် မှ လူ၏ အသွင်အပြင် ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့၏။

ယိုဆန်း သည် ကိုးပေ ကျော် မြင့်ပြီး ထင်းခြောက် တစ်ချောင်း အလား ပိန်လှီနေ၏။ နှစ်ထောင်ချီ သက်တမ်း ရှိသော သစ်တုံး ခြောက်ကြီး အလား ခါးကုန်းနေပြီး သူ၏ ပခုံးရိုး မှသည် မြီးညှောင့်ရိုး အထိ သံကြိုး များစွာ သွယ်တန်း ထားသည်။

သူ၏ ဖြူရော်နေသော အရေပြား ပေါ်တွင် အနီရင့်ရောင် အစက်အပြောက် များ ဖြင့် ဖုံးလွှမ်းနေပြီး သွေးကြော များ ထဲတွင် တွားသွားနေသော သံချေးရောင် ကင်းခြေများ များနှင့် ဆင်တူသည်။ ၎င်းတို့က အသက် တစ်ချက် ရှူတိုင်း အရေပြား အောက်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တွန့်လိမ်နေကြတော့၏။

ယိုဆန်း သည် မသေဆုံးမီက အမျိုးမျိုးသော နာကျင်မှု နည်းလမ်း များကို အသုံးပြုကာ သူ့ကိုယ်သူ သတိရှိနေစေရန် ကြိုးစားရင်း... ကိုယ့်ကိုယ်ကိုယ် နှိပ်စက် ခဲ့ကြောင်း သိသာ ထင်ရှား လှ၏။

သို့သော် လည်း နောက်ဆုံး တွင်တော့... သူသည် 'အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်' ၏ ဝါးမြိုခံလိုက်ရ သည်။

သူ၏ ဝတ်ရုံ များမှာ သွေးခဲ များဖြင့် ဖုံးလွှမ်းနေပြီး သူ၏ ရှည်လျားသော မုတ်ဆိတ် နှင့် ဆံပင် များက သွေးပင်လယ် ထဲတွင် စိမ်ထားသော သက်ရှိ မြွေ အုပ်ကြီး နှင့် ဆင်တူနေ၏။ ဆံပင် အဖျား များတွင် သေးငယ်သော ပါးစပ် ပေါက်လေး များ ပေါက်ရောက်နေပြီး ပတ်ဝန်းကျင် ရှိ ယင် ချီ အငွေ့အသက် များကို အဆက်မပြတ် စုပ်ယူနေကာ စုပ်ယူသံများ ထုတ်လွှတ်နေသည်။

သူ၏ လက်များ နှင့် ခြေထောက် များမှာ ကွေးကောက် ပုံပျက်နေပြီး သူ မသေဆုံးမီ က ဝတ်ဆင် ထားခဲ့သော ရတနာ ပစ္စည်း များနှင့် တစ်သားတည်း ဖြစ်သွားခဲ့ချေပြီ။

တစ်ချိန် က ကူအင်မော်တယ် နယ်ပယ် သို့ ရောက်ရှိ ခဲ့သော အစွမ်းအထက်ဆုံး ပညာရှင် ကြီးမှာ ယခု အခါ မှတ်မိ နိုင်စရာ မရှိတော့လောက်အောင်... ကြောက်မက်ဖွယ် မိစ္ဆာ ကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့ရလေပြီ။

“မင်း...”

ယိုဆန်း က အက်ကွဲသော အသံကြီး ဖြင့် အော်ဟစ်လိုက်သည်။

“ဟီးဟီးဟီးဟီး…မင်းက ငါ အင်မော်တယ် ဖြစ်အောင် ကူညီဖို့လာတာလား... ကောင်းတယ်... အရမ်း ကောင်းတယ်... ကျေးဇူးပဲ...”

“ယိုဆန်း... မင်း က အခု နတ်ဆိုး တစ်ကောင် နဲ့ ဘာမှ မကွာ တော့ဘူး... သူများ တွေကိုရော၊ ကိုယ့်ကိုယ်ကိုယ် ရော ဒုက္ခ ပေးနေတာပဲ... မင်း ပျောက်ကွယ်သွားဖို့ အချိန်တန်ပြီ...”

ကျန်းယန် က အေးစက်စွာ သတိပေးလိုက်ပြီး သေဖို့ ဆုံးဖြတ် ထားသော နှလုံးသား ဖြင့် တုံ့ဆိုင်းခြင်း အလျင်း မရှိဘဲ ရှေ့သို့ တိုးဝင် သွားတော့သည်။

“သေမင်းတမန် တိုက်ပွဲ နယ်မြေ... ပွင့်စေ...”

All Chapters