← Chapters

အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်

Vol. 19 Ch. 210

အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်

Vol. 19 Ch. 210

အဆိပ်ဆူး များ ကနေရာအနှံ့ ပြန့်ကျဲလာတော့၏။

လီယွမ် သည် သူ၏ မျက်လုံးအိမ် အမြွှာ များကို အသက်သွင်းလိုက်ရာ အဆိပ်ဆူး များ၏ လမ်းကြောင်း ကို အလွယ်တကူ ခန့်မှန်း နိုင်ပြီး ၎င်းတို့ ကြားမှ ရှောင်တိမ်း ထွက်သွား ကာ သွေးမြစ် ကို ဖြတ်ကျော် ပြီး နတ်ဆိုးကူ ကို သတ်ဖြတ်ရန် ရည်ရွယ် ထားသည်။

"ထန်း.."

မျက်တောင် တစ်ခတ် အတွင်းမှာပင် သွေးမြစ် အတွင်း လှိုင်းလုံး ကြီးများ မြင့်တက်လာပြီး သွေးနီရောင် ပုံရိပ်များ ထွက်ပေါ်လာတော့၏။ သူတို့ အားလုံးမှာ ရင်းနှီးနေသော ပုံရိပ်များ ပင် မက်မွန်ပွင့် ကူရွာလေး မှ ကူသခင် များ ပင်။

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ သည် သူတို့၏ ဝိညာဉ် များကို ရေးထွင်း ထားပြီး သွေးမြစ် ထဲသို့ လောင်းထည့် ကာ ဤကဲ့သို့ ပုံဖော် ဖန်တီးလိုက်လေ၏။

အရှေ့ဆုံး မှ သွေးနီရောင် ပုံရိပ်လေး မှာ သေးငယ် ပြီး ချစ်စရာ ကောင်း၏။ ၎င်းမှာ အားလော့ ၏ ပုံရိပ် ဖြစ်သည်။

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ သည် သူ့ကို သတိထား မိနေသည်မှာ ကြာပြီ ဖြစ်ကြောင်း... သိသာ ထင်ရှား လှ၏။ သို့သော် လည်း လပြည့်ည ၏ အငွေ့အသက် က လီယွမ် ကို ဒုက္ခ မပေးနိုင် သလို... သက်မဲ့ တစ္ဆေကောင် အဖြစ် လည်း မပြောင်းလဲ စေနိုင်ပါချေ။

ယိုဆန်း ကိုယ်တိုင်လည်း မိမိကိုယ်ကို ကန့်သတ်ချက် တစ်ခု... ဖန်တီး ထားပြီး သာမန် အခြေအနေ မျိုးတွင် မြေအောက် ကမ္ဘာလေး ထဲမှ ထွက်လာမည် မဟုတ်ပေ။

“ဒီရက်ပိုင်း အတွင်း မင်းက ငါ့ကို အတော်လေး... ချောင်းကြည့်နေခဲ့ပုံ ရတယ်နော်...”

လီယွမ် ၏ မျက်နှာ ပေါ်တွင် လှောင်ပြုံး တစ်ခု ပေါ်လာပြီး မျက်တောင် တစ်ခတ် အတွင်းမှာပင် ရစ်ပတ် နတ်ဘုရားကူ က သူ့ကို လွှမ်းမိုး သွားကာ သူ၏ သွေးချီ များက ပွက်ပွက်ဆူလာတော့၏။

“ငါက အားလော့ နဲ့ ရင်းနှီးနေတယ် လို့ မင်း ထင်နေတာလား... အားလော့ ကို သုံးပြီး ငါ့ စိတ်ကို လှည့်စား နိုင်မယ် လို့များ... မင်း ထင်နေတာလား...”

“အို...”

“မင်းက ဝိညာဉ် တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပေမဲ့... မင်းရဲ့ ဉာဏ်ရည် ကတော့ သိပ် မမီ သေးပါဘူး...”

“ဝုန်း…”

လီယွမ် က လက်သီး တစ်ချက် ကို တုံ့ဆိုင်းခြင်း အလျင်းမရှိဘဲ... ထိုးချလိုက်ရာ အားလော့ ၏ သွေး ပုံရိပ် လေးမှာ အစိတ်စိတ် အမွှာမွှာ ကွဲအက် သွားပြီး ကောင်းကင် တစ်ခွင်လုံး ပြန့်ကျဲ ထွက်သွားတော့၏။

ဓားနတ်သမီး လည်း ဝင်ရောက် တိုက်ခိုက်နေသည်။

သူတို့ နှစ်ဦး သည် တစ်ယောက်က ဘယ်... ၊ တစ်ယောက်က ညာ ဘက်မှနေ၍ ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ထံသို့ တိုး၍ နီးကပ်လာကြတော့၏။

ထို မြင်ကွင်း ကို မြင်လိုက် ရသော အခါ ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ သည် ထူးဆန်းသော ပုံစံ ပေါ်မှ ပြုတ်ကျသွားသည်။ သွေးမြစ် ထဲသို့ ခေါင်းစိုက်ကျသွား ကာ သွေး စီးကြောင်းများအား အသုံးပြုပြီး ရှုပ်ထွေးသွားအောင် လုပ်လျက် ယိုဆန်း ပြန်ရောက်လာမည့် အချိန်ကို ဆွဲဆန့် ထားရန် ကြိုးစားနေတော့သည်။

ထို အချိန်သို့ ရောက်သွား သည် နှင့် အရိုးပလွေ ၏ အာနိသင် ကလည်း ပျောက်ကွယ် သွားမည်။

ထိုအခါ လီယွမ်သည် ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်ရေး စွမ်းအား များကို ဆက်လက် ထိန်းသိမ်း ထားဆဲ ဖြစ်သည့် ထောင်ပေါင်းများစွာ သော သက်မဲ့ တစ္ဆေကောင် ကြီးများ နှင့် ထိပ်တိုက် ရင်ဆိုင် ရတော့မည်ပင်။

သူ က အဝေး သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ အကြီးအကဲ ကျန်းယန် ၏ ချီစွမ်းအင် မှာ တဖြည်းဖြည်း အားနည်းလာနေပြီး သေမင်းတမန် တိုက်ပွဲ နယ်မြေ မှာလည်း ပျောက်ကွယ်တော့မည့် ဆဲဆဲပင်။ ဆက်ပြီး တောင့်ခံထားနိုင်တော့မည် မဟုတ်ကြောင်းကို လီယွမ် အာရုံခံ သိရှိလိုက် ၏။

“ကောင်းကင်ဖြစ်စဉ်... အာဏာရှင် နှလုံးသား၊ မြွေဆိုး...”

လီယွမ် သည် ရစ်ပတ် နတ်ဘုရားကူ ၏ ကူအိမ်တော် ကောင်းကင်ဖြစ်စဉ် ကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော် ပြသလိုက်ပြန်သည်။

ဧရာမ နှလုံးသား ကြီး တစ်ခု က ကောင်းကင်ယံ တွင် ခုန်ပေါက်နေတော့၏။

‘မင်း ဆီမှာ သွေးတွေ အများကြီး ရှိတယ် ပေါ့လေ…’

“စုပ်ယူ စမ်း...”

လီယွမ် သည် လုံးဝ ရူးသွပ် သွားခဲ့ပြီ ဖြစ်ပြီး သွေးမြစ် ကြီး တစ်ခုလုံး ကို ကောင်းကင်ဖြစ်စဉ် ဖြင့် ခန်းခြောက် သွားအောင် စုပ်ယူ ပစ်ရန် ပြင်ဆင်နေတော့သည်။

အာဏာရှင် နှလုံးသားကြီး ခုန်ပေါက်နေသည် နှင့် အမျှ... သွေးမြစ် ကြီး တစ်ခုလုံး ပွက်ပွက်ဆူလာပြီး သွေး မြူအမြောက်အမြား ကောင်းကင်ယံ သို့ လွင့်မျော တက်လာကြ၏။

“ကျွိ...”

မြစ် ထဲတွင် ရှိနေသော ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ မှာ စိုးရိမ် ပူပန်လာပြီး စူးရှ ရှည်လျားသော အော်မြည် သံ တစ်ခု ထုတ်လွှတ်လိုက်သည်။

လီယွမ် လည်း ခံစားနေရ၏။ ဤမျှ ကျယ်ပြန့် ကြီးမားသော သွေးမြစ် ကြီး ကို အာဏာရှင် နှလုံးသား မှ တစ်ဆင့် သူ၏ ခန္ဓာကိုယ် ထဲသို့ ပြန်လည် ပို့ဆောင်နေရခြင်း ဖြစ်ရာ ၎င်း၏ ကြမ်းတမ်း ပြီး ကိုယ်ပိုင် အသိစိတ် ကို ပျက်ပြားစေနိုင်သော စွမ်းအား များက လီယွမ့်ကို အစစ်အမှန် အာဏာရှင် တစ်ဦး အဖြစ်သို့ ပြောင်းလဲ သွားစေလုနီးပါးပင် ဖြစ်နေသည်။

သူ သည် ကိုယ်ပိုင် အသိစိတ် ကို ထိန်းသိမ်း ထားနိုင် သေးသော်ငြားလည်း သူ၏ ဆင်ခြင်တုံ တရား များကတော့ တဖြည်းဖြည်း... လွင့်စင် ပျောက်ကွယ်နေပြီ ဖြစ်တော့သည်။

“ဝုန်း…”

ဤ အခြေအနေ တွင် လီယွမ် သည် သွေးမြစ် ထဲသို့ တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး လှိုင်းလုံး ထောင်ပေါင်းများစွာ ကို ဖြစ်ပေါ် စေနိုင်သော လက်သီးချက်များ ဒေါသတကြီး အဆက်မပြတ် ထိုးနှက် တော့၏။ သွေးစီးကြောင်းကို ဖြတ်သန်း ပြီး ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူအား အစိတ်စိတ် အမွှာမွှာ ချေမှုန်းပစ်ရန် ရည်ရွယ် ထား၏။

“ဝါး... ဝါး...”

ထူးဆန်းသော အသံ က နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ရူးသွပ်မှု အခြေအနေ သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သော လီယွမ် သည် ဤအသံ ကို ကြားလိုက် ရသောအခါ ပို၍ပင် ဒေါသ ထွက်လာရသည်။ ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ကို မှီအောင်လိုက်ကာ လုံးဝ ပျောက်ကွယ် သွားအောင် ချေမှုန်း ပစ်ရန် ပြင်ဆင်လိုက်တော့၏။

သို့သော် သူ လက်သီး တစ်ချက် ထိုးချလိုက်ချိန် တွင် ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ မှာ ထိုနေရာ မှ ပျောက်ကွယ် သွားခဲ့ချေပြီ။

အရှေ့ တွင် တံတား တစ်စင်း ပေါ်ထွက်လာသည်။

"အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း" ဟု စာလုံး ထွင်းထွင်း ထားသော ထိုတံတား က အမှောင်ထု ကို ဖြတ်သန်း သွယ်တန်း ထား၏။ တစ်ဝက် က နေရောင်ခြည် ကို မျက်နှာမူ ထားကာ နောက် တစ်ဝက် က အရိပ် ထဲတွင် ရှိနေသည်။ တစ်ဝက် က လူ့လောက တွင် ရှိနေကာ

နောက် တစ်ဝက် က ငရဲပြည် သို့ ဦးတည်နေ၏။

“ကူအိမ်တော်... ကောင်းကင်ဖြစ်စဉ်လား...”

လီယွမ် အလွန်အမင်း ထိတ်လန့် တုန်လှုပ် သွားရတော့သည်။

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ က ကောင်းကင်ဖြစ်စဉ် ၏ စွမ်းအား များကို ၎င်း၏ ကိုယ်ပိုင် အဖြစ်... အသုံးပြု နိုင်လိမ့်မည်ဟု လီယွမ် လုံးဝ မမျှော်လင့် ထားခဲ့ပါချေ။

အကယ်၍ သူက နယ်မြေ ကိုပါ... ထုတ်ဖော် ပြသ နိုင်မည် ဆိုပါက အဲဒါက…။

တံတား ၏ အခြား တစ်ဖက် ကမ်းမှ ချိတ် များ၊ တုတ် များ ကိုင်ဆောင် ထားသော အဖြူ နှင့် အမည်း တမန်တော် ကြီးများ ထွက်ပေါ်လာသည်ကို သူ မြင်လိုက် ရ၏။

ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာ ဖိအား က လီယွမ် အနေဖြင့် ခံနိုင်ရည် မရှိနိုင်လောက်အောင် ဖြစ်နေ၏။

ထိုအခိုက်အတန့်၌ ချိတ် က ပျံသန်းလာပြီး လီယွမ့်ကို ချိတ်တွယ် ကာ သူ၏ ဝိညာဉ် ကို ခိုးယူ ရန် ကြိုးစားနေတော့၏။

“ဝူမေ့...”

“ငါ့ကို ထိန်းချုပ်လိုက်...”

လီယွမ် က အားပါးတရ ပြုံးလိုက်ပြီး အော်ဟစ်လိုက်သည်။

ဝူမေ့ သည် လီယွမ် ၏ ခန္ဓာကိုယ် ကို ပင့်ကူမျှင် များဖြင့် ထိုးဖောက် ရစ်ပတ်လိုက်၏။ သူမ၏ သခင် ကို ရုပ်သေးရုပ် တစ်ရုပ် အဖြစ် သဘောထား ကာ သူ၏ အသက် ကို ကာကွယ် ပေးပြီး သူ၏ ဝိညာဉ် သည် အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ၏ ကောင်းကင်ဖြစ်စဉ် အောက်တွင် ထိန်းချုပ် ခံရခြင်းမှ ကာကွယ် ပေးလိုက်တော့၏။

တစ်ချိန်တည်း မှာပင် ဓားနတ်သမီး လည်း ရောက်ရှိလာသည်။

“ကျွိ...”

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ က အထင်သေး ဟန်ဖြင့် အသံ ပြုလိုက်သည်။

ထိုသူ ၏ အပြည့်အဝ ဖြစ်တည်နေသော ဝိညာဉ် ကို သူ လုံးဝ အာရုံခံ ၍ မရနိုင် ပါချေ။ ပြည့်စုံသော ဝိညာဉ် မရှိသည့် သက်ရှိ သတ္တဝါ တစ်ကောင် အနေဖြင့် သူ့ကို ခုခံ တားဆီး နိုင်စွမ်း လုံးဝ မရှိပေ။

နောက်ထပ် အတုအယောင် ချိတ် တစ်ခု... ပျံသန်း ထွက်လာ ပြန်၏။

ဤ ချိတ် သည် ဝိညာဉ် ကို ပစ်မှတ်ထား သော ကောင်းကင်ဖြစ်စဉ် ၏ စွမ်းအား ဖြစ်ရာ မည်သည့် အရာကမျှ တားဆီး ၍ မရနိုင်ပါချေ။ ခိုင်မာသော စိတ်ဓာတ် ရှိသူ များသာ... ၎င်းကို ခုခံ တောင့်ခံ နိုင်စွမ်း ရှိ၏။ ဓားနတ်သမီး လည်း ဤသို့ဖြင့် ချိတ်တွယ် ခံလိုက် ရလေတော့၏။

အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ပေါ်တွင် လွင့်မျောနေသော အဖြူ နှင့် အမည်း တမန်တော် ကြီးများ က ချိတ် ကို ဆွဲယူ ကာ သူတို့ နှစ်ဦးစလုံး ကို အဆုံးသတ် ပစ်ရန် ကြိုးစားနေကြတော့သည်။

လီယွမ် က ပြုံးလိုက်၏။

သူ က ကောင်းကင်ယံ သို့ မော့ကြည့်လိုက်ပြီး နှစ်ပေါင်း များစွာ ကြာပြီးနောက် ပြင်းပြလှသော စိတ်ဆန္ဒ တစ်ခုကိုနောက်တစ်ကြိမ် ပြန်လည် ခံစားလိုက်ရတော့၏။

‘ကူအင်မော်တယ် ၏ ဆန္ဒ...

ရောက်ရှိလာခဲ့ပြီ…’’

“ဒါဆို ဒါက ကူအင်မော်တယ် ရဲ့ ဆန္ဒ ကို အသက်သွင်း နိုင်တဲ့ အမှန်ကန်ဆုံး နည်းလမ်း ပဲလား...”

လီယွမ် က တိုးညင်းစွာ ရေရွတ်လိုက်စဉ် မှာပင် အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ကြီး တစ်ခုလုံး... တုန်ခါ သွားတော့သည်။

‘အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း ဆိုတာ ကံကြမ္မာ ရဲ့... အစိတ်အပိုင်း တစ်ခု မဟုတ်ရင် ဘာလဲ...

လွတ်မြောက် လို့ မရနိုင်တဲ့ အရာ တွေကလည်းနောက်ဆုံး မှာတော့ လွတ်မြောက် သွားကြရ တာပဲ..

ဖြစ်လာမယ့် အရာ တွေက ဖြစ်လာ မှာပဲ... အဆုံးသတ် ဆိုတာ... ကြိုတင် သတ်မှတ် ထားပြီးသား ပါ…’’

အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ၏ ကောင်းကင်ဖြစ်စဉ် က

ထိုကဲ့သို့ပင် အားလုံး ပျောက်ကွယ် သွားခဲ့ချေပြီ။

ဓားနတ်သမီး ၏ ပုံရိပ် က ဝေဝါးသွားပြီး မျက်တောင် တစ်ခတ် အတွင်းမှာပင် သူမ သည် ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ရှိရာသို့ ရောက်ရှိ သွားကာ သူမ၏ နှင်းပွင့်ကြွေဓား ဖြင့် ရုတ်တရက် ခုတ်ပိုင်း ချလိုက်တော့၏။

"ထန်း.."

ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ၏ အခွံမာ ပေါ်တွင် အနက်ရောင် အလင်းတန်း တစ်ခု တောက်ပ သွားပြီး အဆက်မပြတ် ခုခံ ကာကွယ်နေတော့သည်။

လီယွမ် လည်း အဟုန်ပြင်းစွာ တိုးဝင် သွား၏။

သူ၏ မျက်လုံး များမှာ သွေးနီရောင် လွှမ်းနေပြီး အလွန်အမင်း ရူးသွပ်နေကာ သူ၏ ဒေါသ များကို ပေါက်ကွဲ ထုတ်ပစ်ရန် လိုအပ်နေသဖြင့် အပြစ်အနာအဆာ ကင်းစင်သော ဓား သန္ဓေသား ကို လွှဲယမ်း ကာ အားကုန် ရိုက်ချလိုက်တော့သည်။

“ဒိုင်း... ဒိုင်း..”

"ဘုန်း”

အကြိမ်ပေါင်း မရေမတွက် နိုင်အောင် ရိုက်ချ ခံရပြီးနောက်နောက်ဆုံး တွင်တော့ ကင်းမြီးကောက် ၏ အခွံမာ လည်း အက်ကွဲ သွားပြီး အစိမ်းရောင် သွေး အမြောက်အမြား... ပန်းထွက်လာတော့၏။

သက်စောင့် ကူသခင် နှင့် ပေါင်းစပ် ထားခြင်း မရှိသော ထူးခြားကူ တစ်ကောင် အတွက်... ဤသည်မှာနောက်ဆုံး ကန့်သတ်ချက် ပင်။ ဝိညာဉ်လမ်းပြကူ လည်း ၎င်း၏ အဆုံးသတ် သို့ ရောက်ရှိ သွားခဲ့ချေပြီ။

အဝေး မှ သွေးနီရောင် သက်တံ့ တစ်ခု အဟုန်ပြင်းစွာ ဖြင့် ပျံသန်း ဝင်ရောက်လာသည်။

သူ အနီးသို့ ရောက်လာ သည့် အချိန် တွင်မူ... နှင်းပွင့်ကြွေဓား က ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ကို ထိုးဖောက် သွားခဲ့သည်။

ယိုဆန်း ရုတ်တရက် ခြေလှမ်း များကို ရပ်တန့်လိုက်တော့သည်။

သူ က လက်လှမ်း ကာ ထိုအရာ ကို ထိတွေ့ ချင်နေသော်လည်း အကွာအဝေး က အရမ်း ဝေးလွန်းနေသဖြင့် သူ ဆုပ်ကိုင် ၍ မရနိုင် သလို... ထိတွေ့ ၍လည်း မရနိုင်တော့ပါချေ။

“ငါ... ငါ... ကောင်းကင်ဘုံ ကို တက်လှမ်း ချင်တယ်...”

“တစ်လှမ်း ပဲ လိုတော့တာ... တစ်လှမ်း တည်း ပါပဲ...”

ယိုဆန်း သည် မြေကြီး ပေါ်တွင် ဒူးထောက် ကျသွားပြီး သူ၏ ရုပ် ခန္ဓာကိုယ် က အလျင်အမြန်... ဆွေးမြည့် ပျက်စီးလာတော့၏။ သူ၏နောက်ဆုံး အချိန်လေး တွင်ပင် ကျန်းယန် ကဲ့သို့ လူသား ဆန်မှု အနည်းငယ် မျှ ကျန်ရစ်နေခဲ့ခြင်း မရှိဘဲ... သူ၏ စွဲလမ်းမှု တစ်ခုတည်း သာလျှင်... ကျန်ရှိနေတော့သည်။

‘ငါ့ရဲ့ စွဲလမ်းမှု က ကူအင်မော်တယ် ဖြစ်လာ ဖို့ပဲ…’

ထိုသို့ဖြင့် ဒူးထောက် လျက်သား... ယိုဆန်း သည် လောကကြီး ထဲမှ လုံးဝ ပျောက်ကွယ် သွားခဲ့ပြီး သူ၏ အသား၊ အရိုး နှင့် ဆွေးမြည့်နေသော အကြွင်းအကျန် များမှာ လေထဲတွင် လွင့်စင် ပြန့်ကျဲ သွားတော့သည်။

“သူ သေသွားပြီလား...”

လီယွမ် ၏ ခန္ဓာကိုယ် တစ်ခုလုံး နာကျင်နေပြီး သူ၏ စိတ်ထဲတွင် လှိုင်းထနေကာ အနီရင့်ရောင် အလင်းတန်း များက တစ်ခါတစ်ရံ... လျှပ်ခနဲ ဝင်းလက်နေတော့၏။

သွေးမြစ် ၏ ထက်ဝက် နီးပါးကို စုပ်ယူ ထားခဲ့သဖြင့် သူ အလွန်အမင်း အကျိုး သက်ရောက် မှုများ ခံစားနေရကြောင်း... သိသာ ထင်ရှား လှ၏။

လီယွမ်သည် စိတ် ကို တည်ငြိမ်အောင် မထားနိုင်တော့ဘဲ... လုံးဝ ရူးသွပ်နေခဲ့ချေပြီ။

‘သွေးဆာနေတယ်... သတ်ဖြတ် ချင်နေတယ်...

ငါ တိုက်ပွဲ ကြီး တစ်ပွဲ ဆင်နွှဲ ချင်တယ်... အရာအားလုံး ကို ပေါက်ကွဲ ထုတ်ပစ် ပြီး ငါ့ရဲ့ နှလုံးသား ကို နှစ်သိမ့် ပေးကာ ငါ့ရဲ့ အတွင်းစိတ် က ဂနာမငြိမ် ဖြစ်နေမှု တွေကို ငြိမ်သက် သွားအောင် လုပ်ချင်တယ်…’

“မဟုတ်ဘူး... အဲဒီလို လုပ်လို့ မဖြစ်ဘူး...”

လီယွမ် က ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်သည်။ ရစ်ပတ် နတ်ဘုရားကူ နှင့် ပေါင်းစပ် ထားစဉ် တိုက်ခိုက် ရခြင်း၏ စိတ်လှုပ်ရှား ဖွယ် ခံစားချက် ကို သူ မငြင်းဆန် သော်ငြားလည်း လူသား ဆန်မှု ကင်းမဲ့ သော မိစ္ဆာ ကြီး တစ်ကောင် အဖြစ်တော့... သူ မပြောင်းလဲ သွားချင် ပါချေ။

သက်စောင့်ကူ များစွာ ၏ စုပေါင်း ထားသော ဆန္ဒ များကို အားကိုး ကာ ဤ ဂနာမငြိမ် ဖြစ်နေမှု များကို သူ အတင်းအကြပ် ဖိနှိပ် ချုပ်တည်းလိုက်၏။

“ငါ အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း စာချုပ် ရဲ့... ချည်နှောင်မှု ခံလိုက် ရတာများလား...”

'အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်' ဆိုသည်မှာ အဘယ်နည်း ဟု... လီယွမ် နားမလည် ခဲ့ပါချေ။

ယခုလေးတင် သူသည် တိုက်ခိုက်နေရသဖြင့် အသေးစိတ် အချက်အလက် များကို ဂရုစိုက်နေရန် အချိန် မရခဲ့ပေ။ အဆင့် (၉) ပြီးပြည့်စုံခြင်း ပညာရှင် ကြီး တစ်ဦး ဖန်တီး ခဲ့သော ပြိုင်ဘက်ကင်း ကူလှည့်ကွက် နှင့် ရင်ဆိုင် ရသည့် အခါ သူ အမှန်တကယ် ပင် ထောင်ချောက် ထဲ ကျရောက် သွားနိုင်ချေ ရှိသည်။

မြေကြီး ပေါ်တွင် နှင်းပွင့်ကြွေ ဓား ဖြင့် သီထားခံရသော ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ကို လီယွမ် ငုံ့ကြည့်လိုက်၏။

ယိုဆန်း သည် လောကကြီး ထဲမှ လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သော်ငြားလည်း ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ ထံတွင် မှေးမှိန်သော အသက် ရှင်သန်နိုင်စွမ်း အနည်းငယ် ကျန်ရစ်နေဆဲပင်။ ၎င်း၏ အခွံ ပေါ်တွင် မှော် အဆောင် စာသား များ... အဆက်မပြတ် ဝင်းလက်နေတော့သည်။

လီယွမ် သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင် က ရှေးဟောင်း စာသား အချို့ကို မှတ်မိလိုက်၏။

ဤ မှော် အဆောင် စာသား များက မြစ် ၏ အခြား တစ်ဖက် ကမ်းရှိ ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ...နေရာ ယူထား ခဲ့သော ထူးဆန်းသည့် ပုံစံ နှင့် မသိမသာ ပဲ့တင် ထပ်နေသည့်နှယ် ပင်။

“ပြိုင်ဘက်ကင်း ကူလှည့်ကွက်... အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်လား…”

All Chapters