← Chapters

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ

Vol. 19 Ch. 209

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ

Vol. 19 Ch. 209

ကျောက်စိမ်း မြို့တော် ကနေ နှင်ထုတ်ခံရသော အင်မော်တယ်...။

ကျန်းယန် ၏ သံသယ ဝင်နေမှုများက တစ်ခဏမျှသာ ကြာလိုက်၏။

‘အလို… ငါ့ရဲ့ ဘေးမှာ အစွမ်းထက်လှတဲ့ စွမ်းအင်လှိုင်း ကြီး တစ်ခု...ရုတ်တရက် မြင့်တက်လာပါလား’

သူက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။

သွေးများ ဖြင့် ရွှဲရွှဲစိုနေသော လီယွမ် သည် သက်မဲ့ တစ္ဆေကောင် ယိုဆန်း ၏ ခံနိုင်ရည် မျိုးနှင့် အလားသဏ္ဌာန် တူစွာ...နောက်တစ်ကြိမ် ပြန်လည် မတ်တပ် ရပ်လာခဲ့သည်။ ယခုအခါ သူ၏ လက်ထဲတွင် ကြီးမား လေးလံသော တုံးတိတိ ဓားတစ်လက် ကို ကိုင်ဆောင် ထားပြီး ၎င်းမှာ ဓားနတ်သမီး ကိုင်ဆောင် ထားသော ဓား နှင့် မူလ အရင်းအမြစ် တူညီနေ၏။

“စတုတ္ထမြောက် ကောင်းကင်ဖြစ်စဉ်... ကျောက်စိမ်း မြို့တော် ကနေ နှင်ထုတ်ခံရတဲ့ အင်မော်တယ်...”

လီယွမ် သည် စကားလုံး အနည်းငယ် ကို ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

ကျန်းယန် ၏ မျက်လုံးများ ပြူးကျယ် သွားရ၏။

အချိန် သဲသောင်ပြင် တွင် ကျန်ရစ် ခဲ့သော ပုရွက်ဆိတ်လေး တစ်ကောင် အလား သူ၏ ရင်ထဲတွင် အထီးကျန် ဆန်မှု များနှင့် အတူ... ရှုပ်ထွေး လှသော ဝမ်းသာ ပျော်ရွှင် မှုများ ဖြင့်ပါ... ပြည့်နှက် သွားတော့၏။

“လျှို့ဝှက် တိုက်ကွက်...”

“ဆံကေသာ သုံးထောင် ဖြင့် ကြယ်တာရာ မြစ်ကို ဖြတ်တောက်ခြင်း...”

မျက်တောင် တစ်ခတ် အတွင်းမှာပင် ထူးဆန်းသော ဖြစ်စဉ် သုံးခု ဖြစ်သည့် လကြတ်ခြင်းမှ ယက်လုပ်သော ကပ်ဘေး... ဝိညာဉ် လောင်မြိုက် အနီရောင် မြွေကြီး နှင့် အာဏာရှင် နှလုံးသား တို့မှာ ပျောက်ကွယ် သွားပြီး ကောင်းကင်ယံ တွင် အဖြူရောင် ကျောက်စိမ်း နန်းတော် ကြီး တစ်ခု... ထွက်ပေါ်လာတော့သည်။

မြူခိုး များ ရစ်သိုင်းနေပြီး အင်မော်တယ် ချီ အငွေ့အသက် များ... ညင်သာစွာ လွင့်မျောနေ၏။

၎င်းက ကြယ်တာရာ များ အထက်တွင် အုပ်စိုးနေပြီး ကောင်းကင် နှင့် မြေကြီး ကို စိုးမိုး ထားတော့သည်။

“ခုတ်ပိုင်းမယ်...”

လီယွမ် ၏ ဓားချက် က ထွက်ပေါ် သွားသည် နှင့် ဓားနတ်သမီး သည်လည်း တစ်ပြိုင်နက်တည်း... လက်သုံးဓားကို ဆွဲထုတ်လိုက်သည်။

ကောင်းကင်ဖြစ်စဉ် များ ကြားတွင် ကျောက်စိမ်း မြို့တော် မှ နှင်ထုတ်ခံရသော အင်မော်တယ် ထွက်ပေါ်လာပြီး သူမ၏ ဆံကေသာ သုံးထောင် က ကြယ်တာရာ မြစ် တစ်လျှောက် ရစ်ခွေနေလေ၏။ မြောက်များစွာသော နတ်ဘုရား ဓား များသည် မူလ အရင်းအမြစ် သို့ ပြန်လည် ရောက်ရှိ သွားပြီး ကြယ်တာရာ မြစ် ကို ဖြတ်သန်း ကာ ကမ္ဘာမြေ ပေါ်သို့ ရွာကျလာတော့၏။

အစွမ်းထက် လှသော ဓား ချီ စွမ်းအင် များ ကြယ်တာရာ မြစ် မှ စီးဆင်း ကျဆင်းလာကြသည်။

ဓား တစ်လက် ပြီး တစ်လက်... ယိုဆန်း ၏ ခန္ဓာကိုယ် ကို အညှာအတာ မဲ့စွာ... ခုတ်ပိုင်းနေပြီး မချိမဆံ့ အော်ဟစ် ငိုကြွေး သွားစေတော့၏။

ဓား ချီ များ ရေတံခွန် အလား ရွာကျလာသည့် အခိုက်အတန့် လေး အတွင်းမှာပင် လီယွမ် နှင့် ဓားနတ်သမီး တို့သည် ယိုဆန်း ၏ ရှေ့သို့ ရောက်ရှိ သွား၏။ တစ်ယောက်က သူ့ခေါင်းအား ဖြတ်လိုက်ပြီး အခြား တစ်ယောက် က သူ့ နှလုံး ကို ထိုးဖောက်လိုက်သည်။

နှင်းခဲ များသည် နှင်းပွင့်ကြွေဓား တစ်လျှောက်... ရစ်သိုင်း သွားပြီး ရေခဲ ဓား ချီ စွမ်းအင် များဖြင့် ယိုဆန်း ၏ ခန္ဓာကိုယ် ကို အတွင်းပိုင်း မှနေ၍ အစိတ်စိတ် အမွှာမွှာ ဆွဲဖြဲ ပစ်ရန် ကြိုးစားနေတော့၏။

“ကျွီ…”

ထို အခိုက်အတန့် တွင်ပင် အင်းဆက် တစ်ကောင် ၏ အော်မြည် သံက ကောင်းကင် နှင့် မြေကြီး ကြားတွင် ထွက်ပေါ်လာသည်။

လီယွမ် နှင့် ဓားနတ်သမီး တို့ နှစ်ဦးစလုံး... ခေတ္တမျှ ကြောင်အ သွားကြ၏။

ထို မျက်တောင် တစ်ခတ် လေး အတွင်းမှာပင် ယိုဆန်း သည် ထိန်းချုပ်မှု အောက်မှ ရုန်းထွက် သွားပြီး အနောက်သို့ အဟုန်ပြင်းစွာ ဆုတ်ခွာ သွားကာ ပြတ်ကျ သွားသော ခေါင်း က လေထဲတွင် တစ်ပတ် လည်သွားပြီး သူ့လည်ပင်း ပေါ်သို့ ပြန်လည် ရောက်ရှိ သွားတော့သည်။

“ပေါ်လာပြီ... ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ...”

ထို အင်းဆက် အော်မြည် သံမှာ ယိုဆန်း ၏ သက်စောင့်ကူ ဖြစ်သော 'ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ' ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ရမည်။ ၎င်းမှာ မျှော်လင့်ချက်မဲ့ အခြေအနေ ၏ အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ကြီးကို ချိုးဖျက် နိုင်မည့် သော့ချက် လည်း ဖြစ်၏။

‘ဘယ်မှာလဲ…’

လီယွမ် နှင့် ဓားနတ်သမီး တို့ အချင်းချင်း... အကြည့် ချင်း ဖလှယ်လိုက်ကြသည်။

အင်းဆက် အော်မြည် သံက လမ်းကြောင်း နှစ်ခု မှ ထွက်ပေါ်လာသည့်နှယ် ရှိ၏။

တစ်ခု က ပြိုကျ ပျက်စီးနေသော မြေအောက် ကမ္ဘာလေး မှ ဖြစ်ပြီးနောက်တစ်ခု က ရွာ အဝင်ဝ မှ ဖြစ်သည်။

“ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ နှစ်ကောင် ရှိနေဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... ဒါက ကျွန်တော်တို့ကို တွေဝေ သွားအောင် တမင်သက်သက် လုပ်နေတာပဲ...”

“အကြီးအကဲ ကျန်းယန်... အကြီးအကဲ ဆီမှာ သဲလွန်စ တစ်ခုခု ရှိပါသလား...”

လီယွမ် က ကျန်းယန် ကို လှမ်းမေးလိုက်သည်။

“အဲဒါက...”

ကျန်းယန် က ရုတ်တရက် တစ်ခုခု ကို သတိပြု မိသွားသည်။

“မြစ်ထဲမှာ ရှိနေတာ၊ ယွမ်ချွမ်း မြစ် ထဲမှာ ၊ အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း တံတား အောက်က ယွမ်ချွမ်း မြစ် ထဲမှာ”

“လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် က ငါ သေခါနီး အချိန်လေး မှာ အဲဒါကို မြင်ခဲ့ရတယ်...”

“အဲဒီနေရာမှာ ရှိနေတာ သေချာတယ်...”

စကား ဆုံးသည် နှင့် တစ်ပြိုင်နက်... ကျန်းယန် သည် သူ၏ ခေါင်းကို ကိုင်ကာ မြေကြီး ပေါ်တွင် ကွေးကွေးလေး လှဲချလိုက်ပြီး နာကျင်စွာ အော်ဟစ် ငိုကြွေး ကာ လူးလှိမ့်နေတော့၏။ ထို မှတ်ဉာဏ် များက သူ့ကို လုံးဝ... အစိတ်စိတ် အမွှာမွှာ ဆွဲဖြဲ ပစ်လိုက်လေပြီ။

ထောင်စုနှစ် တစ်ခု ကို ဖြတ်ကျော်လာခဲ့သော ကွဲကွာ ခဲ့ရမှု ခံစားချက်ကြီး က ရုတ်တရက် ထွက်ပေါ်လာပြီး ယခု အခိုက်အတန့် တွင် အပေါ်ယံ သို့ ရောက်ရှိလာခဲ့ချေပြီ။

၎င်းမှာ မည်သည့် သက်ရှိ သတ္တဝါ ကမျှ... ခံနိုင်ရည် မရှိနိုင်သော အရာ တစ်ခု ပင်။

“လီယွမ်... အရိုးပလွေ ငါ့ကို ပေး...”

ကျန်းယန် က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လီယွမ် သည် အရိုးပလွေ ကို သူ့ဆီသို့ လွှင့်ပစ် ပေးလိုက်ပြီး ယခုလေးတင် ကျန်းယန် ပြောသွားသော စကားများ ကြောင့်... အံ့အားသင့် တုန်လှုပ်နေမိသည်။

အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း တံတား အောက်က ယွမ်ချွမ်း မြစ်...။

သူ အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား သို့ ပထမဆုံး အကြိမ် ဝင်ရောက် ခဲ့စဉ် က နှင့် လပြည့်ည တွင် မြေအောက် ကမ္ဘာလေး ထဲသို့ ဝင်ရောက် ကြည့်ရှု ခဲ့စဉ် က လှိမ့်တက်လာသော လှိုင်းလုံး သံများကို သူ ကြားခဲ့ရ သော်ငြားလည်း မည်သည့် မြစ် ကြီးကိုမျှ သူ မမြင်တွေ့ ခဲ့ရပါချေ။

ထိုအရာ က ကျန်းယန် ပြောသော ယွမ်ချွမ်း မြစ် ပင် ဖြစ်ရပေမည်။

ယွမ်ချွမ်း မြစ် က အတိအကျ ဘယ်နေရာမှာ ပုန်းကွယ်နေတာလဲ...။

သူ ထိုအကြောင်း ကို တွေးတောနေစဉ် မှာပင် ခန္ဓာကိုယ် ပြန်လည် တည်ဆောက် ပြီးသွားသော ယိုဆန်း ကနောက်တစ်ကြိမ် တိုက်ခိုက်လာပြန်သည်။

လီယွမ် တန်ပြန်ရန် ပြင်ဆင်လိုက်စဉ် မှာပင် ကျန်းယန် သည် အရိုးပလွေ ကို သူ၏ ဦးခေါင်းခွံ ထဲသို့ ရုတ်တရက် စိုက်သွင်းလိုက်သည်ကို တွေ့လိုက်ရ၏။ ထိုသို့ ပြုလုပ်ခြင်း ဖြင့် ကျန်းယန် ၏ နောက်ဆုံး လက်ကျန် အသိစိတ် လေးကို အတင်းအကြပ် လှုံ့ဆော်လိုက်လေ၏။

အနက်ရောင် သေမင်းတမန် တိုက်ပွဲ နယ်မြေ မှာနောက်တစ်ကြိမ် ဖွဲ့တည်လာပြန်တော့သည်။

“အခု ငါက လူ့ အရေခွံ ကို ဆောင်းထားတဲ့... ရုပ်သေးရုပ် တစ်ရုပ် သက်သက်ပဲ... ငါ့အတွက် ဝမ်းနည်း ပူဆွေးနေစရာ မလိုပါဘူး... သွား... မင်း အသက်ရှင် ကျန်ရစ်နိုင်မယ့်နောက်ဆုံး လမ်းကြောင်းကို သွားရှာတော့... သွား...”

ကျန်းယန် သည် သေမင်း ကို အေးဆေး တည်ငြိမ်စွာ... ရင်ဆိုင်လိုက်ပြီး သူ၏ ကျိုးပဲ့နေသော ခန္ဓာကိုယ် မှာ ပုရစ် တစ်ကောင် အဖြစ် နောက်တစ်ဖန်... ပြောင်းလဲ သွားတော့သည်။

“တပည့် လီယွမ်... စီနီယာ ကျန်းယန် ကို အရိုအသေ ပေးပြီး နှုတ်ဆက် ခဲ့ပါတယ်...”

လီယွမ် သည် လက်နှစ်ဖက် ကို ယှက်ကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

“ဟား ဟား ဟား ဟား...”

ကျန်းယန် က အားရပါးရ ရယ်လိုက်၏။

“ကူလမ်းစဉ် က ကြီးပွား တိုးတက် တော့မယ်... လီယွမ်... မင်းဆီမှာ အဲဒါကို ငါ မြင်နေရတယ် ကွ...”

“ကူလမ်းစဉ် က ကြီးပွား တိုးတက်နေပါပြီ...”

လီယွမ် က လေးနက် ပြတ်သားစွာ ပြန်လည် ဖြေကြား

လိုက်ပြီးနောက်နောက်သို့ ပြန်မလှည့် ကြည့်တော့ဘဲ... ထွက်ခွာ သွားတော့၏။

သူ နှင့် ဓားနတ်သမီး တို့သည် အလင်းတန်း နှစ်ခု အဖြစ် ခွဲဖြာ သွားကြသည်။

ဓားနတ်သမီး သည် ရွာ အဝင်ဝ ရှိ ကျိုးကျနေသော တံတား ဆီသို့ ပျံသန်း သွားပြီး လီယွမ် က မြေအောက် ကမ္ဘာလေး ထဲသို့ ဝင်ရောက် သွားတော့သည်။

သူ သည် မြောက်များစွာသော ခေါင်းတလား များကို ဖြတ်သန်းကာ တစ်ဖက်ကမ်းမှ ပန်း များ ပွင့်လန်းနေသောနေရာ၏ အဆုံးစွန် သို့ ရောက်သည် အထိ လျှောက်သွားလိုက်ရာ မြေအောက် ကမ္ဘာလေး ရှိ ကျိုးကျနေသော တံတား ဆီသို့ ရောက်ရှိ သွား၏။

ခေတ္တမျှ စူးစမ်း အကဲခတ် ပြီးနောက် သူ၏ အကြည့်များ က 'သေဆုံးခြင်း' ဟု စာလုံး ထွင်းထွင်း ထားသော တံတား ရှေ့ရှိ ကျောက်တိုင် ပေါ်တွင် ရပ်တန့် သွားသည်။

အကြိမ်ကြိမ် အဖန်ဖန် သေချာစွာ စောင့်ကြည့် ပြီးနောက် ထို ကျောက်တိုင် တွင် ထူးဆန်းသော အရာ တစ်ခုခု ရှိနေကြောင်း...လီယွမ် ယုံကြည်လာတော့၏။

“ခုတ်ပိုင်းမယ်...”

လီယွမ် သည် အပြစ်အနာအဆာ ကင်းစင်သော ဓား သန္ဓေသား ကို ထုတ်ယူ ကာ အဟုန်ပြင်းစွာ ခုတ်ပိုင်း ချလိုက်သည်။

ကျောက်တိုင် ၏ မျက်နှာပြင် ပေါ်တွင် လှိုင်းဂယက် တစ်ခု... ဖြာထွက်သွားပြီး သူ၏ စွမ်းအား များကို လုံးဝ စုပ်ယူ သွားကာ အခြားနေရာ တစ်ခု သို့ လွှဲပြောင်း ပေးလိုက် သည့်နှယ် ဖြစ်သွား တော့၏။

“ဒါက”

လီယွမ် မျက်မှောင် ကုတ်လိုက်၏။

“မှော် အခင်းအကျင်း တစ်မျိုးမျိုးလား...”

သူ က ဓားကိုနောက်တစ်ကြိမ် လွှဲခုတ်လိုက်ပြန် သော်လည်း ဘယ်နှစ်ကြိမ် ပဲ ခုတ်ခုတ် အားလုံးက အချည်းနှီး သာ ဖြစ်နေတော့သည်။

သူ၏ အာရုံခံစားမှု အရ... ဓားနတ်သမီး ကလည်း ကျောက်တိုင် ကို ခုတ်ပိုင်းနေသော်လည်း အချည်းနှီး သာ ဖြစ်နေကြောင်း သူ သိလိုက် ရ၏။

“တားမြစ်နယ်မြေ ဆိုတာ ယိုဆန်း ရဲ့ ကူအိမ်တော် ကနေ... ဖြစ်တည်လာတာပဲ... စည်းမျဉ်း တွေ အားလုံးကို သူက ချမှတ် ထားတာ... သေချာပေါက် ငါတို့ မြင်ရတာ ထက် ပိုပြီး နက်ရှိုင်းတဲ့... အကြောင်းရင်း တွေ ရှိနေမှာပဲ... သူ့အနေနဲ့ ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ကို အလုံခြုံ ဆုံးနေရာမှာ ဖုံးကွယ် ထားမှာပဲ...”

“ဒါကို ဘယ်လို ချိုးဖျက် ရမလဲ...”

လီယွမ် တွေးတောနေမိ၏။

သူ သည် နောက်ထပ် အကြိမ် အနည်းငယ် ထပ်မံ ကြိုးစား ကြည့်ပြီး အမြန်နှုန်း ကို မြှင့်တင် ခုတ်ပိုင်းလိုက်ရာ ရုတ်တရက် သူ၏ ဓားချက် တစ်ချက် က အကျိုး သက်ရောက်မှု ရှိသွားပြီး အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ၏ တစ်ဝက်ခန့် တုန်ခါ သွားစေကြောင်းကို သူ ရှာဖွေ တွေ့ရှိလိုက်ရတော့သည်။

“တစ်ပြိုင်နက်တည်း တိုက်ခိုက် ရဖို့ ခက်ခဲ လို့လား... ငါတို့ သက်ဆိုင်ရာ သိုင်းကွက် တွေကို အသုံးပြု သင့်သလား...”

လီယွမ် ရုတ်တရက် သဘောပေါက် သွားတော့၏။

လူအများစု တွင် ဤကဲ့သို့သော နားလည်မှု မျိုး... ရှိကြမည် မဟုတ်သော်ငြားလည်း သူ နှင့် ဓားနတ်သမီး တို့ကြား တွင်တော့ ရှိသည်။

“ဓားနတ်သမီး...”

လီယွမ် သည် မျက်လုံး များကို မှိတ်လိုက်ပြီး သူ၏ စိတ် က ဓားနတ်သမီး နှင့် ဆက်သွယ် သွားသည်။ သူတို့ နှစ်ဦး သည် တစ်ပြိုင်နက်တည်း... ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်ကြပြီးနောက်တစ်ကြိမ် ပြိုင်တူ ဆွဲထုတ်လိုက်ကာ ကောင်းကင် ကံကြမ္မာ အသွင်ပြောင်း ဓား သိုင်းကွက် များကို ထုတ်ဖော် အသုံးပြုလိုက်ကြတော့၏။

အသက်ရှင်ခြင်း အတွက် ဓား တစ်ချက်... သေဆုံးခြင်း အတွက် ဓား တစ်ချက်…။

သေဆုံး ခြင်း မှသည် အသက်ရှင် ခြင်း ဆီသို့ အသက်ရှင် ခြင်း မှသည် သေဆုံး ခြင်း ဆီသို့။

"ထန်း.."

ဓား နှစ်လက် ကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ပြီး ဤ အခိုက်အတန့် တွင်နောက်ဆုံး၌ အကျိုး သက်ရောက်မှု ရှိသွားလေသည်။ ကျောက်တိုင်ကို ပြင်းထန်စွာ ရိုက်ခတ် မိသွားပြီး အထီးကျန် ဆန်လှသော လောကကြီး တစ်ခုလုံး ကို တုန်ခါ သွားစေကာ ရိုက်ခတ်လာသော လှိုင်းသံများ ကလည်း ပိုမို ရှင်းလင်း ကျယ်လောင်လာတော့၏။

“နောက် တစ်ခေါက်...”

လီယွမ် နှင့် ဓားနတ်သမီး တို့သည် ပြီးပြည့်စုံစွာ... ဟန်ချက်ညီညီ ပူးပေါင်း လုပ်ဆောင်နေကြသည်။ ဓား တစ်ချက် ခုတ်ပိုင်းလိုက်တိုင်း အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း ဟု... အမှတ်အသား ပြုလုပ် ထားသော ကျောက်တိုင် ကို အစိတ်စိတ် အမွှာမွှာ ချိုးဖျက် ပစ်နေကြတော့သည်။

“ဝုန်း…”

ကျောက်တိုင်ကြီး ပေါက်ကွဲ ထွက်သွား တော့၏။

အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ပေါ်တွင် အချိန် အတော်ကြာအောင် ဖုံးလွှမ်းနေခဲ့သော အမှောင်ထု ကြီးက ပျောက်ကွယ် သွားပြီး လှိမ့်တက်လာသော လှိုင်းသံများ ၏ မူလ အရင်းအမြစ် ကို လီယွမ်နောက်ဆုံး တွင်တော့... ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေပြီ။

သွေး များ စီးဆင်းနေသော မြစ် တည်း။

အနီရင့်ရောင် သွေး များက ဟိန်းဟောက် အော်မြည်နေကြတော့သည်။

“ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ...”

မြစ် ၏ အခြား တစ်ဖက် ကမ်းတွင် ကူကောင် တစ်ကောင် က ထူးဆန်းသော ပုံစံ တစ်ခု ပေါ်တွင် နားခိုနေ၏။

၎င်းက ပြောင်းပြန် တြိဂံ ပုံစံ ခေါင်း ရှိသော ကင်းမြီးကောက် တစ်ကောင် ဖြစ်၏။ ၎င်း၏ ခြေထောက် လေးစုံ ကို ပြာနှမ်းနှမ်း အရောင် ရှိပြီး ဆွေးမြည့်နေသော လက်ချောင်း အရိုး များဖြင့် ပေါင်းစပ် ဖွဲ့စည်း ထားပြီး လက်များက ပုံပျက် ပန်းပျက် ဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပြီပင်။

ဘယ်ဘက် လက်ပေါ်တွင် ဝိညာဉ် ကို ဖိနှိပ် နိုင်သော လက်သည်း အမှတ်အသား များဖြင့် ဖုံးလွှမ်းနေပြီး ညာဘက် လက် တွင်မူ... နတ်ဘုရား ဝိညာဉ် များကို ဆွဲဆောင် နိုင်သော မှော် အဆောင် စာသား များဖြင့် ဖုံးလွှမ်းနေသည်။ လက် များကို အဖွင့်အပိတ် လုပ်လိုက်သည့် အခါတိုင်း... သတ္တု ကို ခုတ်ပိုင်း ဖြတ်တောက်လိုက်သည့် အလား ပဲ့တင် သံ များကို ထုတ်လွှတ်နေတော့၏။

ကင်းမြီးကောက် ၏ အမြီး ပိုင်းရှိ အဆိပ်ဆူး က အလွှာ ခုနစ်လွှာ ပါဝင်သော ခရုပတ်ပုံ အရိုး မျှော်စင် တစ်ခု အဖြစ်... ကွဲထွက် သွားသည်။ အဖျားပိုင်း တွင် သုံးပေ ခန့် ရှည်လျားသော အခေါင်းပေါက် အဆိပ်ဆူး တစ်ခု... ထွက်ပေါ်နေ၏။

၎င်းက ကူလမ်းစဉ် မှတ်တမ်း စာအုပ်များ ထဲတွင် ဖော်ပြ ထားသော ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ၏ ပုံသဏ္ဌာန် နှင့် များစွာ ကွဲပြားနေလေသည်။

လီယွမ် ၏ မျက်နှာ အမူအရာ မှာ လေးနက် တည်ကြည် သွားပြီး ၎င်းက အဆင့်ဆင့် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ကြောင်း... သူ သံသယ ဝင်သွား မိတော့၏။

ကူအင်မော်တယ် နယ်ပယ် သို့ ကူးပြောင်း သွားချင်နေသည်ပဲ။

.

အကယ်၍ မအောင်မြင် ခဲ့လျှင် ပင် ၎င်းသည် သာမန် သဘောတရား အရ... ထူးခြားကူ တစ်ကောင် မဟုတ်တော့ ပါချေ။

ထိုသို့ သာ မဟုတ်လျှင်... ဤ တားမြစ်နယ်မြေကြီးကို ဆက်လက် ထိန်းသိမ်း ထားရန် လုံးဝ မဖြစ်နိုင် လောက်ပေ။

“ဝှီး... ဝှီး... ဝှီး…”

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ သည် လီယွမ် နှင့် ဓားနတ်သမီး တို့ သွေးမြစ် ဆီသို့ ရောက်လာ သည်ကို အာရုံခံ သိရှိ သွားပြီး နောက်ထပ် ရှည်လျားသော အော်မြည် သံ တစ်ခု ထုတ်လွှတ်လိုက်သည်။ ၎င်း ၏ အမြီး ပေါ်ရှိ အဆိပ်ဆူး များက အလျင်အမြန် လည်ပတ် သွားပြီး အဆိပ်ဆူး အမြောက်အမြား ပန်းထုတ်လိုက်တော့၏။

ရှေး စကား တစ်ခု ရှိသည်။

“ကူကောင် တွေက ကောင်းကင် နဲ့ မြေကြီး ရဲ့... အနှစ်သာရ တွေပဲ...” ဟူ၍ပင်။

ဤ အခြေအနေ တွင် ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ သည် လုံလောက် သော ဉာဏ်ရည် ဉာဏ်သွေး ဖွံ့ဖြိုးလာခဲ့သည်မှာ ကြာခဲ့ပြီး ၎င်းက ဝိညာဉ် တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားခဲ့ချေပြီ။

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ က ဤ တားမြစ်နယ်မြေ ကြီး၏ အစစ်အမှန် အရှင်သခင် ဖြစ်ပြီး ဤ သေရေးရှင်ရေး တိုက်ပွဲ ကြီးတွင် အကြီးမားဆုံးသော အန္တရာယ် ကြီး ပင် ဖြစ်တော့သည်။

“သူ့ကို သတ်စမ်း…”

လီယွမ် နှင့် ဓားနတ်သမီး တို့ နှစ်ဦး စလုံး... ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ထံသို့ တစ်ပြိုင်နက်တည်း အဟုန်ပြင်းစွာ တိုးဝင် သွားကြလေတော့၏။

All Chapters