အခန်း (၂၀၈)
Vol. 19 Ch. 208
နောက်ဆုံး တိုက်ပွဲ နယ်မြေ စတင်သွားခဲ့ချေပြီ။
ကျန်းယန် ၏ ခန္ဓာကိုယ်မှာ တစ်စိတ်တစ်ပိုင်း ပုရစ် တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ကျောရိုးမှာ ထူးဆန်းသော ပုံသဏ္ဌာန်အဖြစ် ကွေးကောက်သွားကာ အခွံမာများက အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့၏။ သူ၏ လည်ပင်း အနောက်ဘက်မှ အပြာရင့်ရောင် ပုံစံများ ပေါက်ကွဲထွက်လာပြီး ကျောရိုးမှတစ်ဆင့် ဖောက်ထွက်လာသော အလင်းပေါက် တောင်ပံ ခြောက်စုံက အဝတ်အစားများကို ထိုးဖောက်၍ အရိုင်းဆန်စွာ ကြီးထွားလာသည်။
မျက်လုံးအိမ် များပင်လျှင် ပြောင်းလဲသွားပြီး မျက်ဝန်း မျက်နှာပြင်ပေါ်တွင် ရေခဲပုံစံ ခြောက်ထောင့်ကွက်များ အဆက်မပြတ် ပွားများလာကာနောက်ဆုံးတွင်တော့ ကျောက်စိမ်းကဲ့သို့ အသွင်အပြင်ရှိသော အမြွှာမျက်လုံး နှစ်လုံး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လည်ချောင်း အတွင်းမှ အလင်းပေါက် အသံထုတ် အမြှေးပါးလေး က အသက်ရှူ ရစ်သမ် နှင့်အတူ တုန်ခါနေပြီး အင်းဆက် ကောင်များအလား တဝီဝီ မြည်သံများကို ထုတ်လွှတ်နေ၏။
အကြီးမားဆုံး အပြောင်းအလဲ များမှာ ခြေလက် အဆစ်အမြစ် များတွင် ဖြစ်သည်။ ပြာနှမ်းနှမ်း အနက်ရောင် အခွံမာ များက သွေးကြော များ တစ်လျှောက် အလျင်အမြန် ကြီးထွားလာ၏။ ဒူးဆစ် များက ပုရစ် များ၏ ထူးခြားသော ခုန်ပျံနိုင်စွမ်း ရှိသည့် ဖွဲ့စည်းပုံ အတိုင်း...နောက်သို့ ကွေးခေါက် သွားကာ ခြေထောက် များကလည်း ဆူးချွန် များ ပါဝင်သော ခြေသည်း များ အဖြစ်သို့ ရှည်ထွက်လာတော့၏။
ဤသည်ကား ကျန်းယန် နှင့် သူ၏ သက်စောင့်ကူကောင် ဖြစ်သော သေမင်းတမန် တိုက်ခိုက်ရေး ပုရစ် တို့ ပေါင်းစပ်သွားပြီး သေမင်းတမန် တိုက်ပွဲ နယ်မြေ ၏ ပြီးပြည့်စုံသော ပုံစံကို ဖွင့်လှစ်လိုက်လေ၏။
နှစ်ပေါင်း တစ်ထောင် ကြာပြီးနောက် ဘဝ၏ နောက်ဆုံး အချိန်လေးတွင်
တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့လေပြီ။
“မင်း... မင်း.. ငါ့ကိုလာမကူညီ ခဲ့ဘူးပဲ...”
ယိုဆန်း ၏ အက်ကွဲနေသော အသံကြီး ထဲတွင် မကျေမနပ် ဖြစ်မှုများဖြင့် ပြည့်နှက်နေတော့၏။
“သေချာတာပေါ့... မင်းကို လွတ်မြောက်အောင် လုပ်ပေးဖို့ ငါ လာခဲ့တာလေ...”
သူတို့ နှစ်ဦး ကြားမှ မဟာ တိုက်ပွဲ ကြီး တစ်ပွဲ... စတင် ပေါက်ကွဲ ထွက်လာ တော့၏။
သေမင်းတမန် တိုက်ပွဲ နယ်မြေ အတွင်း ရောက်ရှိနေပြီး ကျန်းယန် ၏ အိမ်ကွင်း အားသာချက် ကို ရရှိထား သော်ငြားလည်း ယိုဆန်း ၏ ကြောက်မက်ဖွယ် ကောင်းလှသော အမြန်နှုန်း နှင့် ခွန်အား များက သူ့ကို အပြတ်အသတ် အသာစီး ရစေဆဲ ပင်။
ယိုဆန်း လှုပ်ရှားလိုက်တိုင်း သူ၏ လက်သီး များနှင့် ခြေထောက် များက ကျန်းယန် ၏ ခန္ဓာကိုယ် ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက် သွားပြီး အခွံမာ များကို အစိတ်စိတ် အမွှာမွှာ ခွဲပစ်ကာ အပြာရောင် သွေး အမြောက်အမြား ပန်းထွက်လာစေတော့၏။
အနက်ရောင် နှင့် အနီရောင် အလင်းတန်း များ၊ အရိပ် များက မြေအောက် ကမ္ဘာလေး အတွင်း ယှက်နွယ်နေကြသည်။
“ဒါက အဆင့် (၉) နယ်ပယ်လား...”
လီယွမ် မှာ အလွန်အမင်း ထိတ်လန့်သွားရတော့၏။
စိတ်ကူး ထဲတွင် မှန်းဆ ကြည့်ရခြင်း နှင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင် ရခြင်းမှာ လုံးဝ (လုံးဝ) ကွဲပြား ခြားနား လွန်းလှ၏။ ယိုဆန်း မှာ သက်မဲ့ တစ္ဆေကောင် တစ်ကောင် မျှသာ ဖြစ်သော်ငြားလည်း သူ ပေးစွမ်းနေသော ဖိအားများ က မိမိ ယခင်က ရင်ဆိုင် ခဲ့ဖူးသမျှ ပြိုင်ဘက် အားလုံးထက်... ပိုမို ပြင်းထန် ကြီးမားနေလေသည်။
“သူသာ သူ့ရဲ့ အထွတ်အထိပ် အချိန်မှာ ဆိုရင်... ငါ့အတွက် နိုင်ဖို့ အခွင့်အရေး လုံးဝ ရှိမှာ မဟုတ်ဘူး...”
လီယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တွေးတောနေမှုများကို ရပ်တန့် ကာ တိုက်ပွဲ ထဲသို့ အဟုန်ပြင်းစွာ ဝင်ရောက် သွားတော့သည်။
“ကူအိမ်တော် ရဲ့ ကောင်းကင်ဖြစ်စဉ်...”
“လကြတ်ခြင်းမှ ယက်လုပ်သော ကပ်ဘေး...”
ပင့်ကူမျှင် များ ရစ်ပတ်နေသော လခြမ်းကွေး တစ်ခု က မြေအောက် ကမ္ဘာလေး အတွင်း ပေါ်ထွက်လာတော့၏။
“ဝူမေ့... ပေါင်းစပ် မယ်...”
ဤမျှလောက် ပြင်းထန်သော တိုက်ပွဲ ကြီးတွင် လီယွမ် သည် ဝူမေ့ ကို တစ်ယောက်တည်း လွှတ်မထား ရဲပါချေ။
ယိုဆန်း က သူမကို အလွယ်တကူ သတ်ဖြတ် သွားနိုင်ချေ ရှိသည်။ ဝူမေ့ မှာ အရေပြား ထူပြီး အကြမ်းခံ နိုင်သဖြင့် အနည်းဆုံးတော့ အရိုက် ခံရမည်ကို မကြောက်ပါချေ။
“ဝှီး... ဝှီး... ဝှီး…”
ပင့်ကူမျှင် အမြောက်အမြား က အဆုံးမဲ့ သော အဆိပ်များ၊ သွေးများ စွန်းပေ လျက် လေထဲသို့ ပြန့်ကျဲ ထွက်သွား တော့သည်။ လီယွမ် သည် အနည်းငယ်မျှ ပင် နောက်ဆုတ်မနေရဲတော့ဘဲ... သူ၏ စွမ်းအား အားလုံးကို ချက်ချင်းပင် ထုတ်ဖော် အသုံးပြုလိုက်၏။
“မင်း.. အတော်လေး ပြည့်စုံတာပဲ…”
ယိုဆန်း က လီယွမ် ကို မျက်တောင် တစ်ခတ် အတွင်း ပစ်မှတ်ထားလိုက်တော့သည်။
“မင်းက ငါ အင်မော်တယ် ဖြစ်လာအောင် ကူညီ ပေးနိုင်တယ်...”
သူ၏ မျက်နှာ အမူအရာ မှာ ရက်စက် ကြမ်းကြုတ်နေပြီး သူ၏ တိုက်ခိုက်မှု ဟန်ပန် များက ပို၍ပင် ရူးသွပ်လာတော့၏။ သံကြိုး များကို လွှဲယမ်း ကာ လက်များကို သားရဲ လက်သည်း များအလား အသုံးပြုပြီး ပင့်ကူမျှင်များ အားလုံးအား ဖြတ်တောက်လျက် လီယွမ် ထံသို့ တရကြမ်း တိုးဝင်လာသည်။
ပုရစ် တစ်ကောင် အဖြစ် ပြောင်းလဲနေသော ကျန်းယန် ကလည်း အဆက်မပြတ် တိုက်ခိုက်
နေသော်ငြားလည်း သိပ်ပြီး အကျိုး သက်ရောက်မှု မရှိလှပါချေ။
'အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်' ဖြင့် သန့်စင် ထားသော ယိုဆန်း သည် ပင်ပန်း နွမ်းနယ် ခြင်း မရှိသော တိုက်ခိုက်ရေး ရုပ်သေးရုပ် တစ်ရုပ် အလား ကြမ်းတမ်း အစွမ်းထက် ပြီး တားမရပေ။
“ကောင်းကင်ဖြစ်စဉ်... အာဏာရှင် နှလုံးသား၊ မြွေဆိုး...”
လီယွမ် သည် ဒုတိယမြောက် ကောင်းကင်ဖြစ်စဉ် ကို ဆင့်ခေါ်လိုက်ပြန်သည်။
တိုက်ပွဲ အလယ်တွင် ရောက်နေသော ကျန်းယန် မှာ ခေတ္တမျှ ကြောင်အ သွားရတော့၏။
“ကောင်းကင်ဖြစ်စဉ် နှစ်ခုလား... ငါ အသက် အရမ်း ကြီးသွားလို့လား...နောက် နှစ်ပေါင်း တစ်ထောင် အကြာက ကူသခင် တွေမှာ သက်စောင့်ကူ နှစ်ကောင် ရှိနေကြပြီလား...”
“ဒါ အကုန် မဟုတ်သေးပါဘူး...
လီယွမ် က ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
“တတိယ ကောင်းကင်ဖြစ်စဉ်... ဝိညာဉ် လောင်မြိုက် အနီရောင် မြွေကြီး...”
မီးမြွေ ကြီး တစ်ကောင်၊ အာဏာရှင် နှလုံးသား တစ်ခု နှင့် လမင်း ကို ရစ်ပတ် ထားသော ပင့်ကူမျှင် များ... မတူညီသော ထူးဆန်းသည့် ဖြစ်စဉ် သုံးခု က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး လီယွမ် ၏ အပေါ် သို့ သက်ရောက် သွားတော့သည်။
“သက်စောင့်ကူ သုံးကောင်...”
တစ်ခဏ မျှ ကျန်းယန် သည် သူနောက်တစ်ကြိမ် ကယောင်ကတမ်း အခြေအနေ သို့ ရောက်ရှိ သွားပြီး ကူလမ်းစဉ် ကြောင့်... သွေးလေချောက်ချားနေမိပြီလား ဟု... သံသယ ဝင်သွား မိ၏။
“အကြီးအကဲ ကျန်းယန်... ကူလမ်းစဉ် ကြီးပွား တိုးတက် ရမယ်နော်...”
လီယွမ် က ဘာမှ ရှင်းမပြတော့ဘဲ... ထိုစကား ကိုသာ အော်ဟစ်လိုက်သည်။
“ငါ... နားလည်ပြီ...”
ကျန်းယန် ၏ တောင်ပံ များက အလျင်အမြန် တုန်ခါ သွားပြီး ရူးသွပ်မှု အခြေအနေ သို့ ဝင်ရောက် သွားကာ သူ၏ အမြန်နှုန်း နှင့် ခွန်အား များကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်တော့၏။ သူ သည် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြီး ယိုဆန်း ကို ခေတ္တမျှ နောက်ဆုတ် သွားစေခဲ့သည်။
သို့သော်လည်း ၎င်းမှာ လုံလောက် ရန် အဝေးကြီး လိုသေး၏။
ယိုဆန်း တွင် သေကွင်းသေကွက် မရှိပါချေ။ 'အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်' ဖြင့် သန့်စင် ထားသော စစ်မှန်သည့် တိုက်ခိုက်ရေး လက်နက် တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပြီး ဖြစ်ရာ သူ့ကို အစိတ်စိတ် အမွှာမွှာ ခွဲပစ်လိုက်လျှင်ပင် အမှန်တကယ် သေဆုံး သွားမည် မဟုတ်ပေ။
“လျှို့ဝှက် တိုက်ကွက်... မျက်လုံး တစ်ထောင် ပိုးအိမ် ချည်နှောင်ခြင်း...”
လီယွမ် သည် ကောင်းကင်ဖြစ်စဉ် လျှို့ဝှက် တိုက်ကွက် ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ပင့်ကူမျှင် များ ရစ်ပတ်နေသော လခြမ်းကွေး လေးပေါ် တွင် သရဖူ ကို ဆောင်းထားပြီး ပင့်ကူခြေ ရှစ်ချောင်း ဖြင့် လမင်း ကို ပွေ့ဖက် ထားသော ဧရာမ ပင့်ကူ ဘုရင်မ ကြီး၏ ပုံရိပ် က ထွက်ပေါ်လာတော့၏။
တစ်ချိန်တည်း မှာပင် လီယွမ် သည် သလင်းကျောက် မျက်လုံးအိမ် အမြွှာ ကို အသက်သွင်းလိုက်ရာ သူ၏ မျက်လုံး ထောင့်များ တွင် ပင့်ကူအိမ် ပုံစံ အမှတ်အသား များ... အဆက်မပြတ် ဖွဲ့တည်လာတော့သည်။
“ချည်နှောင်လိုက်...”
မျက်တောင် တစ်ခတ် အတွင်း မှာပင် ယိုဆန်း ၏ ပတ်ဝန်းကျင် တွင် ပင့်ကူမျှင် အမြောက်အမြား... ပေါ်ထွက်လာပြီး ရုတ်တရက် တင်းကျပ် သွားကာ သူ့ကို အထဲတွင် ပိတ်လှောင် ထားမည့် ဧရာမ ပိုးအိမ် ကြီး တစ်ခု အဖြစ် ပြောင်းလဲ သွားတော့၏။
“ဟား ဟား ဟား ဟား... ကူလမ်းစဉ် က ကြီးပွား တိုးတက်နေပြီဟေ့...”
ကျန်းယန် က ကျယ်လောင်စွာ ရယ်လိုက်၏။ တဆက်တည်း၌ အင်းဆက် ဓား တစ်လက် အဖြစ် ပြောင်းလဲနေသော သူ၏ လက်မောင်း က မျက်တောင် တစ်ခတ် အတွင်းမှာပင် အကြိမ် ရာချီ လွှဲခုတ်လိုက်ရာ အချက် တိုင်းက ဧရာမ ပိုးအိမ် ကြီးအား ထိုးဖောက် ဝင်ရောက် သွားပြီး သွေး အမြောက်အမြား ပန်းထွက်လာစေတော့သည်။
“ကောင်းကင် နဲ့ မြေကြီး ဟာ ပင့်ကူအိမ် တစ်ခု လိုပဲ... ပြီးတော့ သလင်းကျောက် က အတုအယောင် တွေကို ချိုးဖျက် နိုင်တယ်…”
လီယွမ် မှာမူ သေချာစွာ စောင့်ကြည့်နေပြီး သူ၏ မျက်လုံးအိမ် အမြွှာ များက တောက်ပနေတော့၏။ သူ၏ သလင်းကျောက် မျက်လုံးအိမ် အမြွှာ များက အရာ အားလုံး ၏ အားနည်းချက် များကို ထိုးဖောက် မြင်နိုင်စွမ်း ရှိသည်။
ယိုဆန်း ၏ သက်မဲ့ တစ္ဆေကောင် ကို သေစေနိုင်မည့် သော့ချက် ကို သူ မဖြစ်မနေ ရှာဖွေ ရလေမည်။
“တကယ်ပဲ...”
သူ မျှော်လင့် ထားသည့် အတိုင်း ပင် သေကွင်းသေကွက် မှာ ယိုဆန်း ၏ ခန္ဓာကိုယ် ထဲတွင် လုံးဝ မရှိဘဲ... သူ၏ သက်စောင့်ကူ ဖြစ်သော 'ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ' ထဲတွင် ရှိနေရန် ဖြစ်နိုင်ခြေ အများဆုံး ပင်။
ကံမကောင်း စွာဖြင့် ထိုကူကောင် ၏ တည်ရှိမှု ကို သူ လုံးဝ အာရုံခံ ၍ မရနိုင် သေးပါချေ။
"ထန်း.."
နောက် တစ်ခဏ တွင် ပင့်ကူ ပိုးအိမ် ကြီး ပေါက်ကွဲ ထွက်သွား တော့သည်။
ကျန်းယန် ၏ တိုက်ခိုက်မှု ကြောင့် အပေါက် ပေါင်းများစွာ ဖြစ်နေ သော်ငြားလည်း ယိုဆန်း က ဘာမှ မဖြစ်သည့် အလား သွားဖြဲ ကာ လီယွမ် ထံသို့နောက်တစ်ကြိမ် အဟုန်ပြင်းစွာ တိုးဝင်လာပြီး တိုး၍ တိုး၍ ရူးသွပ်လာတော့၏။
ကျန်းယန် က သူ့ကို တားဆီး ရန် ကြိုးစား ခဲ့သော်လည်း ယိုဆန်း က သူ၏ တောင်ပံ ကို ဆွဲကိုင် ကာ အတင်း ဆွဲဖြဲလိုက်ပြီး ကျောဘက် တွင် ကြီးမားသော ဟာကွက်ကြီး တစ်ခု ဖြစ်သွား စေကာ သူ့ကို လွှင့်ပစ်လိုက်ပြီး အမှောင် နံရံကြီး နှင့် ပြင်းထန်စွာ ရိုက်မိ သွားစေတော့သည်။
“ရစ်ပတ် နတ်ဘုရား...”
လီယွမ် ၏ မျက်ခွံ များက ပြင်းထန်စွာ တုန်လှုပ် သွားရ၏။ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက် ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါပေ။
ရစ်ပတ် နတ်ဘုရား နှင့် ပေါင်းစပ်လိုက်သည် သွေးချီ များက မီးတောက် များ အလား တောက်လောင်လာတော့၏။
သို့သော် လည်း သူ၏ အမြန်နှုန်း နှင့် ခွန်အား များက ယိုဆန်း ၏ ပြိုင်ဘက် မဟုတ်ပါချေ။
သလင်းကျောက် မျက်လုံးအိမ် အမြွှာ ၏ အကဲခတ် မှု အောက်တွင် ယိုဆန်း ၏ နောက်ထပ် လှုပ်ရှားမှု ကို ကြိုတင် ခန့်မှန်း နိုင်စွမ်း ရှိလျှင် ပင် သူ၏ ကိုယ်ပိုင် တုံ့ပြန်မှု က ဤအဆင့် ရှိသော တိုက်ခိုက်ရေး စွမ်းအား အတွက်... လုံးဝ မလုံလောက်ပါ။
အချက် အနည်းငယ် မျှသာ အပြန်အလှန် တိုက်ခိုက် ပြီးနောက် လီယွမ်လည်း လွင့်စင် ထွက်သွား ရပြန်သည်။
ကောင်းကင်ဖြစ်စဉ်ကြီး သုံးခု ၏ ကောင်းချီး များ ရရှိထား လျှင်ပင် အားလုံးက နယ်ပယ် ကြားရှိ... ချောက်ကမ်းပါး ကြီး အလား ကွာဟနေမှု နှင့် နှိုင်းယှဉ်လိုက်ပါ က လုံးဝ ကို အသေးအမွှား လေးများသာ ဖြစ်၏။
“မင်း... ငါ အင်မော်တယ် ဖြစ်ဖို့ ကူညီပေးပါ...”
ယိုဆန်း သည် ထို စကား တစ်ခွန်းတည်း ကိုသာ ထပ်တလဲလဲ ရေရွတ်နေပြီး လီယွမ် ကို အညှာအတာ မဲ့စွာ တရစပ် တိုက်ခိုက်နေတော့၏။
“ယိုဆန်း... မင်းက နတ်ဆိုး တစ်ကောင် ဖြစ်သွားတာ ကြာလှပြီ... လူသား တစ်ယောက် မဟုတ်တော့ ဘူး... နိုးထ ဖို့ အချိန်တန်ပြီ...”
ကျန်းယန် သည် သူ၏ တိုက်ခိုက်မှု ဖြင့် ပြန်လည် ရောက်ရှိလာသည်။
သူ၏ နားလည် သဘောပေါက် မှုထက် များစွာ သာလွန်နေသော ဤ ပြိုင်ဘက်ကင်း ပါရမီရှင် လေး လီယွမ် ကို ကာကွယ် ရန် သူ သစ္စာ ဆိုထားသည်။
ကောင်လေးကို ဒီနေရာမှာ အသေခံစေ၍ မဖြစ်ပါ...။
‘ငါ အိမ် ကို ဘယ်တော့မှ ပြန်မသွား နိုင်တော့ ဘူး ဆိုရင်တောင်... မျိုးဆက်သစ် လေးတွေ လုံလုံခြုံခြုံ ထွက်သွား နိုင်အောင်တော့... ငါ သေချာ လုပ်ပေး ချင်သေးတယ်…’
“အင်မော်တယ် ဖြစ်ဖို့... ငါ အင်မော်တယ် ဖြစ်ချင်တယ်...”
“အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း စာချုပ် က တစ်လှမ်း ပဲ လိုတော့တယ်... ပြီးတော့ အဲဒါ က မင်းပဲ... မင်းပဲ...”
ယိုဆန်း သည် မည်သည့် စကား ကိုမျှ မကြားနိုင် တော့ပါချေ။
အင်မော်တယ် ဖြစ်ရန် သူ၏ စွဲလမ်းမှု က သူ့ကို ရူးသွပ် သွားစေခဲ့ပြီး လီယွမ် ကို ဖမ်းဆီး သန့်စင် ချင်စိတ် ကိုသာ... ဖြစ်ပေါ်စေတော့သည်။
သူတို့ သုံးဦး မှာ ပြင်းထန်သော တိုက်ပွဲ ကြီး တစ်ခုကို ဆင်နွှဲနေကြတော့၏။
ရစ်ပတ် နတ်ဘုရားကူ ၏ အကန့်အသတ်မဲ့ စွမ်းအား ကြီးထွားလာမှု နှင့် ရှင်သန်ခြင်းကူ ၏ ကုသပေး မှု တို့ကြောင့် လီယွမ် သည် ဤအဆင့် ရှိသော တိုက်ပွဲ တွင် တောင့်ခံ ထားနိုင်ရန် မနည်း ကြိုးစားနေရသည်။
မြေအောက် ကမ္ဘာလေး မှာ ပြိုကျ ပျက်စီး သွားတော့၏။
သူတို့ သုံးဦး သည် မြေအောက် မှသည် မြေပြင် အထက်သို့ တိုက်ခိုက်လာကြသည်။
ယိုဆန်း မှာ အညှာအတာ မဲ့ပြီး ပင်ပန်း နွမ်းနယ် ခြင်း မရှိဘဲ... သူ၏ အသား နှင့် သွေးများကနေရာ အနှံ့ ပြန့်ကျဲနေကာ အရိုး များစွာ လည်း ကျိုးကြေနေခဲ့ပြီ ဖြစ်၏။
သို့သော် လည်း သူသည် ကျိုးကြေနေသော အရိုး များကို သူ၏ ခန္ဓာကိုယ် ထဲသို့ ပြန်ထည့် ကာ ပြန်လည် အသုံးပြု နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှ ၏။
ဦးခေါင်းခွံ က ရင်ဘတ် ကို ဖောက်ထွက်နေပြီး နံရိုး များက လက်မောင်း ထဲတွင် စိုက်ဝင်နေပြန်သည်။ ကျောရိုး ကို ဆွဲထုတ် ပြီး လက်နက် အဖြစ် အသုံးပြုနေသော ယိုဆန်းသည် လုံးဝ ကို ရူးသွပ်နေသော မိစ္ဆာ ကြီး တစ်ကောင် ပင် ဖြစ်တော့သည်။
လီယွမ် ကျောချမ်းသွားတော့၏။
ဤတိုက်ပွဲ က သူ တွေးထင် ထားခဲ့သည် ထက်... များစွာ ပိုမို ရက်စက် ကြမ်းကြုတ် ပြီး ခက်ခဲ လှ၏။
ကျန်းယန် ၏ အခြေအနေ မှာလည်း တဖြည်းဖြည်း ထိန်းသိမ်း ရန် ခက်ခဲလာပြီး သူ၏နောက်ဆုံး လက်ကျန် သက်စောင့် စွမ်းအင် များကို လောင်ကျွမ်း ပစ်ရတော့မည့် ဆဲဆဲ…
ထို အချိန် အတွင်း မက်မွန်ပွင့် ရွာလေး ထဲရှိ သက်မဲ့ တစ္ဆေကောင် များ ကလည်းနောက်တစ်ကြိမ် ပြန်လည် နိုးထလာမည့် အရိပ်အယောင် များ... ပြသလာကြတော့၏။
ရွာ အစွန် ရှိ သစ်ပင် ထိပ်ဖျား တွင် ဓားနတ်သမီး သည် တိတ်ဆိတ်စွာ ထိုင်နေပြီး ကောင်းကင်ယံ ကို မော့ကြည့်နေသည်။
သွေးစွန်း သော တိုက်ပွဲ ကြီးကို ဆင်နွှဲနေကြသည့် သူတို့ သုံးဦး... တိတ်ဆိတ်နေသော ဓားနတ်သမီး နှင့် အသက်မဲ့နေသော ရွာသား များ... အားလုံးက လုံးဝ ခြားနားသော ကမ္ဘာ သုံးခု တွင် တည်ရှိနေသည့်နှယ် ပင်။
“အွတ်…’’
လီယွမ် သည် နောက်တစ်ကြိမ် လွင့်စင် ထွက်သွား ရပြန်သည်။
သူ ရူးတော့မလို ပင် ဖြစ်နေခဲ့ချေပြီ။ အာဏာရှင် နှလုံးသား က ကောင်းကင်ယံ တွင် ခုန်ပေါက်နေပြီး သူ့ကို ယိုဆန်း အား ဝါးမြိုပစ်ချင်စိတ်အား ထိန်းမရဖြစ်စေတော့၏။
ကျန်းယန် ၏ သေမင်းတမန် တိုက်ပွဲ နယ်မြေ မှာလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ချေပြီ။
သူ လက်မခံ နိုင်ပါချေ။
‘ငါတို့တွေနောက်တစ်ကြိမ် ရှုံးနိမ့် ရပြန်ပြီလား ဒီ ကပ်ဘေး ကြီးက နှစ်ပေါင်း တစ်ထောင် တောင် ကြာခဲ့ပြီပဲ... ငါတို့ ဆက်ပြီး ခံစားနေရဦး မှာလား…’
သူ၏ သေမင်းတမန် တိုက်ပွဲနယ်မြေ ထက်တွင် ကောင်းကင်ယံ မှ ဆီးနှင်းပွင့် များ ကျဆင်းလာသည်ကို ကျန်းယန် မြင်လိုက် ရ၏။
နတ်သမီးလေး တစ်ပါး က ဓားတစ်လက် ကို ကိုင်ဆောင် ထားကာ ကောင်းကင်ဘုံ မှ ကျောက်စိမ်း မြို့တော် မှ ဆင်းသက်လာသည့်နှယ် သူမ၏ အဖြူရောင် ဝတ်စုံလေး က လွင့်မျောနေပြီး သူမ၏ အလှတရား က ရင်သပ်ရှုမောဖွယ် ပြိုင်ဘက်ကင်း လှ၏။
‘အဲဒါ ကူသခင် မှ မဟုတ်တာ…’
“သိုင်း... သိုင်း ဓားအင်မော်တယ်လား...”
မင်း က ဘာလို့ ဒီကို ရောက်နေတာလဲ…