← Chapters

အရာအားလုံး သည် ဖုန်မှုန့် တစ်မှုန် သာ

Vol. 19 Ch. 212

အရာအားလုံး သည် ဖုန်မှုန့် တစ်မှုန် သာ

Vol. 19 Ch. 212

နေဝင်ဆည်းဆာ သည် တဖြည်းဖြည်း မှေးမှိန် သွားပြီး လဆန်းလေး တစ်ခု ထွက်ပေါ်လာ၏။

ကြိုတင် သတ်မှတ် ထားပြီးသား ဖြစ်သော အဆုံးသတ် ကပင် နှလုံးသား ကို ကွဲကြေ သွားစေနိုင်၏။

လီယွမ် သည် ထိုနေရာ တွင် အချိန် အတော်ကြာအောင် ထိုင်နေပြီး အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ၏ အခြား တစ်ဖက် ကမ်းမှ တစ်စုံတစ်ယောက် လျှောက်လာ သည်ကို မြင်လိုက် ရသည်။ ၎င်းမှာ မျက်နှာ အသွင်အပြင် မရှိသော သူ တစ်ဦး ပင်။

ယန်ဝူရုန် က ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။

တားမြစ်နယ်မြေ တွင် လှုပ်ရှားမှု များကို သတိပြု မိလိုက်သည့် အချိန်မှ စတင်၍ သူ အပြေးအလွှား ရောက်ရှိလာခဲ့လေ၏။

အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း တံတား ကြီး ပြန်လည် ပြုပြင် ပြီးသွားသည့် အချိန်အထိ သက်မဲ့ တစ္ဆေကောင် အမြောက်အမြား ထိုအထဲမှ ထွက်ပေါ်လာပြီးနေဝင်ဆည်းဆာ အောက်တွင် လုံးဝ ပျောက်ကွယ် သွားကြသည် ကို သူ မြင်တွေ့လိုက်ရပြီးနောက် ရလဒ် ကို သူ ခန့်မှန်း နိုင်ခဲ့၏။

လီယွမ် သည် သက်မဲ့ တစ္ဆေကောင် များ ပြည့်နှက်နေသော မက်မွန်ပွင့် ကူရွာလေး တွင် တစ်နှစ် ကျော် ကြာအောင် တစ်ယောက်တည်းနေထိုင် ခဲ့သည် ဟူသော အချက်ကို သူ စိတ်ကူး နှင့်ပင် မတွေးရဲ ပါချေ။

နောက်ဆုံး တွင်တော့ သူတို့ အနေဖြင့် ဤမျှ ညင်သာသော နည်းလမ်း ဖြင့် အချင်းချင်း နှုတ်ဆက် ခွဲခွာ ခဲ့ကြရသည်။

“စီနီယာ ဦးလေး ရန် ကို ဂါရဝ ပြုပါတယ်”

လီယွမ် သည် မတ်တပ် ရပ်လိုက်ပြီး အားလော့ ရက်လုပ် ပေးခဲ့သော ပန်းကုံး လေးကို ခေါင်းပေါ် တွင် ဝတ်ဆင် ထားဆဲ ဖြစ်ကာ လွန်ခဲ့သော တစ်နှစ် ကျော် ကာလ အတွင်း ဖြစ်ပျက် ခဲ့သော အရာများသည် စိတ်ကူးယဉ် အိပ်မက် များ မဟုတ်ဘဲ အမှန်တကယ် တည်ရှိ ခဲ့ကြောင်း ကို သူ့ကိုယ်သူ ပြန်လည် သတိပေးလိုက်၏။

၎င်းကို ထောင်စုနှစ် တစ်ခု တွင် တစ်ကြိမ် သာ ကြုံတွေ့ ရနိုင်သော ဆုံစည်းမှု တစ်ခု အဖြစ် သတ်မှတ်လိုက်ပြီး ယခု အချိန်မှ စတင်ကာ ငါတို့တွေ ကိုယ့်လမ်း ကိုယ်လျှောက် ကြပြီး ဘယ်တော့မှ ထပ်မဆုံ ကြတော့ပါဘူးလေ။

“မင်း က အဆင့် ရှစ် ကျင့်ကြံခြင်း နယ်ပယ်ကို ရောက်သွား ပြီလား”

ယန်ဝူရုန် သည် လီယွမ် ၏ ချီစွမ်းအင် မှာ သူတို့နောက်ဆုံး တွေ့ဆုံ ခဲ့စဉ် ကထက် များစွာ ပိုမို အစွမ်းထက်လာကြောင်း ကို အာရုံခံ သိရှိလိုက်ရပြီး တိုက်ပွဲ တွင် အသာစီး ရထား သည့်နှယ် ပင်။

“ဟုတ်ပါတယ်”

လီယွမ် က ခေါင်းညိတ်လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် က စီနီယာကြီးတွေ ဆီက လမ်းညွှန်မှု တွေကို ကံကောင်း ထောက်မ စွာနဲ့ ရရှိခဲ့လို့ပါ... တပည့် အနေနဲ့ အများကြီး အကျိုး အမြတ် တွေ ရခဲ့ပြီး ကံကောင်း စွာနဲ့ပဲ အဆင့် တက်လှမ်း နိုင်ခဲ့ပါတယ်”

မက်မွန်ပွင့် ကူရွာလေး မှ လူများသည် သူ့ကို အမှန်တကယ် ပင် အများကြီး ကူညီ ပေးခဲ့ကြ၏။

ဤ အကြောင်းရင်း ကြောင့်ပင် သူ သည် ဝူမေ့ ၊ ရစ်ပတ် နတ်ဘုရားကူ တို့နှင့် အတူတကွ ပူးပေါင်း ကာ ဤနေရာကို အသစ် တစ်ဖန် ပြန်လည် ဖန်တီး ပြီး ၎င်း၏ မူလ အခြေအနေ တိုင်း တည်ရှိနေစေရန် အစွမ်းကုန် ကြိုးစား ခဲ့ခြင်း ပင်။

ရှေးဟောင်း နည်းစနစ် များနှင့် နှစ်ပေါင်း တစ်ထောင် ကျော်ကြာအောင် သူ သင်ယူ ခဲ့ရသော အမျိုးမျိုးသော လျှို့ဝှက် နည်းစနစ် များက သူ့အတွက် ကြီးမားလှသော အကျိုး ကျေးဇူး များကို ယူဆောင်လာပေးခဲ့ပြီး အဆင့် ရှစ် နယ်ပယ် သို့ ရောက်ရှိ ရန် အဓိက သော့ချက် ပင် ဖြစ်ခဲ့၏။

“ဒီ အထီးကျန် ဆန်တဲ့နေရာ က ရှေးဟောင်း ကူလမ်းစဉ် ပညာရှင် ကြီး တစ်ယောက် ရဲ့ အသွင်ပြောင်း ထားတဲ့နေအိမ် ဖြစ်ရမယ်... ဟုတ်တယ် မလား”

ယန်ဝူရုန် က မေးလိုက် ၏။

“ဟုတ်ပါတယ်... သူ့ နာမည် က ယိုဆန်း လို့ ခေါ်ပြီး သူက ကူအင်မော်တယ် နယ်ပယ် ကို ရောက်ဖို့ တစ်လှမ်း ပဲ လိုတော့တာပါ”

လီယွမ် သည် မည်သည့် အရာကိုမျှ ဖုံးကွယ် ထားခြင်း မရှိပါချေ။

“ဒီလူ နဲ့ ပတ်သက်တဲ့ အချက်အလက် တွေ အားလုံး ရှေးခေတ် ကတည်းက ဖျက်ဆီး ခံခဲ့ရတယ်... ပညာရှင် ကြီးတွေ က ငါတို့ကို အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်း တံတား ထဲကို ဝင်ပြီး သူ့ကိုနောက်ထပ် သွားရှာ တာမျိုး မလုပ်စေ ချင်ဘူး ထင်တယ်”

ယန်ဝူရုန် သည် အရင် ကတည်းက စုံစမ်း စစ်ဆေး ခဲ့ဖူး သော်ငြားလည်း သဲလွန်စ အနည်းငယ် မျှ ကိုသာ ရှာဖွေ တွေ့ရှိ ခဲ့၏။

“သွားကြရအောင်”

“ဘိုးဘေးကြီး က ငါတို့ကို စောင့်နေတယ်”

ယန်ဝူရုန် သည် နောက်ထပ် မေးခွန်း များ ထပ်မမေး တော့ပါချေ။ အချို့သော ကိစ္စများ တွင် သူ ဆုံးဖြတ် ချက် ချရန် အရည်အချင်း မပြည့်မီ သေးသလို သူ၏ ရင်ထဲတွင် လည်း လီယွမ် သည် ဂျူနီယာ တစ်ယောက် မဟုတ်တော့ပေ။

ယင်းအစား အနာဂတ် တွင် ကူသခင် မျိုးဆက် များ၏ အမွေအနှစ် များကို လက်ဆင့်ကမ်း သယ်ဆောင် သွားမည့် သူ တစ်ယောက် ဖြစ်လာခဲ့ချေပြီ။

လီယွမ် သည် ဆုံးဖြတ်ချက် များ ချမှတ်မည့် သူ ပါပင်။

သူ လုပ်ရမည့် အရာ မှာ ဤ ကူလမ်းစဉ် ၏ ခေါင်းဆောင် သစ် ကို ပံ့ပိုး ကူညီ ပေးရန် သာ။

ပထမ ကူ နန်းတော် ၏ အတွင်း တံခါး ဝ တွင်ကား။

ချီယန် သည် ဘေးပတ်ဝန်းကျင် ကို လှည့်ပတ် ကြည့်ရှုလိုက်ပြီးနောက်ဆုံး တွင်တော့ သူ၏ 'တပည့်' ကို ပြန်လည် တွေ့ရှိလိုက်ရ၏။

“ဘိုးဘေးကြီး ကို ဂါရဝ ပြုပါတယ်”

လီယွမ် သည် လက် နှစ်ဖက် ကို ယှက်ကာ အရိုအသေ ပေးလိုက် သည်။

“မင်း ကြည့်ရတာ သိပ်ကောင်းတဲ့ အကျိုး အမြတ် တွေ ရလာတဲ့ ပုံပဲ”

ချီယန် သည် လွန်ခဲ့သော တစ်နှစ် ခန့်က နှင့် နှိုင်းယှဉ် ပါက လီယွမ် ၏ တိုးတက်မှု မှာ အနည်းငယ် မျှ သာ မဟုတ်ဘဲ ကြီးမားလှသော အပြောင်းအလဲ ကြီး တစ်ရပ် ဖြစ်ကြောင်း ကို ရှင်းလင်းစွာ အာရုံခံ သိရှိလိုက်၏။

သူ တို့ အနေဖြင့် ယခု အချိန်တွင် 'ကူ နန်းတော် သခင်' တစ်ယောက် ၏ စွမ်းအား မျိုးကို ပိုင်ဆိုင်နေလောက်ပြီ ဖြစ်၏။

“ကူအင်မော်တယ် ရဲ့ ကောင်းချီး တွေ... ဘိုးဘေးကြီး ရဲ့ ကံကောင်း မှုတွေ နဲ့ စီနီယာကြီးတွေ ရဲ့ ဂရုစိုက် မှုတွေ ကြောင့် တပည့် အနေနဲ့ ကံကောင်း ထောက်မ စွာနဲ့ပဲ အောင်မြင်မှု တစ်ချို့ ကို ရရှိ ခဲ့ပါတယ်... ဒါပေမဲ့ မမောက်မာရဲပါဘူး”

လီယွမ် သည် နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြန်၏။

“ကောင်းပါပြီ... ကောင်းပါပြီ”

ချီယန် က “ငါက အရမ်း အသက် ကြီးပြီး မှတ်ဉာဏ် တွေ ချို့ယွင်းနေပြီလို့ များ မင်း ထင်နေတာလား... တစ်နှစ် အတွင်းမှာ မင်း အားလုံး ကို မေ့သွားပြီလား... မင်း က ဘယ်လို လူစားမျိုး လဲ ဆိုတာ ငါ ကောင်းကောင်း သိပါတယ် ”

“စိတ်မပူပါနဲ့... မင်း ရလာတဲ့ အရာ အားလုံးက မင်းရဲ့ အခွင့်အရေး တွေပါပဲ... ငါ ထပ်ပြီး မမေး တော့ပါဘူး”

“မင်း အသက်ရှင်နေသရွေ့ ကျန်တာ ဘာမှ အရေး မကြီး ပါဘူး”

ချီယန် ၏ ရင်ထဲတွင် သူ သံသယ ဝင်နေသော အချက် များအပေါ် ပိုမို ယုံကြည်လာတော့၏။ လီယွမ် သည် ကူအင်မော်တယ် ၏ အမွေအနှစ် များကို ရရှိခဲ့ပြီး ဓားနတ်သမီး ကလည်း သူ့အနီးတွင် ရှိနေခဲ့သော်ငြားလည်း ဘာမှ မသိသလို ဟန်ဆောင်နေ၏။

သူ သည် ထိုအရာ များကို အတည်ပြု ရန် မကြိုးစား တော့ဘဲ အခြေအနေ များ အားလုံးကို သူ့ သဘာဝ အတိုင်း သာ ဆက်လက် ဖွံ့ဖြိုး တိုးတက် စေရန် ခွင့်ပြု ထားလိုက် တော့၏။

ယန်ဝူရုန် သည် လီယွမ် ကို ရှာတွေ့ ခဲ့စဉ် ကတည်းက အကြမ်းဖျင်း အခြေအနေ များကို သူ့ထံသို့ အစီရင်ခံ ခဲ့ပြီး ဖြစ်သည်။ အသေးစိတ် အချက်အလက် များစွာ ကို ကြည့်ခြင်း အားဖြင့် လီယွမ် သည် အနာဂတ် တွင် အလားအလာ ကောင်းများ ရှိသော ဂျူနီယာ တစ်ယောက် ဖြစ်ကြောင်း ရှင်းလင်းနေ၏။

လီယွမ် သည် တားမြစ်နယ်မြေ ကြီး တစ်ခုလုံး တည်ငြိမ်နေစေရန် အတွက် သူ၏ ကိုယ်ပိုင် အသက် စွမ်းအင် များကို အစွမ်းကုန် အသုံးပြု ခဲ့၏။

သူ သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင် ကတည်းက သေဆုံး ခဲ့ပြီးသော သက်မဲ့ တစ္ဆေကောင် များ အတွက် ဝမ်းနည်း ပူဆွေး နိုင်ခဲ့၏။

ဤ သည်ကပင် သူ သည် သံယောဇဉ် များကို တန်ဖိုး ထားတတ်သူ တစ်ယောက် ဖြစ်ကြောင်း ကို သက်သေ ပြနေပြီး တစ်ခါတစ်ရံ သူ၏ အသေးအမွှား တွက်ချက် မှုများ၊ သတိကြီး မှု နှင့် သံသယ ဝင်တတ်သော စရိုက် များ အားလုံး မှာ အရေး မကြီးတော့ပါချေ။

ချီယန် လိုအပ် သည်မှာ အနာဂတ် တွင် ကူသခင် မျိုးဆက် များကို ပံ့ပိုး ကူညီ ပေးနိုင်ပြီး ကူလမ်းစဉ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာဗျူဟာ များ ချမှတ် ပေးနိုင်မည့် သူ တစ်ယောက် သာ ဖြစ်ပြီး အပြစ်အနာအဆာ ကင်းစင်သော သူတော်စင် တစ်ပါး မဟုတ်ပေ။

“ဘိုးဘေးကြီး... ကျွန်တော် ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ ကနေ ဒါလေး ရခဲ့ပါတယ်”

ကူအင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ ပြန်လည် ဝင်ရောက် နိုင်ခြင်း သည် လီယွမ် အတွက် လမ်းကြောင်း သစ် များ ဖွင့်လှစ် ပေးနိုင်မည့် နည်းလမ်း တစ်ခု ပင်။ သူ သည် အရာအားလုံး ကို ကိုယ်ပိုင် အဖြစ် သိမ်းဆည်း ထား၍ မရနိုင် သောကြောင့် သဘာဝ ကျကျ ပင် တစ်ခုခု ကိုတော့ ပြန်လည် ပေးအပ် ရလေမည်။

သူ သည် 'အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း စာချုပ်' ကူလှည့်ကွက် ၏ ပုံတူ ကို ထုတ်ယူလိုက်ပြီး တားမြစ်နယ်မြေ တွင် ဖြစ်ပျက် ခဲ့သော အရာများကို အကြမ်းဖျင်း ပြောပြလိုက်၏။

“ငါ နားလည် ပါပြီ”

ချီယန် သည် သိပ်ပြီး အံ့အားသင့် သွားခြင်း မရှိပါချေ။

နဝမကူ နန်းတော် ၏ လက်ရှိ ခေါင်းဆောင် တစ်ယောက် အနေဖြင့် သူ သည် အလွန် ကျယ်ပြန့် များပြား လှသော သတင်း အချက်အလက် များကို ပိုင်ဆိုင် ထား၏။ ပညာရှင် ကြီးများသည် အချို့သော သဲလွန်စ များကို ဖျက်ဆီး ပစ်ခဲ့သော်ငြားလည်း သူ့ထံမှ မည်သည့် အရာကိုမျှ ဖုံးကွယ် ထားနိုင်မည် မဟုတ်ပေ။

သူ သည် ပုံတူ ကို ယူကာ သေချာစွာ စစ်ဆေး ကြည့်ရှုလိုက်ပြီးနောက် မျက်မှောင် ကုတ်သွားတော့၏။

လီယွမ် က စမ်းသပ် သည့် အနေဖြင့် မေးလိုက် သည်။

“ဘိုးဘေးကြီး... ဒါကို ဘယ်လို လုပ်ဖို့ စီစဉ် ထားပါသလဲ”

“ဒီ နည်းစနစ် က အရမ်းကို အစွန်းရောက် ပြီး အန္တရာယ် ကြီးမား လွန်းတယ်... အဆင့် ကိုး ပြီးပြည့်စုံခြင်း နယ်ပယ် ကို ရောက်နေတဲ့ ယိုဆန်း တောင်မှ ဒါကို မထိန်းချုပ် နိုင်ခဲ့ဘူးလေ... လောက ကြီး ထဲမှာ ဒါကို ချန်ထား ခဲ့မယ် ဆိုရင် ကပ်ဘေး ကြီး တစ်ခု ဖြစ်လာ လိမ့်မယ်”

“အကယ်၍ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့ လူ တစ်ယောက်ယောက် ရဲ့ လက်ထဲကို ရောက်သွား မယ် ဆိုရင် လုံးဝ ပျက်စီး ခြင်း တွေကို ယူဆောင်လာပေးလိမ့်မယ်”

“အဲဒါက ငါတို့ ကူသခင် မျိုးဆက် တွေကို မိစ္ဆာ အဖွဲ့အစည်း တစ်ခု အဖြစ် ပြောင်းလဲ သွားစေနိုင်ပြီး ကျန်းဟူ လောက တစ်ခုလုံး ရဲ့ ရန်သူ အဖြစ် ရောက်သွား စေနိုင်တယ်”

အသက်ရှင်နေသော လူများကို ရုပ်သေးရုပ် များ အဖြစ် ဖန်တီး ရန် အသုံးပြု ခြင်းသည် နတ်ဆိုး လမ်းစဉ် ၏ ကျင့်ကြံမှု တစ်ခု ဖြစ်ပြီး လူသား ဆန်မှု လုံးဝ ကင်းမဲ့ ကာ လူတိုင်း ၏ ဝိုင်းဝန်း အပြစ်ပေး ခံထိုက် ၏။

“ဒီလို လုပ်ရင် ကော”

ချီယန် က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံတူ ပေါ်ရှိ စာသား အချို့ မှာ ဖျက်ဆီး ခံလိုက် ရ၏။

“အသက်ရှင်ခြင်း စာချုပ် နည်းလမ်း ကို ဖျက်ဆီး ပစ်လိုက်ပြီး သေဆုံးခြင်း စာချုပ် နည်းလမ်း ကိုပဲ ချန်ထား ခဲ့မယ်... ဒုတိယ တစ်ခု ကတော့ အလောင်း ထိန်းချုပ်ကူ လို အရာမျိုး နဲ့ ပေါင်းစပ် ပြီး အဆင့်မြှင့်တင် လို့ ရနိုင်တယ်... မဆိုးပါဘူး”

“ဟုတ်ကဲ့ပါ”

လီယွမ် သည် လက် နှစ်ဖက် ကို ယှက်ကာ အရိုအသေ ပေးလိုက် သည်။

ဘိုးဘေးကြီး မှာ သူ ထင်ထား ခဲ့သည် ထက် ပိုပြီး ပြတ်သား လှ၏။ သူ သည် ပြိုင်ဘက်ကင်း ကူလှည့်ကွက် ကြောင့် လုံးဝ တုန်လှုပ် ခြင်း မရှိခဲ့ဘဲ ၎င်း၏ အများစု ကို ဖျက်ဆီး ပစ်လိုက်သည်။ အသက် ကြီးလာသည် နှင့် အမျှ ပိုမို ကောက်ကျစ်လာပြီး သူ၏ စိတ် မှာလည်း မြေခွေး အိုကြီး တစ်ကောင် အလား တည်ငြိမ် လွန်းလှ၏။

ချီယန် သည် သူ၏ မျက်လုံး များကို မှေးစင်းလိုက်၏။

“ဒီ အဖိုးကြီး က ဘာလို့ သွေးဆောင် ဖြားယောင်း မှုကို မခံရတာလဲ ဆိုပြီး မင်း တွေးနေတယ် မလား”

လီယွမ် မှာ အံ့အားသင့် သွားပြီးနောက် ခေါင်းညိတ် ပြလိုက်သည်။

“အရမ်း ကို ရိုးရှင်း ပါတယ်”

ချီယန် က လေးနက်စွာ ပြောလိုက် ၏။

“ဘယ် ကျင့်ကြံခြင်း လမ်းကြောင်း မျိုးမှာ မဆို အစပိုင်း မှာတော့ စီနီယာကြီးတွေ ရဲ့ ခြေရာ ကို နင်းပြီး လွတ်လွတ် လပ်လပ် လျှောက်သွား လို့ ရတယ်... ဒါပေမဲ့ လည်း မင်း ရဲ့ အကောင်းဆုံး အချိန် တွေမှာ ပိုပြီး ရှေ့ဆက် သွားနိုင်ဖို့ နဲ့ အတုအယောင် တွေ ရဲ့ လှည့်စား မှုကို မခံရအောင် ဉာဏ်ပညာ မျက်စိ တစ်စုံ ကိုတော့ မဖြစ်မနေ ပိုင်ဆိုင် ထားရမယ်”

“အကယ်၍ မင်း ကံကောင်း စွာနဲ့ပဲ ကျယ်ပြန့် တဲ့ လမ်းမကြီး ကို ရှာတွေ့ ခဲ့မယ် ဆိုရင် အထွတ်အထိပ် အထိ တက်လှမ်း နိုင်ပြီး တိမ်တိုက် တွေကို ထိတွေ့ နိုင်လိမ့်မယ်... ဒါပေမဲ့ ကောင်းကင်ဘုံ ကို တက်လှမ်း ရမယ့် လှေကား ထစ် တွေကို ပညာရှင် ကြီးတွေ က ချန်ထား ခဲ့တာ မဟုတ်ဘူး... မင်း ကိုယ်တိုင် တည်ဆောက် ရမှာ”

“ပိုပြီး အရေးကြီး တာက”

ချီယန် ၏ လေးနက်သော အမူအရာ များ လုံးဝ ပျောက်ကွယ် သွားပြီးနောက်ပြောင်လိုက်၏။

“ငါ ကူအင်မော်တယ် နယ်ပယ် ကို ရောက်ဖို့ ဆိုတဲ့ မျှော်လင့်ချက် ကို စွန့်လွှတ်လိုက်တာ ကြာလှပြီ... အခု ငါ တွေးနေ သင့်တာက ဘယ်လို ပိုပြီး အသက်ရှည်ရှည်နေရမလဲ ဆိုတာပဲ... ဘာမှ မဟုတ်တာ လေးကို ပြဿနာ ကြီး အဖြစ် လုပ်နေမယ် ဆိုရင် ငါ့ကို မြန်မြန် သေအောင် ပို့ပေးသလို ဖြစ်နေလိမ့်မယ်”

“တပည့် မှတ်သား ထားပါ့မယ်”

လီယွမ် သည် သူ၏ တွေးခေါ် မှုများ က အလွန် ကျဉ်းမြောင်းနေသေးကြောင်း ကို သဘောပေါက် သွားတော့၏။

မတူညီသော အသက် အရွယ် များတွင် လူတိုင်း ၏ ရည်မှန်းချက် များက ကွဲပြားနေတတ်၏။ ဘိုးဘေးကြီး သည် သဘောထား ကြီးမြတ် ပြီး ဤ ကာလ အတွင်း ကူသခင် မျိုးဆက် များ အမာခံ တိုင်လုံး မရှိဘဲ ရပ်တည် နိုင်စေရန် အစွမ်းကုန် ကူညီ ပေးရန် ဆုံးဖြတ် ထားခဲ့လေ၏။

“သေဆုံးခြင်း စာချုပ် နည်းလမ်း ကို အားတဲ့ အချိန်ကျရင် ငါ လေ့လာလိုက်ပါ့မယ်... ပြီးရင် အဆင့်မြှင့်တင် ပြီး မင်း ကို ပုံတူ တစ်စောင် ပေးမယ်”

ချီယန် က ဆက်ပြောလိုက်၏။

“နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်... ကူ နန်းတော် က မင်း ရဲ့ အကူအညီ ကို လိုအပ်နေတယ်”

“ပြောပါ ခင်ဗျာ”

လောက ကြီး က မငြိမ်မသက် ဖြစ်နေပြီး တစ်နှစ် ဆိုသော အချိန် က အရာများစွာ ကို ဖြစ်ပေါ် စေရန် လုံလောက်နေခဲ့၏။ လီယွမ် ၏ ရင်ထဲတွင် ခန့်မှန်း ချက် အချို့ ရှိနေပြီး ဖြစ်၏။

ချီယန် က စတင် ပြောပြ သည်။

“ရှန်းဟိုင်ကွမ် တိုက်ပွဲ ကြီး စတင်နေပြီ... ပြီးတော့ လူငယ် မျိုးဆက် တွေ ကလည်း ရှည်လျား တဲ့ နယ်စပ် တစ်လျှောက်နေရာ အနှံ့ အပြား မှာ အကြိမ်ကြိမ် ထိပ်တိုက် ရင်ဆိုင် မှုတွေ ဖြစ်ခဲ့ကြတယ်”

“လောလောဆယ် တော့ တာ့ယန် ဘက်က အနည်းငယ် အရေးနိမ့်နေတယ်”

“အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးယောက် ထဲက တစ်ယောက် ဖြစ်တဲ့ ယဲ့ကျင်းဟုန် ကို နတ်ဆိုး ကိုးပါး ထဲက စန်းယောင် က သတ်ဖြတ်လိုက်တယ်... ဒါက တာ့ယန် ရဲ့ စိတ်ဓာတ် ကို အကြီးအကျယ် ထိုးနှက်လိုက်သလို ဖြစ်သွားတယ်”

“ယဲ့ကျင်းဟုန် က အဲဒီလို ပဲ သေသွား တာလား” လီယွမ် မှာ အလွန်အမင်း အံ့အားသင့် သွားရတော့၏။

စစ်ပွဲ ဆိုသည်မှာ အမြဲတမ်း ရက်စက် ကြမ်းကြုတ် လွန်းလှပြီး မြောက်များစွာသော ပါရမီရှင် များစွာ မှာ ၎င်း၏ အနောက် တွင် ကျဆုံး သွားခဲ့ကြရ၏။ အစွမ်းထက် လှသော ဓားနတ်သမီး ပင်လျှင် ဧရာမ စစ်ပွဲ စက်ယန္တရား ကြီး နှင့် ရင်ဆိုင် ရသည့် အခါ ဖုန်မှုန့် တစ်မှုန် မျှသာ ဖြစ်သည်။

ချီယန် သည် လေးနက်စွာ ဖြင့် ပြောလိုက် သည်။

“နတ်ဆိုး ကိုးပါး က အရမ်းကို အစွမ်းထက် လွန်းတယ်... နတ်ဆိုး တွေ ရဲ့ အတင့်ရဲ မှုတွေကို ထိန်းချုပ် နိုင်ဖို့ အတွက် ချီလင် ကို လှုပ်ရှား ပေးဖို့ မြောက်များစွာသော ကျန်းဟူ သိုင်းသမား တွေ က တောင်းဆိုနေကြတယ်...”

All Chapters